အပိုင်း ၇၇•၂
” ဒီဖေဖေကြီးမှာ ဖက်ကြမ်းဆေးလိပ်ကြီးရှိတယ် ”
°°°
ထိုက်ယွဲ့ဟန်က ပြောလာခဲ့ပါတယ်။
” ကျွန်တော်လဲအတူတူပဲ ”
လင်းလော့ချန်လဲခေါင်းညိတ်ရင်း ပြောလာခဲ့တယ်။
” မျှော်လင့်ထားတဲ့အတိုင်း အရှေ့တစ်ခေါက်ပြောခဲ့တဲ့အချိန်မှာ ပြန်ကောင်းလာမှာပါ ”
” ဒါဆိုရင်ကောင်းပြီ ”
၀မ်ယန်က ပြောလိုက်ပါတယ်။ အဲ့ဒီနောက် အကြိုအဖွဲ့ရဲ့ ခုနှစ်ယောက်ကို သူကြည့်လိုက်တယ်။ အဲ့ဒီအဖွဲ့ကို ပေ့ပေ့က ဦးဆောင်ထားတာပါ။
” မင်းတို့ရဲ့ ပထမဆုံးပြိုင်ပွဲမှာ ပြိုင်ဘက်တွေကို အမျက်ဒေါသကျောင်းတော်က ဘယ်လောက်အင်အားကြီးလဲ ပြသနိုင်ခဲ့ပြီးပြီအတိအကျပြောရမယ်ဆိုရင် ကျောင်းတော်ရဲ့ဂုဏ်သတင်းကို ပိုပြီးတိုးတက်စေခဲ့တာပဲ တခြားကျောင်းတော်တွေရဲ့ ပြိုင်ပွဲတွေကို ငါဆက်တိုက်လေ့လာခဲ့ပြီးပြီ ဒါ့အပြင် မင်းတို့ရဲ့ ပထမပြိုင်ပွဲကနေ ဖြစ်ပေါ်စေတဲ့တုန့်ပြန်မှုတွေကိုလဲ နားထောင်ပြီးပြီ မင်းတို့အားလုံးအောင်မြင်ခဲ့တဲ့ရလဒ်က ငါတို့ထင်ထားတာထက်ကို ပိုပြီးကောင်းမွန်နေသေးတယ်..ငါတို့အမျက်ဒေါသကျောင်းတော်က တခြားကျောင်းတော်တွေအားလုံးရဲ့မျက်စိထဲမှာ ထူးဆန်းပြီအင်အားကောင်းတဲ့ ပုံရိပ်ကိုရောက်ရှိသွားပြီးပြီ ငါတို့ရဲ့တကယ်အင်အားအစစ်အမှန်ကို ဘယ်သူကမှ မတွေးတတ်သေးဘူး…ယွိဟောင်ကတော့ အားလုံးရဲ့အာရုံစိုက်မှုအလယ်မှာ ရှိနေတယ်..ဒါ့အပြင် အဲ့ဒီနေ့မှာယွိဟောင်နဲ့ ငါလိုက်ဖက်ညီညီထုတ်ဖော်ပြသခဲ့တဲ့ ပုံစံကြောင့်သူက အားလုံးရဲ့မျက်စိထဲမှာ အဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ခံလိုက်ရပြီ ”
” ကျွန်တော်တို့အတွက် အစကထဲက အဲ့ဒီလိုပဲလေ ”
ပေ့ပေ့က ၀င်ပြောလိုက်ပါတယ်။
ဟို့ယွိဟောင်ကတော့ မျက်နှာနီရဲသွားခဲ့ရင်း ပြန်ပြောပါတော့တယ်။
” အစ်ကိုကြီး ကျေးဇူးပြုပြီး မစနှောက်ပါနဲ့တော့ ကျွန်တော်က အခုအချိန်ထိ အားနည်းနေတုန်းပဲလေ ဘယ်လိုလုပ်ခေါင်းဆောင်ဖြစ်နိုင်မှာလဲ ”
” ဒီပြိုင်ပွဲမှာ အင်အားက အရေးကြီးဆုံးကိစ္စတွေထဲက တစ်ခုဖြစ်ပေမဲ့ အရာအားလုံးက အင်အားအပေါ်မှာတော့ မှီခိုနေတာမဟုတ်ဘူးလေ ”
ပေ့ပေ့က ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေပါတယ်။
“:ပထမပြိုင်ပွဲမှာ မင်းရဲ့လုပ်ဆောင်ချက်က တကယ်ကို မယုံနိုင်စရာကောင်းလွန်ခဲ့တယ်မဟုတ်လား အကယ်၍ ငါတို့ထဲမှာ တစ်ယောက်ယောက်ကသာ မင်းနေရာကိုရောက်ခဲ့မယ်ဆိုရင် ဘယ်သူကများ မင်းထက်ပိုကောင်းအောင်လုပ်နိုင်မှာလဲ အတွင်းနယ်မြေရဲ့ဒီကျောင်းတော်သားသုံးယောက်တောင် မင်းလုပ်ခဲ့သလိုမျိုး တစ်ချက်ထဲနဲ့ အနိုင်ရနိုင်မယ်လို့ ငါမထင်ဘူး ”
မာရှောင်ထောင့်က ပြုံးပြရင်း၀င်ထောက်ပြပါတယ်။
” ပေ့ပေ့ပြောတာမှန်တယ်..အဲ့ဒီနေ့မှာ လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်က တကယ်အံ့ဩစရာကြီးပါပဲ ကျင့်ကြံဆင့်က အဲ့ဒီလောက်မမြင့်မားပေမဲ့ ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းရည်တွေအားလုံးက တကယ်ကို အံ့ဩစရာကောင်းလွန်တယ်..အထူးသဖြင့်လှည့်စားတဲ့အချိန်မှာသုံးတဲ့ ၀ိညာဥ်စွမ်းရည်တွေပဲ ”
မာရှောင်ထောင့်နဲ့ မျက်နှာချင်ဆိုင်လိုက်တိုင်းမှာ ဟို့ယွိဟောင်က အမြဲတမ်းရှက်ရွံ့နေခဲ့တာပါ။ ဒါပေမယ့် အနီးအနားမှာရှိနေခဲ့တဲ့ ၀မ်သုန့်ကတော့ လုံး၀ကို ဒီလိုမဟုတ်ခဲ့ပါဘူး။
” အစ်မကြီးမာ ယွိဟောင်က လှည့်ကွက်တွေသုံးနေတယ်လို့ ဘယ်လိုများပြောနိုင်ရတာလဲ သူလုပ်ခဲ့သမျှအရာအားလုံးက ကျောင်းတော်ရဲ့ အနိုင်ရရှိမှုရဲ့ ဂုဏ်သတင်းအတွက်ပဲလေ ”
မာရှောင်ထောင့်ကတော့ ပြုံးသာပြုံးပြနေခဲ့ပါတယ်။ ဘာမှမပြောခဲ့ပါဘူး။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကိုသာ ဒီအတိုင်းစိုက်ကြည့်လို့နေခဲ့ပါတော့တယ်။
၀မ်ယန်က လက်ကိုဝှေ့ရမ်းလိုက်ရင်း အားလုံးကို တိတ်ဆိတ်စေဖို့လက်ဟန်ပြလိုက်တယ်။ အဲ့ဒီနောက် သူဆက်ပြောပါတယ်။
” လွန်ခဲ့တဲ့နှစ်ရက်မှာ တခြားကျောင်းတော်တွေရဲ့ ပြိုင်ပွဲတွေကို ငါသေချာလေ့လာပြီးပြီ ပထမဆုံးရှုံးထွက်ပွဲစဥ်က တကယ်ကို ကြမ်းတမ်းတယ်လို့ပြောလို့ရတယ်…ဘယ်ကျောင်းတော်ကမှ ငါတို့အနိုင်ရရှိသလောက်လွယ်လွယ်လေး အနိုင်မရသွားဘူး..နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်ကျောင်းတော်တောင်မှ သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ရုန်းကန်လိုက်ရသေးတယ်..ပြိုင်ပွဲကိုအဆုံးသတ်ဖို့ ဆယ့်မိနစ်နီးပါးကြာသွားတယ်..ဒါကြောင့် ငါတို့အနေနဲ့ ငါတို့ရဲ့ စွမ်းအားကိုပိုအားကောင်းအောင်လုပ်ဖို့အတွက် အချိန်ကောင်းကောင်းရသေးတယ်လို့ ဆိုလိုတာပဲ မကြာခင်ရောက်ရှိလာတော့မဲ့ အလှည့်ကျတိုက်ပွဲတွေက မနက်ဖြန်မှာ စတင်လိမ့်မယ်..ဒါ့အပြင် ပြိုင်ပွဲတွေရဲ့ ရင်ဆိုင်ရမဲ့ပွဲစဥ်တွေကလဲ ထွက်လာပြီးပြီ ဒါ့အပြင် အစောပိုင်းတုန်းက ရှုံးထွက်ပွဲစဥ်ရဲ့အခြေအနေအတိုင်း စီစဥ်ထားတာပဲ ဒါကြောင့် နောက်လာမဲ့ငါရဲ့ရည်ရွယ်ချက်ကတော့ မနက်ဖြန်ပြိုင်ပွဲအတွက် အစီအစဥ်ချဖို့ပြင်ထားတာ ”
သေခြင်းတရားရဲ့ တမန်တော်တွေနဲ့ ကြုံတွေ့ပြီတဲ့နောက် အခုအချိန်မှာ ၀မ်ယန်ရဲ့ အကဲဖြတ်မှုနဲ့ ညွှန်ကြားချက်တွေကို အတွင်းတပည့်သားတွေကတော့ လေးလေးစားစားနားထောင်နေခဲ့ကြပါပြီ။ ၀မ်ယန်ကို သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်ဆရာအဖြစ် အပြည့်အ၀လက်ခံထားခဲ့ပါတယ်။
၀မ်ယန်က ပြောလိုက်တယ်။
” ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းအားလုံးက ငါ့ရဲ့ကျောင်းသားတွေပဲ ဒါကြောင့် သူတို့ရဲ့အစွမ်းအစတွေကို ငါအတော်လေးသိထားတယ်..ဒါပေမယ့် မင်းတို့လေးယောက်ကိုတော့ သေချာမသိဘူး…မင်းတို့ရဲ့၀ိညာဥ်စွမ်းရည်တွေအားလုံးကို ပြောပြဖို့မျှော်လင့်ပါတယ်..ဒါမှသာ ဒီပြိုင်ပွဲကို စီစဥ်ဖို့အတွက်အဆင်ပြေနိုင်မှာ ”
ပုံမှန်အနေအထားမှာ ၀ိညာဥ်စွမ်းရည်တွေဆိုတာက ၀ိညာဥ်ပညာရှင်တိုင်းရဲ့အကြီးမားဆုံးလျှို့၀ှက်ချက်ပါပဲ ဒါပေမယ့် ကျောင်းတော်ထဲမှာတော့ ဒီအခြေအနေက မတူညီပါဘူး..ဒါ့အပြင် သူတို့က အရေးကြီးတဲ့ပြိုင်ပွဲကြီးရဲ့ အဆုံးစွန်းမှာရောက်နေခဲ့တာပါ ၀မ်ယန်အတွက် ဒီလိုမေးခွန်းမျိုးမေးတာက ပုံမှန်ပါပဲ။
ပေ့ပေ့က ခေါင်းညိတ်လိုက်ရင်း အဖွဲ့ခေါင်းဆောင်အနေနဲ့ စံပြအဖြေကိုပေးပါတော့တယ်။ သူက ပြောလာခဲ့တယ်။
“:ကျွန်တော်မှာ စုစုပေါင်း၀ိညာဥ်စွမ်းရည်လေးခုရှိတယ်…မိုးကြိုးနဂါးလက်သည်း လျှပ်စီးမိုးကြိုး မိုးကြိုးဒေါသနဲ့ မိုးကြိုးနဂါးခေါင်းတို့ပါပဲ ”
အဲ့ဒီနောက် သူတို့ရဲ့၀ိညာဥ်စွမ်းရည်တွေအကြောင်းကို အသေးစိတ်ရှင်းပြပါတယ်။ အဲ့ဒီနောက် ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့ရဲ့အလှည့်ကို ရောက်လာခဲ့ပါပြီ။
ရှူစန်းရှီက ပေ့ပေ့နဲ့အတူ ယှဥ်လို့ရနိုင်တဲ့ အပြင်နယ်မြေရဲ့နံပါတ်တစ်ကျောင်းသားပါပဲ။ သူ့ရဲ့၀ိညာဥ်စွမ်းရည်လေးခုကလဲ လူတိုင်းကို အမြင်ကျယ်သွားစေခဲ့ပါတယ်။ ကျန်းနန်နန်ကတော့ အတော်ကောင်းတဲ့ ၀ိညာဥ်စွမ်းရည်တွေကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ အထူးသဖြင့် တစ်ယောက်တစ်ယောက်ချင်တိုက်ပွဲတွေမှာ သူက ပြိုင်ဘက်တွေအားလုံးကို အထင်ကြီးသွားစေဖို့ စွမ်းဆောင်နိုင်သူပါ။ နောက်ဆုံးမှာတော့ ဟယ့်ချ်ိုက်ထို့ရဲ့အလှည့်ကို ရောက်လာပါတော့တယ်။ သူကလဲ တခြားလေးယောက်လို၀ိညာဥ်ဘိုးဘေးတစ်ယောက်ပဲ။
” ချိုက်ထို့ မင်းက ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်တာကြောင့် မင်းရဲ့၀ိညာဥ်စွမ်းရည်တွေအကြောင်းကို မဖြစ်မနေသိဖို့တော့ မလိုအပ်ပါဘူး..ဒါပေမယ့် လက်ရှိအခြေအနေက ထူးခြားတယ်..ငါတို့အတွက် အသုံး၀င်နိုင်မဲ့အရာအားလုံးကို အသုံးချဖို့လိုအပ်တယ်..ဖြစ်နိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး မင်းရဲ့သိုင်းပညာ၀ိညာဥ်ကိုပြောပြပါ ”
၀မ်ယန်က ဟယ့်ချိုက်ထို့ကို မေးလာခဲ့ပါတယ်။
ဟယ့်ချိုက်ထို့က ခေါင်းညိတိလိုက်ပေမဲ့ သူ့ရဲ့မျက်နှာကတော့ နီရဲလို့နေခဲ့တယ်။
” ကျွန်တော်ရဲ့သိုင်းပညာ၀ိညာဥ်မှာ သူနဲ့သက်ဆိုင်တဲ့အသုံး၀င်မှုရှိပါတယ်..ဒါပေမယ့် ဘယ်သူမှသုံးချင်မှာမဟုတ်တာအသေအချာပါပဲ ဒါကြောင့်သာ မပြသခဲ့တာ ”
ဟို့ယွိဟောင်အနေနဲ့ ဒါကိုကြားချိန်မှာ ဟယ့်ချိုက်ထို့ပါးစပ်ထဲမှာ ကိုက်ထားခဲ့ဖူးတဲ့ တစ်စုံတစ်ရာကို သတိရမိသွားတော့တယ်။ သူ့ရဲ့အမူအရာကလဲ ချက်ချင်းထူးဆန်းလို့သွားခဲ့ပါပြီ။ ၀မ်ယန်က ပြုံးပြရင်းနဲ့ ပြောလိုက်တယ်။
” ဒါဆိုရင်လဲ အဆင်ပြေပါတယ်..အရာအားလုံးက သူ့ကိုယ်ပိုင်အသုံး၀င်မှုတွေရှိတယ်မလား လာပါမင်းရဲ့ ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာ၀ိညာဥ်ကို ငါတို့ကို ပြသပေးပါ ”
ဟယ့်ချိုက်ထို့က အတော်ကိုယုံကြည်ချက်မရှိတဲ့ပုံစံပါပဲ။
” ဘယ်သူမှမရယ်ရဘူးနော် ”
မာရှောင်ထောင့်က ခေါင်းညိတ်ရင်းနဲ့ အလေးအနက်ပြောလိုက်ပါတယ်။
” သေချာတာပေါ့ ငါတို့တွေမင်းကို မရယ်ဘူး..အမြန်လုပ်လိုက် အချိန်မဖြုန်းနဲ့တော့ မင်းရဲ့၀ိညာဥ်စွမ်းရည်ကိုထုတ်ပြလိုက် “:
ဟယ့်ချိုက်ထို့က နီရဲနေတဲ့မျက်နှာနဲ့ပဲ ပြောလိုက်ပါတယ်။
” ဒီဖေဖေကြီးမှာ ဖက်ကြမ်းဆေးလိပ်ကြီးရှိတယ် ”
မာရှောင်ထောင့်က တအံ့တဩဖြစ်သွားခဲ့ပေမဲ့ ချက်ချင်းဒေါသထွက်ပြီ ထအော်ပါတော့တယ်။
” ဘာတွေပြောနေတာလဲ “:
ဒါပေမယ့် သူဒေါသအပြည့်အ၀မထွက်သေးခင်အချိန်မှာပဲ ဟယ့်ချိုက်ထို့ရဲ့ ခန္ဓာကိုယ်အောက်မှာ ၀ိညာဥ်စက်ကွင်းနှစ်ခုနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းနှစ်ခုက ရုတ်တရက်ပေါ်လာပါတော့တယ်။ ပထမ၀ိညာဥ်စက်ကွင်းတောက်ပလို့လာချိန်မှာတော့ ဟို့ယွိဟောင် တစ်ချိန်တစ်ခါက မြင်ဖူးခဲ့တဲ့အနက်ရောင်အရာက ဟယ့်ချိုက်ထို့လက်ထဲမှာ ပေါ်လာခဲ့ပါပြီ။ အခန်းတစ်ခန်းလုံးလဲ တိတ်ဆိတ်လို့သွားပါတော့တယ်။ ဟယ့်ချိုက်ထို့က တစ်ဖက်ကိုလှည့်ရင်း ဟို့ယွိဟောင်ကို ကမ်းပေးလိုက်တော့တယ်။ အဲ့ဒီနောက် သူချက်ချင်းပြန်ပြောပါတော့တယ်။
” မင်းတို့လုံး၀မရယ်ရဘူး မရယ်ရဘူးလို့ကတိပေးထားတယ်နော် “‘
ချက်ချင်းဆိုသလို တစ်ခန်းလုံးက ထရယ်ကြပါတော့တယ်။ ၀မ်ယန်တောင် ချွင်းချက်မရှိခဲ့ပါဘူး။ တကယ်ကို ပြိုင်ဘက်ကင်းတဲ့အရာပါပဲ။ ဟယ့်ချိုက်ထို့ရဲ့ သိုင်းပညာ၀ိညာဥ်က ဘယ်သူမှမမျှော်လင့်မထားနိုင်လောက်တဲ့အထိကို ပြိုင်ဘက်ကင်းနေခဲ့တယ်။ သူတို့အရမ်းကို အူလှိုက်သဲလှိုက်ရယ်ကြလွန်လှတာကြောင့် အပြင်နယ်မြေကတောင် ရယ်သံတွေကိုကြားနေခဲ့ရပါပြီ။ ဒီရယ်သံက နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်ကျောင်းတော် အဓိကခေါင်းဆောင်ဖြစ်တဲ့ မာယုလုံတောင်ကြားသွားခဲ့ပါတယ်။ သူက အရှေ့စင်္ကြန်မှာဖြတ်သန်းသွားလာနေခဲ့တာပါ။ ဒီရယ်သံကိုကြားချိန်မှာ သူ့အမူအရာက လုံး၀ကိုပြောင်းလဲသွားပါတော့တယ်။ အမျက်ဒေါသကျောင်းတော်ကကောင်တွေ ဘာကြောင့်များ ဒီလောက်တောင်ရယ်နေကြတာလဲ မနက်ဖြန်မှာအလှည့်ကျပြိုင်ပွဲတွေက စတင်တော့မှာပါ။
ဟယ့်ချိုက်ထို့ကတော့ ရှက်ရွံ့သွားတဲ့အတွက် သူဒေါသထွက်လာပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့ဖက်ကြမ်းဆေးလိပ်ကြီးဆီကို ရှုစန်းရှီရဲ့ရယ်မောနေတဲ့ပါးစပ်ထဲကို ပြစ်ထည့်လိုက်တော့တယ်။
ရှုစန်းရှီရဲ့မျက်နှာတစ်ခုလုံးက ချက်ချင်းတောင့်တင်းလို့သွားခဲ့ပါပြီ။ ဟယ့်ချိုက်ထို့ရဲ့လက်ချောင်းပေါ်မှာ ဘယ်ကမှန်းအသိ မီးလျှံတစ်ချို့ထွက်ပေါ်လို့လာခဲ့ပြီတဲ့နောက် အဲ့ဒီဆေးလိပ်ကြီးရဲ့ အဆုံးတစ်ဖက်ကို မီးညှိလိုက်ပါတော့တယ်။
အပိုင်း ၇၇•၂ ပြီး၏။