အပိုင်း ၈၀•၂
” စွမ်းအားဖုံးကွယ်ထားသူလား ”
°°°
ရှန်ယွဲ့ကတော့ သူ့ရဲ့စောင့်ဆိုင်းနယ်မြေမှာရှိနေရင်း မျက်လုံးအပြူးသားနဲ့ စတင်ကြိမ်းဆဲပါတော့တယ်။
” ဒီခွေးမသားကတော့ ”
သူတကယ်ကို ဒေါသထွက်နေခဲ့တာပါ။ အခုလက်ရှိအချိန်မှာ စစ်ထူးယွိအသုံးပြုနေတဲ့ တိုက်ခိုက်ရေးစွမ်းအားတွေက သူမရဲ့ဓားနှစ်လက်ထက် အများကြီး ပိုပြီးတော့ကို စွမ်းအားမြင့်မားပါတယ်။ ဒီတိုက်ခိုက်မှုတွေက သူတို့ရဲ့ပစ်မှတ်ကို ထိတွေ့တဲ့အချိန်တိုင်း ဖျက်ဆီးနိုင်စွမ်းက အမြင့်ဆုံးကို ရောက်ရှိသွားခဲ့ပေမယ့် အဲ့ဒီလိုတိုက်ခိုက်မှုမျိုးအောက်မှာတော့ ရှုစန်းရှီက တစ်ချက်လေးတောင် မတုန်လှုပ်သွားခဲ့ပါဘူး။ ဒါဆိုရင် ဘာကြောင့်များ အစောပိုင်းတိုက်ပွဲမှာ သူမလက်ထဲကနေ ထွက်ပြေးနေခဲ့ရတာလဲ။ ဒါကလုံး၀ကိုငါးဆဖြစ်နေခဲ့တာပေါ့။
အံ့ဩစရာကောင်းလောက်တဲ့ ခုခံရေးစွမ်းအားပါလား။
စစ်ထူးယွိကတော့ သူ့ခန္ဓာကိုယ်အပေါ်ရောက်ရှိလာနေတဲ့ ကြောက်စရာဖိအားတွေကို ခံစားလိုက်မိတဲ့အတွက် မျက်လုံးသူငယ်အိမ်တွေတောင် ကျုုံ့သွားခဲ့ရပါတယ်။ သူတို့နှစ်ယောက်စလုံးက ၀ိညာဥ်ဘိုးဘေးတွေပါ။ ဒါကြောင့် စင်မြင့်ပေါ်မှာ ခံတပ်ဗျူဟာနဲ့ တိုက်ခိုက်ရင်း သူကအများကြီး အားသာချက်ရနိုင်သူဖြစ်နေခဲ့တယ်။ ဒါ့အပြင် ပုံမှန်အခြေအနေတွေအရ ခုခံရေးကို အဓိကအထူးပြုတဲ့ ၀ိညာဥ်ပညာရှင်တွေက သူ့ရဲ့လက်ထဲမှာ သေချာပေါက် ဖိအားပေးပြီ အနိုင်ယူခံရမှာပါ။ ဒီလောက်ကြောက်စရာကောင်းလွန်းလှတဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့တောင် ရှုစန်းရှီကိုဆုတ်ခွာသွားအောင် သူမလုပ်နိုင်ခဲ့ပါဘူး။
သေချာပေါက် ဒါကစစ်ထူးယွိရဲ့ စွမ်းအားအဆုံးသတ်မဟုတ်သေးတာတော့ အမှန်ပါပဲ။ သူ့ပုခုံးပေါ်ကနေ သတ္ထုပိုက်သုံးခုက ထွက်ပေါ်လို့လာခဲ့ရင်း ခပ်မြန်မြန်ပဲ လှုပ်ရှားပါတော့တယ်။ ဒါကတော့ သူ့ရဲ့ကြွက်သားတွေနေရာပြောင်းလဲနိုင်စွမ်းကို ကျေးဇူးတင်ရမှာပါ။ မကြာခင်အချိန်အတွင်းမှာပဲ လက်သီးဆုပ်အရွယ် အဖြူရောင်ဘောလုံးကြီးတွေက ကောင်းကင်ပေါ်ကို ထိုးထက်သွားပါတော့တယ်။ ဒီဘောလုံးကြီးတွေက ခပ်မြန်မြန်ပဲ ပြန်စုစည်းသွားကြရင်း ရှုစန်းရှီကို ဒိုင်းအနောက်ဖက်ကနေပတ်ပြီ တိုက်ခိုက်ဖို့အတွက် စတင်လုပ်ဆောင်ပါတော့တယ်။
အင်အားကြီးတဲ့ ၀ိညာဥ်လက်နက်နှစ်ခုကို တစ်ပြိုင်နက်ထဲအသုံးချရင်း လူတစ်ယောက်က အချိန်အကြာကြီးမတိုက်ခိုက်နိုင်ပါဘူး။ အနှေးနဲ့အမြန်အတွင်း စစ်ထူးယွိက ရပ်တန့်ရပါလိမ့်မယ်။ ရှုစန်းရှီကလဲ သူ့ရဲ့ဒီရပ်တန့်မှုကို အသုံးပြုပြီး မတ်တပ်ထရပ်ပါတော့တယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို သူအသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ ဒိုင်းကာကြီးကိုသာ အသုံးပြုရင်း တိုက်ခိုက်မှုရှိမရှိ အာရုံခံနေခဲ့ရပါတယ်။ မတ်တပ်ရပ်ပြီတာနဲ့ ချက်ချင်းဆိုသလို အရှေ့ကိုပြေးထွက်လို့သွားခဲ့ပြီ ဒုတိယ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပါပြီ။ လေထဲမှာရှိနေခဲ့တဲ့ အဖြူရောင်၀ိညာဥ်ဘောလုံးခြောက်လုံးကတော့ လက်ရှိအချိန်မှာ ရှုစန်းရှီကိုလွဲချော်လို့သွားပါတော့တယ်။ ဒါပေမယ့် သူတို့တွေက ပစ်မှတ်ကိုလုံး၀အာရုံစိုက်ပြီ တိုက်ခိုက်ဖို့အဆင်သင့်ပြင်ထားကြပုံပါပဲ။ ရှုစန်းရှီက သူတို့ကိုနောက်မှာဖြတ်ချနိုင်ခဲ့ပေမဲ့ သူတို့တွေကတော့ စပြီလ်ိုက်လာခဲ့ပါတယ်။ အရှေ့မှာရှိနေခဲ့တဲ့ ရှုစန်းရှီကတော့ ဦးဆောင်ပြီပြေးနေရင်းဘာကိုမှ သတိမထားမိတဲ့ပုံစံပါပဲ။
ငါတော့နိုင်ပြီ ရှုစန်းရှိီရဲ့ အခြေအနေကိုကြည့်နေတဲ့ စစ်ထူးယွိကတော့ တွေးလိုက်မိတယ်။ ဒီလိုအခြေအနေကို ကြုံတွေ့ရချိန်တိုင်း သူကအမြဲတမ်းအနိုင်ရရှိခဲ့တာပါ။ ၀ိညာဥ်လက်နက်ကနေ ထုတ်လွှတ်တဲ့စွမ်းအားတွေက နောက်တစ်ကြိမ် ပြန်ပြီတောက်ပလို့လာခဲ့ပြန်ပါတယ်။ သူ့ခန္ဓာကိုယ်က အဖြူရောင်မီးလျှံတွေကြားမှာ နစ်၀င်နေသလိုမျိုးအရမ်းကိုတောက်ပနေခဲ့ပါတယ်။ များပြားတဲ့အဖြူရောင်အလင်းစက်ကလေးတွေက ရှုစန်းရှီဆီကို နောက်တစ်ကြိမ် ပြေး၀င်လို့သွားခဲ့ပါပြီ။
ဒီတစ်ကြိမ်မှာတော့ စောင့်ဆိုင်ရေးနယ်မြေမှာရှိနေခဲ့တဲ့ ပေ့ပေ့က ဟို့ယွိဟောင်ကို လှမ်းပြောလိုက်ပါတယ်။
” သေသေချာချာကြည့်ထား “:
သူစကားမဆုံးသေးခင်အချိန်မှာပဲ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုက စင်မြင့်ပေါ်မှာ ဖြစ်ပေါ်လို့လာခဲ့ပါတယ်။
အရှေ့နဲ့အနောက် ဆက်တိုက်တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေခဲ့တဲ့ ရှုစန်းရှီက လုံး၀အဆုံးသတ်အခြေအနေမှာ ရောက်နေသလိုပါပဲ။ အကယ်၍ သူ့သာဒိုင်းကာကို အသုံးပြုပြီး အရှေ့ကတိုက်ခိုက်မှုကိုတားဆီးလိုက်မယ်ဆိုရင်လဲ အနောက်ဖက်ကတိုက်ခိုက်မှုကို မရှောင်ရှားနိုင်မှာအမှန်ပါ။ အဖြူရောင်အလင်းလုံးတွေက ဘယ်လိုလုပ်လျော့ကျနိုင်မှာလဲ။ ဒီလိုအခြေအနေမှာ သူဘာဆက်လုပ်နိုင်ဦးမှာလဲ။
ရှုစန်းရှီကတော့ အဖြေပေးလိုက်ပါပြီ။ သူ့ရဲ့အရှိန်နှုန်းက တခဏတာအတွင်းမှာ နှစ်ဆမြန်သွားခဲ့ပါတယ်။ ကြည့်ရှု့နေသူတွေအနေနဲ့လဲ အလင်းတန်းတစ်တန်းကိုသာ မြင်လိုက်ရပြီ သူခန္ဓာကိုယ်က ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ များပြားတဲ့ပုံရိပ်ယောင်တွေကို ချန်ထားခဲ့ရင်း သူ့ရဲ့လှုပ်ရှားလိုက်တဲ့ပုံစံက အရှေ့ပိုင်းကနေလာနေတဲ့ တိုက်ခိုက်မှုသုံးပုံနှစ်ပုံနီးပါးကို ပျောက်ကွယ်လို့သွားစေခဲ့ပါတယ်။ ဒါ့အပြင် အနောက်ဖက်မှာရှိနေခဲ့တဲ့ အဖြူရောင်အလင်းလုံးခြောက်လုံးထဲမှာ လေးလုံးကလဲ ခုန်ရှောင်လိုက်ရုံနဲ့တင် ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
ဒါက အကုန်မဟုတ်သေးပါဘူး။ ရုတ်တရက်ဆိုသလို သူ့ရဲ့ ဒိုင်းကာကြီးက ပေါက်ကွဲထွက်လို့သွားခဲ့ပြီ များပြားတဲ့လက်၀ါးအရွယ်က ဒိုင်းကာအသေးလေးတွေအဖြစ်ကို ပြောင်းလဲကာနေရာအနှံ့ကို ရောက်ရှိလို့သွားပါတော့တယ်။ ဒိုင်းကာတွေအားလုံးက သူခုန်မရှောင်နိုင်လောက်တဲ့ တိုက်ခိုက်မှုတွေအားလုံးကို အတိအကျတားဆီးလို့ထားခဲ့တယ်။ အနောက်ဖက်မှာရှိနေခဲ့တဲ့ အဖြူရောင်ဘောလုံးနှစ်လုံးကလဲ ချွင်းချက်မရှိခဲ့ပါဘူး။
မိုးခြိမ်းသံလိုပေါက်ကွဲမှုတွေက သူဘေးပတ်လည်မှာ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေခဲ့ပါတယ်။ ဘယ်လိုတိုက်ခိုက်မှုတစ်ခုကမှ သူ့ခန္ဓာကိုယ်ပေါ်တိုက်ရိုက်မကြရောက်ခဲ့ပါဘူး။ ဒီလိုရုတ်တရက်အရှိန်နှုန်းမြင့်တင်ပြီ ခုခံကာကွယ်မှုနဲ့အတူ မီးမိုးတွေကို ခုန်ရှောင်လိုက်မှုက စစ်ထူးယွိရဲ့အရှေ့တည့်တည့်မှာ ဖြစ်ပေါ်သွားခဲ့တာပါ။ စစ်ထူးယွိက အရမ်းကိုအံ့အားသင့်တဲ့ပုံစံနဲ့သာ ရှိနေခဲ့ပါတယ်။ ဘယ်လိုလုပ်ခုခံရေးအမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက်က ဒီလောက်တောင် မြန်မြန်ဆန်ဆန်လှုပ်ရှားနိုင်နေတာလဲ။ ဒါပေမယ့် သူအဖွဲ့က သူ့ရဲ့ခေါင်းဆောင်ဖြစ်နေဆဲပါပဲ။ ဒါကြောင့် သူအံ့ဩသွားခဲ့ပေမဲ့ နောက်တစ်ကြိမ် တိုက်ခိုက်ဖို့အင်အားမလျော့ခဲ့ပါဘူး။
အဆင့်လေး၀ိညာဥ်အမြောက်က နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လို့လာခဲ့ပြီ တောက်ပလာပြန်ပါတယ်။ အစောပိုင်းတုန်းက ဒီအရာကိုမသုံးခဲ့တာကများပြားတဲ့၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကြောင့်ပါ။ ဒီတစ်ကြိမ်မှာကတော့ သုံးကိုသုံးမှရပါတော့မယ်။ ခန္ဓာကိုယ်ထဲမှာရှိသမျှ၀ိညာဥ်စွမ်းအားတွေအားလုံးကို စုစည်းလိုက်ရင်း သူ့ရဲ့နောက်ကျောဖက်က သိုင်းပညာ၀ိညာဥ်ဆီမှာ စွမ်းအားတွေအားလုံးကို တိုးမြင့်လိုက်ပါတော့တယ်။ အဲ့ဒီနောက် တိုးမြင့်ထားတဲ့စွမ်းအားတွေကို ၀ိညာဥ်အမြောက်ထဲထပ်မံထည့်သွင်းလိုက်တယ်။
အခုအချိန်မှာတော့ အမြောက်ရဲ့အ၀တွေက စတင်ပြီတောက်ပလာနေခဲ့ပါပြီ။ အဖြူရောင်အလင်တန်းတွေက ရုတ်တရက်ဆိုသလို မှောင်မိုက်လို့သွားပါတော့တယ်။ တစ်ချိန်ထဲမှာပဲ စင်မြင့်ပေါ်မှာရှိနေခဲ့တဲ့ ပတ်၀န်းကျင်အခြေအနေကတော့ အတော်ကို ပရမ်းပတာဖြစ်နေခဲ့ပါပြီ။
စစ်ထူးယွိရဲ့ရူးသွပ်နေတဲ့ပုံစံနဲ့ နောက်ဆုံးတိုက်ခိုက်မှုကို စတင်ပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ အနီးကပ်ကြည့်မယ်ဆိုရင် ရှုစန်းရှီရဲ့ အေးဆေးတဲ့အမူအရာပျောက်ကွယ်သွားတာကို လူတွေသတိထားမိမှာပါ။ အေးစက်တဲ့မျက်နှာထားက သူ့ရဲ့မျက်နှာပေါ်မှာအထင်သားပေါ်နေခဲ့ပါတော့တယ်။ ဒါ့အပြင် ခွဲထုတ်ထားခဲ့တဲ့ ဒိုင်းကာတွေက လက်ရှိအချိန်မှာ နောက်တစ်ကြိမ်ပြန်လည်ပေါင်းစည်းလို့သွားခဲ့ပါပြီ။ အဆင့်လေး၀ိညာဥ်အမြောက်က တောက်ပလာချိန်မှာ သူက ဘယ်ဘက်ကိုခပ်မြန်မြန်ပဲ ခြေလှမ်းဆုတ်လိုက်ပါတော့တယ်။
ဒီခြေလှမ်းတစ်လှမ်းက အရာအားလုံးကို အပြောင်းအလဲဖြစ်သွားစေခဲ့တယ်။ အဲ့ဒီအမြောက်က ရန်သူရဲ့နေရာကို ချိန်ရွယ်ပြီလိုက်မဖမ်းနိုင်ပါဘူး။ ရှုစန်းရှိီကလဲ ဒါမျ်ိုးကိုတိုက်ရိုက်မတိုက်ခိုက်ပဲ စောင်းပြီတော့ရှောင်ရှားလိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့ဒိုင်းကာကြီးကနေ အနက်ရောင်အလင်းတန်းတွေက မှန်တစ်ချပ်လိုမျိုးထွက်ပေါ်လို့လာခဲ့ပါပြီ။
ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုအစွန်းက သူ့ဒိုင်းကာကိုလာထိပါတယ်။ ဒါပေမယ့် အစွန်းတစ်ဖက်သာထိတွေ့တဲ့အတွက် တောက်ပတဲ့အဖြူရောင်အလင်းတန်းတွေက ချက်ချင်းဆိုသလိုစင်မြင့်ပေါ်ကိုပြန်ပြီး ကျရောက်လို့သွားတော့တယ်။ ဒီလိုကန်ထွက်သွားမှုနဲ့အတူ ရှုစန်းရှိီရဲ့ ခြေထောက်နှစ်ခုကတော့ နေရာမှာတင် မားမားမတ်မတ်ရပ်တည်နေရင်းနဲ့ တိုက်ခိုက်မှုကို ခံယူနေခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စက အဆုံးသတ်မဟုတ်သေးပါဘူး။ ရောက်ရှိလာနေတဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်ခုခံလိုက်ပြီတဲ့နောက် လိပ်တစ်ကောင်လိုမျိုး စစ်ထူးယွိရဲ့ ခံတပ်ဆီကို ခုန်အုပ်ပါတော့တယ်။
မိုးခြိမ်းသံလိုအသံကျယ်ကြီးနဲ့အတူ တိုက်ပွဲကွင်ပြင်အစွန်းရဲ့မနီးမဝေးမှာရှိနေခဲ့တဲ့ စစ်ထူးယွိကတော့ လွှင့်ထွက်လို့သွားပါတော့တယ်။ သူအခြေစိုက်ထားခဲ့တဲ့ နေရာကနေ လုံး၀ကို အမြစ်တူးထုတ်ခံလိုက်ရတာပါ။ စစ်ထူးယွိက အကာအကွယ်ဒိုင်းကာနဲ့ တိုက်မိပြီတဲ့နောက် မြေပြင်ပေါ်ကို ပြုတ်ကျသွားပါတော့တယ်။
၀ိညာဥ်ခံတပ်ကို အသုံးပြုပြီးချိန်မှာပဲ စစ်ထူးယွိရဲ့ ခန္ဓာကိုယ်အလေးချိန်က ကီလိုနှစ်ရာငါးဆယ်ထက်ကို ကျော်လွန်နေခဲ့ပါပြီ။ ရှုစန်းရှိီ သူ့ကို၀င်တိုက်ချိန်မှာတော့ တစ်ချက်လေးတောင် မခုခံနိုင်ပဲနဲ့ လွှင့်ထွက်လို့သွားခဲ့ရပါတယ်။ တကယ်ကိုလှပတဲ့ တိုက်မိမှုပါပဲ။ ဒါ့အပြင် လုံး၀ကိုစစ်မှန်တဲ့ အင်အားရဲ့ပြသမှုလဲ ဖြစ်နေခဲ့တယ်။
စင်မြင့်ရဲ့အစွန်းတစ်ဖက်မှာရပ်နေဆဲဖြစ်တဲ့ ရှုစန်းရှီကတော့ နောက်တစ်ကြိမ်အေးအေးဆေးဆေးနဲ့ ပြုံးနေခဲ့ပြန်ပါပြီ။ တစ်ဖက်မှာရှိနေခဲ့တဲ့ တိမ်တိုက်ကျောင်းတော်ရဲ့စောင့်ဆိုင်ရေးနယ်မြေကို သူလှမ်းကြည့်ရင်းနဲ့ တအံ့တဩဖြစ်နေတဲ့ မာယင်ကျွင့်ကို ပြောလိုက်ပါတယ်။
” ဒီအစ်ကိုကြီး မင်းကို မလှည့်စားခဲ့ဘူးမဟုတ်လား ငါမင်းကိုသက်ညှာပေးခဲ့တယ် ”
” ဟုတ်ပါတယ် ဟုတ်ပါတယ် ”
မာယင်ကျွင့်က ဆက်တိုက်ဆိုသလို ဇက်ပြုတ်မတတ်ခေါင်းညိတ်လို့နေခဲ့ပြီ။ ဒါကလွဲပြီ သူဘာမှလုပ်စရာမရှိပါဘူး။
” အစ်ကိုကြီးရှုက အဲ့ဒီလောက်အထိသန်မာတယ်လား ”
အခုအချိန်အထိ ရှုစန်းရှီက တခြားအဖွဲ့သားတွေရဲ့ စိတ်ထဲမှာကြီးမားတဲ့ တိုက်ခိုက်ရေးစွမ်းအားအကြောင်းကို မထုတ်ဖော်ပဲ ရှိခဲ့သူပါ။ နောက်ဆုံးတော့လဲ သူက ခုခံရေးအမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက်သာဖြစ်ခဲ့ပါတယ်။ ဘယ်သူကမှ သူ့ကိုဒီလောက်ပေါက်ကွဲအားပြင်းထန်တဲ့ တိုက်ခိုက်ရေးစွမ်းအားရှိသူလို့ မထင်မှတ်ထားခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အချိန်အများစုကို ကျန်းနန်နန်နောက် လိုက်နေခဲ့တာကြောင့် ကုန်ဆုံးနေခဲ့တာပါ။ ဒီနေ့မှသာ ပြိုင်ပွဲ၀င်သုံးယောက်ကို တစ်ပြိုင်နက်ထဲအနိုင်ယူနိုင်ခဲ့တဲ့အတွက် စွမ်းအားအစစ်အမှန်ကို လူတိုင်းလဲ သိရပါတော့တယ်။
၀ိညာဥ်ဘိုးဘေးတစ်ယောက်ဖြစ်နေခဲ့တဲ့သူက အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်ကို အနိုင်ယူခဲ့ပါတယ်။ ဒီတစ်ခုထဲနဲ့တင် သူ့ရဲ့အင်အားကို ရိုးရိုးရှင်းရှင်းသိစေနိုင်ဖို့လုံလောက်နေခဲ့ပါပြီ။ သူ့ရဲ့ ပြိုင်ဘက်သုံးယောက်ကို အလွယ်လေးအနိုင်ယူနိုင်ခဲ့တဲ့ဆိုတဲ့ကိစ္စက စကားထဲထည့်ပြောဖို့တောင် မလိုတော့ပါဘူး။
ပေ့ပေ့က ပြုံးပြရင်းနဲ့ပြန်ဖြေလိုက်ပါတယ်။
” ဒီကောင်အမြဲတမ်းအရှက်မရှိ မျက်နှာပြောင်တိုက်နေပြီဆိုမှတော့ မင်းတို့တွေ မေ့ကောင်းမေ့လောက်ရောပေါ့ မင်းတို့တွေ ကျောင်းတော်ထဲ၀င်ချိန်မှာ သူက ကျောင်းတော်ကိုရောက်တာ ခြောက်နှစ်ရှိနေပါပြီ တွေးကြည့်လိုက်ပါဦး တကယ်သူအတွင်းနယ်မြေထဲကို အခုအချိန် ရောက်သင့်နေပြီမဟုတ်လား ဒါပေမယ့် သူက နန်နန်ကို တစ်ပိုင်းသေမတတ်ကြိုက်နေတာကြောင့် တမင်ကတာအမှတ်တွေလျော့အောင် လုပ်နေခဲ့တယ်…ဒါကိုသူ့ဆရာတွေသိတဲ့အချိန်တုန်းက ဒေါသထွက်လွန်လို့ သွေးတောင်အန်မတတ်ဖြစ်နေခဲ့တာကို ငါမှတ်မိသေးတယ်..ဒါ့အပြင် ဒီကောင်က ငါမြင်ဖူးသမျှထဲမှာ ပါရမီအရှိဆုံးခုခံရေးအမျိုးအစား၀ိညာဥ်လက်နက်ပညာရှင်ပဲ သူ့ကိုအထင်သေးတဲ့ဘယ်သူမဆို သေချာပေါက် ပြန်ပေးဆပ်ရလိမ့်မယ်..ငါတို့အုပ်စုခုနှစ်ယောက်ထဲမှာ ကျင့်ကြံဆင့်အရဆုံးသူက ထိပ်ဆုံးရောက်နေတာပဲလေ နောက်ဆုံးတော့လဲ ကျောင်းတော်က ကျောင်းသားတွေအင်အားကို သူ့မှာရှိတဲ့၀ိညာဥ်စက်ကွင်းအရေအတွက်နဲ့ပဲ တိုင်တာလို့မရဘူးဟုတ်တယ်ဟုတ် ”
ပေ့ပေ့ပြောတာအမှန်တွေကြီးပါပဲ။ အမျက်ဒေါသကျောင်းတော်က ကျောင်းသားတွေရဲ့အင်အားကို သူတို့ပိုင်ဆိုင်တဲ့ ၀ိညာဥ်စက်ကွင်းအရေအတွက်ကြည့်ရုံနဲ့တင် ခန့်မှန်းလို့မရနိုင်ခဲ့ပါဘူး။ ရှုစန်းရှီက အတော်ကိုငယ်ရွယ်တဲ့ အသက်အရွယ်ကထဲကနေ ကျောင်းတော်ထဲကို၀င်ရောက်လာခဲ့ပါတယ်။ သူ့အသက်ဆယ့်ငါးနှစ်ရောက်ချိန်မှာတော့ အပြင်နယ်မြေကနေ ပြီးမြောက်ပြီ အတွင်းနယ်မြေထဲကို ၀င်ရောက်ဖို့စမ်းသပ်ချက်ကို ဖြတ်ကျော်ရမှာပါ။ သူ့ရဲ့ကျင့်ကြံဆင့်က ဘယ်လောက်မြင့်မားနေပြီလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ သူလိုလူမျိုးက ပေ့ပေ့နဲ့အတူတူ အပြင်နယ်မြေရဲ့ပါရမီရှင်အဖြစ် သတ်မှတ်ခံရတယ်ဆိုတာက ဘယ်လိုများ ဒီလောက်ရိုးရှင်းနိုင်မှာလဲ ဒါ့အပြင် သင့်တော်တဲ့တွက်ချက်မှုကို ပြုလုပ်ချိန်မှာ မူလပါရမီပိုင်ဆိုင်တဲ့အင်အားတိုက်ခိုက်နိုင်စွမ်းအားအပြင် များပြားတဲ့အချက်တွေကိုပါ ထည့်သွင်းစဥ်းစားရမှာပါ။
ရှုစန်းရှိီရဲ့ ထူးဆန်းတဲ့မြေအောက်လောကရှောင်၀ူလိပ်နတ်ကြီးသိုင်းပညာ၀ိညာဥ်ကလဲ သူ့မျိုးဆက်ထဲမှာအသန်မာဆုံးခုခံရေးအမျိုးအစားသိုင်းပညာ၀ိညာဥ်ဖြစ်ခဲ့ပါတယ်။ ဒီသိုင်းပညာ၀ိညာဥ်က သူ့ပိုင်ရှင်ကိုထာ၀ရတည်မြဲတဲ့ ခုခံစစ်ပိုင်ဆိုင်နိုင်စေဖို့အထောက်အကူပြုပေးတာပါ။ ဒီနှစ်တစ်လျှောက်လုံးပေ့ပေ့အနေနဲ့ ရှုစန်းရှီရဲ့ ခုခံစစ်ကို ချိုးဖောက်အောင်မြင်နိုင်ခဲ့သူ တစ်ယောက်ယောက်ရှိတယ်လို့ ဘယ်သူကမှမကြားခဲ့ဖူးပါဘူး။
” ညီနောင် မင်းစကားကိုမင်းတည်သင့်မဟုတ်လား ”
ရှုစန်းရှီက စစ်ထူးယွိကိုပြောလိုက်ပါတယ်။ အောက်ဖက်ကို ပြုတ်ကျသွားပြီဖြစ်တဲ့ တဲ့ စစ်ထူးယွိကတော့ ခက်ခက်ခဲခဲနဲ့ ပြောလာခဲ့ပါပြီ။
အခုအချိန်မှာတော့ စစ်ထူးယွိကြောက်တဲ့ တစ်ခုတည်သောအရာကဖြစ်လာခဲ့ပါပြီ။ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားတဲ့ ၀ိညာဥ်လက်နက် ခံတပ်ထဲက ၀ိညာဥ်လက်နက်တွေအများကြီးက ပြုတ်ကျသွားခဲ့တာကြောင့် ပျက်စီးသွားခဲ့တာပါ။ သူ့ရဲ့ခန္ဓာကိုယ်ကလဲ ထိတ်လန့်တာခံစားလိုက်ရတာကြောင့် နှာခေါင်းနဲ့ပါးစပ်တွေထဲကပါ သွေးတွေထွက်နေခဲ့ပါပြီ။ အတန်းဖော်ရဲ့အကူအညီနဲ့သာ ဒီ၀ိညာဥ်လက်နက်တောင်တန်းကြီးထဲကနေ ထွက်လာနိုင်ခဲ့တာပါ။
သူခေါင်းမော့ရင်းနဲ့ ရှုစန်းရှီကို ပြန်ကြည့်လိုက်ပါတယ်။ အဲ့ဒီနောက် ခေါင်းညိတ်ရင်းနဲ့ ပြောလိုက်တယ်။
” ငါရှုံးပြီ ဒါကိုစိတ်ရင်းအမှန်နဲ့ အတည်ပြုပါတယ်။ ငါတို့တိမ်တိုက်ကျောင်းတော်အရှုံးကို၀န်ခံပါတယ် ”
ရှုစန်းရှီက ရယ်မောရင်းနဲ့ ပြောလာခဲ့တယ်။
” မင်းတကယ်ပဲကတိတည်တာပေါ့ တကယ်ယောက်ကျာ်းပီသတယ်…မင်းရဲ့တိုက်ခိုက်နိုင်စွမ်းက တစ်၀က်လောက်မဆိုးပါဘူး.. ဒါပေမယ့် မင်းစစ်တပ်ထဲကို၀င်သင့်တယ်..ဒီလိုတိုက်ခိုက်တဲ့နည်းလမ်းမျိုးက တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်တဲ့ပွဲတွေမှာ အောင်မြင်နိုင်ဖို့မလွယ်ဘူး ”
သူပြောပြီတာနဲ့ သူ့ရဲ့စောင့်ဆိုင်ရေးနယ်မြေဘက်ကို လှည့်ထွက်ပြီ လက်ထောင်လိုက်ပါတော့တယ်။ အမျက်ဒေါသကျောင်းတော်က သူတို့ရဲ့ပထမဆုံးပြိုင်ပွဲမှာ နောက်တစ်ကြိမ်ရရှိခဲ့ပြန်ပါပြီ။ အရင်တစ်ခေါက်တုန်းကလိုပဲ လူတစ်ယောက်ထဲသာသုံးသွားခဲ့ပါတယ်။ အခြေအနေတွေကတော့ အရင်ကနဲ့မတူညီပါဘူး။ ဒီတစ်ကြိမ်မှာ ၀ိညာဥ်စက်ကွင်းလေးကွင်းပါတဲ့ ခုခံရေး၀ိညာပညာရှင်ကို စေလွှတ်ခဲ့တာပါ။
ဒါ့အပြင် အဲ့ဒီ၀ိညာဥ်ပညာရှင်က သူတစ်ယောက်ထဲနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်တစ်ခုလုံးကို အနိုင်ယူပြသွားခဲ့ပါတယ်။ ပြိုင်ဘက်သုံးယောက်စလုံးကိုသာ ရင်ဆိုင်ခဲ့ပေမဲ့ တစ်ဖက်ကျောင်းတော်ရဲ့ ကျောင်းသားတွေအခြေအနေကို လူတိုင်းပြောနိုင်နေခဲ့တယ်။ ကျန်ရစ်တဲ့အဖွဲ့သားတွေကလဲ ၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိတဲ့ ၀ိညာဥ်အကြီးအကဲတွေသာ ဖြစ်နေခဲ့မှာပါ။ ဒါကြောင့် သူတို့အနေနဲ့ အမျက်ဒေါသကျောင်းတော်ကို အနိုင်ယူဖို့ရာဘယ်လိုမှမဖြစ်နိုင်ပါဘူး။
အပိုင်း ၈၀•၂ ပြီး၏။