Chapter – 2.2 ” ကောင်းကင် အိပ်မက် ရေခဲ ပိုးကောင် ”
°°°
၀ိညာဉ်စက်ကွင်းရဲ့ အင်အားက ဝိညာဉ်သားရဲကောင်အသက်ရှင်နေထိုင်လာတာ ဘယ်လောက်နှစ်များများ ရှိပြီဆိုတဲ့အပေါ်မူတည်ပါတယ်။ ဝိညာဉ်သက်တမ်းက သက်တမ်းပိုရှည်လေ ပိုအားကောင်းလေပါပဲ။
၀ိညာဉ်စက်ကွင်းတွေထဲမှာ အဖြူရောင်ဝိညာဉ်စက်ကွင်းတွေကတော့ ဆယ့်နှစ်သက်တမ်းရှိတဲ့ သားရဲကောင်ကနေ ဖြစ်ပေါ်နိုင်တာပါ။ သားရဲကောင်တွေအားလုံးက ဆယ့်နှစ်ကနေ နှစ်တစ်ရာ၀န်းကျင်လောက်အထိကို အဖြူရောင်ဝိညာဉ်စက်ကွင်းတစ်မျိုးကိုသာ ထုတ်လွှတ်နိုင်ပါတယ်။ ဟို့ယွိဟောင် ကံကောင်းပြီ သတ်လိုက်နိုင်တဲ့ ပိုးကောင်သားကောင်ကလဲ ဆယ့်နှစ်သက်တမ်းရှိတဲ့ သားရဲကောင်ပါပဲ။ ကံမကောင်းစွာနဲ့ပဲ ဒါက သူအသုံးနိုင်တဲ့အရာမဟုတ်ပါဘူး။ ဟို့ယွိဟောင်က သားရဲကောင်တစ်ကောင်ကို သတ်ပြီတဲ့ အတွေ့အကြုံရှိပေမဲ့ တစ်ဖက်သားရဲကောင်က ဘယ်လိုတည်ရှိမှုလဲဆိုတာ မမြင်နိုင်ပဲ ရှိနေခဲ့တယ်။ ဒါက သူ့နဲ့ သင့်တော်တဲ့စိတ်ဝိညာဉ်သားရဲကောင်မဟုတ်တာတော့ အသေအချာပါပဲ။ ဒါကြောင့် သားကောင်ရဲ့ အခြေအနေကို သူစစ်ဆေးကြည့်ချင်နေခဲ့ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ နာကျင်မှုတွေကို ထိန်းချုပ်ရင်း ထရပ်ဖို့လုပ်ချိန်မှာ အစောပိုင်းတုန်းက ရှိရှိသမျှ အင်အားတွေအားလုံး ပျောက်ဆုံးသွားတာကို သတိထားလိုက်မိတယ်။ လက်ရှိအချိန်မှာ ပုခုံးရဲ့ နာကျင်မှုကြောင့်ရော အင်အားကုန်ဆုံးမှုကြောင့်ပါ သူမေ့မြောမတတ်ဖြစ်နေခဲ့ပါပြီး။
နောက်ဆုံးတော့လဲ သူ့အသက်က ဆယ့်တစ်နှစ်သာ ရှိပါသေးတယ်။ စိတ်ဆုံးဖြတ်ချက်က အနည်းငယ်ယိမ်းယိုင်သွားတာနဲ့ သူ့မှာရှိရှိသမျှ အင်အားတွေအားလုံးက ကုန်ဆုံးသွားပါလိမ့်မယ်။ ဒါ့အပြင် သူ့လို စိတ်ဝိညာဉ်အမျိုးအစားတူတဲ့ သားရဲကောင်က အတော်ကိုရှားပါးလွန်လှပါတယ်။ ပထမသားရဲကောင်ကို တွေ့တွေ့ချင်မှာပင် သူအသတ်လုခံရမတတ်လဲ ဖြစ်သွားခဲ့ရတယ်။ ဒါ့အပြင် အဲ့ဒီသားရဲကောင်က ဆယ့်နှစ်အရွယ်သာ သားရဲကောင်ဖြစ်နေသေးတာပါ။ သူသာ နှစ်တစ်ရာသားရဲကောင်နဲ့ တွေ့ဆုံရမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ လွှတ်မြောက်နိုင်ချေ နည်းနည်းလေးတောင် ရှိမနေခဲ့ပါဘူး။ အချိန်တိုင်း ကံကောင်းနေဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေးပါတယ်။ ကျားဖြူဓားရဲ့ ထုတ်လွှတ်တဲ့အံ့ဩစရာစွမ်းအားတွေက သူ့ရဲ့ အားနည်းချက်ကို ဖာထေးမပေးနိုင်ပါဘူး။
ငါဘာလုပ်သင့်လဲ ဟို့ယွိဟောင် ကြိုးစားပြီ ထထိုင်ရင်း စဉ်းစားလို့နေခဲ့တယ်။ အဲ့ဒီနောက် သစ်ပင်ကိုမှီထားရင်း အသက်ကို ခပ်ပြင်းပြင်းရှုနေခဲ့ရပါတယ်။
” ငါသေလို့မဖြစ်ဘူး သေချာပေါက် အောင်မြင်ရမယ်…ငါ့အမေအတွက် တရားမျှတမှုကို ရအောင်ရှာပေးရမယ်..ဒီအတိုင်းလက်လျှော့လို့မဖြစ်ဘူး ”
ဟို့ယွိဟောင် အံကိုတင်းတင်းကြိတ်ရင်းနဲ့ သူကိုယ်သူ ပြန်လည်ခိုင်မာလာအောင် ကြိုးစားနေခဲ့ရပါတယ်။ ဒါပေမယ့် အစောပိုင်းတိုက်ပွဲရဲ့ မြင်ကွင်းတွေက သူအရည်အချင်းကို သူအထင်ကြီးနေမိမှန်း သဘောပေါက်လို့ သွားစေခဲ့တယ်။ ဒီလိုဗဟာဟင်လင်ဖြစ်နေတဲ့ ခံစားချက်ကြီးက တစ်ကိုယ်လုံးပြည့်နှက်လို့ နေခဲ့ပါပြီး ဘယ်လိုလုပ်လို့လုပ်ရမယ်မှန်းလဲ မသိပါဘူး။ ရုတ်တရက်ဆိုသလို သူစိတ်ထဲ အသံတစ်သံ ၀င်ရောက်လို့လာခဲ့ပါတယ်။ အဲ့ဒီရုတ်တရက်အသံက သူ့ကို လန့်သွားစေခဲ့တယ်။
” နောက်ဆုံးတော့ စိတ်ဝိညာဉ်အမျိုးအစားတူတဲ့ လူသားနဲ့ တွေ့ရပြီပဲ ဒီညီငယ်လေး ဘာလို့ငိုနေတာလဲ သနားစရာကောင်းလိုက်တာ အကယ်၍ ငါသာ လုပ်ပေးနိုင်မယ်ဆိုရင် သေချာပေါက် မျက်ရည်တွေကို သုတ်ပေးတာပေါ့ ”
ဟို့ယွိဟောင် ဒီအသံဘာလို့ သူ့စိတ်ထဲရောက်လို့ရောက်လာမှန်းတောင် မသိခဲ့ပါဘူး။ မကြာခင်မှာပဲ သူ့အောက်ဖက်မှာရှိနေတဲ့ မြေကြီးက ရုတ်တရက်တုန်ခါလို့လာပါတော့တယ်။ အက်ကွဲကြောင်းတွေက သူ့အရှေ့နှစ်မီတာအကွာမှာ ဖြစ်ပေါ်လို့လာခဲ့ပြီး မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါတယ်။ ဒါက နောက်ထပ် ဝိညာဉ်သားရဲကောင်လား။
ဟို့ယွိဟောင် ဓားကိုချက်ချင်းဆုပ်ကိုင်လိုက်ပြီး ပေါ်လာနေတဲ့အရာကို စိုးရိမ်ပူပန်မှုအပြည့်နဲ့ ကြည့်လိုက်ပါတယ်။ နာကျင်နေတဲ့ ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ရင် သူအစောကြီးကထဲက ထွက်ပြေးနေလောက်ပါပြီး။
အက်ကွဲကြောင်းထဲကနေ အရမ်းကိုအေးစက်တဲ့ အငွေ့အသက်တွေက အပြင်ကို ထုတ်လွှတ်လို့လာခဲ့တယ်။ ပတ်၀န်းကျင်ရဲ့ အပူရှိန်တောင် ချက်ချင်းဆိုသလို ကျဆင်းသွားခဲ့ပါပြီး အက်ကွဲကြောင်းရဲ့ နယ်မြေက ပိုမိုကြီးမားလာတာနဲ့အမျှ ငါးမီတာအကျယ်အထိကို ရောက်ရှိလို့သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရွှေဖြူရောင်အလင်းတန်းရဲ့ ရုပ်သွင်အစစ်အမှန်က ပေါ်လာခဲ့ပါပြီး။
အဲ့ဒီအရာက တစ်မီတာကျော်ကျော်အချင်းရှိတဲ့ ၀၀ဖိုက်ဖိုက် ခေါင်းတစ်ခေါင်းပါပဲ။ သူ့ရဲ့ လှုပ်လှုပ်စိစိ ဖြစ်နေတဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို တက်လာခဲ့ချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး အပြည့်အ၀ မြင်လိုက်ရပါပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ခုနှစ်မီတာကျော် ရှည်နေခဲ့တယ်။
သူ့ပေါ်လာတာနဲ့ ပတ်၀န်းကျင်အ ပူရှိန်က ချက်ချင်းဆိုသလို အေးစက်လို့နေတာကြောင့် ဟို့ယွိဟောင်လဲ အသက်မရှုနိုင်အောင် ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် ချမ်းလွန်လို့ ကြက်သီးတွေ ထနေခဲ့ပါပြီး။
ဒါက သေချာပေါက် ဝိညာဉ်သားရဲကောင်ပါပဲ ဒါ့အပြင် ပိုးသားတွေကို ထုတ်လွှတ်တတ်တဲ့ပိုးကောင်နဲ့လဲ တူနေခဲ့ပါသေးတယ်။ ဒါပေမယ့် သာမန်ပိုးသားတွေထုတ်လွှတ်တဲ့ သားကောင်တွေထက် အများကြီးပိုပြီး ကြီးမားနေတယ်။
ကျောက်စိမ်းဖြူလိုမျိုး တောက်ပနေတဲ့ ခန္ဓာကိုယ်က ကြီးမားကြည်လင်ထိုးဖောက်ပြီ မြင်နေခဲ့ရပြီး သူ့ရဲ့ အရေပြားပေါ်မှာ ဖုံးမှုန့်တစ်စက်မှလဲ ရှိမနေခဲ့ပါဘူး။ ဒါ့အပြင် ခြေချောင်းလက်ချောင်းတွေရဲ့ အောက်ဘက်မှာလဲ အလင်းတန်းတွေက ဆက်တိုက်လှုပ်ရှားလို့နေခဲ့ပါသေးတယ်။ မမျှော်လင့်ထားနိုင်လောက်အောင် သေးငယ်လွန်တဲ့ မျက်လုံးတစ်စုံကတော့ ရွှေရောင်အလင်းတန်းတွေနဲ့ တစ်ဖျတ်ဖျတ်တောက်ပပြီး ခေါင်းပေါ်မှာ မျက်တောင်ခတ်နေခဲ့တယ်။ အထူးဆန်းဆုံးကတော့ သူ့တစ်ကိုယ်လုံးရဲ့ အဆစ်တွေမှာ ပါနေတဲ့ ရွှေရောင်သင်္ကေတတွေပါပဲ။ ခေါင်းကနေပြီ မီတာတစ်၀က်လောက်အထိကို ရွှေရောင်ပုံစံ ဆယ့်ခုရှိနေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာပေါ်မှာ စိတ်ပျက်လက်ပျက်ကြီးက ပေါ်လာခဲ့ပါပြီး အဲ့ဒီလောက်ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ အပူရှိန်ကိုပြောင်းလဲနိုင်ဖို့အရဆိုရင် ဒါက သေချာပေါက် အနည်းဆုံးသက်တမ်းနှစ်တစ်ရာရှိတဲ့ သားရဲကောင်ပဲ ဖြစ်ရမယ်။ အားလုံးတော့ သွားပါပြီး။
” မကြောက်ပါနဲ့ မကြောက်ပါနဲ့ ဒီအစ်ကိုကြီးက မင်းကို အန္တရာယ်မပြုချင်ပါဘူး ”
ဟို့ယွိဟောင်ရဲ့ စိတ်ထဲကို အသံကနောက်တစ်ကြိမ် ၀င်ရောက်လာခဲ့ပြန်ပါတယ်။ ကြီးမားတဲ့ ပိုးကောင်ကြီးကတော့ ခေါင်းတညိတ်ညိတ်လုပ်နေရင်း ဟို့ယွိဟောင်ကို ကြည့်နေခဲ့တယ်။ သူ့ရဲ့ ခေါင်းကြီးက ဟို့ယွိဟောင်နဲ့ တစ်မီတာအကွာအထိကို တိုးလာခဲ့ပြီး ခန္ဓာကိုယ်ကလဲ မွှေးပျံ့တဲ့အနံ့တွေကို ထုတ်လွှတ်လို့နေခဲ့ပါတယ်။
ဟို့ယွိဟောင်က မျက်လုံးအပြူးသားနဲ့ ပြန်မေးမိတယ်။
” ကျွန်တော်ကို စကားပြောနေတာ ခင်ဗျာလား ”
ပိုးကောင်ကြီးက ခေါင်းညိတ်ပြပါတယ်။ အဲ့ဒီနောက် အသံက သူ့စိတ်ထဲကို ရောက်ထပ်၀င်ရောက်လို့လာခဲ့ပါပြီး။
” စကားပြောနေတာ ဒီအစ်ကိုကြီးပဲ ဖြစ်ရမယ်…ဒီအစ်ကိုကြီးကလွဲပြီ ဘယ်သူရှိဦးမှာလဲ ဘာလို့မင်းက ငါ့ရဲ့လှပတဲ့ခန္ဓာကိုယ်ကို မြင်ပြီ သတိတွေဘာတွေ လွှတ်ပေးရမှာလား ”
ကြီးမားတဲ့ ပိုးကောင်ကြီးမှာ မကောင်းတဲ့ စိတ်အကြံအစည်မရှိတာကို နားလည်သွားပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ နှလုံးသားထဲက နာကျင်မှု အနည်းငယ်လျော့သွားပါတော့တယ်။
” ဘာလိုချင်လို့လဲ ”
ပိုးကောင်ကြီးက ပြန်ဖြေလာခဲ့ပါတယ်။
” ပထမဆုံး ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါရစေ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး အားနွဲ့သူကို ကူညီဖေးမတတ်တဲ့ ငါက ဝိညာဉ်သားရဲကောင်တွေရဲ့ ဘုရင်တွေထဲက ဘုရင်ဖြစ်ပြီး ဉာဏ်ကောင်းထက်မြက်နေရုံတင်မကပဲ ရုပ်ရည်လဲချောမောတယ်..ဒါ့အပြင် ပြိုင်ဘက်ကင်းတဲ့ ပညာရှင်ဖြစ်ပြီ နှစ်ပေါင်းတစ်သန်းကြာအောင် လေ့ကျင့်ထားတဲ့ သားရဲကောင်ငါက သော်လော့တိုက်ကြီးတစ်ခုလုံးမှာ သက်တမ်းအရှည်ဆုံးအဖြစ် မှတ်တမ်းတင်ခံထားရတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပဲ မင်းငါကိုအစ်ကိုကြီးကောင်းကင်အိပ်မက်လို့ ခေါ်လို့ရတယ် ”
ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေက ချက်ချင်းဆိုသလို အသက်ဝိညာဉ်မဲ့သွားပါတော့တယ်။
” နှစ်ပေါင်းတစ်သန်းဝိညာဉ်သားရဲကောင် ”
ဒီပိုးကောင်ကြီးရဲ့ အသက်က သူ့ခန့်မှန်းထားတာထက်ကို အဆတစ်သောင်းလောက်ပိုပြီး ကြီးနေခဲ့ပါသေးတယ်။ ဒါ့အပြင် အဲ့ဒီလိုတည်ရှိမှုမျိုး ကမ္ဘာလောကမှာတကယ်ရှိနေတာလား။ သော်လော့တိုက်ရဲ့ အသန်မာဆုံးသားရဲကောင်ဆိုရင်တောင် နှစ်ပေါင်းတစ်သိန်းလောက်ပဲ သက်တမ်းရှိသင့်တာပါ။
ကိုယ့်ကိုကိုယ် အရမ်းဂုဏ်ယူ၀မ်းမြောက်နေတဲ့ ပိုးကောင်ကြီးကတော့ ဆက်ပြီး ပြောလာခဲ့ပြန်ပါတယ်။
” မင်းကြောက်မသွားဘူးလား ဒါမှမဟုတ် စိတ်မလှုပ်ရှားဘူးလား ငါ့ရဲ့ ဒီလိုမျိုး ခန့်ညားတဲ့ရုပ်သွင်ကို ပထမဆုံးမြင်ဖူးတဲ့လူသားက မင်းပဲလေ “‘
ဟို့ယွိဟောင်ကတော့ အသက်ကင်းမဲ့နေတဲ့ လေသံနဲ့သာ ပြန်ပြောလာခဲ့ပါတယ်။
” ဒါဆိုရင် ဘာလုပ်ချင်လို့လဲ ”
ချက်ချင်းဆိုသလို ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အသံက ချက်ချင်းဆိုသလို အလေးအနက်ဖြစ်သွားပါတော့တယ်။
” ဒီအစ်ကိုကြီးက မင်းရဲ့ ဝိညာဉ်စက်ကွင်းဖြစ်လာချင်တယ်…သော်လော့တိုက်တစ်ခုလုံးမှာ ပထမဆုံး ကိုယ့်အသိစိတ်နဲ့ကိုယ် ရှိနေတဲ့ ဝိညာဉ်စက်ကွင်းဖြစ်ချင်တာ ”
ဟို့ယွိဟောင်ကတော့ သူ့ရှေ့မှာရှိနေတဲ့ ပိုးကောင်ကြီးကိုကြည့်ရင်း ကြောင်အလို့နေခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာ သူတွေးတောင်မတွေးနိုင်တော့ပါဘူး။
ဖြစ်ပျက်သွားတဲ့အရာတွေအားလုံးက မြန်ဆန်လွန်နေခဲ့တယ်။ အမှန်အတိုင်း၀န်ခံရမယ်ဆိုရင် သူဝိညာဉ်စက်ကွင်းတစ်ခု လိုချင်နေတာအမှန်ပါ။ ဒါပေမယ့် ရိုးရိုးရှင်းရှင်း အသက်ဆယ့်နှစ်လောက်ရှိတဲ့ ဝိညာဉ်စက်ကွင်းလေးတစ်ခုကို လိုချင်ရုံပါပဲ အများကြီးလဲ မမျှော်လင့်ထားခဲ့မိပါဘူး။ အခုအချိန်မှာတော့ ပိုးကောင်ကြီးတစ်ကောင် သူ့ရှေ့ကို ရောက်လာပြီ ရုတ်တရက်သူ့ကိုယ်သူ နှစ်ပေါင်းတစ်သန်းရှိတဲ့ ဝိညာဉ်သားရဲကောင်လို့ ပြောနေရုံတင်မကပဲ ဝိညာဉ်စက်ကွင်းဖြစ်လာချင်တယ်လို့တောင် ကမ်းလှမ်းချက်ပေးနေခဲ့ပါသေးတယ်။ ဘာတွေဖြစ်နေလဲဆိုတာ သူနားမလည်နိုင်တော့ပါဘူး။ ဒါ့အပြင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင် အမှန်ကိုပြောနေတာကိုလဲ ဟုတ်မဟုတ် သူမသိပါဘူး။ ဒါပေမယ့် ပိုးကောင်ကြီးကတော့ သူလုံး၀ မတိုက်ခိုက်ချင်တဲ့အရာပါ။
ပိုးကောင်ကြီးရဲ့ ခေါင်းက သစ်တောဘက်ကိုလှည့်ရင်း ဂရုတစိုက်နဲ့ စစ်ဆေးနေပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ဘက်ကိုကြည့်ပြီး ပြောလာခဲ့တယ်။
” ‘ငါစတော့မယ်နော် ဟုတ်ပြီလား မစိုးရိမ်နဲ့ ညင်းညင်းသာသာလေး လုပ်ပါ့မယ်…သိပ့်ပြီ မနာစေရဘူး ”
ဟို့ယွိဟောင် ဘာမှပြန်မပြောနိုင်ခင်အချိန်မှာပဲ အရမ်းကို အေးစက်တဲ့အငွေ့အသက်တွေက သူ့ကို ချက်ချင်းဆိုသလို သတိလစ်သွားစေခဲ့ပါတယ်။ ဖြူဖွေးတဲ့အရာကြီးတစ်ခုသူ့ဆီ ပြေး၀င်လာနေတာကိုသာ မြင်လိုက်ရတော့တယ်။ မကြာခင်အချိန်မှာပဲ အတွေးတွေအားလုံး ပျောက်ကွယ်လို့သွားခဲ့ပါပြီး။
ပိုးကောင်ကြီးရဲ့ ရွှေရောင်သင်္ကေတ ဆယ့်ခုက ခပ်မြန်မြန်ပဲ လှုပ်ရှားလာရင်း အသက်ရှိတဲ့သတ္တဝါတွေအတိုင်း ကခုန်လို့နေပါတော့တယ်။ ဟို့ယွိဟောင်မြင်လိုက်ရတဲ့ အဖြူရောင်အရာကြီးကတော့ ပိုးကောင်ရဲ့ခေါင်းပါပဲ ဟို့ယွိဟောင်ကို ခေါင်းချင်လာတိုက်နေခဲ့တာပါ။ ဒါ့အပြင် ရွှေရောင်သင်္ကေတတွေက ဟို့ယွိဟောင်ရဲ့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်တစ်ကိုယ်လုံးကို ခပ်မြန်မြန်ပဲ လွှမ်းခြုံလို့သွားပါတော့တယ်။ ပိုးကောင်ကြီးက သူ့ကိုယ်သူ အဖြူရောင်အလင်းတန်းအဖြစ်ကို ပြောင်းလဲရင်း ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲကို တိုး၀င်ဖို့လုပ်နေခဲ့တယ်။
အပိုင်း ၂•၂ ပြီး၏။