Switch Mode

Chapter – 2.4

" ကောင်းကင် အိပ်မက် ရေခဲ ပိုးကောင် "

Chapter – 2.4 ” ကောင်းကင် အိပ်မက် ရေခဲ ပိုးကောင် ”
°°°
ပေ့ပေ့က မတ်တပ်ထရပ်ရင်း ပတ်၀န်းကျင်အခြေအနေကို စစ်ဆေးလိုက်ပါတော့တယ်။ အဲ့ဒီနောက် ထန်ယာ့ကိုလဲ သူကာကွယ်ပေးနေခဲ့တယ်။ ဟို့ယွိဟောင် မေ့မြောသွားပြီတဲ့နောက် သူအိပ်မက်တစ်ခုထဲကို ၀င်ရောက်လို့သွားခဲ့ပါတယ်။ သူမက်နေတဲ့ အိပ်မက်ကတော့ သန့်စင်ပြီ ကြည်လင်ဖြူဖွေးနေတဲ့ လေဟာနယ်တစ်ခုပါပဲ။ အဲ့ဒီလေဟာနယ်ထဲမှာ အလင်းတန်းတွေ အများကြီးရှိနေခဲ့တာကြောင့် အဆုံးသတ်ကို မမြင်ခဲ့ရပါဘူး။ ဒါပေမယ့် သူ့ရဲ့အကြည့်နဲ့ အမြင်အာရုံက ထောင့်တစ်ခုချင်းဆီအတိုင်းအထိကို အသေးစိတ်မြင်နေခဲ့ရပါတယ်။

ထူးဆန်းတဲ့ နယ်မြေကြီးကို နားလည်နိုင်အောင်ကြိုးစားနေရင်း ရုတ်တရက်ဆိုသလို နယ်မြေကြီးက ပြင်းပြင်းထန်ထန် တုန်ခါလှုပ်ရှားလာပါတော့တယ်။ အဲ့ဒီရွှေရောင်အလင်းတန်းတွေက နယ်မြေထဲကို ၀င်ရောက်လို့လာခဲ့ပါပြီ။

ရွှေရောင်အလင်းတန်းတွေက ကြီးမားတဲ့ အလင်းစက်ကွင်းကြီးတွေအဖြစ်ကို ပြောင်းလဲရင်း လေထဲမှာလွှင့်မျောနေပါတော့တယ်။ အထဲမှာရှိနေခဲ့တဲ့ အလင်းတန်းတွေကတော့ ပိုလို့တောင် အားကောင်းလာခဲ့ပါပြီ။

ရွှေရောင်အလင်းစက်ကွင်းကြီး ဆယ့်ခုက ဖြည်းဖြည်းချင်း စတင် လှည့်ပတ်လို့လာခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့တစ်ခုချင်းဆီတိုင်းမှာ နို့နှစ်လိုမျိုးဖြူဖွေးနေတဲ့အလင်းတန်းတွေ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လို့ လာခဲ့ပြန်ပါတယ်။ အလင်းတန်းတွေရဲ့ အင်အားတိုးပွားလာတာနဲ့အမျှ လေယာနယ်ထဲမှာ ကြီးမားလာတဲ့အလင်းလုံးကြီး ဆယ့်လုံးက ပုံစံအသွင်ပြောင်းလဲလာခဲ့ပါပြီး ဒါ့အပြင် လေဟာနယ်ရဲ့ ပမာဏနဲ့ အရွယ်အစားကိုလဲ ပြောင်းလဲလို့သွားစေခဲ့ပါတယ်။ အဆပေါင်းများစွာ ပိုပြီးတိုးတက်ကြီးမားလာစေခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ မသိမသာထောင့်တစ်ခုမှာ ကပ်နေခဲ့တဲ့ မီးခိုရောင်ဘောလုံးက ရွှေရောင်အလင်းတန်းကြီးတစ်ခုဆီကို ကပ်လာခဲ့တယ်။ မီးခိုရောင်ဘောလုံးကတော့ တခြားအလင်းလုံးတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် အများကြီးသေးငယ်လို့ နေခဲ့ပါတယ်။ ဒါ့အပြင် ရွှေရောင်အလင်းတန်းတွေအများကြီးက အရမ်းကို အားကောင်းလွန်နေတာကြောင့် မီးခိုရောင်ဘောလုံးကို မြင်ဖို့ခက်ခဲလို့နေခဲ့တယ်။ ဒါပေမယ့် ဘယ်လိုပဲရှိနေပါစေ မီးခိုရောင်ဘောလုံးကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ လေထဲမှာလွှင့်မျောနေဆဲပါ။ ရွှေရောင်အလင်းတန်းတွေ ဘယ်လောက်ပဲ တိုက်ခိုက်ပါစေ သူ့ကတော့ အေးအေးဆေးဆေးပါပဲ။ အဆုံးသတ်မှာတော့ ရွှေရောင်အလင်းတန်းတွေကလဲ နောက်ထပ် အဓိပ္ပါယ်မဲ့မတိုက်ခိုက်နေတော့ပဲ မှိန်ဖျော့ပျောက်ကွယ်ပြီး တည်ငြိမ်လို့သွားပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ အသိစိတ်က ကြည်လင်ရှင်းလင်းသွားချိန်မှာတော့ လေဟာနယ်ထဲရှိတဲ့ အလင်းတန်းတွေက ရွှေရောင်ပင်လယ်သမုဒ္ဒရာကြီးအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီး သေးငယ်လွန်းလှတဲ့ မီးခိုရောင်အလင်းတန်းလေး တစ်ခုကသာ ရွှေရောင်အလင်းတန်းကြီးတွေနဲ့ မပေါင်းစည်းပဲ သီးခြားဖြစ်တည်နေခဲ့ပါတယ်။

” ဒီတော့ မင်းက ဟို့ယွိဟောင်ပေါ့ ”

ရုတ်တရက်အသံတစ်သံက ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ အမြင်အာရုံတွေက ခပ်မြန်မြန်ပဲ အောက်ခြေဖက်ကို ရောက်သွားခဲ့ပါတယ်။ ရွှေရောင်ပင်လယ်ကြီးရဲ့အလယ်မှာ သူကတစ်ယောက်ထဲ ရပ်နေခဲ့တာပါ။

” ဒါဘယ်နေရာလဲ ငါဘာဖြစ်လို့ ရောက်နေတာလဲ ”

ဟို့ယွိဟောင် တအံ့တဩမေးလာခဲ့မိတယ်။

” ဒါက မင်းရဲ့ အသိစိတ်ကနေ ဖြစ်တည်လာတဲ့ ပင်လယ်ပဲ ဒါကစိတ်ဝိညာဉ်ပင်လယ်လို့လဲ ခေါ်တယ်…အနာဂတ်မှာ ဒီနေရာက ဒီအစ်ကိုကြီးရဲ့ အိမ်ပဲ နေရာက သေးလွန်လို့ မင်းကိုကူပြီ ကျယ်ပြန့်အောင် လုပ်ဖို့လိုအပ်နေတယ်….ဒါပေမယ့် လက်ရှိအချိန် မင်းရဲ့ခန္ဓာကိုယ်က အားနည်းလွန်နေတော့ ငါလဲယာယီနေအိမ်ပဲ လုပ်ထားရတာပေါ့ ”

” ဒီတော့မင်းက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လား ငါ အိပ်မက်မက်နေတာမဟုတ်ဘူးပေါ့ “‘

ဟို့ယွိဟောင်ကတော့ စကားပြောနေတဲ့အသံပိုင်ရှင်အကြောင်း ပြန်မှတ်မိသွားချိန်မှာ မျက်လုံးပြူးသွားပါတော့တယ်။ သူရှေ့မှာမြင်ခဲ့ရတဲ့ ပိုင်ရှင်က သူသိထားနိုင်တဲ့အရာတွေထက်ကို အများကြီး သာလွန်နေခဲ့တာကြောင့်ပါ။ ဟို့ယွိဟောင်လို အသက်ဆယ့်တစ်နှစ်အရွယ်ကလေးမပြောနဲ့ အရွယ်ရောက်ပြီသားသူတွေတောင်မှ ဒီလိုအခြေအနေကို ကြုံတွေ့ရမယ်ဆိုရင် သေချာပေါက် ကြောက်လန့်နိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီအနေအထားကလဲ အံ့ဩစရာကောင်းလောက်အောင် အပြောင်းအလဲများနေခဲ့တယ်။

” အိပ်မက်မက်နေတယ်တဲ့လား အကယ်၍ ဒီလောက်အိပ်မက်ကောင်းသာ မက်နေခဲ့မယ်ဆိုရင် မင်းပျော်လွန်လို့သေသွားမှာမဟုတ်ဘူးလား ဒါက သေချာပေါက် အိပ်မက်မဟုတ်ဘူးလေ ငါပြောခဲ့တဲ့အတိုင်းပဲ ဒါက မင်းရဲ့စိတ်ထဲမှာရှိနေတဲ့ ကမ္ဘာ လောက ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က မကျေမနပ်နဲ့ ပြန်ဖြေလာခဲ့ပါတယ်။

” အဲ့ဒါက ဘာကြီးလဲ ”

ဟို့ယွိဟောင်ကတော့ မသိတဲ့အတွက် ဆက်ပြီးမေးနေခဲ့တယ်။

” တကယ်ငတုံးလေးပဲ ငါမင်းကို ဘယ်လိုရှင်းပြရမှာလဲ ကောင်းပြီလေ ဒီလိုပြောကြမယ်…မင်းရဲ့မျက်လုံးတွေအကြောင်းကို မင်းသိတယ်မလား အဲ့ဒါတွေကို စိတ်ဝိညာဉ်မျက်လုံးလို့ခေါ်တယ်ဟုတ် ငါကမင်းရဲ့မှတ်ဉာဏ်တွေကို ဖြတ်သန်းလာပြီးပြီဖြစ်တာကြောင့် မင်းရဲ့အတွေ့အကြုံတွေကိုသိထားတယ်…မင်းရဲ့စိတ်ဝိညာဉ်မျက်လုံးတွေက သိုင်းပညာဝိညာဉ်ပဲ တစ်ချိန်ထဲမှာပဲ မျက်လုံးကမျက်လုံးပဲလေ ဒါကြောင့် မင်းမှာစိတ်ဝိညာဉ်စွမ်းအားတွေကို သိုလှောင်ထားတဲ့ စိတ်ဝိညာဉ်ပင်လယ်လဲရှိတယ်..အကယ်၍ စိတ်ဝိညာဉ်မျက်လုံးတွေရဲ့ စွမ်းအားကို အသုံးပြုချင်တယ်ဆိုရင် ဝိညာဉ်စွမ်းအားကို စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲဖို့လိုမယ်…ပြီးရင် မျက်လုံးတွေကိုသုံးပြီး အပြင်ကို ထုတ်လွှတ်လိုက်တော့ လက်ရှိအချိန် မင်းရဲ့ စိတ်ဝိညာဉ်ပင်လယ်တည်နေရာက မင်းမျက်လုံးရဲ့အနောက်မှာရှိနေတဲ့ ဦးနှောက်ဖြစ်နေတယ်….မင်းဆီမှာ အသိစိတ်က စိတ်ဝိညာဉ်ပင်လယ်ထဲမှာ နစ်မြုပ်နေတာကြောင့် မင်းမြင်နေရတဲ့ခန္ဓာကိုယ်က ခန္ဓာကိုယ်အစစ်မဟုတ်ဘူး ငါခဏတာ ဖန်တီးပေးထားတဲ့ ခန္ဓာကိုယ်ပဲ ”

ဟို့ယွိဟောင်က ဒီလိုအသေးစိတ်ကျတဲ့ ရှင်းပြချက်တွေကို နားထောင်ပြီးချိန်မှာတော့ ကိစ္စတစ်ချို့ကို နားလည်လို့သွားပါတယ်။ လက်ရှိအချိန် သူ့နှလုံးသားထဲက အကြောက်တရားတွေကို အတော်လေး လျော့နည်းလို့သွားခဲ့ပါပြီး တစ်ခါတစ်ရံမှာ ကလေးတွေက လူကြီးတွေထက်ပိုပြီး အထိမခံဖြစ်ကြပေမဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကိုမကောင်းကြံစည်စိတ် မရှိဘူးဆိုတာကို သိနေခဲ့တယ်။

” ဒါဆိုရင် စိတ်ဝိညာဉ်ပင်လယ်ထဲမှာ ဘယ်လိုလုပ်ပေါ်လာတာလဲ “‘

ဟို့ယွိဟောင်က နောက်တစ်ကြိမ် မေးပြန်တယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ရှင်းပြခဲ့တယ်။

” ငါမင်းကို အစောပိုင်းတုန်းက ရှင်းပြခဲ့တယ်မဟုတ်လား မင်းရဲ့ ဝိညာဉ်စက်ကွင်း ဖြစ်စေချင်တယ်…အသိဉာဏ်ရှိတဲ့ ဝိညာဉ်စက်ကွင်းဖြစ်ချင်တယ်…အခုကတော့ ငါက တစ်ခုပဲရှိသေးတယ်လေ….မင်းရဲ့ဝိညာဉ်စက်ကွင်းဖြစ်လာဖို့ဆိုရင် စွမ်းအားတွေကို အပြည့်အ၀ထုတ်သုံးရမှာ လက်ရှိစွမ်းအားတွေကို ထုတ်သုံးလို့မရသေးဘူး…လက်ရှိအချိန်ကနေစပြီ
မင်းမှာဝိညာဉ်စက်ကွင်းတစ်ခုတော့ ရှိသွားပြီး ဒါ့အပြင် လူသားတွေခေါ်တဲ့ ဝိညာဉ်ပညာရှင်လဲ ဖြစ်လာနိုင်တယ်လေ ဒါပေမယ့် မင်းရဲ့လက်ရှိအချိန် အတွေးပါရမီက ငါထင်ထားထက်အများကြီး ဆိုးနေတာပဲ ပြောရမယ်ဆိုရင် အတော်လေး နုံနည်းတယ်လို့ပြောလို့ရနိုင်တယ်…ငါရွေးချယ်မှု မှန်လား မမှန်ဘူးလားဆိုတာတော့ ငါမတွေးတတ်တော့ပါဘူး ”

ဟို့ယွိဟောင်ကတော့ အနည်းငယ် ရှက်ရွံ့သွားတာကြောင့် ပြောလာခဲ့ပါတယ်။

” ပါရမီတကယ်မကောင်းဘူးဆိုတာတော့ အမှန်ပါပဲ ဒါပေမယ့် ကျွန်တော် ကြိုးစားမယ်လေ အတွင်းစိတ်ဝိညာဉ်စွမ်းအားက အခုအဆင့်တစ်ပဲရှိသေးတယ်လေ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဆက်ပြောလာခဲ့ပါတယ်။

” မင်းကိုတိုးတက်ကူညီပေးဖို့ နည်းလမ်းတစ်ခု ငါနောက်မှ စဉ်းစားပေးမယ် ”

စကားပြောတာ များလာတာကြောင့် ဟို့ယွိဟောင်လဲ အနည်းငယ်တော့ သတ္တိရှိလာပါတယ်။

” ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ”

” ငါ့ကို အစ်ကိုကြီး ကောင်းကင်အိပ်မက်လို့ခေါ် ”

” ကောင်းပါပြီ အစ်ကိုကြီး အစ်ကိုကြီးပြောတော့ နှစ်တစ်သန်းဝိညာဉ်သားရဲကောင်ဆို အဲ့ဒါအမှန်ပဲလား ဘာဖြစ်လို့ ကျွန်တော်ကို ရွေးတာလဲ ကျွန်တော်ကြားတာတော့ ဝိညာဉ်ကျောင်းတော်သားတွေက နှစ်လေးရာအောက် သက်တမ်းရှိတဲ့ဝိညာဉ်စက်ကွင်းတွေကိုပဲ တောင်းခံနိုင်တာတဲ့ ဒါပေမယ့် အစ်ကိုကြီးက နှစ်တစ်သန်းသားရဲကောင် ဖြစ်နေပြီဆိုမှ ကျွန်တော်ရဲ့ ဝိညာဉ်စက်ကွင်းဘယ်လိုလုပ်ဖြစ်လာနိုင်တာလဲ ”

တစ်ဖက်မှာရှိနေတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ သက်ပြင်းရှည်ကြီး ချလိုက်ခဲ့ပါတယ်။

” ငါက မင်းကို ရွေးချင်လို့ရွေးတယ်များ မှတ်နေလား ငါ့မှာရွေးချယ်စရာမရှိဘူးလေ အကယ်၍ ငါ့သာ နောက်ထပ် ဂျီများနေဦးမယ်ဆိုရင် ငါအသက်က သက်တမ်းကုန်သွားတော့မယ်…ငါသေသွားတာနဲ့ ငါ့ခန္ဓာကိုယ်က ဒီတောထဲမှာရှိတဲ့ကောင်တွေရဲ့အစာ ဖြစ်သွားမှာပဲ အဲ့ဒီတော့လဲ ရှိသမျှနည်းလမ်းစုံသုံးပြီ မင်းလိုလူသားနဲ့ တွဲစပ်ဖို့လုပ်ရတာပေါ့ ထွက်ပေါက်တစ်ခုပဲရှိလို့ လုပ်ရတာလေ မင်းက ငါ့ရဲ့ပုံပြင်ကို နားထောင်ချင်လား အနာဂတ်မှာ ငါတို့တွေ အချိန်အကြာကြီး အကြာကြီး အတူတူရှိကြလိမ့်မယ် ..အဲ့ဒီတော့ ငါမင်းကို ဘာမှဖုံးကွယ်မထားချင်ဘူး..အားလုံးပြောပြမယ် ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်း ပြောလာခဲ့ပါတယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျေးဇူးပြုပြီ ပြောပြပါ ”

” စစချင်အချိန်မှာ ငါက သာမန်ရေခဲပိုးကောင်လေးတစ်ကောင်ပဲ ဒီနေရာက မဟာကြယ်တာရာသစ်တာထဲမှာ ငါမွေးလာတာမဟုတ်ဘူး….တိုက်ရဲ့မြောက်ဘက်အစွန်းဆုံးမှာရှိနေတဲ့ အရမ်းအေးတဲ့နေရာမှာ ငါမွေးလာခဲ့တာ ငါတို့ရေခဲပိုးကောင်တွေက အတွင်းစွမ်းရည်နှစ်မျိုး ရှိနေခဲ့တယ်…ဝိညာဉ်စွမ်းအားနဲ့ ရေခဲစွမ်းအား တိုက်ခိုက်ရေးစွမ်းအားကတော့ အရှိန်နှုန်းကြောင့် အများကြီးကန့်သတ်ခံထားရတယ်…ဒါကြောင့် သာမန်စိတ်ဝိညာဉ်သားရဲကောင်တွေလိုပဲ ငါတို့ကို အဆင့်သွင်းထားကြတာ ဒါ့အပြင် သဘာ၀ရဲ့ ကျူးကျော်သူတွေကြောင့်လဲ ငါတို့အတော်လေး ပျက်စီးကြသေးတယ်လေ ငါတို့ထဲမှာ နည်းနည်းကပဲ နှစ်ပေါင်းတစ်သောင်းလောက်အထိ ကျင့်ကြံနိုင်တယ်…ငါကတော့ လုံး၀ကို ချွင်းချက်ကြီးဖြစ်နေတယ်လေ ”

” ငါအသက်ဆယ့်သုံးနှစ်လောက်အရွယ်မှာ ကျုးကျော်သူရဲ့ လက်ထဲကနေ ထွက်ပြေးဖို့ ရေခဲအက်ကွဲကြောင်းကြီးတစ်ခုထဲကို ပြုတ်ကျခဲ့တယ် …အဲ့ဒီအချိန်မှာ ငါတော့ သေပြီလို့ထင်ထားခဲ့လိုက်မိတာပဲ ဒါပေမယ့် ငါပြုတ်ကျသွားတဲ့ နေရာက နှစ်တစ်သောင်းရေခဲတွင်းနက်ကြီးဖြစ်နေခဲ့တယ်လေ အဲ့ဒီရေခဲတွင်းနက်ကြီးထဲမှာ ငါအကြာကြီး အကြာကြီး အိပ်ပျော်သွားတော့တာပဲ ပြောရမယ်ဆိုရင် အဲ့ဒီအချိန်တုန်းက ငါအရမ်းအားနည်းပြီ အကောင်ကလဲ သေးသေးလေး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်က သုံးလက်မလောက်ထက် မပိုခဲ့ဘူး…စုစုပေါင်း နှစ်တစ်သောင်းလောက် အိပ်ပြီတဲ့အချိန် ငါနိုးလာတော့ ရေခဲဂူထဲကို ငါရောက်နေပြီး အဲ့ဒီရေခဲတွင်းနက်ကြီးလဲ ပျောက်ကွယ်လို့သွားခဲ့ပြီလေ သူ့ခန္ဓာကိုယ်က အကုန်လုံးစုပ်ယူလိုက်တာကြောင့် ငါလဲ နှစ်တစ်သောင်းသားရဲကောင် ဖြစ်သွားတော့တာပဲ…အတော်လေးကျေနပ်ပြီ အံ့ဩနေခဲ့ပေမဲ့ အဲ့ဒီရေခဲဂူထဲမှာ ထွက်လမ်းကိုရှာမတွေ့ခဲ့ဘူး ”

” ရေခဲဂူကြီးက မာကျောလွန်တာကြောင့် ငါကိုယ်တိုင်း နှစ်တစ်သောင်းသားရဲကောင် ဖြစ်လာခဲ့ပေမဲ့ တိုက်ခိုက်ရေးစွမ်းအားကလဲ အားနည်းနေသေးတယ်တော့ ငါဘယ်လိုမှ မထိုးဖောက်နိုင်ခဲ့ဘူး…ကံကောင်းစွာနဲ့ပဲ ဂူထဲမှာအပေါက်တွေ ရှိနေခဲ့တာကြောင့် ငါတွယ်တက်နိုင်ခဲ့တယ်…အဆုံးသတ်မှာတော့ အပေါက်ကိုရှာမတွေ့ခဲ့ပေမဲ့ ပိုပြီး ကြီးမားတဲ့ရေခဲအိုင်ကြီးတစ်ခုကို ထပ်ပြီးတွေ့သွားခဲ့တယ်လေ….အဲ့ဒီရေခဲအိုင်ကြီးထဲမှာ စားဖို့အစာတွေလဲ ရှိနေခဲ့တယ်…ဒါကြောင့် နောက်ထပ်တစ်ကြိမ် ထပ်ပြီ အိပ်ရပြန်ရော အဲ့ဒီတစ်ခေါက် အိပ်တာက နောက်ထပ် နှစ်တစ်သောင်းတောင်မကပဲ ပိုပြီး ရှည်လျားသွားခဲ့တယ် ”

အပိုင်း ၂•၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset