အပိုင်း ၇၉•၁
” ပါရမီရှင်အစာအမျိုးအစား၀ိညာဥ်ပညာရှင်လား ”
°°°
ဒီနေ့ရာသီဥတုကတော့ သိပ်မကောင်းခဲ့ပါဘူး။ မှောက်မိုက်နေတဲ့ကောင်းကင်က တစ်နည်းတစ်ဖုံပျင်းစရာကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် ကောင်းကင်မှာရှိနေတဲ့တိမ်တွေကတော့ မဲမှောင်မနေခဲ့ပဲ ဖြူဖွေးလို့နေခဲ့ပြီ လေထုကတော့ ကြည်လင်သန့်ရှင်းလို့နေခဲ့တယ်။ ဒါ့အပြင် မိုးရွာမဲ့အရိပ်အယောင်လဲမရှိခဲ့ပါဘူး။ နေမထွက်ပေမဲ့ လေထုကတော့ အတော်ကိုလန်းဆန်းစေပြီ အေးချမ်းလို့နေခဲ့ပါတယ်။
အလှည့်ကျပွဲစဥ်တွေရဲ့ စတင်မှုအချက်ပြမီးကိုပြချိန်မှာပဲ ပါ၀င်ယှဥ်ပြိုင်သူအနားယူနယ်မြေတွေက ဖွင့်လစ်လို့လာပါတော့တယ်။ အလှည့်ကျပြိုင်ပွဲတွေရဲ့ ပထမဆုံးအစိတ်အပိုင်းသာဖြစ်တာကြောင့် ဒီနေ့မှာရှစ်ဖွဲ့အုပ်စုအဖွဲ့ကနေ လေးဖွဲ့သာထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ရှုံးထွက်ပွဲစဥ်မှာ ကျန်ရစ်ခဲ့တဲ့ အဖွဲ့ခြောက်ဆယ်ခုနှစ်ဖွဲ့လုံးကတော့ အနားယူနယ်မြေမှာ တစ်ယောက်မကျန်ရောက်နေခဲ့ကြပါပြီ။
သူတို့တွေက ပြိုင်ပွဲကိုလာကြည့်တာပါ။ အတိအကျပြောရမယ်ဆိုရင် ပြိုင်ပွဲရဲ့ပထမဆုံးနေ့မှာဖြစ်ခဲ့တဲ့ ထိတ်လန့်တကြားကိစ္စတွေမျိုး ကိစ္စကိုနောက်တစ်ကြိမ်ပြန်ကြုံတွေ့ချင်လို့ပါပဲ။ သူတို့အနေနဲ့ အမျက်ဒေါသကျောင်းတော်က လူငယ်ထန်မျိုးနွယ်ရဲ့အဲ့ဒီလူငယ်ကို တကယ်ပဲ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိမရှိသိချင်နေကြပါတယ်။
အမျက်ဒေါသကျောင်းတော်ကတော့ အမျက်ဒေါသကျောင်းတော်ပါပဲ။ နှစ်ပေါင်းတစ်သောင်းကြာတဲ့အထိ သူတို့ရဲ့အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့တာပါ။ ဒါကြောင့် ကျောင်းတော်နီးပါးတိုင်းကလဲ သူတို့ကိုပစ်မှတ်အဖြစ်စိတ်ထဲမှာမသိမသာ သတ်မှတ်ထားခဲ့ကြပါတယ်။ နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်တောင် ချွင်းချက်မရှိခဲ့ပါဘူး။
အမျက်ဒေါသကျောင်းတော်ရဲ့ အစိမ်းရင့်ရောင်၀တ်စုံကို ၀တ်ထားတဲ့အသင်းက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ချက်ချင်းဆိုသလို ကြယ်တာရာလော့ရင်ပြင်ကျယ်ကြီးတစ်ခုလုံးရဲ့အခြေအနေကလဲ စတင်ပြီ တက်ကြွလှုပ်ရှားလာကြပါတော့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ နာမည်ကိုအော်ဟစ်ပြီ အားပေးသံတွေကလဲ ဆက်တိုက်ထွက်ပေါ်နေခဲ့ပါပြီ။
ဟို့ယွိဟောင်ကတော့ အဖွဲ့ရဲ့ အရှေ့ဆုံးမှာမျက်နှာသေနဲ့သာ ဦးဆောင်လာရင်း လျှောက်လာခဲ့ပါတယ်။ သူတို့ရဲ့ပြိုင်ဘက်တွေကို လေနဲ့မှုတ်ထုတ်လို့ရလောက်တဲ့အထိ ကြောက်စရာကောင်းတဲ့အင်အားနဲ့ အရှိန်အ၀ါကို သူတို့ကထုတ်ဖော်ပြသဖို့ ပြင်ဆင်ထားခဲ့တာပါ။ ဒါ့အပြင် အစွမ်းကုန်တိုက်ခိုက်ပြရမယ်ဆိုတာကို သိနေခဲ့တယ်။ မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့ကတော့ ဒီနေ့ပွဲကိုလာမကြည့်ပါဘူး။ တည်ခိုဆောင်မှာသာနေရင်း အမြန်ဆုံးပြန်လည်ကုသကောင်းမွန်လာအောင်ကြိုးစားလို့နေခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်ရဲ့ အနားယူနယ်မြေက မြောက်ဘက်အစွန်းဆုံးမှာရှိတာပါ မြို့နံရံနဲ့အနီးဆုံးပါပဲ။ ဒါ့အပြင် သူတို့အနားယူနယ်မြေက တခြားကျောင်းတော်တွေထက်ကို ပိုပြီးကြီးမားလို့နေခဲ့ပါတယ်။ နေရာတစ်ခုလုံးမှာထိုင်ခုံအခုနှစ်ဆယ်ရှိနေခဲ့ပြီ အားလုံးကို အသေးစိတ်စီစဥ်ပေးထားပါတယ်။ ထိုင်ခုံတွေရဲ့ဘေးမှာကတော့ အစာတွေသစ်သီးတွေသောက်စရာအရည်တွေနဲ့ အပြည့်ရှိတဲ့စားပွဲခုံကြီးလဲရှိနေခဲ့ပါတယ်။ ဒါကတော့ ပါ၀င်ယှဥ်ပြိုင်သူလိုတဲ့အရာတိုင်းကို ဖြည့်စည်းပေးဖို့လုပ်ဆောင်ထားခဲ့တာပါပဲ။ ဒီပြိုင်ပွဲကြီးက ဘယ်လိုမျိုးလဲဆိုတာ လူတိုင်သိနေခဲ့ပါပြီ။ ဒါ့အပြင် အဲ့ဒီနေရာက သေချာပေါက် အခွင့်ထူးခံလူတွေရဲ့ကြည့်ရှု့စရာနယ်မြေပါပဲ။
အမှန်တကယ်မှာတော့ တခြားကျောင်းတော်တွေလဲသူတို့နဲ့သိပ်ပြီမကွာခြားပဲ ထပ်တူညီမျှအခွင့်ထူးခံရကြပါတယ်။ ဒါပေမယ့် သူတို့မှာကတော့အကုန်လုံးကို ဝေယျာ၀ိစ္စလုပ်ပေးမဲ့ အစေခံတွေအစောင့်အရှောက်တွေ မရှိကြတော့ပါဘူး။ အရေးကြီးဆုံးကတော့ သူတို့ရဲ့ ထိုင်ခွင့်ရတဲ့နေရာတွေက အမျက်ဒေါသကျောင်းတော်ထက် အများကြီးပိုပြီး သေးငယ်တာပါပဲ။ အနားယူတဲ့နယ်မြေမှာ အဓိကအဖွဲ့ရဲ့ခုနှစ်ယောက်စာအတွက်သာထိုင်ခုံတွေသာရှိပါတယ်။ အကြိုအဖွဲ့ကတော့ အနောက်မှသာရပ်ကြည့်နေခဲ့ရမှာပါ။
ဒီတစ်ကြိမ်မှာတော့ ပွဲကိုစီစဥ်တဲ့ ကြော်ငြာသူကတော့ နယ်မြေတစ်ခုလုံးကို ပိုပြီးတော့ဆူညံလှုပ်ရှားလာအောင် ကြိုးစားလို့နေခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ကျောင်းတော်ရဲ့နာမည်ကို မိတ်ဆက်လိုက်ပါပြီ။ ဒါ့အပြင် ပထမပြိုင်ပွဲက ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်ပြောပြရင်း အဖွဲ့တစ်ဖွဲ့ချင်းဆီတိုင်းကို အသေးစိတ်ကျကျမိတ်ဆက်ပေးပါတော့တယ်။
၀မ်ယန် မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အမျက်ဒေါသကျောင်းတော်က ရှစ်ယောက်အဖွဲ့ထဲမှာသာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲတစ်ခုလုံးမှာအကျော်ကြားဆုံးအဖွဲ့အဖြစ် ဖြစ်နေခဲ့တာကြောင့် သူတို့ရဲ့အုပ်စုထဲမှာရှိနေတဲ့ တခြားအဖွဲ့တွေအားလုံးကို လုံး၀အပြတ်အသတ်လွှမ်းမိုးလို့ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေဘယ်လိုပဲဟန်ဆောင်ပြီ သန်မာချင်ယောင်ဆောင်ပြနေတာတောင် ဘယ်သူမှသံသယမ၀င်ကြတာပါ။
တခြားမှာအနားယူနေကြတဲ့ ပါ၀င်ယှဥ်ပြိုင်သူတွေအားလုံးကလဲ လက်ရှိအချိန်မှာ စောင့်ဆိုင်းနေခဲ့ကြပါပြီ။ ဒါ့အပြင် ကျောင်းတော်တွေအားလုံးကလဲ တိုက်ပွဲနယ်မြေကို လှုပ်ရှားမှုအပြည့်နဲ့ စောင့်ကြည့်နေခဲ့ကြပါတော့တယ်။
လူတွေရဲ့စိတ်ခံစားချက်ကို တိုးတက်လာစေဖို့ချဲ့ကားပြောဆိုမှုတွေ အများကြီးလုပ်ပြီတဲ့နောက် ပြိုင်ပွဲကိုကြော်ငြာတဲ့သူက သူ့ရဲ့စိတ်လှုပ်ရှားတက်အကြွဆုံးအသံနဲ့ စပြီဆက်ပြောပါတော့တယ်။
” အခုအချိန်မှာတော့ ငါတို့တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းတော်အမျက်ဒေါသကျောင်းတော်ရဲ့ကိုယ်စားပြုအသင်းကို ပွဲထုတ်ကြရအောင် တစ်ဖက်မှာတော့ သူတို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ကြယ်တာရာလော့နိုင်ငံတော်ရဲ့တိမ်တိုက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က စောင့်ဆိုင်းရေးနယ်မြေထဲကို ၀င်လာနေပါပြီ အဖွဲ့နှစ်ဖွဲ့စလုံးရဲ့ ခေါင်းဆောင်တွေ ကျေးဇူးပြုပြီး တိုက်ပွဲစတင်ဖို့အတွက် စင်မြင့်ပေါ်မှာနေရာယူပေးပါ ”
ကျောင်းတော်နှစ်ခုစလုံးရဲ့ ကွာခြားချက်ကို မိတ်ဆက်ပုံနဲ့ပဲ သိသာနေခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ကို မိတ်ဆက်ချိန်မှာ တည်ရှိခဲ့တဲ့နိုင်ငံကို သူမကြော်ငြာခဲ့ပါဘူး။ ဒါပေမယ့် တခြားကျောင်းတော်တွေအတွက်ကိုတော့ သေချာပေါက် တည်ရှိတဲ့နိုင်ငံကို ကြော်ငြာပေးရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်နိုင်ငံတော်ကမှ အမျက်ဒေါသကျောင်းတော်ကို ပိုင်ဆိုင်တယ်လို့မပြောကြလို့ပါပဲ။ ထျန်းဟွမ်နိုင်ငံတော်လို အမှန်တကယ်မှာ အမျက်ဒေါသကျောင်းတော်တည်ရှိနေတဲ့ နယ်မြေရဲ့ပိုင်ရှင်နိုင်ငံတော်တောင်မှ ဒီကိစ္စနဲ့ပတ်သက်ပြီချွင်းချက်မရှိခဲ့ပါဘူး။
အမျက်ဒေါသကျောင်းတော်မှာ သူ့ရဲ့ကိုယ်ပိုင်အမျက်ဒေါသမြို့တော်ကြီးရှိပါတယ်။ ဒါ့အပြင် သူ့ရဲ့အဆင့်အတန်းကလဲ ဘယ်နိုင်ငံတော်မဆိုလေးစားရတဲ့အနေအထားမှာ ရှိနေခဲ့တယ်။
အမျက်ဒေါသနိုင်ငံတော်နဲ့ရှင်းပြမယ်ဆိုရင် နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကလဲ အင်အားကြီးတာအမှန်ပါ။ ဒါပေမယ့် သူ့ရဲ့အခြေခံကတော့ နည်းပါသေးတယ်။ ဒါကြောင့်သာ သူတို့ကိုယ်သူတို့ အမျက်ဒေါသကျောင်းတော်နဲ့ ယှဥ်ပြိုင်ဖို့အတွက် ဒီတိုက်ကြီးအဆင့်ထက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာသာ အခွင့်အရေးရှိနေခဲ့ပါတော့တယ်။ ဒါ့အပြင် အခွင့်အရေးကိုအသုံးချရင်း သူတို့ကျောင်းသားတွေရဲ့ ကြောက်စရာကောင်းတဲ့ကြီးထွားမှုကိုလဲ ထုတ်ဖော်ပြသကြတယ်။
ပေ့ပေ့က ထရပ်လိုက်ရင်း စင်ပေါ်ကိုလျှောက်ရှိသွားခဲ့ပါပြီ။ တစ်ဖက်မှာလဲ ပြိုင်ဘက်ရဲ့အဖွဲ့က ဟယ့်ချိုက်ထို့ပုံစံနဲ့ သိပ်မကွာတဲ့လူတစ်ယောက်ကို စေလွှတ်လိုက်ပါတယ်။ အဲ့ဒီလူရဲ့ခေါင်းပေါ်မှာတော့ ဆံပင်တိုတိုတွေက ထောင်ထလို့နေခဲ့တယ်။ ရွှေရောင်ဆံပင်တွေနဲ့ ကျစ်လစ်တဲ့ကြွက်သားတွေက သူ့ရဲ့အဖြူရောင်ကျောင်းသား၀တ်စုံမှာ ထင်ထင်ရှားရှားမြင်သာနေခဲ့ပါပြီ။
ပေ့ပေ့နဲ့ တစ်ဖက်လူက စင်မြင့်ပေါ်ကိုအတူတူလျှောက်လာခဲ့ပါတယ်။ မဲခွဲတဲ့စနစ်ကတော့ အတော်ကိုရိုးရှင်းလှတယ်။ ဒိုင်ကမဲခွဲတဲ့ဘူးလေးကို ယူဆောင်လာပြီ နှစ်ဖက်စလုံးရဲ့ခေါင်းဆောင်တွေကို မဲနှိုက်စေပါတယ်။ ဒါ့အပြင် အဲ့ဒီမဲဘူးက ထွင်းဖောက်မြင်နေခဲ့ရပြီ။ ဘယ်လိုဖြစ်နိုင်တဲ့လှည့်စားမှုတွေအားလုံးကို ကာကွယ်လို့ထားခဲ့တယ်။ မဲနှိုက်ရတဲ့ဘူးက သေးငယ်ပြီအပေါက်လေးတစ်ပေါက်ရှိပါတယ်။ ဒိုင်အနေနဲ့ အဖွဲ့သုံးဖွဲ့ရဲ့ တိုက်ခိုက်ရမဲ့ပုံစံတွေကို ကိုယ်စားပြုရမဲ့ဘောလုံးလေးသုံးလုံးကို ယူဆောင်လို့ထားခဲ့ပြီ အဲ့ဒီနောက် ဘောလုံးတစ်လုံးချင်းဆီကို ကြီးမားတဲ့ဘောလုံးအကြီးကြီးထဲ ပြောင်းထည့်လိုက်ပါတယ်။
ဒိုင်ကတော့ အော်လိုက်ပါပြီ။
” သုံး နှစ် တစ် ”
ပေ့ပေ့နဲ့ သူ့ရဲ့တစ်ဖက်ပြိုင်ပွဲခေါင်းဆောင်နှစ်ယောက်စလုံးကအင်အားကို စိုက်ထုတ်လိုက်ရပါတော့တယ်။ အဲ့ဒီနောက် ကြီးမားတဲ့အလုံးကြီးကို လေထဲပြစ်လိုက်ပါတယ်။ ဒီလိုမျိုးဖြစ်စဥ်မှာ အလုံးကြီးထဲကနေ ဘောလုံးအသေးလေးတွေမကျလာခဲ့ဘူးဆိုရင်တော့ ဒိုင်ကဖမ်းပြီတဲ့နောက် နောက်တစ်ကြိမ်ပြန်ပြစ်မြောက်မှာပါ။ ဒါ့အပြင်ကျလာတဲ့ဘောလုံးက သူ့တို့ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကို ဆုံးဖြတ်ပေးမဲ့ဘောလုံးလေးပါပဲ။ အကယ်၍ ဘောလုံးအသေးလေးသာ ကျလာခဲ့ပြီဆိုရင် သူတို့ရဲ့တိုက်ခိုက်ရမဲ့ပုံစံကလဲ ဆုံးဖြတ်ပြီသားဖြစ်သွားပါပြီ။
ဒါကတော့ အလှည့်ကျတိုက်ပွဲရဲ့ ပထမဆုံးမဲခွဲဆုံးဖြတ်မှုပါပဲ။ အတော်ကိုအောင်မြင်တဲ့နည်းစနစ်တစ်ခုလဲ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ယောက်စလုံးက ဘောလုံးကြီးကို လေထဲမီတာနှစ်ဆယ်အထိရောက်အောင် ပြစ်မြောက်လိုက်ပြီချိန်မှာပဲ ဘောလုံးလေးတစ်လုံးက ပြုတ်ကျလာပါတော့တယ်။ ဒါ့အပြင် အဲ့ဒီဘောလုံးပေါ်မှာတော့ သူတို့ရဲ့ကိုယ်ပိုင်အရောင်တွေရှိနေခဲ့တယ်။ အနီရောင် အ၀ါရောင် အပြာရောင်တို့ပါ။ အနီရောင်က အဖွဲ့တိုက်ခိုက်မှုကို ကိုယ်စားပြုပြီး အ၀ါရောင်ကတော့ တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲကို ကိုယ်စားပြုပါတယ်။အပြာရောင်ကတော့ နှစ်နှစ်သုံးဆိုတဲ့ တိုက်ပွဲကိုကိုယ်စားပြုတာပါ။ ဒီတစ်ကြိမ်မှာတော့ အ၀ါရောင်ဘောလုံးလေးက ပြုတ်ကျလို့လာပါတော့တယ်။
ဒိုင်ကလဲအဲ့ဒီဘောလုံးကို မြေပြင်မကျခင်ဖမ်းယူလိုက်ပါတယ်။ နှစ်ဖက်စလုံးကိုလဲ သေချာကြည့်စေလိုက်ပါပြီ။ အဲ့ဒီနောက် မြို့နံရံပေါ်မှာ ထိုင်နေတဲ့ကြယ်တာရာလော့နိုင်ငံတော်ဧကရာဇ်ကို မြင်သာအောင်လဲ မြောက်ပြလိုက်ပါတယ်။ ဧကရာဇ်အချက်ပြလိုက်အချိန်မှာတော့ ကြော်ငြာသူကလဲ စတင်ပြီကြော်ငြာပါတော့တယ်။
” အမျက်ဒေါသကျောင်းတော်က တိမ်တိုက်ကျောင်းတော်ကို တစ်ယောက်တစ်ယောက်ချင်းရှုံးထွက်ပွဲစဥ်ပြိုင်ပွဲပုံစံနဲ့ တိုက်ခိုက်မှာပါ နှစ်ဖက်စလုံးအနေနဲ့ ပြိုင်ပွဲကိုယှဥ်ပြိုင်ဖို့အတွက် လူတစ်ယောက်ချင်းဆီကို ပို့လွှတ်နိုင်ပါပြီ ”
ဒီလိုပုံစံမျိုးနဲ့ အခြေအနေရောက်ရှိသွားမှန်း ကြားသိလိုက်ပြီချိန်မှာတော့ စောင့်ကြည့်နေသူတွေရဲ့ မျက်လုံးတွေက တောက်ပလို့လာပါတော့တယ်။ ဒါ့အပြင် ကြည့်နေသူတွေအားလုံးကလဲ ဟို့ယွိဟောင်ကိုသာ အာရုံစိုက်နေခဲ့တာပါ။ ဟို့ယွိဟောင်အနေနဲ့ ပထမဆုံးထွက်လာပြီပြိုင်ပွဲကို တစ်ယောက်တစ်ယောက်ချင်းပြိုင်ပွဲအတွက် မျှော်လင့်နေခဲ့ကြပါတယ်။ ဒါကလူတိုင်းကြည့်နေခဲ့တဲ့ မျှော်လင့်ချက်အရှိဆုံးပြိုင်ပွဲမဟုတ်ဘူးလား ဘယ်သူကများနှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းပေါ်လာတာကို မမြင်ချင်ပဲနေမှာလ။
အဖွဲ့ခေါင်းဆောင်နှစ်ယောက်စလုံးကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အောက်ကိုဆင်းသွားခဲ့ပါပြီ။ ပေ့ပေ့ကတော့ ၀မ်ယန်ရဲ့ ညွှန်ကြားချက်တွေကို မဲခွဲဆုံးဖြတ်မှုမပြီးခင်ကထဲက ရရှိခဲဲ့ပြီသားဖြစ်ပါတယ်။ ၀မ်ယန်က သူ့ကိုမဲခွဲပြီတာနဲ့ ပြန်ဆင်းလာဖို့ပြောပြီသားပါ။ ပြိုင်ပွဲကဘယ်လိုပဲဖြစ်ပါစေ သေချာပေါက် အောက်ကိုပြန်ဆင်းလာရမှာပါ။
ပေ့ပေ့ကတော့ နယ်မြေထဲစောင့်ဆိုင်းနယ်မြေကို ပြန်ဆင်းလာပါတော့တယ်။ အဲ့ဒီနောက် ဆရာ၀မ်ယန်ကို အကြည့်တစ်ချက်နဲ့ မျက်စပြစ်ပြီသူပြောလိုက်တယ်။
” ဆရာ၀မ် ကျွန်တော်သွားမယ် ”
ဒါပေမယ့် ၀မ်ယန်က ခေါင်းခါရင်းကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့ပုံစံနဲ့ ပြောလာခဲ့ပါတယ်။
” ငါတ်ို့တွေ ဒီပြိုင်ပွဲမှာ သေချာပေါက် စိတ်ချလက်ချဖြစ်အောင်လုပ်သင့်တယ်..နိုင်ငံတော်လေးခုထဲမှာ ၀ိညာဥ်လက်နက်တွေနဲ့ ပတ်သက်ပြီ အသန်မာဆုံးက နေလနိုင်ငံတော်ပဲ ဒါပေမယ့် တခြားနိုင်ငံတော်သုံးခုရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကလဲ သိပ်ပြီနောက်ကျကျစ်ရစ်မနေခဲ့ဘူး..ငါတို့ကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်ဌာနက အသန်မာဆုံးမဟုတ်ပေမဲ့ သေချာပေါက် တခြားနိုင်ငံတော်သုံးခုအတွက်တော့ ပိုပြီးသာလွန်သေးတယ်..ဒီကျောင်းတော်အနေနဲ့ ကြယ်တာရာလော့နိုင်ငံကနေလာတာဖြစ်ပြီ နေလနိုင်ငံတော်ကလာတာမဟုတ်ဘူး..ပြောရမယ်ဆိုရင်သူတို့ကလဲ အများကြီးသန်မာမှာမဟုတ်ဘူးလေ သူတို့မှာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရှိပြီဆိုမှတော့ သေချာပေါက် ၀ိညာဥ်ဘုရင်အဆင့် ကျောင်းသားရှိမှာမဟုတ်ဘူး..သူတို့အနေနဲ့ ၀ိညာဥ်ဘိုးဘေးရှိဖို့ဆိုတာ ပိုပြီးတော့တောင်နည်းဦးမယ်..တိုက်ခိုက်ရေးအမျိုးအစား ၀ိညာဥ်ပညာရှင်တွေအနေနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ယှဥ်တဲ့အချိန်မှာ သေချာပေါက် အသာစီးမရနိုင်ဘူ..ငါတို့မှာလဲ အစားထိုးရမဲ့သူမရှိဘူးလေ..ဒါကြောင့် မင်းအနေနဲ့ ဘယ်လိုမှဒဏ်ရာမရစေဖို့ သေသေချာချာ ဆုံးဖြတ်စီစဥ်မှရလိမ့်မယ် .မဟုတ်ရင် ငါတို့အနေနဲ့ မင်းသာအချိန်မီပြန်မကောင်းမွန်လို့ကတော့ အများကြီးစွန့်စားရာရောက်သွားလိမ့်မယ်..ဒါတွေအားလုံးကို စဥ်းစားပြီတဲ့နောက် ရှုစန်းရှီ မင်းပထမဆုံးသွားတိုက်ခိုက်ရမယ် ”
သူပြောပြီတဲ့နောက် ရှုစန်းရှီအနားကိုကပ်ရင်း ပြောပါတယ်။
” ခုခံရေးအမျိုးအစား ၀ိညာဥ်ပညာရှင်က၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို တားဆီးတဲ့နေရာမှာ အတော်ဆုံးပဲ အထူးသဖြင့် အဆင့်နှိမ့်တဲ့အပေါ်မှာ မူတည်ပြီတော့အဆင်ပြေတွယ်…မှတ်ထားလိုက်မင်းအနေနဲ့ မင်းရဲ့၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကို အကောင်းဆုံးကြိုးစားစင်မြင့်ပေါ်မှာ တခဏလောက် ပျော်စရာကောင်းအောင်လုပ်လိုက် မင်းပိုပြီးကြာကြာတောင့်ခံထားနိုင်လေလေ ငါတို့ကျောင်းတော်သားတွေကို ထုတ်ဖော်ပြသမျှမှုက နောက်ကျလို့ကောင်းလေပဲ သွားတော့ ”
ရှုစန်းရှီအနေနဲ့ သူပထမဆုံးသွားရမှာကို ကြားပြီချ်န်မှာတော့အရမ်းကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ထရပ်ပါတော့တာယ်။ အဲ့ဒီညာဘက်လက်ကိုကွေးကာ သူ့ရဲ့ကြွက်သားတွေကိုထုတ်ပြပြီ ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ ပြောလိုက်တယ်။
” ကျွန်တော်ကို ကြည့်နေစမ်းပါ ”
အဲ့ဒီနောက် ခြေလှမ်းကျဲကြီးတွေနဲ့ စင်မြင့်ပေါ်ကို ပြေးတက်လို့သွားခဲ့ပါပြီ။ ပေ့ပေ့က ဟယ့်ချိုက်ထို့ကို ပြောလိုက်တယ်။
” ဒီကောင် ငပိန်းကောင်လို့မင်းမထင်ဘူးလား ”
ဟယ့်ချိုက်ထို့က ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။
” နည်းနည်းပေါ့ ”
ကျန်းနန်နန်က ၀င်ပြီထောက်ပြတော့တယ်။
” အရမ်းကို ပိန်နေတဲ့ကောင် ”
သိပ်ကိုဝေးဝေးမရောက်သေးတဲ့ ရှုစန်းရှီကတော့ ပြန်ပြီပြုတ်ကျမလ်ိုတောင် ဖြစ်လာတယ်။ နောက်ဆုံးမှာတော့ အံကြိတ်ရင်းနဲ့ စင်ပေါ်ကိုတက်သွားခဲ့ပါပြီ။
တစ်ဖက်ကျောင်းတော်ရဲ့ ပို့လွှတ်လိုက်တဲ့ ကျောင်းသားက သိပ်ပြီအရပ်မရှည်ခဲ့ပါဘူး။ ပုခုံးကတော့ အရမ်းကျယ်ပြီ အနည်းငယ်တောင် ၀ဖိုင့်တဲ့သူပါ။ ဘယ်လောက်အထိ စိတ်ရှုပ်ထွေးနေလဲဆိုလဲ မျက်နာမှာအထင်သားပေါ်နေခဲ့ပါတယ်။ အရမ်းကိုအရပ်မြင့်တဲ့ရှုစန်းရှိီနဲ့ ရင်ဆိုင်ရချိန်မှာတော့ သူ့မျက်နှာတစ်ခုလုံးချွေးသီးတွေပြည့်နေခဲ့ပါပြီ။
အမျက်ဒေါသကျောင်းတော်နဲ့ ရင်ဆိုင်ရတဲ့ဘယ်ကျာင်းတော်မဆို ဒီလိုပုံစံဖြစ်မှာက မျှော်လင့်ထားစရာပါပဲ။ အသက်အတော်ငယ်ရွယ်သေးတဲ့ ဟို့ယွိဟောင်တောင် ကြောက်စရာကောင်းတဲ့စွမ်းအားကိုထုတ်ဖော်ပြသခဲ့တာ။ သူ့ရှေ့မှာရှိနေတဲ့သူက သူ့ရဲ့ညီငယ်ထက်ပိုပြီး သန်မာတာထက်ဖြစ်နိုင်မလား ရှုစန်းရှိရဲ့ ကြောက်စရာကောင်းတဲ့ပုံစံကို ကြည့်လိုက်ရုံနဲ့တင် တစ်ဖက်လူက သူ့ကိုအမှန်လို့ထင်နေခဲ့ပါပြီ။ စိတ်ထဲမှာတော့ အတော်ကို အားနည်းသလိုခံစားနေမိပါတယ်။ ချွေးတွေကို အင်္ကျီလက်နဲ့သုတ်ရင်း ကြည့်နေတဲ့သူတွေကို ရယ်မောလို့သွားစေခဲ့တယ်။ ဟို့ယွိဟောင် စင်မြင့်ပေါ်ကိုတက်မလာခဲ့အတွက် လူတော်တော်များများကတော့ စိတ်ပျက်နေခဲ့ကြပါပြီ။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်တစ်ခုဖြစ်နေသေးတာကြောင့် ခပ်မြန်မြန်ပဲ သူတို့တွေစိတ်လှုပ်ရှားလာပါတော့တယ်။ ရှုစန်းရှီ ဘယ်လောက်အထိ သန်မာမလဲဆိုတာကို လူတိုင်းကသိချင်နေခဲ့ကြတယ်။
ဒိုင်က သူတို့နှစ်ယောက်ခေါ်ပြီပြောလိုက်ပါတယ်။
” တစ်ယောက်တစ်ယောက်ချင်းရဲ့ပြိုင်ပွဲက ရှုံးနှိမ့်တဲ့သူအနေနဲ့ စင်မြင့်ပေါ်ကနေ ချက်ချင်းဆင်းသွားရမယ်.. အနိုင်တဲ့သူကတော့ ဆက်ပြီတိုက်ခိုက်ဦးမလား လူလဲမလားဆိုတာ ဆုံးဖြတ်လို့ရတယ်…တစ်ဖက်ချင်းဆီတိုင်းမှာ လူခုနှစ်ယောက်ရှိတယ်…ဒါ့အပြင် ပြိုင်ပွဲက တစ်ဖက်မှာရှိတဲ့လူခုနှစ်ယောက်စလုံးရှုံးသွားပြီမှသာ အဆုံးသတ်မှာ နားလည်လား ”
” နားလည်ပါပြီ ”
ရှုစန်းရှီက တစ်ခွန်းထဲပြန်ဖြေပါတယ်။ ဒါပေမယ့် သူ့ရဲ့ပြိုင်ဘက်ကတော့ တုန်ရီလို့နေခဲ့တယ်။
ဒိုင်ကတော့ ဆက်ပြောလာခဲ့ပါပြီ။
” နှစ်ဖက်စလုံးကိုယ်ဘက်ကိုပြန်တော့ ပြိုင်ပွဲကငါခေါ်တာနဲ့စမယ်.. မင်းတို့အနေနဲ့ သတ်ဖြတ်မှုမြင့်မားတဲ့ ဘယ်၀ိညာဥ်လက်နက်ကိုမှ သုံးလို့မရဘူး. ”
သူပြောပြီတဲ့နောက် ဒိုင်ကနောက်ဆုတ်သွားပါတော့တယ်။ တစ်ဖက်မှာရှိတဲ့ ကျောင်းသားကတော့ ရှုစန်းရှီကို အားတင်းပြီပြုံးပြရင်း ပြောလိုက်တယ်။
” ငါ့ ငါ့နာမည်က မာယင်ကျွင့်လို့ခေါ်တယ်..အစ်ကိုကြီး ကျေးဇူးပြုပြီ သက်သက်ညှာညှာလေး လုပ်ပေးပါ ”
ရှုစန်းရှီရဲ့နှုတ်ခမ်းကတော့ တွန့်သွားခဲ့ပြီ ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ သူပြောလာခဲ့ပါတော့တယ်။
” မင်းကငါလောက် ခန့်ညားချောမောနေလို့လား ”
မာယင်ကျွင့်အနေနဲ့ကတော့ ခေါင်းခါရင်းသူခေါင်းကိုတုတ်နဲ့အရိုက်ခံနေရတဲ့အတိုင်း ခါနေခဲ့ပါတော့တယ်။
” လုံး၀လုံး၀မချောပါဘူး ”
ကျေနပ်သွားတဲ့ရှုစန်းရှီကတော့ ခေါင်းညိတ်လိုက်တယ်။
” ကောင်းပြီ ငါမင်းကိုနည်းနည်းတော့ သက်ညှာလိုက်မယ် ”
°°°
ယင်ကျွင့်ဆိုတာက ချောမောခန့်ညားမှုလို့ဆိုလိုတာပါ။
အပိုင်း ၇၉•၁ ပြီး၏။