အပိုင်း ၈၃•၂
” အဆင့်မီလက်ရာမြောက်ဓား ”
°°°
” ဒါ့အပြင် မင်းကထိန်းချုပ်ရေးအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်နေတယ်..အဖွဲ့လိုက်တိုက်ခိုက်မှုမှာ မင်းကတစ်ချိန်လုံးအဖွဲ့ရဲ့အနောက်ဖက်မှာနေပြီ ကိုယ်ရဲ့၀ိညာဥ်စွမ်းအားကို ပြန်လည်ကောင်းမွန်နိုင်ဖို့အတွက် ဒီနို့ပုလင်းကိုအသုံးပြုလို့ရတယ်…ဒါပေမယ့် အဆင့်လေးနို့ပုလင်းကိုအသုံးပြုတဲ့အချိန်မှာ များပြားတဲ့၀ိညာဥ်စွမ်းအားတွေကို မင်းလက်ခံရရှိလိမ့်မယ်..မင်းရဲ့ခန္ဓာကိုယ်ကသာ ဒါကိုလက်ခံနိုင်မှာလား နောက်ဆုံးတော့လဲ ၀ိညာဥ်စွမ်းအားက အများကြီးတိုး၀င်လာမှာအမှန်ပဲလေ ”
ဟို့ယွ်ိဟောင်ရဲ့နှလုံးသားက တုန်ခါသွားခဲ့ပေမဲ့ သူချက်ချင်းပြန်ဖြေလိုက်ပါတယ်။
” ဒါက ပြဿနာမဟုတ်ပါဘူး ”
သူ့မှာပေါင်းစည်းထားတဲ့ အဖွဲ့သားတွေရှိနေခဲ့တာကြောင့် ဒီအရာကသူ့အနေနဲ့ လိုအပ်တဲ့အရာလဲဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပေါ့သေးသေးလဲမှတ်ယူလို့ရနိုင်တဲ့အရာလဲ မဟုတ်ပါဘူး။ သူနဲ့ ၀မ်သုန့်နှစ်ယောက် အတူတူထိတွေ့လိုက်ချိန်မှာ ဟောင်သုန့်စွမ်းအားကို ခန္ဓာကိုယ်ထဲကနေ ထုတ်လွှတ်နိုင်ပါတယ်။ အကယ်၍ သူတို့သာ ရွှေရောင်လမ်းကို အသုံးပြုပြီးတဲ့နောက် ဒီနို့ပုလင်းနဲ့သာ ပြန်အားအင်ဖြည့်တင်းပေးမယ်ဆိုရင် သူတို့ရဲ့ကုန်ခမ်းသွားတဲ့၀ိညာဥ်စွမ်းအားတွေကို ချက်ချင်းပြန်လည်ဖြည့်တင်းနိုင်မှာမဟုတ်ဘူးလား ဒီနို့ပုလင်းက ၀ိညာဥ်စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့အတွက် ကောင်းမွန်တဲ့ပစ္စည်းတစ်ခုဖြစ်နေခဲ့တယ်။
သူတို့နှစ်ယောက် ပြောနေကြချိန်မှာပဲ အဲ့ဒီနို့ပုလင်းရဲ့တန်ကြေးက ၀ိညာဥ်ရွှေပြားတစ်သောင်းတစ်ထောင်အထိကို မြင့်တက်လို့သွားခဲ့ပါပြီ။ လေလံပွဲတွေမှာ ဒီပစ္စည်းရောင်းမထွက်မှာကို ဘယ်သူမှစိုးရိမ်နေဖို့မလိုပါဘူး။ ဘယ်လိုအဆင့်အတန်းပဲဖြစ်ဖြစ် သေချာပေါက် ရောင်းကိုရောင်းထွက်မဲ့အရာဖြစ်နေခဲ့တယ်။ အရာကိုလက်တွေ့ကျကျအသုံးပြုလို့ရနိုင်တဲ့ ပစ္စည်းဖြစ်နေတာကြောင့်ပါပဲ။ အဆင့်မြင့်၀ိညာဥ်လက်နက်ပညာရှင်တွေအတွက်တောင်မှ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတစ်ခုလို့ ပြောလို့ရနိုင်နေပါတယ်။ ၀ိညာဥ်ပညာရှင်တွေတောင်မှ သူတို့ကို အတော်လေးလိုချင်နေခဲ့ကြပါပြီ။
နို့ပုလင်းတွေက လေလံပွဲတွေတိုင်းနီးပါးမှာ ပေါ်လာလေ့ရှိပေမဲ့ သူ့ရဲ့ဖန်တီးပြုလုပ်မှုနဲ့ အဆင့်အတန်းအပေါ်မူတည်ပြီ နောက်ထပ်များပြားတဲ့၀ယ်လိုအားတွေကို ရင်ဆိုင်ရပါတယ်။ ဒါကြောင့် အချိန်တိုလေးအတွင်းမှာပဲ စျေးနှုန်းကအမြင့်ဆုံးအထိကို ရောက်ရှိလို့သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာနို့ပုလင်းတွေက ၀ိညာဥ်လက်နက်တွေထဲ ၀ယ်လိုအားအမြင့်ဆုံးတွေထဲကတစ်ခုဖြစ်နေခဲ့ပါတယ်။
ဟယ့်ချိုက်ထို့ပြောတဲ့စကားတွေကိုနားထောင်ပြီတဲ့၀မ်ယန်က ဟို့ယွိဟောင်ကို ခေါင်းညိတ်ပြလိုက်ပါတယ်။
အစောပိုင်းမှာ ၀မ်ယန်က ၀ိညာဥ်ရွှေပြားခုနှစ်သောင်းနီးပါးလောက်ကို အသုံးပြုခဲ့တာပါ။ ဒါကနည်းပါးတဲ့ပမာဏမဟုတ်ခဲ့ပါဘူး။ ကျောင်းတော်က သူ့ကိုဘယ်လောက်သုံးခွင့်ပေးထားလဲဆိုတာ ဘယ်သူမှမသိပဲရှိနေခဲ့တယ်။
ပေ့ပေ့က ပြောလိုက်ပါတယ်။
” ဆရာ၀မ် ပိုက်ဆံအလုံအလောက်ရှိလို့လား မရှိဘူးဆိုရင် ကျွန်တော်ဆီကယူလို့ရတယ်..ဒီနို့ပုလင်းကအတော်လေးကောင်းတယ်..ကျွန်တော်တို့အားလုံးလဲ သုံးလို့ရတာမဟုတ်လား တိုက်ပွဲအားလုံးမှာတော့သုံးလို့ရတာမဟုတ်ပေမဲ့ပေါ့ ”
၀မ်ယန်က ပြောလိုက်ပါတယ်။
” မစိုးရိမ်နဲ့ တကယ်တော့ ငါပိုက်ဆံသုံးဖို့မလိုဘူး ငါ့မှာကျောင်းတော်ကနေ ပေးအပ်ထားတဲ့အမှတ်လဲလှယ်ခွင့်တံဆိပ်ရှိတယ်..ငါတို့ဘယ်လောက်ပဲဝေသုံးပါစေ ကျောင်းတော်အနေနဲ့ ငါတို့ကိုငွေချေးပေးမှာပဲ ”
ပေ့ပေ့ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ပါပြီ။
” ကျောင်းတော်ကဒီလိုမျိုး အမှတ်စာရင်းနဲ့ ငွေပေးချေတာရှိတယ်လား ” .
ဒီအမှတ်စာရင်းငွေပေးချေမှုက ပိုက်ဆံတွေမဟုတ်ခဲ့ပါဘူး။ ကျောင်းတော်အနေနဲ့ သူတို့ကိုဘယ်လောက်ယုံကြည်ချက်ထားရှိလဲဆိုတာနဲ့ အဖွဲ့အစည်းအပေါ်ထားရှိတဲ့ယုံကြည်ချက်အပေါ်မူတည်ပြီ ပေးချေရတဲ့အရာပါ။ ပုံမှန်အနေအထားမှာကတော့ အဲ့ဒီလိုအရာမျိုးကို အတော်လေးမြင့်မြင့်မားမားရည်မှန်းထားခံရတဲ့သူတွေသာ ပိုင်ဆိုင်တာပါ။ ဥပမာအားဖြင့် ကျောင်းတော်မျိုးစုံရဲ့တော်၀င်မိသားစုနဲ့ ထိပ်တန်းအဆင့်ကျောင်းတော်တွေမှာ အသုံးပြုနိုင်တဲ့အရာပဲ ဒီလိုထိပ်ဆုံးရောက်နေခဲ့တဲ့ ဖြစ်တည်မှုတွေကသာ အကန့်အသတ်မရှိပဲနဲ့ အမှတ်လဲလှယ်ငွေကိုသုံးနိုင်တာပါ။ သေချာပေါက် အမျက်ဒေါသကျောင်းတော်ကလဲ ဒီလိုကျောင်းတော်ထဲကတစ်ခုပါပဲ။
အမျက်ဒေါသကျောင်းတော်အနေနဲ့ ဒီတစ်ကြိမ်မှာ သူတို့ကိုလဲလှယ်ခွင့်ပြုတဲ့ အမှတ်စာရင်းပေးလိုက်ပုံအရ သေချာပေါက် သူတို့ကိုအများကြီးယုံကြည်ချက်ထားရှိပုံပါပဲ။ ဒါကသေချာပေါက်လုံး၀ကို အကန့်အသတ်မရှိတာကြောင့် ကျောင်းတော်အနေနဲ့ သူတို့ဘယ်လောက်ပဲ၀ယ်ယူပါစေ သေချာပေါက်အများကြီးအကြွေးမတင်မှာအမှန်ပါ။ ကြယ်အလင်းအိမ်အနေနဲ့ အပြည့်အ၀ရောင်းချပြီချိန်မှာ ကျောင်းတော်နဲ့ဒီကိစ္စကို ရှင်းရပါလိမ့်မယ်။
” နှစ်သောင်း ”
၀မ်ယန်က ချက်ချင်းဆိုသလို စျေးခေါ်ပါတော့တယ်။ သူ့ရဲ့ပြိုင်ဘက်ကိုချက်ချင်းဆိုသလို တိုက်ခိုက်လိုက်တာပါ။
၀မ်ယန်က အစောပိုင်းမှာ ဆက်တိုက်ဆိုသလို ၀ယ်ယူနေခဲ့ပြီ လူတိုင်းကိုလဲ များပြားတဲ့ငွေကြေးချမ်းသာမှုနဲ့ တွန်းတိုက်ပြီအနိုင်ယူခဲ့တာပါ။ ဒါကြောင့်သာ တခြားသူတွေက သူနဲ့ယှဥ်ပြီမလုယူချင်ကြပါဘူး။ သူလှုပ်ရှားလိုက်ပြီဆိုတာနဲ့တော်တော်များများက စျေးခေါ်နေတာကနေ ထွက်သွားခဲ့ပါပြီ။
ဒါပေမယ့် အခုအချိန်အထိ လက်မလွှတ်နိုင်သေးတဲ့သူတချို့တော့ရှိနေပါသေးတယ်။ နောက်ဆုံးတော့လဲ ဒီအဆင့်လေးနို့ပုလင်းက ၀ိညာဥ်ရွှေပြားနှစ်သောင်းတန်ကြေးရှိတာအမှန်ဖြစ်နေခဲ့လို့ပါ။
” နှစ်သောင်းတစ်ထောင် ”
ခပ်တိုးတိုးအသံတစ်ခုက အနောက်ဖက်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။
၀မ်ယန်က ထပ်ပြီပြန်အော်လိုက်တယ်။
” နှစ်သောင်းငါးထောင် ”
ချက်ချင်းဆိုသလို ခန်းမတစ်ခုလုံးက တိတ်ဆိတ်လို့သွားခဲ့ပါပြီ။
ဒီတစ်ကြိမ်မှာကတော့ ချင်းယာရဲ့၀မ်ယန်အပေါ်ထားရှိနေတဲ့အကြည့်က ပုံမှန်ပညာရှင်ဆန်ဆန်ပုံစံကနေပိုပြီးတော့ တောက်လောင်လာခဲ့ပါပြီ။ နောက်ဆုံးတော့လဲ ပိုက်ဆံအများကြီးရှိတဲ့သူကိုမကြိုက်တဲ့သူဘယ်သူရှိလို့လဲ။ ဒါ့အပြင် ၀မ်ယန်ရဲ့အသံက ဒီလောက်လဲမကျယ်လောက်ပါဘူး။ မျက်နှာဖုံးတပ်ထားခဲ့ပေမဲ့ ကျောင်းတော်သားကောင်းတစ်ယောက်ရဲ့အရှိန်အ၀ါက သူ့ဆီမှာခံစားလို့ရနေဆဲပါ။
” နှစ်သောင်းငါးထောင် တစ်ကြိမ် နှစ်သောင်းငါးထောင် နှစ်ကြိမ် နှစ်သောင်းငါးထောင်သုံးကြိမ် ပြီးဆုံးပါပြီ ”
ချင်းယာက အရမ်းကိုမြန်မြန်ဆန်ဆန်နဲ့ တူကိုခေါက်နေခဲ့ပါတယ်။ ၀မ်ယန်ဆီက အမြင်ကောင်းကိုရချင်နေတဲ့ပုံစံနဲ့ အမြန်ဆုံးရောင်းထုတ်ပေးခဲ့တယ်။ နောက်ဆုံးမှာတော့ နို့ပုလင်းကို ရသွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်လဲ အတော်ကိုစိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ ဒီအရာက သူ့ရဲ့၀ိညာဥ်စွမ်းအားကိုပြန်လည်ဖြည့်တင်းပေးနိုင်မလား။
စင်အောက်ကိုပစ္စည်းယူလာပြီတဲ့နောက် ချင်းယာက လေလံစင်မြင့်ရဲ့အရှေ့ဆုံးဆီကို ရောက်လာပါတော့တယ်။ သူမရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာက အခုအချိန်မှာ အတော်ကိုရှက်သွေးဖြာနေခဲ့ပါပြီ။ အဲ့ဒီနောက် ပုံမှန်ထက်ပိုပြီးတိတ်ဆိတ်တဲ့အသံနဲ့ပြောလာခဲ့ပါတယ်။
” ဂုဏ်ကျက်သရေရှိတဲ့လူကြီးမင်းတို့ ကျွန်မတို့ရဲ့ထူးဆန်းအံ့ဖွယ်ရာလက်ဆောင်က စင်မြင့်ပေါ်ကိုရောက်ရှိနေပါပြီ ဒီပစ္စည်းကအခုညမှာလေလံတင်မဲ့နောက်ဆုံးသောပစ္စည်းပါပဲ အစပိုင်းမှာဒီနေရာကိုရောက်ရှိလာဖို့အစီအစဥ်မရှိခဲ့ပေမဲ့ လေလံပြစ်သူအကြီးအကဲရဲ့ခွင့်ပြုချက်နဲ့အတူ ဒီနေ့ရောက်ရှိလာကြတဲ့ ဂုဏ်ကျက်သရေလူကြီးမင်းများအတွက် အခုပစ္စည်းကို ထုတ်ဖော်ပြသဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်..အရမ်းကိုတန်ကြေးရှိတဲ့ပစ္စည်းဖြစ်ပေမဲ့ ဒီနေရာမှာရှိတဲ့ ဘယ်သူမဆိုသူ့ရဲ့တကယ်တန်ကြေးကို ပြောနိုင်ကြမှာပါ ကျွန်မတို့ရဲ့အခမ်းအနားဖွင့်လစ်ရေးသခင်မကို စင်မြင့်ပေါ်ဒီပစ္စည်းယူလာပါရစေလား ”
မကြာခင်အချိန်အတွင်းမှာပဲ လက်တွန်းလှည်းလေးတစ်ခုက စင်မြင့်ပေါ်ကို တက်လာခဲ့ပါပြီ။ ပစ္စည်းကလဲ သိပ်ပြီမကြီးမားခဲ့ပါဘူး။ ဒါပေမယ့် အပေါ်မှာအုပ်ထားခဲ့တဲ့အ၀တ်ကတော့ အနီရောင်ပြောင်းသွားခဲ့ပါတယ်။ ချက်ချင်းဆိုသလို လူတွေကအရောင်အလိုက်စျေးကိုတွက်ချက်နေခဲ့ကြပါပြီ။ ရွှေရောင်က တန်ဖိုးအမြင့်ဆုံးပါပဲ။ ရွှေရောင်ပရင့်တော်အနီရောင်လား ဟုတ်ပါတယ် ဒါကနှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းရဲ့အရောင်ကို ကိုယ်စားပြုတာပါ။ ထူးဆန်းတဲ့လက်ဆောင်ပမာဏက သေချာပေါက် သူမတူအောင်ထူးခြားနေပါလိမ့်မယ်။ ချက်ချင်းဆိုသလို လက်တွန်းလှည်းကို ချင်းယာကသူ့ဘေးနားဆွဲလိုက်ပါပြီ။ ဒီအရာက အရမ်းကြီးသေးတဲ့ပုံစံလဲမပေါ်ပါဘူး။ ဟို့ယွိဟောင်မျက်လုံးကို အာရုံစူးစိုက်ရင်းနဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို စတင်အသုံးပြုပါတော့တယ်။ ပုံစံတူတုပမှုကို ရရှိပြီတဲ့နောက် သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက ပိုပြီးတော့ အားကောင်းလို့လာခဲ့ပါပြီ။ သူစိတ်စေညွန်လိုက်တိုင်းမှာ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေအားလုံးက စိတ်ကြိုက်ပြောင်းလဲနိုင်ရုံတင်မက ၀ိညာဥ်စွမ်းရည်တွေကလဲ ကြုံသလိုပေါ်လာနိုင်ပါတယ်။
ဒါပေမယ့် ဟို့ယွိဟောင်က အနီရောင်၀ိညာဥ်ပစ္စည်းကိုဖြည်းဖြည်းချင်း လေ့လာနေရင်းနဲ့ကနေ သူ့ခန္ဓာကိုယ်ကလဲ တုန်ရီလို့သွားပါတော့တယ်။ မျက်စိနှစ်ဖက်စလုံးကို လက်နဲ့ဖိချထားလိုက်ပြီတဲ့နောက် သူခန္ဓာကိုယ်ကတုန်ရီလို့နေခဲ့ပါပြီ။ ဟယ့်ချိုက်ထို့နဲ့ ပေ့ပေ့နှစ်ယောက်စလုံးက အထိတ်တလန့်နဲ့ မေးလိုက်မိပါတော့တယ်။
” ယွိဟောင် ဘာဖြစ်လို့လဲ ”
ယွိဟောင်ကတော့ တခဏတာကြာပြီချိန်မှသာ အသိပြန်၀င်လာပါတော့တယ်။ အဲ့ဒီနောက် လက်တွေကိုပြန်ချလိုက်ရင်း ဟယ့်ချိုက်ထို့နဲ့ ပေ့ပေ့ကို ဝေ၀ါးတဲ့အကြည့်နဲ့ကြည့်ကာ ပြောလာခဲ့တယ်။
” တကယ်စူးရှလိုက်တဲ့အရာပါလား ”
အနီရောင်အ၀တ်ထည်ရဲ့အောက်ဖက်ကို သူလေ့လာကြည့်ဖို့ကြိုးစားခဲ့ပေမဲ့ အောက်ဖက်မှာရှိနေခဲ့တဲ့ အရာဆီကနေ အဆုံးမဲ့တဲ့ထက်ရှမှုကို ခံစားလိုက်ရပါတယ်။ ဒီထက်ရှတဲ့အရာက သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုတောင် ဖြတ်ကျော်လာခဲ့ပြီ သူ့ရဲ့စိတ်၀ိညာဥ်အရင်းအမြစ်အထိကို ဖျက်ဆီးလုနီးပါးဖြစ်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ကြောက်လွန်လို့သူ့ရဲ့၀ိညာဥ်စွမ်းရည်ကို ခပ်မြန်မြန်ပြန်သိမ်းလိုက်ရပါပြီ။ ဒီလိုဖြစ်သွားခဲ့ပေမဲ့ သူရှင်းရှင်းလင်းလင်းအာရုံခံမိလိုက်ပါတယ်။ ရလဒ်အနေနဲ့ကတော့ သူ့ရဲ့မျက်လုံးနှစ်ခုစလုံးက ကျိန်စပ်လို့နေခဲ့ပြီ မျက်ရည်တွေလဲဆက်တိုက်စီးကျလို့နေခဲ့ပါတယ်။ ချင်းယာကတော့ အခုဆက်တိုက်စပြီမိတ်ဆက်နေဆဲပါ။
ဒီထူးဆန်းတဲ့ လက်ဆောင်ပမာဏက ဘာဖြစ်မလဲဆိုတာကိုအားလုံးသိချင်နေကြမှာအမှန်ပါပဲ။ အတော်ကို ဉာဥ့်နက်နေပြီဖြစ်တာကြောင့် ချင်းယာလဲ အချိန်မဆွဲချင်တော့ပါဘူး။
” ဒီပစ္စည်းက သာမန်လိုထင်ရပေမဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်အတွက်တော့ မခွဲမခွာနိုင်တဲ့မိတ်ဆွေတွေတစ်ပါးပါပဲ ၀ိညာဥ်အတတ်ပညာရှင်အားလုံးနီးပါးက ဒီလိုအရာမျိုးတစ်ယောက်တစ်ခုဆီရှိကြတယ်…ဒါပေမယ့် ကျွန်မတို့လေလံပွဲမှာ ဒီနေ့လေလံပြစ်မဲ့ပစ္စည်းကတော့ လုံး၀ကို ထူးခြားနေခဲ့ပါပြီ ၀ိညာဥ်လက်နက်တစ်ခု မဟုတ်ခဲ့ပါဘူး.. ဘာကြောင့်အဲ့ဒီလိုပြောရလဲဆိုတော့ ဒီကိစ္စကြောင့်သာ အစောပိုင်းတုန်းက အခုလေလံပွဲမှာ မထည့်သွင်းဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ ဒါပေမယ့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ အများကြီးနီးနီးကပ်ကပ်ဆက်နွယ်နေပါတယ်..အခုဒီအ၀တ်အထည်ကိုမဖွင့်ခင်အချိန် တစ်ခုလောက်ပြောပါရစေလား..ဒီပစ္စည်းရဲ့ရှားပါးမှုနဲ့တန်ကြေးက ကျွန်မတို့လေလံအိမ်ရဲ့ ထိပ်ဆုံးလေလံပွဲတွေမှာပါ၀င်ဖို့အတွက် သေချာပေါက် လုံလောက်အောင်တန်ဖိုးရှိတဲ့သူတွေပါ အားလုံးတွက်ချက်ကြည့်ကြပါဦး ”
လူတိုင်းရဲ့အကြည့်က စင်ပေါ်ကိုစူးစူးစိုက်စိုက်ရောက်ရှိလို့နေခဲ့ပါတယ်။ ချင်းယာအ၀တ်ကို ဖယ်ရှားလိုက်ချိန်မှာတော့ သူ့တို့မျှော်လင့်နေခဲ့ကြတဲ့ တောက်တောက်ပပအရာတစ်ခုမထွက်ပေါ်လာခဲ့ပါဘူး။ ဒီအရာကတော့ ချင်းယာပြောခဲ့သလိုပဲ အားလုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံး ရင်းနှီးနေကြပြီ သူတို့အတွက် မသုံးမဖြစ်တဲ့ပစ္စည်းတစ်ခုပါပဲ။
အ၀တ်ရဲ့အောက်ဖက်မှာရှိနေခဲ့တဲ့အရာက ကြီးမားတဲ့ပုံသဏ္ဍာန်အသွင်ပေါ်နေခဲ့တာ သူ့ရဲ့အရွယ်အစားကြောင့်မဟုတ်ပဲ သူ့ကိုဖန်အိမ်တစ်ခုထဲမှာ ထည့်ထားခဲ့တာကြောင့်ပါပဲ။ ဒီပစ္စည်းကအတော်လေးကို သေးငယ်ပါတယ်။ ခြောက်လက်မအရွယ်အစားသာရှိပြီ လက်ညိုးလောက်သာလုံပတ်ရှိတဲ့အရာပါ။ ဒါ့အပြင် ထိပ်ပိုင်းမှာကတော့ ပိုပိုပြီးသေးသေးငယ်လာခဲ့ရင်း အရမ်းကိုထက်ရှတဲ့ ထိပ်မျိုးရှိနေခဲ့ပါတယ်။ တခြားတစ်ဖက်မှာကတော့ လက်မ၀က်ကျော်ရှည်လျားတဲ့ဓားသွားလေးရှိနေခဲ့တယ်။ ရိုးရှင်းပြီမှောင်မိုက်နေတဲ့ ဒီအရာကတစ်ချက်ကြည့်လိုက်ရုံနဲ့တင် မဲမှောင်ပြီရှေးကျတဲ့အငွေ့တွေအပြည့်ပါပဲ။
လူတော်တော်များများက မကျေမနပ်နဲ့သက်ပြင်းချလိုက်မိပါတယ်။ ဒီအရာကို သူတို့အတွက် အံ့အားသင့်စေလောက်မဲ့အရာတစ်ခုလို့ထင်ခဲ့တာပါ။ ဒါပေမယ့် လူတချို့ရဲ့မျက်၀န်းတွေကသာ တောက်ပလာခဲ့ပါတယ်။ ဒီပစ္စည်းထက်ပိုလာခဲ့မယ်ဆိုရင်တန်ဖိုးသိတဲ့အားလုံးကို ထိတ်လန့်သွားစေခဲ့တယ်။
လက်ရာမြောက် ထွင်းထုရေးဓားပါ ဒီထွင်းထုတဲ့ဓားက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေဗျူဟာကို ဖန်တီးတဲ့အချိန်မှာအသုံးပြုတဲ့အရာပါပဲ။ ထွင်းထုတဲ့ဓားရဲ့အစွန်းနှစ်ဖက်စလုံးက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအတွက် အသုံး၀င်ပါတယ်။ သူတို့ကိုကောင်းကောင်းအသုံးပြုနိုင်တဲ့ ဘယ်သူမဆိုကောင်းမွန်တဲ့ဗျူဟာတစ်ခုရဲ့ အချက်အခြာကိုဖန်တီးနိုင်မှာပါ။ ဒါက ၀ိညာဥ်လက်နက်တစ်ခုကိုဖန်တီးဖို့အတွက် အခြေခံအကျဆုံးလိုအပ်ချက်တစ်ခုပါပဲ။
ဟို့ယွိဟောင်မှာလဲ ဖန်းယွီသတိပေးထားခဲ့တဲ့ ထွင်းထုရေးဓားတစ်ခုရှိပါတယ်။ မာကျောတဲ့သတ္ထုနဲ့ပြုလုပ်ထားခဲ့ပြီ အတော်ကိုခိုင်ခိုင်ခံ့ခံ့နဲ့ အသွားထက်ရှတဲ့အရာတစ်ခုပါ သူ့အတွက်သုံးဖို့အတော်လေးအသုံး၀င်ပါတယ်။ ဖန်းယွီအနေနဲ့လဲ နောက်တစ်ခုကိုကူညီပေးမယ်လို့ပြောခဲ့တယ်။ အကယ်၍ သူသာ အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ဓားကိုရဖို့ထိုက်တန်မှာပါ။ နောက်ဆုံးတော့လဲ အဆင့်မြင့်တဲ့၀ိညာဥ်လက်နက်ပညာရှင်တစ်ယောက်က ဖြစ်လာဖို့အတွက် လိုအပ်ချက်တွေက အများကြီးလိုနေပါသေးတယ်။ အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်သာ ဖြစ်လာခဲ့မယ်ဆိုရင် ပိုတန်ကြေးရှိပြီမာကျောတဲ့ပစ္စည်းတွေကို အသုံးပြုရင်းထွင်းထုရမှာပါ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ရဲ့ ထွင်းထုရေးဓားကသာ လုံလောက်အောင််မကောင်းလို့ကတော့ ဘယ်လိုလုပ်ထွင်းထုနိုင်မှာလဲ။ ဒါ့အပြင် ကောင်းမွန်တဲ့ထွင်းထုရေးဓားက တစ်၀က်လောက်အားစိုက်လုပ်နိုင်ရုံနဲ့တင် နှစ်ဆအလုပ်ပိုပိမှာပါ။
ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့တို့က ဒီဓားကိုမြင်ချိန်မှာ မျက်လုံးပြူးသွားပါတော့တယ်။ အပေါ်ယံအနေအထားအရ ဘာတွေများထူးချွန်ကောင်းမွန်နေလဲဆိုတာကို မပြောနိိုင်ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်အနေနဲ့ သူအစောပိုင်းတုန်းက ခံစားခဲ့ရတဲ့ ခံစားမှုအပေါ်ယုံကြည်ချက်အပြည့်ရှိနေခဲ့တယ်။ ဒီလောက်အထိ စူးရှထက်မြက်ပြီ အရိုးထဲအထိ ၀င်ရောက်ကာ၀ိညာဥ်အရင်းအမြစ်ကိုပါ ဖျက်ဆီးနိုင်လောက်တဲ့အထိ ထက်မြက်တဲ့ခံစားချက်က သေချာပေါက် အတုအယောင်မဟုတ်နိုင်ပါဘူး။ ဒီအရာကသေချာပေါက် ပုံမှန်မဟုတ်ပဲရှိနေခဲ့တယ်။
ချင်းယာရဲ့အသံက လူတွေရဲ့မကျေမနပ်အကြည့်တွေအောက်မှာထွက်ပေါ်လာပါတော့တယ်။
” သာမန်အပြင်ပိုင်းကြည့်ရမယ်ဆိုရင်တော့ ဒီလိုမထူးခြားတဲ့အပြင်ပိုင်းရုပ်သွင်ကြောင့် လူတချို့လှည့်စားခံလိုက်ရပါပြီ အဲ့ဒီလိုမျိုး ဒီဓားကိုအထင်သေးသွားခဲ့မယ်ဆိုရင် အားလုံးမှားပြီလို့ပဲ ပြောရတော့မှာပေါ့ ဒီထူးခြားကောင်းမွန်တဲ့ လက်ဆောင်ကို ဘ၀မှာမမြင်တွေ့ဖူးတာက သေချာပေါက်အကြီးမားဆုံးနောင်တဖြစ်နေခဲ့မှာပါ ဒီသာမန်လို့မြင်နေရတဲ့ ထွင်းထုရေးဓားက ဘာကြောင့်များသာမန်မဟုတ်ရလဲဆိုတာကို အားလုံးသိရအောင်မိတ်ဆက်ပေးပါရစေလား ”
အပိုင်း ၈၃•၂ ပြီး၏။