အပိုင်း ၇၆•၃
” အမျက်ဒေါသကျောင်းတော်ကငါလာတယ် ထန်မျိုးနွယ်ကလူ ”
°°°
လက်ရှိအချိန်မှာ သတိလစ်နေတဲ့ဟို့ယွိဟောင်ကိုကြည့်ရင်း ပေ့ပေ့ကပြောလိုက်ပါတယ်။
” ငါတို့ရဲ့ဆရာတူညီလေးက တကယ်ကိုပါရမီရှိတာပဲ အဲ့ဒီအချိန်မှာ ငါတို့ရဲ့စိတ်ခံစားချက်တွေက လုံး၀ကိုပြောင်းလဲသွားပြီးပြီ အမျက်ဒေါသကျောင်းတော်ရဲ့တောက်ပမှုအောက်မှာ လုံး၀ကိုနစ်မြုပ်သွားတာကြောင့် စိတ်ပျက်မှုတွေအားလုံးက စိတ်လှုပ်ရှားမှုအဖြစ်ကိုပြောင်းသွားခဲ့တယ်..ပထမတိုက်ပွဲကို သူ့ရဲ့အမိန့်အောက်မှာလုပ်မယ်လို့ပြောခဲ့တယ်..ဒါ့အပြင် ရည်ရွယ်ချက်က အနိုင်ရဖို့သက်သက်တင်မဟုတ်ပဲ တစ်ချက်ထဲနဲ့အပြတ်ရှင်းဖို့ပဲ ဒါကိုအောင်မြင်မယ်ဆိုရင် ဆရာတူညီလေးအနေနဲ့ ဆက်တိုက်စီစဥ်ပြီတော့ ထင်ထားတာထက်ကို ပိုအားကောင်းတဲ့ရလဒ်တစ်ခုကို ဖန်တီးရမယ်…ယွိဟောင်က သူတို့ပြိုင်ဘက်တွေဒီလောက်အထိ အဖြစ်ဆိုးသွားလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး..သူတို့အဓိကဆုံးရှုံးသွားတဲ့အကြောင်းအရင်းကတော့ ထိတ်လန့်တာကြောင့်ပဲ အစ်မကြီးမာပြောတာမှန်တယ်..ငါတို့အမျက်ဒေါသကျောင်းတော်ရဲ့ အသန်မာဆုံးလက်နက်က ဂုဏ်သတင်းပဲ ”
” ယွိဟောင်ရဲ့ မူလအစီအစဥ်တုန်းမှာ အားလုံးပါ၀င်ပြသဖို့အတွက် အခန်းကဏ္ဍတွေရှိကြတယ်..အကြိုကတော့ သူ့ရဲ့တုပတဲ့စွမ်းရည်ကို အသုံးပြုပြီး ပြိုင်ဘက်တွေကို ပေါင်းစည်းစွမ်းရည်နဲ့ တိုက်ခိုက်ဖို့လုပ်ခဲ့တာ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေချိတ်ပိတ်ခံလိုက်ရမယ်ဆိုရင် ကျန်တဲ့ကျွန်တော်တို့အားလုံးက အသန်မာဆုံး၀ိညာဥ်စွမ်းရည်တွေကို ထုတ်ဖော်ပြသရင်းတိုက်ခိုက်ကြမယ်ပေါ့ ဒါပေမယ့် ထျန်းလင်းကျောင်းတော်ရဲ့ ကျောင်းသားတွေက ဒီလောက်တောင်ကြောက်တတ်တဲ့သူတွေဖြစ်နေမယ်လို့ ဘယ်သူတွေးမိမှာလဲ ယွိဟောင်က၀ိညာဥ်စက်ကွင်းခြောက်ကွင်းကိုထုတ်ပြလိုက်ရုံနဲ့တင် သူတို့တွေက ခုန်ရှောင်ဖို့အတွက်တောင် မေ့သွားကြပြီ ယွိဟောင်နဲ့ ၀မ်သုန့်တို့ပေါင်းစည်းစွမ်းရည်ကြောင့်ထိမိပြီတာနဲ့ သူတို့တွေ ချက်ချင်းထွက်ပြေးကုန်ကြတော့ပါပဲ ဒါကြောင့်သာ အနိုင်ရသွားခဲ့ရတယ်..သူတို့ရဲ့တကယ်စွမ်းအားအစစ်အမှန််ဆယ်ရာခိုင်နှုန်းကို ထုတ်သုံးဖို့အခွင့်အရေးမရှိလိုက်ဘူး ဒါကြောင့် သူတို့တွေအားလုံးက မတိုက်ခိုက်ခဲ့ဘူးလို့ပြောမယ်ဆိုရင်တောင် မလိုပဲရှိနေပါလိမ့်မယ်..ဒါကြောင့် ပထမပွဲစဥ်က ဒီလောက်လွယ်လွယ်နဲ့ အနိုင်ရသွားခဲ့ရတယ် ”
၀မ်ယန်ကတော့ အနည်းငယ်စိတ်ရှုပ်ထွေးနေဆဲပါ။ ကိစ္စတွေကပေ့ပေ့ရှင်းပြသမျှလောက် ရိုးရှင်းတယ်လား။ သူက ၀ိညာဥ်ပညာရှင်တွေထဲမှာ အတော်ကို အတွေ့အကြုံကြွယ်၀တဲ့သူဖြစ်နေခဲ့ပါတယ်။ သူကိုယ်တိုင်ကလဲ ဟို့ယွိဟောင်က စိတ်၀ိညာဥ်စွမ်းရည်တွေကို တစ်ခုပြီတစ်ခု ထုတ်လွှတ်ရင်းနဲ့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို ၀မ်သုန့်နဲ့အတူတူအသုံးပြုသွားမှန်း သတိထားမိခဲ့တယ်။ ဒါပေမယ့် သူတို့တွေ သေမတတ်ကြောက်နေမယ်ဆိုရင်တောင် ထျန်းလင်းကျောင်းတော်ရဲ့ ကျောင်းသားတွေက တိုက်ခိုက်ဖို့အတွက်အချိန်ရှိပါသေးတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ရွှေရောင်လမ်းက ၀မ်ယန်မြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံးစွမ်းရည်ပါပဲ။ စွမ်းအားကအံ့ဩစရာကောင်းပေမဲ့ သူရဲ့အားနည်းချက်ကလဲ ရှင်းရှင်းလင်းလင်းရှိနေခဲ့တယ်။ မျဥ်းဖြောင့်တစ်ကြောင်းထဲအတိုင်း တိုက်ခိုက်တာပါ။ ဒါကြောင့် ပြိုင်ဘက်တွေမှာ လှုပ်ရှားလိုက်မယ်ဆိုရင် ဒါကအသုံးမ၀င်နိုင်တော့ပါဘူး။
” အဲ့ဒီလောက် မရိုးရှင်းဘူး ”
ထိုက်ယွဲ့ဟန်က ရုတ်တရက်ပြောလာခဲ့ပါတယ်။
သူ့ရဲ့စကားလုံးတွေက လူတိုင်းရဲ့အာရုံကိုဖမ်းစားလိုက်ပါပြီ အဲ့ဒီနောက် သူဆက်ပြောပြန်တယ်။
“:မင်းသတိမထားမိဘူးလား ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ပေါင်းစည်းစွမ်းရည်က အရင်ကထက် ပိုပြီး သန်မာလာတယ်..ဒါပေမယ့် သူတို့ရဲ့ဘယ်ကျင့်ကြံဆင့်ကမှ အဆင့်မမြင့်တင်သေးဘူး..ဒါကြောင့် သူတို့အနေနဲ့ ပေါင်းစည်းစွမ်းရည်ရဲ့ အဆုံးစွန်းအထိ ရောက်ရှိဖို့ ထူးခြားတဲ့နည်းလမ်းတွေကို အသုံးပြုလိုက်တာပဲ ဖြစ်ရမယ်..ဒါကြောင့်သာ ပြိုင်ဘက်ကိုတစ်ချက်ထဲနဲ့ အနိုင်ယူလိုက်တာပဲ ဒီလိုမျိုးတိုက်ကွက်နဲ့ရင်ဆိုင်ရပြီဆိုရင် ရန်သူအနေနဲ့ သူတို့ကိုသူတို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရလိမ့်မယ်လို့ အတွေး၀င်သွားလိမ့်မယ်..ဒီအတွေးကြောင့် အထိတ်တလန့်နဲ့ ထွက်ပြေးကြတော့ပဲ ”
ပေ့ပေ့က ခေါင်းညိတ်လိုက်ပါတယ်။
” အစ်ကိုထိုက်ပြောတာ မှန်ပါတယ်..သူတို့ရဲ့လက်ရှိအင်အားနဲ့ဆိုရင် ပေါင်းစည်းစွမ်းရည်ရဲ့ အစွမ်းသတ္တိကအတော်ကို မြင့်နေလောက်ပြီ ”
၀မ်ယန်က ထရပ်လိုက်ပါတယ်။ သူကပြုံးပြရင်းနဲ့ ပြောလာခဲ့တယ်။
” သူတို့က ကျောင်းတော်ရဲ့ဂုဏ်သတင်းကို ထိန်းသိမ်းနိုင်လိုက်ပြီ ဘယ်လိုပဲလုပ်ခဲ့သည်ဖြစ်ပါစေ ကိစ္စမရှိဘူး တကယ်တော့ ဒီလိုအနိုင်ရရှိမှုက ကျောင်းတော်အနေနဲ့ ဒီပြိုင်ပွဲတွေမှာ ပြိုင်ဆိုင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်ကျေနပ်စရာအကောင်းဆုံးအောင်ပွဲလို့ ပြောလို့ရနိုင်တယ်..မင်းတို့အားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့စွမ်းအားကိုတွေ့ကြုံစေတယ်..ဒါ့အပြင် မေးခွန်းထုတ်နေတဲ့လူတွေအားလုံးကိုလဲ တိတ်ဆိတ်သွားစေခဲ့တယ်..ဒါကြောင့် ကျောင်းတော်ကိုယ်စားအားလုံးကို လေးလေးနက်နက်ကျေးဇူးတင်ပါတယ် ”
အဲ့ဒီနောက် ၀မ်ယန်က ပေ့ပေ့တို့ငါးယောက်နဲ့အတူ သတိလစ်နေတဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုပါ ဦးညွတ်လိုက်ပါတော့တယ်။
ဒီအနိုင်ရရှိမှုက အမျက်ဒေါသကျောင်းတော်အတွက်ကို တကယ်အရေးကြီးတဲ့ကိစ္စပါပဲ။ ဒါ့အပြင် သူတို့ရဲ့အနိုင်ရရှိမှုနဲ့ ပထမအချီရဲ့ထုတ်ပယ်မှုကို ကျော်လွှားနိုင်ခဲ့ပါပြီ။ နောက်ထပ်အချီတွေအတွက် နေရာတစ်ခုကို အခိုင်အမာရယူနိုင်ခဲ့ပါတယ်။ သူတို့တွေ ဘယ်လိုဆက်သွားရမလဲဆိုတာကိုတော့ အချိန်က ဆုံးဖြတ်ပြီသားဖြစ်သွားတော့မှာပါ။ မာရှောင်ထောင့်နဲ့ တခြားနှစ်ယောက်ကလဲ ထုတ်ပယ်မှုပြိုင်ပွဲရဲ့အလယ်လောက်မှာ ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေရှိနေခဲ့ပါတယ်။ ဒါ့အပြင် ဒီနေ့သူတို့ထုတ်ပြလိုက်တဲ့စွမ်းရည်ကြောင့် အမျက်ဒေါသကျောင်းတော်အနေနဲ့ ဘယ်လိုပဲရင်ဆိုင်ရပါစေ ပြိုင်ဘက်တွေက သေချာပေါက် ကြောက်လန့်နေခဲ့မှာပါ။
ပေ့ပေ့ကတော့ အသက်ပြင်းပြင်းရှုသွင်းရင်း ပြောလာခဲ့ပါတယ်။
” ဆရာ၀မ်မစိုးရိမ်ပါနဲ့ ကျောင်းတော်ရဲ့ အကူအညီတွေကိုစောင့်နေတဲ့အချိန်ကာလတွေအတွင်း ကျွန်တော်တို့ရဲ့အဖွဲ့သားတွေကလဲ ပြန်လည်ကုသကောင်းမွန်လာမှာပါ ဒါကြောင့် ပြိုင်ပွဲတွေအားလုံးကို အနိုင်ရဖို့အတွက် အကောင်းဆုံးကြိုးစားပါ့မယ် ”
၀မ်ယန်က ခေါင်းညိတ်လိုက်တယ်။
” ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကို အိပ်ရာပေါ်သွားတင်လိုက် သူတို့တွေကောင်းကောင်းနားကြပါစေ ဒီနေ့အကောင်းဆုံးတိုက်ခိုက်ခဲ့ကြတယ်..ဒီနေ့ရလဒ်ကို မူတည်ပြီ နည်းဗျူဟာတစ်ခုကို ငါထုတ်လုပ်ပေးမယ်..မင်းတို့တွေ ဒီအခွင့်အရေးကိုကောင်းကောင်းထိန်းချုပ်ထားနိုင်မယ်ဆိုရင် နောက်ပြိုင်ပွဲတွေကို အနိုင်ရဖို့အလွယ်လေးပဲ ”
အားလုံးက သိပ်ပြီမတွေးမိပေမဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ အိပ်ရာတစ်ခုထဲမှာအတူတူ အိပ်ကြရပြန်ပါပြီ။
ပထမပြိုင်ပွဲရဲ့ ထိတ်လန့်မှုကနေ သတိပြန်၀င်လာပြီတဲ့နောက် ပြိုင်ပွဲကလဲ အပြည့်အ၀ဆက်သွားပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ လုပ်ဆောင်ချက်ကတော့ လူတိုင်းရဲ့စိတ်ထဲမှာ ထင်ထင်ရှားရှားကျန်ရစ်နေဆဲပါပဲ။ ဒါ့အပြင် သူပြောခဲ့တဲ့စကားကလဲ အားလုံးရဲ့နားထဲကို ပြန်ကြားယောင်နေစေခဲ့တယ်။ ဒါကြောင့် အမျက်ဒေါသကျောင်းတော်နဲ့ ထန်မျိုးနွယ်စုဆိုတဲ့စကားတွေက မြို့တော်ထဲမှာ ညတွင်းချင်းကျော်ကြားလာပါတော့တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နိုးလာချိန်မှာတော့ ညနေခင်းရောက်နေခဲ့ပါပြီ။ အချိန်အတိအကျပြောရမယ်ဆိုရင် ၀မ်သုန့်က အရင်နိုးလာခဲ့ပြီ ဟို့ယွိဟောင်က သူ့ရဲ့အထိတ်တလန့်အော်သံကြောင့်သာ နောက်မှနိုးလာခဲ့တာပါ။ ၀မ်သုန့် နိုးလာပြီချိန်မှာပဲ သူ့နဲ့နောက်လူတစ်ယောက် အိပ်နေတာသိလိုက်ရတဲ့အတွက် ပထမဆုံးအဲ့ဒီလူကို ကန်ချပါတော့တယ်။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့ အဖြစ်ဆိုးကလဲ ပြန်လည်စတင်ပြန်ပါပြီ။ မြေပြင်ပေါ်ကို ဇောက်ထိုးကျမှတော့ ဘယ်လိုလုပ်မနိုးပဲ နေနိုင်မှာလဲ။
” မင်းဘာလုပ်တာလဲ ”
ဟို့ယွိဟောင်ကတော့ အိပ်ရာပေါ်တွဲတက်လာရင်း ဒေါသတကြီးနဲ့ပြောပါတော့တယ်။
ဟို့ယွိဟောင်ဆိုတာ မြင်လိုက်ပြီတဲ့နောက် ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။
” မင်းမှန်ငါမှမသိတာ ဘာကြောင့် မင်းငါ့အခန်းထဲ ရောက်လာပြန်တာလဲ ”
ဟို့ယွိဟောင်က မျက်လုံးအပြူးသားဖြစ်နေခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် ပတ်၀န်းကျင်ကိုကြည့်ရင်း သူ့ရဲ့ဒူးတွေကိုဖက်ထားလိုက်ပြီ မကျေမနပ်နဲ့ ပြန်ပြောလိုက်ပါတယ်။
” ပေါက်ကရတွေ ဒါငါအခန်းလေ မင်းကငါ့အိပ်ရာပေါ်အိပ်နေရုံတင်မက ငါ့ကိုလဲကန်ချ၀ံ့တယ်ပေါ့ အသိစိတ်ရောရှိသေးရဲ့လား ”
” ငါဘယ်လိုလုပ်ဒီရောက်လာတာလဲဆိုတာ ဘယ်လိုသိမှာလဲ “:
အဲ့ဒီနောက် ၀မ်သုန့်က မျက်လုံးဖွင့်လိုက်ရင်းပြောပါတယ်။
” ဘာလို့အော်နေတာလဲ မင်းအိပ်ရာပေါ်က ပြုတ်ကျရုံနဲ့သေသွားမှာမှမဟုတ်တာ ပြီးရင် မင်းငါရဲ့ဘေးမှာ အမြဲတမ်းအိပ်ချင်နေခဲ့တာမဟုတ်ဘူးလား “‘
“:ဒါတွေကိုငါပြောချင်တာမဟုတ်ဘူး ဒါကငါ့အခန်းပဲလေ အဲ့ဒီတော့ ငါတို့တွေအတူတူအိပ်ကျရတယ်ဆိုရင်တောင် ဘာဖြစ်မှာလဲ ဒါကပထမဆုံးအကြိမ်မှမဟုတ်တာ “:
၀မ်သုန့်ကတော့ ဟို့ယွိဟောင်နဲ့ဘယ်လိုစကားပြောပြောမနိုင်မှန်းသိနေခဲ့တဲ့အတွက်ကြောင့်မလို့ သူ့ခန္ဓာကိုယ်ကို လှည့်ရင်းဟို့ယွိဟောင်ကို သူ့အောက်ဖက်မှာ ဖိထားလိုက်ပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့သာလွန်တဲ့ ၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး ဟို့ယွိဟောင်ရဲ့ပုခုံးကိုဖိထားရင်း သူ့ပေါ်မှာတက်ထိုင်နေခဲ့တယ်။
” အရှုံးပေးမလား မပေးဘူးလား ”
၀မ်သုန့်က မေးလာခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ရယ်လိုက်ပါတယ်။
” လုံး၀အရှုံးမပေးဘူး အရှုံးမပေးရင်ကော မင်းဘာလုပ်မှာလဲ ”
၀မ်သုန့်အနေနဲ့လဲ သူဟို့ယွိဟောင်ကို ဘာမှမလုပ်နိုင်မှန်းသိသွားခဲ့ပါတယ်။ သူအံ့ဩတဲ့အချိန်မှာ ဟို့ယွိဟောင်က အခွင့်အရေးကို အသုံးပြုပြီး သူ့ရဲ့လှုပ်ရှားလို့ရတဲ့ လက်မောင်းတွေကိုအသုံးပြုရင်း ၀မ်သုန့်ရဲ့ခါးကိုကလိထိုးပါတော့တယ်။
၀မ်သုန့်အနေနဲ့လဲ လန့်သွားခဲ့ပြီ စတင်ရယ်မောတော့တယ်။ ဟို့ယွိဟောင်က ဒီအခွင့်အရေးကို ဘယ်လိုလုပ်လက်လွှတ်မှာလဲ သူလက်တွေလွှတ်သွားတာနဲ့ ချက်ချင်းဆိုသလို ၀မ်သုန့်ကိုဆွဲပြီ ဖိချပြန်ပါတော့တယ်။
ခန္ဓာကိုယ်တွေက အနည်းငယ်ဝေးကွာနေခဲ့ပေမဲ့ ဟို့ယွိဟောင်အနေနဲ့ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်နွေးထွေးမှုကို ခံစားနေခဲ့ရပါတယ်။ ဒါကြောင့် သူကောက်ကျစ်မှုအပြည့်နဲ့ပြုံးရင်း ပြောလာခဲ့တယ်။
” မင်းခန္ဓာကိုယ်က အတော်နူးညံ့တာပဲ ခေါင်းအုံးအဖြစ်သုံးမယ်ဆိုရင်ရော အဆင်ပြေမလားငါသိချင်လိုက်တာ အညံ့ခံမလား မခံဘူးလား ”
၀မ်သုန့်ကလဲ ဟို့ယွိဟောင်အရင်တုန်းက ပြောလိုက်တဲ့ပုံစံအတိုင်းတစ်ပုံစံထဲပြန်ပြောပါတယ်။
” လုံး၀အညံ့မခံနိုင်ဘူး.. အဲ့ဒီတော့ မင်းဘာလုပ်နိုင်မှာလဲ ”
ဟို့ယွိဟောင်ကစတင်ပြီ ၀မ်သုန့်ရဲ့ ခန္ဓာကိုယ်ကနေ ခြေဖျားအထိကို စိုက်ကြည့်ပါတော့တယ်။ အဲ့ဒိီနောက် ကောက်ကျစ်တဲ့အပြုံးက ပေါ်လာခဲ့ပါပြီ။ ၀မ်သုန့်အနေနဲ့လဲ စိုးရိမ်တကြီးမေးလာခဲ့တယ်။
” မင်းဘာလုပ်မလို့လဲ ”
” ငါထင်တာမမှားဘူးဆိုရင် လူတစ်ယောက်ကအတော်ကိုယားတတ်တယ် ”
အဲ့ဒီနောင် သူ့ရဲ့လက်တွေက ၀မ်သုန့်ရဲ့အောက်ဖက်ဆီကို ရောက်သွားပါတော့တယ်။ ပြီတဲ့နောက် ဆက်တိုက်ဆိုသလို ၀မ်သုန့်ကို ကာလိထိုးပါပြီ။
ချက်ချင်းဆိုသလို ၀မ်သုန့်က စတင်ရယ်မောရင်းနဲ့ ပုဇွန်ခြောက်လိုမျိုးခန္ဓာကိုယ်က ကွေးသွားပါတော့တယ်။
” ငါအရှုံးပေးတယ် ငါအရှုံးပေးတယ် ငါ့ကိုလွှတ်ပါဦး မင်းနဲ့နောက်တစ်ခေါက် ရန်မဖြစ်တော့ပါဘူး ငါရယ်ရလို့သေတော့မယ် ”
ဟို့ယွိဟောင်လဲ ရုတ်တရက်ဆိုသလို ရပ်တန့်လိုက်ပါတော့တယ်။၀မ်သုန့်ကလဲ ဟို့ယွိဟောင်ကို ပြန်တွန်းဖယ်လိုက်တယ်။
” စောင့်ကြည့်နေလိုက်စမ်းပါ လူကြီးလူကောင်းတစ်ယောက်ဆိုတာ ဆယ့်နှစ်ကြာမှလက်စားချေလဲ နောက်မကျဘူး ”
ဒါပေမယ့် ဟို့ယွိဟောင်က သူ့ရဲ့ ခြိမ်းခြောက်သံကို မကြားသလိုပါပဲ။ ရုတ်တရက်ဆိုသလို လက်မြောက်ရင်းနဲ့ ပြောလိုက်တယ်။
” ၀မ်သုန့် မင်းအသံဘာဖြစ်လို့ပြောင်းသွားတာလဲ ”
၀မ်သုန့်ကို ကလိထိုးနေတဲ့အချိန် ၀မ်သုန့်ရဲ့အသံက ရုတ်တရက်ပြောင်းလဲလို့သွားခဲ့ပြီ နား၀င်ပိုချိုလာတာကိုသူသတိထားမိပါတယ်။ ငွေဆည်လည်တစ်ခု မြည်းဟီးနေသလိုမျိုး ချိုမြတဲ့အသံပါ။ ဒါက ၀မ်သုန့်ပုံမှန်အသံနဲ့ လုံး၀ကိုကွားခြားပါတယ်။ ဟို့ယွိဟောင်က သူ့ကိုသိလာခဲ့တာတစ်နှစ်ကျော်နေခဲ့ပါပြီ။ သူတို့တွေအမြဲတမ်းအတူတူ နေနေခဲ့ပေမဲ့ အဲ့ဒီလိုအသေးအဖွဲ့ပုံမှန်မဟုတ်တာကို သူချက်ချင်းသတိထားမိတာမဆန််းပါဘူး။
၀မ်သုန့်လဲ မျက်လုံးပြူးသွားခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးထဲမှာ ပေါ်လာခဲ့တဲ့အကြောက်တရားကတော့ သတိထားမိဖို့မလွယ်ကူခဲ့ပါဘူး။
” မဟုတ်တရမ်းတာတွေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းနားကြားလွဲတာဖြစ်မှာပေါ့ ဒါ့အပြင် မင်းကြောင့် ငါကောင်းကောင်းအသက်မရှုနိုင်ဘူးလေ ငါ့အသံပြောင်းသွားတာ ထူးဆန်းမလား ဘာလဲငါ့ကိုလူစားထိုးခံထားရတယ်လို့ထင်လို့လား ”
ဟို့ယွိဟောင်က ခေါင်းညိတ်ရင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။
” ဟုတ်တယ်လေ ဒါပေမယ့် မင်းလိုနံစော်နေတဲ့ကောင်ကို အတုခိုးဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပဲလေ ”
” မဟုတ်တရမ်းတာတွေ ငါနေ့တိုင်းရေချိုးတယ်..ငါ့အသားအရေက မွှေးကြိုင်နေတာပဲ မင်းကမှနံတဲ့ကောင် ”
၀မ်သုန့်ဒေါသထွက်လာတာကို မြင်ချိန်မှာတော့ ဟို့ယွိဟောင်လဲ ချက်ချင်းစကားလမ်းကြောင်းလွဲလိုက်ပါတော့တယ်။
” ကောင်းပြီ ကောင်းပြီ မပြောတော့ဘူး ငါတို့တွေမနက်ဖြန်တိုက်ခိုက်ရဖို့ပြိုင်ပွဲရှိသေးတယ် ”
ဟို့ယွိဟောင်စကားကိုကြားချိန်မှာ ၀မ်သုန့်လဲ ရပ်တန့်လိုက်ပါတော့တယ်။ တစ်နိုင်ငံလုံးက သူတို့ကိုကြည့်နေခဲ့တဲ့မြင်ကွင်းကို ပြန်ပြီတွေးတောနေခဲ့မိတယ်။ အထူးသဖြင့်ဟို့ယွိဟောင်အနေနဲ့ လူပေါင်းသိန်းချီနေတဲ့အရှေ့မှာ မားမားမတ်မတ်ရပ်တည်ရင်းတိုက်ခိုက်ခဲ့တဲ့ပုံစံပါပဲ။ ဒါကသူ့ကိုအခုအနိုင်ကျင့်နေတဲ့ လူငယ်နဲ့အတူတူပဲလား။ ဘယ်လိုများ ကျန်ရစ်တဲ့ပြိုင်ပွဲတွေကို ဆက်သွားရမှာလဲ။
အပိုင်း ၇၆•၃ ပြီး၏။