Switch Mode

Chapter – 78.1

ပါရမီရှင် အမျိုးအစား ၀ိညာဥ်ပညာရှင်လား

အပိုင်း ၇၈•၁

” ပါရမီရှင်အမျိုးအစား၀ိညာဥ်ပညာရှင်လား ”
°°°
” အဟွတ် အဟွတ်အဟွတ် “‘

ရှုစန်းရှီကတော့ မီးခိုတွေကြောင့် မွန်ကြပ်ပြီစတင်ချောင်းဆိုးပါတော့တယ်။ ဟယ့်ချိုက်ထို့က နှာခေါင်းရှုံ့ရင်းနဲ့ပြောလာခဲ့တယ်။

” ဒီကိစ္စနဲ့ပတ်သက်ပြီ မပြောချင်ဘူးလို့အားလုံးပြောထားပြီသားပဲ ဒါပေမယ့် မင်းတို့တွေအားလုံး ငါကိုဖိအားပေးတယ်. ဒါ့အပြင် မရယ်ရဘူးလို့ကတိပေးထားခဲ့ပြီ ဘယ်သူမှလဲ ကတိမတည်ကြဘူး ”

အားလုံးကလဲ ခက်ခက်ခဲခဲရယ်နေတာကို ရပ်တန့်လိုက်ပါတော့တယ်။ သူတို့တွေက အရမ်းကိုရယ်မောနေခဲ့တာကြောင့် ဗိုက်တွေတောင်နာနေခဲ့ပါပြီ။ အထူးသဖြင့် မာရှောင်ထောင့်ပါပဲ။ အစပိုင်းမှာဟယ့်ချိုက်ထို့က သူ့ကိုကျိန်ဆဲနေတယ်လို့ထင်ခဲ့ပေမဲ့ ဒါကသူ့ရဲ့၀ိညာဥ်ဆင့်ခေါ်မှုဖြစ်နေမှန်းလူတိုင်းက ဒီအချိန်မှာသာ သိလိုက်ကြရတာပါ။

” ဟယ့်ချိုက်ထို့ ငါ့ကိုပြောပြ မင်းရဲ့သိုင်းပညာ၀ိညာဥ်က ဘယ်လိုအမျိုးအစားထဲမှာပါနေတာလဲ ”

မာရှောင်ထောင့်က သူ့ရဲ့ရယ်သံကို ကြိုးစားပြီဖိနှိမ့်နေရင်း မေးလိုက်ပါတော့တယ်။ သူမေးခွန်းမေးလိုက်ပြီတဲ့နောက် နောက်ထပ်စိတ်မထိန်းနိုင်ပဲ ထပ်မံရယ်မောပြန်ပါပြီ။

ဟယ့်ချိုင်ထို့ကတော့ မကျေမနပ်နဲ့ဒေါသတကြီး ပြန်ဖြေပါတော့တယ်။

” မင်းက အတွင်းနယ်မြေရဲ့ အတန်းကြီးကျောင်းသားဖြစ်ပြီတော့ ဒီလိုမျိုး အခြေခံအချက်ကိုတောင် မသိဘူးလား အစာအမျိုးအစားသိုင်းပညာ၀ိညာဥ်တွေကပဲ ဆင့်ခေါ်တဲ့စကားတွေကိုပဲ ဆင့်ခေါ်ပြီသုံးရတာလေ ဒီတော့ ငါကသေချာပေါက် အစာအမျိုးအစား၀ိညာဥ်ပညာရှင်ပေါ့ ”

ဟယ့်ချိုက်ထို့ ရှင်းပြပြီတဲ့နောက် ရှုစန်းရှီက တအံ့တဩထအော်မိပါတော့တယ်။ သူပါးစပ်ထဲမှာရှိနေခဲ့တဲ့ ဖက်ကြမ်းဆေးလိပ်ကြီးကို သူပြန်ထုတ်ယူလိုက်ပါပြီ။ အဲ့ဒီနောက် အားလုံးအံ့ဩစရာကောင်းလောက်အောင်ပဲ နောက်တစ်ကြိမ် သူ့ပါးစပ်ထဲကို ပြန်ထည့်လိုက်ရင်း အသက်ပြင်းပြင်းရှုသွင်းပြီ မီးခိုတွေကိုပြန်မှုတ်ထုတ်လိုက်ပါတော့တယ်။ အစည်းအဝေးခန်းတစ်ခုလုံးကတော့ ချက်ချင်းဆိုသလို ဆေးရွက်ကြီးအနံ့တွေနဲ့ ပြည့်နှက်လို့သွားခဲ့ပါပြီ။

” ဒီပစ္စည်းက မဆိုးဘူး နှစ်ခေါက်တိတိ ရှုသွင်းပြီတဲ့နောက် စိတ်ကြည်လင်သွားပြီ တကယ်ကိုစိတ်ကျေနပ်စရာကောင်းတာပဲ ”

ဘေးမှာရှိနေခဲ့တဲ့ ပေ့ပေ့က ရယ်မောရင်းနဲ့ ၀င်ထောက်ပြပါတော့တယ်။

ဒါပေါ့ ချိုက်ထို့ရဲ့ ဖက်ကြမ်းဆေးလိပ်ကြီးကို မင်းပါးစပ်ထဲမှာကိုက်ထားရတာအတော်လေးကောင်းတယ်မလား ”

ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ သူပြောတဲ့စကားကို ကောင်းကောင်းနားမလည်ပေမဲ့ အားလုံးက နောက်တစ်ကြိမ်ထပ်ပြီ ရယ်မောလိုက်ပြန်ပါပြီ။ ရှုစန်းရှီကတော့ မျက်နှာတစ်ခုလုံးနီရဲလို့သွားခဲ့သလိုအနီးမှာရှိနေခဲ့တဲ့ ကျန်းနန်နန်ကလဲ ခေါင်းငုံ့သွားပါတော့တယ်။ ရှုစန်းရှီထက်တောင် သူ့မျက်နှာက ပိုနီရဲနေခဲ့သေးတယ်။

ရှုစန်းရှီက ပေ့ပေ့ကို ဒေါသတကြီးနဲ့ စိုက်ကြည့်ရင်း ဖက်ကြမ်းဆေးလိပ်ကြီးကို သူ့ပါးစပ်ထဲထိုးထည့်ဖို့လုပ်ပါတော့တယ်။

” မင်းငါ့ကိုဒီလောက်ထပ်ခါတစ်လဲလဲတိုက်ခိုက်နေပြီဆိုမှတော့ မပြောခင်အရသာကိုခံစားကြည့်လိုက်စမ်း ”

ပေ့ပေ့ကတော့ သေမယ်ဆိုရင်တောင် ပါးစပ်ကိုနောက်တစ်ကြိမ်ဖွင့်ဖို့ စိတ်ကူးရှိပုံမပေါ်ပါဘူး။ ဒါကြောင့် အစွမ်းကုန်ပါးစပ်ပိတ်ထားရင်း ရုန်းကန်လို့နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့အင်အားက အတူတူနီးပါးဖြစ်နေခဲ့တာကြောင့် ရှုစန်းရှီအနေနဲ့ သူ့ကို ဘယ်လိုမှအလဲမထိုးနိုင်ခဲ့ပါဘူး။

၀မ်ယန်ကလဲ ရယ်နေတာကို ခက်ခက်ခဲခဲရပ်တန့်လိုက်ရင်း ပြောလာခဲ့ပါတယ်။

” ကောင်းပြီလေ မဆူကြနဲ့တော့ ချိုက်ထို့မင်းရဲ့ အစာအမျိုးအစားသိုင်းပညာ၀ိညာဥ်က ဘယ်လိုအစွမ်းအစတွေရှိနိုင်လဲ ”

ဟယ့်ချိုက်ထို့က နှာခေါင်းရှုံ့ရင်း ပြန်မဖြေခဲ့ပါဘူး။

၀မ်ယန်က တစ်ချက်ရယ်မောလိုက်ရင်း ပြောလိုက်ပါတယ်။။

” ကောင်းပြီ ဘယ်သူမှမရယ်စေရဘူးလို့ ငါ ကတိပေးတယ်..ဒါပေမယ့် ငါတို့ကိုလဲ အပြစ်တင်လို့မရဘူး မင်းရဲ့၀ိညာဥ်ဆင့်ခေါ်မှုက ထူးဆန်းလွန်တယ်လေ ဒါကြောင့် ငါတို့လဲစိတ်မထိန်းနိုင်ပဲ ရယ်မောမိကြတော့တာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကိုပြောပြသင့်တယ်မဟုတ်လား..မနက်ဖြန်မှာ ရန်သူတွေကိုတိုက်ခိုက်ဖို့အတွက် ဒါကအရေးကြီးတယ်လေ ”

ဟယ့်ချိုက်ထို့က မကျေမနပ်နဲ့ ပြန်ဖြေပါတယ်။

” အခုသုံးလိုက်တဲ့ဥစ္စာက ပထမ၀ိညာဥ်စွမ်းရည်ပဲ စိတ်ကြည်လင်သန့်ရှင်းစေတဲ့ ဖက်ကြမ်းဆေးလိပ်ကြီးလို့ခေါ်တယ်…ဒါ့အပြင် ဆေးလိပ်ကြီးတစ်ခုချင်းဆီတိုင်းက မိီနစ်နှစ်ဆယ်နီးပါးအထိသောက်လို့ရတယ်..မီးခိုကိုမှုတ်ပြီရှုသွင်းတဲ့အချိန်မှာ သူက အသုံးပြုသူနဲ့ စိတ်၀ိညာဥ်စွမ်အားနှစ်ခုလုံးကိုပါ အားကောင်းစေတယ် .ဒီလိုမျိုး၀ိညာဥ်စွမ်းရည်က ယွိဟောင်အတွက် အသုံး၀င်တယ်…အကယ်၍ သူသာ ဒီဆေးလိပ်ကိုသောက်လိုက်မယ်ဆိုရင် သူ့ရဲ့စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်စွမ်းရည်က အနည်းဆုံးဆယ့်ရာခိုင်နှုန်းလောက်အထိ တိုးတက်သွားလိမ့်မယ်.”

သူ့ရဲ့ရှင်းလင်းချက်ကို ကြားပြီချိန်မှာတော့ ပြုံးနေတဲ့သူတွေအားလုံးက ရပ်တန့်လို့သွားခဲ့ပါပြီ။ သူတို့ရဲ့ပြုံးနေတဲ့အမူအရာတွေအားလုံးက ထိတ်လန့်မှုတွေနဲ့အစားထိုး၀င်ရောက်လို့သွားပါတော့တယ်။ ဒါ့အပြင် ၀မ်ယန်ကတော့ အအံ့ဩဆုံးဖြစ်နေခဲ့တာပါ။

” စိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်ကိုအားကောင်းစေတယ်လား ဒါ့အ့ပင် ဆယ့်ရာခိုင်နှုန်းတောင် တိုးတက်စေနိုင်တယ်ပေါ့ ”

ဟယ့်ချိုက်ထို့က ခေါင်းညိတ်လိုက်ပါတယ်။

” ဟုတ်တယ် ဒါကအစာအမျိုအစား၀ိညာဥ်ပညာရှင်အတွက်ပဲမဟုတ်ဘူးလား ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့တွေက အထောက်အပံ့ပြုစွမ်းရည်လောက်မတော်ဘူးလေ ရတနာကိုးသွယ်မျိုးနွယ်ရဲ့ လူတစ်ယောက်ဆိုရင် ဒုတိယနှစ်နဲ့တင် သူ့ရဲ့အထောက်အပံ့ပြုနိုင်တဲ့ စွမ်းရည်က ကြောက်စရာကောင်းလောက်အောင်တိုးတက်နေပြီးပြီဆ်ိုတာ ကြားဖူးတယ် ”

၀မ်ယန်က ပြန်ပြောလိုက်တယ်။

” ဟုတ်တယ် သူကအဲ့ဒီလိုမျိုး အစွမ်းအစကိုရနိုင်ဖို့အတွက် ၀ိညာဥ်စွမ်းရည်တွေအများကြီးကိုသုံးရတယ်…တခြားတစ်ဖက်မှာ မင်းကတော့ ဒီဆေးပြင်လိပ်ကို ဖန်တီးပြီတဲ့နောက် နောက်ထပ်၀ိညာဥ်စွမ်းအားထပ်မကုန်တော့ဘူး..ဒါ့အပြင် အစာအမျိုးအစား၀ိညာဥ်စွမ်းရည်တွေက ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုအနည်းဆုံးပဲ အကယ်၍ ဒါသာမလုံလောက်သေးဘူးဆိုရင် မင်းရဲ့၀ိညာဥ်စွမ်းရည်က မင်းရဲ့ကျင့်ကြံဆင့်အလိုက်ဆက်ပြီ တိုးတက်လာဦးမှာမဟုတ်လား ”

ဟယ့်ချိုက်ထို့က တခဏတာတွေးတောရင်းပြောလိုက်ပါတယ်။

” အမှန်ပါပဲ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက သိပ်ပြီမများဘူး ဒါပေမယ့် ၀ိညာဥ်စွမ်းအားအများစုကို ၀ိညာဥ်လက်နက်တွေမှာ သုံးထားတာကြောင့် ဒီလိုအသုံးမ၀င်တဲ့ စွမ်းအားတိုးစွမ်းရည်ကိုသိပ်ပြီ မစဥ်းစားမိဘူးလေ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းတွေရဲ့ အဓိကအသုံးပြုမှုက ၀ိညာဥ်စွမ်းအားနဲ့အဆင့်ကို တိုးတက်စေဖို့ပဲ တွေးထားခဲ့တာ ကျွန်တော်ရဲ့ ၀ိညာဥ်စွမ်းရည်လေးခုထဲမှာ ပထမဆုံးဒီတစ်ခုကိုပဲ ပုံမှန်အသုံးပြုတယ်..သူ့ရဲ့စွမ်းရည်က၀ိညာဥ်လက်နက်တွေကို အသုံးပြုတဲ့အချိန်မှာ တိကျပိုတိုးတက်စေလို့ပါပဲ ကျန်တဲ့သုံးခုကတော့ ကျွန်တော်အတွက်လုံး၀အသုံးမ၀င်ဘူးလေ.ဒါကြောင့် အစွမ်းသတ္တိတွေကိုသိပ်ပြီ မသိဘူးလေ ”

၀မ်ယန်က သူ့ရဲ့ကျောင်းသားတွေကိုကြည့်ရင်း မေးလိုက်ပါတယ်။

” ငါတွေးနေတာရော မင်းတို့ကောတွေးနေကြလား ”

ထိုက်ယွဲ့ဟန်က ပြန်ဖြေလိုက်ပါတယ်။

” ကြည့်ရတာ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ကတော့ အတော်ပါရမီရှိတဲ့ အစာအမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက်ကို လက်လွှတ်သွားခဲ့ပြီပဲ ”

၀မ်ယန်က သဘောတူညီမှုအပြည့်နဲ့ ခေါင်းညိတ်လိုက်ပါတယ်။

” အမှန်ပဲ ”

ဟယ့်ချိုက်ထို့ကတော့ တအံ့တဩထမိပါတော့တယ်။

” ကျွန်တော်အကြောင်း ပြောနေတာလား ”

၀မ်ယန်က ပြန်အော်ပါတော့တယ်။

” မင်းကလွဲပြီ ဘယ်သူထပ်ရှိဦးမှာလဲ ချိုက်ထို့ မင်းအနေနဲ့ အမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ဖော်ပထမမျိုးဆက်မှာအစာအမျိုးအစား၀ိညာဥ်ပညာရှင်ရှိတယ်ဆိုတာ သတိထားမိရဲ့လား သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ၀က်အူချောင်းတစ်ချောင်းလေ အခုငါ​ပြန်တွေးကြည့်တော့မှ သူကမင်းနဲ့အတော်ကို တူနေတာပဲ သူ့ရဲ့ ၀ိညာဥ်ဆင့်ခေါ်မှုကလဲ အတော်လေးရယ်ချင်စရာကောင်းနေတယ်..ဒါပေမယ့် အဆုံးသတ်မှာတော့ အင်အားကြီးပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီ ရတနာကိုးသွယ်မျိုးနွယ်စုရဲ့ဆက်ခံသူနဲ့ ထိမ်းမြားလက်ထပ်နိုင်ခဲ့တယ်လေ အဲ့ဒီအချိန်မှာ သူက ဘိုးဘေးကြီးရုန်ရုန်ရဲ့ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ကို အင်အားဖြည့်ပေးနိုင်သေးတယ်..ဒီလိုအင်အားဖြည့်ပေးမှုကြောင့် ရတနာကိုးသွယ်ဘုံကျောင်းဆောင်အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်လေ အစာအမျိုးအစား၀ိညာဥ်ပညာရှင်တွေက လုံး၀ကို အသုံးမ၀င်တဲ့သူတွေမဟုတ်ဘူးဆိုတာ မင်းပထမဆုံးသိဖို့လိုတယ်..အကယ်၍ ငါတို့ပေ့ပေ့ကို အုပ်စုခေါင်းဆောင်အဖြစ် တွေးထားပြီ ဟို့ယွိဟောင်ကို အနာဂတ်အဖွဲ့အစည်းရဲ့ အချက်အခြာအဖြစ်တွေးတောမယ်ဆိုရင် မင်းက အဖွဲ့အစည်းတစ်ခုလုံးကိုအထောက်အပံ့ပြုပေးနိုင်တဲ့ မရှိမဖြစ်ကျောရိုးလိုလူပဲ ”

ဟယ့်ချိုက်ထို့က ၀မ်ယန်ကိုမယုံနိုင်မှုအပြည့်နဲ့ ကြည့်နေခဲ့ပါတယ်။ အခုအချိန်ထိ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က လုံး၀ကိုအသုံးမကျတဲ့အရာလို့ သူတွေးထားခဲ့တာပါ။ ဖန်းယွီကိုယ်တိုင်တောင်မှ အစာအမျိုးအစားသ်ိုင်းပညာ၀ိညာဥ်မှန်း သိပြီတဲ့နောက် သိပ်ပြီအာရုံမစိုက်ခဲ့ပါဘူး။ ၀ိညာဥ်လက်နက်ကို လေ့ကျင့်တဲ့နေရာမှာသာ သူ့ကိုအဓိကလေ့ကျင့်ပေးပါတယ်။ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်ဆင့်ခေါ်မှုကလဲ အတော်ကိုထူးဆန်းတာကြောင့် အထင်လွဲမှုတွေအများကြီးကို ဖြစ်စေနိုင်ဖို့လုံလောက်နေပါပြီ။ ဒါကြောင့် သူလဲ သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေကိုသိပ်ပြီ မသုံးဖြစ်ပါဘူး။ ဒီနေ့အချိန်အထိ ၀မ်ယန်သာ ထုတ်ဖော်မပြောပြခဲ့လို့ကတော့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ထူးဆန်းမှုကို လုံး၀နားမလည်တာအမှန်ပါ။ ဒါ့အပြင် သူ့ကိုယ်တိုင်လဲ အင်အားကြီးတဲ့၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာကို သိမှာတောင်မဟုတ်ပါဘူး။ အခုအချိန်မှာတော့ ဟယ့်ချိုက်ထို့အနေနဲ့ မိုးကောင်းကင်ကသူ့ကို ရယ်မောလှောင်ရယ်နေတယ်လို့ ခံစားမိလိုက်ပါတော့တယ်။ သူ့ရဲ့ဦးနှောက်က ဗလာဟင်းလင်းဖြစ်သွားခဲ့ပြီ ဘာပြောရမှန်းတောင်မသိတော့ပါဘူး။

” မင်းရဲ့ကိုယ်ပိုင်စွမ်းရည်တွေကို သံသယ၀င်ဖို့မလိုဘူး ”

၀မ်ယန်ကဆက်ပြောလာခဲ့ပါတယ်။

” ငါ့ကိစ္စတွေကို ရှင်းပြပြီရင်းအားလုံးလဲ ရှင်းလင်းသွားမှာပါ စစ်တပ်ထဲမှာ လိုအပ်ချက်အများကြီးဆုံး ၀ိညာဥ်ပညာရှင်က ဘယ်လိုအမျိုးအစားလဲဆိုတာ မင်းသိလား သေချာပေါက် အစာအမျိုးအစား၀ိညာဥ်ပညာရှင်တွေပဲပေါ့ မင်းကြားတာမမှားဘူး တိုက်ခိုက်ရေး ခုခံရေးအမြန်နှုန်းထိန်းချုပ်ရေးနဲ့ အထောက်အပံ့ပြုရေးတွေတစ်ခုမှ မဟုတ်ပဲနဲ့ အတော်ကိုမြင်ရခဲပြီ ထိခိုက်မှုနည်းပါးစေနိုင်တဲ့ အစာအမျိုးအစား ၀ိညာဥ်ပညာတွေပဲ ”

” ဘာကြောင့်လဲသိလား “:

၀မ်ယန်က သူ့ရဲ့စကားကိုပြန်လည်မေးခွန်းထုတ်ရင်း ကိုယ်တိုင်ပဲ ပြန်ဖြေလိုက်ပါတယ်။

” ဘာကြောင့်လဲဆိုတော့ အစာအမျိုးအစား၀ိညာဥ်ပညာရှင်တွေက စစ်တပ်တစ်ခုလုံးကို နောက်တန်းကနေအထောက်အပံ့ပြုနိုင်လို့လေ ဒါ့အပြင် တပ်ဖွဲ့ကြီးတစ်ခုလုံးရဲ့ စွမ်းအားကိုလဲတိုးတက်စေနိုင်တယ်..အကယ်၍ မင်းက တိုက်ပွဲ၀ိညာဥ်ပညာရှင်ဖြစ်မယ်ဆိုရင် စစ်တပ်ကမင်းကို စောင့်ကြည့်နေသူအဖြစ် အသုံးချချင်းချ မဟုတ်ရင် အရှေ့တန်းကနေ တိုက်ခိုက်သူအဖြစ် အလုပ်လုပ်ခိုင်းစေမှာပဲ ဒါပေမယ့် မင်းသာအစာအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်လာပြီဆိုရင်တော့ စစ်သည်တော်အားလုံးကို တိုးတက်အောင်လုပ်ပေးနိုင်တယ်..ဥပမာအားဖြင့် ဒီဆေးပြင်းလိပ်ကြီးက စိတ်၀ိညာဥ်စွမ်းအားကို ဆယ်ရာခိုင်နှုန်းအထိ တိုးတက်စေနိုင်တယ်..အကယ်၍ အထောက်အပံ့ပြုစွမ်းအားနဲ့ယှဥ်မယ်ဆိုရင်တော့ လုံး၀ကို ယှဥ်ဖို့မတန်ဘူးလို့ တွေးမိကောင်းတွေးမိလိမ့်မှာပေါ့ ဒါပေမယ့် အစာအမျိုးအစား၀ိညာဥ်ပညာရှင်တွေထဲမှာတော့ မင်းက ငါတို့မြင်ဖူးသမျှတွေထဲမှာ ပါရမီအရှိဆုံးသူပဲ ”

” ကျွန်တော်လုံး၀နားမလည်ဘူး ”

ဟယ့်ချိုက်ထို့က ပြောလာခဲ့ပါတယ်။

၀မ်ယန်က ဆက်ရှင်းပြတယ်။

” ငါမင်းကို မေးပါရစေလား အချိန်ကောင်းကောင်းသာရမယ်ဆိုရင် မင်းရဲ့လက်ရှိ၀ိညာဥ်စွမ်းအားနဲ့ ဆေးပြင်းလိပ်ဘယ်နှစ်လိပ်ကို ထုတ်လုပ်နိုင်မလဲ ”

” အများကြီးပေါ့ အနည်းဆုံးတစ်ထောင်လောက်အထိ ထုတ်နိုင်မယ်ထင်တာပဲ ဒါပေမယ့် သူတို့တွေကို နှစ်ရက်အတွင်းကုန်အောင်မသုံးဘူးဆိုရင် ဒီဆေးပြင်းလိပ်တွေအားလုံးက ဘာအစွမ်းသတ္တိမှမရှိပဲဖြစ်သွားလိမ့်မယ် ”

၀မ်ယန်က မျက်ခုံးပင့်သွားပါတော့တယ်။

” နှစ်ရက်တဲ့လား မင်းဖန်တီးလိုက်တဲ့ ၀ိညာဥ်စွမ်းရည်တွေက ကုန်ဆုံးမသွားခင်နှစ်ရက်တိတိအချိန်ကြာအောင် ထိန်းထားနိုင်တယ်လို့မင်းပြောနေတာလား ”

ဟယ့်ချိုက်ထို့ကတော့ အသိသာကြီးပဲလေဆိုတဲ့ပုံစံနဲ့ ပြန်ဖြေပါတယ်။

” ဟုတ်ပါတယ် ဒါပေမယ့် သာမန်ဆေးပြင်းလိပ်တွေနဲ့ ယှဥ်လိုက်မယ်ဆိုရင်တော့ သူတို့က အရမ်းမြန်မြန်ဆန်ဆန်ကြီး ကုန်ဆုံးသွားလိမ့်မယ်လေ ”

၀မ်ယန်ကတော့ ဒေါသတကြီးနဲ့ ထပြီဟိန်းဟောက်ပါတော့တယ်။

“မြန်မြန်ကုန်နေတဲ့ ဘိုးဘေးကြီးကိုသွားပြောပါလား သာမန်တခြားအမျိုးအစား၀ိညာဥ်ပညာရှင်တွေ ထုတ်လုပ်တဲ့ပစ္စည်းက နာရီအနည်းငယ်ကြာဖို့တောင် ခဲခဲရင်းရင်းကြိုးစားနေခဲ့ရတယ်ဆိုတာ မင်းသိရဲ့လား ဒါ့အပြင် သုံးနာရီထက်ကျော်ထိန်းထားနိုင်တယ်ဆိုတာကတင် ကြောက်စရာအခြေအနေလို့ ယူဆလို့ရနေပြီ အကယ်၍ ဆယ့်နှစ်နာရီကျော်အထိ ကြာမယ်ဆိုရင်တော့ အဲ့ဒီ၀ိညာဥ်ပညာရှင်က ပါရမီရှင်လို့ပြောကြရမှာပဲ ဒါ့အပြင် မင်းကမင်းရဲ့ဖန်တီးမှုကို လေးဆယ်ရှစ်နာရီလုံးလုံး ထိန်းထားနိုင်တာတောင် လုံး၀အသုံးမ၀င်နိုင်တဲ့အတိုင်း ပြောနေသေးတယ်ပေါ့ အကယ်၍ မင်းရဲ့စွမ်းအားတွေကို အပြည့်အ၀သာ အသုံးချနိုင်မယ်ဆိုရင် မင်းရဲ့၀ိညာဥ်စွမ်းရည်က စစ်သည်တစ်ထောင်မကသာတဲ့စစ်တပ်ကြီးတစ်ခုလုံးကို လေးဆယ်ရှစ်နာရီလုံးလုံးစွမ်းအားအင်အားမြင့်တင်ပေးလိမ့်မယ်..မင်းနားလည်ရဲ့လား မင်းတိုက်ခိုက်တဲ့အချိန်အဖွဲ့သားတွေအတွက် ဆေးပြင်းလိပ်တွေပိုပြီးများများထုတ်လုပ်နိုင်လေလေ တိုက်ပွဲရဲ့အကျိုးရလဒ်ကပိုကောင်းလေပဲ တိုက်ပွဲထဲမှာသာ မင်းဖန်တီးတဲ့ဆေးပြင်းလိပ်တွေကို သောက်နေပြီဆိုမှတော့ သေချာပေါက်စွမ်းအားလဲ အများကြီး တိုးတက်နိုင်တယ်လေ ဒါ့အပြင် မင်းအနေနဲ့လဲ ပြိုင်ပွဲမစခင်မှာ ဆေးပြင်းလိပ်တွေကို ဖန်တီးဖို့အတွက် ၀ိညာဥ်စွမ်းအားလဲအလုံးအလောက်ရှိနေဦးမယ်..နောက်တစ်နည်းအရပြောရမယ်ဆိုရင် ငါတို့အဖွဲ့တစ်ဖွဲ့လုံးအတွက် ၀ိညာဥ်ပညာရှင်တွေအင်အားနှစ်ဆတိုးလာတာနဲ့အတူတူပဲ ”

ဟယ့်ချိုက်ထို့က သူ့ခေါင်းသူကုတ်ရင်း ပြောလိုက်ပါတယ်။

” ဒီလောက်ကြီးအထင်ကြီးစရာကောင်းတယ်လား ကျွန်တော်ရဲ့တခြား၀ိညာဥ်စွမ်းရည်တွေထက် ပိုပြီးတော့တောင် ကောင်းသေးတယ် ”

၀မ်ယန်က သူ့ရဲ့စားပွဲခုံကို လက်၀ါးနဲ့ရိုက်ရင်း ထရပ်လိုက်ပါတော့တယ်။

” မင်းဘာစောင့်နေတာလဲ မင်းရဲ့တခြား၀ိညာဥ်စွမ်းရည်သုံးခုကဘာတွေလဲဆိုတာပြောပြလိုက် မင်းဒီတစ်ကြိမ်မှာ ဘယ်လောက်အထိ ကြီးကြီးမားမားလုပ်နိုင်မလဲဆိုတာ ထုတ်ပြလိုက်စမ်းပါ ”

ဒီတစ်ကြိမ်မှာတော့ ၀မ်ယန်အနေနဲ့ နှလုံးခုန်သံတွေက အရမ်းကိုမြန်ဆန်နေခဲ့ပါပြီ။ သူတို့အဖွဲ့ရဲ့ အကြီးမားဆုံးအားနည်းချက်က အထောက်အပံ့ပြုရေး ၀ိညာဥ်ပညာရှင်မရှိတဲ့ကိစ္စလို့ ထင်ထားခဲ့တာပါ။ အထောက်အပံ့ပြုရေး ၀ိညာဥ်ပညာရှင်သာမရှိဘူးဆိုရင် အဖွဲ့အနေနဲ့ အလုံးစုံတိုက်ခိုက်ရတဲ့မျိုးမှာ အင်အားကိုထောက်ပံ့ပေးမဲ့သူမရှိပါဘူး။ ဒါပေမယ့် သူတို့ဆီမှာ အရမ်းကိုပါရမီရှိတဲ့ အစာအမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက်က ရှိနေခဲ့ပါပြီ။ ဒါ့အပြင် သူကလဲ မျက်စိရှေ့တည့်တည့်မှာ ပုန်းအောင်နေသလိုဖြစ်နေခဲ့တာပါ။ ဒီလောက်ကြီးမားတဲ့ကိစ္စကြီးပေါ်ထွက်လာပြီတဲ့နောက် သူဘယ်လိုများအေးအေးဆေးဆေးနေနိုင်တော့မှာလဲ။

၀မ်ယန်ရဲ့ အစောပိုင်းရှင်းပြမှုက အစာအမျိုးအစား၀ိညာဥ်ပညာရှင်ရဲ့အားသာချက်တချို့ကိုသာ ရှင်းပြတာပါ။ အထောက်အပံ့ပြုရေး၀ိညာဥ်ပညာရှင်တွေက လူတွေရဲ့အင်အားကို အများကြီးတိုးတက်စေနိုင်ပေမဲ့ ဒီလိုတိုးတက်စေမှုက အချိန်မကြာမြင့်စေပါဘူး။ အချိန်ကြာကြာတိုက်ခိုက်ရတဲ့ အဖွဲ့လိုက်တိုက်ပွဲတွေမှာတော့ အစာအမျိုးအစား၀ိညာဥ်ပညာရှင်တွေက အထောက်အပံ့ပြုရေး၀ိညာဥ်ပညာရှင်တွေအတွက် အများကြီးပိုပြီးအသုံး၀င်ပါတယ်။ အထောက်အပံ့ပြုရေး၀ိညာဥ်ပညာရှင်တွေက အချိန်အတိုသာသုံးနိုင်ပေမဲ့ သူတို့ရဲ့သန်မာတဲ့အချက်ကတော့ အများကြီးပါပဲ။

” ဒီဖေဖေကြီးမှာ ဆေးပြင်းလိပ်ကြီးကြီးရှိတယ် ”

” ဒီဖေဖေကြီးမှာ ဆေးပြင်းလိပ်အရှည်ကြီးရှိတယ် ”

” ဒီဖေဖေကြီးမှာ ဆေးပြင်းလိပ်သေးသေးလေးရှိတယ် ”

အားလုံးရဲ့မရယ်ဖြစ်အောင် တောင့်ခံနေတဲ့ မျက်နှာတွေအောက်မှာ ဟယ့်ချိုက်ထို့က သူ့ရဲ့၀ိညာဥ်စွမ်းရည်သုံးခုလုံးကို ဆက်တိုက်အသုံးပြုလိုက်ပါတော့တယ်။ ချက်ချင်းဆိုသလို ဆေးပြင်းလိပ်သုံးလိပ်က ပေါ်ထွက်လာခဲ့ပါပြီ။ သူတို့ရဲ့အရောင်နဲ့ပုံစံတွေကတော့ ပထမတစ်ခုနဲ့အတူတူပါပဲ။ အရွယ်အစားကတော့ ကွာခြားလို့နေခဲ့တယ်။

အပိုင်း ၇၈•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset