Switch Mode

Chapter – 81.1

ဖုံးကွယ်ထားသော စွမ်းအားများ

အပိုင်း ၈၁•၁

” ဖုံးကွယ်ထားသော စွမ်းအားများ ”
°°°
” မင်းတို့တွေဘယ်လိုလုပ် ”

၀မ်သုန့်က လူတိုင်းကိုအထိတ်တလန့်နဲ့ကြည့်ရင်း ဟို့ယွိဟောင်ကို ခေါင်မိုးပေါ်တင်ပေးလိုက်ပါတယ်။

ပေ့ပေ့ကတော့ အဝေးကြည့်မှန်ပြောင်း၀ိညာဥ်လက်နက်ကို အောက်ပြစ်ချရင်းပြောလိုက်ပါတယ်။

” ဆရာ၀မ်က သိုင်းပညာ၀ိညာဥ်တွေကို လေ့လာတဲ့နေရာမှာတော့ သေချာပေါက် ပြိုင်ဘက်ကင်းမှာပဲ ဒါပေမယ့် စိတ်ခံစားချက်တွေကို ဖုံးကွယ်တဲ့နေရာမှာတော့ အရမ်းကိုအတွေ့အကြုံနည်းလွန်တယ် ”

” ဒါဆိုရင် ဘာဖြစ်လို့ငါတို့ကို ခေါ်မလာတာလဲ ”

၀မ်သုန့်က မကျေမနပ်နဲ့ပြောတော့တယ်။

” ငါတို့ရဲ့ညီလေးက အားလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်လေ မင်းတို့တွေအနေနဲ့လဲ အရမ်းကြီးမသင်္ကာဖြစ်နေတာကို ထုတ်ဖော်ပြသလို့မရတာမှတ်မိတယ်မဟုတ်လား ဒါ့အပြင် သေချာပေါက် ငါတို့ရဲ့အတွေးကို သူများကသိသွားနိုင်တယ် ”

ပေ့ပေ့က ပြောလာခဲ့ပါတယ်။

၀မ်သုန့်ကတော့ ဆူပုတ်နေတဲ့မျက်နှာနဲ့ ပြောလိုက်ပါတော့တယ်။

” ငါအားလုံးထက် ပိုတုံးတယ်လို့သွယ်၀ိုက်ပြီပြောနေတာပဲ မဟုတ်လား ”

ရှောင်းရှောင်းကတော့ လက်ကိုထောင်လိုက်ရင်းနဲ့ ၀င်ပြောလာခဲ့ပါတယ်။

” ကျွန်မလဲ အတူတူပဲ အစ်ကိုကြီးက အပေါ်မှာပွဲကြီးပွဲကောင်းရှိတယ်လို့ပြောပြီ ဒီနေရာအထိ ခေါ်လာခဲ့တာ ဘာမှမသိလိုက်ဘူး ”

အဲ့ဒီမိစ္ဆာခုနှစ်ဖော်စလုံးက သူတို့ရဲ့နယ်ပယ်မှာတော့ ပါရမီရှင်တွေကြီးပါပဲ။ ဟို့ယွိဟောင်တစ်ယောက်ထဲတင် ၀မ်ယန်ရဲ့ ပြဿနာကိုသတိထားမိတာမဟုတ်ပါဘူး။ ပေ့ပေ့ ရှုစန်းရှီနဲ့ ဟယ့်ချိုက်ထို့တို့လဲ ကောင်း​ကောင်းသတိထားမိပါတယ်။ ကျန်းနန်နန်နဲ့ ရှောင်းရှောင်းတို့ကတော့ သူတို့ခေါ်လို့ရောက်လာတဲ့သူတွေပါ။

” နန်နန် ငါကြည့်လို့ရလား ”

ရှုစန်းရှီက ကျန်းနန်နန်ဘေးကိုတိုးသွားရင်းနဲ့ မေးလိုက်ပါတယ်။ လက်ရှိအချိန်မှာ ပြိုင်ပွဲထက် ရွံ့ရွံ့ချွန်ချွန် တိုက်ခိုက်ခဲ့တဲ့ပုံစံက လုံး၀ပျောက်ကွယ်လို့ သွားခဲ့ပါပြီ။ ဟယ့်ချိုက်ထို့က အဝေးကြီးမှန်ပြောင်းလို၀ိညာဥ်လက်နက်နှစ်ခုကို သူနဲ့အတူယူလာခဲ့ပါတယ်။ သူ့ရဲ့တစ်ခုကို ပေ့ပေ့ဆီပေးပြီ နောက်တစ်ခုကို ရှုစန်းရှီဆီပေးထားခဲ့တာပါ။ ရှုစန်းရှီကတော့ ချက်ချင်းဆိုသလို ကျန်းနန်နန်လက်ထဲအပ်လိုက်ပါတော့တယ်။ ကျန်းနန်နန်က သူ့ကိုလျစ်လျူရှုထားရင်း ပြောလိုက်တယ်။

” ပြိုင်ပွဲစနေပြီ ”

တည်ခိုဆောင်နဲ့ ကြယ်တာရာလော့ရင်ပြင်ကျယ်က ကီလိုမီတာနည်းနည်းလောက်အထိ ဝေးကွာပါတယ်။ မျက်လုံးနဲ့ မြင်ဖို့ကတော့ မလွယ်ကူပါဘူး။ ဒါ့အပြင် ဒီလောက်အကွာအဝေးကနေ ကြည့်လို့ကတော့ ကြီးမားတဲ့ရင်ပြင်ကျယ်ကြီးက အရမ်းကို သေးငယ်လို့သွားပါတော့တယ်။ ပြိုင်ပွဲကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ခက်တဲ့ကိစ္စပဲ ဟယ့်ချိုက်ထို့က အဝေးကြည့်မှန်ပြောင်း၀ိညာဥ်လက်နက်ကို ယူလာခဲ့ပေမဲ့ အားလုံးကိုတော့ ရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။

ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။

” အစ်ကိုကြီး ကျွန်တော်အဝေးကြည့်မှန်ပြောင်းကို စမ်းသပ်ကြည့်ချင်တယ် ”

ပေ့ပေ့လဲ သူ့လက်ထဲကမှန်ပြောင်းကို ဟို့ယွိဟောင်လက်ထဲ ကမ်းပေးလိုက်ပါတယ်။

ဟို့ယွိဟောင်လဲ အဝေးကြည့်မှန်ပြောင်းကို လေ့လာလိုက်ချိန်မှာတော့ ကြည်လင်တောက်ပတဲ့ မှန်ဘီလူးခုံပုံသဏ္ဍာန်ကျောက်မျက်ရတနာတစ်ခုကို အရှေ့မှာထားထားပြီ အဝေးနေရာကို ရှင်းရှင်းလင်းလင်း မြင်ရအောင်လုပ်ပေးနေတဲ့ကိရိယာတစ်ခုကို မြင်လိုက်ရပါတော့တယ်။ ၀ိညာဥ်စွမ်းအားကို ထည့်သွင်းလိုက်ရုံနဲ့တင် သူ့ကိုအသုံးနိုင်မှာ အရမ်းကို အထောက်အပံ့ဖြစ်ပြီ ၀ိညာဥ်လက်နက်ပစ္စည်းပါပဲ။ ဒါပေမယ့် ဒီပစ္စည်းကို အများကြီးတိုးတက်လာအောင် လုပ်ပေးမဲ့သူမရှိတာကြောင့် အဆင့်တစ်၀ိညာဥ်လက်နက်သာ ကျန်ရှိခဲ့ပါတယ်။ အဝေးကြီးကအရာတွေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပါဘူး။

ဒါပေမယ့် ဟို့ယွိဟောင်ရဲ့အမြင်အာရုံက ပုံမှန်မဟုတ်အောင်ထူးခြားနေတာက အားလုံးသတိထားမဲ့ရအချက်ပါ။ သူရဲ့မျက်လုံးက သူ့ရဲ့သိုင်းပညာ၀ိညာဥ်ပါပဲ။ ဒါ့အပြင် ခရမ်းရောင်နတ်ဆိုးမျက်လုံးကိုလဲ ဆက်တိုက်ဆိုသလိုလေ့ကျင့်လို့ထားခဲ့ပါတယ်။ အကယ်၍ ပေ့ပေ့သာ ခရမ်းရောင်နတ်ဆိုးမျက်လုံးကိုပါ အသုံးပြုမယ်ဆိုရင် အရာအားလုံးကလဲ ကြည်လင်လို့သွားမှာပါ။ ဒီလက်နက်ရဲ့အကူအညီမရှိရင်တောက် ၀ိညာဥ်စွမ်းအားအနည်းငယ်အသုံးပြုလိုက်ရုံနဲ့ အဝေးမှာရှိနေတဲ့ကိစ္စကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါပြီ ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို အသုံးချရင်း ပြိုင်ပွဲမှာရှိနေခဲ့တဲ့ကိစ္စကိုကြည့်ပြီ မျှဝေပေးနေခဲ့ပါတယ်။ စိတ်၀ိညာဥ်မျှဝေမှုကို စိတ်၀ိညာဥ်ထောက်လှမ်းရေးနဲ့ အတူတွဲပူးပြီအသုံးပြုနိုင်ရုံတင်မကပါဘူး။ ပုံမှန်အခြေအနေတွေမှာလဲ အသုံးပြုနိုင်ပါတယ်။ အခုအချိန်မှာလဲ အတူတူပါပဲ ဟို့ယွိဟောင်အနေနဲ့ သူ့မြင်ရသမျှအရာအားလုံးကို သူ့မိတ်ဆွေတွေ ရှင်းရှင်းလင်းလင်းမြင်နိုင်လောက်တဲ့အထိ မျှဝေနေခဲ့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပေးခဲ့တဲ့ ၀ိညာဥ်စွမ်းရည်လေးခုက တစ်ချက်ကြည့်လိုက်တဲ့အချိန်မှာ အရမ်းအင်အားကြီးတဲ့ပုံမပေါ်ပေမဲ့ အားလုံးကတော့ တစ်ခုချင်းဆီအလိုက်မယှဥ်သာအောင် ထူးကဲကောင်းမွန်နေပါတယ်။

အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ကတော့ မျက်လုံးတွေကိုမှိတ်ထားရင်းနဲ့သာ ဟို့ယွိဟောင်မြင်နေရတဲ့အမြင်ကိုစိတ်ထဲကနေ ကြည့်ရှုနေရုံပါပဲ။ ကြယ်တာရာလော့ရင်ပြင်ကျယ်မှာ သူတို့တွေ ထွက်ခွာသွားပြီကထဲက ပြိုင်ပွဲမစတင်ရသေးပါဘူး။ အခုအချိန်မှသာ ပြိုင်ပွဲက စတင်တာပါ။ စင်ပေါ်မှာဖြစ်နေခဲ့တဲ့ကိစ္စတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်သွားတဲ့နောက် ဟို့ယွိဟောင်လဲ အတော်လေးကိုလန့်သွားခဲ့ရပါတော့တယ်။ စိတ်၀ိညာဥ်မျှဝေမှုရဲ့အခြေအနေကြောင့် သူ့ဘေးနားမှာရှိနေတဲ့ လူတွေအားလုံးလဲ စင်ပေါ်ဖြစ်နေတဲ့ကိစ္စကို သတိထားမိပြီချိန်မှာ တုန်ရီနေခဲ့ကြပါတယ်။ ပတ်၀န်းကျင်အခြေအနေကတော့ အတော်ကိုတင်းမာလို့နေခဲ့ပါပြီ။

လက်ရှိအချိန်မှာတော့ တိုက်ခိုက်နေကြတဲ့ လူနှစ်ယောက်က ၀ိညာဥ်စက်ကွင်းငါးကွင်းဆီရှိနေခဲ့တယ်။ ဒါ့အပြင် ခရမ်းရောင်၀ိညာဥ်စက်ကွင်းသုံးကွင်းနဲ့ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းရဲ့ပေါင်းစည်းမှုပါပဲ။ အကယ်၍ နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းရှိတဲ့ ၀ိညာဥ်ဘုရင်တွေက လက်ရှိအချိန် ထွက်ပေါ်မလာသေးဘူးဆိုရင်တောင် ၀ိညာဥ်ဘုရင်ဆိုတဲ့စကားကတင် အားလုံးရဲ့နှလုံးသားကို တောင်ကြီးတွေလိုဖိထားနိုင်နေခဲ့ပါပြီ။ သူတို့ရဲ့ပြိုင်ပွဲပြီးပြီချင်မှာပဲ ၀ိညာဥ်ဘုရင်တွေက တကယ်ကို ပေါ်ထွက်လို့လာခဲ့တယ်။ ဒီ၀ိညာဥ်ဘုရင်နှစ်ယောက်က ၀ိညာဥ်လက်နက်တွေကို အသုံးမပြုတဲ့၀ိညာဥ်ပညာရှင်တွေပါပဲ။ သူတို့ရဲ့ပြိုင်ပွဲက အတော်ကိုပြင်းထန်လွန်လှပါတယ်။ တောက်ပတဲ့ရောင်စဥ်တန်းတွေက အချိန်နဲ့အမျှထွက်ပေါ်လို့နေခဲ့ပါပြီ။ ရင်ပြင်ကျယ်ရဲ့အရမ်းအလှမ်းဝေးတဲ့နေရာမှာရှိနေခဲ့တာကြောင့် ဟို့ယွိဟောင်အနေနဲ့ ဘယ်လောက်ပဲအမြင်အာရုံကောင်းနေပါစေ အသေးစိတ်အချက်တွေကို ရှင်းရှင်းလင်းလင်းမြင်ဖို့တော့ မဖြစ်နိုင်ခဲ့ပါဘူး။ အသေးစိတ်အချက်အလက်တွေကို မမြင်နိုင်ခဲ့ပေမဲ့ ထွက်ပေါ်နေတဲ့အလင်းတန်းတွေနဲ့ ဘယ်လောက်အထိ ပြင်းထန်တဲ့၀ိညာဥ်စွမ်းအားတွေရှိနေလဲဆိုတာ ခန့်မှန်းကြည့်လို့ရနေခဲ့ပါတယ်။

” ကြည့်ရတာ ဆရာ၀မ်လုပ်တာမှန်နေပုံပဲ ပြိုင်ပွဲမှာငါတို့ယုံကြည်ချက်ပျောက်သွားမှာကို သူစိုးရိမ်တာမဆန်းဘူး “‘

ပေ့ပေ့က ခက်ခက်ခဲခဲ ပြောလာခဲ့ပါတယ်။ ရှုစန်းရှီက နှာခေါင်းရှုံ့ရင်း ပြောလိုက်တယ်။

” သူတို့တွေ၀ိညာဥ်ဘုရင်ဖြစ်တော့ကောဘာဖြစ်လဲ ပေ့ပေ့ မင်းဒီလိုကြီးစိတ်ဓာတ်ပျက်ပြားသွားပြီလား ”

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျှဝေမှုကို မြင်ပြီတဲ့နောက် ကျန်းနန်နန်ကလဲ သူကိုင်ထားတဲ့အဝေးကြည့်မှန်ပြောင်းကို ချလိုက်ပါတော့တယ်။ သူကအတော်ကို စကားပြောတာရှားပါးတဲ့သူပါ။ လက်ရှိအချိန်မှာတော့ အတော်ကိုရှည်ရှည်ဝေးဝေးပြောလာခဲ့ပါတယ်။

“:ရှုံးထွက်ပွဲစဥ်ရဲ့ အစောပိုင်းပွဲတွေမှာ ၀ိညာဥ်ဘုရင်တွေလဲ ပေါ်လာတယ်ဆိုတာ ပုံမှန်ပါပဲလေ ဒါ့အပြင် ရှုံးထွက်ပွဲစဥ်ရဲ့ပထမအချီကို ဖြတ်ကျော်လာနိုင်ခဲ့တဲ့ လူတွေက သေချာပေါက် ဘယ်လိုနည်းနဲ့မှအားနည်းတဲ့သူတွေမဖြစ်နိုင်ဘူးမဟုတ်လား ငါတို့အစောပိုင်းတုန်းက ကြုံတွေ့ခဲ့ရတဲ့ တိမ်တိုက်၀ိညာဥ်လက်နက်ကျောင်းတော်က သေချာပေါက် အားအနည်းဆုံးအဖွဲ့အစည်းတစ်ခုပဲဖြစ်ရမယ်…အစောပိိုင်းပြိုင်ပွဲတွေမှာ ၀ိညာဥ်ဘုရင်တွေမရှိခဲ့ပေမဲ့ လက်ရှိပြိုင်ပွဲမှာတော့ ကျောင်းတော်နှစ်ခုစလုံးက ၀ိညာဥ်ဘုရင်တွေကိုထုတ်ပြီ တိုက်ခိုက်နေပြီ ကြည့်ရတာ ငါတို့အနေနဲ့ ဒီ၀ိညာဥ်ဘုရင်တွေ အနိုင်ရဖို့အကောင်းဆုံးကြိုးစားကြတာကို နောက်ပြိုင်ပွဲတွေဆက်တိုက်ကြည့်နေရမဲ့အတိုင်းပဲ ”

” မင်းဒီလိုပြောရင်တောင် ၀ိညာဥ်ဘုရင်တွေက သူတို့ရဲ့အဓိကခေါင်းဆောင်တွေ မဟုတ်ဘူးလို့ အတွေးမ၀င်မိဘူးလား ”

ပေ့ပေ့က မေးလာခဲ့ပါတယ်။

ဟို့ယွိဟောင်က အလိုအလောက်ပြန်ဖြေလိုက်မိပါတယ်။

” ဖြစ်နိုင်တာကတော့ သူတို့ရဲ့ အဖွဲ့တစ်ဖွဲ့လုံးက ၀ိညာဥ်ဘိုးဘေးတွေနဲ့ပြည့်နေတာဖြစ်နိုင်တယ်လေ ”

ပေ့ပေ့က ခေါင်းညိတ်ရင်းနဲ့ ပြောလာခဲ့တယ်။

” ညီလေးပြောတာမှန်တယ်..အခုအချိန်ကနေစပြီ ကြုံတွေ့ရမဲ့ပြိုင်ပွဲတွေက ခက်ခဲမှာကို စိုးရိမ်မိတယ်..သေချာပေါက် ငါတို့အနေနဲ့ တကယ်အင်အားအစစ်အမှန်ကို ထုတ်ဖော်ပြသဖို့ လိုလာတော့မှာပဲ ၀ိညာဥ်ဘုရင်တစ်ယောက်က သူတို့ရဲ့ခေါင်းဆောင်အဖြစ်ရှိနေပြီဆိုရင် သူတို့တစ်ဖွဲ့လုံးရဲ့အင်အားက ငါတို့ထက်လုံး၀အပြတ်အသတ်သာလွန်နေပြီပဲ ပထမပြိုင်ပွဲမှာ ဖြစ်ခဲ့သလိုမျိုးကိစ္စကို နှစ်ခေါက်ပြန်ပြီအဖြစ်ခံလို့မရဘူး အားလုံးပဲသေချာစိတ်ကို ပြင်ဆင်ထားကြတော့ ပထမပြိုင်ပွဲနှစ်ပွဲမှာ ငါတို့နိုင်ခဲ့တာက ငါတို့တွေကံကောင်းပြီ ပြိုင်ဘက်တွေက အားနည်းနေခဲ့လို့ပဲ နောက်ပြိုင်လာမဲ့ကိစ္စတွေက ပိုခက်ခဲလှတယ်..ဆရာ၀မ် ငါတို့ကို နည်းနည်းထပ်ပြီလိမ်ထားမှာလဲ ထပ်ပြီစိုးရိမ်မိပြန်တယ်..ဒီတစ်ကြိမ်မှာ အသက်နှစ်ဆယ်အရွယ်၀ိညာဥ်ဘုရင်တွေက အတော်လေးကို အရေအတွက်များနေပြီ ”

ရှုစန်းရှီက ပုခုံးတွန့်ရင်းနဲ့ ပြောလိုက်ပါတယ်။

” ကိစ္စမရှိဘူး ပေ့ပေ့နောက်ဆုံးတော့လဲ ငါတို့ရဲ့နောက်ထပ်ပြိုင်ပွဲနှစ်ပွဲမှာ ၀ိညာဥ်ဘုရင်တွေ ထပ်ရှိလာနိုင်တာပဲ အစ်မကြီးလင်းက ထိန်းချုပ်ရေးအမျိုးအစား၀ိညာဥ်ဘုရင်မဟုတ်လား တိုက်ပွဲထဲ၀င်လာပြီဆိုရင် ငါတို့ပြဿနာမရှိနိုင်တော့ဘူး ”

ပေ့ပေ့က သူ့ကို စူးစိုက်ကြည့်ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” တောင်စဥ်ရေမရပြောနေတာတွေ ရပ်လိုက်တော့ မင်းဘာကိုဖုံးကွယ်ချင်နေလဲဆိုတာ ငါမသိဘူးများထင်နေတာလား ငါတို့တွေ ဒီပြိုင်ပွဲကို ၀င်ပြိုင်နေတာက အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်ကျက်သရေကို ကိုယ်စားပြုပြီပြိုင်နေတာပဲ အနည်းဆုံးတော့ ငါတို့တွေက ကျောင်းတော်ထဲမှာ အဓိကအတွင်းတပည့်သားအဖြစ်ကောင်းကျိုးတွေကိုအများကြီးခံစားပြီးပြီ အခုတော့ ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကိုကာကွယ်ဖို့ ငါတို့တာ၀န်ပဲ အကယ်၍ နောက်ဆုံးအစွမ်းအစ တစ်မျှင်လေးကျန်တဲ့အထိ အသုံးချမယ်ဆိုရင်တောင် စင်မြင့်ပေါ်မှာလုံး၀ကို ရှုံးခွင့်မပြုနိုင်ဘူး..ရှုစန်းရှီ မင်းငါနဲ့အတူတူ အလုပ်လုပ်ဖို့ပြင်ထားတော့ သေချာပေါက် နောက်နှစ်ပွဲဆက်တိုက်နိုင်မှဖြစ်မယ်…အစ်ကိုကြီးနဲ့ အစ်မကြီးတွေ ပြန်ပြီမကောင်းလာခင်အချိန်အတွင်းမှာပဲ တတ်နိုင်သလောက်အကုန်လုပ်ရမယ် ”

ပေ့ပေ့ကတော့ တစ်ခါမှဒီလောက်အထိပြင်းပြင်းထန်ထန်မပြောဖူးပါဘူး။ အခုအချိန်မှာတော့ သူက ဆက်တိုက်ဆိုသလို ​ထိုးနှက်နေခဲ့ပါပြီ။

သူ့ရဲ့သိုင်းပညာ၀ိညာဥ်က လျှပ်စီးပြာဧကရာဇ်နဂါးပါ သူ့ရဲ့သဘာ၀က ဘုရင်တစ်ပါးလိုမျိုး အရှိန်အ၀ါရှိပါတယ်။ ဒါကိုပုံမှန်အခြေအနေတွေမှာ အရမ်းကောင်းကောင်းမွန်မွန်နဲ့ ဖုံးကွယ်လို့ထားနိုင်ခဲ့ရုံသက်သက်ပါပဲ။ တိုက်ပွဲအချိန်ကလွဲပြီ ဒီလိုအရှိန်အ၀ါမျိုးကို သူ့ဆီမှာရှာလို့တောင်မတွေ့ခဲ့ပါဘူး။ ပထမဆုံးအနေနဲ့ ပေ့ပေ့ ဒီလောက်အထိ သတိထားတာကို ဟို့ယွိဟောင်အခုမှမြင်ဖူးတာပါ။ ဒါကြောင့် သူကိုယ်တိုင်းလဲ ကြက်သီးထတဲ့အထိ​အံ့ဩသွားခဲ့ရပါတယ်။

ရှုစန်းရှိီက မျက်မှောင်ကြုတ်သွားခဲ့တယ်။

” ပေ့ပေ့ ဒါစောလွန်နေတာမဟုတ်ဘူးလား ဒီပြိုင်ပွဲက ငါတို့နဲ့ဘာမှမဆိုင်ဘူးဆိုတာ မင်းသိတာပဲ အကယ်၍ ငါတို့သာ ငါတို့ရဲ့တကယ်အင်အားအစစ်အမှန်တွေကို စောစောစီးစီးထုတ်ပြလိုက်မယ်ဆိုရင် ငါတို့ပြိုင်ဘက်တွေက နောက်ငါးနှစ်တိုက်ခိုက်မဲ့ပြိုင်ပွဲတွေမှာ ငါတို့ကို သေချာပေါက်ဖိပြီ ပစ်မှတ်ထားလာတော့မှာပဲ ”

ပေ့ပေ့က အသံကိုလျှော့လိုက်ပါတယ်။

” ဒါပေမယ့် ငါတို့စောင့်နေလို့မဖြစ်ဘူးလေ လာမဲ့ငါးနှစ်အတွင်းမှာ ဘာဖြစ်လာမယ်ဆိုတာကို မင်းဒီလောက်ယုံကြည်ချက်မရှိနိုင်ဘူးလား နောင်ငါးနှစ်ဆိုတာက ငါတို့အတွက် တကယ်ရှည်လျားလွန်တဲ့အချိန်ပဲ ”

ရှုစန်းရှီက ပေ့ပေ့ကို အလေးအနက်စိုက်ကြည့်ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” အကယ်၍ မင်းသာဒီလိုမျိုးအဆုံးအထိသွားချင်တယ်ဆိုရင် ငါလဲမင်းနဲ့အတူတူ လိုက်ရတာပေါ့ ”

ပေ့ပေ့ကတော့ စိတ်မပျော်ရွှင်တဲ့ပုံစံနဲ့ ပြောလာခဲ့ပါတယ်။

” မင်းဒီလိုမျိုး စကားကိုအဓိပ္ပါယ်နှစ်ခွထွက်အောင် ပြောလို့မရဘူးလား ငါမင်းကို နည်းနည်းလေးမှ စိတ်၀င်စားမနေဘူး မင်းရဲ့အကြံတွေကို ငါနားလည်တယ်..ငါတို့ရဲ့အစွမ်းအစတွေက ပုံမှန်အတိုင်းတစ်နေရာထဲမှာရှိနေမှ အကယ်၍ ငါတို့သာ အင်အားအစစ်အမှန်ကို ထုတ်ဖော်ပြသလိမ့်မယ်ဆိုရင်တောင် သေချာပေါက် အခြေခံကတော့ပြောင်းလဲသွားမှာမဟုတ်ဘူး..လာမဲ့ငါးနှစ်မှာဆက်တိုက်တိုးတက်နေရုံပဲရှိမယ်..ဒါပေမယ့် မင်းမေ့သွားတာတစ်ခုရှိတယ်..ငါတို့ရဲ့တကယ်စွမ်းအားအစစ်အမှန်တွေက လုံး၀ပုံသေဖြစ်နေခဲ့ပေမဲ့ ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ ဘယ်သူမှခန့်မှန်းလို့ရနိုင်တဲ့အခြေအနေမှာ ရှိမနေဘူး…အထူးသဖြင့်ယွိဟောင်ပဲ သူ့ရဲ့ပုံစံတူတုပတဲ့ စွမ်းရည်က ပြိုင်ဘက်တွေကို စိတ်ရှုပ်ထွေးစေတဲ့နေရာမှာ အရမ်းကိုအစွမ်းထက်နေလို့ပဲ ငါတို့အနေနဲ့လဲ လက်ရှိအချိန်မှာ အဖွဲ့ကို အထောက်အပံ့ပြုနေတဲ့ပုံစံအနေနဲ့ပဲ လုပ်ဖို့လိုလိမ့်မယ်..ဒါ့အပြင် သူတို့က လာမဲ့ငါးနှစ်အချိန်အတွင်းမှာ စစ်မှန်တဲ့အဓိကအတွင်းတပည့်သားတွေ ဖြစ်လာလိမ့်မှာပဲ ”

” ခဏနေပါဦး အစ်ကိုကြီးနဲ့ အစ်ကိုကြီးရှု ပြောတာစွမ်းအားတွေကို အမြဲတမ်းဖုံးကွယ်ထားတယ်လို့ ပြောချင်နေတာလား ”

ဟို့ယွိဟောင်က ကြားဖြတ်၀င်ပြောပါတော့တယ်။

” ဒီလိုရှင်းရှင်းပြောလို့ရတာပေါ့ “‘

ပေ့ပေ့က ခေါင်းညိတ်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။ ကျန်ရှိနေတဲ့အဖွဲ့သားငါးယောက်ကတော့ ပဟေဠိဖြစ်နေကြဆဲပါ။ ပေ့ပေ့က ရှုစန်းရှီရဲ့ သနားစရာမျက်နှာကို မြင်ချိန်မှာတော့ ထပြီအော်လိုက်ပါတော့တယ်။

” ဒါငါ့ကိစ္စမှမဟုတ်ပဲ ”

သူ့ရဲ့အကြည့်ကတော့ အရမ်းကိုရှင်းလင်းပါတယ်။ အကယ်၍ မင်းဒီအကြောင်းကို ပြောမယ်ဆိုရင် သေချာပေါက် ထွက်လာတဲ့ မေးခွန်းတွေကိုလဲ မင်းဘာသာမင်းပဲဖြေရှင်းရတော့မှာပါ။

ပေ့ပေ့အနေနဲ့ကတော့ အားလုံးရဲ့သိလိုစိတ်အပြည့်နဲ့မျက်လုံးတွေကိုကြည့်ရင်း ပြောလာခဲ့ပါတယ်။ အမှန်တကယ်မှာတော့ တကယ်အမှန်တရားကတော့ ကောင်းပြီလေ မင်းတို့တွေက လက်ရှိအချိန်အကြိုအဖွဲ့ရဲ့ လူတွေဖြစ်နေပြီဆိုမှတော့ ပြောလို့ရတာပေါ့ သိပ်ပြီကိစ္စကြီးလဲ မဖြစ်နိုင်ဘူးလေ .ဒါပေမယ့် ငါနဲ့ ရှုစန်းရှီနှစ်ယောက် ကျောင်းတော်ကို၀င်ပြီတဲ့နောက် မကြာခင်အချိန်မှာပဲ သူတို့လို အဓိကအတွင်းတပည့်သားဖြစ်လာခဲ့တယ်လေ သူတို့တွေကျင့်ကြံဆင့်မြင့်လာတာနဲ့အမျှ ကျောင်းတော်က ငါတို့ကိုပိုပိုပြီး အသိအမှတ်ပြုလာတယ်..ဒါကြောင့် အစောကြီးကထဲက အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့နောက်မျိုးဆက်အဖြစ်ငါတို့ကို သူတို့တွေသတ်မှတ်ပြီရွေးချယ်လိုက်တာ တကယ်တော့ အပြင်နယ်မြေထဲကနေ အဲ့ဒီလိုရွေးချယ်ပြီ ယှဥ်ပြိုင်ရတယ်ဆိုတာပဲ ရှိသေးတယ်..ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် အဓိကအတွင်းတပည့်သားတွေထဲမှာ ငါတို့နှစ်ယောက်ကို တခြားသူတွေထက် ပိုပြီးအလေးပေးကြတယ်လို့ ပြောချင်တာပဲ ကျောင်းတော်က ငါတို့ကိုစောင့်ရှောက်တဲ့နေရာမှာ တခြားသူတွေထက်ပိုပြီး အရင်းအမြစ်တွေကို ထောက်ပံ့ပေးထားတယ်…ဒါပေမယ့် ငါတို့အပြင်နယ်မြေက ပြီးမြောက်တဲ့အချိန်အတွင်းနယ်မြေရဲ့စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်ဖို့အကြိုကိစ္စတွေလဲရှိနေသေးတယ်..ဒါ့အပြင် ငါတို့အနေနဲ့ အနည်းဆုံးငါးနှစ်တိတိအမျက်ဒေါသရဲ့ အစောင့်အရှောက်တွေအဖြစ် တာ၀န်ထမ်းဆောင်ရမယ် ”

” ယေဘူယျအရပြောရမယ်ဆိုရင် အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ အစိတ်အပိုင်းဖြစ်နေတယ်ဆိုတာကို ငယ်ငယ်ရွယ်ရွယ်စောစောစီးစီးကထဲက ဒီလိုမျိုးထုတ်ပြောထားတယ်ဆိုတာက တကယ်ကိုရှားပါးတဲ့ကိစ္စပဲ ဥပမာအားဖြင့် အစ်မကြီးမာတို့ရဲ့မျိုးဆက်ထဲမှာ ဘယ်သူကမှဒီလိုမျိုးမထုတ်ဖော်ခံရဖူးဘူး ကျောင်းတော်အနေနဲ့ငါတို့ကို အရမ်းကြီးမြင့်မြင့်မားမားမျှော်လင့်ထားခဲ့တာပါ ငါတို့နှစ်ယောက်ရဲ့ပုံမှန်မဟုတ်တဲ့စွမ်းရည်တွေကြောင့်ပဲ မင်းတို့ထဲမှာလဲ အဲ့ဒီလိုအရည်အချင်းရှိတဲ့သူရှိတယ်..အဲ့ဒါက ဟို့ယွိဟောင်ရဲ့ ဒီကိစ္စကနှောင့်နှေးလို့သွားခဲ့တာ ဘာကြောင့်လဲဆိုရင် ပြိုင်ပွဲရဲ့အချိန်တွေက အရမ်းကိုစောသွားလို့ပဲ အဲ့ဒီအချိန်မှာ ဟို့ယွိဟောင်က ဌာနနှစ်ခုစလုံးမှာ ကျင့်ကြံနေရတဲ့အတွက်လဲပါတယ်..ဒါပေမယ့် ဌာနနှစ်ခုစလုံးက သူ့ကိုအစွမ်းကုန်ကြိုးစားပြီ မြေတောင်မြောက်ပေးမှာကြောင့် သူရရှိလိမ့်မယ်.. အားသာချက်တွေကလဲ ငါတို့နဲ့တူညီသွားလိမ့်မယ် ”

အပိုင်း ၈၁•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset