အပိုင်း ၈၂•၃
” အနာဂတ်တိုးတက်မှုတွေနဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့အန္တရာယ်များ ”
°°°
ဟို့ယွိဟောင်က ၀မ်သုန့်နောက်ကိုခပ်မြန်မြန် ပြေးလိုက်သွားပါတော့တယ်။
” ၀မ်သုန့် ဘာဖြစ်လို့လဲ ”
တစ်ခုခုမှားယွင်းနေတာကို ခံစားမိပေမဲ့ အပြောင်းအလဲက သူ့ကိုစိတ်ရှုပ်ထွေးသွားစေခဲ့ပါတယ်။ တခြားသူတွေလိုပဲ ၀မ်သုန့်က မငြင်းဘူးလို့ထင်ထားခဲ့တာပါ။ ၀မ်သုန့်က ၀ိညာဥ်လက်နက်တွေကို အရင်ကထဲက လုံး၀အပြည့်အ၀ငြင်းပယ်ခဲ့တယ်ဆိုတာကို မကြားဖူးခဲ့ပါဘူး။ ဒါ့အပြင် ဆရာ၀မ်အနေနဲ့လဲ တကယ်စစ်မှန်တဲ့ ကိစ္စကိုရှင်းရှင်းလင်းလင်းပြောပြပြီသားပါ။
၀မ်သုန့်က တခဏတာရပ်တန့်ရင်းပြောလိုက်ပါတယ်။
” ယွိဟောင် ငါအဆင်ပြေတယ်..ဘာတွေဖြစ်သွားလဲဆိုတာ ငါမသိဘူး..ဒါပေမယ့် ငါ့နှလုံးသားထဲက မလုပ်ချင်ဘူး ၀ိညာဥ်လက်နက်ကိုသုံးချင်စိတ်လဲမရှိဘူး..မင်းတို့တွေသွားကြ ငါတည်ခိုဆောင်မှာပြန်စောင့်နေမယ် ”
ဟို့ယွိဟောင် ထပ်ပြောချင်ပေမဲ့ ၀မ်သုန့်ကလက်ကိုမြောက်ရင်း တားလိုက်ပါတယ်။
” နောက်ထပ်ဆက်ပြောဖို့မလိုတော့ဘူး ငါတကယ်အဆင်ပြေတယ်..ကိုယ်ပိုင်စွမ်းအားကိုတိုးတက်စေဖို့ ၀ိညာဥ်လက်နက်ကို မသုံးချင်ရုံသက်သက်ပဲ နောက်ပိုင်းလဲအဆင်ပြေသွားမှာပါ အခုလက်မခံနိုင်ဖြစ်နေခဲ့တာ ငါအနေနဲ့ ဆရာ၀မ်ပြောတဲ့ အကြောင်းအရင်းကို ငါကောင်းကောင်းနားလည်ပါတယ်..ဒါပေမယ့် ငါပြန်သွားပြီ စဥ်းစားဖို့လိုသေးတယ် ”
ဟို့ယွိဟောင်လဲ နောက်ထပ်ထပ်ပြီ မပြောတော့ပါဘူး။ သူအကောင်းဆုံးသူငယ်ချင်းရဲ့ စိတ်ကတစ်စုံတစ်ရာကို ဆုံးဖြတ်ပြီးပြီဆိုရင် ပြောင်းလဲဖို့ကခက်ခဲမှန်းသူသိနေလို့ပါ။ ၀မ်သုန့် ထွက်ခွာသွားတာကိုကြည့်ရင်း ဟို့ယွိဟောင်လဲ သူတို့အဖွဲ့ထဲကို ပြန်လာပါတော့တယ်။
” သူအဆင်ပြေတယ် ၀ိညာဥ်လက်နက်တွေကို အခုအချိန်မှာ အကောင်းမမြင်ချင်တဲ့ပုံပဲ ဆရာ၀မ် သွားကြစို့ ”
၀မ်ယန်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” ရပါတယ်..မင်းတို့အားလုံးမှာ ကိုယ်ပိုင်အတွေးအခေါ်တွေရှိနေတာပဲ ငါလဲမင်းတို့အားလုံးကို စိတ်ပြောင်းအောင်လုပ်နိုင်မယ်လို့ အစကထဲက မတွေးထားပါဘူး..ဒါပေမယ့် မင်းတို့ထဲမှာခြောက်ယောက်က စမ်းသပ်ကြည့်ဖို့စိတ်၀င်စားတယ်ဆိုမှတော့ အတော်လေးစိတ်ကျေနပ်မိပါတယ်..သွားကြစို့ လေလံပွဲကစတော့မယ် ”
ဒီလေလံပွဲက အတော်ကိုသေးငယ်မယ်လို့ ဟို့ယွိဟောင်တွေးထားခဲ့တာပါ နောက်ဆုံးတော့လဲ အပြင်ကနေကြည့်မယ်ဆိုရင် အဆောက်အအုံက မကြီးမားခဲ့ပါဘူး။ အထဲကို၀င်ပြီသွားချိန်မှာတော့ အပြည့်အ၀ကို ကွာခြားတဲ့လောကတစ်ခုထဲ ရောက်ရှိသွားပါတော့တယ်။ ဒီလေလံပွဲကြီးက အဓိကအားဖြင့် မြေအောက်မှာကျင်းပနေခဲ့တာပါ။ အဆောက်အအုံဆိုတာက ၀င်ပေါက်သက်သက်သာဖြစ်ပါတယ်။
လေလံအိမ်ထဲလျှောက်ပြီတဲ့နောက် အောက်ဘက်ကိုကောဇောတွေခင်းထားတဲ့ ငါးမီတာကျယ်လှေကားကြီးနဲ့ ချက်ချင်းတန်တိုးပါတော့တယ်။ အနားမှာတော့ အလုပ်သမားတွေတစ်ယောက်ဆိုတစ်ယောက်မှ ရှိမနေခဲ့ပါဘူး။ အောက်ဖက်ကိုဆက်ဆင်းသွားပြီချိန်မှာတော့ မီတာနှစ်ဆယ်လောက် အကြာမှာစာရင်းသွင်းတဲ့နေရာကို ရောက်လာပါတော့တယ်။ ၀မ်ယန်က ရှုပ်ထွေးတဲ့ဖြစ်စဥ် တော်တော်များများကို ဖြတ်ကျော်ပြီတဲ့နောက် အားလုံးကိုနံပါတ်ပြားတွေပေးတော့တယ်။ ဒါတွေပြီးမှသာ အနီရောင်၀တ်ရုံကို၀တ်ထားတဲ့ မိန်းကလေးက သူတို့ကို အထဲခေါ်သွားခဲ့တာပါ။
ရိုးရှင်းတဲ့သစ်သားတံခါးကို ဖြတ်ကျော်ပြီတဲ့နောက် မြင်ကွင်းက ရုတ်တရက်ပြောင်းလဲလို့သွားပါတော့တယ်။ သူတို့ရဲ့မျက်စိရှေ့မှာအရာအားလုံးက ရွှေသားအတိဖြစ်သွားခဲ့ပါပြီ။ ကျယ်ပြန့်တဲ့နယ်မြေကြီးရဲ့ အလှဆင်ထားမှုက ဟို့ယွိဟောင်တို့ တည်ခိုနေထိုင်တဲ့တော်၀င်တည်ခိုဆောင်ကြီးထက်တောင် အများကြီးပိုပြီးခမ်းနားပါသေးတယ်။
စင်္ကြန်လမ်းကတင် ဆယ်မီတာကျော်ရှည်လျားပြီတဲ့နောက် မြေပြင်တစ်ခုလုံးကို ကျောက်စိမ်းဖြူတွေနဲ့ ခင်းကျင်းထားခဲ့တာပါ။ ဒါ့အပြင် ဆယ်မီတာကျော်မြင့်မားတဲ့တိုင်လုံးကြီးတွေကလဲ လှပတဲ့ပန်းပုလက်ရာတွေအပြည့်ရှိနေခဲ့ပါသေးတယ်။ အရာအားလုံးက ပြီးပြည့်စုံနေပြီ နံရံတွေမှာတောင် ရွှေရောင်သစ်ရွက်တွေက ကပ်ထားခဲ့ပါတယ်။ နံရံတွေရဲ့အပေါ်မှာရှိနေခဲ့တဲ့ ပန်းပုလက်ရာတွေကတော့ ရှုပ်ထွေးပြီလှပနေခဲ့တယ်။ ဟို့ယွိဟောင် သူ့အမြင်ကိုကောင်းကောင်းအသုံးပြုလိုက်ချိန်မှာတော့ သာမန်လူတွေရဲ့ မြင်ကွင်းထက် ပိုသာလွန်နေတာကိုမြင်လိုက်ရပါပြီ။ ဒီနံရံပေါ်မှာရှိနေတဲ့အရာအားလုံးကို အသေးစိတ်ကြည့်ပြီချိန်မှာတော့ ဘယ်လောက်လက်ရာမြောက်မှန်း မြင်တွေ့လိုက်ရပါတော့တယ်။ ဒါတွေကို အလှဆင်ဖို့သက်သက်သုံးထားတာ မယုံနိုင်စရာပါပဲ။
တန်ဖိုးကြီးတဲ့ ကျောက်စိမ်းမီးအိမ်တွေက မျက်နှာကြက်မှာချိတ်ဆွဲလို့ထားခဲ့ပါတယ်။ ဒါပေမယ့် မွန်ကြပ်စရာအငွေ့အသက်လဲ ရှိမနေခဲ့ပါဘူး။ နံရံတွေက မှိန်ဖျော့ဖျော့အ၀ါရောင်အလင်းတန်းနဲ့ တောက်ပနေခဲ့ပြီ ရွှေရောင်နံရံတွေကို အားဖြည့်ပေးနေတာကြောင့်လဲ လောကကြီးတစ်ခုလုံးက ရွှေသားအတိနဲ့ တောက်ပလို့နေခဲ့ပါတော့တယ်။ ဘယ်သူမဆို တခဏတာမင်သက်သွားစေဖို့ လုံလောက်နေခဲ့ပါပြီ။
၀မ်ယန်ကပြောလိုက်တယ်။
” ဒီနေရာက အပြင်မှာဘာမှမထင်မရှားဖြစ်မနေလို့ အထင်မသေးလိုက်လေနဲ့ အမှန်တကယ်မှာ ဒီနေရာကြီးက ကြယ်တာရာလော့မြို့တော်ရဲ့အကြီးမားဆုံးလေလံအိမ်ကြီးပဲ လေလံပွဲထဲကို ၀င်ခွင့်ရဖို့ဆိုတာကတောင် လွယ်ကူတဲ့နေရာမဟုတ်ဘူး မင်းတို့အနေနဲ့ မင်းတို့ရဲ့ အရည်အချင်းနဲ့ အဆင့်အတန်းတွေကို သက်သေပြရုံလိုရုံတင်မက အဆင့်အတန်းသတ်မှတ်ချက်ကိုလဲ ဖြတ်သန်းရဦးမယ်… အကယ်၍ ငါတို့ပုံမှန် လမ်းအတိုင်းသွားမယ်ဆိုရင် ဒီနေရာကိုရောက်ဖို့အတွက် အနည်းဆုံးလ၀က်ကြာတဲ့အထိ သွားရမှာပါ ငါတို့ဒီနေရာကို ချောချောမွေ့မွေ့၀င်နိုင်ပြီရောက်နိုင်တယ်ဆိုတာက ထိုက်ယွဲ့ဟန်ရဲ့ အကူအညီကြောင့်ပဲ ကံမကောင်းစွာနဲ့ပဲသူတို့သုံးယောက်ကို ငါမဖျောင်းဖျနိုင်ခဲ့ဘူး…သူတ်ို့တွေက သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေမှာနေနေခဲ့တာအရမ်းကိုအချိန်ကြာလွန်ပြိီဖြစ်တာကြောင့် တိုက်ခိုက်တဲ့ပုံစံတွေကလဲ လုံး၀ကို ကျင့်သားရနေပြီဖြစ်တဲ့အပြင် ၀ိညာဥ်လက်နက်တွေကိုလဲ လုံး၀မသုံးချင်ကြဘူး ”
၀မ်ယန် ပြောပြီတဲ့နောက် တံခါးကြီးထဲကို၀င်သွားပါတော့တယ်။ အရှေ့မှာဦးဆောင်နေတဲ့ မိန်းမပျိုလေးက သူတို့ကိုလမ်းညွှန်ပေးနေခဲ့တာပါ။ ဒီနေရာက အဆုံးသတ်မဟုတ်ဘူးဆိုတာ သေချာနေခဲ့တယ်။ နောက်တစ်ကြိမ်ပဲ တူညီတဲ့တံခါးကိုဖြတ်ကျော်ရပြန်ပါပြီ။ အဲ့ဒီမှာလဲ အောက်ကိုဆက်ဆင်းသွားတဲ့ လှေကားတွေထပ်ရှိနေခဲ့တယ်။
ပေ့ပေ့ကတော့ ဒီနေရာကြီးနဲ့ ပတ်သက်ပြီအတော်ကို စဥ်းစဥ်းစားစားရှိနေပုံပါပဲ။ ဟို့ယွိဟောင် ရှောင်းရှောင်းနဲ့ ကျန်းနန်နန်တို့လိုမတူညီပဲ သူက နေရာတိုင်းကိုသိပ်ပြီ စပ်စပ်စုစုကြည့်မနေပဲ တည်ငြိမ်လို့နေခဲ့တယ်။ တံခါးဖွင့်ပြီ အောက်ဆင်းသွားတဲ့မိန်းကလေးကိုသာ သူမေးလိုက်ပါတယ်။
” ဒီနေ့လေလံပွဲရဲ့ စည်းမျဥ်းတွေအကြောင်းကို ရိုးရိုးရှင်းရှင်း ရှင်းပြပေးပါလားလို့ မင်းကိုပဲ ပြဿနာပေးရတော့မယ် ”
” နားလည်ပါပြီ ”
မိန်းကလေးက လေးလေးစားစားနဲ့ ပြန်ဖြေပါတယ်။
” ဒီနေ့လေလံပွဲကြီးက ၀ိညာဥ်လက်နက်တွေကို ရောင်းချဖို့အဓိကအထူးပြုထားပါတယ်..အဆင့်ခြောက်အောက်၀ိညာဥ်လက်နက်တွေကိုသာ ရောင်းချမှာပါ ဒါကြောင့်သာ အားလုံးက စည်းမျဥ်းတွေရှိနေခဲ့တယ်….ဒါ့အပြင် လေလံပွဲနဲ့ပတ်သက်ပြီတော့ သတ်မှတ်ချက်တွေလဲ ရှိပါတယ်..ဒီလေလံပွဲက အဆင့်လေးလေလံပွဲလို့ပဲ သတ်မှတ်ရမှာပါ ကျွန်မတို့ကြယ်အလင်းလေလံအိမ်က အဆင့်တွေကို တစ်ကနေငါးအထိ သတ်မှတ်ထားပါတယ်..အဆင့်တစ်က စည်းမျဥ်းအတင်းကြပ်ဆုံးပါပဲ အဆင့်တစ်လေလံပွဲတော်ကိုသာ အဓိကခန်းမကြီးထဲမှာ ကျင်းပပါတယ်..ဒါက ခန်းမဆောင်အဆင့်နှစ်ပါ လူနှစ်ရာတိတိကို ဧည့်ခံနိုင်ပါတယ်..ဒါက အဆင့်လေးလေလံပွဲအတွက် အသုံးပြုတဲ့နေရာပါပဲ ”
” ကျေးဇူပါပဲ ”
ပေ့ပေ့က ခေါင်းညိတ်လိုက်ပါတယ်။
ခန်းမဆောင်နံပါတစ်ဆယ့်တစ်ထဲ၀င်ပြီချိန်မှာပဲ အလင်းတန်းတွေက ရုတ်တရက်မှိန်ဖျော့လို့သွားကြပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဘေးပတ်လည်မှာသာမီးအိမ်တွေ ရှိနေလို့ပါ။ ကြယ်အလင်းအိမ်ထဲ၀င်ပြီတဲ့နောက်မှာတော့ အားလုံးလဲ လှပတဲ့မျက်နှာဖုံးတွေရရှိကြပါတော့တယ်။ ဒီမျက်နှာဖုံးတွေကလဲ အရောင်တွေမတူညီကြပါဘူး။ ဟို့ယွိဟောင်နဲ့ တခြားသူတွေက အဖြူရောင်မျက်နှာဖုံးတွေကို ရရှိခဲ့တာကြောင့် ဒီအရောင်တွေကဘာကိုပြသလဲဆိုတာ သိချင်နေခဲ့ပါတယ်။ အဖြူရောင်အပြင် အ၀ါရောင် ခရမ်းရောင် အနက်ရောင် အနီရောင်နဲ့ ရွှေရောင်နဲ့ တခြားအမျိုးအစားတွေလဲ ရှိနေခဲ့သေးတယ်။
လေလံပွဲရဲ့ ပြင်ဆင်ထားပုံကတော့ အတော်ကိုရိုးရှင်းပြီ သန့်စင်တဲ့ပုံစံပေါ်ပေမဲ့ ခမ်းနားတဲ့ခံစားချက်ကတော့ နွေးထွေးမှုတစ်ခုကိုမှ လျော့ကျမနေပစေခဲ့ပါဘူး။ ဒါ့အပြင် ၀င်၀င်ချင် သက်သောက်သက်သာရှိတဲ့ အငွေ့အသက်တွေကိုရရှိပါတော့တယ်။ ဒီနေရာကြီးထဲမှာ လှပပြီထိုင်လို့ကောင်းတဲ့ထိုင်ခုံကြီးနေရာရှိနေခဲ့ပြီ အပြာရင့်ရောင်ပိုးသားထည်အခင်းတွေလဲ ခင်းထားပါသေးတယ်။ ထိုက်ယွဲ့ဟန်ရဲ့ အကူအညီကြောင့်သာ ဟို့ယွိဟောင်တို့က ပထမဆုံးအတန်းမှာထိုင်ရတာပါ။ ဒါ့အပြင် လေလံနယ်မြေနဲ့ အနီးကပ်ဆုံးနေရာပါ။
၀မ်ယန်က အားလုံးကို သတိပေးလိုက်တယ်။
” အားလုံးပဲ မျက်နှာဖုံးတပ်လိုက်ကြပါ အကယ်၍ မင်းတို့ဒီလေလံပွဲကို ပါ၀င်ယှဥ်ပြိုင်ချင်တယ်ဆိုရင် ပြဿနာကြီးတက်လာနိုင်ပါတယ်…လေလံအိမ်တွေက ဒါကြောင့်သာ မင်းတို့ရဲ့ ရုပ်သွင်ကိုမမြင်ရအောင် ကာကွယ်ဖို့ကူညီပေးထားတာပါပဲ ပြဿနာဖြစ်လာမှာကိုလဲ ကာကွယ်ပေးနိုင်တယ်..ဒီမျက်နှာဖုံးရဲ့အရောင်တွေက ဧည့်သည်တော်တွေရဲ့အဆင့်အတန်းကို ခွဲခြားပေးဖို့ကူညီပေးတာပါ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းတွေရဲ့ အဆင့်အတန်းကိုလဲ ပြသတာနဲ့တူညီနေခဲ့တယ်..အဆင့်အနှိမ့်ဆုံးကတော့ အဖြူရောင်ပဲ ရွှေရောင်မျက်နှာဖုံးတွေက အနီရောင်မျက်နှာဖုံးတွေရဲ့အထက်မှာရှိပြီ ဒီလေလံပွဲကြီးမှာ အထင်ရှားဆုံးအလေးပေးခံလူတွေလို့ သတ်မှတ်ကြတယ်..ပုံမှန်အချိန်မှာလူတွေက ဒီလိုမျိုးသေးငယ်တဲ့လေလံပွဲကို မလာရောက်ကြဘူး ”
အခုအချိန်မှသာ မျက်နှာဖုံးတွေက ကွာခြားချက်ကိုနားလည်သွားပါတော့တယ်။ ပထမဆုံးအနေနဲ့ ဒီလေလံပွဲကိုသူရောက်ရှိတာပါပဲ။ အရာအားလုံးကို သူသိလိုစိတ်အပြည့်နဲ့ကြည့်နေခဲ့ပါတော့တယ်။ သူထိုင်နေခဲ့တဲ့ထိုင်ခုံက အရမ်းကိုသက်သောက်သက်သာရှိလွန်ပြီ အပြင်မှာတောင်မြင်ဖို့မလွယ်တဲ့ထိုင်ခုံမျိုးပါပဲ။
အခုအချိန်မှာ လေလံပွဲကြီးကတော့ ခုနှစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းလောက်တော့ လူပြည့်နေခဲ့ပါပြီ။ စားပွဲထိုးတစ်ယောက်က အားလုံးကို အစားအသောက်တွေ မှာဖို့လာမေးပါတော့တယ်။ ဟို့ယွိဟောင်ကတော့ အရည်တစ်ခွက်ကိုသာ မှာလိုက်တယ်။
” ဧည့်သည်တော်တို့ ကျွန်တော်တို့ကြယ်အလင်းလေလံအိမ်ကနေ ကြိုဆိုပါတယ်..လေလံပွဲကြီးက စတင်တော့မှာဖြစ်တာကြောင့် အားလုံးနေရာယူပေးဖို့မေတ္တာရပ်ခံအပ်ပါတယ် ”
သာယာကြည်လင်ပြီနားဖျောဖွယ်ကောင်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အသံက ခန်းမတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်လို့သွားစေခဲ့ပါတယ်။ ခုနကမှိန်ဖျော့နေခဲ့တဲ့ ခန်းမဆောင်ရဲ့အလင်းတွေကလဲ ပိုပြီးမှောင်မိုက်လာခဲ့ပါပြီ။ လေလံအိမ်ရဲ့လေလံစင်မြင့်ပေါ်မှာသာ အလင်းတန်းက ဦးတည်လို့နေပါတော့တယ်။
ခရမ်းရောင်၀တ်ရုံရှည်ကို ၀တ်ထားခဲ့တဲ့ မိန်းမလှလေးကတော့ စင်မြင့်ရဲ့ဘေးကနေ တက်လာခဲ့ပါတော့တယ်။ သူကအသက်သုံးဆယ်အရွယ်ရှိနေပြီ အတော်ကိုချောမောလှပရင်း ကျက်သရေအပြည့်နဲ့တောက်ပနေတဲ့သူပါ။ သူမရဲ့မျက်နှာက ခပ်ပြုံးပြုံးပုံစံရှိပြီ ဖြည်းဖြည်းချင်းလျှောက်လာနေတဲ့ ကိုယ်ဟန်ကလဲ ပြီးပြည့်စုံလွန်လှပါတယ်။
ရှုစန်းရှီကတော့ ဒီမိန်းမချောကိုကြည့်ရင်း ချက်ချင်းဆိုသလို သရေတမျှမျှဖြစ်နေခဲ့ပါပြီ။ ပေ့ပေ့နဲ့ ရှုစန်းရှီတို့က ဟို့ယွိဟောင်ဘေးမှာထိုင်နေခဲ့တာပါ။ နောက်တစ်ကြိမ်မှာ ပေ့ပေ့ကဟို့ယွိဟောင်အနားနားကိုကပ်ရင်း ပြောလိုက်ပါတယ်။
” ညီငယ်လေး ဒါကလေလံပွဲရဲ့အဓိကစျေးခေါ်ပြီကိုင်တွယ်ပေးတဲ့သူဖြစ်လိမ့်မယ်..ဒီလိုမျိုးလေလံပြစ်သူတွေကို ရွေးချယ်တဲ့အချိန်မှာ သာမန်လေလံပွဲတွေအတွက်ပဲဖြစ်ဖြစ် လေလံပွဲကြီးတွေအတွက်ပဲဖြစ်ဖြစ် ပထမဆုံးက ရုပ်သွင်ကိုအဓိကထည့်သွင်းစဥ်းစားကြရတယ်…သူတို့က ရုပ်ချောရုံတင်မကဘူး..အမျိုးသားလေလံပြစ်သူတွေဆိုရင် မှန်ကန်ဖြောက်မတ်တဲ့သူရှိရမယ်..အမျိုးသမီးတွေကတော့ ကျက်သရေရှိပြီလှပရမယ်..ဒီလိုနည်းနဲ့သာ လူတွေကိုယုံကြည်မှုဖြစ်စေနိုင်မှာ အကယ်၍ ငါသာမမှားဘူးဆိုရင် ဒီလေလံပွဲကို လေလံပြစ်သူက သူတို့ရဲ့အ၀တ်အစားတွေအလိုက် အရောင်တွေအပေါ်မူတည်ပြီ ခွဲခြားလိမ့်မယ်…ငါတို့ရဲ့ မျက်နှာဖုံးတွေအတိုင်းပဲလေ လေလံပြစ်တဲ့သူက အလယ်အလတ်တန်းစားအဆင့်နှိမ့်ဖြစ်လိမ့်မယ်..တကယ်တော့ ရွှေရောင်အဆင့်လေလံပြစ်သူတွေက ဘယ်လိုပုံစံမျိုးရှိမလဲဆိုတာအတော်ကိသိချင်နေမိတယ် ”
အခုအချိန်မှာပဲ ခရမ်းရောင်၀တ်ရုံ၀တ်လေလံပြစ်သူက ပြုံးပြလိုက်ပါတော့တယ်။ သူမရဲ့နူးညံ့ညင်းသာတဲ့အသံက ခန်းမဆောင်တစ်ခွင်လုံးကို လွှမ်းခြုံလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် စားပွဲပေါ်မှာရှိတဲ့ အသံလွှင့်၀ိညာဥ်လက်နက်ကို သူစတင်ပြီ အသုံးပြုပါတော့တယ်။
” ချစ်ခင်လေးစားရပါသော ဧည့်သည်တော်တို့ မင်္ဂလာညနေခင်းပါ ကျွန်မက ကြယ်အလင်းလေလံအိမ်ရဲ့ လေလံပြစ်သူခရမ်းရောင်အဆင့်ကချင်းယာပါ ဒီနေ့မှာတော့ လေလံပွဲကိုဦးဆောင်ပြီ ကျင်းပပါမယ် ”
အဲ့ဒီနောက် လေလံစားပွဲဘေးကို လျှောက်သွားရင်းနဲ့ ဦးညွတ်လိုက်ပါတော့တယ်။ ဒီလိုမျိုးပြုံးပြုံးလေးနဲ့ လှုပ်ရှားနေတဲ့ပုံစံက လူတွေရဲ့လက်ခုပ်သံကို ရရှိသွားစေခဲ့ပါပြီ။
လေလံစားပွဲကို လှည့်ကြည့်ရင်း ချင်းယာကပြောလိုက်ပါတယ်။
” ဒီနေ့လေလံပွဲက ၀ိညာဥ်လက်နက်တွေကို ရောင်းချဖို့အသုံးပြုထားတဲ့ပွဲပါ ကျွန်မတို့ရဲ့ကုန်ပစ္စည်းတွေအားလုံးက အဆင့်ခြောက်နဲ့ အဆင့်ခြောက်အောက်ဖြစ်ပါလိမ့်မယ်..၀ိညာဥ်ဘုရင်အဆင့်မရောက်သေးတဲ့ ၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအတွက် သင့်တော်တဲ့လက်နက်တွေပါ ဒါ့အပြင် လျှို့၀ှက်ပြီကြီးမားတဲ့ပစ္စည်းတစ်ခုကိုလဲ ဒီတစ်ခေါက်လေလံပွဲအတွက် လာရတာတန်အောင်ဆင်ပေးထားပါတယ်..ဂုဏ်ကျက်သရေဧည့်သည်တော်တို့ လေလံပွဲကြီးက အခုစတင်ပါပြီ ပထမဆုံးလေလံပြစ်မဲ့သူကို ယူလာပါရစေလား ”
အနီရောင်၀တ်ရုံ၀တ်ထားတဲ့ မိန်းကလေးနှစ်ယောက်က လှည်းတစ်ခုကိုတွန်းလာခဲ့ပါတယ်။ အဲ့ဒီလှည်းက စင်ပေါ်ကိုရောက်လာပြီချိန်မှာပဲ လှည်းပေါ်ကအ၀တ်ကိုသူတို့ဖယ်ရှားလိုက်ပါပြီ။
အနက်ရောင်၀ိညာဥ်လက်နက်တစ်ခုကတော့ လှည်းပေါ်မှာပေါ်လာပါတော့တယ်။ ဒီ၀ိညာဥ်လက်နက်က စတုဂံပုံသဏ္ဍာန်ရှိပြီ တစ်ပေနီးပါးရှည်လျားပါတယ်။ အပေါ်မှာတော့ ရှုပ်ထွေးတဲ့ထွင်းထုမှုတွေရှိနေခဲ့တယ်။ ဟို့ယွိဟောင်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်မကပဲ စိတ်၀ိညာဥ်မျက်လုံးပါရှိနေတာကြောင့် ဒီထွင်းထုတဲ့ပုံစံတွေကို မြင်ချိန်မှာချက်ချင်းဆိုသလို သူပြောလိုက်မိပါတော့တယ်။
” ဒါကတိုက်ခိုက်ရေး၀ိညာဥ်လက်နက်ဖြစ်လိမ့်မယ်..လက်မောင်းမှာချိတ်ပြီ အသုံးပြုလို့ရမှာ အဆင့်သုံးအမျိုးအစား ဖြစ်နေတာကြောင့် သေချာပေါက် ၀မ်သုန့်သုံးလို့ရှိရင် အဆင်ပြေမှာပဲ ”
သက်ဆိုင်တဲ့အဆင့်အတန်းနဲ့ ကျင့်ကြံထားသူတွေဆိုရင် ၀ိညာဥ်လက်နက်တွေရဲ့စွမ်းအားကို အပြည့်အ၀ထုတ်လွှတ်နိုင်မှာပါအကယ်၍ ကျင့်ကြံသူကသာ ၀ိညာဥ်လက်နက်လိုအပ်တဲ့အနည်းဆုံးသတ်မှတ်ချက်တွေ အဆင့်နှိမ့်နေခဲ့မယ်ဆိုရင် သူ့ရဲ့ အင်အားကိုအပြည့်အ၀ထုတ်လွှတ်နိုင်မှာမဟုတ်ပါဘူး။ အမြင့်ဆုံးအဆင့်နဲ့ ကျော်လွန်နေမယ်ဆိုရင်လဲ တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာမမြင့်ပေးနိုင်ပဲရှိနေပါလိမ့်မယ်။
ချင်းယာက ပြုံးပြရင်းနဲ့ပြောလိုက်ပါတယ်။
” ပထမဆုံးအနေနဲ့ တင်မဲ့ပစ္စည်းကတော့ အဆင့်သုံးတိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်လက်နက်ပါ ရှားပါးတဲ့၀ိညာဥ်ရောင်စဥ်အလင်းတန်းဖြစ်ပါတယ်..ဒီလိုမျိုးသန်မာတဲ့ပစ္စည်းတွေက လေလံပွဲတွေထဲမှာ ပုံမှန်ရောင်းချဖို့မရှိပါဘူး..ဒီအဆင့်သုံး၀ိညာဥ်လက်နက်က လူတစ်ယောက်ရဲ့ညာဘက်လက်မှာ ထားရှိဖို့အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကိုယ်တိုင်းဖန်တီးပြုလုပ်ထားတဲ့ပစ္စည်းလဲဖြစ်ပါတယ်…အထူးပစ္စည်းဖြစ်ပြီ တွေ့ရဖို့ရှားပါးတဲ့အရာတစ်ခုပါ..ဒီလိုမျိုးသာမန်အရာတွေက သူ့လိုမျိုးမဟာပညာရှင်လက်ထဲမှာ ရှုပ်ထွေးတဲ့ပစ္စည်းတစ်ခုကပြောင်းလဲသွားနိုင်ပါတယ်..ဒါ့အပြင် အဓိကဗျူဟာကထူးခြားတဲ့ပစ္စည်းတစ်ခုကို ဖန်တီးပေးနိုင်ပါတယ် ”
အပိုင်း ၈၂•၃ ပြီး၏။