Switch Mode

Chapter – 80.3

စွမ်းအား ဖုံးကွယ်ထားတဲ့ ပညာရှင်လား

အပိုင်း ၈၀•၃

” စွမ်းအားကိုဖုံးကွယ်ထားသူလား ”
°°°
ဒီလိုအခြေအနေမျိုးမှာ ရှုစန်းရှီအနေနဲ့ လူခုနှစ်ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ကို သူတစ်ယောက်ထဲနဲ့ အနိုင်ယူခဲ့တယ်လို့ ပြောလို့ရပါတယ်။

” အနိုင်ရရှိသွားသူကတော့ အမျက်ဒေါသကျောင်းတော်ပါ ”

ဒိုင်က အနိုင်ရသူကိုကြော်ငြာပြီတဲ့နောက် ကြည့်ရှု့သူတွေက ချင်ချက်ချင်းဆိုသလို စတင်ပြီ အော်ဟစ်ချီးမွမ်းကြပါတော့တယ်။ လက်ရှိအချိန်မှာတော့ အရင်တုန်းကစိတ်ပျက်နေခဲ့တဲ့ လူထုလူစုဝေးကြီးက လုံး၀ကိုတုန့်ပြန်ပုံပြောင်းလဲလို့သွားခဲ့ပါပြီ။ ရှုစန်းရှီက ပထမပြိုင်ပွဲနှစ်ပွဲမှာ လှည့်ကွက်တွေအများကြီးကို အသုံးပြုခဲ့ပေမဲ့ နောက်ဆုံးပြိုင်ပွဲမှာကတော့ တရားနည်းလမ်းကျကျနဲ့ တိုက်ခိုက်ခဲ့တာပါ။ သူအသုံးပြုလိုက်တဲ့ စွမ်းရည်တွေကိုကောင်းကောင်းမသိကြပေမဲ့ အမျက်ဒေါသကျောင်းတော်ကတော့ နောက်တစ်ကြိမ် လူတစ်ယောက်ထဲနဲ့ အနိုင်ယူနိုင်ခဲ့ပါပြီ။

နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဖက်မှာ ထိုင်နေတဲ့ဘယ်သူကမှ စကားတစ်ခွန်းတောင်မဟ၀ံ့တော့ပါဘူး။ အမျက်ဒေါသကျောင်းတော်ကနေ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ကိုသာ ပို့လွှတ်လိုက်မှန်းမြင်ပြီတဲ့နောက် သူ့ကိုအလေးအနက်မထားခဲ့ကြတာ အမှန်ပါ။ ဒါကြောင့် ရှုစန်းရှီရဲ့ အံ့ဩစရာကောင်းလောက်အောင်တဲ့ တိုက်ခိုက်မှုတွေအောက်မှာ ကြီးမားတဲ့စိတ်ပိုင်ရာရိုက်ခတ်မှုကို ခံစားလိုက်ရပါတော့တယ်။

ရှောင်ဟုန်ချန်ကတော့ မျက်မှောင်ကြုတ်ထားခဲ့ပြီ သူဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ပါဘူး။

သူ့ဘေးမှာထိုင်နေပြီ သူ့နဲ့ရုပ်အတော်ဆင်တဲ့ မိန်းမငယ်လေးကတော့ ပြောလာခဲ့ပါတယ်။

” အစ်ကိုကြီး ဘာတွေတွေးနေတာလဲ အကယ်၍ ငါတို့သာ သူနေရာမှာဆိုရင်လဲ ဒီအတိုင်းလုပ်နိုင်မှာပဲမဟုတ်လား ”

ရှောင်ဟုန်ချန်က ခေါင်းခါရင်းနဲ့ ပြောလိုက်ပါတယ်။

” ငါမသိဘူး ငါတို့တွေက ၀ိညာဥ်လက်နက်အတတ်ပညာရှင်နဲ့ ၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့တယ်လေ တိုက်ခိုက်တဲ့အချိန်ဆို ငါတို့က ၀ိညာဥ်စွမ်းအားတွေကို ဆက်တိုက်အသုံးပြုရတယ်..အခုလိုမျိုး တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲတွေမှာ လုံး၀ကိုနားချိန်မရှိဘူး..ဒီလိုမျိုး ပြိုင်ဘက်ခုနှစ်ယောက်ကို မင်းရဲ့၀ိညာဥ်စွမ်းအားအများကြီးမကုန်ဆုံးစေပဲနဲ့ ဆက်တိုက်တိုက်ခိုက်အနိုင်ယူနိုင်မယ်လို့ ထင်လား ”

မိန်းမငယ်လေးကတော့ အခုအချိန်အထိ မကျေနပ်သေးတဲ့ပုံပါပဲ။

“ဒါပေမယ့် သူက လူခုနှစ်ယောက်စလုံးကို တိုက်ခိုက်ခဲ့တာမဟုတ်ဘူးလေ သုံးယောက်ပဲတိုက်ခိုက်ခဲ့တာ ”

ရှောင်ဟုန်ချန်က ပြောလာခဲ့ပါတယ်။

” ဒါပေမယ့် နောက်ဆုံးတော့ သူနိုင်သွားတာပဲ သူအစောပိုင်းတုန်းက သုံးသွားတဲ့ခြေထောက်သိုင်းကွက်တွေကို မင်းမြင်လား ”

မိန်းမငယ်လေးက မျက်လုံးပြူးသွားရင်း ခေါင်းခါလိုက်ပြီတဲ့ ပြန်ဖြေလိုက်ပါတယ်။

” အရမ်းမြန်လွန်တာကြောင့် မမြင်လိုက်ဘူး ”

ရှောင်ဟုန်ချန်ကလဲ သက်ပြင်းချရင်း ပြောလိုက်ပါတယ်။

” ငါလဲမမြင်လိုက်ဘူး သူက အဲ့ဒီခြေလှမ်းတွေကို အသုံးပြုတဲ့အချိန်မှာ တိုက်ခိုက်မှုက်ိုအပြည့်အ၀ခုန်မရှောင်နိုင်ပေမဲ့ ငါတော့အတော်လေးကျောခြမ်းသွားမိတယ်…ဒါ့အပြင် သူ့ရဲ့ပြိုင်ပွဲသုံးပွဲစလုံးမှာ ၀ိညာဥ်စွမ်းရည်နှစ်ခုကိုပဲ သုံးထားသေးတာ အတိအပူကျပြောရမယ်ဆိုရင် ဒုတိယ၀ိညာဥ်စွမ်းရည်နဲ့ စတုတ္ထ၀ိညာဥ်စွမ်းရည်ပဲ ကျန်ရစ်တဲ့နှစ်ခုကို အသုံးပြုဖို့တောင် မလိုခဲ့ဘူး..အစကနေ အဆုံးအထိ ကိစ္စတွေအားလုံးကို သူက စိတ်မပါတစ်ပါထဲလုပ်သွားခဲ့တယ်ဆိုတဲ့အကြောင်းကို ပြသွားခဲ့တာပါပဲ ဘယ်လိုပဲဖြစ်ပါစေ နောက်ဆုံးမှာတော့ သူနိုင်သွားသေးတယ်..ပညာဉာဏ်ရှိတဲ့သူ တော်တော်များများက ပုံမှန်အချိန်တွေမှာ အတော်ကိုနှေးကွေးတယ်လို့ထင်ရတဲ့သူတွေကြီးပဲ သေချာပေါက် အဲ့ဒီကောင်က ထိပ်တန်းအဆင့်ခုခံရေးအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်လိမ့်မယ်..နောက်ငါးနှစ်အကြာမှာ ငါတို့ကဒီလိုအင်အားကြီးတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာပဲ ”

မိန်းမငယ်လေးကတော့ အခုအချိန်အထိ သူအစ်ကိုပြောတာကိုလက်ခံချင်တဲ့ပုံမပေါ်ပါဘူး။ ရှောင်ဟုန်ချန်က သက်ပြင်းချလိုက်ပြန်ပါတယ်။

” အမျက်ဒေါသကျောင်းတော်ကတော့ အမျက်ဒေါသကျောင်းတော်ပါပဲ အခုတိုက်ပွဲရော အရင်ကတိုက်ပွဲရော ငါ့ရဲ့စိတ်ဓာတ်ကိုအများကြီး ထိခိုက်အောင်သူတို့လုပ်နိုင်ခဲ့တယ် ”

မိန်းမငယ်လေးကတော့ ရယ်မောရင်းနဲ့သာ ပြောလာခဲ့ပါတယ်။

” နေပါဦး အစ်ကိုရဲ့စိတ်ဓာတ်က သူတို့ကြောင့် ရိုက်ခတ်ခံရတယ်လား တစ်ခေါက်မှဒီလိုကိစ္စမျိုးကို မကြားဖူးပါဘူး အစ်ကိုရဲ့ပြိုင်ဘက်က ဘယ်သူပဲဖြစ်ပါစေ အမြဲတမ်းကိုယ်တိုင်အနိုင်ရမယ်လို့လဲ ယုံကြည်ချက်အပြည့်ရှိနေခဲ့တယ်လေ ”

ရှောင်ဟုန်ချန်က ရယ်မောလိုက်ပါတယ်။

” ဟုတ်ပါပြီ မင်းပြောတာမမှားပါဘူး ငါတကယ်ပဲအခုတိုက်ပွဲတစ်ပွဲကောင်းကောင်းတိုက်ခိုက်ချင်နေပြီ ပထမဆုံးပြိုင်ပွဲကအဲ့ဒီကောင်လေးရဲ့ အင်အားက အစစ်အမှန်ဘာလဲဆိုတာသိချင်လိုက်တာ ”

မိန်းမငယ်လေးကတော့ နှာခေါင်းရှုံ့လိုက်ရင်း ပြောလာခဲ့ပါတယ်။

” အဲ့ဒီကောင်လေးမှာ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိနေတာတော့ မဟုတ်နိုင်ဘူးမလား ”

” မင်းဘယ်လိုထင်လို့လဲ ”

ရှောင်ဟုန်ချန်က ပြုံးပြရင်းနဲ့ မေးလိုက်ပါတယ်။ ကောင်မလေးကတော့ လျှာထုတ်ရင်းနဲ့ပြောလာခဲ့တယ်။

” မဖြစ်နိုင်ဘူးလို့ထင်တာပဲလေ ”

ရှုစန်းရှီက သူ့ရဲ့မိတ်ဆွေတွေဆီကို ကျေနပ်တဲ့မျက်နှာကြီးနဲ့ ပြန်သွားခဲ့ပါတယ်။ လူတိုင်းကတော့ သူ့ကိုနွေးနွေးထွေးထွေးနဲ့ ဂုဏ်ပြုနေခဲ့ကြပါပြီ။ နောက်ဆုံးတော့လဲ ဒါက အလှည့်ကျတိုက်ပွဲမှာ သူတို့ရဲ့ပထမဆုံးအောင်ပွဲပါ။

” အစ်ကိုကြီးရှု ဒီလောက်သန်မာမယ်လို့ မထင်ထားခဲ့မိဘူး ”

ရှောင်းရှောင်းက ရှုစန်းရှီကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရင်း ပြောလာခဲ့ပါတယ်။

” အစောတုန်းက ခုခံစစ်အကြောင်းကို ညွှန်ကြားပေးခဲ့တယ်လေ ကျွန်မရဲ့အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးက ထိန်းချုပ်ရေး၀ိညာဥ်အမျိုးအစားဖြစ်ပေမဲ့ သူက ခုခံတဲ့နေရာမှာ အဓိက အသုံးပြုရတာ ဒါကြောင့်လဲ သင်ကြားပေးပါဦး ”

” ရတာပေါ့ ငါရဲ့မိတ်ဆွေသူငယ်ချင်းတွေကို သေချာပေါက် ကူညီရမှာပေါ့ ”

ရှုစန်းရှီက ပြောလိုက်ပါတယ်။ ၀မ်ယန်က ထရပ်လာခဲ့ရင်း ရှုစန်းရှီရဲ့ပုခုံးကို ပုတ်လိုက်တယ်။

” လာသွားကြစို့ ”

အဲ့ဒီနောက် သူတို့အဖွဲ့ကို ဦးဆောင်ရင်အပြင်ကိုထွက်သွားခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေကတော့ လူတွေရဲ့အကြည့်အောက်မှာ နောက်တစ်ကြိမ်ပြန်ထွက်ခွာလို့သွားပါတော့တယ်။

အတွင်းနယ်မြေထဲမှာရှိနေတဲ့ ဧကရာဇ်ကလဲ ထရပ်လို့နေခဲ့ပါပြီ။ အခုအချိန်မှာတော့ သူ့ပြုံးနေခဲ့ရင်း ပြောလိုက်ပါတယ်။

” ဒီတော့ အဲ့ဒီကလေးပေါ့ သူဘယ်သူလဲဆိုတာ ငါသိပြီတကယ်သတ္တိကောင်းတာပဲ ငါ့ကိုဒီလိုအရှက်ခွဲပြီတာတောင် ပြိုင်ပွဲထဲကို လာပြိုင်၀ံ့သေးတယ် ဘယ်လိုပဲဖြစ်ဖြစ် နှမြောစရာကောင်းလိုက်တာ ”

သူဘာသာသူပြောပြီတဲ့နောက် ဧကရာဇ်က အတွင်းမြို့တော်ရဲ့အထဲကို ဦးတည်ပြီသွားပါတော့တယ်။ သူ့အနေနဲ့ နောက်ပြိုင်ပွဲတွေကို ဆက်ကြည့်ဖို့စိတ်၀င်စားတဲ့ပုံမပေါ်တော့ပါဘူး။

ကြယ်တာရာလော့ရင်ပြင်ကျယ်ရဲ့ အပြင်ဘက်မှာကတော့ ဟို့ယွိဟောင်က ၀မ်ယန်ဘေးကို ရောက်လာရင်းခပ်တိုးတိုးမေးလိုက်ပါတယ်။

” ဆရာ၀မ် ကျွန်တော်တို့နောက်ပြိုင်ပွဲကို ဆက်ကြည့်သင့်တယ်မဟုတ်လား အနည်းဆုံးတော့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ ပြိုင်ပွဲတွေကို ဆက်ကြည့်သင့်တယ်လေ သူတို့တွေက ဒုတိယအုပ်စုထဲမှာရှိနေခဲ့ပြီ..ဒီနေ့တိုက်ခိုက်မှာပဲ ”

၀မ်ယန်က ခေါင်းခါလိုက်ပါတယ်။

” ဒီနေရာမှာအချိန်ဖြုန်းနေမဲ့အစား မင်းတို့တွေပြန်ပြီလေ့ကျင့်ကြ ငါတစ်ယောက်ထဲနဲ့ တခြားအဖွဲ့တွေကို လေ့လာနေဖို့လုံလောက်နေပြီ အခုအချိန်မှာ မင်းအနေနဲ့ စွမ်းအားအပြည့်အ၀ရှိနေဖို့အတွက် အင်အားကိုချွင်းချန်ထားရမယ်..ရှုစန်းရှီက ဒီနေ့ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်..ငါတို့ရဲ့တကယ်အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားရင်း ပထမပြိုင်ပွဲမှာ သူနိုင်သွားပြီ နောက်ထပ်ပြိုင်ပွဲတွေအတွက် ဒီလိုမျိုးလျှို့၀ှက်ချက်ကို ဆက်ပြီထိန်းသိမ်းထားမှရမယ်..ရှောင်ထောင့်နဲ့ တခြားသူတွေသာ ပြန်ကောင်းလာမယ်ဆိုရင်တော့ ကိစ္စတွေက လွယ်ကူသွားမှာပါ ”

ဟ်ို့ယွိဟောင်ကတော့ ထူးဆန်းတဲ့အမူအရာနဲ့ ကြည့်နေခဲ့တယ်။ လက်ရှိအချိန်မှာ တစ်ခုခုမှားယွင်းနေတာကို သူသိပြီသားပါ။ လက်ရှိအခြေအနေမှာ ၀မ်ယန်က သူတို့ကို တစ်စုံတစ်ရာဖုံးကွယ်ထားမှန်း ဆဋ္ဌမအာရုံကြောင့် ရှင်းရှင်းလင်းလင်းသိနေခဲ့ပါတယ်။

သူတို့ရဲ့တည်ခိုဆောင်ကို ပြန်ပြီတဲ့နောက် ၀မ်ယန်က အခန်းတွေကို သေချာလိုက်ပို့ခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကတော့ ဟို့ယွိဟောင်အခန်းကိုသာ သွားကြပါတယ်။ အခန်းထဲ၀င်ပြီတဲ့နောက် ဟို့ယွိဟောင်က မျက်မှောင်ကြုတ်သွားခဲ့တယ်။ ရုတ်တရက်ဆိုသလို သူ့ရဲ့မျက်လုံးထဲမှာရွှေရောင်အလင်းတန်းတွေက ထွက်ပေါ်လာခဲ့ပါပြီ။ ၀မ်သုန့်ကို ငြိမ်ငြိမ်နေဖို့အတွက် သူအမူအရာပြလိုက်ပြီတဲ့နောက် ခန္ဓာကိုယ်ကိုလှည့်ရင်း တံခါးဘက်ကိုမျက်နှာမူထားပါတော့တယ်။

အားကောင်းတဲ့၀ိညာဥ်လှိုင်းတွေကတော့ လေထုအပြင်ဘက်ကို ထွက်ပေါ်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ရွှေရောင်အလင်းတန်းတွေက ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲကနေ ခပ်မြန်မြန်ပျောက်ကွယ်လို့သွားပါတော့တယ်။

” ထင်ထားတဲ့အတိုင်းပဲ လွဲနေတာရှိပြီ ”

ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။

” ယွိဟောင် ဘာများလွဲနေလို့လဲ ”

၀မ်သုန့်က သိလိုစိတ်အပြည့်နဲ့မေးလိုက်တယ်။

” ဆရာ၀မ်က ငါတို့ကို တခြားပြိုင်ပွဲတွေတမင်တကာမကြည့်ရအောင် လုပ်နေတယ်လို့ မင်းမထင်ဘူးလား ”

ဟို့ယွိဟောင်ပြောတာကို ကြားချိန်မှာ ၀မ်သုန့်လဲခေါင်းညိတ်ရင်း ပြန်ဖြေလိုက်ပါတယ်။

” ဒါပေမယ့် ငါတို့တွေ အစောပိုင်းတုန်းက သဘောတူထားပြီသားမဟုတ်လား လေ့ကျင့်ဖို့အတွက် အချိန်တွေကိုတတ်နိုင်သလောက်မဖြုန်းပဲနဲ့ လူတိုင်းရဲ့မျက်လုံးထဲမှာ မောက်မာတဲ့ပုံစံကို ထိန်းသိမ်းထားရမယ် ”

ဟို့ယွိဟောင်က ခေါင်းခါရင်းပြောလာခဲ့ပါတယ်။

” အဲ့ဒီလောက်မရိုးရှင်းဘူး ငါတို့တွေဘာကြောင့်အဲ့ဒီပြိုင်ပွဲတွေကို ကြည့်လို့မရတာလဲ ငါတို့တွေက အခုအလှည့်ကျတိုက်ပွဲတွေတိုက်ခိုက်နေရတာလေ ဒါ့အပြင် တစ်ယောက်တစ်ယောက်ချင်တိုက်ပွဲတွေကို တိုက်ခိုက်ရမှာအနည်းဆုံးတော့ ငါတို့နောက်ပြိုင်ဘက်တွေရဲ့ စွမ်းရည်ကိုခန့်မှန်းမိစေနိုင်ဖို့အတွက် ပြိုင်ပွဲသုံးခုကိုဆက်ပြီ ကြည့်စေချင်တယ်..ဆရာ၀မ်ယန်က ငါတို့ကို တည်ခိုဆောင်ပြန်လာဖို့အရမ်းအလောကြီးနေခဲ့တာ မင်းမမြင်ဘူးလား အကယ်၍ မင်းကိစ္စတွေသာ သူပြောတဲ့အတိုင်းတကယ်ဖြစ်နေမယ်ဆိုရင် ဘာကြောင့် ငါတို့ကိုပို့ပြီးပြီချင် ရင်ပြင်ကျယ်ဆီကို အပြေးသွားရတာလဲ ”

၀မ်သုန့်က မျက်လုံးအပြူးသားနဲ့ပြောလာခဲ့ပါတယ်။

” အခုပဲမင်းဆရာ၀မ်ကိုသွားပြီ ထောက်လှမ်းနေတာလား ”

ဟို့ယွိဟောင်က ခေါင်းညိတ်ရင်း ပြောလိုက်ပါတယ်။

” ဆရာ၀မ်ပြောခဲ့တယ်လေ သူတစ်ယောက်ထဲနဲ့ ပြိုင်ပွဲတွေကို လေ့လာတာလုံလောက်ပြီတဲ့ ဒါကြောင့် သူဒီလိုထွက်သွားချိန်မှာ ဘယ်သူမှပါမသွားဘူး..ပြောရမယ်ဆိုရင် သူသွားနေတာအရမ်းကို မြန်တယ်..လက်ရှိအချိန်မှာ သူ့ရဲ့စိတ်ခံစားချက်ကလဲ မတည်ငြိမ်ဘူး ငါတို့ကို တည်ခိုဆောင်ထဲအတူတူ သူလိုက်ပို့ပြီတော့ အခန်းထဲသေချာ၀င်အောင်လုပ်တာက ပြိုင်ပွဲတွေကိုဆက်မကြည့်ဖြစ်အောင် လုံး၀ကိုတားဆီးနေတာပဲ ”

ဒီစကားတွေကိုကြားပြီတဲ့နောက် ၀မ်သုန့်အနေနဲ့ တစ်စုံတစ်ရာကိုတွေးတောမိသွားပုံပါပဲ။

” ငါတို့က မဲခွဲတဲ့အချိန် မြင်ရတဲ့နာမည်တွေနဲ့မရင်းနှီးဘူး နောက်ဆုံးတော့လဲ ဒီပြိုင်ပွဲကိုငါတို့လာတာပထမဆုံးပဲလေ ငါတို့ရဲ့ပြိုင်ဘက်တွေက တခြားဘယ်ကျောင်းတော်ကမှန်း သိရင်တောင် သူတို့ရဲ့တကယ်အင်အားအစစ်အမှန်ကိုသိမှာမဟုတ်ဘူး..ဆရာ၀မ်က ငါတို့ပြိုင်ဘက်တွေရဲ့အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားဖို့ကြိုးစားနေတယ်လို့ ဆိုလိုတာပဲ ဒီတော့ဖြစ်နိုင်ချေက တစ်ခုပဲရှိမယ်..ငါတို့ဒီတစ်ခေါက်ရင်ဆိုင်ရမဲ့အလှည့်ကျတိုက်ပွဲမှာ တွေ့မဲ့ပြိုင်ပွဲတွေက သေချာပေါက် သန်မာလိမ့်မယ် ”

ဒါတွေပြောပြီတဲ့နောက် နှစ်ယောက်စလုံးလဲ တိတ်ဆိတ်လို့သွားပါတော့တယ်။ ​ဒီလိုသာမယ်ဆိုရင် ၀မ်ယန်ရဲ့ အပြုအမှုတွေက ကျိုးကြောင်းဆီလျော်သွားပါပြီ။ သူ့ရဲ့ရည်ရွယ်ချက်က အရမ်းကိုရိုးရှင်းနေခဲ့တယ်။ သူတို့ရဲ့တိုက်ခိုက်လိုစိတ်ကို မပြိုကွဲသွားစေဖို့အတွက် ကာကွယ်ဖို့လုပ်တာပါ။

အကယ်၍ သူတို့သာ အလှည့်ကျပွဲစဥ်တွေကို ဖြတ်ကျော်ချင်တယ်ဆိုရင် သေချာပေါက် နောက်ထပ်ငါးပွဲနိုင်မှဖြစ်မှာပါ။ ခြောက်ပွဲသာနိုင်သွားခဲ့ရင်တော့ သေချာပေါက် လုံး၀ကို အနိုင်ရရှိပြီသားဖြစ်သွားပါပြီ။ ဒါ့အပြင် လင်းလော့ချန် ပြန်လည်ကောင်းမွန်လာဖို့အတွက် နောက်ထပ်ပြိုင်ပွဲနှစ်ပွဲလောက်တော့ စောင့်ရမှာပါ။ လေးပွဲမြောက်မှာကတော့ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့လို ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။ အကယ်၍ နောက်ထပ်ပွဲစဥ်တွေမှာ တွေ့ရမဲ့ပြိုင်ဘက်တွေက သန်မာရင်တောင်မှ သူတို့အနေနဲ့ သေချာပေါက် ဖိအားများကြမှာဖြစ်ပါတယ်။

” ဒါဆိုရင်လဲ သွားကြည့်ရအောင် ”

ဟို့ယွိဟောင်က ၀မ်သုန့်ကို ဆွဲခေါ်ရင်းအခန်းအပြင်ကိုထွက်လာခဲ့ပါတယ်။

၀မ်သုန့်က သူ့ကိုချက်ချင်းတားလိုက်တယ်။

” ငါတို့သွားလို့မရဘူးလေ ကြယ်တာရာလော့ရင်ပြင်ကျယ်က စစ်တပ်ရဲ့ကာကွယ်မှုအောက်မှာရှိနေတယ်..အကယ်၍ ငါတို့ကိုယ်ကိုကိုယ်ရုပ်ဖျက်ပြီ အထဲ၀င်မယ်ဆိုရင်တောင် ၀င်နိုင်မှာမဟုတ်ဘူး ရုပ်မဖျက်ပဲပြန်သွားပြီဆိုရင်လဲ ငါတို့ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးစေမှာမဟုတ်ဘူးလား အရင်ကထဲက ဖန်တီးထားခဲ့တဲ့ အရှိန်အ၀ါတွေကို ဖျက်ဆီးပြစ်လို့မရဘူးလေ ”

ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။

” ကြယ်တာရာလော့ရင်ပြင်ထဲကို သွားမှာမဟုတ်ဘူး ငါနောက်သာလိုက်ခဲ့ ”

အဲ့ဒီနောက် သူ၀မ်သုန့်ကိုဆွဲခေါ်ရင်း အခန်းအပြင်ကို ထွက်လာခဲ့ပါတယ်။ ဘယ်သူမှမရှိမှန်းသေချာနေပြီဆိုတော့မှ စင်္ကြန်အဆုံးမှာရှိနေခဲ့တဲ့ အပေါက်ဆီကို ပြေးတော့တယ်။

ပြတင်းပေါက်ကိုဖွင့်ပြီတဲ့နောက် လက်ညိုးထိုးရင်း ပြောလိုက်ပါတယ်။

” အတောင်ပံထုတ်ပြီပျံတော့ အဲ့ဒီခေါင်မိုးပေါ် ငါ့ကိုခေါ်သွား ”

၀မ်သုန့် မျက်လုံးတွေတောက်ပလို့လာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့အကြံကို သူနားလည်သွားခဲ့ပါပြီ။

” ဒါပေမယ့် ဝေးလွန်တယ်မဟုတ်လား ”

ဟို့ယွိဟောင်က ပြောလိုက်တယ်။

“:ဒီတည်ခိုဆောင်က ကြယ်တာရာလော့ရင်ပြင်ကျယ်ပတ်ပတ်လည်မှာ အမြင့်ဆုံးအဆောက်အဦးပဲ ငါတို့တွေအပေါ်ဆီကနေ ကောင်းကောင်းမြင်ရမှာပါ နည်းနည်းဝေးတယ်ဆိုရင်တောင် ပြဿနာမရှိပါဘူး..ငါသိုင်းပညာ၀ိညာဥ်ရဲ့ အစွမ်းအစကိုလဲ မင်းမမေ့နဲ့ဦး ကြိုးစားကြည့်ရအောင် ”

” ကောင်းပါပြီ ”

၀မ်သုန့်က ပြန်ဖြေလိုက်ပါတယ်။ အဲ့ဒီနောက် သူခေါင်းငုံ့ရင်းနဲ့ ပြတင်းပေါက်အပြင်ကို ထွက်သွားတော့တယ်။ အတောင်ပံတွေကတော့ စတင်ထွက်ပေါ်လို့လာခဲ့ပါပြီ။ အဲ့ဒီနောက် လေထဲမှာပြန်၀ဲပါတော့တယ်။ မကြာခင်မှာပဲ ဟို့ယွိဟောင်က သူ့ဆီကိုခုန်၀င်လို့လာခဲ့ပြီ သူ့ကိုဖက်လိုက်တော့တယ်။

” ဘာဖြစ်လို့ ငါ့ကိုအဲ့ဒီလောက် တွယ်ကပ်နေတာလဲ လေးလိုက်တာ ”

ဟို့ယွိဟောင် ဖက်တာကိုခံလိုက်ရပြီတဲ့နောက် ၀မ်သုန့်က ထအော်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူရှက်ရွံ့သွားခဲ့လို့ပါ မကြာခင်အချိန်အတွင်းမှာပဲ သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ရင်းနဲ့ အပေါ်ကိုပျံတက်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က စိတ်အချဥ်ပေါက်နေတဲ့လေသံနဲ့ပြန်ဖြေလိုက်ပါတယ်။

” အဓိပ္ပာယ်မရှိလိုက်တာ ငါမင်းကိုတွယ်ကပ်နေတာမဟုတ်ဘူး ငါသာပြုတ်ကျပြီဆိုရင် ဘယ်လိုလုပ်မလဲ ဘယ်လိုပဲဖြစ်ဖြစ် မင်းကယောကျ်ားတစ်ယောက်ပဲလေ ဘာဖြစ်လို့မင်းခန္ဓာကိုယ်က ဒီလောက်တောင် နူးညံ့နေရတာလဲ အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်လိုပဲ ”

၀မ်သုန့်က ဒေါသထွက်လာပါတော့တယ်။

” အကယ်၍ မင်းဒီလိုမျိုးပေါက်တတ်ကရတွေ ဆက်ပြောနေဦးမယ်ဆိုရင် ငါအပေါ်ကိုပျံမသွားတော့ဘူး မင်းကိုပဲအောက်ချပြစ်လိုက်တော့မယ် ”

ဟို့ယွိဟောင်က ရယ်မောလိုက်ပါတော့တယ်။

” ခေါင်မိုးပေါ်သာသွားကြစို့ ”

၀မ်သုန့်က အတောင်ပံတွေကိုခတ်ရင်းနဲ့ ခေါင်မိုးပေါ်ဆီတက်သွားပါတော့တယ်။ သူတို့က အပေါ်ဆုံးထပ်မှာနေတာကြောင့် ခေါင်မိုးနဲ့သိပ်မဝေးခဲ့ပါဘူး။ ဒါပေမယ့် အဲ့ဒီနေရာကို ရောက်ရောက်ချင်ပဲ အံ့ဩသွားပါတော့တယ်။

” ချိုက်ထို့ မင်းဒီပစ္စည်းက အသုံး၀င်ရော၀င်ရဲ့လား ဘာမှလဲမမြင်ရဘူး ”

ပေ့ပေ့က ခေါင်မိုးပေါ်မှာရပ်နေရင်း လက်ထဲမှာတစ်စုံတစ်ရာကို ကိုင်ထားကာ ကြယ်တာရာလော့ရင်ပြင်ကျယ်ဆီကို ကြည့်နေခဲ့ပါတယ်။

သူ့ဘေးမှာတော့ ရှုစန်းရှီ ကျန်းနန်နန်နဲ့ ရှောင်းရှောင်းတို့ရှိနေခဲ့တာကြောင့် ခေါင်မိုးတစ်ခုက အတော်လေးကို လူစည်ကားနေခဲ့ပါပြီ။

အပိုင်း ၈၀•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset