Switch Mode

Chapter – 82.2

အနာဂတ် ဖွံ့ဖြိုးမှုတွေနဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့ အန္တရာယ်များ

အပိုင်း ၈၂•၂

” အနာဂတ်ဖွံ့ဖြိုးမှုတွေနဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့အန္တရာယ်များ ”
°°°
နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က အမျက်ဒေါသကျောင်းတော်ကို ဒီနေရာမှာတော့ အများကြီးကျော်လွန်သွားခဲ့ပါပြီ။ ဒါကြောင့် သူတို့အနောက်ကနေသာ ဆက်တိုက်အမီလိုက်ရတော့မှာပါ။ အမျက်ဒေါသကျောင်းတော်ရဲ့နှစ်ပေါင်းတစ်သောင်းသမိုင်းအကြောင်းကို မူတည်ပြိီတော့သာ သူတို့ကို အနိုင်ယူရမှာသာဖြစ်ပါတယ်။ အမျက်ဒေါသကျောင်းတော်အနေနဲ့ ဘယ်သူကိုမှ ဘယ်တုန်းကမှမရှုံးနှိမ့်ခဲ့ဖူးပါဘူး။

၀မ်ယန် သူ့ဘာသာသူတွေးတောနေချိန်မှာပဲ လူတစ်ယောက်က ပြောလာခဲ့ပါတယ်။ ပထမဆုံးစဥ်းစားသွားမိတဲ့သူကတော့ ပေ့ပေ့ပါပဲ။

” ဆရာ၀မ်ပြောလိုက်တဲ့ကိစ္စကို ကျွန်တော်သဘောတူတယ်..ကျွန်တော်၀ိညာဥ်လက်နက်တစ်ခုနဲ့ စပြီတိုက်ခိုက်ကြည့်ချင်ပါတယ် ”

ပေ့ပေ့ရဲ့အသံက အတော်ကိုနှေးနှေးကွေးကွေးဖြစ်ပေမဲ့ သူက အများကြီးတွေဝေနေတတ်တဲ့သူတော့မဟုတ်ခဲ့ပါဘူး။ အပြင်ပိုင်းမှာအတော်ကိုနွေးထွေးတဲ့ပုံပေါ်ပေမဲ့ ခိုင်မာတဲ့နှလုံးသားကတော့ အမြဲတမ်းရှိနေခဲ့ပါတယ်။ ဒါ့အပြင် စိတ်ဆုံးဖြတ်ချပြီတာနဲ့ အဆုံးစွန်းအထိဆက်ပြီလုပ်တတ်တဲ့သူတစ်ယောက်လဲ ဖြစ်နေခဲ့တယ်။ ထန်ယာ့အတွက်နဲ့ ထန်မျိုးနွယ်ထဲကို ၀င်ရောက်တုန်းကလဲ အတူတူပါပဲ။

သူ့အဖွဲ့သားတွေရဲ့ အထိတ်တလန့်အကြည့်တွေကို ခံစားမိပြီချိန်မှာပဲ ပေ့ပေ့ကဆက်ပြောလာခဲ့ပါတယ်။

” ဒီနေရာက လူခုနှစ်ယောက်ထဲမှာ ငါးယောက်က ငါတို့ထန်မျိုးနွယ်ရဲ့လူတွေပဲ စန်းရှီနဲ့ နန်နန်ကလွဲပြီ အားလုံးကမျိုးနွယ်တူတယ်…ထန်မျိုးနွယ်ရဲ့သမိုင်းကြောင်းကို လူတိုင်းလဲသိကြမှာပါ အစောပိုင်းတုန်းက တိုက်ကြီးတစ်တိုက်လုံးမှာ သူတို့က အတောက်ပဆုံးမျိုးနွယ်အဖြစ်တည်ရှိခဲ့တယ်…အဲ့ဒီအချိန်မှာ ထန်မျိုးနွယ်ရဲ့အောင်မြင်မှုက အမျက်ဒေါသကျောင်းတော်ထက်တောင် ပိုပြီးကြီးမားပါသေးတယ်..ဒါပေမယ့် ငါတို့ရဲ့ဒီလိုအောင်မြင်မှုက ဘာကြောင့်များပျောက်ကွယ်သွားရတာလဲ နောက်ကွယ်မှာအကြောင်းအရင်းတွေရှိတာမှန်ပေမဲ့ အဓိကအရေးကြီးဆုံးအချက်ကတော့ အချိန်ရဲ့တိုက်စားမှုကို မခံနိုင်ခဲ့တာပဲ ”

” ၀ိညာဥ်လက်နက်တွေရဲ့ ပေါ်ထွက်လာမှုက ငါတို့ရဲ့၀င်ငွေလမ်းကြောင်းအားလုံးကို သက်ရောက်သွားစေခဲ့တယ်…ဒါက ထန်မျိုးနွယ်ကျဆုံးရတဲ့အဓိကအကြောင်းအရင်းပဲ ငါတို့ရဲ့လျှို့၀ှက်လက်နက်တွေကို အဲ့ဒီအချိန်တုန်းက စစ်တပ်ထဲမှာအများကြီးသုံးကျတယ်ဆိုတာ မင်းတို့သိကြမှာပါ အခုတော့လုံး၀ကိုသုံးတာ ရှားပါးနေပြီ မသုံးတော့သလောက်နီးပါးလို့တောင် ပြောလို့ရနိုင်တယ် .ငါတို့တွေအားလုံးက အချိန်ရဲ့စီးဆင်းမှုကို မတားဆီးနိုင်ဘူး..အချိန်နဲ့လိုက်လျောညီထွေးဖြစ်အောင် မျှမျှတတပြောင်းလဲမှာသာ ထန်မျိုးနွယ်အနေနဲ့လဲ နောက်တစ်ကြိမ်ပြန်ပြီတော့ တောက်ပနိုင်လိမ့်မယ် ”

အဲ့ဒီနောက် သူအကြည့်က ဟ်ို့ယွိဟောင်ဆီကို ရောက်လာပါတော့တယ်။

” ငါတို့ရဲ့ညီငယ်လေး ထန်မျိုးနွယ်ထဲ ပထမဆုံး၀င်ရောက်လာတဲ့ အချိန်မှာ ရှောင်ယာ့နဲ့ ငါ ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်…ထန်မျိုးနွယ်ရဲ့ အနာဂတ်အောင်မြင်ကြီးထွားမှုက ငါတို့အနေနဲ့ လျှို့၀ှက်လက်နက်ပုန်းတွေကို ၀ိညာဥ်လက်နက်တွေနဲ့ ပေါင်းစည်းပြီထုတ်လွှတ်တဲ့အချိန်မှာ ဖြစ်လာပါတယ်..အကယ်၍ ငါတို့သာ အောင်မြင်ခဲ့မယ်ဆိုရင် သေချာပေါက် ၀ိညာဥ်လက်နက်တွေကြောင့်ပဲ ဖြစ်မယ် ..ကျရှုံးခဲ့တယ်ဆိုရင်လဲ ဒါက၀ိညာဥ်လက်နက်တွေကြောင့်ပဲ ငါတို့ကျရှုံးခဲ့တဲ့နေရာကနေ အပေါ်ကိုပြန်ပြီးတက်လာရမယ်…ဒါမှသာအရှေ့က်ိုဆက်သွားနိုင်မှာ ”

” တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက်အနေနဲ့ ငါရဲ့နှလုံးသားက ၀ိညာဥ်လက်နက်လိုမျိုးပြင်ပအရာကို ဖယ်ရှားငြင်းပယ်ဖို့အတွက် အမြဲတမ်းတွန်းအားပေးနေခဲ့တယ်။ ဒါပေမယ့် ဒီလိုငြင်းပယ်တာကအချိန်နဲ့အမျှပြောင်းလဲသွားမှာပဲ မင်းတို့အားလုံးထဲမှာ အသက်အကြီးဆုံးသူ ထန်မျိုးနွယ်ရဲ့အကြီးဆုံးအစ်ကိုကြီးအနေနဲ့ ငါကိုယ့်ကိုက်ိုယ်အရင်ဆုံးစပြီပြောင်းလဲချင်တယ်..ငါတို့တွေပြန်ရောက်တဲ့အချိန်မှာ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ထဲမှာ ငါ့ကိုသင်ကြားခွင့်ပေးဖို့ကျောင်းတော်ကိုတောင်းဆိုမယ်..လက်ရှိသင်ကြားမှုတွေအပြင် ဒီပူးတွဲသင်ယူမှုကိုပါ ခွင့်ပြုပေးဖို့ငါသွားပြီတောင်းဆိုမယ်..အကယ်၍ ငါသူတို့ကို မဖန်တီးနိုင်ဘူးဆိုရင်တောင် ဘယ်လိုအသုံးပြုရမလဲဆိုတာကို သင်ကြားချင်တယ် ”

ပေ့ပေ့ရဲ့စကားတွေက အတော်ကို အင်အားကြီးပြီ ရိုက်ခတ်မှုပြင်းထန်ပါတယ်။ ၀မ်ယန်ရဲ့ စိတ်ခံစားချက်တွေတောင်မှ အတော်ကို လှုပ်ရှားလာခဲ့ပါပြီ။ သူ့စိတ်ထဲမှာ ပျော်ရွှင်လို့နေခဲ့ပါတယ်။ ပေ့ပေ့ရဲ့စကားတွေက အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ မျိုးဆက်အသစ်ကိုအများကြီးသက်ရောက်သွားစေခဲ့တယ်ဆိုတာ လုံး၀ကို သံသယ၀င်စရာမရှိပါဘူး။ သူ့ရဲ့ အတည်ပြုချက်နဲ့ဆိုရင် တခြားသူတွေ လက်ခံဖို့လဲ ပိုပြီးလွယ်ကူလာမှာပါ။

ရှုစန်းရှိီက ခေါင်းညိတ်လိုက်ပါတယ်။

” ဆရာ၀မ်နဲ့ ပေ့ပေ့ပြောတာက နည်းလမ်းကျတယ်..ဘယ်လိုကြောင့် ဒီလိုဖြစ်လာရလဲဆိုတာလဲ နားလည်လိုက်ပါတယ်..ဒါကလဲမေးခွန်းတစ်ခုရှိသေးတယ်..ဒါကလဲ ညွှန်ပြပေးဖို့အတွက် တောင်းဆိုချင်တာပါ အနာဂတ်မှာအသန်မာဆုံးပညာရှင်တွေဆိုတာက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ ဖြစ်ကြလိမ့်မယ်…ဒါပေမယ့် ကျွန်တော်ရဲ့လက်ရှိစွမ်းအားနဲ့ဆိုရင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာဖို့က မဖြစ်နိုင်သလောက်နီးပါးခက်ခဲနေခဲ့ပြီ…နောက်တစ်နည်းပြောရမယ်ဆိုရင် လက်ရှိစွမ်းရည်တွေကို ပြောင်းလဲလို့မရနိုင်ဘူး..ဒါ့အပြင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေမျ်ိုးလဲ ၀ိညာဥ်စွမ်းအားကို ပုံစံမပြောင်းနိုင်ဘူး..ဒီလိုဖြစ်ပြီဆိုရင်တော့ ကျွန်တော်တွေက လူတိုင်းထက် အမြဲတမ်းနောက်ကျကျန်ရစ်နေတော့မှာမဟုတ်ဘူးမလား..ဒါ့အပြင် ၀ိညာဥ်လက်နက်တွေကို ဖန်တီးပြုလုပ်ဖို့သင်ကြားရတာက ခက်ခဲလွန်တယ်..သူတို့ကို အသုံးပြုဖို့နည်းလမ်းပဲ သင်ကြားနိုင်မှာဖြစ်ပြီ ၀ိညာဥ်လက်နက်အတတ်ပညာရှင်လောက်လဲ မတော်နိုင်ဘူး..သူတို့ကိုဘယ်လိုများအနိုင်ယူလို့ရနိုင်မှာလဲ ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ စိတ်ထဲမှာတကယ်ကို မရေမရာဖြစ်နေမိတယ် ”

၀မ်ယန်က ပြောလာခဲ့ပါတယ်။

” ပြောတာကကောင်းတယ်..မင်းစိုးရိမ်နေတဲ့ကိစ္စကို ငါနားလည်တယ်…ဒါ့အပြင် မင်းပြောတာလဲမှန်တယ်..အကယ်၍ ငါတို့သာ ၀ိညာဥ်လက်နက်တွေတည်ဆောက်တဲ့ နယ်​ပယ်ကိုသာ အဓိကအားစိုက်ထုတ်ပြီလိုက်မယ်ဆိုရင် အစကထဲက ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာဖို့ရွေးချယ်ခဲ့တဲ့ သူတွေကို ငါတို့တွေ ဘယ်တော့မှလိုက်မီနိုင်မှာမဟုတ်ဘူး..ဒါပေမယ့် မင်းရဲ့ကိုယ်ပိုင်အာသားချက်ကို မင်းမေ့နေတာပဲ တစ်နေ့မှာမင်းက သော့်လော့ဘွဲ့ရတဲ့ပညာရှင်ဖြစ်လာလိမ့်မယ်..ဒါ့အပြင် အားကောင်းတဲ့ ၀ိညာဥ်စွမ်းရည်လဲရှိလာမယ်..ဒီ၀ိညာဥ်စွမ်းရည်တွေဆိုတာက အဆင့်ကိုး၀ိညာဥ်လက်နက်တွေနဲ့ သိပ်ပြီမကွာခြားဘူး..ဒါ့အပြင် မင်းရဲ့ခန္ဓာကိုယ်ကလဲ ၀ိညာဥ်စွမ်းအားကို တိုးတက်အောင်လုပ်ပေးတဲ့ ၀ိညာဥ်စက်ကွင်းတွေကို အသုံးပြုပြီး တိုက်ခိုက်သူတွေနဲ့ယှဥ်လို့ရနိုင်လို့လားမဖြစ်နိုင်လိုက်တာပဲလေ ဒါ့အပြင် မင်းတို့ရဲ့ခန္ဓာကိုယ်က ၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် ပိုပြီးသန်မာတဲ့၀ိညာဥ်စက်ကွင်းတွေကို ခံနိုင်ရည်ရှိဖို့လုံလောက်တယ်..အကယ်၍ မင်းသာအားကောင်းတဲ့၀ိညာဥ်စက်ကွင်းတစ်ခုကို ရနိုင်မယ်ဆိုရင် ၀ိညာဥ်စွမ်းအားကရော ပိုများမှာမဟုတ်ဘူးလား ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအနေနဲ့ ခန္ဓာကိုယ်သန်မာမှုပိုင်းမှာ သူတို့လိုသန့်စင်တဲ့၀ိညာဥ်ပညာရှင်တွေကိုယှဥ်လို့ရနိုင်မှာမဟုတ်ဘူး..မင်းအနေနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့၀ိညာဥ်လက်နက်ကိုရှာဖို့ပဲလိုမယ် ” နောက်ဆုံးတော့လဲ ၀ိညာဥ်လက်နက်ဆိုတာက လက်နက်တစ်ခုပဲလေ တစ်နည်းတစ်ဖုံပြောရမယ်ဆိုရင် ၀ိညာဥ်လက်နက်ဆိုတာက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအတွက်တော့ အရာအားလုံးပဲ ငါတို့အတွက်ကတော့ ၀ိညာဥ်စက်ကွင်းထက်မပိုဘူး..ကွာခြားချက်တွေကြောင့် ၀ိညာဥ်ပညာရှင်တွေအနေနဲ့ သန်မာရင်သန်မာသလောက် ၀ိညာဥ်လက်နက်တွေကို ကောင်းကောင်းရွေးချယ်အသုံးပြုလို့ရတယ်..၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ပြန်နှိုင်းယှဥ်မယ်ဆိုရင် မင်းကသေချာပေါက် အားသာချက်တွေရှိနေမှာပဲ အထူးသဖြင့်ရိုးရှင်းတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်က ဘယ်တော့မှအဆင့်တစ်ဆယ်ကို ရောက်နိုင်မှာမဟုတ်ဘူး ‘”

” အဆင့်တစ်ဆယ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ဖို့ လိုအပ်ချက်တွေကဘာလဲသိလား ဒီလိုဖြစ်လာဖို့ဆိုရင် မင်းအနေနဲ့ အဆင့်တစ်ဆယ်၀ိညာဥ်လက်နက်တစ်ခုကို ဖန်တီးပြီသူ့ကိုထိန်းချုပ်နိုင်စွမ်းလဲရှိရမယ်..ဒါကထူးကဲသာလွန်တဲ့သော့်လော့ဖြစ်လာမှသာ လုပ်နိုင်မဲ့အရာပဲ အဓိကအားဖြင့် အဆင့်ကိုးဆယ်ငါးအထက် မြင့်နေမှသာ အဆင့်တစ်ဆယ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာနိုင်မှာ မင်းတို့အားလုံးက ၀ိညာဥ်ပညာရှင်တွေကြီးပါပဲ ဒါကြောင့် ပိုပြီးလေ့ကျင့်လေလေ အဆင့်တက်ဖို့ဆိုတာက ပိုခက်လေဆိုတာ နားလည်မှာပဲ တိုက်ကြီးတစ်ခုလုံးမှာတောင် သော့်လော့ဘွဲ့ကို ရရှိနိုင်တဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ဘယ်လောက်များလို့လဲ လက်တစ်ဖက်နဲ့တောင် လက်ချိုးရေးလို့ရတယ်..အဲ့ဒီအထဲမှာဘယ်သူကများ ထူးကဲသာလွန်သော့်လော့ဖြစ်နိုင်ကြတာလဲ အခုအချိန်မှာ အရေအတွက်အတော်ကသုညလို့..မင်းတို့ကိုပြောပြမယ်..ဒါကြောင့်သာ တိုက်ကြီးတစ်ခုလုံးရဲ့ ထိပ်ဆုံးရောက်နေတဲ့ပညာရှင်တွေက သူ့တို့ကိုသူတို့ ၀ိညာဥ်ပညာရှင်ဖြစ်ဖို့နဲ့ အင်အားကြီးလာဖို့သာ အားစိုက်ထုတ်ပြီ ၀ိညာဥ်လက်နက်တွေကို သင်ကြားတဲ့အချိန်မှာ လျော့ပေါ့ခဲ့ကြတာပဲ စစ်မှန်တဲ့အဆင့်တစ်ဆယ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက် ပေါ်လာခဲ့မယ်ဆိုရင်တောင် အဲ့ဒီလူအနေနဲ့ အဆင့်ကိုး၀ိညာဥ်လက်နက်ပိုင်ဆိုင်ထားတဲ့ ထူးကဲသာလွန်သော့်လော့ကို အောင်မြင်အောင်တိုက်ခိုက်နိုင်ဖို့အတော်ကို ခက်လိမ့်မယ် ”

ရှုစန်းရှီရဲ့ မျက်လုံးထဲမှာကတော့ တောက်ပမှုတွေအပြည့်ဖြစ်ပေါ်လာခဲ့ပါပြီ။

” ဟုတ်တယ် ဆရာ၀မ် ဆရာ၀မ်ကတကယ်လူတွေကို မျက်စိအလင်းပွင့်အောင်လုပ်ပေးနိုင်တဲ့သူပဲ ၀ိညာဥ်စွမ်းအားတစ်ခုထဲကိုပဲ လေ့ကျင့်ထားတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်က ကျွန်တော်တို့နဲ့ယှဥ်ဖို့သေချာပေါက် ခက်ခဲမှာပေါ့ ”

” နားလည်ပါပြီ နားလည်ပါပြီ ”

ရှုစန်းရှီအနေနဲ့ သူ့စကားတွေ အသိအမှတ်ပြုလိုက်တာကိုမြင်ချိန်မှာတော့ ၀မ်ယန်ရဲ့ကိုယ့်ကိုကိုယ်ယုံကြည်ချက်က မြင့်မားလာပါတော့တယ်။ သူ့ရဲ့တောက်ပတဲ့မျက်လုံးတွေက ပိုမိုခိုင်မာလာခဲ့ပြီ သူပြောပါတယ်။

” လွန်ခဲ့တဲ့ရက်တွေမှာ ငါတို့အနေနဲ့ တခြားကျောင်းသားတွေနဲ့ ကျောင်းတော်တိုက်ခိုက်တာကို ကြည့်ခဲ့တယ်..ခိုင်မာနက်ရှိုင်းတဲ့ အခြေခံကိုပိုင်ဆိုင်ထားတဲ့ကျောင်းတော်တော်တော်များများက ၀ိညာဥ်ပညာရှင်နဲ့ ၀ိညာဥ်လက်နက်တွေကို ရောနှောပေါင်းစည်းရင်းအသုံးပြုတဲ့ နည်းစနစ်ကိုစပြီအသုံးပြုနေကြပြီ ဒါပေမယ့် အဲ့ဒီကျောင်းတော်တွေရဲ့ အတော်တော်များများက ပေါင်းစည်းရအောင်ခက်ခဲနေတုန်းပဲ တခြားတစ်ဖက်မှာတော့ နေလတော်၀င်၀ိညာဥ်လက်နက်ပညာရှင်ကျောင်းတော်ဆီကနေ အကြီးမားဆုံးအချက်တစ်ခုကို ငါသတိပြုမိလိုက်တယ်…သူတို့တွေက ဘာကိုမှဖုံးကွယ်မထားပေမဲ့ အကြိုအဖွဲ့ရဲ့ လူတစ်ယောက်ချင်းဆီတိုင်းမှာ သာမန်မဟုတ်အောင်ထူးခြားတဲ့၀ိညာဥ်စွမ်းအားတွေကို ငါသတိပြုမိသွားတယ်..သူတို့အားလုံးက စင်ပေါ်တက်လာတာမဟုတ်ပေမဲ့ ငါရဲ့ကြည့်နေတဲ့နေရာကနေ တိုက်တိုက်ဆိုင်ဆိုင်မြင်တွေ့သွားခဲ့တာရှိတယ်…၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို အာရုံစိုက်ထားပြီရင်း ဒီကျောင်းသားတွေအားလုံးက သေချာပေါက်အင်အားကြီးတဲ့ ၀ိညာဥ်ပညာရှင်တွေဖြစ်လာလိမ့်မယ်..ဒါဆိုရင် သူတို့လဲအားကောင်းတဲ့၀ိညာဥ်လက်နက်တစ်ခုကို အသုံးပြုလာနိုင်မှာပဲမဟုတ်ဘူးလား ဒါဆိုရင် မင်းတို့အနေနဲ့ နောက်ထပ်မေးစရာရှိသေးလား ”

ရှုစန်းရှီက ပြောလာခဲ့ပါတယ်။

” ဆရာ၀မ်ကတော့ ကျွန်တော်ကိုသိမ်းသွင်းနိုင်သွားပြီ ကျွန်တော်စမ်းသပ်ကြည့်ချင်ပါတယ်..ကျောင်းတော်အတွက်ကောကျွန်တော်အတွက်ပါကောင်းဖို့အတွက် ၀ိညာဥ်လက်နက်တွေကို စပြီအသုံးပြုကြည့်ပါ့မယ် ”

ဟယ့်ချိုက်ထို့က ရယ်မောလိုက်တယ်။

” ကျွန်တော်လဲပြဿနာမရှိဘူးလေ ..ဒါပေမယ့် နှမြောစရာကောင်းတာကကျွန်တော်အနေနဲ့ အစားအသောက်အမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်နေတာပဲ ”

” မင်းလိုမျိုး၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ အသက်ဆယ့်ငါးနှစ်အရွယ် အစာအမျိုးအစား၀ိညာဥ်ဘိုးဘေးတစ်ယောက်က ဘာများထပ်ပြီပြောချင်သေးလို့လဲ ၀မ်ယန်က မကျေမနပ်နဲ့ပြောလာခဲ့ပါတယ် ”

” မင်းရဲ့ပါရမီက အရမ်းကြီးကောင်းလွန်းနေပေမဲ့ သိုင်းပညာ၀ိညာဥ်ရဲ့ပုံစံကြောင့် ငါတို့ကျောင်းတော်ကနေ အမှားအယွင်းအကြီးကြီးလုပ်လိုက်မိပြီးပြီ မင်းရဲ့၀ိညာဥ်စွမ်းရည်အကူအညီသာ ရှိလို့ကတော့ မင်းအနေနဲ့ ဒီခုနှစ်ယောက်ထဲမှာ အသန်မာဆုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာနိုင်တယ်…နောက်ဆုံးတော့လဲ မင်းက ကျင့်ကြံဆင့်တစ်ခုကိုပဲအာရုံစိုက်နေခဲ့တာမဟုတ်လား ဒါ့အပြင် မင်းရဲ့သိုင်းပညာ၀ိညာဥ်ကလဲ တိုက်ကြီးတစ်ခုလုံးကို လိုက်ပတ်ပြီရှာမယ်ဆိုရင်တောင် သန့်စင်တဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာဖို့နံပါတ်တစ်အကောင်းဆုံးနဲ့ အသင့်တော်ဆုံးသူဖြစ်လိမ့်မယ် ”

၀မ်ယန်ကတော့ တွေဝေနေဆဲဖြစ်တဲ့ ကျန်းနန်နန်ဆီကို အကြည့်ပြန်ရောက်သွားပါတော့တယ်။

” ဒါပေမယ့် ၀ိညာဥ်လက်နက်တွေကို၀ယ်ဖို့က ပိုက်ဆံလိုတယ်မဟုတ်လား ဒါ့အပြင် သူတို့ကလဲ တော်တော်လေးစျေးကြီးတယ် “:

သူမရဲ့စကားတွေက ထူးဆန်းပုံရတဲ့အတွက် အားလုံးကလဲ မျက်လုံးပြူးသွားပါတော့တယ်။ ဟို့ယွိဟောင်ကတော့ အမြန်ဆုံးတုန့်ပြန်လိုက်တဲ့သူပါပဲ။ ကျန်းနန်နန်နဲ့တွေ့တဲ့ အချိန်မှာ သူ့ရဲ့ငါးကင်ကို စျေးလျှော့ရောင်းပေးဖို့ပထမဆုံးအကြိမ် ညှိနိုင်တဲ့သူဖြစ်ပါတယ်။ သူက အရမ်းကိုငွေကြေးနဲ့ပတ်သက်ပြီ ကပ်စီးနည်းတဲ့ပုံပါပဲ။

” ငါမင်းအတွက်၀ယ်ပေးမယ်လေ ”

ရှုစန်းရှီက ချက်ချင်းဆိုသလို ၀င်ပြောပါတော့တယ်။ သူမကတော့ တစ်ခုခုကိုတွေးမိတဲ့အတိုင်း ချက်ချင်းသူဒေါသထွက်လာရင်းနဲ့ ပြန်​အော်တော့တယ်။

” ပါးစပ်ပိတ်ထားစမ်း ”

တစ်စုံတစ်ရာကိုတွေးမိတဲ့အချိန်တိုင်း ရှုစန်းရှီကလဲ လိမ်လိမ်မာမာလေးခေါင်းငုံ့သွားပါတော့တယ်။ ဒီလိုအအော်ခံရတာတောင် တစ်ခွန်းမှပြန်မပြောပါဘူး။ တခြားသူတွေအမြင်ကကြည့်မယ်ဆိုရင် မှားယွင်းပြီစွပ်စွဲခံလိုက်ရတဲ့ပုံစံပေါ်ပေမဲ့ သူ့ပုံစံကတော့ မကျေမနပ်ဖြစ်နေတဲ့ပုံမပေါ်ပါဘူး။ ဒါ့အပြင် အမြဲတမ်းအနိုင်ကျင့်ခံနေရတာကို ကျင့်သားရနေပြီဆိုတဲ့သနားစရာပုံစံလေးလဲ ပေါ်နေခဲ့ပါသေးတယ်။

” နန်နန် မင်းအနေနဲ့ဒီကိစ္စကို စ်ိုးရိမ်စရာမလိုဘူး ”

၀မ်ယန်ကပြောလာခဲ့ပါတယ်။

” ကျောင်းတော်က ငွေကြေးပြဿနာကို ဖြေရှင်းပေးမှာပါ အနည်းဆုံးတော့ ဒါကိုကျောင်းတော်ကနေ သင်ကြားဖို့မပြီးမြောက်သေးခင်အချိန် မလိုဘူး..အဓိကျောင်းတော်ရဲ့ အဓိကတပည့်သားတစ်ယောက်ဖြစ်နေပြီပဲ ကျောင်းတော်အနေနဲ့ အကယ်၍ မင်းသာအတွင်းနယ်မြေထဲကို၀င်နိုင်မယ်ဆိုရင် သက်သောက်သက်သာနေနိုင်ဖို့ငွေကြေးတွေကို အများကြီးရက်ရက်ရောရောပေးမှာပါ ဒါ့အပြင် အစောင့်အရှောက်တွေရဲ့ တာ၀န်တစ်ခုကို ပြီးဆုံးပြီအချိန်တိုင်းသူတို့ကငွေကြေးကိုလဲ ဆုချဦးမယ်…အမျက်ဒေါသကျောင်းတော်က ကျောင်းသားတွေအနေနဲ့ ငွေကြေးနဲ့ပတ်သက်ပြီပြဿနာမတက်ဖူးဘူး ”

ကျန်းနန်နန်ရဲ့မျက်လုံးတွေက တောက်ပလာပြီ ချက်ချင်းပြန်ဖြေလိုက်ပါတော့တယ်။

” ဒါဆိုကျွန်မလဲ ပြဿနာမရှိပါဘူး ”

နောက်ဆုံးမှာတော့ ဟို့ယွိဟောင်ရဲ့အလှည့်ရောက်လာခဲ့ပါပြီ။ သူနဲ့ ၀မ်ယန်ရဲ့အကြည့်တွေ တွေ့ဆုံသွားချိန်မှာတော့ အဖြေပြန်ဖြေလိုက်ပါပြီ။

” ဆရာ၀မ် ကျွန်တော်မှာပြဿနာတစ်ခုရှိပါတယ်..ဒီနေရာမှာကျွန်တော်၀ယ်နိုင်တဲ့ ၀ိညာဥ်လက်နက်ရှိပုံမပေါ်ဘူး ”

” မင်း၀ယ်နိုင်တဲ့ တစ်ခုတော့ရှိပါတယ် ”

ဟယ့်ချိုက်ထို့က ရုတ်တရက်၀င်ပြောပါတော့တယ်။ ဟို့ယွိဟောင်က ဟယ့်ချိုက်ထို့ကိုကြည့်ရင်း တအံ့တဩဖြစ်နေခဲ့ပါတယ်။

ဟယ့်ချိုက်ထို့ကတော့ ရယ်မောရင်းသူခေါင်းကြီးကို ပွတ်နေခဲ့ပါပြီ။

” လေလံပွဲကို၀င်သွားပြီဆိုရင် မင်းနားလည်မှာပါ လေလံအိမ်တွေထဲမှာ ရောင်းတဲ့၀ိညာဥ်လက်နက်တွေမှာအဲ့ဒါရှိတယ် ”

ရှောင်းရှောင်းက ပြောလာခဲ့ပါတယ်။

” ကျွန်မလဲ ပြဿနာမရှိဘူး အစပိုင်းမှာတော့ ကျွန်မသာ၀ိညာဥ်ဘိုးဘေးဖြစ်လာပြီဆိုရင် ပျံသန်းရေး၀ိညာဥ်လက်နက်တစ်ခုကို ၀ယ်ဖို့အစောကြီးကထဲက ​တွေးထားခဲ့တာ ဒါအရမ်းအသုံး၀င်တယ်လေ ”

၀မ်ယန်အနေနဲ့လဲ ဒီအခြေအနေကိုကြားပြီချိန်မှာတော့ သက်ပြင်းချရင်းရယ်မောလိုက်ပါတယ်။

” ဒါဆိုရင်အကောင်းဆုံးဖြစ်တာပေါ့ ၀မ်သုန့်မင်းကောဘယ်လိုလဲ မင်းလဲပြဿနာမရှိလောက်ဘူးမဟုတ်လား ဒါဆိုရင်အထဲ၀င်ကြရအောင် ”

အားလုံးအံ့ဩသင့်စရာကောင်းလောက်အောင်ပဲ ၀မ်သုန့်က ခေါင်းမော့ရင်း ခေါင်းမာမာနဲ့ပြောလာခဲ့ပါတယ်။

” မဟုတ်ဘူး ကျွန်တော်မှာပြဿနာရှိတယ်..ကျွန်တော်၀ိညဥ်လက်နက်ကိုမသုံးချင်ဘူး..အားလုံးသွားလို့ရတယ်..ကျွန်တော်အရင်ပြန်ပြီ ”

ပြောပြီတာနဲ့ သူချက်ချင်းဆိုသလို ပြန်လှည့်ထွက်သွားပါတော့တယ်။

အပိုင်း ၈၂•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset