Switch Mode

Chapter – 80.1

စွမ်းအား ဖုံးကွယ်ထားတဲ့ ပညာရှင်လား

အပိုင်း ၈၀•၁

” စွမ်းအားဖုံးကွယ်ထားတဲ့ ပညာရှင်လား ”
°°°
” မင်းအခုအချိန်ထိ တကယ်စွမ်းအားအစစ်အမှန်ကို မသုံးရသေးမှန်း ငါသိတယ် ”

စစ်ထူးယွိက ပြောလာခဲ့ပါတယ်။

” ဒါကြောင့် တိမ်တ်ိုက်ကျောင်းတော်ရဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ မင်းနဲ့အတူမျှမျှတတယှဥ်ပြိုင်ဖို့ မျှော်လင့်ပါတယ်.. ငါတို့နှစ်ယောက်ကြားက တကယ်ကွာခြားချက်အစစ်အမှန်ကို ငါမြင်ချင်တယ်.. အကယ်၍ မင်း ငါ့ကိုအနိုင်ယူနိုင်မယ်ဆိုရင် ကျန်ရစ်တဲ့ပြိုင်ပွဲတွေမှာ ဆက်ပြီတိုက်ခိုက်ဖို့မလိုတော့ဘူး..ဒါကြောင့် မင်းအနေနဲ့ ငါရဲ့လေးစားမှုကို ရရှိနိုင်ဖို့တကယ်စွမ်းအားအစစ်အမှန်ကို အသုံးချဖို့မျှော်လင့်ပါတယ် ”

ရှုစန်းရှီက မျက်မှောင်ကြုတ်သွားခဲ့ပါပြီ။ သူက အခုအချိန်မှာ အသက်ဆယ့်ငါးနှစ်၀န်းကျင်သာရှိပေမဲ့ သူကြီးပြင်းခဲ့ရတဲ့ ပတ်၀န်းကျင်အခြေအနေက သက်တူရွယ်တူတွေထက်ကို အများကြီးပိုပြီး မြန်မြန်ရင့်ကျက်စေဖို့အတွက် တွန်းအားပေးခဲ့ပါတယ်။ စစ်ထူးယွိက သူ့ထက်အသက်ငါးနှစ်ယောက်လောက် ကြီးနေခဲ့ပေမဲ့ သူ့လောက်အတွေအကြုံများတယ်လို့ဆိုလိုနိုင်တာမဟုတ်ပါဘူး။

” ဆန္ဒရှိတဲ့အတိုင်းပါပဲ ”

ရှုစန်းရှီက တခဏတာစဥ်းစားပြီတဲ့နောက် ပြန်ဖြေလိုက်ပါတယ်။ အဲ့ဒီနောက် အရင်တုန်းကအတိုင်း ပေါ့ပျက်ပျက်နဲ့သာ သူ​ပြုံးလိုက်ပါတယ်။ သူ့ရဲ့ပြိုင်ဘက်ကြောင့်ပျော်ရွှင်နေတဲ့စိတ်ကို အနှောင့်အယှက်ဖြစ်ခွင့်မပြုပါဘူး။ ဒိုင်ကတော့ အရှေ့ကိုလျှောက်လာရင်း ပြောလိုက်ပါတယ်။

” နှစ်ယောက်စလုံး နောက်ကိုပြန်ဆုတ်ကြပါ ”

စစ်ထူးယွိက ရှုစန်းရှီကို ဂရုတစိုက်ကြည့်ရင်းနဲ့ နောက်ကိုပြန်ဆုတ်လာခဲ့ပါတယ်။ သူဆုတ်လာနေရင်းနဲ့ မျက်၀န်းအကြည့်တွေက ပိုပိုပြီး ကြောက်စရာကောင်းလာနေပါပြီ။ စူးရှပြီအားကောင်းတဲ့ သတ်ဖြတ်လိုငွေ့တွေက သူ့ခန္ဓာကိုယ်အပြင်ဘက်ဆီ ထွက်ပေါ်လို့လာပါတော့တယ်။ ကြောက်စရာကောင်းတဲ့ ပထမပြိုင်ပွဲမှာ သူတို့ကျောင်းတော်က မနည်းဖောက်ထွက်ခဲ့ရပါတယ်။ အခုအချိန်မှာ အလှည့်ကျတိုက်ပွဲဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။ သူကရော အင်အားမကြီးပဲနေမှာလား။ စစ်ထူးယွိက သူတို့အုပ်စုရဲ့ အဓိကခေါင်းဆောင်လဲ ဖြစ်နေသလို အဖွဲ့ရဲ့အဓိကအင်အားလဲ ဖြစ်နေပါတယ်။

ရှုစန်းရှီလဲ ဖြည်းဖြည်းချင်းဆုတ်ခွာလို့သွားခဲ့ပါပြီ။ သူ့ရဲ့ပါးစပ်ထဲမှာကိုက်ထားခဲ့တဲ့ ဆေးပြင်းလိပ်ရဲ့တစ်၀က်နီးပါးက အခုအချိန်မှာ ကုန်ဆုံးလုနီးပါးဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာပျင်းရိနေတဲ့ပုံစံကတော့ မပျောက်သေးပါဘူး။ ပြိုင်ဘက်နဲ့ပတ်သက်ပြီ အလေးမထားတဲ့ပုံစံ ပေါ်နေခဲ့တယ်။ စောင့်ဆိုင်းနေတဲ့နယ်မြေမှာကတော့ ၀မ်ယန်က အေးအေးဆေးဆေးရှိနေဆဲပါ။ သူတို့တွေက စင်မြင့်အနားမှာရှိနေခဲ့တာကြောင့် ဒီနှစ်ယောက်ရဲ့စကားသံတွေကို ရှင်းရှင်းလင်းလင်းကြားလိုက်ရပါတယ်။ တစ်ဖက်မှာရှိနေခဲ့တဲ့ ဟို့ယွိဟောင်ကတော့ စိတ်ဖိစီးနေခဲ့တယ်။ လက်ရှိအချိန်မှာ အကာအကွယ်အတားအဆီးတွေကို ဖြတ်ကျော်နိုင်ဖို့အတွက် သူအကြိမ်ကြိမ်ကြိုးစားခဲ့ပြီသားပါ။ ဒါပေမယ့် အဲ့ဒီအတားအဆီးတွေကို ဖြတ်ကျော်နိုင်ဖို့အတွက် များပြားတဲ့စိတ်၀ိညာဥ်စွမ်းအားတွေက လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကလဲ အရမ်းကို များပြားလို့နေခဲ့တယ်။ အကယ်၍ သူသာ ဒီစိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကို အသုံးပြုပြီး တစ်ယောက်ယောက်ကို ကူညီပေးဖို့ကြိုးစားချင်တယ်ဆိုရင် သူ့ရဲ့၀ိညာဥ်စွမ်းအားတွေက အမြန်ဆုံးကုန်ဆုံးသွားမှာပါ။ ဒါကြောင့် သူ့အနေနဲ့ အချိန်တိုင်းအသုံးပြုနိုင်ဖို့ မဖြစ်သလောက်ပါပဲ။

ဒါပေမယ့် ရှုစန်းရှီကတော့ သာသာယာယာသာရှိနေခဲ့တယ်။ ဒါကြောင့် သူလဲနောက်ထပ်ဆက်ပြီမလှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဟို့ယွိဟောင်တောင်မှ ရှုစန်းရှီရဲ့တကယ်စွမ်းအားအစစ်အမှန်ကို မတွေ့ဖူးသေးပါဘူး။

၀မ်ယန်အပြင် ဒီလိုအေးဆေးနေတဲ့နောက်တစ်ယောက်ရှိပါသေးတယ်။ အဲ့ဒါကတော့ ပေ့ပေ့ပါ။ ဒါပေမယ့် အနားမှာရှိနေခဲ့တဲ့ ကျန်းနန်နန်ကတော့ အရှေ့မှာရှိတဲ့စင်မြင့်ကို စူးစူးစိုက်စိုက်ကြည့်နေခဲ့ရင်း သူ့လက်ထဲမှာရှိနေတဲ့ ကပ်ကြေးကတော့ ဆက်တိုက်ဆိုသလို အရှေ့မှာရှိသမျှအရာအားလုံးကို ကိုက်ဖြတ်နေခဲ့ပါတယ်။ အခုအချိန်မှာ သူ့မျက်နှာက အမူအရာကင်းမဲ့ပြီ မျက်နှာသေနဲ့ရှိနေခဲ့ပေမဲ့ ဘယ်သူမှသူ့အတွေးကိုမသိနိုင်ပါဘူး။

စင်မြင့်ပေါ်မှာရှိနေခဲ့တဲ့ ရှုစန်းရှီနဲ့ စစ်ထူးယွိတို့နှစ်ယောက်ကတော့ နယ်မြေအစွန်းဖက်ဆီကို အသီးသီးဆုတ်ခွာသွားခဲ့ပြီးပါပြီ။ ဒိုင်ကသူတို့နှစ်ယောက်စလုံးကိုကြည့်ရင်းနဲ့ အော်လိုက်တယ်။

” စတင်နိုင်ပြီ ”

အစောပိုင်းတုန်းက ညီညီညွှတ်ညွှတ်လေးရပ်နေခဲ့တဲ့ စစ်ထူးယွိအနေနဲ့ ရုတ်တရက်ဆိုသလို မျက်တောင်တစ်ခတ်အတွင်းမှာ လက်ပေါင်းထောင်ချီပေါက်ထွက်လာသလိုမျိုး သူ့တစ်ကိုယ်လုံးများပြားတဲ့ စက်ပစ္စည်းလှုပ်ရှားသံတွေထွက်ပေါ်လာပါတော့တယ်။ ဒီမြင်ကွင်းက ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ ပထမဆုံးမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းနဲ့တူညီနေခဲ့တယ်။ များပြားတဲ့ သတ္ထုပိုက်တွေက သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာခဲ့ပါပြီ။ စစ်ထူးယွိရဲ့ခန္ဓာကိုယ်က အချိန်အနည်းငယ်အတွင်းမှာတင် နှစ်ဆနီးပါးဖြစ်သွားခဲ့ပါတယ်။

သူ့ရဲ့အားကောင်းတဲ့ ခြေထောက်တွေကို သတ္ထုပုံသဏ္ဍာန်သုံးမျိုးက အထောက်အပံ့ပြုလို့ထားခဲ့တယ်။ ဒါ့အပြင် လက်ချောင်းနဲ့ လက်သည်းခွံလိုပစ္စည်းတွေက လက်မောင်းအရွယ်အစား ထူးထပ်ပြီ အတော်ကို စူးစူးရှရှလဲ ရှိနေခဲ့ပါသေးတယ်။ ဒါ့အပြင် မြေပြင်ရဲ့ အင်အားကိုငှားရမ်းထားပြီ အခြေစိုက်စခန်းကြီးတစ်ခုလိုမျိုးထောက်ပံ့နိုင်အောင် ကူညီပေးလို့နေခဲ့တယ်။ ဒီလိုမျိုးများပြားတဲ့တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်လက်နက်တွေက သူ့ရဲ့ခြေသလုံးကနေ ဆက်တိုက်ထွက်ပေါ်လာခဲ့တာပါ။

အခြေအနေကို ဆက်တိုက်စောင့်ကြည့်နေခဲ့တဲ့ ဟို့ယွိဟောင်အနေနဲ့လဲ ဒီ၀ိညာဥ်လက်နက်တွေအားလုံးကို ထုတ်လွှတ်ပြီးပြီအချိန်မှာ စစ်ထူးယွိရဲ့ခန္ဓာကိုယ်နေရာခြောက်နေရာကနေ အလင်းတန်းတွေထွက်ပေါ်လာတာကို သတိထားမိပါတော့တယ်။ အဲ့ဒီနောက် များပြားတဲ့၀ိညာဥ်လက်နက်တွေက သူ့တစ်ကိုယ်လုံးပေါ်မှာစတင်ပေါ်ထွက်လို့လာခဲ့ပါပြီ။

ဒီ၀ိညာဥ်လက်နက်တွေက အရင်ကထဲက တပ်ဆင်ထားခဲ့တာမဟုတ်ပဲ အခုတိုက်ပွဲကိုစတင်ဖြစ်ကြောင်း ကြော်ငြာချိန်မှာသာ အသက်၀င်လာခဲ့တာပါ။ သေးငယ်တဲ့သတ္ထုပိုက်သုံးခုက စစ်ထူးယွိရဲ့ခြေသလုံးဘေးပတ်လည်မှာ ရှိနေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ကြီးမားတဲ့သတ္ထုအခွံကြီးက ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်လို့ထားခဲ့ပြီ သူ့ကိုယ်တိုင်းကလဲ ခံတပ်ကြီးတစ်ခုနဲ့တူနေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ သူ့ခန္ဓာကိုယ်ပေါ်မှာသတ္ထုပိုက်လုံးပေါင်းသုံးဆယ်ကျော်ကို တွေ့နေခဲ့ရတာပါ။ အများဆုံးက ရင်ဘတ်မှာစုစည်းနေခဲ့ကြပြီ ရွှေရောင်နဲ့အနက်ရောင်ပေါင်းစည်းထားတဲ့အလင်းတန်းတွေကို ထုတ်လွှတ်လို့နေခဲ့ပါသေးတယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားစုစည်းတဲ့အမြောက်က သူ့ခန္ဓာကိုယ်ပေါ်မှာ ထပ်ရှိနေခဲ့သေးတယ်။

လက်ရှိအချိန်မှာ စစ်ထူးယွိက ဟယ့်ချိုက်ထို့ထက်တောင်ပိုပြီး ကြောက်စရာကောင်းတဲ့ပုံစံပေါ်နေခဲ့ပါသေးတယ်။ သူက လူသတ်စက်ကြီးတစ်ခုလိုပါပဲ။ သတ္ထုစစ်စစ်နဲ့ ပြုလုပ်ထားခဲ့တဲ့ ဒီပိုက်တွေအားလုံးက အေးစက်တဲ့အငွေ့အသက်တွေကို ထုတ်လွှတ်လို့နေခဲ့ပါတယ်။ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းကတော့ သူ့ခြေထောက်အောက်မှာ ထွက်ပေါ်လာခဲ့ပါပြီ။ အဖြူရောင်အလင်းတန်းကလဲ သူ့ခန္ဓာကိုယ်အနောက်ဖက်မှာ ပေါ်လာပြီ ကြီးမားတဲ့ယပ်တောင်ကြီးတစ်ခုအသွင်ကိုပြောင်းလဲလို့သွားပါတော့တယ်။ သူ့ကနောက်ကျောဖက်မှာ ယပ်တောင်ကြီးဆီကို ကပ်ထားသလိုပါပဲ။

ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်အနားကို ကပ်လာရင်း ပြောလိုက်တယ်။

” ညီငယ်လေးဒါကိုသေချာကြည့်ထား ဒါက ခံတပ်ဗျူဟာပဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြားထဲမှာ တိုက်ခိုက်ရေးနဲ့ ခုခံမှုအထွဠ်အထိပ်ရောက်နေတဲ့ဗျူဟာတစ်ခုပဲ ”

ဟို့ယွိဟောင်လဲ အံ့ဩသွားခဲ့ပါတယ်။ ဟယ့်ချိုက်ထို့က ခေါင်းညိတ်ရင်းနဲ့ ဆက်ပြောလိုက်တယ်။

” ဒီခံတပ်ဗျူဟာက ၀ိညာဥ်လက်နက်ခံတပ်ကြီးလို့လဲ ခေါ်ကြတယ်…လက်ရှိအချိန်မှာ သူ့ခန္ဓာကိုယ်ကို သံချပ်ကာအမျိုးအစား၀ိညာဥ်လက်နက်က ကာကွယ်ပေးထားတယ်..ဒါက ခုခံစစ်ကိုအဆုံးစွန်းအထိ မြင့်တင်ပေးတာပဲ ဒါ့အပြင် ပိုများပြားတဲ့ ၀ိညာဥ်လက်နက်တွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးလို့ထားရုံတင်မကပဲ အထောက်အပံ့ပြုရေး၀ိညာဥ်လက်နက်တွေကလဲ ကုန်ဆုံးတဲ့၀ိညာဥ်စွမ်းအားကို ဖြည့်တင်းပေးဖို့အတွက် အထောက်အကူပြုနေသေးတယ်. .အားလုံးကိုစဥ်းစားလိုက်မယ်ဆိုရင် ခုခံတဲ့နေရာမှာရော တိုက်ခိုက်တဲ့နေရာမှာရော ၀ိညာဥ်လက်နက်အတတ်ပညာရှင်ရဲ့အစွမ်းအစက ကောင်းကင်အထိကို ထိုးတက်သွားတော့မှာပဲ သူတို့တွေအားလုံးက အင်အားအများကြီးတစ်ပြိုင်နက်ထဲမှာ ကုန်ဆုံးစေတယ်..ဒါ့အပြင် ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းအဆင့်မရောက်သေးတဲ့ ဘယ်၀ိညာဥ်ပညာရှင်မဆို အဆင့်တူခံတပ်ဗျူဟာသုံးတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် ပြိုင်ဘက်မဟုတ်နိုင်ဘူး “‘

” ဆရာက ဘာဖြစ်လို့ကျွန်တော်ကို ဒီအကြောင်းတွေမပြောခဲ့တာလဲ ”

ဟို့ယွိဟောင်က တအံ့တဩမေးလိုက်ပါတယ်။

” ဒီဗျူဟာက ၀ိညာဥ်စွမ်းအားတွေအများကြီးကို ကုန်ဆုံးစေခဲ့တယ်…မင်းအနေနဲ့ တတိယ၀ိညာဥ်စက်ကွင်းကိုရရှိပြီချိန်မှသာ သူ့ရဲ့စွမ်းအားတွေကိုအပြည့်အ၀ထုတ်ဖော်ပေးလိမ့်မယ်..မင်းရဲ့လက်ရှိ၀ိညာဥ်စွမ်းအားက နှိမ့်လွန်နေတာကြောင့် ဒါကိုအသုံးမပြုနိုင်သေးဘူး..ဒါ့အပြင် ငါတို့ဆရာက ဒီလိုပစ္စည်းတွေကို သိပ်မကြိုက်သေးဘူးလေ ”

” ဘာကြောင့်များပါလိမ့် ”

ဟို့ယွိဟောင်ပြန်ပြီမေးလိုက်ပါတယ်။

” ညီငယ်လေး စဥ်းစားကြည့်လိုက်စမ်းပါ ခုခံစစ်နဲ့ တိုက်ခိုက်ရေးမှာကောင်းတာကလွဲပြီ ဒီခံတပ်ဗျူဟာကနေ ဘယ်လိုခံစားချက်ရသေးလဲ ”

ဟို့ယွိဟောင် တခဏတာတွေဝေရင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။

” ယုံကြည်စိတ်ချလို့ရပြီ တည်ငြိမ်တယ် ”

” ဒါပေမယ့် မရွေ့လျားနိုင်ဘူးလေ ”

ဟယ့်ချိုက်ထို့က ဆက်ပြောလိုက်ပါတယ်။

” ၀ိညာဥ်လက်နက်ခံတပ်ကြီးက ၀ိညာဥ်လက်နက်တွေအများကြီးကို ထုတ်ဖော်ပြသနေတဲ့အပြင် လူတစ်ယောက်ရဲ့၀ိညာဥ်စွမ်းအားကိုပါ ပြန်လည်ကောင်းမွန်စေနိုင်ဖို့အတွက် အဆင်ပြေတယ်..ဒါကြောင့် မင်း သူတို့တွေတပ်ဆင်ပြီတဲ့နောက် ခန္ဓာကိုယ်ရဲ့အလေးချိန်နဲ့ ထုထည်ကအများကြီးပိုပြီး များလာလိမ့်မယ်..ဒါမျိုးကို တပ်ဆင်ထားတဲ့အချိန်အင်အားကိုအပြည့်အ၀ပြသနိုင်ဖို့ဆိုရင် လှုပ်ရှားနိုင်တဲ့အစွမ်းအစကို စတေးရမယ်..စစ်ဖြစ်နေတဲ့ကာလတွေမှာ ဒါကတကယ်ကို အသုံး၀င်တဲ့အရာပဲ ဒါပေမယ့်မင်းသာတစ်ယောက်ယောက်ချင်တိုက်ပွဲမှာ မလှုပ်ရှားနိုင်ဘူးဆိုမှတော့ သေချာပေါက် အရိုက်ခံရဖို့ပဲ ရှိတော့မှာပေါ့ ဒါပေမယ့် အရမ်းကြီးဆိုးနေတာတော့ မဟုတ်ဘူးလေ ပြိုင်ပွဲ၀င်တွေအနေနဲ့ ပြိုင်ပွဲစင်မြင့်အတွင်းထဲမှာပဲ လှုပ်ရှားနိုင်ပြီဆိုမှတော့ ဒီကိစ္စကသိပ်ပြီးဆိုးဆိုးရွားရွားမဖြစ်နိုင်ဘူး ”

” ငါတို့ဌာနကနေ စီးဆင်းနေတဲ့ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ဆိုတာက ဒီလိုမျ်ိုးကိစ္စတွေကိုလုပ်ဖို့မဟုတ်ဘူး…နောက်ဆုံးတော့လဲ ဒီလိုအရာမျိုးက အချိန်အကြာကြီးတောင့်မခံနိုင်ဘူးမဟုတ်လား သူ့လက်ခြေထောက် လည်ပင်းနဲ့ရင်ဘတ်တွေပေါ်မှာ မင်းမြင့်နေရတဲ့အလင်းတန်းတွေအားလုံးက ၀ိညာဥ်တွေလက်နက်ကြီးပဲ ဒါပေမယ့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအနေနဲ့ တိုက်ခိုက်တဲ့နေရာမှာ ဒီလိုမျိုးပုံစံနဲ့သာဆိုရင် အနိုင်ရဖို့ကသိပ်ပြီမလွယ်ကူဘူး..တွေးကြည့်လိုက်စမ်းပါ အကယ်၍ မင်းသာ ၀ိညာဥ်လက်နက်တွေအများကြီးကို အဆင့်မြင့်တင်ချင်တယ်ဆိုရင် အနည်းဆုံးအချိန်တစ်နှစ်လောက်တော့ ယူရမယ်မဟုတ်လား သူတို့ရဲ့ ၀ိညာဥ်စွမ်းအားတွေကို တိုးတက်စေဖို့အချိန်ဘယ်လိုလုပ်ရှိတော့မှာလဲ ဒါ့အပြင် စစ်ထူးယွိရဲ့နောက်ကျောဖက်မှာရှိနေတဲ့ ယပ်တောင်ကြီးက သူ့ရဲ့သိုင်းပညာ၀ိညာဥ်ပဲဖြစ်လိမ့်မယ်…ဒါကသေချာပေါက် ထူးခြားတဲ့အစွမ်းအစရှိမှာမဟုတ်လောက်ဘူး..၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးက သူတို့ရဲ့၀ိညာဥ်စွမ်းရည်တွေကို သိပ်အသုံးမချပဲ အဓိအားဖြင့်၀ိညာဥ်စွမ်းအားကိုသာ တိုးတက်စေပြီ ၀ိညာဥ်လက်နက်တွေကို အသုံးပြုဖို့ပဲ စီစဥ်ကျတယ် ”

ဟို့ယွိဟောင်အနေနဲ့လဲ ဟယ့်ချိုက်ထို့ရဲ့ ရှင်းပြချက်ကြောင့်ကိစ္စတွေတော်တော်များများကို နားလည်ခဲ့ပါပြီ။ ဒါကြောင့် အတော်လေးလဲ အမြင်ပွင့်သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာပဲ ဖိအားတွေက သူ့ပုခုံးပေါ်ကိုရောက်ရှိလာသလို ခံစားလိုက်ရပါပြီ။ သူတို့တွေက ဒီတိုက်ပွဲကနေ ကိစ္စအသစ်တွေအများကြီးကို ဆက်တိုက်သင်ယူနေခဲ့ရတာပါ။ စစ်ထူးယွိခံတပ်ကြီးတစ်ခုလိုပြောင်းလဲနေတဲ့ပုံစံကိုကြည့်နေရင်း ဟို့ယွိဟောင်လဲ စတင်ပြီ အတွေးများပါတော့တယ်။ ၀ိညာဥ်လက်နက်တွေရဲ့လောကက အံ့ဖွယ်ရာတွေအများကြီးနဲ့ ပြည့်နှက်နေခဲ့တာပါ။ သူတို့စကားပြောနေကျချိန်မှာတော့ ပြိုင်ပွဲကစတင်နေပါပြီ။

စစ်ထူးယွိနဲ့ ယှဥ်လိုက်မယ်ဆိုရင် ရှုစန်းရှီက အကောင်းသေးသေးလေးဖြစ်သွားပါတော့တယ်။ သူ့ရဲ့လက်ထဲမှာ ရှောင်၀ူလိပ်ဒိုင်းကာကြီးကို အသုံးပြုရင်း ပျင်းရိရိနဲ့သာရပ်နေခဲ့ပါတယ်။ ပြိုင်ပွဲစတင်ချိန်ကထဲက ၀ိညာဥ်စွမ်းရည်တစ်ခုလေးကိုတောင် ထုတ်မသုံးခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ ပါးစပ်ထဲမှာ ဆေးပြင်းလိပ်ကြီးကို ကိုက်ထားရင်း စစ်ထူးယွိဆီကို ဖြည်းဖြည်းချင်းခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာနေခဲ့ပါတယ်။

စစ်ထူးယွိကလဲ လက်ရှိအချိန်သူ့ရဲ့တံထောင်နှစ်ဖက်ကို နံရိုးအနားမှာကပ်ထားရင် တိုက်ခိုက်ဖို့အသင့်ပြင်နေခဲ့တယ်။ ချက်ချင်းဆိုသလို သတ္ထုတွေရဲ့လှုပ်ရှားမှုနဲ့ ပေါင်းစည်းမှုကစတင်လာခဲ့ပါပြီ။ သူတို့တွေ ထိတွေ့သွားပြီချိန်မှာပဲ သတ္ထုပိုက်ခြောက်လုံးကနေ သန်မာတဲ့အဖြူရောင်အလင်းတန်းတစ်ခုကို ပို့လွှတ်လိုက်ပါတော့တယ်။ ၀ိညာဥ်စက်ကွင်းလေးကွင်းကလဲ တောက်ပလို့လာခဲ့ပါပြီ။ အနောက်ဖက်မှာရှိနေခဲ့တဲ့ ယပ်တောင်ကြီးကလဲ များပြားတဲ့အဖြူရောင်အလင်းတန်းတွေကို စတင်ထုတ်လွှတ်ပါတော့တယ်။

အဖြူရောင်အလင်းတန်းတွေအများကြီးက သူ့အရှေ့တည့်တည့်ကို ပြေးထွက်လို့သွားခဲ့ပါပြီ။ အလင်းလုံးတစ်ခုချင်းဆီတိုင်းမှာလဲ ခြိမ်းခြောက်မှုတွေကပါ၀င်နေခဲ့တယ်။ မကြာခင်အချိန်မှာပဲ အားလုံးက ရှုစန်းရှီကို ပြင်းပြင်းထန်ထန် ပြေး၀င်လို့သွားခဲ့ပါပြီ။

ဒါကတော့ ၀ိညာဥ်အမြောက်ခြောက်ခုပါပဲ။

ဒီပစ္စည်းက အတော်ကိုအင်အားကြီးတဲ့အပြင် အဆင့်လေး၀ိညာဥ်လက်နက်တွေထဲမှာ လုံး၀ကို မီးကုန်ယမ်းကုန်ပြိုင်ဘက်ကင်းတဲ့လက်နက်တစ်ခုပါပဲ။ တစ်ချိန်တုန်းက စစ်တပ်တွေရဲ့ ထိပ်တန်းလက်နက်လို့ခေါ်ဝေါ်ကြပါတယ်။ အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆယ်ယောက်ရှိနေရုံနဲ့တင်ကို တစ်ဖက်စစ်တပ်ကိုအနိုင်ရဖို့သေချာသလောက်နီးပါးရှိနေခဲ့တယ်။

ဒါပေမယ့် ဒီလက်နက်ရဲ့အားသာချက်နဲ့ အားနည်းချက်တွေအားလုံးကို ရှင်းလင်းပါတယ်။ အားသာချက်ကတော့ ပေါက်ကွဲစွမ်းအားနဲ့ ကျယ်ပြန့်တဲ့နယ်မြေကို ဖျက်ဆီးနိုင်စွမ်းဖြစ်ပြီ မြင့်မားတဲ့တိုက်ခိုက်ရေးစွမ်းအားပါ။ သိသာထင်ရှားတဲ့ ပြစ်ချက်တစ်ခုကတော့ မကြီးမားခဲ့ပါဘူး။ များပြားတဲ့၀ိညာဥ်စွမ်းအားကုန်ဆုံးမှုပါပဲ။

အဆင့်လေး၀ိညာဥ်ပညာရှင်တစ်ယောက်အနေနဲ့ ဒီလိုအရာမျိုးကို အများဆုံးငါးမိီနစ်သာ သုံးနိုင်တာပါ။

တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရချိန်မှာ ရှုစန်းရှီကတော့ အရိုးရှင်းဆုံးနည်းလမ်းကိုသာ အသုံးပြုပြီး ရင်ဆိုင်ပါတော့တယ်။ အစွမ်းကုန်တိုက်ခိုက်မှုကို သူရင်ဆိုင်တဲ့တစ်ခုတည်သောနည်းလမ်းကတော့ မြန်နိုင်သလောက်အမြန်ဆုံးထွက်ပြေးတာပါပဲ။

၀ိညာဥ်လက်နက်အမြောက်တွေက အရမ်းဝေးတဲ့နေရာကို မတိုက်ခိုက်နိုင်ပါဘူး။ မီတာတစ်ရာ၀န်းကျင်လောက်ကိုသာ ကောင်းကောင်းတိုက်ခိုက်နိုင်တာပါ။ ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာသိသာထင်ရှားတဲ့အကွာအဝေးတစ်ခုရှိနေသရွေ့ အန္တရာယ်လဲမကြီးနိုင်ပါဘူး။ လက်ရှိအချိန်မှာ သူတို့တွေက စင်မြင့်ပေါ်မှာရှိနေခဲ့တဲ့အတွက် ပုန်းစရာနေရာကတော့ ကြီးကြီးမားမားမရှိပဲဖြစ်နေခဲ့တယ်။

ဒါ့အပြင် သူစပြီထွက်ပြေးနေတာတောင် ရှုစန်းရှိီအနေနဲ့ ၀ိညာဥ်စွမ်းအားကို ထုတ်မသုံးသေးပါဘူး။ သူ့ဒိုင်းကာကြီးကို မြောက်ထားရင်းနဲ့ သူ့ခန္ဓာကိုယ်ရှေ့မှာကာလိုက်ပါတယ်။ အဲ့ဒီနောက် ချက်ချင်းဆိုသလို ဒူးထောက်ထိုင်ချလိုက်ရင်း ဒိုင်းရဲ့အနောက်ဖက်မှာ ၀ပ်ပြီပုန်းအောင်လိုက်ပါတယ်။ သူ့ကိုယ်သူဒိုင်းအနောက်ဖက်မှာ လုံး၀အပြည့်အ၀ကာကွယ်ထားလိုက်တာပါ။

ပြင်းထန်တဲ့ပေါက်ကွဲအားတွေက သူ့ဒိုင်းကာကြီးကို ထိတွေ့ရင်းဆက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အနက်ရောင်အလင်းတန်းတွေကလဲ အပြင်ကိုပြန့်ထွက်လာခဲ့ပါပြီ။ ရှုစန်းရှိီအနေနဲ့ကတော့ အခုအချိန်အထိ အခြေအနေကောင်းနေတုန်းပါပဲ။ သူ့နေရာကနေတောင် တစ်ချက်လေးမှရွေ့မသွားခဲ့ပါဘူး။ ဒါပေမယ့် ဒိုင်းကာကြီးရဲ့အဖြစ်ကတော့ ပိုပြီးကြောက်စရာကောင်းပါတယ်။ ခြစ်ရာလေးတစ်ရာတောင်မထင်ပဲနဲ့ အခုအချိန်အထိ မားမားမတ်မတ်ရှိနေဆဲပါ။

အပိုင်း ၈၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset