Switch Mode

Chapter – 78.3

ပါရမီရှင် အမျိုးအစား ၀ိညာဥ်ပညာရှင်လား

အပိုင်း ၇၈•၃

” ပါရမီရှင်အစာအမျိုးအစား၀ိညာဥ်ပညာရှင်လား ”
°°`
ရှုစန်းရှီကတော့ မှောင်မိုက်နေတဲ့မျက်နှာနဲ့ ပြောလာခဲ့ပါတယ်။

” ဆရာ၀မ် ဘာကြောင့် ကျွန်တော်နဲ့ ကျန်းနန်နန်ကို အဖွဲ့တစ်ဖွဲ့ထဲ အတူမထည့်လိုက်တာလဲ ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိကြတယ်လေ ဒါကြောင့် အဖွဲ့အဖြစ်ဆောင်ရွက်မယ်ဆိုရင် သေချာပေါက် ကောင်းကောင်းလုပ်ဆောင်နိုင်မှာပဲ ”

ကျန်းနန်နန်ရဲ့ မျက်လုံးတွေကတော့ ချက်ချင်းပြူးကျယ်သွားပါတော့တယ်။

” ဘယ်သူကနင်နဲ့ ရင်းနှီးနေလို့လဲ ငါနဲ့ဒီလိုမျိုး ရင်းနှီးချင်ယောင်ဆောင်ပြီ လာတွဲကပ်နေတာကို ရပ်လိုက်တော့ ”

၀မ်ယန်က ပြောလာခဲ့ပါတယ်။

” အခုကိစ္စကပြိုင်ပွဲ မင်းတို့အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားများစစ်ထိုးနေရမဲ့နေရာမဟုတ်ဘူး..မင်းတို့အားလုံးကို ဒီလိုမျိုး နေရာခွဲပေးလိုက်တာ မင်းတို့ရဲ့စွမ်းရည်တွေက တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီနေလို့ပဲ ရှုစန်းရှီ မင်းရဲ့အဓိကအားသာချက်က ခုခံတဲ့နေရာမှာ အသုံး၀င်တယ်..ချိုက်ထ်ို့ရဲ့အစကတော့ တိုက်ခိုက်တဲ့နေရာမှာ တော်တယ်..ကျန်းနန်နန်ကတော့ သူ့ရဲ့အမြန်နှုန်းကို ပေ့ပေ့ရဲ့သန်မာတဲ့တိုက်ခိုက်မှုနဲ့ ပေါင်းလိုက်မယ်ဆိုရင် အကောင်းဆုံးပဲ အကယ်၍ သူသာမင်းနဲ့အတူ တိုက်ခိုက်မယ်ဆိုရင် သူ့အင်အားရဲ့သုံးဆယ်ရာခိုင်နှုန်းကိုတောင် ထုတ်လုပ်နိုင်ဖို့အတွက် အဆင်ပြေမှာမဟုတ်ဘူး ”

ပုံမှန်အခြေအနေမှာ စကားသိပ်မပြောတတ်တဲ့ကျန်းနန်နန်ကတော့ တစ်ချက်လေးတောင် မတွေဝေပဲ ခေါင်းညိတ်လိုက်ရပါတယ်။

” ဆရာ၀မ်ပြောတာမှန်တယ်.”

ရှုစန်းရှီကတော့ ချက်ချင်းမျက်နှာပျက်သွားခဲ့ပါပြီ။ ဒါပေမယ့် ပြိုင်ပွဲနဲ့ပတ်သက်ပြီ အစီအစဥ်ချပြီးပြီဆိုမှတော့ သူ့အနေနဲ့လဲ ဒီကိစ္စကိုနောက်ထပ် ထပ်ပြီးမပြောတော့ပါဘူး။

၀မ်ယန်က ပြောလာခဲ့ပါတယ်။

” ဒါကအရင်ဆုံးအခြေခံအဖြစ်နဲ့ စီစဥ်ထားတာပဲ အခုအချိန်မှာ ငါတို့အတွက် ပြိုင်ပွဲတွေက မျက်နှာသာပေးနိုင်မဲ့ အခြေအနေရှိတယ်..ဒါ့အပြင် အဖွဲ့လိုက်တိုက်ပွဲစွမ်းရည်တွေကို ထုတ်သုံးလို့ကတော့ ငါတို့အနေနဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်တဲ့အချိန်မှာ အမှားအယွင်းတွေဖြစ်လာနိုင်တယ်..ဒါကြောင့် နောက်တစ်ခေါက်ထပ်ပြောမယ်..ပြိုင်ပွဲအတွင်းမှာ အားလုံးမင်းတို့ပြိုင်ဘက်ရဲ့ ၀ိညာဥ်လက်နက်တွေကို သေချာဂရုစိုက်ရမယ်..ဒါ့အပြင် ပါ၀င်ယှဥ်ပြိုင်သူတွေက တိုက်ပွဲထဲမှာ ရိုးရှင်းတဲ့၀ိညာဥ်လက်နက်တွေကို ထုတ်သုံးဖို့အတွက် ခွင့်ပြုခံထားရတယ်..ယွိဟောင်က ပထမအချီမှာ တိုက်ခိုက်ခဲ့သလိုမျိုး နောက်တစ်ခေါက် ထပ်ပြီးတိုက်ခိုက်လို့မရတော့ဘူး..ဒါပေမယ့် မင်းတို့အဖွဲ့ရဲ့အားသာချက်ကတော့ အခုအထိရှိနေတုန်းပဲ ဒါ့အပြင် ယွိဟောင် တခြားသူတွေနဲ့ယှဥ်ပြိုင်တဲ့အချိန်မှာ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အပြည့်အ၀ထုတ်သုံးရမယ်..အနိုင်ရဖို့အတွက် ရှိရှိသမျှစွမ်းအင်တွေအားလုံးကို ထုတ်သုံးပြီ ကျောင်းတော်ကို တောက်ပအောင်လုပ်ဆောင်ဖို့ ကြိုးစားရမယ်..အချိန်ကြာလာရင် မင်းတို့ကို ငါစစ်မြေပြင်ထဲမှာ စပြီတော့ အမိန့်ချပေးမယ်..မင်းတို့တွေလဲ အဲ့ဒီအချိန်မှာ ငါအမိန့်အတိုင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ် ”

” ကောင်းပါပြီ ”

အဖွဲ့သားခုနှစ်ယောက်စလုံးက တစ်ညီတစ်ညွတ်ထဲပြန်ဖြေလိုက်ပါတော့တယ်။

၀မ်ယန်က နောက်ဆုံးမှာပဲ ထရပ်ရင်းနဲ့ပြောလိုက်တယ်။

” အားလုံးပဲဒီညကောင်းကောင်းနားကြ မင်းတို့မနက်ဖြန်ပြိုင်ပွဲအတွက် စွမ်းအားအပြည့်အ၀ရှိနေမှရမယ်..ဘယ်သူမှညဘက်အပြင်မထွက်ရဘူး..နားလည်ကြရဲ့လား ”

၀မ်ယန် ပြောပြီတာနဲ့အားလုံးက ထရပ်ရင်းအစည်းအဝေးအခန်းအပြင်ကို ထွက်ခွာသွားကြပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ လေ့ကျင့်ဖို့အတွက် အခန်းကိုအတူတူသွားကြပါပြီ။ ဟို့ယွိဟောင်လဲ တစ်စုံတစ်ရာကို အာရုံခံမိတာကြောင့် သူ့ရဲ့အကြည့်က တစ်ဖက်ရဲ့ စင်္ကြန်အဆုံးဆီကိုရောက်ရှိလို့သွားပါတော့တယ်။

အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်အရွယ်ခန့်ညားတဲ့လူငယ်လေးတစ်ယောက်က အဲ့ဒီဖက်မှာရှိနေခဲ့ပြီ ဟို့ယွိဟောင်ကို မီးလိုလောင်ကျွမ်းနေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လို့နေပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ အကြည့်ကလဲ ချက်ချင်းဆိုသလို အေးစက်လို့သွားခဲ့ပါပြီ။ တစ်ဖက်လူရဲ့ အဖြူရောင်ကိုယ်ကြပ်အင်္ကျီအရ နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကလူမှန်းသိနေခဲ့တယ်။

” မင်းနာမည်က ဟို့ယွိဟောင်မဟုတ်လား ငါနာမည်ကိုမှတ်ထားလိုက် ငါ့နာမည်က ရှောင်ဟုန်ချန် ငါသေချာပေါက် မင်းကို အနိုင်ယူပြမယ် ”

အဲ့ဒီလူငယ်က လက်မထောင်နေရင်းကနေ အောက်စိုက်ချလိုက်တဲ့ပုံစံကိုလုပ်ပြရင်း ပြောသွားခဲ့ပါတယ်။

” မင်းဘာပြောတယ် ”

၀မ်သုန့်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းတန်းတွေက ဖြတ်သန်းသွားခဲ့ပေမဲ့ ဟို့ယွိဟောင်ကတော့ ချက်ချင်းဆိုသလို ၀မ်သုန့်ကို ပုခုံးပေါ်လက်တင်ရင်း သူ့ကိုမလှုပ်ရှားနိုင်အောင်ဖိထားလိုက်ပါပြီ။ ဟို့ယွိဟောင်လဲ သူ့ရဲ့ညာလက်ကိုမြောက်ရင်း လက်မနဲ့ လခလယ်နှစ်ချောင်းတို့ကို ချိတ်လိုက်ပြီသူ့ရဲ့အ၀တ်တွေကို လှန်လိုက်တယ်။ အဲ့ဒီနောက် မျက်မှောင်ကြုတ်ရင်း ပြောလိုက်ပါတယ်။

” ဒီကောင်ဘယ်ကနေလာတာလဲ မုန်းစရာကောင်းလိုက်တာ ဘာပဲဖြစ်ဖြစ် အဲ့ဒီကောင်ကို သေအောင်ရိုက်ပြစ်မယ်.”

သူပြောပြီတာနဲ့ အခန်းတံခါးကိုဖွင့်ရင်း ၀မ်သုန့်နဲ့အတူ ၀င်သွားပါတော့တယ်။

ဟို့ယွိဟောင်ရဲ့အသံက အတော်ကို ကျယ်လောင်လှပါတယ်။ ဒါ့အပြင် ဒီနယ်မြေထဲမှာရှိနေတဲ့သူတော်တော်များများကလဲ အတော်ကိုနားပါးတဲ့သူတွေပါ။ ဒါကြောင့် သူ့အသံကိုကြားပြီချိန်မှာ ရှောင်ဟုန်ချန်ရဲ့မျက်နှာက အတော်ကိုတွန့်သွားပါတော့တယ်။ ဒါကြောင့် သူဒေါသထွက်ပုံမပေါ်ပဲနဲ့ စဥ်းစဥ်းစားစားဖြစ်နေတဲ့ပုံစံပါပဲ။ ဒီလိုမျိုး အကြိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာနိုင်တဲ့သူက အင်အားတစ်ခုထဲနဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တာမဟုတ်ပါဘူး။ စဥ်းစားဆင်ခြင်နိုင်စွမ်းကြောင့်လဲ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

” မင်းဘာဖြစ်လို့ ငါ့ကိုတားလိုက်ရတာလဲ ”

၀မ်သုန့်က ရုတ်တရက်အခန်းထဲ၀င်လာချိန်မှာ မေးလိုက်ပါတယ်။

ဟို့ယွိဟောင်က အားတင်းပြီပြုံးပြရင် ပြောလိုက်ပါတယ်။

” အကယ်၍ မင်းကိုမတားခဲ့ဘူးဆိုရင် မင်းဘာလုပ်မိသွားမလဲသိလား ဖြစ်လာမဲ့ကိစ္စတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အစီအစဥ်ချထားရဲ့လား အဲ့ဒီလူကို မြင်တာနဲ့ငါလဲ စိတ်၀ိညာဥ်ထောက်လှမ်းရေးကို အသုံးပြုပြီး ရှာဖွေပြီးပြီ သူ့ရဲ့၀ိညာဥ်စွမ်းအားက ငါတို့ထက် အများကြီးပိုကျော်လွန်နေတယ်..သူ့ရဲ့၀ိညာဥ်စွမ်းအားကို ကြည့်လိုက်ရုံနဲ့တင် ၀ိညာဥ်စက်ကွင်းငါးကွင်းလောက်အထိ ရောက်နေတာကို သိပြီးပြီ ”

” ဘာဖြစ်တယ် ”

၀မ်သုန့်က ချက်ချင်းအထိတ်တလန့်ပြောမိတော့တယ်။

” မဖြစ်နိုင်လိုက်တာ ဒီကောင်ငါတို့ထက်အသက်ပိုကြီးတဲ့ပုံမပေါ်ဘူး…သူက နေလနိုင်ငံတော်ရဲ့ အကြိုအဖွဲ့ထဲက တစ်ယောက်ယောက်ပဲ ဖြစ်နေလိမ့်မယ်လေ ဒါပေမယ့် ၀ိညာဥ်ဘုရင်တောင်ဖြစ်နေတာ သူ့ရဲ့၀ိညာဥ်စွမ်းအားကို မင်းလိုမျိုး ဟန်ဆောင်ထားတာရောမဖြစ်နိုင်ဘူးလား ”

ဟို့ယွိဟောင် ခေါင်းခါလိုက်ပါတယ်။

” လူတစ်ယောက်ရဲ့၀ိညာဥ်စွမ်းအားကို ဖုံးကွယ်ဖို့ဆိုတာက အဲ့ဒီလောက်လွယ်လို့လား ပြောရမယ်ဆိုရင် သူက သိုင်းပညာ၀ိညာဥ်ကိုတောင် ထုတ်မသုံးရသေးဘူးလေ ”

၀မ်သုန့်က မျက်မှောင်ကြုတ်ရင်း စိုးရိမ်တကြီးအမူအရာကို ပြောင်းလဲသွားပါတော့တယ်။

” အကြိုအဖွဲ့ကတောင် ဒီလိုဖြစ်နေပြီဆိုရင် နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ငါတို့တွေးထားတာထက်ကိုအများကြီး ပိုပြီးသန်မာနိုင်သေးတယ်..ကံကောင်းပေလို့ ငါတို့သူတို့နဲ့ အလှည့်ကျပြိုင်ပွဲတွေမှာ ထိပ်တိုက်တွေ့ရမှာမဟုတ်ဘူး..သူတို့တွေက နောက်နှစ်တွေအတွက်မှာယှဥ်ပြိုင်ရမဲ့သူတွေဖြစ်မှာ ”

ဟို့ယွိဟောင်လဲ စဥ်းစဥ်းစားစားရှိနေခဲ့ပါတယ်။

” တကယ်တော့ ငါတို့ပိုပြီးစိုးရိမ်ရမဲ့အရာတစ်ခုရှိတယ်..အဲ့ဒါက သူတို့အနေနဲ့ နောက်ငါးနှစ်အတွင်းမှာ ငါတို့ရဲ့ပြိုင်ဘက်တွေဖြစ်လာတော့မှာပဲ နောက်တစ်ခေါက် ငါတို့ရဲ့ပြိုင်ဘက်တွေက သူတို့ဖြစ်လာလိမ့်မယ်..အခုအချိန်မှာတော့ သူက ၀ိညာဥ်ဘုရင်ဖြစ်နေပြီ လာမဲ့ငါးနှစ်အတွင်းမှာ ဒီလိုကျင့်ကြံတဲ့အချိန်နှုန်းနဲ့ ဘယ်လောက်အထိ ရောက်သွားနိုင်မလဲ ”

၀မ်သုန့်က မကျေမနပ်နဲ့ ပြောလာခဲ့ပါတယ်။

” ဒါပေမယ့် ငါတို့အသက်တွေက ငယ်သေးတယ်လေ ”

” ပြိုင်ပွဲကြီးက ငါတို့အားလုံးကို အချိန်အတူတူပေးထားတယ် ”

ဟို့ယွိဟောင်က ဆက်ပြောပါတယ်။

” လာပါငါတို့ပိုပြီးကြိုးစားရအောင် ငါတို့ရဲ့တကယ်အင်အားအစစ်အမှန်က ဟောင်သုန့်စွမ်းအားအပေါ်မှာမူတည်နေတယ်..မင်းသိတဲ့အတိုင်း ငါ့ရဲ့ကျင့်ကြံဆင့်က တတိယ၀ိညာဥ်စက်ကွင်းကို ရတဲ့အချိန်မှာ အတော်ကိုနှေးသွားလိမ့်မယ်..ဒါကလဲ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ရှိနေတာကြောင့်ပဲလေ ”

ရှောင်ဟုန်ချန်ရဲ့ ရုတ်တရက်ထွက်ပေါ်လာခဲ့မှုက သူတို့ကို သတိပေးလိုက်သလိုပါပဲ။ ဒါကြောင့် နှစ်ယောက်စလုံးလဲ အိပ်ရာပေါ်မှာ ခပ်မြန်မြန်ထိုင်ချလိုက်ရင်း တစ်ယောက်လက်ပေါ်တစ်ယောက် ထပ်လိုက်ပြီ ဟောင်သုန့်စွမ်းအားကို စတင်လေ့ကျင့်ကြပါတော့တယ်။

အချိန်အတော်ကြာအောင် နေထိုင်ခဲ့ပြီတဲ့နောက် ၀မ်သုန့်အနေနဲ့လဲ ဟို့ယွိဟောင်ကို အရင်လောက်မငြင်းပယ်တော့ပါဘူး။ နွေးထွေးတဲ့ခံစားမှုနည်းလမ်းရဲ့ လှည့်ပတ်မှုက ၀မ်သုန့်ရဲ့၀ိညာဥ်စွမ်းအားနဲ့စတင်ပြီ ချိတ်ဆက်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် သူတို့ရဲ့ ဟောင်သုန့်စွမ်းအားလဲ စတင်ဖြစ်ပေါ်လာတော့တယ်။ ဒီလိုဖြစ်ပေါ်လာပြီတဲ့နောက် သူတို့ခန္ဓာကိုယ်ထဲကို ဆက်တိုက်လှည့်ပတ်နေခဲ့ပါပြီ။

၀မ်သုန့်က အဆင့်သုံးဆယ်အထိကို တိုးတက်လို့သွားခဲ့ပြီ ဟို့ယွိဟောင်ကလဲ အဆင့်နှစ်ဆယ်ခုနှစ်ကိုရောက်ရှိလို့သွားခဲ့ပါပြီ။ လက်ရှိအချိန် သူတို့လက်တွေချိန်ဆက်ရင်း ဟောင်သုန့်စွမ်းအားကို လှည့်ပတ်ပြီ ၀ိညာဥ်စွမ်းရည်တစ်ခုကိုအသုံးပြုလိုက်တာက ၀ိညာဥ်ဘိုးဘေးတစ်ယောက်နဲ့ ယှဥ်လို့ရနေခဲ့ပါတယ်။ ဒါကတော့ သိုင်းပညာပေါင်းစည်းမှုရဲ့ တိုးတက်မှုကြီးပါပဲ။

သူတို့ရဲ့ကျင့်ကြံဆင့်တွေကလဲ တစ်ယောက်နဲ့တစ်ယောက် အတော်ကိုနီးကပ်လို့လာခဲ့ပါပြီ ကျင့်ကြံဆင့်တွေက မြင့်လာလေလေ ၀ိညာဥ်စွမ်းအားရဲ့လှည့်ပတ်မှုက ပိုအားကောင်းလာလေပါပဲ အရှိန်နှုန်းကလဲ တိုးတက်လို့လာပါတယ်။ ဒါ့အပြင် ဟောင်သုန့်စွမ်းအားရဲ့ အားဖြည့်မှုကိုအသုံးချရင်း ဘိုးဘေးတစ်ယောက်လိုမျိုး မြန်မြန်ဆန်ဆန်ကျင့်ကြံနိုင်နေပါပြီ။ ဟို့ယွိဟောင်က လွန်ခဲ့တဲ့ဆယ်ရက်၀န်းကျင်မှာ အဆင့်နှစ်ဆယ်ခုနှစ်ကို တိုးတက်လာခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အဆင့်နှစ်ဆယ်ခုနှစ်ရဲ့အလယ်အနားကိုတိုးတက်လာနေမှန်း သူကိုယ်တိုင်လဲ ခံစားမိပါတယ်။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် အဆင့်သုံးဆယ်မရောက်ခင်အထိ တစ်လကိုတစ်ဆင့်နီးပါးတက်သွားမှာပါ။

၀မ်သုန့်ကလဲ ဟို့ယွိဟောင်ရဲ့ အရှိန်နှုန်းကို ကောင်းကောင်းယှဥ်လို့ရပါတယ်။ သူ့ခန္ဓာကိုယ်က ဟို့ယွိဟောင်ထက်တောင် ပိုပြီ၀ိညာဥ်စွမ်းအားလိုအပ်နေသလိုပါပဲ။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားကို လှည့်ပတ်တဲ့အချိန်မှာ လုံး၀ကို အတားအဆီးလဲမရှိခဲ့ပါဘူး။ နေ့စဥ်နေ့တိုင်းစွမ်းအားတွေတိုးတက်လာတာကို ခံစားမိပါတယ်။ ကျောင်းစဖွင့်တဲ့လအနည်းငယ်တုန်းက အဆင့်သုံးဆယ့်နှစ်အထိကို ဖြတ်ကျော်တိုးတက်ခဲ့တာပါ။ မကြာခင်မှာတော့ အဆင့်သုံးဆယ်အထိကို ရောက်ရှိဖို့နီးကပ်နေခဲ့ပါပြီ။ လက်ရှိဟောင်သုန့်စွမ်းအားရဲ့ အကူအညီကြောင့် တစ်နှစ်ခွဲအတွင်းမှာပဲ ၀ိညာဥ်ဘိုးဘေးအဆင့်ကို ရောက်ရှိသွားနိုင်ချေက အတော်ကို များနေခဲ့ပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ အပြင်နယ်မြေရဲ့ ကျောင်းသားတွေထဲမှာ ထိုက်ဟွပင်းက အဆင့်ခုနှစ်မှာရှိနေခဲ့တာ အသန်မာဆုံးလို့ပြောရမှာပါ။ ဒါပေမယ့် ၀မ်သုန့်ကတော့ တစ်နှစ်အချိန်အတွင်းမှာ သူ့ကိုသာလွန်ပြီတိုးတက်အောင်မြင်သွားမယ်လို့ ယုံကြည်ချက်ရှိနေခဲ့ပါပြီ။

တခြားတစ်ဖက်မှာတော့ ရှောင်းရှောင်းရဲ့ကျင့်ကြံဆင့်ကသူတို့ထက် အနည်းငယ်နှေးကွေးပါတယ်။ ဒါကြောင့်သာ သူမက ၀ိညာဥ်အကြီးအကဲအဆင့်ကို ဖြတ်ကျော်တိုးတက်နိုင်မဲ့အခြေအနေမှာရောက်နေခဲ့တာပါ။

ပထမဆုံးရှုံးထွက်ပွဲစဥ်ရဲ့ ပြိုင်ပွဲတွေက ပြီးဆုံးလို့သွားခဲ့ပါပြီ။ ကြည့်ရှု့သူတွေအနေနဲ့ကလဲ အတော်ကို စိတ်လှုပ်ရှားမှုပြင်းထန်နေကြပါတော့တယ်။ ဒါကြောင့် ပြိုင်ပွဲကိုလာရောက်ကြည့်ရှု့သူတွေက ဆက်တိုက်ဆိုသလို တိုးမြင့်လို့နေခဲ့ပါပြီ။

ကြယ်တာရာလော့ရင်ပြင်ကျယ်ကြီးက အတော်ကို ကြီးမားပေမဲ့ လူဘယ်လောက်များများကို လက်ခံနိုင်သလဲဆ်ိုတာကတော့ အကန့်အသတ်ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် များပြားလွန်လှတဲ့ လူတွေရဲ့လိုအပ်ချက်ကို မဖြည့်ဆည်ပေးနိုင်သေးပါဘူး။

ဒီလိုအကြောင်းအရင်းတွေကြောင့် ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အမတ်မင်းတွေက လူတွေကို၀င်ကြေးတိုးကောက်ရင်း ကြည့်ရှု့သူအရေအတွက်ကို လျှော့ချထားဖို့ လုပ်ခဲ့ပါတယ်..ဒါကလဲ သိပ်ပြီမထိရောက်ခဲ့ပါဘူး။ နိုင်ငံတော်အနေနဲ့ကတော့ အကျိုးအမြတ်အများကြီးရလာတာပဲ ပိုလာပါတော့တယ်။ ကြယ်တာရာလော့နိုင်ငံတော်အနေနဲ့ကတော့ ဒီလိုပြိုင်ပွဲကြီး ကျင်းပရာကနေ အကျိုးအမြတ်အများကြီးရနေခဲ့ပါပြီ။ ဒါက နှစ်တိုင်နှစ်တိုင်းအတူတူပါပဲ။ ဒါ့အပြင် နိုင်ငံတော်ကနေ ပြန်ဆုချရမဲ့ဆုလဒ်တွေဆိုတာကလဲ ဘယ်တုန်းကမှ မနည်းပါးခဲ့ပါဘူး။ ဘယ်နိုင်ငံတော်ကမှ နာမည်မပျက်ချင်ကြတဲ့အတွက် သူတို့တွေလဲ ပစ္စည်းကောင်းကြီးတွေကို ဆုချလျက်ရှိပါတယ်။

ဘာကြောင့်များရှုံးထွက်ပွဲစဥ်ရဲ့ ပထမပြိုင်ပွဲမှာစည်းမျဥ်းတွေက ဒီလောက်အထိ ကြမ်းတမ်းရတာလဲ ကျောင်းတော်တွေကို လျှော့ချပြစ်ဖို့ဆိုတဲ့ ရိုးရိုးရှင်းရှင်းအချက်အပြင် နောက်ထပ်အကြောင်းအရင်းတစ်ခုက ရှိနေပါသေးတယ်။ ဒါကတော့ ပိုစိတ်လှုပ်ရှားစရာကောင်းလာဖို့ပါပဲ။

တိုက်ကြီးတစ်ခုလုံးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲက နိုင်ငံတိုင်းရဲ့အမတ်မင်းတွေထက်တောင် ပိုအရေးကြီးပါသေးတယ်။ ဒီပြိုင်ပွဲကြီးက အရမ်းကိုကျော်ကြားနေရတဲ့အကြောင်းအရင်းကလဲ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲတွေရှိနေခဲ့တာကြောင့်ပါပဲ။ ဒါ့အပြင် ဒီလိုခမ်းနားတဲ့ ပြိုင်ပွဲကြီးကို ငါးနှစ်မှတစ်ကြိမ်သာကျင်းပတဲ့အတွက် တွေ့ရဖို့လဲမလွယ်ကူပါဘူး။

ရှုံးထွက်ပွဲစဥ်တွေက ပြိုင်ပွဲတစ်ခုလုံးကိုပိုပြီးတော့တောင် စိတ်လှုပ်ရှားစရာကောင်းနေခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲကိုစောင့်ကြပ်ပေးရတဲ့အမတ်မင်းတွေကလဲ ဘယ်လိုဒဏ်ရာမှမရစေဖို့အတွက် အကောင်းဆုံးကြိုးစားကြသလို ပါ၀င်ယှဥ်ပြိုင်တဲ့ ကျောင်းသားနှစ်ရာနီးပါးကိုလဲ အမြဲတမ်းကူညီပြီ ကုသပေးနေခဲ့ရပါတယ်။ ဒါပေမယ့် ပြင်းထန်လွန်တဲ့ဒဏ်ရာတွေကြောင့် ပြိုင်ပွဲကျင်းပချိန်တိုင်း ဆယ်နဲ့ချီတဲ့ကျောင်းသားတွေက သေဆုံးကြရတယ်။ စစ်မြေပြင်ဆိုတာက သွေးတွေနဲ့အမြဲတမ်းဆေးကြောနေခဲ့ရတာပါ။ ဒါ့အပြင် ကြည့်ရှု့သူတွေကိုပိုပြီး တိုးပွားလာစေတဲ့အကြောင်းအရင်းတစ်ခုလဲ ဖြစ်နေခဲ့ပါတယ်။ ဒီလိုမမျှော်လင့်ထားပဲ ကျောင်းသားသေဆုံးရတဲ့ကျောင်းတွေအတွက်ကတော့ များပြားတဲ့လျော်ကြေးငွေကိုရရှိတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာကတော့ ရှုံးထွက်ပွဲစဥ်တွေက ပြီးသွားခဲ့ပါပြီ။ ဒုတိယအနေအထားဖြစ်တဲ့ အလှည့်ကျတိုက်ပွဲတွေက ရောက်ရှိလို့လာတော့မှာပါ။ ပြိုင်ပွဲတွေက ရှုံးထွက်ပွဲစဥ်လောက်မပြင်းထန်ပေမဲ့ စည်းမျဥ်းတွေကတော့ များပြားလွန်လှပါတယ်။ ဒါ့အပြင် အဲ့ဒီပြိုင်ပွဲတွေကို ကျင်းပတဲ့နည်းလမ်းကလဲ သုံးမျိုးရှိနေခဲ့တယ်။ မဲခွဲဆုံးဖြတ်ပြီ ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းကလဲ ယှဥ်ပြိုင်ရတာပါ။ ဒါ့အပြင် ပြိုင်ပွဲတစ်ခုချင်းဆီတိုင်းကလဲ သူ့အချက်နဲ့သူ စိတ်လှုပ်ရှားစရာကောင်းနေခဲ့ပါတယ်။

ဒါ့အပြင် ပထမထုတ်ပယ်မှုပြီတဲ့နောက် ကျန်ရစ်တဲ့အဖွဲ့တွေကလဲ သန်မာတဲ့အဖွဲ့သာဖြစ်နေခဲ့တယ်။ ဒါကြောင့်ပြိုင်ပွဲတွေက ပိုပြီးတော့တောင် စိတ်လှုပ်ရှားစရာကောင်းနေခဲ့သလို အမျိုးအစားကလဲ စုံလင်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာ ရင်ပြင်ထဲ၀င်ခွင်ရဖို့၀င်ခွင့်လက်မှတ်ကတောင် ခက်ခဲလို့နေခဲ့ပါတယ်။ အခုအချိန်မှာ လူပေါင်းနှစ်သိန်းနီးပါးက စုစည်းနေကြပြီဖြစ်တာကြောင့် အတော်ကို များပြားလို့နေခဲ့တယ်။ ရင်ပြင်ကျယ်ကြီးတစ်ခုလုံးကလဲ နေ့စဥ်နေ့တိုင်းလူတွေအပြည့်ပါပဲ။ ဒါ့အပြင် တချို့လူတွေကတော့ တစ်ရက်လေးတောင် ၀င်ခွင့်မရတဲ့သူတွေရှိနေခဲ့ပါသေးတယ်။ နောက်ရက်အထိ လက်မှတ်၀ယ်ခွင့်ရဖို့ကို ဆက်တိုက်စောင့်ဆိုင်းနေခဲ့တာပါ။ ပထမနေ့ကထဲကနေ တန်းစီးစောင့်ဆိုင်းရင်းဒုတိယနေ့ရဲ့ပြိုင်ပွဲကိုကြည့်ဖို့ လက်မှတ်၀ယ်နေကြတဲ့သူတွေလဲ ရှိပါသေးတယ်။ ပြည်သူပြည်သားတွေရော ကြွယ်၀ချမ်းသာသူတွေပါ ချွင်းချက်မရှိခဲ့ပါဘူး။ လူတိုင်းက ညီတူညီမျှသာဆက်ဆံခံရပါတယ်။

ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ရချိန်မှာတော့ ကြယ်တာရာလော့နိုင်ငံတော် တော်၀င်မိသားအနေနဲ့ သူတို့ပျော်ရွှင်မှုကို ဘယ်လိုလုပ်ဖုံးကွယ်ထားနိုင်တော့မှာပဲ လက်ရှိအချိန်မှာ မြို့တော်တစ်ခုလုံးကို အစီအစဥ်တကျဆက်လက်ထိန်းသိမ်းထားဖို့အတွက် စစ်သည်တော်ငါးထောင်ကို ထပ်ဖြည့်လိုက်ရုံတင်မကပဲ လူတွေအများကြီးကို ပြဿနာတက်စေနိုင်တဲ့ တရား၀င်ပြိုင်ပွဲသတင်းပို့ချက်တွေကိုပါ စတင်ရောင်းချပါတော့တယ်။ နေ့စဥ်နေ့တိုင်း ပြိုင်ပွဲအသစ်အတွက် ခန့်မှန်းချက်က ဆက်တိုက်ထွက်ပေါ်လို့လာခဲ့ပြီ အဲ့ဒီခန့်မှန်းချက်တွေကလဲ ကြေးပြားတချို့သာ ကျသင့်တာပါ ဒါ့အပြင် အသေးစိတ်သတင်းပို့ချက်တွေကလဲ တိုက်ပွဲတစ်ခုချင်းဆီပြီတိုင်းမှာထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒါကလဲ နောက်ထပ်၀င်ငွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။

ကြယ်တာရာလော့နိုင်ငံတော်ကတော့ စီးပွားရေးဘယ်လိုလုပ်ရမလဲဆ်ိုတာ ကောင်းကောင်းသိတဲ့သူတွေပါပဲ။ ထုတ်ပယ်ခံလိုက်ရတဲ့ ကျောင်းတော်တွေအားလုံးအတွက် ခရီးသွားဖို့ ကုန်ကျစရိတ်တွေနဲ့ စားရေသောက်ရေးစရိတ်တွေအားလုံးကို ပေးချေပေးရုံတင်မကပဲ သူတို့ကိုလဲ အထောက်အပံ့တချို့ပေးလိုက်ပါသေးတယ်။ ဒါ့အပြင် ဒဏ်ရာရတဲ့သူတွေအတွက် ဆေး၀ါးအထောက်အပံ့လဲပေးထားပြီ ပြိုင်ပွဲမှာသေဆုံးသူတွေအတွက်ကိုလဲ ငွေကြေးအထောက်အပံ့ ထပ်မံပေးအပ်ပါတယ်။ ဒါ့အပြင် ပါ၀င်ယှဥ်ပြိုင်ကျတဲ့ ကျောင်းတော်တွေအားလုံးကိုလဲ ဒီပွဲတော်ကြီးကျင်းပနေတဲ့ကာလတစ်လျှောက်မှာမြင့်မြင့်မားမားချီးမြောက်ထားခဲ့တယ်။ ဒီလိုနည်းနဲ့ ကြယ်တာရာလော့နိုင်ငံတော်ကြီးက သုံးရက်တာလုံးလုံး ပြိုင်ပွဲကို ကောင်းကောင်းထိန်းချုပ်လို့ထားခဲ့ပါပြီ။ အကျိုးအမြတ်အများကြီးရနေတဲ့ အချိန်အတွင်းမှာပဲ သူတို့ရဲ့ဂုဏ်သတင်းကိုလဲ မြင့်တင်နိုင်ခဲ့တယ်။

ဒီနေ့ကတော့ လေးရက်မြောက်နေ့ပါ။ ကြည့်ရှု့သူတွေရဲ့အော်သံတွေက ဆက်တိုက်ဆိုသလိုပိုကျယ်လောင်လို့လာခဲ့ပါပြီ။ မနက်စောစောကထဲက လူတွေအပြည့်ရောက်နေကြတာပါ။ ဒါ့အပြင် အဲ့ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကလဲတစ်ခုပဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့အမျက်ဒေါသကျောင်းတော်ကို ကိုယ်စားပြုတဲ့အဖွဲ့ကလဲ နောက်တစ်ကြိမ်စစ်မြေပြင်ထဲမှာ ပေါ်လာတော့မှာဖြစ်လို့ပါပဲ။ ပထမပြိုင်ပွဲမှာ သူတို့ပေါ်လာခဲ့ပြီ အားလုံးကိုလှုပ်ရှားသွားစေခဲ့ပါတယ်။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ဧကရာဇ်တောင်မှ ပထမဆုံးအကြိမ်အဖြစ် အစောကြီးကထဲက လာစောင့်ပြီကြည့်နေခဲ့ပါပြီ။ လက်ရှိအချိန် ပြိုင်ပွဲစဖို့ကို စိတ်အားထက်သန်မှုအပြည့်နဲ့ စောင့်ဆိုင်းလို့နေခဲ့ပါတယ်။ ဧကရာဇ်တစ်ပါးတောင် ဒီလိုလုပ်နေပြီဆိုမှတော့ အမျက်ဒေါသကျောင်းတော်ကို မျက်နှာသာအများကြီးပေးတာနဲ့အတူတူပါပဲ။

အပိုင်း ၇၈•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset