Switch Mode

Chapter – 81.3

ဖုံးကွယ်ထားသော စွမ်းအားများ

အပိုင်း ၈၁•၃

” ဖုံးကွယ်ထားတဲ့အင်အားရှင်တွေ ”
°°°
” ဒါဆိုရင် အဲ့ဒီလိုပေါ့ ”

ဟို့ယွိဟောင်လဲ အနည်းငယ်ရှက်ရွံ့သွားခဲ့မိပါတယ်။ သူက နယ်မြေတော်တော်များများမှာ ထူးချွန်ပေမဲ့ဒီလိုအရာတွေကိုတော့ လုံး၀မတွေးတတ်ခဲ့ပါဘူး။ စာအုပ်ပေါင်းတစ်သောင်းကို ဖတ်တာက မိုင်တစ်သောင်းခရီးသွားတာလောက် အသုံးမ၀င်ဘူးဆိုတဲ့ ဆိုးရိုးစကားအတိုင်းပါပဲ။ ဒါက သူ့အတွက် မပြောင်းလဲခဲ့ပါဘူး။ နောက်ဆုံးတော့လဲ လက်ရှိအချိန် သူ့ရဲ့ဘ၀မှာ တိုးတက်ဆုံးဖြစ်အောင်လုပ်နေခဲ့တာက ကျင့်ကြံဖို့အတွက်ပါပဲ။

သူ့ရဲ့အပေါင်းအဖော်တွေ အစ်ကိုကြီးတွေနဲ့ သူ့ကိုသင်ကြားပေးခဲ့တဲ့ဆရာတွေကတောင် ဒီလိုမပြီးဆုံးသေးတဲ့ ခရီးစဥ်မှာဆက်တိုက်ဆိုသလို သူ့ကိုဖိအားတွေဖြစ်စေခဲ့တယ်။ အဲ့ဒီခရီးစဥ်တစ်လျှောက်လုံးမှာ အင်အားတွေအားလုံးကိုကုန်ဆုံးစေတဲ့အထိ အသုံးပြုပြီမှသာ စိတ်အေးအေးချမ်းချမ်းနေရမှာပါ။

ဒါကလဲ အမျက်ဒေါသကျောင်းတော်ရဲ့အားသာချက်တစ်ခုပါပဲ။ အခုလိုပတ်၀န်းကျင်အခြေအနေမျိူးမှာ ဟို့ယွိဟောင်နဲ့ တခြားကျောင်းသားတွေအားလုံးကလဲ စိတ်အားတက်ကြွနေသရွေ့ အစွမ်းကုန်ရုန်းကန်ကြိုးစားရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိရှိသမျှအစွမ်းအစတွေကို တစ်လက်မလေးမှတောင် မချွင်းမချန်ပဲ ထုတ်သုံးကြမှာပါ။ အမျက်ဒေါသကျောင်းတော်အနေနဲ့ ပါရမီရှင်တွေ ရှိရုံတင်မကပဲ များပြားတဲ့ ပါရမီရှင်တွေကို ပိုင်ဆိုင်တာက ဒီအကြောင်းအရင်းကြောင့်ပါ။

ဆရာ၀မ်ယန်က သူတို့ကို လေလံပွဲဆီဘာကြောင့်များ ခေါ်လာခဲ့ရတာလဲ ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ သံသယတချို့တော့၀င်လာခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ ၀မ်ယန်က သူတို့ကို ရှင်းပြရင်းနဲ့ ပြောလာခဲ့တယ်။

” မင်းတို့တွေက တခြားကျောင်းတော်တွေ ယှဥ်ပြိုင်တာကို မမြင်ဖူးပေမဲ့ ဒီတစ်ကြိမ်ရဲ့ ပြိုင်ပွဲတွေက အရင်တစ်ခေါက်နဲ့လုံး၀ကို မတူညီသလောက်ပဲ အဓိကကွာခြားချက်ကတော့ ကျောင်းတော်တွေထဲမှာ ၀ိညာဥ်စွမ်းအားတစ်ခုထဲကို ကျင့်ကြံတဲ့၀ိညာဥ်ပညာရှင်ဆိုတာက အတော်ကိုရှားပါးပြီ ဒါ့အပြင် ကျောင်းတော်တွေ အားလုံးနီးပါးက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ၀ိညာဥ်ပညာရှင်တွေကို ပေါင်းစည်းစေပြီအသုံးချတဲ့ အခြေအနေအဆင့်အတန်းတစ်ခုဆီကို ရောက်ပြီနေပြီ ”

” ပေါင်းစည်းမှုတဲ့လား ”

ပေ့ပေ့ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။

” ဆရာ၀မ်ပြောတဲ့ ပေါင်းစည်းမှုဆိုတာ ဘာကိုဆိုလိုချင်တာပါလဲ ”

၀မ်ယန်က ပြောလာခဲ့ပါတယ်။

” တခြားကျောင်းတော်တွေထဲမှာ ပေါင်းစည်းထားတဲ့ပုံစံတွေက အမျိုးမျိုးရှိတယ်..အရိုးရှင်းဆုံးနည်းလမ်းကတော့ ၀ိညာဥ်ပညာရှင်တွေကို အပြည့်အ၀ကျင့်ကြံစေပြီ အဆုံးစွန်းအထိ အစွမ်းထက်သွားတဲ့အချိန်မှာ ၀ိညာဥ်လက်နက်တွေကို တပ်ဆင်ပေးလိုက်တာပဲ သူတို့ရဲ့ကျောင်းသားက အဲ့ဒီ၀ိညာဥ်လက်နက်ကို အသုံးပြုဖို့သင်ယူရမလဲဆိုတာ သိသွားပြီးရင် အဆင်ပြေသွားပြီ သူတို့ရဲ့၀ိညာဥ်လက်နက်တွေကို အသုံးပြုတဲ့နည်းစနစ်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်ရဲ့ နည်းလမ်းတွေလောက် သန့်စင်ပြီမကောင်းပေမဲ့ တိုက်ခိုက်ရေးစွမ်းအားကိုတော့ မြင့်တက်စေနိုင်တယ်..ဒါကြောင့် ၀ိညာဥ်စွမ်းအားတစ်ခုထဲကိုသာ အသုံးချတဲ့၀ိညာဥ်သန့်စင်ပညာရှင်တွေက ရှားသထက်ရှားလာတော့တာပဲ ”

” ဒါကငါတို့တွေပထမဆုံးထုတ်ပယ်တဲ့အချိန်မှာမြင်ခဲ့ဖူးတဲ့အတိုင်းပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ ရွှေရောင်လမ်းကိုထုတ်သုံးလိုက်တဲ့အချိန် ငါတို့ရဲ့ ပြိုင်ဘက်မှာလဲ ခုခံရေးအမျိုးအစား၀ိညာဥ်လက်နက်တွေ ရှိနေခဲ့ကြတယ်..ဒါကိုသာ သူတို့၀တ်မထားခဲ့ဘူးဆိုရင် သေချာပေါက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်တယ်..ဒါပေမယ့် ဒီနှစ်ပြိုင်ပွဲရဲ့တော်တော်များများမှာ အကုန်လုံးက အဲ့ဒီလိုအခြေအနေဖြစ်နေခဲ့ကြပြီ ဒါ့အပြင် ကျောင်းသားတွေအားလုံးနီးပါးကလဲ ၀ိညာဥ်လက်နက်တစ်ခုဆီရှိကြတယ်…တချို့အားကောင်းတဲ့ကျောင်းတော်တွေဆိုရင် သူတို့တွေက ကိုယ်ပိုင်၀ိညာဥ်လက်နက်တည်ဆောက်ရေး ကျောင်းတော်တွေကိုတောင် ထူးထောင်ထားပြီးပြီ ကိုယ်ပိုင်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို လေ့ကျင့်ထားရုံတင်မကပဲ တခြား၀ိညာဥ်ပညာရှင်တွေအတွက် သင့်တော်တဲ့၀ိညာဥ်လက်နက်တွေကို ဆက်တိုက်ထုတ်လုပ်စေရင်း အားလုံးရဲ့ပေါင်းစည်းစွမ်းအားကို ကြောက်စရာကောင်းတဲ့ အပြောင်းအလဲဖြစ်ပေါ်စေတယ်..အသုံး၀င်နိုင်တာမဟုတ်ပဲ ငါမင်းတို့ကို ဥပမာတစ်ခုပြောပြရင်းနားလည်မှာပါ..ငါတို့က နန်နန်လိုမျိုး အမြန်နှုန်းအမျိုးအစားအသုံးပြုတဲ့၀ိညာဥ်ပညာရှင်ကို အရှိန်မြင့်ပေးတဲ့ ၀ိညာဥ်လက်နက်တစ်ခုပေးပါဆို့ အကယ်၍ ဒါကိုလွှတ်လွှတ်လပ်လပ်အသုံးပြုနိုင်တယ်ဆိုရင် ဘာဖြစ်သွားမလဲထင်လဲ တစ်ချိန်ထဲမှာပဲ သူ့ကိုခုခံတဲ့နေရာမှာရှိနေတဲ့ အားနည်းချက်ကို ဖယ်ရှားနိုင်ဖို့အတွက် ခုခံရေးအမျိုးအစား၀ိညာဥ်လက်နက်တွေကို ပြင်ဆင်ပေးထားရင်း အသက်ကယ်ဖို့လုပ်ထားပေးမယ်..ဒါဆိုရင် သူလဲ စိုးရိမ်စရာပဲ စွမ်းအားအပြည့်အ၀ထုတ်သုံးနိုင်တော့မှာမဟုတ်ဘူးလား ”

” ငါးနှစ်အတွင်းမှာ ပြိုင်ပွဲကြီးကဒီလောက်တောင် ပြောင်းလဲသွားမယ်လို့ ငါမတွေးထားခဲ့မိဘူး…တကယ်တော့ ဒီကိစ္စတွေက လွန်ခဲ့တဲ့ဆယ့်စုနှစ်တွေကထဲက စတင်နေခဲ့တာလို့ပြောရင်း ပိုတိကျမှာပါလက်ရှိအချိန်မှာ ၀ိညာဥ်ကျောင်းတော်တွေက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို အများကြီးပိုပြီး မွေးထုတ်ပေးလာနိုင်တာတစ်ခုပဲ ငါတို့နဲ့တူညီနေတာကတော့ သူတို့တွေအနေနဲ့ ၀ိညာဥ်လက်နက်တွေကို အသုံးပြုတာက ဂုဏ်သတင်းကိုလျော့ကျစေတယ်လို့ ခံစားကြရတယ်…ဒါပေမယ့် အခုအချိန်မှာ အချိန်ဆိုတာက ငါတို့နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ပြောင်းလဲသွားပြီလေ လွန်ခဲ့တဲ့ပြိုင်ပွဲတွေမှာ ၀ိညာဥ်လက်နက်တွေကို အသုံးပြုတဲ့ ကျောင်းတော် တော်တော်များများက ပိုပြီးကောင်းတဲ့ရလဒ်တွေကို ရရှိကြတယ်..ဒီလိုမျိုးအဆုံးမသတ်သေးတဲ့ ပြောင်းလဲမှုတွေက တခြား၀ိညာဥ်ကျောင်းတော်တွေရဲ့ စဥ်းစားတဲ့ပုံစံကို ပြောင်းလဲသွားစေခဲ့တယ်လေ ငါကဒါကိုတွေးခဲ့မိပေမဲ့ ဒီနှစ်ပြိုင်ပွဲကြီးမှာသူတို့တွေကအပြည့်အ၀ ဒီလောက်အထိ အင်အားမျှလာလိမ့်မယ်လို့မထင်ထားခဲ့မိတာတစ်ခုပဲ ပထမဆုံးရှုံးထွက်ပွဲစဥ်တွေရဲ့ ပြိုင်ပွဲမှာ ကျောင်းတော်တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးက ၀ိညာဥ်လက်နက်တွေကို ပြင်ဆင်လာခဲ့ပြီးပြီ ဒါ့အပြင် အဲ့ဒီလိုအတွေ့အကြုံမျိုးနဲ့ နောက်တစ်ခေါက်ပြိုင်ပွဲမှာ ရှိရှိသမျှကျောင်းတော်တွေအားလုံးက သူတို့ရဲ့ ကျောင်းသားတွေကို ၀ိညာဥ်လက်နက်အပြည့်အ၀တပ်ဆင်ပေးထားမှာကိုတောင် ငါစိုးရိမ်မိတယ် ”

ရှုစန်းရှီ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။

” သူတို့တွေက ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့ ဂုဏ်ကျက်သရေကိုမေ့လျော့သွားပြီပဲ ၀ိညာဥ်ပညာရှင်တွေရဲ့ကြားရှိနေတဲ့တိုက်ပွဲက သန့်စင်ရမယ်မဟုတ်လား လက်ရှိဘ၀မှာ အားအကိုးရဆုံးလက်နက်က လေ့ကျင့်ထားတဲ့စွမ်းအားပဲလေ ဒါကအယုံကြည်ရဆုံးလက်နက်ပဲ ၀ိညာဥ်လက်နက်ဆိုတာကတော့ ပြင်ပပစ္စည်းတစ်ခုမဟုတ်လား ”

” မင်းပြောတာမမှားဘူး ”

ဆရာ၀မ်ယန်က ဆက်ပြောလာခဲ့ပါတယ်။

” စန်းရှီရဲ့ တွေးတဲ့နည်းလမ်းက အထက်ကိုရောက်နေတဲ့ ကျောင်းတော်တော်တော်များများအတွက်တော့ အတူတူလောက်ပဲ ဒါ့အပြင် ၀ိညာဥ်လက်နက်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးနေတဲ့ အကြောင်းအရင်းလဲဖြစ်နေတယ်..ဒီနှစ်ပွဲစဥ်တွေကို ငါဆက်တိုက်လေ့လာပြီတဲ့နောက် ငါတို့အနေနဲ့ မပြောင်းလဲတဲ့အခြေအနေကိုရောက်နေပြီလို့ ပြောရမယ်..ဒါ့အပြင် ဒီကိစ္စက သေချာပေါက် ချက်ချင်းလုပ်ဆောင်နေတဲ့ကိစ္စပဲ ငါတို့တွေ ပြိုင်ပွဲပြီလို့ကျောင်းတော်ကိုပြန်ရောက်တာနဲ့ ဒီကိစ္စကိုကျောင်းတော်ဆီ တင်ပြလိမ့်မယ် ”

” ၀ိညာဥ်လက်နက်တွေက ငါတို့၀ိညာဥ်ပညာရှင်တွေထက် အသုံးအ၀င်ဆုံးလက်နက်တွေ ဖြစ်လာခဲ့ပြီလေ ဒါက အချိန်ရဲ့ ထုတ်လွှတ်ပေးတဲ့ပစ္စည်းတစ်ခုပဲ အကယ်၍ ငါတို့သာ အချိန်နဲ့အမျှ မတိုးတက်လာဘူးဆိုရင် အချိန်ကလဲ ငါတို့ကို ဆေးကြောပြစ်လိမ့်မယ်..ငါတို့အမျက်ဒေါသကျောင်းတော်ရဲ့အခြေခံကနက်ရှိုင်းလွန်မှန်တယ်..ဒါပေမယ့် အဲ့ဒီနက်ရှိုင်းတဲ့အခြေခံက ဘယ်လောက်များများ အားသာချက်ရနိုင်မလဲ မင်းတို့တွေက နောင်တက်လာမဲ့အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်မျိုးဆက်သစ်တွေ ဒါကြောင့် မင်းတို့အနေနဲ့ ဦးဆောင်ပြီပြောင်းလဲဖို့မျှော်လင့်ပါတယ်…မင်းတို့ကို ဒီနေရာခေါ်လာတာ အကြောင်းအရင်းရှိတယ်..ဒီနေရာမှာ ဒီနေ့၀ိညာဥ်လက်နက်လေလံပွဲတွေရှိတယ်…ဒါကြောင့် မင်းတို့အနေနဲ့ ကျောင်းတော်မှာဦးဆောင်ပြီပုံစံပြပေးပါ ငါမင်းတို့ကို ဖိအားမပေးပါဘူး…ဒီလိုဖိအားပေးနိုင်ဖို့လဲ အစွမ်းအစမရှိပါဘူး ဒီနေရာမှာရှိနေတဲ့ ဘယ်သူကမှ လေလံအိမ်ထဲကိုမ၀င်ချင်ဘူးဆိုရင် ပြန်လို့ရပါပြီ ”

၀မ်ယန်ရဲ့အကြည့်က နားလည်ပေးနိုင်တဲ့ပုံစံပေါ်သွားခဲ့ပါတယ်။ သူလဲ အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးအခြေခံကို ကောင်းကောင်းသိပေမဲ့ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်က အမြဲတမ်းသူတို့ကို ဖိနှိမ့်လို့ထားခဲ့တာပါ။ ရလဒ်အနေနဲ့ သူတို့က အပြည့်အ၀မတိုးတက်နိုင်သေးပါဘူး။

သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့အတွင်းနယ်​မြေထဲမှာကတော့ တပည့်သားတွေအားလုံးက ထိပ်တန်းတွေရဲ့အပေါ်ဆုံးမှာရောက်နေခဲ့ပါပြီ။ ဒါပေမယ့် ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေကတော့ရောဘယ်လိုလဲ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေမှာလဲ အတွင်းတပည့်သားတွေရှိပေမဲ့ အဆုံးအစွန်းအထိ ပြီးမြောက်တဲ့ကျောင်းသားတွေက ကျောင်းတော်ကို ဂုဏ်သတင်းတိုးတက်အောင်မလုပ်ပေးနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရိုးရာဓလေ့ထုံစံတွေရဲ့ ဖိအားပေးမှုကြောင့်ပါပဲ။ ဒီဖိအားပေးမှုက ကျောင်းတော်အတွက် အကြီးမားဆုံးအတားအဆီးဖြစ်နေခဲ့ပါတယ်။

ခုနှစ်ယောက်စလုံးကလဲ တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ အားလုံးကလဲ စိတ်ထဲမှာအတော်ကို စဥ်းစားလို့နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ၀မ်ယန်ရဲ့ပြောစကားကိုအပြည့်အ၀လက်ခံပေးမဲ့သူက နှစ်ယောက်ပဲရှိတာကို ၀မ်ယန်သိနေခဲ့တယ်။ ဒါကတော့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေကအတွင်းတပည့်သားဖြစ်တဲ့ ဟယ့်ချိုက်ထို့နဲ့ ဟို့ယွိဟောင်တို့ပါပဲ။ တခြားငါးယောက်ကရော ဘယ်လိုအခြေအနေရှိလဲ သူတို့ကရော ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ အဓိကတပည့်သားတွေပါ။ အကယ်၍ သူတို့သာပြိုင်ပွဲထဲမှာ ၀ိညာဥ်လက်နက်တွေကိုအသုံးပြုရွေးချယ်ခဲ့မယ်ဆိုရင် ဒါက ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်ဖြစ်သွားခဲ့ပါပြီ။ ဒီကလေးတွေက သိပ်ပြီအသက်မကြီးသေးပေမဲ့ ကျောင်းတော်ထဲမှာခိုင်ခိုင်မာမာရပ်တည်နိုင်တဲ့သူတွေကြီးပါပဲ။ သူတို့ထဲမှာ ဘယ်သူကများပါရမီရှိတဲ့သူမဟုတ်ဖြစ်နေရတာလဲ။ ၀မ်ယန်အနေနဲ့ ဒီလိုကလေးတွေရဲ့ အတွေးအခေါ်ကိုမခန့်မှန်းနိုင်တာအမှန်ပါ။

ဒါပေမယ့် ၀မ်ယန်က သူတို့ကိုနောင်တမရအောင် ကိုယ်ပိုင်အဆုံးအဖြတ်ခွင့်ပြုပေးထားခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ သူတို့ကို၀ိညာဥ်လက်နက်တွေ အသုံးပြုစေဖို့ဒီလိုဖြောင်ဖျတာလဲ ဖြစ်သလို သေချာပေါက် နောက်ဆုံးဖြစ်မှာတော့ မဟုတ်ပါဘူး။ သိုင်းပညာ၀ိညာဥ်တွေကို လေ့လာတဲ့သူ့ရဲ့လေ့လာချက်တွေက ပိုခိုင်မာလာလေလေ ၀ိညာဥ်ပညာရှင်တွေရဲ့ အနာဂတ်တိုးတက်လာမှုအတွက် လိုအပ်ချက်နဲ့ စွန့်စားမှုတွေကို ပိုမြင်သာလာလေပါပဲ။

” ကောင်းပြီလေ ဒါဆိုရင် အရင်ဆုံးဘက်ခွဲလိုက်ရအောင် ”

၀မ်ယန်က လေလံအိမ်ရဲ့ ထောင့်တစ်ထောင့်ဆီကို ခေါ်သွားပြီပြောလိုက်ပါတယ်။ ဒါမှသာ လမ်းသွားလမ်းလာတွေကို ပိတ်မနေမှာပါ။

၀မ်ယန်လဲ အသက်ပြင်းပြင်းရှုသွင်းရင်းသူ့ဘေးနားမှာရှိတဲ့ လူတွေကိုကြည့်ရင်း ပြောပါတော့တယ်။

” ငါသိပါတယ်..မင်းတို့အားလုံးမှာ မတူညီတဲ့အတွေးအခေါ်တွေရှိတယ်..အတော်များများကတော့ ဒီကိစ္စကို ငြင်းပယ်ကြမှာပဲ ငါတစ်ကြိမ်ပြောပါရစေလား ဒီတစ်ခေါက်ပြိုင်ပွဲမှာ ငါတို့တွေရဲ့လက်ရှိအခြေအနေက ဘာကြောင့်များတွေးထားသလိုဖြစ်မလာခဲ့တာလဲ ဒါက ငါတို့ရဲ့ တာ၀န်ထမ်းဆောင်မှာကြီးမားတဲ့ အမာရွတ်ဖြစ်ခဲ့တာကြောင့်ပါပဲ အဓိကအဖွဲ့သားတွေရဲ့ သေဆုံးမှုနဲ့ ပြင်းထန်တဲ့ဒဏ်ရာတွေက အကြိုအဖွဲ့ကို ပြိုင်ပွဲ၀င်ရဖို့ဖြစ်လာစေခဲ့တယ်…ဒါပေမယ့် မင်းတို့တွေ ဒီအကြောင်းအရာကို တွေးခဲ့ဖူးလား အကယ်၍ အဓိကအဖွဲ့မှာသာ ၀ိညာဥ်လက်နက်ရှိခဲ့တယ်ဆိုရင် ဘယ်လိုဖြစ်မလဲ သူတို့တွေရဲ့အခြေအနေကရော ဘယ်လိုဖြစ်သွားမလဲ ”

” အဓိကအဖွဲ့ရဲ့ လူခုနှစ်ယောက်ထဲမှာ အားလုံးက ၀ိညာဥ်ဘုရင်တွေနဲ့ ပိုသန်မာတဲ့သူတွေကြီးပါပဲ နောက်တစ်နည်းပြောရမယ်ဆိုရင် သူတို့တွေကို ငါအဆင့်ငါး အဆင့်ခြောက်၀ိညာဥ်လက်နက်တွေ တပ်ဆင်ပေးထားသင့်တယ်….ငါမင်းတို့ကို ဥပမာကြီးတစ်ခုခုပေးပြမယ်.. အကယ်၍ သူတို့မှာသာ ခုခံရေး၀ိညာဥ်လက်နက်တွေ ရှိနေခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ အားလုံးမှာသန်မာတဲ့တိုက်ခိုက်ရေးအင်အားရှိပြီသားဖြစ်တာကြောင့် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ပဲ အလိုအပ်ဆုံးဖြစ်နေမှာပါ ချိုက်ထို့ မင်းက ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ကျောင်းသားတစ်ယောက်ပါ ဒါ့အပြင် ဖန်းယွီရဲ့အတွင်းတပည့်သားလဲ ဖြစ်နေခဲ့တယ်..အားလုံးကိုပြောပြလိုက် အလောင်းတွေရဲ့ပေါက်ကွဲမှုမှာ ငါတို့အနေနဲ့ ခုခံရေး၀ိညာဥ်လက်နက် ရှိနေလို့ကတော့ အခြေအနေတွေက ပြောင်းလဲသွားလိမ့်မယ် “‘

ဟယ့်ချိုက်ထို့က တစ်ချက်လေးတောင် မတွေးဝေပဲ ပြန်ဖြေလိုက်ပါတယ်။

“‘သေချာပေါက် လုံး၀ပြောင်းလဲသွားမှာပေါ့ အလောင်းတွေရဲ့ပေါက်ကွဲမှုတွေက အဆင့်ခြောက်၀ိညာဥ်လက်နက်ကာကွယ်ရေးကို လုံး၀ထုတ်ဖော်နိုင်မှာမဟုတ်ဘူး..ဒါ့အပြင် အဆင့်ငါး၀ိညာဥ်လက်နက်ကလဲ သူတို့ကို ထိခိုက်ခြောက်ဆယ်ရာခိုင်နှုန်းအထိ လျော့ကျစေလိမ့်မယ်…ဒါ့အပြင် အခုခံစားနေရတဲ့ ဒဏ်ရာတွေထက်တောင် အများကြီးပိုပြီးသက်သာသွားဦးမယ် ”

သူပြောချိန်မှာပဲ အားလုံးရဲ့စိတ်ခံစားချက်တွေက ပြောင်းလဲလာပါတော့တယ်။ အမှန်ပါပဲ အကယ်၍ သူတို့မှာသာ ခုခံရေး၀ိညာဥ်လက်နက်တွေရှိနေခဲ့မယ်ဆိုရင် ဒီလိုအဖြစ်ဆိုးကြီးက ကြုံတွေ့ခဲ့ရမှာမဟုတ်ပါဘူး။ ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် သူတို့အနေနဲ့လဲ ပြိုင်ပွဲထဲမှာ ကြိုတင်ခန့်မှန်းလို့မရတဲ့ကိစ္စတွေကို ကြောက်ရွံ့နေရဦးမှာလား။

၀မ်ယန်က သက်ပြင်းချရင်းပြောလာခဲ့ပါတယ်။

” ကလေးတို့ငါရဲ့အသက်အရွယ်နဲ့ မင်းတို့ကိုရည်ရွယ်ပြီ ဒီကိစ္စနဲ့ပတ်သက်ပြီပြောလို့ရမယ်ထင်လား မင်းတို့အားလုံးက ကျောင်းတော်ရဲ့ တန်ဖိုးထားရဆုံးရတနာတွေကြီးပါပဲ တစ်ချိန်ထဲမှာပဲ ကိုယ်ပိုင်မိသားစုအသီးအသီးရဲ့ တန်ဖိုးအရှိဆုံးပါရမီရှင်တွေလဲ ဖြစ်နေခဲ့တယ်…ဒါပေမယ့် ပါရမီရှင်တစ်ယောက်သေဆုံးပျောက်ကွယ်သွားခဲ့တာက ပါရမီရှင်တစ်ယောက်ကို မွေးမြူးထားရတာထက် အများကြီးပိုပြီးတော့ လွယ်ကူတယ်..ယောင်ဟောက်ရွှမ်နဲ့ တခြားသူတွေကလဲ ပါရမီရှင်တွေပဲမဟုတ်လား ယောင်ဟောက်ရွှမ်ဆိုရင် သူ့ရဲ့အဆင့်ထက် တစ်ဆင့်ပိုမြင့်တဲ့ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းမြိုချပြီ ဖောက်ခွဲစေနိုင်တဲ့အစွမ်းအစတောင် ရှိသေးတယ်…ဒါတောင်မှ အချိန်တချို့မှာ ကူကယ်ရာမဲ့သွားခဲ့ရတာပဲ ထိန်းချုပ်ရေးပညာရှင်တွေထဲမှာ ပါရမီရှင်လို့တောင်ပြောလို့ရနိုင်တယ်..ဒါ့အပြင် လက်ရှိအချိန် သူတို့က အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်မျိုးဆက်တွေလေ အခုတော့ အဆုံးသတ်မှာ ဘာတွေဖြစ်သွားခဲ့ပြီလဲ သူတို့တွေဘယ်လောက်ပဲ ပါရမီရှိကြပါစေ မတော်တဆမှုကိုတော့ မရှောင်ရှားနိုင်ခဲ့ဘူးမဟုတ်လား ဒါပေမယ့် ၀ိညာဥ်လက်နက်တစ်ခုသာ သူတို့မှာရှိနေခဲ့မယ်ဆိုရင် အဲ့ဒီမတော်တဆမှုရဲ့ ဖြစ်နိုင်ချေကိုအများကြီးလျော့ချပေးလို့ရတယ် ”

” ၀ိညာဥ်လက်နက်တွေရဲ့ အသုံး၀င်ပုံကို မင်းတို့မြင်ဖူးခဲ့ပြီးပြီပဲ ပျံသန်းရေး၀ိညာဥ်လက်နက်တွေအကြောင်းကို မှတ်မိကြတယ်မဟုတ်လား မင်းတို့သာမရှိဘူးဆိုရင် မင်းတို့ရဲ့အစောင့်အရှောက်တာ၀န်ကို ပြီးမြောက်အောင်မြင်ပြီတဲ့နောက် ဒီနေရာကိုအချိန်အတိုအတွင်း ရောက်လာနိုင်ပါ့မလား ငါတို့ကျောင်းတော်ရဲ့ အကြီးအကဲရွှမ်က အမြင့်ဆုံးအရှိန်နှုန်းကိုအသုံးပြုနေမယ်ဆိုရင်တောင် အသုံးပြုနိုင်နေတာတောင် သူ့အနေနဲ့လဲ ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်ရဲ့အထောက်အပံ့ကို ရယူနိုင်ရသေးတယ် အကြီးအကဲရွှမ် အသုံးပြုတဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်က အဆင့်ရှစ်တစ်ခုပဲ လက်ရှိအချိန် ငါတို့ကျောင်းတော်ထဲမှာ မသန်မာဆုံးအဆင့်လဲဖြစ်နေသေးတယ်..ဒါဆိုရင် အဆင့်ကိုး အဆင့်တစ်ဆယ်၀ိညာဥ်လက်နက်တွေဆိုရင် ဘယ်လိုဖြစ်သွားလိမ့်မလဲ ”

အပိုင်း ၈၁•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset