Switch Mode

Chapter – 82.1

အနာဂတ် ဖွံ့ဖြိုးမှုတွေနဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့ အန္တရာယ်များ

အပိုင်း ၈၂•၁

” အနာဂတ်ဖွံ့ဖြိုးမှုတွေနဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့အန္တရာယ်များ ”
°°°
” ဒါ့အပြင် မင်းတို့တွေကို ပြောပြနိုင်တာတစ်ခုရှိသေးတယ်….ရွှမ်လော်ရဲ့ကျင့်ကြံဆင့်က မင်းတို့တော်တော်များများထင်ထားတာထက်ကို အများကြီး​ပိုပြီးကြောက်စရာကောင်းတယ်..သူ့ရဲ့သိုင်းပညာ၀ိညာဥ်က နတ်ဘုရားထျောင်ထျဲ့နတ်သိုးပဲ အတော်ကိုရှားပါပြီ ထူးခြားတဲ့ အသွင်ပြောင်းမှု၀ိညာဥ်လို့လဲ ပြောလို့ရနိုင်တယ်….သိုင်းပညာ၀ိညာဥ်အရိုးရဲ့ အဓိကဆိုးကျိုးက ဆက်တိုက်ဆိုသလို အစားအသောက်နဲ့ အရက်သေစာကိုအလွန်အမင်သုံးစွဲဖို့လိုအပ်နေတာပဲ ဒီလိုမျိုးသုံးစွဲတာကတင် ကျင့်ကြံတဲ့ပုံစံတစ်ခုဖြစ်နေပြီ..ဒါပေမယ့် ရွှမ်လော်ရဲ့ကျင့်ကြံဆင့်က အဆင့်ရှစ်ဆယ်ကိုးကို ရောက်နေပြီဖြစ်တာကြောင့် သူက သော့်လော့တွေရဲ့ဘွဲ့ထဲမှာတောင် ထူးခြားသာလွန်အဆင့်ကို ရောက်ပြီနေပြီပဲ ဒါကြောင့် အကြီးအကဲတွေပြိုင်ပွဲသာ ရှိနေခဲ့မယ်ဆိုရင် ဒီတိုက်ကြီးတစ်ခုလုံးမှာ သူ့ကိုယှဥ်နိုင်တဲ့တခြားသူတွေကိုတွေ့ဖို့ဆိုတာက ရှားပါးလိမ့်မယ် ”

သူတို့တွေအားလုံးက ရွှမ်လော်ရဲ့ကျင့်ကြံဆင့်ကို အများကြီးမြင့်မြင့်မားမားခန့်မှန်းထားခဲ့ပေမဲ့ ၀မ်ယန်ပြောလိုက်တဲ့ အဆင့်ကိုးဆယ်ရှစ်ကို ကြားချိန်မှာကတော့ အားလုံးပါးစပ်အဟောင်သားဖြစ်သွားပါတော့တယ်။ အဆင့်ကိုးဆယ်ရှစ်ဆိုတဲ့ နံပါတ်ကိုဘယ်လိုအဆင့်မျိုးလို့ တွေးတောရမှာလဲ။ အဆင့်ကိုးဆယ်နဲ့အထက်ကို ရောက်နေတဲ့၀ိညာဥ်ပညာရှင်တွေအားလုံးကိုသော့်လော့လို့ခေါ်ကြပါတယ်။ အဆင့်ကိုးဆယ်ရဲ့နောက်ပိုင်း ထပ်မံတိုးတက်ဖို့ကတော့ အတော်ကို ခက်ခဲလို့သွားခဲ့ပါပြီ။ အထူးသဖြင့်အဆင့်ကိုးဆယ်ငါးကို ဖြတ်ကျော်ပြီတဲ့အချိန်မှာ တစ်ဆင့်ကိုတက်ဖို့ဆိုတာက မတွေး၀ံ့လောက်အောင် ခက်ခဲလွန်တဲ့ကိစ္စကြီးပါပဲ။ ဒီလိုအဆင့်ကျော်တိုးတက်နိုင်တဲ့သူတွေက ထူးကဲသာလွန်သော့်လော့လို့ခေါ်ပါတယ်။

ဥပမာအားဖြင့် အဆင့်ကိုးဆယ်ကို အခုမှရောက်ရှိခါစသော့်လော့တစ်ယောက်အနေနဲ့ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်နဲ့ ကြုံတွေ့ရမယ်ဆိုရင် သူ့ရဲ့ရွေးချယ်စရာတစ်ခုကတော့ လှည့်ထွက်ပြီလွှတ်အောင်ပြေးဖို့ပါပဲ။ သူအနေနဲ့ အားကောင်းတဲ့၀ိညာဥ်စက်ကွင်းမရှိဘူးဆိုရင် အဲ့ဒီလို၀ိညာဥ်သားရဲကောင်ကို ရင်ဆိုင်နိုင်စွမ်းရှိမှာမဟုတ်တာအမှန်ပါ။

ဒါပေမယ့် သူ့ရဲ့ကျင့်ကြံဆင့်က အဆင့်ကိုးဆယ်နှစ် ကိုးဆယ်သုံးကို ရောက်ရှိလာပြီဆိုရင် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်နဲ့ မျှမျှတတရင်ဆိုင်တိုက်ခိုက်ဖို့ ရှိပါတယ်။ သားရဲကောင်ဘုရင်အဆင့်ရောက်နေတဲ့ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်မဟုတ်သရွေ့ သူ့အနေနဲ့ အနိုင်ရနိုင်ချေက များနေခဲ့တယ်။

အဆင့်ကိုးဆယ်ငါးကို ရောက်ရှိသွားပြီချိန်မှာကတော့ နှစ်တစ်သိန်းသားရဲကောင်တွေက ထွက်ပြေးရမဲ့သူတွေဖြစ်သွားခဲ့ပါပြီ။ နှစ်နှစ်သိန်း၀ိညာဥ်သားရဲကောင်အဖြစ် အဆင့်ကျော်တိုးတက်ပြီတဲ့သားရဲကောင်တွေတောင်မှ အဆင့်ကိုးဆယ်ငါးသော့်လော့တွေကို တိုက်ပွဲထဲမှာ ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့သတ္တိမရှိကြပါဘူး။

အကြီးအကဲရွှမ်က ကျောက်စိမ်းဧကရီလိုမျိုး ဧကရီသားရဲကောင်နဲ့ထပ်တူညီမျှစွာနဲ့ပဲ အဆီပူထောပတ်တွေရဲ့ ထိပ်တန်းမှာရောက်နေခဲ့တဲ့ ပညာရှင်တစ်ယောက်ပါ။ အံ့ဖွယ်ရာတွေထဲက ထိပ်တန်းပါပဲ။

လက်ရှိအချိန်မှာသာ ရွှမ်လောင်ဒေါသထွက်တဲ့အချိန်တိုင်း သူဘာကြောင့်နှလုံးသားထဲက ကြောက်လန့်ရသလဲဆိုတာကို ဟို့ယွိဟောင်နားလည်သွားပါတော့တယ်။ သူစိတ်၀ိညာဥ်ပင်လယ်ထဲမှာရှိနေခဲ့တဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီနှစ်ယောက်စလုံးကလဲ အကြီးအကဲရွှမ်ရဲ့ရှေ့မှာ တစ်ချက်လေးတောင်မှမလှုပ်ရှားကြပါဘူး။ သူလဲလုံး၀ဆက်သွယ်တာမျိုး မလုပ်ခဲ့သလို စိတ်၀ိညာဥ်လှိုင်းကိုလဲ နည်းနည်းလေးမှ မထုတ်သုံးပဲငြိမ်ငြိမ်နေကြပါတော့တယ်။ အကြီးအကဲရွှမ် ကျင့်ကြံဆင့်ရဲ့အစွမ်းအစကကြောက်စရာကောင်းလွန်နေပါပြီ။

” အကယ်၍ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်တုန်းကဆိုရင် အကြီးအကဲရွှမ်လောင်က သူလောက်သက်တူရွယ်တူတွေထဲမှာ ပြိုင်ဘက်ကင်းလုနီးပါးပဲ ဒါပေမယ့် ဒီနှစ်မှာရောအဲ့ဒီလိုဖြစ်နိုင်ဦးမှာလား “:

၀မ်ယန်က ဆက်ပြောလာခဲ့ပါတယ်။

” တိုက်ပွဲထဲမှာဆိုရင် အကြီးအကဲရွှမ်က အခုအချိန်အထိ ပြိုင်ဘက်ကင်းနေဆဲပါ ဒါပေမယ့် နေလနိုင်ငံတော်မှာအဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ အများကြီးရှိနေတဲ့အပြင် သူ့က်ိုတိုက်ခိုက်နိုင်ပြီ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့သူတွေ ပေါ်ထွက်နေခဲ့ပြီးပြီ အဲ့ဒီလောက်အဆင့်ရှိနေတဲ့ထိပ်တန်း၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ကြောက်စရာကောင်းလွန်လှတယ်..သူတို့တွေရဲ့တိုက်ခိုက်တဲ့နည်းစနစ်တွေက အတော်ကိုအံ့ဩစရာကောင်းလွန်ပြီ အင်အားကြီးတဲ့၀ိညာဥ်လက်နက်တွေကို ကောင်းကောင်းလဲထိန်းချုပ်အသုံးချရင်း ၀ိညာဥ်စွမ်းအားကို ကြောက်စရာကောင်းလောက်အောင် တိုးတက်စေနိုင်တယ်..ဒါ့အပြင် မင်းတို့တွေမေ့ထားလို့မရတဲ့ကိစ္စတစ်ခုရှိသေးတယ်..အဆင့်ကိုးဆိုတာက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့အဆုံးသတ်မဟုတ်သေးဘူး…အဆင့်တစ်ဆယ်၀ိညာဥ်လက်နက်အတတ်ပညာရှင်သာ နေလနိုင်ငံတော်မှာ ပေါ်ထွက်လာခဲ့မယ်ဆိုရင် ငါတို့တွေဒါကိုဘယ်လိုရင်ဆိုင်ကြမလဲ ”

အခုအချိန်မှာ ၀မ်ယန်အနေနဲ့ကတော့ ချက်ချင်းဆိုသလို ပိုပြီးအလေးအနက်ဖြစ်လာပါတော့တယ်။

” နောက်ထပ်ကိစ္စတစ်ခုလဲ ရှိသေးတယ်..မင်းတို့ရဲ့မျိုးဆက်သစ်တွေထဲမှာ ဒီကိစ္စက ကိစ္စကြီးမဟုတ်နိုင်ဘူး..ဒါပေမယ့် အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ငါရှာဖွေတွေ့ရှိထားတဲ့ ဆက်သွယ်ချက်တစ်ခုက အားလုံးအတွက် ပြဿနာဖြစ်လာလိမ့်မယ်..၀ိညာဥ်သားရဲကောင်တွေရဲ့ပြဿနာပဲ ”

ရှိနေတဲ့ကျောင်းသားခုနှစ်ယောက်စလုံး တစ်ပြိုင်နက်ထဲပြန်ပြီ မေးလိုက်မိပါတယ်။

” ၀ိညာဥ်သားရဲကောင်တွေနဲ့ ပတ်သက်တဲ့ကိစ္စလား ”

၀မ်ယန်လဲ ဆက်တိုက်ခေါင်းညိတ်နေရင်း ဆက်ပြီရှင်းပြနေခဲ့တယ်။

” ငါရည်ညွှန်နေတာက ၀ိညာဥ်သားရဲကောင်တွေရဲ့အရေအတွက်ပဲ ဒါပေမယ့် မင်းတို့အနေနဲ့ ကျောင်းတော်ထဲမှာနေတဲ့အချိန် ၀ိညာဥ်သားရဲကောင်တွေက ငါတို့သော့်လော့တိုက်မှာ သမိုင်းမတင်မီခေတ်ထဲကနေ ရောက်ရှိနေထိုင်နေတယ်ဆိုတာကို သင်ယူရမှာပါ ဒါ့အပြင် လွန်ခဲ့တဲ့နှစ်တွေတုန်းက ဒီနေရာမှာလူသားတွေဆိုတာ မရှိခဲ့ဘူး…တိုက်ကြီးတစ်ခုလုံးက ၀ိညာဥ်သားရဲကောင်တွေရဲ့ပိုင်ဆိုင်မှုတွေကြီးပဲ အဲ့ဒီလိုမင်းမို့ပြောလို့ရတယ်…လူသားမျိုးနွယ်က ၀ိညာဥ်သားရဲကောင်တွေရဲ့ တိုးတက်မှုတစ်ခုပဲလေ ဒါ့အပြင် ၀ိညာဥ်သားရဲကောင်တွေရဲ့ အသိဉာဏ်ရှိတဲ့ပုံစံပဲ ”

” အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ငါတို့လူသားတွေ ပေါ်ထွက်လို့လာခဲ့ပြီတဲ့နောက် စစချင်အချိန်ကာလတွေမှာ အတော်ကိုအားနည်းခဲ့တယ်..ဒါကြောင့် ၀ိညာဥ်သားရဲကောင်တွေက ငါတို့ကိုအစာအဖြစ်ပဲ သဘောထားကြတယ်..ဒါပေမယ့် လူသားတွေဖြစ်ပေါ်လာပြီဆိုမှတော့ ငါတို့ရဲ့တည်ရှိမှုက အကြောင်းအရင်းရှိလာပြီပေါ့ ငါတို့ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်တွေက အားနည်းကောင်းအားနည်းလိမ့်မယ်..ဒါပေမယ့် ငါတို့ရဲ့အင်အားက စဥ်းစားဆင်ခြင်နိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းတွေကတော့ မြင့်မားနေတယ် ”

” လူသားတွေရဲ့ အသိဉာဏ်တိုးတက်လာမှုက နှစ်တွေကုန်ဆုံးလာတာနဲ့အမျှ ပိုပြီးတော့ကို မြင့်မားလာတယ်..ဒါ့အပြင် ငါတို့ရဲ့မျိုးပွားနိုင်စွမ်းကြောင့်လဲ ၀ိညာဥ်သားရဲကောင်တွေ အမဲလိုက်တာခံရသရွေ့မျိုးတုန်းမဲ့အလားအလာမှာရှိမနေဘူး..ဒါ့အပြင် ငါတို့တွေရဲ့ ဉာဏ်ရည်အဆင့်အတန်းတိုးတက်လာမှုက ၀ိညာဥ်သားရဲကောင်တွေကိုအများကြီး လွှမ်းမိုးပြီတော့ မြေကမ္ဘာကိုတုန်လှုပ်ဟီးစေတဲ့ ပြောင်းလဲမှုတွေစတင်ပေါ်လာတာပါပဲ ”

” ငါတို့ရဲ့အသိပညာကြောင့် လူသားတွေက လက်နက်ကိုဖန်တီးလာကြတယ်လေ အဲ့ဒီနောက် ထောင်ချောက်တွေနဲ့ နောက်ထပ်ပစ္စည်းကိရိယာတွေအများကြီးကိုလဲ ထပ်မံထုတ်လုပ်တယ်..ရာသီဥတုနဲ့ မြေမျက်နှာအသွင်အပြင်အားသာချက်တွေကို အသုံးပြုပြီး ၀ိညာဥ်သားရဲကောင်တွေကိုပြန်ပြီ ရင်ဆိုင်တိုက်ခိုက်တယ်..ပူးပေါင်းဖို့သင်ယူခဲ့ကြသလို အတူတူအုပ်စုဖွဲ့ပြီ ၀ိညာဥ်သားရဲကောင်တစ်ကောင်ကို တိုက်ခိုက်သတ်ဖြတ်တာက လွယ်ကူစေတယ်ဆိုတာကိုလဲ နားလည်နေခဲ့တယ်..ငါတို့တွေက ၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်နိုင်တဲ့အစွမ်းအစပိုင်ဆိုင်လာကြတယ်..သူတို့တွေ အမဲလိုက်သတ်ဖြတ်တာကို မခံရတော့ဘူး..အဲ့ဒီနောက် အာဟာရတွေကလဲ ပိုပိုကြွယ်၀လာပြီ လူသားတွေကလဲ ဆက်တိုက်ဖွံ့ဖြိုးနေခဲ့တယ် ”

” အသိဉာဏ်ပညာတိုးတက်လာပြီတဲ့နောက် နောက်ထပ်ပြောင်းလဲမှုက ၀ိညာဥ်ပညာရှင်တွေရဲ့ပေါ်ထွက်လာမှုပဲ ပထမဆုံး၀ိညာဥ်ပညာရှင်က အတွင်း၀ိညာဥ်စွမ်းအားကို မတော်တဆနိုးထမိပြီ သတ်ဖြတ်ပြီသွားတဲ့ ၀ိညာဥ်သားရဲကောင်တစ်ကောင်ကနေ ၀ိညာဥ်စက်ကွင်းကို ဆွဲထုတ်ရင်းသူကိုယ်ပိုင်ခန္ဓာကိုယ်နဲ့ ပေါင်းစည်းနိုင်တဲ့ပါရမီရှင်အဆင့်ကို ရောက်ရှိခဲ့တယ်..နှစ်ပေါင်းသောင်းနဲ့ချီအောင် ပြောင်းလဲလာပြီတဲ့နောက် လူသားတွေက ၀ိညာဥ်ပညာရှင်ဖြစ်လာဖို့လိုအပ်တဲ့နည်းစနစ်တွေကို ဖြည်းဖြည်းချင်းနားလည်နေခဲ့ပြီးပြီ အဓိကအချိန်မှာ ငါတို့အနေနဲ့ လူဦးရေးတိုးပွားမှုကိုလဲ စတင်ကြုံတွေ့ရတော့တယ်..အသိပညာတွေကြောင့် ဒီလိုတည်ဆောက်ရမယ်ဆိုတာကို စတင်သင်ယူနိုင်ခဲ့ပြီ အိမ်တွေမြို့တော်တွေကို စတင်ပြီတည်ဆောက်လာနိုင်တော့တာပဲ ၀ိညာဥ်ပညာရှင်တွေရဲ့ အရေအတွက်ကလဲ လူသားတွေရဲ့တိုးတက်မှုနဲ့အတူတူ ဆက်တိုက်မြင့်မားလာခဲ့တယ် ”

” ၀ိညာဥ်သားရဲကောင်တွေ အစတုန်းက အင်အားကြီးဆဲဖြစ်ပေမဲ့ ငါတို့ရဲ့ဉာဏ်ပညာနဲ့ သင်ကြားသင်ယူနိုင်မှုအစွမ်းအစတွေကို ရင်ဆိုင်ရတဲ့အချိန်မှာတော့ တကယ်တမ်းခြိမ်းခြောက်နိုင်တဲ့ အစွမ်းအစတွေကို သူတို့ဆုံးရှုံးသွားရတယ်..နောက်ဆုံးမှာတော့ လူသားတွေက တိုက်ကြီးတစ်ခုလုံးကို အုပ်စိုးသွားခဲ့ပြီ ၀ိညာဥ်ပညာရှင်တွေကလဲ တိုက်ကြီးရဲ့လူထုတွေထဲမှာ အရေးကြီးဆုံးနဲ့ အင်အားအကြီးဆုံးတွေ ဖြစ်လာခဲ့တယ် ”

၀မ်ယန်ရဲ့ နောက်ကြောင်းပြန်ပြီးပြောပြနေခဲ့တဲ့ သမိုင်းကြောင်းဖြစ်စဥ်ကတော့ အတော်ကိုရိုးရှင်းပါတယ်။ ဒါပေမယ့် အဲ့ဒီလိုတိုးတက်လာခဲ့တဲ့ ရှင်းပြချက်က အဓိကအပြောင်းအလဲတွေနဲ့အရေးကြီးတဲ့အချက်တွေကို ထောက်ပြနေခဲ့တယ်။ အခုအချိန်မှာတော့ သူ့ရဲ့စကားလမ်းကြောင်းကို ရုတ်တရက်ပြောင်းလဲလို့သွားခဲ့ပါပြီ။

” ဒါပေမယ့် ဒီနေရာမှာမင်းတို့ကလေးတွေအနေနဲ့ ဘယ်တုန်းကမှမတွေ့မိဘူးတဲ့ ကိစ္စတစ်ခုရှိတယ်..၀ိညာဥ်သားရဲကောင်တွေကလဲ ငါတို့လူသားမျိုးနွယ်တွေရဲ့ တိုးတက်မှုနဲ့အတူတူ ဆက်တိုက်တိုးတက်နေတယ် ”

” အမှန်တကယ်ပဲ ၀ိညာဥ်သားရဲကောင်တွေက သန်းနဲ့ချီပြီရှိတဲ့အထဲမှာ ဆယ်ကောင်လောက်ကသာ အဆင့်ကျော်တိုးတက်နိုင်ပြီ ကြောက်စရာကောင်းတဲ့အ​နေအထားကို ရောက်ရှိနိုင်တယ်…လူသားတွေထဲမှာတော့ ၀ိညာဥ်ပညာရှင်တွေက လူတစ်ထောင်ထဲမှာ တစ်ယောက်သာပါနေခဲ့တယ်..အဲ့ဒီလောက်ကြီးများပြားတာတော့ မဟုတ်ဘူး..ဒါပေမယ့် ငါတို့တွေက ၀ိညာဥ်သားရဲကောင်တွေရဲ့ အမူအကျင့်တွေကို ဆက်တိုက်ဆိုသလို လေ့လာနေနိုင်တယ်..ဒါ့အပြင် သူတို့တွေကို ငါတို့ရဲ့၀ိညာဥ်စက်ကွင်းတွေနဲ့ သတ်ဖြတ်ကြတယ်..ဒါကြောင့် ပိုပြီးမြင့်မားတဲ့အဆင့်ကိုပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်သားရဲကောင်တွေကို မင်းတို့လို ငါတို့လိုလူတွေက သတ်ဖြတ်ပြီ ၀ိညာဥ်စက်ကွင်းတွေကို ရယူတယ်..ဒါ့အပြင် နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းတွေကို စပြီအသုံးပြုကြတော့တယ်..နှစ်ပေါင်းတစ်ထောင်အထိ လေ့ကျင့်ထားတဲ့ ၀ိညာသားရဲကောင်တွေကိုပဲ ပြောသေးတာနော် ဒါကြောင့် ပိုပြီးသက်တမ်းမြင့်မားတဲ့ ၀ိညာဥ်သားရဲကောင်တွေရဲ့ အရေအတွက်က တဖြည်းဖြည်းနည်းပါးသွားတော့တယ် ”

” လွန်ခဲ့တဲ့နှစ်တစ်သောင်းကာလမှာ ဒီတိုက်ကြီးတစ်ခုလုံး ၀ိညာဥ်သားရဲကောင်တွေရဲ့ စုစုပေါင်းစွမ်းအားက လူသားတွေထက်ပိုပြီး မြင့်မားနေတယ်..ဒါပေမယ့် ဒီနေ့နှစ်ပေါင်းတစ်သောင်းကို ကုန်ဆုံးသွားပြီတဲ့နောက် ၀ိညာဥ်သားရဲကောင်တွေရဲ့ စုပေါင်းစွမ်းအားက ငါတို့နဲ့မယှဥ်သာတော့ဘူး..မနေ့ကအကြောင်းအရင်းကတော့ အဆင့်မြင့်မားတဲ့၀ိညာဥ်သားရဲကောင်တွေအများကြီးက သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေဖြစ်သွားတာကြောင့်ပဲ ဒါကြောင့် မင်းတို့ကို မေးပါရစေလား နောက်ထပ်နှစ်ပေါင်းတစ်သောင်းအကြာမှာ ဘာတွေဆက်ဖြစ်လာဦးမှာလဲ တိုက်ကြီးမှာရော ဘာတွေအပြောင်းအလဲထပ်ဖြစ်လာဦးမှာလဲ သစ်တောထဲကို စိတ်ရှိတိုင်းသွားပြီ ၀ိညာဥ်သားရဲကောင်တွေကို စိတ်ရှိတိုင်းသတ်ဖြတ်နေလို့ရမလား ငါမင်းတို့ကို တိကျသေချာဖို့အဖြေတစ်ခုပေးလိုက်မယ်…အခုကနေ နောက်နှစ်ပေါင်းတစ်သောင်းအကြာမှာ ဆယ်နှစ်၀ိညာဥ်စက်ကွင်းဆိုတာကတင် အတော်ကိုရှားပါးပြီ တန်ဖိုးကြီးတဲ့အရာဖြစ်သလို သတ်ဖြတ်ခံရလိမ့်မယ်..၀ိညာဥ်သားရဲကောင်တွေရဲ့ နောက်ဆုံးကံတရားက ငါတို့လူသားတွေရဲ့လက်ပေါ်မှာ အပြည့်အ၀မူတည်နေပြီ အရင်တုန်းက ငါတို့ကို သတ်မှတ်ခဲ့သလိုပဲ သူတို့က ငါတို့အတွက် ကုန်ပစ္စည်းတွေဖြစ်လာရလိမ့်မယ် ”

” အဲ့ဒီအချိန်မှာ ၀ိညာဥ်ပညာရှင်တွေအားလုံးနီးပါးက ဆယ်နှစ်၀ိညာဥ်စက်ကွင်းတွေကိုပဲ အသုံးပြုနိုင်ကြပြီ နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းတွေဆိုရင် မရနိုင်တဲ့အရာတွေဖြစ်နေကုန်လိမ့်မယ်..အချိန်ကြလာရင်း ငါတို့ရဲ့ကိုယ်ပိုင်စွမ်းအားတွေကို အသုံးပြုကြရမှာပါပဲ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ၀ိညာဥ်လက်နက်တွေဆိုတာက လူသားတွေရဲ့ တကယ်စွမ်းအားအရင်းအမြစ်တွေဖြစ်လာကြလိမ့်မယ်..ဒါကအချိန်ရဲ့ ပြောင်းလဲမှုနဲ့ ရှောင်လွဲလို့မရနိုင်ပဲ ဒီလိုဆက်တိုက်တိုးတက်နေတဲ့ အပြောင်းအလဲဖြစ်စဥ်ကို နောက်တစ်ကြိမ်ပြောင်းလဲဖို့ကလဲ ဘာမှမလုပ်နိုင်ဘူး..မင်းတို့လဲ ဘာမှမလုပ်နိုင်ဘူး..မင်းတို့လုပ်ရမဲ့အရာက အမှန်တရားကိုလက်ခံလိုက်ဖို့ပဲ အနာဂတ်မှာ ငါတို့မျိုးဆက်သစ်တွေအနေနဲ့ ပိုမိုသန်မာလာဖို့၀ိညာဥ်လက်နက်တွေကို အသုံးပြုရမယ်..မင်းတို့အားလုံးလဲ အခုအချိန်မှာ ခေတ်စနစ်ရဲ့ပြောင်းလဲအရေးကြီးတဲ့အချိန်ကာလမှာ ရပ်တည်နေကြရတယ်..လူတစ်ယောက်ရဲ့စွမ်းရည်နဲ့လိုက်ဖက်တူညီတဲ့စွမ်းရည်ကို ရှာဖွေပြီးပြီ ပြီးပြည့်စုံတဲ့​ပေါင်းစည်းမှုလုပ်နိုင်မှသာ မင်းတို့အနေနဲ့ နောက်ကျကျန်ရစ်မနေဖို့ပဲ သန်မာတဲ့သူဖြစ်လာလိမ့်မယ် ”

ဒီစကားလုံးတွေက ၀မ်ယန်ရဲ့ စိတ်ထဲမှာရှိနေခဲ့တာ တစ်ရက်နှစ်ရက်မကပါဘူး။ နောက်ဆုံးမှာတော့ အပြင်ကိုပွင့်ထွက်လာခဲ့ပါပြီ။ သူ့ရှေ့မှာရှိနေခဲ့တဲ့ ခုနှစ်ယောက်စလုံးကတော့ စွံ့အနားမကြားတဲ့သူတွေလိုဖြစ်နေခဲ့ရာကနေ ချက်ချင်းဆိုသလို ဉာဏ်အလင်းပွင့်လာပါတော့တယ်။ သူတို့တွေရဲ့နှလုံးသားက အတော်ကို လှုပ်ခတ်သွားခဲ့ပါပြီ။

၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ ကျောင်းသားတွေဖြစ်နေခဲ့တဲ့ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ကတော့ တခြားငါးယောက်လောက် လှုပ်ခတ်မှုမကြီးမားပါဘူး။ သူတို့တွေအနေနဲ့ ၀ိညာဥ်လက်နက်တွေရဲ့ အောင်မြင်တိုးတက်လာမှုကို အစောကြီးကထဲက တွက်ချက်ပြီသားဖြစ်လို့ပါ။ ဒါပေမယ့် သူတို့ရောစိတ်မလှုပ်ရှားနိုင်ပဲ နေကြမှာလား။

၀မ်ယန်ပြောတဲ့ကိစ္စတချို့က သူတို့နဲ့အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် တချို့တစ်လေကတော့ အတော်ကို အရေးတကြီးဖြစ်နေတဲ့ ကိစ္စတွေပါပဲ။ အတော်ကိုမသက်မသာဖြစ်နေတဲ့ခံစားချက်က လူတွေကိုရိုက်ခတ်နေခဲ့ပေမဲ့ ဒီလိုအတွေးမျိုးဆိုတာက သာမန်တွေးတောဖို့မဖြစ်နိုင်တဲ့ကိစ္စတွေပါ။

၀မ်ယန်ရဲ့ဒီရှင်းပြချက်တွေက အားလုံးကို ၀ိညာဥ်လက်နက်တွေအသုံးချချင်တဲ့ အဓိပ္ပါယ်နဲ့ပြောနေမှန်းသူသိပါတယ်။ ဒါပေမယ့် အစပိုင်းကအတော်ကို ရိုးရှင်းခဲ့ပေမဲ့ နောက်ဆုံးမှာတော့ စိတ်ကိုအများကြီးကြီးမားတဲ့ရိုက်ခတ်မှုဖြစ်စေခဲ့ပါပြီ။

၀မ်ယန်က နောက်ထပ်မပြောတော့ပဲ ကလေးတွေကိုသာကြည့်နေခဲ့ပါတယ်။ ဒီကလေးတွေက အတော်ကိုနုနယ်နေခဲ့ပါတယ်။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ အနာဂတ်မျှော်လင့်ချက်တွေပါပဲ။ သူတို့တွေ တွေးတောနေတာကိုသာ သူတိတ်တဆိတ်ရပ်စောင့်လို့နေခဲ့ပါတယ်။ အားလုံးအချိန်လိုမှန်းသူသိနေခဲ့ပါတယ်။

၀မ်ယန်ရဲ့မျက်၀န်းတွေက မှောင်မိုက်နေတဲ့ကောင်းကင်ကြီးကို ခေါင်းမော့ကြည့်လိုက်ရင်း ၀မ်းနည်းမှုအရိပ်အယောင်တချို့ကို ထင်ဟပ်ပြသလို့နေခဲ့ပါတယ်။ နှစ်ပေါင်တစ်သောင်းအတွင်းမှာ တိုက်ကြီးတစ်ခုလုံးက ဘာတွေဖြစ်လာနိုင်မှာလဲ။ အဲ့ဒီအချိန်မှာ အမျက်ဒေါသကျောင်းတော်က လက်ရှိအနေအထားအတိုင်း တိုက်ကြီးတစ်ခုလုံးရဲ့ ထိပ်ဆုံးကျောင်းတော်အဖြစ်ဆက်ပြီရှိနေဦးမှာလား သေချာပေါက် တည်ရှိနေရလိမ့်မယ်။

၀မ်ယန် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းနဲ့ ပြန်ဖြေလိုက်မိပါတယ်။ အမျက်ဒေါသကျောင်းတော်က ဒီနှစ်ငါ့ကိုမွေးထုတ်ပေးခဲ့တယ်။ ဘယ်လိုပဲဖြစ်ပါစေ ထာ၀ရထိပ်ဆုံးမှာရောက်နေအောင် ငါသေချာပေါက်ကြိုးစားမယ်။ ဘယ်သူကမှ ငါတို့အမျက်ဒေါသကျောင်းတော်ကို မကျော်ဖြတ်စေရဘူး။ ငါတို့ကျောင်းတော်က အမြဲတမ်းအသန်မာဆုံးဖြစ်ရမယ်။

၀မ်ယန်ရဲ့နှလုံးသားတစ်ခုလုံးက မီးတွေလောင်ကျွမ်းနေသလို ခံစားနေခဲ့ရပေမဲ့ သူ့ရဲ့သွေးတွေကတော့ ပိုပြီးဆူပွက်နေခဲ့ပါပြီ။ ရုတ်တရက်ဆိုသလို ဒီအကြိုအဖွဲ့အနေနဲ့ ကြီးမားတဲ့စိတ်ဓာတ်ရိုက်ခတ်မှုကို ခံစားရတာက ဆိုးရွားတဲ့အရာတစ်ခုမဟုတ်ဘူးလို့ သူရုတ်တရက်ခံစားလိုက်ရပါတယ်။ အနည်းဆုံးတော့ ကျောင်းတော်ရဲ့အနာဂတ်မျှော်လင့်ချက်ကျောင်းသားခုနှစ်ယောက်စလုံးလဲ စိတ်ထဲမှာအချက်ပေးခေါင်းလောင်းသံတွေမြည်သွားခဲ့မှာပါ။ အကယ်၍ သူတို့သာ သူ့ရဲ့အကြံပြုချက်ကို လက်ခံနိုင်မယ်ဆိုရင် အနာဂတ်မှာကျောင်းတော်ကိုဦးဆောင်မဲ့သူတွေရဲ့အတွေးအခေါ်တွေကလဲ ပြောင်းလဲလို့သွားနိုင်ပါတယ်။ အနည်းဆုံးတော့ သူက မှန်ကန်တဲ့လမ်းကြောင်းကိုရှာဖွေတွေ့ရှိခဲ့ပါပြီ။

အပိုင်း ၈၂•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset