အပိုင်း ၇၈•၂
” ပါရမီရှင်အစာအမျိုးအစား၀ိညာဥ်ပညာရှင်လား ”
°°°
” ကောင်းပြီလေ ”
ဟယ့်ချိုက်ထို့က လိမ်လိမ်မာမာပုံစံနဲ့ ပြောလာခဲ့ပါတယ်။
” ငါ့ရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်က စွမ်းအားမြင့်တင်ရေးဆေးပြင်းလိပ်ကြီးလို့ခေါ်တယ်..ဒါကိုသိပ်မသုံးဖြစ်ဘူး..လူတစ်ယောက်ရဲ့စွမ်းအားကိုလဲ ဘယ်လောက်တိုးပေးနိုင်လဲဆိုတာ မသိနိုင်ဘူးလေ..ဒါပေမယ့် မင်းတို့တွေစိတ်ကြိုက်အသုံးပြုလို့ရတယ်လေ တတိယ၀ိညာဥ်စွမ်းရည်ကတော့ ခုခံမှုအဆင့်မြင့်တင်ရေးဆေးပြင်းလိပ်အရှည်ကြီးလို့ ခေါ်တယ်..ဒါက နှစ်တစ်ထောင် ၀ိညာဥ်စွမ်းရည်တစ်ခုပဲ သူ့အဆင့်တစ်ခုထဲကို ကြည့်မယ်ဆိုရင်တောင် ပထမနဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်တွေထက်ပိုပြီး အဆင့်ကောင်းကောင်းသက်ရောက်နိုင်တယ်..နောက်ဆုံး၀ိညာဥ်စွမ်းရည်ကတော့ ၀ိညာဥ်စွမ်းအားအဆင့်မြင့်တင်ရေးဆေးပြင်းလိပ်အသေးလေးလို့ခေါ်တယ်..ဒါကကျွန်တော်အတွက် လုံး၀အသုံးမ၀င်ဘူး…သုံးလဲမသုံးဖူးဘူး ”
၀မ်ယန်ကတော့ ဟယ့်ချိုက်ထို့ကို မျက်လုံးအပြူးသားနဲ့သာ ကြည့်နေခဲ့ပါတယ်။
” ပြောရမယ်ဆိုရင် မင်းရဲ့ဆေးပြင်းလိပ်လေးခုက စိတ်၀ိညာဥ်စွမ်းအားကခန္ဓာကိုယ်အင်အား ခုခံရေးနဲ့ ၀ိညာဥ်အားစွမ်းအားတွေကို မြင့်တင်ပေးနိုင်တယ်လား မိုးနတ်မင်းရေ ဖန်းယွီဒီခွေးမသားကတော့ ပါရမီရှင်အစာအမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက်ကိုတောင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာအောင် လုပ်ပြစ်လိုက်တယ်တဲ့လား ငါသူ့ကိုတကယ်ပြေးသွားပြီ ရိုက်ချင်နေပြီ ”
” ကျွန်တော်ဆရာကို အဲ့ဒီလိုမပြောပါနဲ့ “:
ဟယ့်ချိုက်ထို့က ဒေါသတကြီးနဲ့ပြန်ပြောပါတော့တယ်။ ဖန်းယွီဆိုတာ သူ့နှလုံးသားထဲမှာ သူ့ရဲ့အဖေတစ်ယောက်လိုပါပဲ ဒါ့အပြင် သူ့နှလုံးသားထဲက အနက်ရှိုင်းဆုံးနေရာတွေမှာ လေးစားမှုအပြည့်အ၀ရှိနေတဲ့သူပါ။ ဘယ်သူကမှ ဖန်းယွီရဲ့လေးစားမှုကို အစားမထိုးနိုင်ပါဘူး။ ဖန်းယွီသာရှိမလာဘူးဆိုရင် သူလဲလုပ်ကြံသတ်ဖြတ်ခံရလို့သေနေလောက်ပါပြီ။
” တောင်းပန်ပါတယ် ငါစိတ်လှုပ်ရှားသွားလို့ပါ ”
၀မ်ယန်က ခပ်မြန်မြန်ပဲ ပြောလိုက်ပါတယ်။
” ဒါပေမယ့် မင်းရဲ့၀ိညာဥ်စွမ်းရည်တွေကြောင့် ငါစိတ်မလှုပ်ရှားနိုင်ပဲမနေနိုင်ဘူးလေ လာပါအခုဒီအကြောင်းကိုမပြောရအောင် အခုလက်ရှိအချိန်မှာ ယာယီအနေနဲ့မင်းရဲ့ဆေးပြင်းလိပ်ကို တစ်ခုဆီ ဆယ်မျိုးဖန်တီးပေးလိုက် ”
” ဆရာ၀မ် ကျွန်တော်မသောက်လို့ရမလား ”
ပေ့ပေ့က မေးလိုက်ပါတယ်။
” လုံး၀ကိုမရဘူး ”
၀မ်ယန်က ပြောလိုက်တယ်။
” မင်းတို့အားလုံး စမ်းကြည့်ရမယ်..အကယ်၍ မင်းတို့မှာသာ ဟယ့်ချိုက်ထို့ရဲ့ ၀ိညာဥ်စွမ်းရည်တွေ ထောက်ပံ့မှုရှိနေမယ်ဆိုရင် ပေါင်းစည်းစွမ်းအားနဲ့ ခန္ဓာကိုယ်အင်အားက အနည်းဆုံးဆယ်ရာခိုင်နှုန်းအထိ တက်လာမှာပဲ ဒါ့အပြင် သူ့ရဲ့ဆေးပြင်းလိပ်တွေက ဆက်တိုက်သုံးလို့တော့မရပေမဲ့ မင်းတို့ရဲ့ကိုယ်ပိုင်အထူးပြုတစ်ခုဆီရွေးလို့ရတယ် …ဒီဆေးပြင်းလိပ်တွေက နှစ်ရက်တောင်သုံးလို့ရမှာဆိုတော့ စစ်မြေပြင်ထဲမှာ မရှိမဖြစ်ပစ္စည်းပဲ ”
အစာအမျိုးအစားအထောက်အပံ့စိတ်၀ိညာဥ်ပညာရှင်ရဲ့ အထောက်အပံ့က ခပ်မြန်မြန်ပဲ ပေါ်ထွက်လာခဲ့ပါပြီ။ အကယ်၍ ဟယ့်ချိုက်ထို့သာအထောက်အပံ့ပြုရေး၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့မယ်ဆိုရင်တောင် အခုလိုမျိုးအားလုံးကို အကူအညီပေးဖို့မလွယ်ကူပါဘူး။ ဒါပေမယ့် ဟယ့်ချိုက်ထို့က အခုအချိန်မှာတော့ သူတို့ရဲ့စွမ်းရည်တွေအားလုံးကို ကောင်းကောင်းအသုံးချရင်း လူတိုင်းကိုအင်အားဖြည့်ပေးနိုင်ပါတယ်။ အစည်းအဝေးခန်းမစားပွဲပေါ်မှာကတော့ ဆေးပြင်းလိပ်တွေပုံနေခဲ့ပါပြီ။
အမျိုးအစားလေးမျိုးက တစ်ပုံဆီရှိနေခဲ့ပါတယ်။ ဒါကသူတို့လိုအပ်တဲ့အရာအားလုံးပါပဲ။ ရှုစန်းရှီက ပေ့ပေ့ကို ယုတ်မာတဲ့အကြည့်နဲ့ကြည့်ရင်းပြောလိုက်ပါတယ်။
” ညီနောင်ရေ လာစမ်းပါ ယဥ်ကျေးနေဖို့မလိုဘူး အရသာကအတော်လေးကောင်းတယ်..ငါတို့တွေ ဒီလိုကောင်းမွန်မှုမျိုးကို အတူတူခံစားကြရတာပေါ့ အားလုံးပဲ ချိုက်ထို့ရဲ့ဆေးပြင်းလိပ်တွေကို သုံးကြစို့ ”
” နင်ပါးစပ်ပိတ်နေလို့လဲ ဘယ်သူမှနင့်ကို အနေတယ်လို့မထင်ပါဘူး ”
ကျန်းနန်နန်က ရုတ်တရက်ဒေါသတကြီးနဲ့ သူ့ရှေ့မှာရှိတဲ့ဆေးပြင်းလိပ်ပုံတွေကိုကြည့်ရင်း ပြောပါတော့တယ်။ သူ့မျက်နှာက ဖြူဖျော့လို့နေခဲ့ပါပြီ။ ဒီတစ်ကြိမ်မှသာ သူ့ရဲ့စကားတွေက အက်ကွဲကြမ်းတမ်းသွားတာကို ရှုစန်းရှီသတိထားမိသွားပါတော့တယ်။ ဒါကြောင့် သူလဲ ပါးစပ်ပိတ်လို့သွားခဲ့ရပါပြီ။
၀မ်ယန်အနေနဲ့ကတော့ ကျန်းနန်နန်ရဲ့ မျက်နှာပေါ်ကနောင်တကို သတိတောင်ထားမိမဲ့ပုံမပေါ်ပါဘူး။ ချက်ချင်းဆိုသလို စိတ်၀ိညာဥ်စွမ်းအားထောက်ပံ့ရေးဆေးပြင်းလိပ်ကြီးကို မီးညှိရင်းပါးစပ်ထဲထည့်လိုက်ပါတော့တယ်။
အတွင်းနယ်မြေတပည့်သားသုံးယောက်ကတော့ ဟယ့်ချိုက်ထို့ရဲ့ ၀ိညာဥ်ဆင့်ခေါ်မှုနဲ့ ပတ်သက်ပြီ အတော်လေးစိတ်အဆင်ပြေသွားကြပုံပါပဲ။ မာရှောင်ထောင့်တောင်မှ ဆေးပြင်းလိပ်တစ်လိပ်ကို မီးညှိရင်းနဲ့ များများစားစားမတွေးပဲသောက်နေပါပြီ။
ဒါကြောင့် အကြိုအဖွဲ့ရဲ့လူတွေအားလုံးကလဲ ရွေးချယ်စရာမရှိတော့ပဲ ဆေးပြင်းလိပ်တွေကို တစ်ယောက်ပြီတစ်ယောက် သောက်ကြရပါတော့တယ်။
ဟို့ယွိဟောင်လဲ ဟယ့်ချိုက်ထို့ကိုယ်တိုင်မီးညှိထားတဲ့ဆေးပြင်းလိပ်ကြီးကို ကိုက်ထားခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေက ဝေ၀ါးသွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ နောက်ဆုံးမှာတော့ အသက်ပြင်းပြင်းရှုသွင်းလိုက်ပါတော့တယ်။ မီးခိုငွေ့တွေက သူ့ရဲ့လည်ချောင်းကို ခြောက်ကပ်လို့သွားစေတာကြောင့် ချက်ချင်းဆိုသလို ချောင်းဆိုးမိလိုက်ပါပြီ။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က ရှိသမျှမွေးညင်းပေါက်တွေအားလုံးမှာ မီးခိုတွေပြည့်သွားသလို ခံစားလိုက်ရပါတယ်။ ဒါပေမယ့် အရသာကတော့ မဆိုးလှပါဘူး။
တစ်ချိန်ထဲမှာပဲ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးတစ်ခုလုံး တုန်ခါလာတာကို ခံစားလိုက်မိပါတော့တယ်။ အဲ့ဒီနောက် မဖော်ပြနိုင်လောက်အောင် သက်သောက်သက်သာရှိလှတဲ့ ခံစားချက်က တစ်ကိုယ်လုံးကို ပြန့်နှံ့လို့သွားခဲ့ပါပြီ။ စိတ်၀ိညာဥ်မျက်လုံးကလဲ ချက်ချင်းဆိုသလို အသက်၀င်လာပါတော့တယ်။
” ဒီခံစားချက်က မမျှော်လင့်ထားနိုင်လောက်အောင် ပျော်စရာကောင်းနေခဲ့တယ်။ လန့်သွားလောက်အောင်ပဲ ဟို့ယွိဟောင် ရှာဖွေတွေ့ရှိသွားတဲ့အရာကတော့ သူ့ရဲ့၀ိညာဥ်စွမ်းအားက ပုံမှန်ထက်ကို ဆယ့်ငါးရာခိုင်နှုန်းနီးပါး ပိုသန်မာနေခဲ့လို့ပါ။
‘” ကောင်းလှချေလား ဒါကဘယ်လိုခံစားမှုလဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ အိပ်နေရာကနေ ချက်ချင်းနိုးလာပါတော့တယ်။ ဒီအချိန်မှာတော့ ဟို့ယွိဟောင်လဲ နောက်တစ်ချက်ရှုလိုက်မိပါပြီ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အံ့ဩစရာကောင်းတဲ့ ခံစားချက်မှာစီးမျောနေခဲ့ပါတယ်။
” နေလို့ကောင်းလိုက်တာ နေလို့ကောင်းလိုက်တာ ငါခန္ဓာကိုယ်က ရှိသမျှမွေးညင်းပေါက်တွေအားလုံးကို ပွင့်သွားသလိုပဲ အရမ်းကိုကောင်းတာပဲ ဘယ်လို၀ိညာဥ်စွမ်းရည်မျိုးလဲ ”
” နင့်လိုပိုးကောင်၀၀ကြီးက ဘာမွေးညင်းပေါက်များရှိလို့လား ”
ရေခဲဧကရီရဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါပြီ။
” ပင်းပင်းကလဲ ဒီခံစားချက်က အရမ်းသက်သောက်သက်သာရှိတယ်လို့ မထင်ဘူးလား ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်မေးလိုက်ပါတယ်။
” ဒါက ငါတို့၀ိညာဥ်တွေကို အများကြီးအာဟာရပြည့်စေတယ်လေ ဒါကြောင့် ဒီထက်ပိုပြီး သက်သောက်သက်သာရှိစေနိုင်တဲ့အရာက ရှာဖွေ့ဖို့မလွယ်ဘူး..အိပ်တာထက်တောင် ပိုကောင်းသေးတယ်.”
” စားပြီရင်းအိပ်နေတာကလွဲပြီ နင်ဘာများလုပ်သေးလို့လဲ စားတဲ့ကိစ္စနဲ့ အိပ်တဲ့ကိစ္စကလွဲပြီ နင်သိတာဘာရှိသေးလဲ ငါပျင်းလွန်နေတယ် စကားတောင်မပြောချင်တော့ဘူး..ဒါပေမယ့် ယွိဟောင် ဒီပစ္စည်းမျိုးက မင်းအတွက်အတော်လေးအသုံး၀င်တယ်….ဒါကိုအချိန်အတော်ကြာတဲ့အထိ အသုံးပြုလို့ရမယ်..စိတ်၀ိညာဥ်စွမ်းအားတွေကို ထိန်းချုပ်နိုင်တဲ့အဆင့်ကိုတောင် တိုးတက်စေဖို့အများကြီး အထောက်အကူဖြစ်လာနိုင်သေးတယ် ”
ရေခဲဧကရီက ပြောလိုက်ပါတယ်။
ဟယ့်ချိုက်ထို့ရဲ့ ဆေးပြင်းလိပ်ကြီးတွေက သူပြောထားတာထက်ကို အများကြီးပိုပြီး အစွမ်းသတ္တိကောင်းနေတယ်ဆိုတာ ဟို့ယွိဟောင် နားလည်သွားခဲ့ပါပြီ။ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအား အများကြီးတက်လာတာကို ဟို့ယွိဟောင်လဲ ခံစားမိပါတယ်။ တခြားတစ်ဖက်မှာတော့ ရှုစန်းရှီက ခုခံမှုမြင့်တင်ရေးဆေးပြင်းလိပ်ရှည်ကြီးကို သောက်သုံးဖို့ကြိုးစားကြည့်နေပါတယ်။ သူချက်ချင်းဆိုသလိုပဲ ခုန်ထလိုက်မိပါပြီ။ သူခန္ဓာကိုယ်က ကျောက်တုံးတစ်လုံးလို မာကျောလာပြီလို့ လူတိုင်းကိုလိုက်ပြောနေခဲ့ပါသေးတယ်။ အနည်းဆုံးခုခံနိုင်စွမ်းက ဆယ်ငါးရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းအထိ တက်သွားတာအမှန်ပါ။
ရှိရှိသမျှ လူတိုင်းကို စမ်းသပ်ပြီတဲ့နောက် အသုံးပြုတဲ့လူအပေါ် မူတည်ပြီဒီဆေးပြင်းလိပ်ကြီးတွေရဲ့ အစွမ်းသတ္တိက ကွာခြားမှန်းအားလုံးသိသွားပါတော့တယ်။
ဥပမာအားဖြင့် လူတစ်ယောက်ရဲ့စိတ်၀ိညာဥ်စွမ်းအားကို တိုးတက်စေနိုင်တဲ့ ဆေးပြင်းလိပ်ကြီးတွေက ဟို့ယွိဟောင်အတွက် အကောင်းဆုံးပါပဲ။ ခုခံမှုကိုမြင့်တင်ပေးနိုင်တဲ့ ဆေးပြင်းလိပ်တွေကတော့ ရှုစန်းရှီအတွက် ပိုသင့်တော်ပါတယ်။ ဒါ့အပြင် နောက်ထပ်ဆေးပြင်းလိပ်အတုတ်ကြီးတွေကတော့ ပေ့ပေ့အတွက် အဆင်ပြေပြီ စွမ်းအင်ကိုပိုပြီးမြင့်တက်စေဖို့အတွက် အထောက်အကူပြုနေခဲ့တယ်။ လေးခုမြောက်ဆေးပြင်းလိပ်ကတော့ လူတစ်ယောက်ရဲ့၀ိညာဥ်စွမ်းအားကို တိုးတက်စေတာကြောင့် အားလုံးအတွက် သင့်တော်တဲ့အရာပါ။ ဒါကိုအသုံးပြုပြီးချိန်မှာတော့ ၀ိညာဥ်စွမ်းရည်တွေကို အသုံးပြုချိန်မှာ ကုန်ကျတဲ့၀ိညာဥ်စွမ်းရည်ကလဲ အတော်လေး လျော့ကျသွားပါတယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားရဲ့ ရေအိုင်ကြီးကလဲ ပြန်ပြီးတိုးတက်လာခဲ့ပါပြီ။
ဟယ့်ချိုက်ထို့ရဲ့ ဆေးပြင်းလိပ်တွေ ဘယ်လောက်အထိ အားကောင်းမှန်း အားလုံးနားလည်သွားပြီချိန်မှာတော့ သူဆင့်ခေါ်ဖို့အသုံးပြုရတဲ့ ၀ိညာဥ်စကားကိုမရယ်နိုင်ကြတော့ပါဘူး။ သူ့ရဲ့၀ိညာဥ်စွမ်းရည်က နှစ်ရက်နီးပါးကြာမြင့်နိုင်တဲ့အတွက် ဒီလိုရယ်စရာကောင်းတဲ့စကားကိုလဲ နောက်ထပ်နှစ်ရက်အတွင်းမှာ ကြားဖို့မလိုတော့တာအမှန်ပါ။ ဒါပေမယ့် သူတို့ဘယ်လောက်ပဲ အသုံး၀င်ပါစေ လူတချို့ကတော့ သူ့ရဲ့ဆေးပြင်းလိပ်တွေကို မသောက်ပဲငြင်းဆန်ချင်တဲ့လူတော့ ရှိနေပါသေးတယ်။
ဒီလိုမျိုးအငြင်းပယ်ဆုံးဖြစ်နေတဲ့သူက ကျန်းနန်နန်နဲ့ ရှောင်းရှောင်းတို့မဟုတ်ပဲ ၀မ်သုန့်ပါပဲ။ ဘယ်လိုပဲဖြစ်ပါစေ ၀မ်သုန့်အနေနဲ့ ဟယ့်ချိုက်ထို့ရဲ့ဆေးပြင်းလိပ်တွေကို စမ်းသပ်ကြည့်ဖို့လုံး၀ငြင်းပယ်နေပါတော့တယ်။ ဟို့ယွိဟောင်လဲ သူ့ကိုအချိန်အကြာကြီးနားချခဲ့ပေမဲ့ သူကတော့ ဘယ်လိုပဲဖြစ်ပါစေ လုံး၀ကို မသောက်မဲ့ပုံပါ။ ရှောင်းရှောင်းနဲ့ ကျန်းနန်နန်တို့က စိတ်ထဲမှာ သဘောမကျပေမဲ့ နောက်ဆုံးမှာတော့လဲ ဒီဆေးပြင်းလိပ်တွေကို လက်ခံကြပါသေးတယ်။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်အနေနဲ့လဲ ၀မ်သုန့်အတွက် ခွဲတမ်းရတဲ့ဆေးပြင်းလိပ်တွေကို သူ့ဘာသာသူသာ ပြန်သိမ်းလိုက်ရပါပြီ။
၀မ်ယန်ကတော့ ခေါင်းအရမ်းမာလွန်နေတဲ့ ၀မ်သုန့်ကိုသာ ဒီအတိုင်းကြည့်နေခဲ့ရပါတယ်။
” မင်းအသုံးချင်ဘူးဆိုရင်လဲ ရတာပဲလေ ဒါပေမယ့် လိုရမယ်ရသိမ်းတော့သိမ်းထားလိုက်ဦး ”
၀မ်သုန့်က လုံး၀ကို ခေါင်းခါရင်း ငြင်းပါတယ်။
” မယူချင်ဘူး ”
၀မ်ယန်လဲ မျက်မှောင်ကြုတ်လိုက်ပေမဲ့ ပြောလာခဲ့တယ်။
“:ကောင်းပါပြီ မနက်ဖြန်လာတော့မဲ့အလှည့်ကျပြိုင်ပွဲတွေအတွက် အစီအစဥ်ဆွဲကျရအောင် အစောပိုင်းမှာ ငါပြောခဲ့သလိုပဲ အလှည့်ကျတိုက်ပွဲတွေမှာ တိုက်ခိုက်ရေးပုံစံက သုံးခုရှိတယ်..ပထမပွဲစဥ်မှာ ငါတို့ထုတ်ဖော်ပြသလိုက်တဲ့ စွမ်းအားအဆင့်အတန်းအရသေချာပေါက် ငါတို့အုပ်စုက ရှစ်ဖွဲ့ပဲပါမဲ့အဆင့်ကို ရောက်သွားလိမ့်မယ်..တခြားအဖွဲ့တွေမှာလဲ ငါတို့ရဲ့သတ်မှတ်နေရာတွေ ရှိနေလိမ့်မယ်…ဒါ့အပြင် အရည်အချင်းပြည့်မီတဲ့နေရာတစ်ခုကိုရဖို့အတွက် ငါတို့တိုက်ခိုက်ကြရမှာပဲ သူတို့အတွက်တော့ ငါတို့တွေဆိုတာက တိုက်ခိုက်စရာထပ်မလိုတော့ပဲ အရည်အချင်းပြည့်မီတဲ့သူတွေဖြစ်ပြီ သူတို့ရဲ့အဲ့ဒီစိတ်ကို အသုံးချရင်း ငါတို့ရဲ့ဗျူဟာတွေကို အေးအေးဆေးဆေးဖြစ်အောင် ဖန်တီးလို့ရတယ်.”
” အလှည့်ကျတိုက်ခိုက်မဲ့တိုက်ပွဲတွေမှာ ပါ၀င်ယှဥ်ပြိုင်မဲ့အဖွဲ့က စုစုပေါင်းခြောက်ဆယ့်ခုနှစ်ဖွဲ့ရှိတယ်..ဒါကြောင့် အဖွဲ့က ရှစ်ဖွဲ့ ရှစ်ဖွဲ့ဆီပြန်ခွဲမှာပဲ..အဖွဲ့သုံးဖွဲ့ကတော့ ပါ၀င်ယှဥ်ပြိုင်မဲ့ ကျောင်းတော်ကိုးခုဆီ ရှိနေလိမ့်မယ်..ကျန်ရစ်တဲ့ငါးခုကတော့ ရှစ်ဖွဲ့ပဲရှိမယ်..နောက်တစ်နည်းအရပြောရမယ်ဆိုရင် ငါတို့က ငါတို့ရဲ့အုပ်စုထဲမှာ ခုနှစ်ပွဲကိုတိုက်ခိုက်မယ်..တစ်ပွဲကိုနိုင်ရင်းအမှတ်တစ်မှတ်ရမယ်..အကယ်၍ တစ်ပွဲရှုံးရင်း ဘာအမှတ်မှရမှာမဟုတ်ဘူး..သရေကျမယ်ဆိုရင် အဖွဲ့တစ်ဖွဲ့ချင်းဆီက တစ်မှတ်ရမယ်..နေ့တိုင်းမှာအဖွဲ့လေးခုက တစ်ပွဲပြိုင်ရမယ်..ဒါကြောင့် အပြန်အလှန်တစ်ဖွဲ့ချင်းဆီပြိုင်ရတဲ့ ပြိုင်ပွဲတွေက နှစ်ရက်ပြီးရင် ပြီးမြောက်မှာပဲ ဒီလိုမျိုး ခုနှစ်ကြိမ်တိတိပြိုင်ပြီတဲ့နောက် ကျောင်းတော်ကိုးခုပါတဲ့အဖွဲ့တွေရဲ့ ပြိုင်ပွဲတွေကလဲ ပြီးမြောက်သွားလိမ့်မယ်..အလှည့်ကျပြိုင်ပွဲရဲ့ ရွေးချယ်မှုကလဲ ပြီးဆုံးမယ်..ဒီလိုအလှည့်ကျပြိုင်ပွဲက အနည်းဆုံးဆယ့်ငါးရက် ဆယ်ခြောက်ရက်လောက်တော့ ကြာမြင့်မှာပဲ..လင်းလော့ချန်လဲ လေးခုမြောက်ပြိုင်ပွဲထဲမှာ ပြန်ကောင်းလာလိမ့်မယ်လို့ ငါထင်တယ်..အကယ်၍ သူတို့သာ တွက်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ပြန်ကောင်းသွားမယ်ဆိုရင် မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့က ခြောက်ခုမြောက်ပြိုင်ပွဲမှာ စပြီပြိုင်လို့ရမယ်..ဒါတွေဖြစ်လာခဲ့ရင်း ငါတို့အင်အားကလဲ အများကြီးတိုးတက်လာတော့မှာပဲ ”
” မနက်ဖြန်မနက်မှာ ငါတို့ပြိုင်ဘက်တွေနဲ့အတူတူ ဘယ်အဖွဲ့ထဲရောက်မလဲဆိုတာသိရမယ်..ငါတို့ဂုဏ်သတင်းအရ သေချာပေါက် ပထမဆုံးအဖွဲ့ကို ရောက်မှာပဲ အရေးကြီးဆုံးအရာကတော့ ယွိဟောင်အနေနဲ့ လုံး၀မလှုပ်ရှားဖို့လိုအပ်တယ် ”
အားလုံးထိတ်လန့်သွားတာကို မြင်တဲ့အတွက် ၀မ်ယန်က ဆက်ပြောပါတယ်။ ပထမပွဲမှာ ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက ၀ိညာဥ်ဧကရာဇ်အဆင့်ကျင့်ကြံဆင့်တွေကို ထုတ်ပြလိုက်ပြီးပြီ ယွိဟောင်က တုပတဲ့စွမ်းရည်ကို သုံးထားပြီနှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းကို ထုတ်ပြလိုက်ပေမဲ့ ဒါကအရမ်းကိုကြီးမားလွန်တယ်လေ သာမန်၀ိညာဥ်ပညာရှင်တွေအတွက် ဒီကိစ္စက လုံး၀ကိုမဖြစ်နိုင်တဲ့အရာပဲ ဒါပေမယ့် ငါတို့က အမျက်ဒေါသကျောင်းတော်ရဲ့လူတွေဖြစ်နေတယ်..တချို့ကျောင်းတော်တွေက ငါတို့ကိုနားမလည်နိုင်သလို အထင်လွဲနေကြတာလဲရှိတယ်..အနည်းဆုံးသူတို့ဘာသာသူတို့ စိတ်ကြိုက်တွေးကြပါစေ အကယ်၍ အမျက်ဒေါသကျောင်းတော်ရဲ့ လူငယ်တွေသာ ၀ိညာဥ်စက်ကွင်းနှစ်တစ်သိန်းသက်တမ်းရှိတဲ့၀ိညာဥ်ခြောက်ကွင်းရှိနေလို့ကတော့ ဘယ်လိုဖြစ်မလဲ သူတို့တွေ ဘာလုပ်ကြမှာလဲ ဒီလိုနည်းနဲ့ ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်သာ အလှည့်ကျတိုက်ပွဲနှစ်ခုထဲမှာ မလှုပ်ရှားဘူးဆိုရင် လုံး၀ဘယ်သူမှသိမှာမဟုတ်ဘူးဒါ့အပြင် သူတို့ရဲ့နှလုံးသားထဲက အကြောက်တရားကလဲ ခိုင်ခိုင်မြဲမြဲရှိနေလိမ့်မယ်..ဒါက ဆက်တ်ိုက်တိုက်ပွဲတွေမှာ အများကြီးအသုံး၀င်လာလိမ့်မယ် ”
” မင်းတို့ရဲ့ကျင့်ကြံဆင့်တွေအရ ငါအနေနဲ့လဲ မင်းတို့တစ်ယောက်ချင်းဆီကို နားလည်ထားတာတွေ ရှိတယ်..ဒါကြောင့် ရိုးရှင်းတဲ့အဖွဲ့ကို ဖွဲ့ပေးလိုက်ပြီးပြီ အဖွဲ့ပွဲစဥ်တွေမှာ အတော်အများကြီးပြောဖို့မလိုဘူး..ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းရေးနဲ့ အမိန့်ပေးလို့ရတယ်..အကယ်၍ ငါတို့သာတစ်ယောက်တစ်ယောက်ချင်းဆီတိုင်း ထုတ်ပယ်ခံရတဲ့ပြိုင်ပွဲတွေ တိုက်ခိုက်ရမယ်ဆိုရင် အသက်အရွယ်အလိုက် ပြိုင်ပွဲနံစတင်ရလိမ့်မယ်..အသက်အကြီးဆုံးကနေ အသက်အငယ်ဆုံးအထိကိုသွားမှာပဲ ”
” တစ်ယောက်တစ်ယောက်ချင်းထုတ်ပယ်တဲ့ပြိုင်ပွဲတွေက လူတစ်ယောက်ချင်းတိုက်ခိုက်ရမှာတော့မဟုတ်ဘူး..နောက်တစ်နည်းအရပြောရမယ်ဆိုရင် တိုက်ပွဲမှာရှုံးနှိမ့်တဲ့သူက အောက်ဖက်ကိုရောက်သွားလိမ့်မယ်..အနိုင်ရတဲ့သူကတော့ ဆက်ပြီးတိုက်ခိုက်ရမယ်..ဒီလိုမျိုးနဲ့ အဖွဲ့တစ်ခုလုံးရဲ့ လူခုနှစ်ယောက်စလုံးလုံး၀အရှုံးပေါ်သွားတဲ့အထိ တိုက်ခိုက်ရမှာပဲ ဒါကြောင့်သာ မင်းတို့အနေနဲ့ ရန်သူ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို သတိထားရမှာ အကယ်၍ ငါတို့သာ တစ်ယောက်တစ်ယောက်တိုက်ပွဲမှာ မဲခွဲခံခဲ့ရရင်း အကောင်းဆုံးနဲ့ စွမ်းအားအပြည့်အ၀ရနိုင်မဲ့ အခြေအနေကို ငါဖန်တီးပေးမှာ မင်းတို့အားလုံးလဲ အကောင်းဆုံးကြိုးစားရမယ် ”
” တိုက်ပွဲရဲ့နောက်ဆုံးဆုံးဖြတ်ပွဲစဥ်က နှစ်ယောက်နှစ်ယောက်သုံးယောက်တိုက်ပွဲတွေပဲ ပုံမှန်အခြေအနေမှာ နှစ်ယောက်နှစ်ယောက်ချင်းတိုက်ပွဲတွေက သုံးယောက်သုံးယောက်တိုက်ပွဲတွေ မစခင်မှာ အရင်ဆုံးလာတယ်..အကယ်၍ ငါတို့သာ နှစ်ယောက်နှစ်ယောက် တိုက်ပွဲနှစ်ခုကို နိုင်ခဲ့မယ်ဆိုရင် တတိယပွဲစဥ်ကို တိုက်ခိုက်ဖို့မလိုဘူး..ဒါကြောင့်သာ ပေ့ပေ့နဲ့ ကျန်းနန်နန်ကို တစ်ဖွဲ့ထားပြီရှုစန်းရှီနဲ့ ချိုက်ထို့ကို တစ်ဖွဲ့ထားဖို့စီစဥ်ထားတာပဲ ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းသုံးယောက်က အတော်လေးကောင်းကောင်းပူးပေါင်းနိုင်တယ်..ဒါပေမယ့် သူတို့ကို ဒီအတိုင်းသွားပြီတိုက်ခိုက်စေလို့မဖြစ်ဘူးလေ ဒါကြောင့်သာ သုံးယောက်သုံးယောက်တိုက်ပွဲထဲမှာ ထည့်ဖို့ဆုံးဖြတ်လိုက်တာပဲ ”
အပိုင်း ၇၈•၂ ပြီး၏။