Switch Mode

Chapter – 79.2

ပါရမီရှင် အစာ အမျိုးအစား ၀ိညာဥ်ပညာရှင်လား

အပိုင်း ၇၉•၂

” ပါရမီရှင်အစာအမျိုးအစား ၀ိညာဥ်ပညာရှင်လား ”
°°°
မာယင်ကျွင့်က ပျော်သွားတဲ့ပုံစံနဲ့ နောက်ကိုဆုတ်ခွာသွားခဲ့ပါတယ်။ သူအနေနဲ့ဘ၀မှာ အခြေအနေအကြီးမားဆုံးလက်ဆောင်ကောင်းကို ရလိုက်သလိုပါပဲ။ သူတို့ထဲမှာ ဘယ်သူကမှ အသံမြင့်တင်ရေး၀ိညာဥ်လက်နက်ကို မသုံးကြပါဘူး။ ဒါကြောင့် ကြည့်ရှု့နေသူအနေနဲ့ သူတို့ဘာပြောလဲဆိုတာ မကြားပဲရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူတို့မြင်ရသလောက်အရကတော့ တိမ်တိုက်ကျောင်းတော်ရဲ့ ကျောင်းသားက တိုက်ခိုက်လိုစိတ်လုံး၀မရှိတာအမှန်ပါ။

ဒီကိစ္စမှာ သူတို့ထင်တာမမှားခဲ့ပါဘူး။ တိမ်တိုက်ကျောင်းတော်အနေနဲ့ အမျက်ဒေါသကျောင်းတော်က သူတို့ရဲ့ပြိုင်ဘက်ဖြစ်လာလိမ့်မယ်ဆိုတာကို သိပြီးပြီချင်အချိန်မှာ သူတို့တွေအနေနဲ့ အင်အားကိုထိန်းသိမ်းထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ သူတို့တွေလဲ အမျက်ဒေါသကျောင်းတော်ရဲ့အများကြီးမတိုက်ခိုက်ပဲ ရင်းနှီးတဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားဖို့အတွက် ဆုံးဖြတ်လိုက်ပါပြီ။

၀မ်ယန်ရဲ့သတင်းအချက်အလက်အရ အဲ့ဒီကျောင်းတော်က အများကြီးမသန်မာခဲ့ပါဘူး။ ဒါ့အပြင် ပထမအချီကို ဖြတ်သန်းနိုင်ဖို့အတွက် သူတို့ခက်ခက်ခဲခဲကြိုးစားနေခဲ့ရတာပါ။ ရလဒ်အနေနဲ့ အသန်မာဆုံးကျောင်းသားတော်တော်များများက ဒဏ်ရာရထားခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး သူတို့အနေနဲ့ လက်ရှိအချိန်မှာ တိုက်ကြီးတစ်ခုလုံးရဲ့အသန်မာဆုံးကျောင်းတော်နဲ့ရင်ဆိုင်နေခဲ့ရတာပါ။ သူတို့ရဲ့တိုက်ခိုက်လိုစိတ်အရမ်းကို နှိမ့်ကျနေတာက အံ့ဩစရာမရှိခဲ့ပါဘူး။ အကယ်၍ သူတို့အနေနဲ့ အမျက်ဒေါသကျောင်းတော်ကို ဒီပြိုင်ပွဲမှာရှုံးနှိမ့်ခဲ့တယ်ဆိုရင်တောင် ဘာမှရှက်စရာမရှိပဲ ဖြစ်နေခဲ့မှာပါ။ ဒါကြောင့် စင်မြင့်ပေါ်မှာ အကောင်းဆုံးကြိုးစားပြီ ကျန်တာကို ကံတရားကသာဆုံးဖြတ်ပါစေလို့ တွေးထားခဲ့ပါတယ်။

အမှန်တကယ်ပြောရမယ်ဆိုရင် သူတို့အနေနဲ့ တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲနဲ့ ပတ်သတ်ပြီအတော်လေးကို မပျော်ရွှင်ခဲ့ပါဘူး။ သူတို့တွေက အုပ်စုလိုက်သာတိုက်ခိုက်ချင်ခဲ့ကြတာပါ။ အလှည့်ကျတိုက်ပွဲရဲ့ ပထမဆုံးပြိုင်ပွဲက ဒီလိုအခြေအနေနဲ့သာ စတင်ပါတော့တယ်။ ရှုစန်းရှီက ပါးစပ်ထဲမှာ ဆေးပြင်းလိပ်တစ်လိပ်ကို ကိုက်ထားရင်းနဲ့ စင်မြင့်အရှေ့ကိုရောက်လို့လာခဲ့ပါပြီ။ အဲ့ဒီနောက် သေးငယ်တဲ့မီးချစ်လို၀ိညာဥ်လက်နက်တစ်ခုကို အသုံးပြုရင်း မီးညှိလိုက်ပါတော့တယ်။ သူ့ရဲ့ပုံစံအရ သူက လုံး၀ကိုလူကောင်းတစ်ယောက်နဲ့မတူတော့ပါဘူး။

သူ့ရဲ့အပြုအမူကို မြင်ချိန်မှာတော့ ကြည့်နေတဲ့ပရိတ်သတ်တွေက အတော်ကိုအော်ဟစ်ကြပါတော့တယ်။ တိမ်တိုက်ကျောင်းတော်ရဲ့ လူတွေလဲဒေါသထွက်နေခဲ့ပါပြီ။ ဒီကောင်ကအရမ်းကို မောက်မာလွန်တာပဲ ပြိုင်ပွဲစတော့မဲ့အခြေအနေရောက်နေတာတောင် အခုလိုဆေးပြင်းလိပ်ကို ထုတ်သောက်နေသေးတယ်။ အမျက်ဒေါသကျောင်းတော်က ဘယ်အချိန်တုန်းကများ ဒီလိုကျောင်းသားမျိုးကို ခွင့်ပြုပေးလိုက်ရတာလဲ။

ဒိုင်လဲမျက်မှောင်ကြုတ်လိုက်မိပါတယ်။ ဒါပေမယ့် ကျောင်းသားတစ်ယောက်အနေနဲ့ ပြိုင်ပွဲမှာဆေးလိပ်မသောက်ရဘူးလို့ တားဆီးထားတာမျိုးမရှိတဲ့အတွက် သူဘာမှမပြောခဲ့တာပါ။ သူကိုယ်တိုင်းအနေနဲ့ကလဲ အမျက်ဒေါသကျောင်းတော်ကို ရန်မစချင်ကြပါဘူး။

” ပြိုင်ပွဲစတင်နိုင်ပြီ ”

ဒိုင်ကအော်လိုက်ပါတော့တယ်။ မာယင်ကျွင့်က ဒီကြောက်စရာကောင်းတဲ့စကားတွေကို စောင့်ဆိုင်းနေခဲ့တာပါ။ ဒိုင်အချက်ပြလိုက်တာနဲ့ သူ့ခန္ဓာကိုယ်က ခပ်မြန်မြန်ပဲ တုန့်ပြန်ပါတော့တယ်။ လက်မောင်းတွေကို မြောက်လိုက်ချိန်မှာတော့ လက်မအရွယ်သတ္ထုပိုက်တွေက ပေါ်လာခဲ့ပါပြီ။ သတ္ထုပိုက်နှစ်ခုက သူ့ရဲ့လက်မောင်းအရွယ်အစားရှိပြီ ပုခုံးတစ်ဖက်ဆီကနေ ထွက်လာခဲ့ပါတယ်။ သူကျောဘက်ရဲ့အတောင်ပံအရိုးမှာကတော့ နောက်ထပ်နှစ်ခုထပ်ထွက်လာခဲ့တဲ့အတွက် စုစုပေါင်း ပိုက်လုံးက ခြောက်လုံးရှိသွားခဲ့ပါတယ်။ ရင်ဘတ်မှာကတော့ နှလုံးကိုကာကွယ်ထားတဲ့မှန်လိုမျိုး ၀ိညာဥ်လက်နက်တစ်ခုရှိနေခဲ့တယ်။ ဒါကသေချာပေါက် ဒိုင်းကာလို၀ိညာဥ်လက်နက်ပါ။ လက်ရှိအချိန်မှာ သူ့အနေနဲ့ သွားမဲပေါ်တဲ့အထိကို လက်နက်အပြည့်အစုံဆင်လိုက်ပါပြီ။

ရှုစန်းရှီရဲ့ခန္ဓာကိုယ်ကတော့ ဒီလိုမျိုးအပြောင်းအလဲကြီးမများသွားခဲ့ပါပြီ။ သူ့ရဲ့ညာဘက်လက်ပေါ်မှာ လိပ်ခွံတစ်ခုသာပေါ်လာခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ၀ိညာဥ်စက်ကွင်းလေးကွင်းက တောက်ပလို့လာခဲ့ပါပြီ။ ၀ိညာဥ်စက်ကွင်းလေးကွင်းတဲ့လား ကြည့်နေတဲ့သူတွေ စိတ်ပျက်လို့သွားခဲ့ပါတယ်။ သူက ၀ိညာဥ်စက်ကွင်းလေးခုသာရှိတဲ့သူပါ။ ဒါ့အပြင် အားလုံးက နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းကို ကြည့်ဖို့လာတဲ့သူတွေပါပဲ။

ကြည့်ရှု့သူတွေထဲမှာ ၀ိညာဥ်ပညာရှင်တွေရဲ့ အရေအတွက်က နှစ်ထောင်ထဲမှာ တစ်ယောက်တောင်မပါပါဘူး။ အများစုက အပျော်လာကြတာပါ။ ဒါကြောင့် နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေကို ဘယ်လောက်တန်ဖိုးကြီးလဲဆိုတာသိတဲ့သူက ပိုပြီးတော့တောင် ရှားပါးပါသေးတယ်။ ရှုစန်းရှီရဲ့ သိုင်းပညာ၀ိညာဥ်ထုတ်လှုပ်မှုနဲ့ ဟို့ယွိဟောင်ရဲ့၀ိညာဥ်စက်ကွင်းတွေကို ထုတ်လုပ်မှုက မိုးနဲ့မြေလိုကွာခြားလို့နေခဲ့တယ်။ ဒါကြောင့် ကြည့်ရှု့သူတွေ စိတ်ပျက်တာမဆန်ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ရှုစန်းရှီက မမျှော်လင့်ထားတဲ့ကိစ္စကို လုပ်ပြလိုက်ပါတော့တယ်။ ဒါကတော့ သူစပြီထွက်ပြေးတာပါ။ ပြိုင်ဘက်ဆီကိုပြေးနေတာလား မဟုတ်ပါဘူး။ တစ်ဖက်ကိုလှည့်ရင်းနဲ့ ဆန့်ကျင်ဖက်နေရာကို ပြန်သွားပါတော့တယ်။ သူကနေရာကနေ ထွက်ပြေးတဲ့လူတစ်ယောက်လိုမျိုး စင်မြင့်ရဲ့အစွန်းဖက်ကိုရောက်သွားခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာပဲ ခုခံရေး၀ိညာဥ်လက်နက်တွေက စတင်ပြီအသက်၀င်လာပါတော့တယ်။ ခုခံရေးအတားအဆီးတွေက ဒီလိုပြိုင်ပွဲ၀င်မဲ့ကွင်းပြင်ကြီးနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာမဟုတ်ပါဘူး။ သူတို့ကြားမှာအကွာအဝေးက သုံးမီတာလောက်ရှိပါသေးတယ်။ စည်းမျဥ်းအရကတော့ အကယ်၍ ပြိုင်ပွဲကွင်းပြင်ကနေ ပြုတ်ကျခဲ့မယ်ဆိုရင် သေချာပေါက် အရည်အသွေးမပြည့်မီပဲ ရှိမှာပါ။ ဒါကြောင့်သာ သုံးမီတာချထားရတာလဲဖြစ်ပါတယ်။

မာယင်ကျွင့်အနေနဲ့လဲ စင်မြင့်ပေါ်မတက်ခင်အချိန်ကထဲက စိတ်ဆုံးဖြတ်ပြီသားဖြစ်ပါတယ်။ သူအသုံးပြုမဲ့နည်းစနစ်ကတော့ အရမ်းကိုရိုးရှင်းနေခဲ့တယ်။ ရုန်ကန်းပြီ သူဆက်ပြီကြိုးစားရမှာပါ။ သူ့ရဲ့ကျောပေါ်မှာ ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တွေရှိနေတယ်ဆိုရင်တောင် အမြင့်ကြီးခွင့်ပြုပေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းကောင်းတော့ခုန်မရှောင်နိုင်တာအမှန်ပါပဲ။ ရှုစန်းရှီရဲ့၀ိညာဥ်စွမ်းအားတချို့ကို ကုန်ဆုံးအောင်လုပ်နိုင်မယ်ဆိုရင် သူကအဆင်ပြေပါပြီ။

ဒါပေမယ့် ပြိုင်ပွဲစကထဲက ရှုစန်းရှီကထွက်ပြေးနေခဲ့တာပါ။ မာယင်ကျွင့်လဲ ဘာပြောရမှန်းတောင်မသိတော့ပါဘူး။ သူတွေးသာတွေးနေခဲ့ပါတယ်။ ဆရာကြီးရေ ခင်ဗျာ့ဘာကြောင့်များပြေးနေတာလဲ။ ကျွန်တော်ကို သက်ညှာပေးမယ်လို့ ခင်ဗျာပဲပြောခဲ့တာမဟုတ်ဘူးလား။ အခုဒါတွေလုပ်နေတာ ဘာတွေလဲ။

ရှုစန်းရှီဘာတွေးနေလဲဆိုတာကို ဘယ်သူမှမသိခဲ့ပါဘူး။ သူ့ရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့ နေ့တိုင်းငြင်းခုန်နေကြ ပေ့ပေ့ကသာ သူ့စိတ်ကိုကောင်းကောင်းခန့်မှန်းမိပါတယ်။ ပေ့ပေ့က သူ့နှုတ်ခမ်းတွေကို တွန့်လိုက်ပြီတဲ့နောက် ထူးဆန်းတဲ့အပြုံးတစ်ခုကို ထုတ်ဖော်ပြသရင်းပြောလာခဲ့တယ်။

” ဒီကောင်ကတော့လေ အခုလိုအချိန်မှာတောင်မှ ညစ်တီးညစ်ပတ်လှည့်ကွက်တွေကို သုံးဖို့စိတ်ရှိနေတယ် ”

သူပြောပြီချိန်မှာပဲ ရှုစန်းရှီက စင်မြင့်ရဲ့အစွန်းကို ရောက်ရှိလာခဲ့ပါပြီ။ အဲ့ဒီနောက် စင်မြင့်အပြင်ဘက်ကို သူခုန်ထွက်လို့သွားပါတော့တယ်။ ချက်ချင်းဆိုသလို ကြည့်နေသူတွေကတော့ အထိတ်တလန့်ဖြစ်သွားခဲ့ပါပြီ။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ဧကရာဇ်တောင် အထိတ်တလန့်ဖြစ်သွားခဲ့ရပါတယ်။ စည်းမျဥ်းတွေအရ ခြေထောက်ကသာ စင်မြင့်အောက်ဖက်ကို ရောက်သွားခဲ့မယ်ဆိုရင် သေချာပေါက် ထုတ်ပယ်ခံရမှာပါ။ ရှုစန်းရှီလို အမျက်ဒေါသကျောင်းတော်ကမပြောနဲ့ လူသိနည်းတဲ့ကျောင်းသားတွေတောင်ဒါမျိုးမလုပ်ခဲ့ကြပါဘူး။ တစ်ချက်လေးတောင်မကြိုးစားပဲ ဒီအတိုင်းအရှုံးခံလိုက်တော့မှာလား ဒါကဘယ်လိုအခြေအနေမျိုးကြီးလဲ။

တကယ်ပဲ ဒါကဘယ်လိုအခြေအနေမျိုးကြီးပါလိမ့် ရှုစန်းရှီကတော့ ကောက်ကျစ်တဲ့မျက်နှာနဲ့သာ ရှိနေခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့လေးခုမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလာခဲ့ပါပြီ။ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရဲ့အလင်းတန်းက နယ်မြေတစ်ခွင်ကိုလွှမ်းခြုံလို့သွားပါတော့တယ်။ ကြည့်နေသူတွေ အထိတ်တလန့်ဖြစ်နေချိန်မှာပဲ ထူးဆန်းတဲ့ မြင်ကွင်းကပေါ်လာပါတော့တယ်။

ရှုစန်းရှီရဲ့ လိပ်ခွံကြီးက ဖြူဖျော့ဖျော့အလင်းတန်းတွေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ အဲ့ဒီနောက် မကြာခင်အချိန်အထိအတွင်းမှာပဲ ပြိုင်ပွဲရဲ့ကွင်းပြင်ကို လွှင့်ထွက်လို့သွားခဲ့ပြီ အောက်ဖက်ကိုကျသွားတော့မလိုဖြစ်နေတဲ့သူကတော့ သူမဟုတ်ပဲ မာယင်ကျွင့်ဖြစ်နေခဲ့ပါတယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် ရှုစန်းရှီရဲ့ မာယင်ကျွင့်နှစ်ယောက်စလုံးက နေရာပြောင်းသွားခဲ့တာပါ။ ရှုစန်းရှီပြိုင်ပွဲကွင်းပြင်ရဲ့အပြင်ဘက်ကို ခုန်ချသွားတာ ထိုင်ကြည့်နေတဲ့ မာယင်ကျွင့်ကတော့ သူ့ကိုယ်သူလေပေါ်ရောက်သွားမှန်း ခံစားလိုက်မိပါတယ်။ အဲ့ဒီနောက် သူကမြေပြင်ကိုကျသွားခဲ့ပြီ ရှုစန်းရှီကတော့ သူရပ်နေခဲ့တဲ့နေရာမှာ ရောက်နေပါတော့တယ်။

မာယင်ကျွင့်ကသိပ်ပြီ ဉာဏ်မကောင်းခဲ့ရင်တောင် သူက ကျောင်းတော်ရဲ့ထိပ်တန်းကျောင်းသားတစ်ယောက်ပါပဲ။ သူ့ကိုပထမဆုံးပို့လွှတ်လိုက်တဲ့ပုံအရ လုံး၀အားမနည်းတဲ့သူဆိုတာ သိသာနေခဲ့တယ်။ ဒါ့အပြင် သူကိုယ်တိုင်းကလဲ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိနေတဲ့သူပါ။ အ၀ါရောင်သုံးခုနဲ့ ခရမ်းရောင်တစ်ခုပါပဲ။ ဒါ့အပြင် ပျံသန်းရေး၀ိညာဥ်လက်နက်ကိုအသုံးပြုရင်း လေထဲကိုပျံသန်းဖို့အတွက် သူအသင့်ပြင်ထားခဲ့ပါတယ်။

အရင်တုန်းက သူနေရာမှာရှိနေခဲ့တဲ့ ရှုစန်းရှီကတော့ ပါးစပ်ကဆေးပြင်းလိပ်ကြီးကို ပြန်ထုတ်လိုက်ပြီ အော်လိုက်တယ်။

“:အရှေ့ကိုလာခဲ့စမ်း နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်း ”

မာယင်ကျွင့်က သနားစရာကောင်းလွန်လှပါတယ်။ သူ့ရဲ့၀ိညာဥ်လက်နက်ကို အသုံးပြုတော့မဲ့အချိန်မှာပဲ ရှုစန်းရှီရဲ့ ရုတ်တရက်အော်ဟစ်သံကြောင့် လန့်ပြီသေမတတ်ဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် သူမြေပြင်ပေါ်ကိုပြုတ်ကျလို့သွားခဲ့ပါပြီ။

တစ်ကိုယ်လုံးကို လေးလံတဲ့၀ိညာဥ်လက်နက်တွေက အပြည့်ဖုံးလွှမ်းထားတာကြောင့် ငါးမီတာအမြင့်ကနေပြုတ်ကျချိန်မှာ သူဘယ်လောက်ပဲအရေပြားထူးပြီ အရိုးမာနေပါစေ အတော်လေးကို ရှုံ့မဲ့သွားမှာအမှန်ပဲဖြစ်ပါတယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ စောင့်ဆိုင်းတဲ့နယ်မြေမှာ ရှိနေဆဲဖြစ်ပြီ မျက်လုံးပြူးသွားခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်စလုံး တစ်ပြိုင်နက်ထဲ ပြောမိလိုက်ကြတယ်။

” ဒီလိုကြီးပြီးသွားတာလား ”

မြေပြင်ပေါ်မှာ မာယင်ကျွင့်ပြုတ်ကျသွားချိန်မှာတော့ ကြည့်နေသူတွေလဲ လုံး၀ကို တိတ်ဆိတ်လို့သွားပါတော့တယ်။ အကယ်၍ အချိန်ကိုသာ ရပ်တန့်လို့ရမယ်ဆိုရင် သူတို့ထဲမှာ ၀ိညာဥ်ပညာရှင်တစ်သိန်းနီးပါးက ပါးစပ်အဟောင်သားဖြစ်နေတာကို သတိထားမိမှာပါ။ ဧကရာဇ်ကိုယ်တိုင်းလဲ ချွင်းချက်မရှိခဲ့ပါဘူး။

အစတုန်းက စိတ်၀ိညာဥ်စွမ်းအားထုတ်သုံးမှုကို အသုံးပြုပြီး ရှုစန်းရှီကို ကူညီဖို့စီစဥ်နေတဲ့ ဟို့ယွိဟောင်ကလဲ ဒီအတိုင်းပြိုင်ပွဲကြီးပြီးသွားတာကို မြင်လိုက်ရတဲ့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။

ဒိုင်ရဲ့အခြေအနေကလဲ အတူတူပါပဲ။ ပြိုင်ပွဲစလို့ရပြီလို့ ​သူအော်ပြီတာ သုံးစက္ကန့်သာရှိပါသေးတယ်။ အခုတော့ပြိုင်ပွဲက ပြီးသွားခဲ့ပါပြီ။

လိပ်ခွံကြီးကို ကိုင်ထားခဲ့တဲ့ ရှုစန်းရှီကတော့ လက်ရှိအချိန်မှာ ဘယ်ဘက်လက်ကို အသုံးပြုရင်း နောက်တစ်ကြိမ် ဆေးပြင်းလိပ်ကိုသောက်ဖို့လုပ်ပါတော့တယ်။ အဲ့ဒီနောက် သူအေးအေးဆေးဆေးနဲ့ ပြောလိုက်တယ်။

” နောက်တစ်ယောက်လာခဲ့ ”

ဒီလိုမျိုး အင်မတန်တည်ငြိမ်လှတဲ့ပုံစံက ဟို့ယွိဟောင်ကို တုပတာပါ။ ဒါပေမယ့် သူရရှိလိုက်တဲ့ ရလဒ်ကတော့ တွေးထားတာထက်လုံး၀တခြားဆီပါပဲ။ တခဏတာကြာအောင် တိတ်ဆိတ်နေပြီတဲ့နောက် ကြည့်ရှု့သူတွေကနောက်တစ်ကြိမ်ဆူဆူညံညံ ဖြစ်လာပါတော့တယ်။ သူတို့ထဲမှာ ကိုးဆယ်ရာခိုင်းနှုန်းလောက်က ဘာဖြစ်လို့ဖြစ်သွားမှန်းတောင်မသိခဲ့ပါဘူး။ အမျက်ဒေါသကျောင်းတော်ရဲ့ ထူးဆန်းတဲ့စွမ်းအားက ဒီလိုကြီးလား။

ဘေးမှာရပ်နေခဲ့တဲ့ ပေ့ပေ့ကတော့ ဖြစ်သွားခဲ့တဲ့ကိစ္စကို သူ့ရဲ့အသင်းဖော်တွေဆီ ရှင်းပြလို့နေခဲ့တယ်။

” စန်းရှီရဲ့ လေးခုမြောက်၀ိညာဥ်စက်ကွင်းက ထူးဆန်းမြေအောက်လောကအစားထိုးမှုလို့ခေါ်တယ်..ဒီစွမ်းရည်နဲ့ သူက အကွာအဝေးအတိုင်းအတာတစ်ခုအထ်၄ရှိနေတဲ့လူတွေကို စိတ်ကြိုက်ဆက်တိုက်နေရာပြောင်းလဲလို့ရတယ်..ဒီစွမ်းရည်ကအတော်လေးကောင်းတယ်လေ ခုခံရေးအမျိုးအစား ၀ိညာဥ်ပညာရှင်တွေထဲမှာဆိုရင် နတ်ဘုရားဆန်ဆန်အဆင့်အတန်းလို့ တောင် ပြောလို့ရပါတယ်..ဒါပေမယ့် ဒီကောင်သုံးလိုက်တဲ့အချိန်မှာတော့ လုံး၀အမှိုက်သာသာဖြစ်သွားပါတယ်။ သူ့ရဲ့ဒီနည်းလမ်းကိုအသုံးပြုတဲ့ပုံစံက ငါတောင်ဘာပြောရမှန်းတောင်မသိတော့ဘူး..ငိုတောင်ငိုချင်သွားတယ် ”

” အစ်ကိုကြီးစန်းရှီက တကယ်ကို အရှက်မရှိတာပဲ ”

ဟယ့်ချိုက်ထို့က ပါးစပ်အဟောင်သားနဲ့ ပြောလာခဲ့ပါတယ်။

အပျင်းတွေကထိုင်ကြည့်နေတာတောင် ၀ါသနာပါပေမဲ့ ပညာရှင်တွေကတော့ အလုပ်လုပ်ပုံကို ကောင်းကောင်းနားလည်ပါတယ်။ နေလတော်၀င်ကျောင်းတော်ရဲ့ပညာရှင်တွေကလဲ အမျက်ဒေါသကျောင်းတော်နဲ့ သိပ်ပြီမဝေးတဲ့နေရာမှာ ရှိနေခဲ့တာပါ။ ဒါကြောင့် သူတို့က ရှုစန်းရှီကို ရယ်စရာကောင်းတယ်လို့မထင်ကြပါဘူး။ ဒီ၀ိညာဥ်စွမ်းရည်ရဲ့ အစွမ်းသတ္တိကိုသူတို့တွေအနည်းနဲ့အများတော့ မြင်တွေ့နေခဲ့ပါပြီ။

ဒါ့အပြင် စင်ပေါ်တက်ချိန်မှာ ၀ိညာဥ်စက်ကွင်းလေးခုကိုပြတဲ့အတွက် သူတို့တွေ စိတ်သက်သာရာရသွားခဲ့မိပါတယ်။ ၀ိညာဥ်စက်ကွင်းလေးကွင်းဆိုတာက အကြို့အဖွဲ့ရဲ့လူတစ်ယောက်သက်သက်သာ ဖြစ်ရုံပါပဲ။ ဒါပေမယ့် သူ့ရဲ့ညာဘက်လက်မှာပေါ်လာခဲ့တဲ့ ဒိုင်းကာကြီးနဲ့ သူသုံးလိုက်တဲ့လှည့်ကွက်ကိုမြင်ပြီချိန်မှာတော့ ကျောင်းတော်သားတွေလဲ စိတ်ပူလာကြပြန်တယ်။

အဓိကအဖွဲ့ရဲ့ ခေါင်းဆောင်မာယုလုံက အလေးအနက်နဲ့ပြောလာခဲ့ပါတယ်။

” မင်းတို့တွေမျှော်လင့်ထားတဲ့အတိုင်းပဲ အမျက်ဒေါသကျောင်းတော်မှာ ပါရမီရှင်ရှိတဲ့သူက မရှားဘူး ”

ရှုစန်းရှီ မူလနေရာကို ပြန်ရောက်သွားပြီမှသာ ဒိုင်ကသတိပြန်၀င်လာပါတော့တယ်။ သူလဲအောက်ဖက်ပြုတ်ကျသွားတဲ့ မာယင်ကျွင့်ကို ခပ်မြန်မြန်ပဲသွားပြီစစ်ဆေးလိုက်ပါပြီ။ ရှုစန်းရှီကတော့ အခုအချိန်အထိ ဆေးပြင်းလိပ်ကြီးကို ကိုက်ထားလျက်သားဖြစ်ပြီ မာယင်ကျွင့်အနားရောက်လာရင်း မေးလိုက်ပါတယ်။

” ညီငယ်လေး အဆင်ပြေရဲ့လား ”

မာယင်ကျွင့်ကတော့ အလိုအလောက်ပြန်ဖြေလိုက်မိပါတယ်။

“‘ပြုတ်ကျပြီတဲ့နောက် နာတာပဲသိတယ်..ဘယ်လိုလုပ်ဒီနားရောက်လာတာလဲ ”

” ငါမင်းကို ညှာညှာတာတာလုပ်ပေးမယ်လို့ ပြောခဲ့တယ်မဟုတ်လား ”

ရှုစန်းရှီက တည်ကြည်တဲ့မျက်နှာနဲ့ ပြောလာခဲ့ပါတယ်။

” ဒါကြောင့် မင်းကိုစင်ပေါ်ကနေ အသက်သာဆုံးနှုန်းနဲ့ ပြုတ်ကျဖို့အတွက် အလွယ်ကူဆုံးဖြစ်အောင်လုပ်ပေးလိုက်တာပဲ ဒါနဲ့ငါ့ကိုကျေးဇူးတင်ဖို့မလိုဘူး မင်းအခုသွားလို့ရပြီ ”

အဲ့ဒီနောက် သူပြောပြီလက်ကိုဝှေ့ရမ်းလိုက်ပါတော့တယ်။ မာယင်ကျွင့်လဲ သူ့ကိုပြန်ပြီလက်ဝှေ့ရမ်းလိုက်ရင်းနဲ့ နှုတ်ဆက်ကာသူ့အဖွဲ့စောင့်ဆိုင်းနေတဲ့နေရာဆီ ပြန်လာခဲ့ပါပြီ။ အခုအချိန်မှာ ဒိုင်ကဘာများပြောနိုင်ဦးမှာလဲ။ ပထမဆုံးတစ်ယောက်တစ်ယောက် ပြိုင်ပွဲရဲ့အနိုင်ရသူကတော့ အမျက်ဒေါသကျောင်းတော်ဖြစ်သွားခဲ့ပါပြီ။ သူ့အဖွဲ့နယ်မြေကို ရောက်ရှိလို့သွားချိန်မှာ မာယင်ကျွင့်က တခဏတာစဥ်းစားနေရင်း သူ့အဖွဲ့ခေါင်းဆောင်ကို ပြောလိုက်မိပါတယ်။

” ခေါင်းဆောင်ကျွန်တော် အခုလှည့်စားခံလိုက်ရတာလား ”

သူတို့အဖွဲ့ရဲ့ခေါင်းဆောင်က သူခေါင်းကိုခေါက်ရင်းနဲ့ ပြောလိုက်တယ်။

” ငတုံးကောင် မင်းကြောင့်ငါတို့ကျောင်းတော်က မျက်နှာပျက်ပြီ ရှန်ယွဲ့ မင်းကနောက်တစ်ယောက်သွားရမဲ့သူပဲ ”

” ကောင်းပါပြီ ”

ကောင်မလေးက ချက်ချင်းဆိုသလို စင်ပေါ်ကိုတက်လာပါတော့တယ်။

အပိုင်း ၇၉•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset