အပိုင်း ၈၃•၁
” အဆင့်မီလက်ရာမြောက်ဓား ”
°°°
” ဒီအလင်းတန်းက တခဏတာငြိမ်သက်သွားစေတဲ့ အစွမ်းသတ္တိရှိပါတယ်..ဒါ့အပြင် သူ့ရဲ့တကယ်အစစ်အမှန်ကတော့ သွက်ချာပါဓာတ်အလင်းတန်းပါ ၀ိညာဥ်ဘုရင်အဆင့်အောက် ဘယ်သူမဆိုဒီအလင်းတန်းနဲ့ ထိတွေ့လိုက်တာနဲ့ သေချာပေါက် သက်ရောက်မှုကို ခံရမှာပါ လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်အပေါ်မူတည်ပြီ ဘယ်လောက်သက်ရောက်မလဲဆိုတာကပဲ ကွာခြားချက်ရှိနိုင်ပါတယ် ”
” ကျွန်မတို့တွေ စမ်းသပ်ပြီးပါပြီ ၀ိညာဥ်ဘုရင်တစ်ယောက်ကို အသုံးပြုချိန်မှာကတော့ စက္ကန့်ပိုင်းထုံထိုင်သွားစေတဲ့အစွမ်းအစရှိပါတယ်..ဒါ့အပြင် ခုခံမှုမရှိတဲ့ ၀ိညာဥ်ဘုရင်တစ်ယောက်ကို စမ်းသပ်ထားတာ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ကို စမ်းသပ်ကြည့်ချိန်မှာကတော့ နှစ်စက္ကန့်ကျော်ကျော်လောက်ထုံထိုင်လို့သွားပါတယ်…အပေါ်ယံအချက်အတိုင်းအတူတူပါပဲ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်ကို အသုံးပြုမယ်ဆိုရင်တော့ လေးစက္ကန့်ကျော်အထိ ကြာမြင့်နိုင်ပါတယ် ”
” လေးစားရပါသော ဧည့်သည်တော်များ တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်ပညာရှင်တွေကိုသာ စမ်းသပ်ခဲ့တဲ့အကြောင်းကို ပြောပြချင်ပါတယ်..ဒါကြောင့် တခြားအမျိုးအစား၀ိညာဥ်ပညာရှင်တွေ အသုံးပြုတဲ့အချိန်မှာ သေချာပေါက် ကွာခြားချက်ရှိမှာပါ ”
” ဒီအလင်းတန်းကို အသုံးပြုဖို့လိုအပ်ချက်က အတော်ကိုနည်းပါတယ်…ဒါ့အပြင် အတော်လေးအသုံး၀င်တဲ့အရာပါပဲ အဆင့်သုံး၀ိညာဥ်လက်နက်တွေထဲမှာ အရည်အသွေးပြည့်မီတဲ့လက်နက်တစ်ခုပါ သူ့ရဲ့ကြမ်းခင်းစျေးကတော့ ရွှေပြားတစ်ထောင်ဖြစ်ပါတယ်..ရွှေပြားငါးဆယ်ထက်မနည်းဆက်တိုက်စျေးတင်လို့ရပါတယ်..လေလံပွဲစတင်ပါပြီ ”
ချင်းယာပြောပြီတာနဲ့ ချက်ချင်းဆိုသလို တံဆိပ်ပြားကိုတစ်စုံတစ်ယောက်က မြောက်လိုက်ပါတော့တယ်။
” ၀ိညာဥ်ရွှေပြားတစ်ထောင့်သုံးရာ ”
လေလံပြစ်သူချင်းယာက ပြောခဲ့တဲ့အတိုင်းပါပဲ အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်လုပ်ထားတဲ့ အဆင့်သုံး၀ိညာဥ်လက်နက်ကိုမြင်ရဖို့က ရှားပါးတဲ့အရာပါ။ သူက အဆင့်မမြင့်ပေမဲ့ အတော်ကို အသုံး၀င်တဲ့ပစ္စည်းတစ်ခုဖြစ်နေခဲ့တယ်။ ၀ိညာဥ်ဘိုးဘေးတွေတောင် ဒီအရာကိုအသုံးပြုဖို့ သင့်တော်ပါတယ်..ဒါ့အပြင် သူ့ကိုသုံးနိုင်ဖို့အတွက် ကျင့်ကြံဆင့်အမြင့်ကြီးမလိုဘူးဆိုတာကလဲ လက်တွေ့ကျတဲ့အချက်ပါပဲ။
ရလဒ်အနေနဲ့ လေလံစျေးက ဖြည်းဖြည်းချင်းမြင့်တက်လို့လာခဲ့ပါပြီ။ မကြာခင်အချိန်မှာပဲ ၀ိညာဥ်ရွှေပြားနှစ်ထောင်ကို ရောက်ရှိသွားပြန်ပါတယ်။
“‘ဒီပစ္စည်းက အများကြီးထူးချွန်နေတာတော့မဟုတ်ပေမဲ့…အဆင့်သုံး၀ိညာဥ်လက်နက်တစ်ခုပါပဲ သူ့အဆင့်အတန်းအရဆိုရင် အတော်ကို စျေးမြင့်နေခဲ့ပါပြီ ပုံမှန်၀ိညာဥ်လက်နက်တွေက အဆင့်သုံးသာဖြစ်ရင်တော့ ၀ိညာဥ်ရွှေပြားရာချီလောက်သာ တန်ကြေးရှိမှာပါ ”
မျှော်လင့်ထားတဲ့အတိုင်းပဲ ၀ိညာဥ်ရွှေပြားနှစ်ထောင်ကျော်သွားချိန်မှာတော့ လေလံခေါ်တာရပ်တန့်လို့သွားပါတော့တယ်။ တော်တော်များများကလဲ တွေဝေနေခဲ့ကြပါပြီ။ အားလုံးကလဲ ငွေကြေးအကြပ်အတည်ဆိုတာ ရှိပါတယ်။ ဒါ့အပြင် ပထမဆုံးလေလံပြစ်ပစ္စည်းဖြစ်နေဆဲပါ။
” ၀ိညာဥ်ရွှေပြားနှစ်ထောင်ငါးရာ ”
၀မ်ယန်က ရုတ်တရက်လက်မြောက်ရင်းပြောလိုက်ပါတယ်။
လေလံပြစ်သူချင်းယာရဲ့မျက်လုံးတွေက တောက်ပလို့လာခဲ့ပါပြီ။
” ဧည်သည်တော်နံပါတ်တစ်ရာခြောက်ဆယ်ခြောက်က ၀ိညာဥ်ရွှေပြားနှစ်ထောင့်ငါးရာကို စျေးခေါ်လိုက်ပါပြီ ထပ်မြင့်မဲ့သူရှိပါသလား ”
လေလံပြစ်သူတွေရဲ့အဓိက၀င်ငွေကတော့ ဒီလိုရောင်းချတဲ့ပစ္စည်းအပေါ်မူတည်ပြီရရှိတာပါ။ ဥပမာအားဖြင့် တစ်ရာကျမဲ့ပစ္စည်းကို နှစ်ရာရအောင် ရောင်းနိုင်တဲ့အတွက် သေချာပေါက် ဆယ်ရာခိုင်နှုန်းက သူ့တို့အတွက် အကျိုးအမြတ်ဖြစ်လာမှာပါ။ ဒါ့အပြင် လေလံပြစ်သူတွေကတော့ လေလံအိမ်ကပေးတဲ့အကျိုးအမြတ်ကိုရရှိပါတယ်။ သုညဒသမတစ်ရာခိုင်နှုန်းသာဖြစ်ပေမဲ့ ဘယ်သူမှအထင်မသေး၀ံ့ပါဘူး။ အဆင့်လေးလေလံပွဲတွေမှာ ပြီးဆုံးသွားချိန်တိုင်း၀ိညာဥ်ရွှေပြားတစ်သိန်းနီးပါးထက် မနည်းရရှိပါတယ်။ ဒီနေရာက ကြယ်တာရာလော့မြို့တော်ဖြစ်ပြီ အကြီးဆုံးလေလံအိမ်ဖြစ်တာကြောင့် နေရာတိုင်းမှာမရေမတွက်နိုင်တဲ့ လေလံပွဲတွေရှိနေတာအမှန်ပါ။ အဆင့်မြင့်တဲ့ လေလံမြင့်သူတွေက တစ်လတစ်ခါသာ ပေါ်လာကြပေမဲ့ သူတို့တွေက များပြားတဲ့၀င်ငွေတွေကို ရှာဖွေနိုင်ကြပါတယ်။
ရလဒ်အနေနဲ့ ၀မ်ယန်စျေးမြင့်လိုက်တာကို မြင်ချိန်မှာတော့ ချင်းယာအနေနဲ့လဲ ပျော်သွားတာမဆန်းပါဘူး။ ခရမ်းရောင်အဆင့်လေလံပြစ်သူအနေနဲ့ ပြိုင်ပွဲတစ်ခုလုံးက စျေးတွေပေါင်းစည်းလိုက်မယ်ဆိုရင် ဘယ်လောက်တန်ကြေးရှိလာနိုင်လဲဆိုတာ သူကောင်းကောင်းသိပါတယ်။ ပထမဆုံးပစ္စည်းက သိပ်အရေးမကြီးပေမဲ့ ဒီပွဲရဲ့အစကသိပ်ပြီ မဆိုးလှပါဘူး။
နှစ်ထောင်ငါးရာအထိ စျေးမြင့်ပြီချိန်မှာပဲ လေလံပွံတစ်ခုလုံးတိတ်ဆိတ်လို့သွားပါတော့တယ်။ ပြိုင်ပွဲက ကိစ္စသိပ်မရှိပေမဲ့ ဒီစျေးနှုန်းကတော့ သူတို့တတ်နိုင်တာထက်ကို များနေခဲ့ပါပြီ။
” ခေါ်ကြေးနှစ်ထောင့်ငါးရာတစ်ကြိမ်သွားပါ့မယ် ”
ချင်းယာက စပြီစျေးခေါ်လိုက်ပါပြီ။
ပထမဆုံးတိတ်ဆိတ်မှုက စတင်ပါတော့တယ်။ သာမန်သေးငယ်တဲ့လေလံပွဲတွေမှာ ဒီလိုစျေးခေါ်မှုက သိပ်ပြီမကြာမြင့်ပါဘူး။ ချင်းယာကလဲ အချိန်ဆွဲမဲ့ပုံစံမရှိတာအမှန်ပါ။
မကြာခင်အချိန်အတွင်းမှာပဲ တူနဲ့စားပွဲကိုခေါက်လိုက်သံကြားရပါတော့တယ်။
” အရောင်းအ၀ယ်ဖြစ်မြောက်သွားပါပြီ သွက်ချာပါဓာတ်ရောင်စဥ်တန်းကို ဧည့်သည်တော်နံပါတ်တစ်ရာခြောက်ဆယ်ခြောက်ဆီကို ရောက်ရှိပြီးပါပြီ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ် ”
ချင်းယာက ၀မ်ယန်ကို ချိုမြန်မှုအပြည့်နဲ့ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်ပါတယ်။
” ဒါကိုဘယ်သူသုံးမလဲ ”
၀မ်ယန်က မေးလိုက်ပါတယ်။ ဟယ့်ချိုက်ထို့က ပထမဆုံးစပြောတော့တယ်။
” ဆရာ၀မ် ဒါကိုညီလေးဆီပေးသင့်တယ်..ဒီ၀ိညာဥ်လက်နက်ရဲ့သက်ရောက်မှုက အတော်ကိုရှားပါးတယ်..ဒီလိုအလင်းတန်းသာရှိနေခဲ့မယ်ဆိုရင် တားဆီးနိုင်မဲ့အရာတွေက အများကြီးပဲ ညီလေးက ၀ိညာဥ်စက်ကွင်းသုံးကွင်းမရှိသေးပေမဲ့ သူ့ရဲ့၀ိညာဥ်စွမ်းအားက အဆင့်ဆယ်ခုနှစ်နီးပါးကိုရောက်နေပြီ ဒါကိုအသုံးပြုဖို့ ခက်ခဲကောင်းခက်ခဲနိုင်ပေမဲ့ အဆင့်လေးဆယ်မရောက်ခင်အထိ ဆက်တိုက်သုံးနိုင်မှာပါ ”
သူပြောတာကြားပြီချိန်မှာတော့ အားလုံးပါးစပ်ပိတ်သွားပါတော့တယ်။ အမှန်တကယ်တော့ ဒီပစ္စည်းကိုအသုံးပြုဖို့ အသင့်တော်ဆုံးက ရှောင်းရှောင်းပါပဲ။ သူမက အဆင့်သုံးဆယ်နီးပါးကပ်နေပြီဖြစ်တာကြောင့် ၀မ်ယန်ထက်အချိန်မရွေးတိုးတက်နိုင်ပါတယ်။
ဒါပေမယ့် ဟယ့်ချိုက်ထို့က ဒီလိုပြောတာသူ့မှာလဲအကြောင်းအရင်းရှိနေခဲ့ပါတယ်။ ဒီအလင်းတန်းက ဟို့ယွိဟောင်ရဲ့တိုက်ခိုက်တဲ့ပုံစံနဲ့အတော်ကို သင့်တော်နေလို့ပါ။ ဟို့ယွိဟောင်က သူ့အနေနဲ့ ပထမဆုံးလေလံပစ္စည်းကို ရရှိသူဖြစ်မယ်လို့ မတွေးထားခဲ့ပါဘူး။ လေလံပွဲဆက်သွားတဲ့နောက်ထပ်ပစ္စည်းတွေက အများကြီးထပ်ရှိလာမှာပါ ဒါ့အပြင် အများစုကလဲ အဆင့်သုံးကနေ အဆင့်ငါးမှာအမှန်ပါပဲ။ ၀မ်ယန်က ဆက်တိုက်ဆိုသလို ပစ္စည်းတွေကို စျေးခေါ်နေပါတော့တယ်။ ဒါ့အပြင် ၀ိညာဥ်လက်နက်ဆယ်ခုမနည်း၀ယ်လာခဲ့ပြီ လူတိုင်းကိုခွဲဝေပေးပါတယ်။
” ဒီနေ့အတွက် နောက်ဆုံးပစ္စည်းကို ရောင်းချဖို့တစ်ခုပဲလိုပါတော့တယ်..ဒီပစ္စည်းလေလံတင်ရောင်းချပြီးပြီဆိုရင် နောက်ဆုံးပိတ်ပွဲကို စတင်တော့မှာပါ အားလုံးလဲကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်…ဒါ့အပြင် အံ့အားသင့်ဖွယ်ရာလဲဖြစ်မှာအမှန်ပါပဲ ”
ဒီနေ့မှာတော့ ပစ္စည်းကိုလာတင်တဲ့သူက ပြောင်းသွားခဲ့ပါပြီ သူတို့ယူလာတဲ့ပုံစံအရတော့ ဒီပစ္စည်းက မကြီးမားတဲ့ပုံစံပါပဲ။
ချင်းယာက ပစ္စည်းလှည်းနားကို လျှောက်လာရင်းသူ့ရဲ့ အသံလွှင့်၀ိညာဥ်လက်နက်ကို အသုံးပြုရင်ပြောပါတော့တယ်။
” ၀ိညာဥ်လက်နက်တွေကို အလေးအနက်လေ့လာဖူးတဲ့သူ တော်တော်များများဒီပစ္စည်းကို ရင်းနှီးကြမှာပါ ဒါကတော့ အမြဲတမ်း၀ိညာဥ်လက်နက်လေလံပွဲတွေမှာပေါ်လာလေ့ရှိတဲ့ပစ္စည်းပါပဲ သူ့ရဲ့နာမည်ကတော့ နို့ပုလင်းပါ ”
အ၀တ်စကိုဖယ်ရှားလိုက်ရင်းနဲ့ သူဆက်တိုက်ပြောနေခဲ့ပါတယ်။ အဲ့ဒီပစ္စည်းကတော့ ငွေရောင်လည်ဆွဲလေးတစ်ခုပါပဲ။ ကြီးမားတဲ့သတ္ထုလည်ဆွဲက နို့ပုလင်းပုံစံရှိနေခဲ့ပြီ လူတစ်ယောက်လက်မအရွယ်လောက်ကြီးမားပါတယ်။
ဟယ့်ချိုက်ထို့ရဲ့ မျက်လုံးတွေက တောက်ပလို့လာခဲ့ပါပြီ။
” ညီလေး ဒါငါမင်းကိုပြောတဲ့ အရာပဲလေ အခုအချိန်မှာမင်းအလိုအပ်ဆုံးအရာက အဲ့ဒါပဲလေ သူကိုင်ထားတဲ့ပစ္စည်းက သေချာပေါက်အဆင့်လေး၀ိညာဥ်လက်နက်ဖြစ်လိမ့်မယ် ”
ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာကတော့ အတော်ကိုရှက်ရွံ့နေခဲ့ပါတော့တယ်။ ၀ိညာဥ်လက်နက်တွေလုပ်ဖို့သင်ယူခဲ့တာ တစ်နှစ်နီးပါးရှိပြီဖြစ်ပေမဲ့ သူမသိသေးတဲ့အရာကအများကြီးပါပဲ။
လေလံပြစ်သူချင်းယာက ပြုံးပြရင်းပြောလိုက်ပါတယ်။
” သူနာမည်အတိုင်းပဲ ဒီနို့ပုလင်းလေးက နို့တွေကိုသောက်ဖို့အတွက် အသုံးပြုတာပါ ဒါပေမယ့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ပဲဖြစ်စေ ၀ိညာဥ်ပညာရှင်ပဲဖြစ်စေ ၀ိညာဥ်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့အသုံးပြုနိုင်ပါတယ် … မိခင်နို့ကိုတိုက်ကျွေးတာတော့ အကောင်းဆုံးပါပဲ။
သူမရဲ့နောက်ဆုံးစကားကိုကြားပြီချိန်မှာတော့ ရယ်သံတွေထွက်ပေါ်လာပါတော့တယ်။ ချင်းယာကိုယ်တိုင်လဲ ရယ်နေခဲ့ပါပြီ။ သူမရဲ့လှပတဲ့တောင်ပူစာ ရင်သားပုံစံတွေက သူပြောနေခဲ့တဲ့ကိစ္စတွေအတွက် အသင့်တော်ဆုံးပါပဲ။
” လိုရင်းကိစ္စကိုပြန်သွားရမယ်ဆိုရင် ဒီပစ္စည်းရဲ့သတ်မှတ်ကြတဲ့နာမည်က စွမ်းအားပြန်လည်ဖြည့်တင်းရေး၀ိညာဥ်လက်နက်ပါ ၀ိညာဥ်ပညာရှင်ကော ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကော အသုံးပြုနိုင်ပါတယ်… ဘယ်အဆင့်အတန်းက၀ိညာဥ်ပညာရှင်မဆို သုံးနိုင်တဲ့၀ိညာဥ်လက်နက်ဖြစ်ပြီ အဆင့်သုံးနဲ့အထက်ကိုသာ အစွမ်းရှိအောင်လုပ်နိုင်မှာပါ ဒါ့အပြင် အရမ်းကိုတွေ့ရတာပြင်ပ၀ိညာဥ်လက်နက်တစ်ခုပါပဲ ဒါပေမယ့် အဆင့်မြင့်မားတဲ့နို့ပုလင်း၀ိညာဥ်လက်နက်တွေက အတော်ကို ရှားပါးတာကြောင့် မြင်ရဖို့ခက်ခဲလွန်လှပါတယ်.. အဆင့်ခုနှစ်နို့ပုလင်း၀ိညာဥ်လက်နက်တစ်ခု ကျွန်မတို့ရဲ့ ပထမတန်းစားလေလံပွဲမှာ ပေါ်လာတာကို မှတ်မိပါသေးတယ်..အဲ့ဒီအချိန်တုန်းက တကယ်ကိုလှုပ်ခတ်မှုကြီးဖြစ်ပွားစေခဲ့တယ်.. စုစုပေါင်း၀ိညာဥ်ရွှေပြားသန်းခုနှစ်ရာအထိ စျေးမြင့်လာခဲ့ပြီ သမိုင်းအသစ်ကိုရေးထိုးနိုင်ခဲ့ပါတယ် ”
ပုံမှန်အချိန်မှာ ဒီ၀ိညာဥ်စွမ်းအားကို ပြန်လည်ဖြည့်တင်းအသုံးပြုဖို့ လုပ်ကြပါတယ်.. ဘယ်လိုအဆင့်ပဲဖြစ်ပါစေ ကိစ္စမရှိပါဘူး..ဒီလက်နက်ကိုအသုံးပြုဖို့အတွက် ကိုယ်နဲ့သင့်တော်တဲ့၀ိညာဥ်စွမ်းအားကို အရင်ဆုံးဖြည့်တင်းပေးထားရမှာပါ ဒါ့အပြင် အကန့်အသတ်လဲ ရှိပါတယ်။ အသုံးပြုတဲ့အချိန်မှာ တခဏတာရပ်တန့်ပြီ စိတ်ရောကိုယ်ပါစွမ်းအားစုပ်ယူဖို့လိုပါတယ်..အာရုံမစိုက်ထားဘူးဆိုရင်တော့ ခန္ဓာကိုယ်ထဲကို ၀ိညာဥ်စွမ်းအားတွေရောက်ရှိဖို့လမ်းညွှန်တဲ့အချိန်မှာ သက်ရောက်မှုနည်းပါးလို့သွားစေနိိုင်ပါတယ် ဒါ့အပြင် အားလုံးကိုသတိပေးစရာတစ်ခုရှိပါတယ်..ဒီပစ္စည်းကိုတိုက်ပွဲထဲမှာမသုံးသင့်ပါဘူး.. ကောင်းပါပြီ နို့ပုလင်းအကြောင်းကို အားလုံးနားလည်မယ်လို့ ယုံကြည်ပါတယ်..နောက်ထပ် ထပ်ပြီမပြောနေတော့ပါဘူး..လေလံကြမ်းခင်းစျေးကတော့ ၀ိညာဥ်ရွှေပြားခြောက်ထောင်ပါ ၀ိညာဥ်ရွှေပြားတစ်ရာထက် မနည်းအောင်စျေးမြင့်မှရပါ့မယ် ”
ချင်းယာက ပြောပြီတဲ့နောက် စျေးကိုစခေါ်ပါတော့တယ်။ ဟယ့်ချိုက်ထို့ကတော့ အသေးစိတ်ကိုဟို့ယွိဟောင်ဆီ ရှင်းပြနေခဲ့တယ်။
” ယွိဟောင် ဒီပစ္စည်းက ပြုလုပ်တဲ့နေရာမှာ အရှုပ်ထွေးဆုံး၀ိညာဥ်လက်နက်တစ်ခုပဲ ဒါ့အပြင် အဆင့်အတန်းအမြင့်ဆုံးပစ္စည်းတွေကိုလဲ လိုအပ်သေးတယ်။ ဒါကြောင့်သာ များပြားတဲ့၀ိညာဥ်စွမ်းအားတွေကို သိမ်းဆီးထားနိုင်တာပါပဲ။ ဒါ့အပြင် ဒီနို့ပုလင်းတွေက ၀ိညာဥ်စွမ်းအားကို အပြင်ပြတ်မထွက်သွားအောင်နဲ့ ပေါက်ကွဲပြီပွင့်မထွက်လာနိုင်အောင်အတွက် ကောင်းကောင်းအသုံးပြုထားတယ်။ ဒါကြောင့် သူ့ကိုအသုံးပြုဖို့လုပ်ထားတဲ့ဗျူဟာက အတော်ကိုခက်ခဲတာပဲ ဒါ့အပြင် အောင်အောင်မြင်မြင်ပြုလုပ်နိုင်ဖို့အတွက် တည်ငြိမ်မှုလဲ လိုအပ်သေးတယ်။ ဒီပစ္စည်းကိုသာ ၀ိညာဥ်စွမ်းအားနဲ့ဖြည့်တင်းပေးပြီဆိုရင် သေချာပေါက်တည်ငြိမ်ရမှာပဲ မဟုတ်လို့ကတော့ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်ခုလိုဖြစ်နေလိမ့်မယ် ”
” လေလံပြစ်သူရဲ့ သတိပေးချက်က အတော်ကိုတိကျတယ်..ပုံမှန်ပြောရမယ်ဆိုရင် ဒါမျိုးကိုတိုက်ပွဲထဲမှာ သုံးလို့မကောင်းဘူးဘာကြောင့်လဲဆိုတော့ ၀ိညာဥ်စွမ်းအားတွေကို ထုတ်လွှတ်ပြီဆက်တိုက်စုပ်ယူတာနဲ့ များပြားတဲ့အတားအဆီးတွေက ဖြစ်ပေါ်လာလိမ့်မယ်..တိုက်ပွဲထဲမှာဆိုရင် ၀ိညာဥ်ပညာရှင်တွေအနေနဲ့ သေစေနိုင်လောက်တဲ့ နှောင့်နှေးမှုကြီးဖြစ်သွားမှာပဲ သူ့ကိုထိန်းချုပ်ဖို့ကလဲ ခက်ခဲတဲ့အချိန်တွေရှိတယ်..ဒါကြောင့်စွမ်းအားတွေအားလုံးကို စုပ်ယူဖို့နဲ့ ဖြည့်တင်းဖို့ဆိုတာက အတော်ကိုခက်ခဲတဲ့ကိစ္စပဲ ”
” အဆင့်မြင့်တဲ့နို့ပုလင်း၀ိညာဥ်လက်နက်တွေက အရမ်းကိုစျေးကြီးတယ်ဆိုတာ သူ့ကိုပြုလုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကလဲ ထပ်တူညီမျှစျေးကြီးနေလို့ပဲ ပြုလုပ်ဖို့ကလဲပိုလို့တောင် ခက်သေးတယ်..အဆင့်ခုနှစ်နို့ပုလင်း၀ိညာဥ်လက်နက်ကိုပြုလုပ်ဖို့ဆိုတာက အဆင့်ရှစ်၀ိညာဥ်လက်နက်တွေကို ပြုလုပ်တာထက်ကို ပိုခက်ခဲတယ်..အနည်းဆုံးတော့ အဆင့်ရှစ်၀ိညာဥ်လက်နက်ပညာရှင်ပြုလုပ်မှာသာ ဒါမျိုးဖြစ်ပေါ်လာနိုင်တာပါပဲ ငါတောင်မှ အဆင့်သုံးနို့ပုလင်း၀ိညာဥ်လက်နက်ကိုပဲ အခုထိပြုလုပ်နိုင်သေးတယ်..ဒါက ပြုလုပ်ဖို့တော့ သိပ်မခက်ပေမဲ့ တစ်ခေါက်လုပ်ပြီတာနဲ့ တစ်သက်လုံးမလှုပ်ချင်တော့ပစ္စည်းလဲဖြစ်နေတာကြောင့် အတော်ကို ငြီးငွေ့စရာကောင်းလွန်တယ် ”
” ယွိဟောင် မင်းရဲ့မွေးရာပါစွမ်းရည်ကြောင့် ကိစ္စတွေကတော့ မတူညီကောင်းမတူညီနိုင်မှာအမှန်ပဲ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားက ဒီပစ္စည်းကိုထိန်းချုပ်ဖို့အသင့်တော်ဆုံးလဲဖြစ်လိမ့်မယ်..ဒါမှသာ မင်းအနေနဲ့ စုပ်ယူတဲ့အချိန် ဘယ်လောက်၀ိညာဥ်စွမ်းအားများများကိုထိန်းချုပ်နိုင်မလဲဆိုတာ သိနိုင်မှာပဲ ”
အပိုင်း ၈၃•၁ ပြီး၏။