Switch Mode

Chapter – 77.1

ဒီဖေဖေကြီးမှာ ဖက်ကြမ်းဆေးလိပ်ကြီး ရှိတယ်

အပိုင်း ၇၇•၁

” ဒီဖေဖေကြီးမှာ ဖက်ကြမ်းဆေးလိပ်ကြီးရှိတယ် ”
°°°
အသက်ဆယ့်သုံးနှစ်တောင် မပြည့်သေးမဲ့ဟို့ယွိဟောင်က အစောပိုင်းစင်မြင့်ပေါ်မှာ အတော်လေးကို စွမ်းအားပြခဲ့ပါတယ်။ ဒါ့အပြင် သွေးပူနေတဲ့လူငယ်တစ်ယာက်အဖြစ်နဲ့ သူကမောက်မာမှုအပြည့်ကို ထုတ်ပြရင်းလူတိုင်းကို ထိတ်လန့်စေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီလိုမျိုး ထုတ်ပြခဲ့တဲ့မောက်မာမှုကလဲ သေချာပေါက် အတုအယောင်ပါ။ သူ့မှာသွေးနီရောင်၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတာက အတုအယောင်တွေသာဖြစ်နေခဲ့ပါတယ်။ ဒီအရာတွေအားလုံးက ၀မ်သုန့်ရဲ့စိတ်ထဲမှာတော့ ထင်ထင်ရှားရှားကျန်နေဆဲဖြစ်ပြီ ဘာကိုမှမမေ့ဖျောက်နိုင်ပါဘူး။

” ဘာကြောင့် ငါမင်းအနားကိုရောက်တဲ့အချိန် ငါ့မှာကော ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိလာရတာလဲ ”

၀မ်သု့န်က မေးလိုက်ပါတယ်။

ဟို့ယွိဟောင်က ပြန်ဖြေလိုက်တယ်။

” ငါ့ရဲ့ပုံစံတူတုပတဲ့ ၀ိညာဥ်စွမ်းရည်က ငါနဲ့ပတ်ပတ်လည်သုံးမီတာအတွင်းမှာ ရှိသမျှအရာအားလုံးကို ထိန်းချုပ်နိုင်စေဖို့အတွက် ကူညီပေးတယ်..ဒါကြောင့် မင်းငါ့အနားရောက်လာတာကို စောင့်ရင်းကနေ ဒီအစွမ်းအစကိုထုတ်သုံးလိုက်တာပဲ မင်းမှာ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့အချက်ကတင် ပြိုင်ဘက်တွေရဲ့စိတ်ကိုပြောင်းလဲနေစေပြီ ငါရဲ့ပုံစံတူတုပတဲ့စွမ်းရည်က ငါတို့နှစ်ယောက်စလုံးကို ၀ိညာဥ်ဧကရာဇ်တွေလိုမျိုး ပေါ်သွားစေတာကြောင့် သူတို့လဲ ထိတ်လန့်လို့သွားခဲ့ရတာပဲ.. ဒါပေမယ့် သူတို့တွေ အဲ့ဒီလောက်ကြီးအားနည်းနေမယ်လို့ မထင်မှတ်ထားခဲ့မိဘူးလေ ငါတို့ရဲ့၀ိညာဥ်စက်ကွင်းတွေကို မြင်လိုက်ပြီ အရမ်းကို လန့်ဖြန့်သွားတာကြောင့် ငါစိတ်၀ိညာဥ်နှောင့်ယှက်မှုကိုသုံးလိုက်တဲ့အချိန်မှာ သူတို့တွေ တခဏတာ မလှုပ်ရှားနိုင်အောင်ဖြစ်သွားခဲ့ရတယ်.. ဒါကြောင့် ငါတို့ရဲ့ပေါင်းစည်းစွမ်းရည်ထုတ်သုံးလိုက်တဲ့အချိန်မှာ အားလုံးရဲ့အထိအခိုက်ကပိုပြီး ကြီးမားသွားရတော့တာပဲ ဒီလိုမျိုး သူတို့ရဲ့ရပ်တန့်မှုက ငါတို့ရဲ့၀ိညာဥ်စွမ်းအားကို တိုးတက်စေနိုင်ပေမဲ့ သေချာပေါက် သူတို့ရဲ့ထိတ်လန့်မှုက တိုက်ခိုက်တဲ့အချိန်မှာ အများကြီးပိုပြီး အသုံး၀င်လာစေခဲ့တယ်လေ..ကြည့်ရတာမင်းရဲ့ ဘယ်ဘက်လက်မောင်းအရိုးကလဲ ပေါင်းစည်းစွမ်းရည်ကိုပိုတိုးတက်စေတဲ့ပုံစံပဲ ”

၀မ်သုန့်က ပုခုံးတွန့်လိုက်ပါတယ်။

“‘ဒါပေမဲ့ ဒီလိုအစွမ်းကုန်တိုက်ခိုက်မှုက ငါတို့ရဲ့ဟောင်သုန့်စွမ်းအားကို လုံး၀ကုန်ဆုံးသွားစေတယ်…အခန်းထဲပြန်ရောက်အောင် ပြန်လာရတာတင်အတော်ကို ခက်ခဲနေခဲ့ပြီ တိုက်ပွဲက စိတ်ကျေနပ်စရာကောင်းပေမဲ့ ငါတို့ရဲ့အင်အားအကြီးဆုံးတိုက်ခိုက်မှုကို ထုတ်ဖော်ပြသလိုက်တာပဲလေ ဒါဆိုရင်ငါတို့အနေနဲ့ အကျိုးအမြတ်ရတာထက် အရှုံးပိုများသွားမှာမဟုတ်ဘူးလား ”

ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။

‘” ဒီလိုပြောလို့မရဘူးလေ အခုပြိုင်ပွဲက ငါတို့အတွက်အရမ်းကိုအရေးကြီးတယ်…ဒါ့အပြင် ငါတို့ရဲ့ပထမဆုံးပြိုင်ပွဲလဲဖြစ်နေသေးတယ်..ပထမဆုံးရှုံးထွက်ပွဲစဥ်မှာ ငါတို့က အမျက်ဒေါသကျောင်းတော်ရဲ့ အောင်မြင်မှုကို ကိုယ်စားပြုနိုင်ခဲ့ပြီးပြီ ဒါ့အပြင် ကြည့်နေသူတွေကလဲ ငါတို့ရဲ့အသက်အရွယ်ကိုကောင်းကောင်းမြင်နိုင်ကြမှာပဲ အကယ်၍ သာမန်ပြိုင်ပွဲမျိုးဖြစ်မယ်ဆိုရင်တောင် ငါတို့အနေနဲ့ လူတိုင်းမြင်သာတဲ့အထိ တိုက်ခိုက်ရေးစွမ်းရည်တွေကို ထုတ်ဖော်ပြသရမယ်..အခုကတော့ လုံး၀ကို မတူညီဘူး ငါတို့နှစ်ယောက်က အသက်ဆယ့်ငါးနှစ်မပြည့်သေးမှန်း သိသိသာသာကြီးကို မြင်သာနေတယ်လေ ဒါ​တောင်မှ ၀ိညာဥ်ဧကရာဇ်အစစ် ကျင်ကြံမှုတွေက်ို ထုတ်ဖော်ပြသလိုက်ပြီးပြီ ဒါက လူတိုင်းကို ကြောက်လန့်သွားစေမှာမဟုတ်ဘူးလား အခုအားလုံးကို ထိတ်လန့်စေပြီပြီးဆိုမှတော့ သူတို့က ငါတို့ကို အရမ်းအထင်ကြီးနေကြတော့မှာပဲ ဒါကြောင့် အနာဂတ်မှာတိုက်ခိုက်တဲ့အချိန် သူတို့တွေလဲ အတော်လေးကို စိတ်ရှုပ်ထွေးကြလိမ့်မယ်..ငါတို့ဒီလိုမျိုး သူတို့ဆီစိတ်အပြောင်းအလဲဖြစ်သွားတာကို အခွင့်အရေးယူပြီ အနိုင်ယူလို့ရတယ်..ဒါကြောင့်သာ လာမဲ့အလှည့်ကျတိုက်ပွဲတွေမှာ ငါတို့ရဲ့အစ်ကိုကြီး အစ်မကြီးတွေ ဒဏ်ရာပြန်မကောင်းခင်အောင်မြင်နိုင်ဖို့ အလာအလားက ပိုမြင့်လာမှာပဲ တစ်ချိန်ထဲမှာပဲ ငါတို့ရဲ့စွမ်းအားကို ထုတ်ဖော်ပြသတာက တခြသူတွေရဲ့အင်အားကို ဖုံးကွယ်နိုင်ဖို့အတွက် ကူညီပေးတယ်..လက်ရှိအချိန်မှာ ငါတို့အရေးကြီးဆုံးအာရုံစိုက်ရမဲ့အရာကတော့ ဘယ်လောက်အထိ ထိထိရောက်ရောက်အကျိုးသက်ရောက်သွားတယ်ဆိုတာပဲငါတို့ရဲ့ ပေါင်းစည်းစွမ်းရည်က နောက်တစ်ကြိမ်အသုံးပြုဖို့အတွက် သုံးရက်တိတိစောင့်ဆိုင်းဖို့လိုဦးမယ်..ဒီစွမ်းရည်ကိုအသုံးပြုပြီးရင်း ရန်သူတွေက်ုထိန်းချုပ်လို့ရတယ် ..ဒါကြောင့် ငါတို့အနေနဲ့ အလှည့်ကျတိုက်ပွဲတွေမှာ ဘယ်အချိန်မဆိုသုံးနိုင်တော့မှာပဲ မင်းမြင်တဲ့အတိုင်း ငါတို့က ဒီတိုက်ကွက်တစ်ကွက်ထဲနဲ့ ကိစ္စတွေအများကြီးကို အောင်မြင်စေနိုင်တယ်မဟုတ်လား ”

” ဒီပြိုင်ပွဲကနေ ငါနားလည်လိုက်တာကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ တိုက်ကြီးတစ်ခုလုံးနံပါတ်တစ်ကျောင်းတော်ဆိုတဲ့ ဂုဏ်သတင်းက ဘယ်လောက်အရေးကြီးလဲဆိုတာကိုပဲ ငါတို့ကျောင်းတော်ရဲ့ ဂုဏ်သတင်းကသာ သူတို့ကို ကြောက်လန့်စေတာကြောင့်သာ မဟုတ်ရင် ငါတို့ရဲ့ ပြိုင်ပွဲက ဒီလောက်လွယ်မှာမဟုတ်ဘူး ”

၀မ်သုန့်ကဆက်ပြီပြောပါတယ်။

” ဒါပေမယ့် ငါတို့တွေအကြောင်းကို သူတို့အနှေးနဲ့အမြန်သိသွားမှာပဲ နောက်ပိုင်းကြုံလာရမဲ့ပြိုင်ပွဲတွေက ဒီလောက်မလွယ်လောက်ဘူး..ဒါ့အပြင် မင်းရဲ့နှစ်​တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းဆိုတာက အတုအယောင်တွေပဲလေ အကယ်၍ မင်းမှာနောက်ဆုံး၀ိညာဥ်စက်ကွင်းတစ်ကွင်းပဲ နှစ်တစ်သိန်းရှိနေတယ်ဆိုရင် ယုံနိုင်စရာကောင်းဦးမယ်…မင်းက ၀ိညာဥ်စက်ကွင်းတွေအများကြီးကို ထုတ်ပြပြီ သူတို့အားလုံးကို အရူးလုပ်နိုင်ခဲ့ပေမဲ့ သူတို့သေချာစဥ်းစားမယ်ဆိုရင် မင်းလှည့်စားသွားတယ်ဆိုတာကို နားလည်ကြမှာပဲ အသက်ဆယ့်ငါးနှစ်တောင်မပြည့်သေးတဲ့သူတစ်ယောက်က ၀ိညာဥ်ဧကရာဇ်ဖြစ်နေပြီဆ်ိုတာနဲ့တင် ကြောက်စရာကောင်းနေပြီ ဒါပေမယ့် နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတာကတော့ မတူညီတော့ဘူး..ဒါက လူတွေပုံမှန်တွေးနိုင်တဲ့အရာတွေအားလုံးထက်ကို ပိုကျော်လွန်သွားပြီးပြီပဲ ”

” ဟုတ်တယ် မင်းပြောတာမှန်တယ် ”

ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။

” အဲ့ဒီတုန်းက ငါလဲအတော်လေးထူပူနေခဲ့တယ်လေ..ကျောင်းတော်ကို အင်အားကြီးတဲ့ပုံစံပေါ်စေဖို့အတွက်သာငါလုပ်ဖို့အတွေးရှိနေခဲ့တာ ဒါကြောင့် အားလုံးကို နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေဖြစ်လာအောင်ပုံစံပြောင်းလိုက်တာပဲ အခုပြန်ပြီးတွေးကြည့်တော့မှ ငါတကယ်တုံးအသွားလိုက်တာ ဒါပေမယ့် လုပ်ပြီးတဲ့ကိစ္စကလုပ်ပြီးပြီလေ နောက်ထပ် ဘာမှထပ်ပြီတွေးတောမရတော့ဘူး..သူတို့တွေ တွေးချင်သလိုတွေးပါစေ “:

၀မ်သုန့်ကတော့ လက်နှစ်ဖက်ကိုခေါင်းနောက်မှာပြစ်ရင် အိပ်ရာပေါ်ကို ပြန်လှဲလိုက်ပါတော့တယ်။ အဲ့ဒီနောက် မျက်နှာကြက်ကိုမော့ကြည့်နေရင်း သူပြောလာခဲ့တယ်။

” ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါတို့တွေသိပ်ပြီတွေးဖို့မလိုဘူးလေ အနိုင်ရဖို့အတွက် အကောင်းဆုံးလုပ်ကြတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အနေနဲ့ ငါတို့အစွမ်းအစတစ်ခုထဲနဲ့ ချန်ပီယံဖြစ်လာဖို့အတွက်လွယ်မှမလွယ်ပဲ ပြိုင်ပွဲတွေအားလုံးကိုပဲ ထည့်ပြောကြမှာ ”

ဟို့ယွိဟောင်က သူ့ဘေးမှာပြန်လှဲနေရင်း နဖူးပေါ်က်ိုလက်တင်ပြီ စဥ်းစားကြည့်နေခဲ့တယ်။

” အမှန်ပဲ အကယ်၍ အစ်မကြီးရှောင်ထောင့်နဲ့ တခြားသူတွေသာပြိုင်ပွဲထဲ၀င်လာနိုင်မယ်ဆိုရင် ငါတို့တွေ ချန်ပီယံဖြစ်လာဖို့အခွင့်အရေးရှိမယ်ထင်လား ”

၀မ်သုန့်က သူ့ကိုတံတောင်နဲ့ လာတွတ်ပါတော့တယ်။

” ငါနဲ့ခပ်ဝေးဝေးနေစမ်းပါ ငါဘယ်လိုလုပ်သိမှာလဲ ငါတို့တွေ အခွင့်ရေးရှိကောင်းရှိနိုင်တယ်..မဟုတ်ရင် မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်နှစ်ယောက်စလုံးက ၀ိညာဥ်ဧကရာဇ်တွေပဲ မင်းဒီလိုမျိုး အစ်မကြီးရှောင်ထောင့်ကို ချစ်ခင်မြတ်နိုးတဲ့ပုံစံတဲ့ခေါ်နေတဲ့အသံက နားကြားအမြင်ကပ်စရာကောင်းလိုက်တာ မင်းမှာဒီလိုမျိုး အသက်ကြီးကြီးမိန်းမတွေကို ကြိုက်နှစ်သက်တဲ့စိတ်မျိုးရှိနေမယ်လို့ ထင်မထားခဲ့ဘူး ”

” မင်းကမှအဲ့ဒီလိုစိတ်လိုမျိုးရှိတဲ့သူ ”

ဟို့ယွိဟောင်က မကျေမနပ်နဲ့ပြန်ဖြေလိုက်ပါတယ်။

” မင်းဘာဖြစ်လို့ သူ့ကိုရန်လိုနေတယ်ဆိုတာတောင် ငါနားမလည်နိုင်ဘူးဖြစ်နေခဲ့တာ ”

၀မ်သုန့်က ဟို့ယွိဟောင်ဘက်ကိုလှည့်လာရင်း သူ့နဖူးကိုတောက်ချလိုက်ပါတယ်။

” မမေ့နဲ့ သူကြောင့်ငါတို့တွေ သေမလိုဖြစ်ခဲ့ရတာမှတ်မိသေးတယ်မလား မင်းလိုကောင်မျိုးက နှာဘူးထနေတာနဲ့ပဲ လုပ်ခဲ့တဲ့ကိစ္စတွေ ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကို မေ့သွားတယ်ပေါ့ ”

ဟို့ယွိဟောင်လဲ နာနေတဲ့နဖူးကို ပွတ်ရင်းပြန်ပြောပါတယ်။

” ဟေ့ကောင် ငါကအသက်ဆယ့်နှစ်နှစ်ပဲရှိသေးတယ်..နှာဘူးထနေတယ်ဆိုတာ ဘာကိုပြောချင်တာလဲ ဒီလိုအတွေးမျိုးက မင်းခေါင်းထဲမှာပဲ ရှိနေတာ မင်းခေါင်းတစ်ခုလုံးဒီလိုမျိုး မဟုတ်တရမ်းတာတွေ ပြည့်နေတာပဲ ငါတို့အသက်အရွယ်ဆိုတာက ကောင်းကောင်းစာကြိုးစားရင်းနဲ့ ဟို့အမြင့်ကြီးကိုတက်ဖို့ရည်မှန်းနေရမှာ အဲ့ဒီလိုကိစ္စတွေ သိပ်မတွေးနဲ့ နားလည်ပြီလား ”

” ဒီလိုဖြစ်မယ်ဆိုရင်တော့ ကောင်းတာပေါ့ ငါ ငါ့အခန်းပြန်တော့မယ် ”

သူပြောပြီတာနဲ့အိပ်ရာပေါ်ကနေ ထထွက်သွားပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်က သူ့လက်ကိုပြန်ဆွဲထားခဲ့တယ်။

” မသွားသေးနဲ့ဦး ”

၀မ်သုန့်က လက်ကိုပြန်ရုတ်လိုက်ရင်း မေးပါတော့တယ်။

” ဘာလုပ်မလို့လဲ ”

” မင်းကတော့တကယ်ဘာမှမတွေးတဲ့ကောင်ပဲ ငါတို့တွေလေ့ကျင့်ရမယ်လေ ”

ပထမဆုံးနေ့ရဲ့ ရှုံးထွက်ပွဲစဥ်ကိုပြီးမြောက်အောင်မြင်သွားပြီဖြစ်တာကြောင့် အလှည့်ကျပြိုင်ပွဲတွေရဲ့ ပထမနေ့မရောက်ခင်အထိ နှစ်ရက်လုံးလုံးအပြည့်အ၀ အနားယူဖို့ရှိပါတယ်။

ဒါပေမယ့် လာမဲ့နှစ်ရက်အတွင်းမှာကလဲ စစ်ကူအဖွဲ့ရဲ့အရိပ်အယောင်က မရှိခဲ့ပါဘူး။

ဒီရက်ပိုင်းတွေအတွင်းမှာ အလုပ်အများဆုံးသူကတော့ သေချာပေါက် ၀မ်ယန်ပါပဲ။ သူကနေ့တိုင်းတည်ခိုဆောင်ကို ၀င်လိုက်ထွက်လိုက်လုပ်နေရပါတယ်။ တခဏတာအတွင်း ပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေခဲ့တယ်။ ပြိုင်ပွဲရဲ့တတိယညဘက်မှာကတော့ အဖွဲ့သားတွေအားလုံးကို သူစုစည်းပြီနောက်တစ်ကြိမ် အစည်းအဝေးပွဲကို ကျင်းပပြန်ပါပြီ။

” ရှောင်ထောင့် ဒဏ်ရာတွေဘယ်လိုလဲ ”

၀မ်ယန်က မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့ကို မေးလိုက်တယ်။

မာရှောင်ထောင့်က ပြန်ဖြေပါတယ်။

” လွန်ခဲ့တဲ့ရက်တွေမှာ အပြည့်အ၀အနားယူပြီလေ့ကျင့်ချိန်ရတာကြောင့် ပြန်လည်ကုသကောင်းမွန်လာမှုက အတော်လေး မြန်ဆန်ပါတယ်..လ၀က်အတွင်းမှာ အပြည့်အ၀ပြန်ကောင်းမှာပါ အကယ်၍ ပြိုင်ပွဲထဲကို ထိုးဖောက်၀င်သွားခဲ့မယ်ဆိုရင်တော့ ဆယ်ရက်အချိန်က လုံလောက်ပါလိမ့်မယ်..ဒါပေမယ့် ဒီလိုလုပ်လို့ကတော့ ဒဏ်ရာတွေပိုဆိုးမှ စိုးရိမ်မိတယ် ”

အတွင်းဒဏ်ရာဆိုတာက ၀ိညာဥ်ပညာရှင်တစ်ယောက်အတွက် အန္တရာယ်အများဆုံးဒဏ်ရာတွေပါပဲ။ အတွင်းကလီစာတွေကို ထိခိုက်မှုက ကျန်တဲ့ထိခိုက်မှုတွေထက် ပိုပြီးကြီးမားလာပါတယ်။ ဒါ့အပြင် တစ်နေရာပျက်စီးတာနဲ့ နောက်တစ်နေရာပါလိုက်ပြီ ဆက်တိုက်ပျက်စီးတာပါ။ ကံကောင်းစွာနဲ့ပဲ သူတို့သုံးယောက်ကဒဏ်ရာရပေမဲ့ အဆိပ်မမိခဲ့ပါဘူး။ အကယ်၍ အဆိပ်သာမိခဲ့မယ်ဆိုရင် လ၀က်ထဲနဲ့ ရင်ဆိုင်ဖြေရှင်းလို့ရမဲ့ပြသာနာမဟုတ်မှန်း သိနေခဲ့တယ်။ ဥပမာအားဖြင့် တခြားကျောင်းတော်ကို ပြန်ပို့ပြီ ကုသမှုခံယူနေရတဲ့ သူတွေလိုပါပဲ။ သူတို့တွေက အပြည့်အ၀ပြန်ကောင်းမွန်လာဖို့ အနည်းဆုံးအချိန်သုံးလလောက်ယူရမှာပါ။ အခုအချိန်မှာတော့ မာရှောင်ထောင့်တို့သုံးယောက်က မင်သုန့်တောင်ကြောမှာဖြစ်ခဲ့တဲ့ကိစ္စအတွက် အတော်လေး မကျေမနပ်ဖြစ်နေကြဆဲပါပဲ။ အဲ့ဒီမိစ္ဆာ၀ိညာဥ်ပညာရှင်စွမ်းရည်က အတော်ကို ဆိုးယုတ်ရက်စက်လွန်တယ်။ သူတို့အနေနဲ့ အဲ့ဒီလိုစွမ်းရည်မျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။ အလောင်းတွေပိုများလေလေ သူ့ရဲ့စွမ်းအားက ပိုကြီးမားလေပါပဲ။ ဒါကလဲ ကြီးမားတဲ့အဆုံးအရှုံးကို ဖြစ်စေခဲ့တယ်။

အပိုင်း ၇၇•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset