အပိုင်း ၈၁•၂
” ဖုံးကွယ်ထားတဲ့ စွမ်းအားရှင်တွေ ”
°°°
” ငါတို့က ငယ်ရွယ်သေးတယ်လေ ဒါကြောင့် ကျောင်းတော်က ငါတို့ကို နောက်ပြိုင်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်စေချင်တာ ဒါကြောင့်သာ ပုံမှန်အခြေအနေမှာစွမ်းအားအကုန်လုံးကို ထုတ်မသုံးဖို့ သေချာတောင်းဆိုခဲ့တာပဲ ဒါပေမယ့် လက်ရှိအချိန်မှာ ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာအတွက် လုံး၀ကို ဆက်ပြီဖုံးကွယ်နေလို့ မဖြစ်တော့ဘူး..လာမဲ့ပြိုင်ပွဲနှစ်ပွဲမှာ အကယ်၍ ငါတို့သာ ၀ိညာဥ်ဘုရင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ အနိုင်ရဖို့အတော်ကို ခက်လိမ့်မယ် ”
သူ့စကားကိုကြားပြီချိန်မှာတော့ အားလုံးလဲ တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြပါတော့တယ်။ အမှန်တကယ်ပါပဲ သူတို့အနေနဲ့ ကျောင်းတော်ကိုယ်တိုင်ကနေ ရွေးချယ်ထားသူဖြစ်တာကြောင့် သေချာပေါက် ရင်ဆိုင်ဖို့လွယ်ကူမဲ့တဲ့သူမဟုတ်ပါဘူး။ ၀မ်သုန့်က ရှုစန်းရှီကိုကြည့်ရင်း ပြောလိုက်ပါတယ်။
” အစ်ကိုကြီးရှု ကျွန်တော်တစ်ခုမေးလို့ရမလား ကျွန်တော်တို့ရဲ့ ဒီနေ့ပြိုင်ပွဲမှာအစ်ကိုကြီးစွမ်းအားဘယ်လောက်အသုံးပြုထားတာလဲ ”
ရှုစန်းရှီက တခဏတာ စဥ်းစားရင်းပြောလိုက်ပါတယ်။
” သုံးဆယ်ကနေ လေးဆယ်ရာခိုင်နှုန်းလောက်ကပေါ့ အမှန်တကယ်တော့ ဆရာ၀မ်ယန်ရဲ့ တွက်ချက်မှုက မှားယွင်းနေတယ်..ငါက ငါရဲ့ စွမ်းအားအပြည့်အ၀ကို ပေ့ပေ့နဲ့အတူတူအလုပ်လုပ်မှသာ ထုတ်ဖော်နိုင်တာ ငါတို့တွေက အစောကထဲက စုံတွဲတွေပဲလေ ”
” မင်းပြောတဲ့အချိန်မှာ အနှောင့်အသွားမလွှတ်မပြောစမ်းပါနဲ့ ”
ပေ့ပေ့က ဖြတ်ပြီပြောပါတော့တယ်။
” ဘယ်သူက မင်းနဲ့စုံတွဲဖြစ်ချင်လို့လဲ ငါတို့တွေက ညီနောင်တွေလေ ရှင်းရှင်းလင်းလင်းပြောစမ်း ”
ရှုစန်းရှီက နှုတ်ခမ်းတွေတွန့်သွားပါတော့တယ်။
” ငါဘယ်သူကိုကြိုက်နေလို့လဲ မင်းမသိလို့များလား ဒီအစ်ကိုကြီးက ကျန်းနန်နန်ကိုပဲ လုံး၀သဘောကျတာ ”
အဲ့ဒီနောက် သူ့ရဲ့အကြည့်က ကျန်းနန်နန်ဘက်ကို လှည့်သွားပါတော့တယ်။
ဒါပေမယ့် ကျန်းနန်နန်ကတော့ သူ့ကို တစ်ချက်လေးတောင် မကြည့်ခဲ့ပါဘူး။ သူမက ရှောင်းရှောင်းရဲ့ဘေးမှာသာ ရှိနေခဲ့ပြီ လက်ကိုဝှေ့ရမ်းလိုက်ချိန်မှာကတော့ အစောပိုင်းပြိုင်ပွဲမှာက သူသုံးနေခဲ့တဲ့ ကပ်ကြေးတွေပေါ်လာပါတော့တယ်။
အင်အားရဲ့သုံးဆယ်လေးဆယ်ရာခိုင်နှုန်းတဲ့လား သူတို့တွေအားလုံးက ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တွေပါ။ ဒါပေမယ့် ရှုစန်းရှီက ဘယ်လောက်အထိ သန်မာနေခဲ့ပြီလဲ ဒါ့အပြင် ပေ့ပေ့ကလဲ သူ့ရဲ့တကယ်စွမ်းအား အစစ်အမှန်ကို ဖုံးကွယ်ထားတယ်လို့ ဆိုလိုနေသေးပါတယ်။ ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်အနေနဲ့ သူတို့ရဲ့အကြိုအဖွဲ့က အရင်ကမြင်နေခဲ့ရသလိုမျိုး အားမနည်းဘူးလို့ ထင်လာပါတော့တယ်။
ဟို့ယွိဟောင်က မေးလိုက်ပါတယ်။
” အစ်ကိုကြီးပေ့ ဆရာ၀မ်က အစ်ကိုကြီးတို့အကြောင်းကိုသိလား ”
ပေ့ပေ့က ခေါင်းခါလိုက်ပါတယ်။
” ဆရာ၀မ်မသိဘူး ဒါက လျှို့၀ှက်ချက်ထဲမှာတောင် အတော်လေး မြင့်မားတဲ့လျှို့၀ှက်ချက်အဖြစ် ကျောင်းတော်ထဲမှာသတ်မှတ်ခံထားရတယ်…ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အကြီးအကဲတွေနဲ့ ကျောင်းတော်နှစ်ခုရဲ့ ကျောင်းအုပ်တွေပဲသိတယ်..ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အကြီးအကဲတွေက ငါတို့ကျောင်းတော်ထဲမှာ အမြင့်မားဆုံးအာဏာကို ပိုင်ဆိုင်ထားတဲ့သူတွေပဲ ဒါ့အပြင် ဇာတ်လမ်းတွေအရတော့ ပင်လယ်နတ်ခန်းမဆောင်ရဲ့ တကယ်အရှင်သခင်က ငါတို့ကျောင်းတော်ရဲ့ နံပါတ်တစ်ပညာရှင်တစ်ယောက် သူတစ်ယောက်ထဲကသာ ပင်လယ်နတ်ဘုရားခန်းမဆောင်ကို ကြည့်ရှု့စောင့်ရှောက်ပြီကာကွယ်နိုင်တယ်..ငါတို့တောင် သူ့ပုံစံကိုတစ်ခါမှမမြင်ဖူးသေးဘူး ”
” အကြီးအကဲရွှမ်ထက်တောင် သန်မာတယ်လား ”
ဟို့ယွိဟောင်က အထိတ်တလန့် မေးလာခဲ့ပါတယ်။ သူမှတ်မိသလောက်အရဆိုရင် သူတို့နဲ့အတူတူ တွဲသွားတွဲလာလုပ်နေခဲ့တဲ့ အကြီးအကဲရွှမ်က မြင်ဖူးသမျှထဲမှာ ကြောက်စရာအကောင်းဆုံးပညာရှင်တစ်ယောက်ပါ။ ဒါ့အပြင် သူဒေါသထွက်လာတဲ့အချိန် ထုတ်လွှတ်တဲ့ကပ်ဆိုးဆယ်စမ်းစွမ်းအားတွေကလဲ မယုံနိုင်လောက်တဲ့အနေအထားကို ရောက်နေခဲ့ပါပြီ။
ပေ့ပေ့က ပုခုံးတွန့်ရင်း ပြုံးပြလိုက်ပါတယ်။
” အကြီးအကဲရွှမ် အစောပိုင်းတုန်းက ပြောခဲ့တယ်မဟုတ်ဘူးလား သူတို့က ငါတို့ရဲ့ အမျက်ဒေါသအစောင့်အရှောက်တွေရဲ့ ခေါင်းဆောင်လေ လက်ထောက်ခေါင်းဆောင်ပြီရှိပြီဆိုမှတော့ သေချာပေါက် ခေါင်းဆောင်လဲ ရှိပြီပေါ့ ငါတို့ရဲ့ခေါင်းဆောင်က ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့သခင်ပဲ အခုအချိန်အထိသာ သူတိုက်ခိုက်တာကို ဘယ်သူမှမမြင်ဖူးတာပဲရှိတယ် ”
ပေ့ပေ့ပြောတာကို နားထောင်ပြီတဲ့နောက် ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့လဲ အရာအားလုံးကို နားလည်သွားပါတော့တယ်။ သူတို့က ကျောင်းတော်ကိုအတော်လေး ဘာမှမသိပဲဖြစ်နေတာပါ။ မမျှော်လင့်ထားနိုင်လောက်အောင်ပဲ အတွင်းနယ်မြေထဲမှာ ပင်လယ်နတ်ဘုရားခန်းမဆောင်ဆိုတဲ့ နေရာကြီးတစ်ခုက ရှိနေခဲ့ပါတယ်။ ပေ့ပေ့ပြောသလောက်အရဆိုရင် အဲ့ဒီနေရာရဲ့ လွှမ်းမိုးမှုက ကျောင်းအုပ်တွေထက်တောင် ပိုကြီးမားနေပုံပါပဲ။
ပေ့ပေ့က ပြောလိုက်တယ်။
” မင်းတို့တွေ အများကြီးတွေးနေဖို့မလိုဘူး ငါတို့တွေက အင်အားကို ဖုံးကွယ်ထားပေမဲ့ အများကြီးမဖုံးကွယ်ထားပါဘူး..နောက်ဆုံးတော့လဲ ငါတို့တွေက ၀ိညာဥ်ဘိုးဘေးတွေပဲလေ ပြိုင်ပွဲထဲမြင်လာမှာပါ ဆရာ၀မ်ရဲ့ နည်းလမ်းအတိုင်း လိုက်ပြီတော့သာ လုပ်ကြတာပေါ့ အကယ်၍ ငါတို့သာ နှစ်ယောက်နှစ်ယောက် သုံးယောက်သုံးယောက်တိုက်ပွဲတွေမှာ ရင်ဆိုင်ရမယ်ဆိုရင် မသန်မာဆုံးပြိုင်ဘက်တွေကို ရင်ဆိုင်ဖို့အတွက် စန်းရှီနဲ့ ငါက ပူးပေါင်းပြီတိုက်ခိုက်မှရလိမ့်မယ်..တခြားတစ်ဖက်မှာ အဖွဲ့အပြောင်းအလဲတွေလဲရှိနိုင်နေတယ်..နန်နန် အကယ်၍ မင်းသာ ချိုက်ထို့နဲ့အတူတူတွဲပြီ တိုက်ခိုက်လို့ကတော့ ဘယ်လိုအခြေအနေဖြစ်လာမလဲ ”
တစ်ချက်လေးတောင် တွေဝေမနေပဲ ကျန်းနန်နန်က ပြန်ဖြေလာလိုက်ပါတယ်။
” လူတစ်ယောက်နဲ့ကလွဲပြီ ဘယ်သူနဲ့ပဲပေါင်းပြီ တိုက်ခိုက်ရတိုက်ခိုက်ရ အဆင်ပြေတယ် ”
ရှုစန်းရှီက ချက်ချင်းစကားဖြတ်ပြောပါတော့တယ်။
” ငါသိတာပေါ့ သေချာပေါက် မင်းပေ့ပေ့လိုကောင်မျိုးနဲ့ လုံး၀တွဲဖက်ချင်မှာမဟုတ်ဘူး…ပေ့ပေ့ ငါကနန်နန်နဲ့အတူ တိုက်ခိုက်တဲ့အချိန်မှာ ပိုပြီးကောင်းတယ်လို့မထင်ဘူးလား တခြားသူနဲ့ မင်းတွဲပြီတိုက်ခိုက်လို့ရတာပဲ ”
ကျန်းနန်နန်က ဒေါသထွက်လာပါတော့တယ်။
” တုံးချင်ယောင်ဆောင်မနေနဲ့ ငါပြောတဲ့ကောင်နဲ့တွဲပြီမတိုက်ခိုက်ချင်ဘူးဆိုတဲ့ကောင်က နင်ပဲ ငါနဲ့ဝေးဝေးနေစမ်း မဟုတ်လို့ကတော့ မယဥ်ကျေးဘူးလို့ အပြင်မတင်လေနဲ့ “‘
ပြောပြီတာနဲ့ သူ့လက်ထဲက ကပ်ကြေးကိုအသုံးပြုပြီး ရှုစန်းရှီကို ချိန်ထားပါတော့တယ်။ ရှုစန်းရှီက တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ သူ့အနေနဲ့ ကြောက်လွန်လို့တုန်နေတဲ့ပုံပါပဲ။ ဒါပေမယ့် အဲ့ဒီပုံစံကိုမြင်ချိန်မှာတော့ အားလုံးလဲ စိတ်မထိန်းနိုင်ပဲထပြီ ရယ်မိကြပါတော့တယ်။
ပေ့ပေ့က ပြောလာခဲ့တယ်။
” ဒါဆိုရင် မင်းကို ယာယီချိုက်ထို့နဲ့ တိုက်ခိုက်ဖို့ ငါတို့တွေးထားမယ်..ယွိဟောင် မင်းရဲ့အသင်းဖော်တွေက ၀မ်သုန့်နဲ့ရှောင်းရှောင်းပဲ အကယ်၍ ပထမပြိုင်ပွဲနှစ်ပွဲမှာ ငါတို့ရဲ့ပြိုင်ဘက်တွေကို ငါတို့မနိုင်နိုင်ဘူးဆိုရင် နောက်ဆုံးပြိုင်ပွဲမှာ မင်းတို့တွေ အလွန်အကျွံကြီးကြိုးစားမနေကြနဲ့ လျှို့၀ှက်ချက်ကို ဖုံးကွယ်ထားဖို့သာ အကောင်းဆုံးကြိုးစား ဒါ့အပြင် လျှို့၀ှက်ချက်တချို့ကို ဖော်ထုတ်တာထက် ရှုံးတာက ပိုပြီကောင်းသေးတယ် နားလည်ရဲ့လား နောက်ဆုံးတော့လဲ အကယ်၍ ငါတို့သာ အလှည့်ကျတိုက်ပွဲမှာ တစ်ပွဲရှုံးမယ်ဆိုရင်တောင် ဆက်ပြီနိုင်နိုင်သေးတယ်လေ ဒါ့အပြင် နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲတွေတိုင်းမှာ ဆက်တိုက်တိုက်ခိုက်နေလို့တော့ မရဘူး ”
” ကျွန်တော်နားလည်ပါပြီ ”
ဟို့ယွိဟောင်က ချက်ချင်းပြန်ဖြေလိုက်ပါတယ်။ သူက သူ့အစ်ကိုကြီးကို အပြည့်အ၀ယုံကြည်သူပါ။ ပေ့ပေ့ရဲ့မျက်၀န်းထဲမှာ အလင်းတန်းတချို့က ဖြတ်ပြေးလို့သွားခဲ့ပါပြီ။
” ကောင်းပြီ အားလုံးပဲပြန်ကြစို့ ဒီနေရာမှာဆက်ပြီဆွေးနွေးစရာမလိုတော့ဘူး..ပြိုင်ပွဲက ပြိုင်ဘက်တွေရဲ့အင်အားအပေါ်မူတည်ပြီ ငါတို့အတွက် အစီအစဥ်လုပ်ထားပေးမှာပါ အားလုံးပဲကောင်းကောင်းအနားယူပြီ စွမ်းအားအပြည့်အ၀ရှိအောင်ထိန်းသိမ်းထားကြ ”
တည်ခိုဆောင်ထဲပြန်ပြီတဲ့နောက် ဟို့ယွိဟောင်က ၀မ်သုန့်ကိုသူအခန်းဆီဆွဲခေါ်လာခဲ့ရင်း လေ့ကျင့်ပါတော့တယ်။ ၀မ်သုန့်က အခန်းတံခါးကိုပိတ်ရင်း ပြောလိုက်တယ်။
” အစ်ကိုကြီးပေ့နဲ့ အစ်ကိုကြီးရှုစန်းရှီ နှစ်ယောက်က ဒါမျိုးတွေဖုံးကွယ်ထားမယ်လို့ ထင်မထားခဲ့မိဘူး..ငါတို့တွေ အခုအချိန်မှာ တိုက်ခိုက်တဲ့အခွင့်အရေးရှိသင့်တယ် မဟုတ်လား ”
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” ပြောဖို့တော့ခက်တယ်..ငါတို့သာ တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမှာပဲဖြစ်ဖြစ် အဖွဲ့လိုက်တိုက်ပွဲမှာပဲဖြစ်ဖြစ် ငါတို့ရဲ့အစ်ကိုကြီးတွေက သေချာပေါက် သူတို့ရဲ့အင်အားကိုဆက်တိုက်အဆုံးစွန်းအထိ အသုံးပြုနေမှာပဲ ဒါပေမယ့် အကယ်၍ ငါတို့သာ အစ်ကိုကြီးပြောသလိုမျိုး နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲတွေကိုသွားရမယ်ဆိုရင် ပြဿနာတက်နိုင်တယ်..နောက်ဆုံးတော့လဲ အဖွဲ့သားတွေထဲမှာ အသန်မာဆုံးကသူတို့ပဲရှိတာလေ ”
၀မ်သုန့်ကတော့ မကျေမနပ်ဖြစ်နေဆဲပါ။
” မင်းက ငါတို့ကို အရမ်းအထင်သေးလွန်နေပြီ ငါတို့မှာတိုက်ပွဲတွေကိုနိုင်ဖို့တောင် အရည်အချင်းမရှိဘူးလားမမေ့နဲ့ဦး ငါတို့ရွှေရောင်လမ်းကို နောက်တစ်ကြိမ် ပြန်သုံးလို့ရနေပြီ ”
ဟို့ယွိဟောင်က ခါးသီးမှုအပြည့်နဲ့ ပြုံးလိုက်ပါတယ်။
” ပြိုင်ပွဲထဲမှာပြိုင်နေကြတဲ့သူတွေက ဘယ်သူတွေကများ သူတို့ရဲ့ကျောင်းတော်မှာထိပ်တန်းရောက်နေတာဘယ်သူများရှိလို့လဲ ရွှေရောက်လမ်းကို တစ်ခေါက်သုံးပြီးပြီဆိုမှတော့ သေချာပေါက် ပြိုင်ဘက်တွေက သတိကြီးကြီးထားလောက်ပြီလေ ဒါ့အပြင် သူ့ရဲ့အကြီးမားဆုံးပြစ်ချက်က နေရာတစ်နေရာထဲကိုသာ ပစ်မှတ်ထားနိုင်တာပဲ ငါတို့ရဲ့ပြိုင်ဘက်တွေကသာ ငါတို့ကိုတန်ပြန်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်မှုလုပ်ထားခဲ့မယ်ဆိုရင် ငါတို့ရဲ့အောင်မြင်မှုကြီးက အများကြီးနှိမ့်သွားလိမ့်မယ် .ငါတို့သုံးယောက်ထဲမှာ နှစ်ယောက်က၀ိညာဥ်စွမ်းရည်နှစ်ကွင်းပဲရှိတာလေ မင်းတစ်ယောက်ထဲကပဲ ၀ိညာဥ်စက်ကွင်းသုံးကွင်းပဲရှိတာ အကယ်၍ ငါတို့ရဲ့ပြိုင်ဘက်တွေအားလုံးကသာ ၀ိညာဥ်ဘိုးဘေးတွေဖြစ်နေခဲ့မယ်ဆိုရင် သေချာပေါက် နိုင်နိုင်ဖို့အခွင့်အရေးလုံး၀ဘယ်ရှိနိုင်တော့မလဲ ”
၀မ်သုန့်က တိတ်ဆိတ်လို့သွားခဲ့ပါတယ်။ တစ်စုံတစ်ရာကို သူအလေးအနက်စဥ်းစားနေပုံပါပဲ။ ဟို့ယွိဟောင်က သူပုခုံးကိုပုတ်ရင်းနဲ့ ပြောလိုက်တယ်။
” လာသွားပြီလေ့ကျင့်ကြစို့ နည်းနည်းလေးတိုးတက်လဲ နည်းနည်းပဲလေ ဒါဆိုရင်အကောင်းဆုံးလုပ်ရမယ်..အမျက်ဒေါသကျောင်းတော်နဲ့ ထန်မျိုးနွယ်ကိုငါတို့ကြောင့် မျက်နှာပျက်စေလို့မဖြစ်ဘူးမလား ”
” ဟုတ်တယ် ”
အလှည့်ကျတိုက်ပွဲတွေရဲ့ ပွဲစဥ်က နောက်ဆုံးရက်တွေမှာလဲ ဆက်တိုက်ကျင်းပလို့နေခဲ့ပါတယ်။ ဥပမာအားဖြစ် အုပ်စုနံပါတ်တစ်ရဲ့ အဖွဲ့တိုင်းက စုစုပေါင်းခုနှစ်ပွဲကို ရင်ဆိုင်တိုက်ခိုက်ရမှာပါ။ အကယ်၍ အဖွဲ့တစ်ဖွဲ့ကသာ အဆင့်အတန်းပြည့်မီချင်တယ်ဆိုရင် သေချာပေါက် နောက်ဆုံးအချိန်အထိ အခွင့်အရေးရဖို့အတွက် အဖွဲ့ငါးဖွဲ့ကို အနိုင်ယူရမှာလဲဖြစ်ပါတယ်…ခြောက်ပွဲမြောက်ကို အနိုင်ရရှိပြီမှသာ နောက်ပွဲစဥ်အတွက် နေရာတစ်ခုကို သေချာပေါက် အခိုင်အမာရရှိနိုင်မှာပါ။
နှစ်ရက်တာကုန်ဆုံးသွားပြီတဲ့နောက် ပထမဆုံးအချီက ပြီးဆုံးလို့သွားခဲ့ပါပြီ။ အရင်ထုတ်ပယ်လိုက်တဲ့ပွဲတွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် အလှည့်ကျပွဲစဥ်တွေက အေးအေးချမ်းချမ်းနဲ့ဆက်သွားခဲ့ပါတယ်။ အဖွဲ့တိုင်းကလဲ သူတို့ရဲ့တိုက်ပွဲနည်းလမ်းတွေကို အသစ်အသစ်ပြန်လည်ရေးဆွဲနေခဲ့ကြပြီ ပွဲကြည့်စဥ်တိုင်းမှာ အသုံးပြုတဲ့နည်းစနစ်တွေကလဲ အရင်ပွဲစဥ်တွေထက်ပိုပြီး အသေးစိတ်ကျလာခဲ့တယ်။ ဒါပေမယ့် ထုတ်ပယ်တဲ့ပွဲလောက်တော့ ရူးသွပ်စရာမကောင်းသေးပါဘူး။
ပထမဆုံးထုတ်ပယ်တဲ့ပွဲတွေက အလှည့်ကျပွဲစဥ်တွေကို သက်ရောက်မှုရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ထုတ်ပယ်တဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့လူတော်တော်များများက သူတို့ရဲ့အခြေအနေကို ထိန်းညှိဖို့လိုအပ်နေဆဲပါ။ ဒါကြောင့်သာ ပထမပွဲစဥ်တွေက သိပ်ပြီစိတ်လှုပ်ရှားစရာမရှိခဲ့ပါဘူး။ လူတိုင်းကလဲ အသန်မာဆုံးစွမ်းအားတွေကိုမထုတ်ဖော်သေးပဲ ရှိနေခဲ့ပါတယ်။
ဒါပေမယ့် အလှည့်ကျပွဲစဥ်တွေရဲ့ ပထမအချီက မုန်းတိုင်းမလာခင်လေပြေငြိမ်နေတယ်ဆိုတာ လူတိုင်းသိနိုင်ပါတယ်။ ဒါ့အပြင် အဖွဲ့တော်တော်များများကလဲ သူတို့ရဲ့ လာမဲ့ပွဲစဥ်တွေမှာလုံး၀အရှုံးခံမှာမဟုတ်ပါဘူး။
” ဆရာ၀မ်ယန် ကျွန်တော်တို့ ဘယ်သွားနေတာလဲ ”
ပေ့ပေ့က တအံ့တဩမေးလာခဲ့ပါတယ်။
ပထမပြိုင်ပွဲပြီးတာ တစ်ရက်ကြာသွားခဲ့ပါပြီ။ သူတို့အနေနဲ့ မနက်ဖြန်မှာ ဒုတိယပွဲစဥ်ကိုစတင်တိုက်ခိုက်ရမှာပါ။ ၀မ်ယန်ကတော့ အကြိုအဖွဲ့ရဲ့လူခုနှစ်ယောက်ကို ထမင်းစားပြီးပြီချင် အပြင်ထွက်ဖို့ခေါ်လာခဲ့ပါတယ်။
ပထမဆုံးသူတို့ရောက်သွားတဲ့နေရာကတော့ ကြယ်တာရာလော့မြို့တော်ရဲ့အဆူညံဆုံးအစိတ်အပိုင်းပါပဲ။ တံခါးအပြင်ကိုထွက်လိုက်တာနဲ့ များပြားတဲ့လူတွေကိုတွေ့လိုက်ရပါတော့တယ်။
၀မ်ယန်ကတော့ပြုံးပြရင်း ပြောလိုက်တယ်။
” မင်းတို့ကိုနေရာတစ်ခုခေါ်သွားမလို့ ငါနောက်သာလိုက်ခဲ့ အစောပိုင်းတုန်းက ပြိုင်ပွဲကြီးပါ၀င်ယှဥ်ပြိုင်နေတဲ့အချိန် ငါတို့တွေအနေနဲ့ ငါတို့ရဲ့အစောင့်အကြပ်တာ၀န်ကိုအစောပိုင်းတုန်းကမှ ပြီးဆုံးခဲ့တာ မင်းတို့အနေနဲ့ ဆက်တိုက်ဆိုသလို စိတ်ရောလူပါဖိအားပေးခံနေရမှာပဲ ဒီလိုဖြစ်နေတာ အချိန်အကြာကြီးဆိုရင် သိပ်ပြီမကောင်းပါဘူး…ဒါကြောင့် အေးအေးဆေးဆေးအနားယူနိုင်မဲ့နေရာကို ခေါ်လာရတာပဲ အနားယူတယ်ဆိုတာက အနာဂတ်ပြိုင်ပွဲတွေမှာ ပိုပြီးကောင်းမွန်စေလိမ့်မယ်..စိတ်အေးလက်အေးနေရာမယ်တဲ့လား သူတို့တွေအားလုံးရဲ့မျက်နှာက ထူးဆန်းလို့သွားပါတော့တယ်..သူ့ရဲ့ပြိုင်ဘက်တွေဘယ်လောက်အထိသန်မာလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ပြီကြပါပြီ ဒါပေမယ့် ဆရာ၀မ်ယန်အပေါ် စိတ်အေးလက်အေးဖြစ်စေဖို့ အပြင်ခေါ်လာတဲ့လား သူ့ကိုယုံမဲ့သူရောရှိနေလို့လား ဆရာ၀မ်ယန်ရဲ့ဖုံးကွယ်တဲ့စွမ်းရည်တွေကတော့အရင်ကထက်ပိုပြီးကောင်းမွန်လာပါတယ်..အနည်းဆုံးတော့ ဘယ်သူကမှသူ့ကို မေးခွန်းမထုတ်ကြတော့ပါဘူး..အားလုံးလဲ သူခေါ်သွားမဲ့နေရာက မနက်ဖြန်ပြိုင်ပွဲမှာ ပိုကောင်းတဲ့ရလဒ်ရလာစေမှန်းယုံကြည်နေခဲ့လို့ပါ။
တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်ပြိုင်ပွဲစတင်ချိန်ကထဲကစလို့ မြို့တော်တစ်ခုလုံးက အရမ်းကိုလူတွေပြည့်သိပ့်နေခဲ့ပါတော့တယ်။ လူအုပ်ထဲမှာကောင်းကောင်းလမ်းလျှောက်နိုင်ဖို့တောင် မလွယ်ကူခဲ့ပါဘူး။ အထူးသဖြင့် ကြယ်တာရာလော့ရင်ပြင်ကျယ်အနားလမ်းတွေမှာကတော့ အပြည့်အ၀ကိုလူတွေကြပ်သိပ့်နေပါတော့တယ်။
လွန်ခဲ့တဲ့ရက်တွေမှာ ၀မ်ယန်အနေနဲ့ ဒီပတ်၀န်းကျင်အခြေအနေကို အတော်လေးနားလည်လာခဲ့ပါပြီ။ လူပြည့်ညှပ်နေတဲ့လမ်းကို ဖြတ်သန်းပြီတဲ့နောက် အတော်လေးကို လူလျော့တဲ့လမ်းတွေဆီရောက်လာပါတော့တယ်။
နောက်လမ်းတချို့ကိုဖြတ်သန်းပြီတဲ့နောက်မှာတော့ သူတို့တွေက ချွန်ထက်တဲ့ပုံသဏ္ဍာန်အသွင်နဲ့ အဆောက်အအုံကြီးရှေ့မှာရပ်တန့်လိုက်ပါတော့တယ်။
ဒီအဆောက်အအုံကြီးက အရမ်းကြီးတော့မကျယ်ပြောခဲ့ပါဘူး။ တခြားပတ်၀န်းကျင်က အဆောက်အအုံတွေနဲ့ယှဥ်မယ်ဆိုရင်လဲ အရမ်းမမြင့်မားပဲရှိနေခဲ့တယ်။ ဒါ့အပြင် တံခါးရဲ့အပေါ်ဖက်မှာကတော့ တူတစ်ချောင်းပုံသဏ္ဍာန်အသွင်ရှိနေခဲ့ပြီ ရွှေရောင်သစ်ခက်တွေက ဒီတူကြီးရဲ့အောက်ဖက်မှာရှိနေခဲ့ပါတယ်။
အကြိုအဖွဲ့ရဲ့လူတွေထဲမှာ ဟို့ယွိဟောင်တစ်ယောက်သာ ဒီသင်္ကေတကို မြင်ချိန်မှာ ဗလာဟင်းလင်းဖြစ်နေတဲ့အကြည့်ရှိပြီ တခြားသူတွေအားလုံးကတော့ ပျော်သွားပါတော့တယ်။
ဟို့ယွိဟောင်က ၀မ်သုန့်ကို မေးလိုက်တယ်။
” ဒါဘယ်နေရာကြီးလဲ ”
၀မ်သုန့်က ပြောလာခဲ့ပါတယ်။
” သေချာပေါက် ဒါလေလံပွဲပေါ့ အဲ့ဒီသင်္ကေတရဲ့ပုံစံကိုမြင်လား ဒီသင်္ကေတက လေလံပွဲရဲ့ပုံစံစစ်စစ်ပဲလေ ဒါ့အပြင် လေလံပွဲနဲ့ပန်းပဲသမားတွေပဲ ဒီသင်္ကေတကို အဓိကအသုံးပြုကြတာ ဒါ့အပြင် ပန်းပဲသမားရဲ့ ပန်းပဲပုံစံကအများကြီးကို ကြမ်းတမ်းပြီကြီးမားတယ်..သိပ်ပြီအချိန်မနှောင်းသေးဘူးဆိုရင် ပန်းပဲသမားတွေရဲ့အနားမှာ ပန်းပဲထုနေတဲ့အသံတွေကိုတောင် ကြားရဦးမယ် ”
အပိုင်း ၈၁•၂ ပြီး၏။