အပိုင်း ၇၆•၂
” အမျက်ဒေါသကျောင်းတော်ကငါလာတယ် ထန်မျိုးနွယ်ကလူ ”
°°°
တစ် နှစ် သုံး လေး ငါး ခြောက် စုစုပေါင်းသွေးနီရောင်တောက်ပနေတဲ့၀ိညာဥ်စက်ကွင်းခြောက်ကွင်းတိတိက အသက်ဆယ်သုံးဆယ်လေး၀န်းကျင်အရွယ် ဟို့ယွိဟောင်ရဲ့ ခြေထောက်အောက်မှာပေါ်ထွက်လာပါတော့တယ်။ အနီရောင်တွေက ဘာက်ိုကိုယ်စားပြုတာလဲ ၀ိညာဥ်စက်ကွင်းတွေရဲ့ ထိပ်ဆုံးကိုရောက်နေတဲ့ ကြောက်စရာအကောင်းဆုံးအဆင့်ပါ။ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေကို ကိုယ်စားပြုတာပါပဲ။
နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းက လူတစ်ယောက်ထဲမှာ ပေါ်ထွက်လာတယ်ဆိုတာက သာမန်လူတွေအနေနဲ့ လုံး၀ကို စိတ်ကူးယဥ်လို့တောင်မရနိုင်တဲ့အရာပါပဲ။ တအံ့တဩအော်သံတွေက လူပေါင်းသိန်းချီရဲ့ပါးစပ်ကနေ ဒေါသတကြီးလှိုင်းတွေလို ထွက်ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်ဆီကနေပြီ ထွက်ပေါ်နေခဲ့တဲ့ ကြောက်စရာဖိအားတွေက အရမ်းက်ို သန်မာလွန်နေခဲ့ပါပြီ။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ဧကရာဇ်ကိုယ်တိုင်တင်မကပဲ ဧကရီနဲ့ မင်းမှုထမ်းတွေအကုန်လုံးပါ အထိတ်တလန့်နဲ့ ထရပ်မိပါတော့တယ်။
သူတို့စိတ်ထဲမှာတွေးမိတဲ့တစ်ခုတည်သောအရာကတော့ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီလိုအခြေအနေမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လို၀ိညာဥ်ပညာရှင်ကများ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေနဲ့ အပြည့်အ၀ရှိနေဦးမှာလဲ။ ဒီလောက်ငယ်တဲ့ကလေးကပိုပြီး မဖြစ်နိုင်တဲ့ကိစ္စပါ။ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေက အရမ်းကိုကြောက်စရာကောင်းလွန်လှပြီ အရမ်းကိုစစ်မှန်လွန်လှပါတယ်။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်အနေနဲ့ လူတိုင်းရဲ့နှလုံးသားထဲမှာ ဒဏ္ဍာရီတစ်ခုဖြစ်တည်မျိုးဖြစ်နေတာကကြာပါပြီ။
၀ိညာဥ်စက်ကွင်းခြောက်ကွင်းထဲမှာ တစ်ကွင်းက ရုတ်တရက်တောက်ပလို့လာပါတော့တယ်။ ထျန်းလင်းကျောင်းတော်ရဲ့ ကျောင်းသားတွေက တစ်ပြိုင်နက်ထဲမှာပဲ နာနာကျင်ကျင် အော်ဟစ်လိုက်မိတယ်။
နှစ်ပေါင်းတစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းရဲ့ ရုတ်တရက်ပေါ်ထွက်လာခဲ့မှုက စင်အောက်မှာရှိနေခဲ့တဲ့ လူတွေအားလုံးကို ထိတ်လန့်စေဖို့လုံလောက်နေခဲ့ပါပြီ။ မူလအခြေအနေမှာ စိတ်ရှုပ်ထွေးနေတဲ့ ကျောင်းသားတွေဆိုပိုပြီးတော့တောင် တုန့်ပြန်ဖို့မလွယ်တဲ့အရာပါပဲ။
ကြောက်စရာကောင်းလွန်လှတဲ့ အရှိန်အ၀ါကို ခံစားမိပြီတဲ့နောက် သူတို့အားလုံးခပ်မြန်မြန်ပဲ ဆုတ်ခွာမိကြပါတော့တယ်။ ရလဒ်အနေနဲ့ကတော့ အတူတူပေါင်းစည်းလို့သွားပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ ထူးဆန်တဲ့စိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်မှုက အချိန်အတိအကျမှာပဲ ပေါ်လာပါတော့တယ်။
ထျန်းလင်းကျောင်းတော်ရဲ့ ၀ိညာဥ်ပညာရှင်ကျောင်းသားတွေက မူလအခြေအနေမှာအတော်ကို ခန္ဓာကိုယ်တောင့်တင်းနေခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စက်ကွင်းတွေ ပေါ်ထွက်လာခဲ့တဲ့ အရှိန်အ၀ါကြောင့် သူတို့ရဲ့စိတ်တွေက နောက်ဆုံးမှာပြိုကွဲသွားခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူတို့ကထိတ်လန့်ကြောက်ရွံနေတဲ့ငှက်တွေလိုပါပဲ။ စိတ်၀ိညာဥ်နှောင့်ယှက်မှုရဲ့ အစွမ်းအစကလဲ သူတို့ရဲ့တုန့်ပြန်မှုတွေကြောင့် ဟို့ယွိဟောင်တွေးထားတာထက်ကို ပိုပြီးကြီးမားနေခဲ့ပါတော့တယ်။
အားလုံးရဲ့မျက်လုံးထဲမှာ ထိတ်လန့်မှုက အထင်သားပေါ်လာခဲ့ပါပြီ။ ခန္ဓာကိုယ်တွေကလဲ ဒီစိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်မှုကြောင့် လုံး၀ကိုတောင့်တင်းအေးခဲသွားပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ကြီးမားတဲ့ရွှေရောင်နဲ့ အပြာရောင်ရောနှောထားတဲ့ အတောင်ပံကြီးက ဟို့ယွိဟောင်ရဲ့အနောက်မှာ ပေါ်လာပါတော့တယ်။ ရွှေရောင်နဲ့အပြာရောင်က ပြီးပြည့်စုံအောင်ပေါင်းစည်းလို့နေခဲ့ရင်း ရွှေရောင်မီးလျှံတွေကို ထုတ်လွှတ်လို့နေခဲ့ပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နေရာတစ်ခုလုံးရဲ့အာရုံက သူ့ဆီကို ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ အတူတူပေါင်းစည်းနေခဲ့တဲ့ လူနှစ်ယောက်ကြောင့် သွေးနီရောင်၀ိညာဥ်စက်ကွင်းတွေက ချက်ချင်းပျောက်ကွယ်လို့သွားပါတော့တယ်။ အဲ့ဒီအစားကြီးမားတဲ့ရွှေရောင်မျက်လုံးကြီးက ပေါ်ထွက်လို့လာခဲ့ပါပြီ။ ရွှေရောင်အပြာရောင်နဲ့ ခရမ်းရောင်သုံးရောင်ပေါင်းစည်းထားခဲ့တဲ့ အလင်းတန်းကြီးက မျက်တောင်တစ်ခတ်အတွင်းမှာ နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းလို့သွားပါတော့တယ်။ အတူတူထပ်လျက်သားပေါင်းစည်းနေကြတဲ့ ထျန်းလင်းကျောင်းတော်ရဲ့ ကျောင်းသားခုနှစ်ယောက်ကလဲ ဒီအလင်းတန်းတွေ ရိုက်ခတ်တာကို ခံစားလိုက်ရပါပြီ။
ကြောက်ရွံ့ထိတ်လန့်နေတဲ့ ခံစားချက်တွေက ရွှေရောင်မျက်လုံးကြီးမှာမြင်ရတဲ့သူတိုင်းရဲ့နှလုံးသားထဲကို တုန်လှုပ်လို့သွားစေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာပဲ နယ်မြေတစ်ခွင်လုံးကတော့ ရွှေရောင်အလင်းတန်းကြီးနှစ်ခြမ်းခွဲတာကို ခံလိုက်ရပါပြီ။
ခုနှစ်မီတာကျော်နီးပါးမြင့်မားတဲ့အဲ့ဒီအလင်းတန်းကြီးက သုံးမီတာကျော်ကျယ်ပြန့်ပါတယ်။ အရှေ့ကိုတိုးထွက်သွားပြီတဲ့နောက် မတူညီတဲ့အလင်းတန်းသုံးရောင်က လေထဲမှာထွက်ပေါ်လို့လာခဲ့ပါပြီ။ ထျန်းလင်းကျောင်းတော်ရဲ့ကျောင်းသားခုနှစ်ယောက်စလုံးက ဘယ်လိုမှခုန်မရှောင်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် သုံးရောင်ခြယ်အလင်းတန်းက နောက်ဆုံးမှာပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ရှည်လျားတဲ့နှစ်ပေကျော်ရွှေရောင်လမ်းကြီးကတော့ နယ်မြေမှာအထင်သားကျန်ရစ်ပါတော့တယ်။
ထျန်းလင်းကျောင်းတော်ရဲ့ ကျောင်းသားခုနှစ်ယောက်ထဲမှာ ၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိတဲ့ ၀ိညာဥ်ပညာရှင်နှစ်ယောက်က ချက်ချင်းမြေပြင်ပေါ်ကို ပြုတ်ကျလို့သွားခဲ့ပါပြီ။ သူတို့တွေ ၀တ်ဆင်လို့ထားခဲ့တဲ့ အကာအကွယ်၀ိညာဥ်လက်နက်တွေအားလုံးကလဲ ပေါက်ကွဲထွက်လို့သွားပါတော့တယ်။ ဒါ့အပြင် ဆက်တိုက်ဆိုသလို အလင်းတန်းပေါက်ကွဲသံတွေကို မြင်နေကြားနေခဲ့ရပါပြီ။ ကျန်ရစ်တဲ့ငါးယောက်ရဲ့ ခန္ဓာကိုယ်တွေကလဲ ရွှေရောင်တွေအပြည့်နဲ့ တောက်ပလို့နေခဲ့ပြီ ရွှေရောင်ရုပ်ထုကြီးတွေအဖြစ် ပြောင်းလဲလို့သွားပါတော့တယ်။ သူတို့ရဲ့ ၀ိညာဥ်စက်ကွင်းတွေကလဲ အပြည့်အ၀ပျောက်ကွယ်လို့သွားခဲ့ပြီ သိုင်းပညာ၀ိညာဥ်တွေလဲ ချိတ်ပိတ်ခံလ်ိုက်ရတော့တယ်။
ရွှေရောင်မျက်လုံးကြီး ပျောက်ကွယ်လို့သွားချိန်မှာတော့ တစ်လက်လက်တောက်ပနေခဲ့တဲ့ သွေးနီရောင်အလင်းတန်းတွေက ပြန်လည်ပေါ်ထွက်လို့လာခဲ့ပါပြီ။ ဒါတင်မကပဲ ဟို့ယွိဟောင်ရဲ့ နောက်ဖက်မှာလဲလူတစ်ယောက်က ပေါ်ထွက်လို့လာပါတော့တယ်။ ဒါကတော့ ရွှေရောင်အတောင်ပံတွေကို ထုတ်ဖော်ပြသထားတဲ့လူငယ်လေးပါပဲ။ သူက ဟို့ယွိဟောင်ထက်တော့ ငယ်ရွယ်တဲ့ပုံပေါ်နေပါတယ်။ ဒါပေမယ့် အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းနှစ်ခုတို့က သူတို့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်လို့နေခဲ့ပါတယ်။ တောက်ပတဲ့ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းက ဆက်တိုက်ဆိုသလို လှုပ်ရှားလို့နေခဲ့ပါပြီ။
ဟို့ယွိဟောင်အနေနဲ့ သူ့လက်ကိုနောက်မှာပြစ်လိုက်ရင်း မောက်မာတဲ့အကြည့်နဲ့ကြည့်နေခဲ့တယ်။ အဲ့ဒီနောက် ထိတ်လန့်နေတဲ့ဒိုင်ကိုသူပြောလိုက်ပါတယ်။
” ဒီပြိုင်ပွဲက ပြီးသွားပြီ ”
ဒီတစ်ကြိမ်မှသာ ဒိုင်အနေနဲ့လဲ အသိပြန်၀င်လာပါတော့တယ်။ ထျန်းလင်းကျောင်းတော်ရဲ့ ကျောင်းသားတွေထဲမှာ လှဲကျသွားတဲ့နှစ်ယောက်ကတော့ စင်အောက်ကိုအခေါ်ခံလိုက်ရပါပြီ။ ရွှေရောင်အလင်းတန်းက သူတို့ရဲ့ခန္ဓာကိုယ်မှာ ကျန်ရှိနေဆဲပါပဲ။အကာအကွယ်လုပ်နေခဲ့တဲ့ ၀ိညာဥ်ပညာရှင်တစ်ရာနဲ့ရှစ်ယောက်ကတော့ သူတို့ရဲ့စွမ်းအားတွေကို ပြန်သိမ်းယူလိုက်ပါတော့တယ်။ ဒီပြိုင်ပွဲက အဆုံးသတ်လို့သွားခဲ့ပါပြီ။ သိန်းနဲချီတဲ့ကြည့်ရှု့သူလူတွေပြည့်နေခဲ့တဲ့ ရင်ပြင်ကျယ်ကြီးမှာတော့ တော်၀င်ဧကရာဇ်နဲ့သူရဲ့မိသားစုတွေ အမတ်မင်းတွေအားလုံးကလဲ လုံး၀ကိုတိတ်ဆိတ်ငြိမ်သက်နေကြပါတော့တယ်။ အစောပိုင်းတုန်းက အမျက်ဒေါသကျောင်းတော်ပို့လွှတ်လိုက်တဲ့ အကြိုအဖွဲ့ကို သံသယ၀င်နေခဲ့တဲ့သူတွေကတော့ မျက်လုံးအပြူးသားနဲ့ ရွှေရောင်လမ်းကြီးကိုသာ စိုက်ကြည့်လို့နေခဲ့ကြပါပြီ။ သူတို့တွေအသက်တောင် မရှုနိုင်သလောက်နီးနီးဖြစ်နေခဲ့ပါတယ်။ သူတို့တွေအတွက် တံတွေးမြိုချဖို့တောင်ခက်နေပါတော့တယ်။ အားလုံးကတော့စိတ်ထဲမှာ စာလုံးတစ်လုံးကို ဆက်တိုက်ဆိုသလိုအော်ဟစ်နေခဲ့မိတယ်။ မဖြစ်နိုင်လိုက်တာ လုံး၀ကိုမဖြစ်နိုင်လိုက်တာ။
နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းကို မြင်ရတဲ့အချိန်မှာ မဖြစ်နိုင်ဘူးဆိုတဲ့စကားကသာ အားလုံးရဲ့စိတ်ထဲကို ၀င်ရောက်လို့နေပါတော့တယ်။ ဒါက အမျက်ဒေါသကျောင်းတော်ပါပဲ တိုက်ကြီးတစ်ခုလုံးရဲ့နံပါတ်တစ်ဖြစ်ပြီ ဘယ်သူမှမယှဥ်သာတဲ့ ပြိုင်ဘက်ကင်းအမျက်ဒေါသကျောင်းတော်ပါ ဟို့ယွိဟောင်က ဖြည်းဖြည်းချင်းလှည့်ပြီ ကြယ်တာရာလော့ရင်ပြင်ထဲမှာရှိနေတဲ့ တောက်ဘက်အရပ်ရဲ့ကြည့်ရှု့သူတွေကို ပြောလိုက်ပါတယ်။
” အားလုံးပဲမှတ်ထားကြ ငါကအမျက်ဒေါသကျောင်းတော်ကလာတဲ့သူ ထန်မျိုးနွယ်ရဲ့လူပဲ ”
သူ့ရဲ့အသံနဲ့အတူ ကြောက်စရာကောင်းတဲ့သွေးနီရောင်၀ိညာဥ်စက်ကွင်းတွေက ချက်ချင်းပျောက်ကွယ်လို့သွားပါတော့တယ်။ အဲ့ဒီနောက် သူစင်အောက်ကိုဖြည်းဖြည်းချင်း ဆင်းသွားခဲ့ပြီ အမျက်ဒေါသကျောင်းတော်ရဲ့ နေရာဆီကို မိစ္ဆာခုနှစ်ဖော်နဲ့အတူပြန်သွားပါတော့တယ်။ ဒိုင်အနေနဲ့ တိုက်ပွဲရလဒ်ကို ကြော်ငြာတာတောင် သူမစောင့်တော့ပါဘူး။ သူပိုင်ဆိုင်ထားတဲ့မောက်မာတဲ့မျက်နှာကြောက နယ်မြေတစ်ခွင်လုံးကို မျက်လုံးအပြူးသားဖြစ်စေခဲ့ပါတယ်။
သူက အမျက်ဒေါသကျောင်းတော်ရဲ့လူထန်မျိုးနွယ်ကလာတဲ့သူ။
အခုအချိန်မှာ စိတ်ခံစားချက်တွေ အလှုပ်ရှားဆုံးဖြစ်နေတဲ့သူကတော့ ဟို့ယွိဟောင်ရဲ့အနောက်မှာရှိနေခဲ့တဲ့ပေ့ပေ့ပါပဲ။ သူ့ရဲ့မျက်လုံးက ကျဆင်းလာတော့မဲ့မျက်ရည်တွေကို အားတင်းပြီထိန်းချုပ်နေခဲ့ရပါတယ်။ ရှောင်ယာ့ မင်းဒီနေ့အနေနဲ့ ဒီမြင်ကွင်းကိုမြင်ခဲ့ရမယ်ဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ ငါတို့က အမျက်ဒေါသကျောင်းတော်ကနေလာတာတင်မကဘူး ထန်မျိုးနွယ်ကလူတွေပဲ။
၀မ်ယန်က ဟို့ယွိဟောင်အနားကို အရင်ဆုံးရောက်သွားခဲ့ပါတယ်။ သူလျှောက်လာချိန်မှာတော့ သူတို့တွေအချင်းချင်း မျက်လုံးချင်စကားပြောလိုက်ရတယ်။ ၀မ်ယန်က သူ့ကိုအတော်လေးအပြစ်တင်တဲ့လေသံနဲ့ ပြောလာခဲ့ပါတယ်။
” မင်းတိုက်ခိုက်တဲ့ပုံစံက ကြမ်းတမ်းလိုက်တာ ”
ဟို့ယွိဟောင်ကလဲ ၀မ်ယန်ရဲ့အကြည့်ကို ချက်ချင်းနားလည်တာကြောင့် အေးစက်တဲ့လေသံနဲ့သာ ပြန်ပြောလိုက်ပါတယ်။
” သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေကို ယာယီချိတ်ပိတ်တာနဲ့တင် သနားညှာတာမှုပြနေရုံရောက်နေပြီ အကယ်၍ သူတို့ရဲ့လူတွေသာ သူတို့ကို အချိန်မီမကယ်တင်နိုင်ဘူးဆိုရင် ဒီစင်ပေါ်က အသက်ရှင်လျက်ထွက်သွားနိုင်တော့မှာမဟုတ်ဘူး ”
သူ့အသံကအတော်ကို ကျယ်လောင်လွန်တာကြောင့် နေလနိုင်ငံတော်တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က လူတွေတင်မကပဲ တခြားကျောင်းတော်ကလူတွေပါ သူ့အသံကိုရှင်းရှင်းလင်းလင်း ကြးရပါတယ်။
ဒီတစ်ကြိမ်မှာတော့ မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့တောင် သူ့ကိုချီးမွမ်းမတတ်ဖြစ်သွားခဲ့ရပါတယ်။ အခုပြိုင်ပွဲက ဒီလိုပုံစံနဲ့ပြီးသွားခဲ့မယ်လို့ သူတို့တွေ မတွေးထားခဲ့မိပါဘူး။ ဟို့ယွိဟောင်တို့ခုနှစ်ယောက်က နိုင်ရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် အနိုင်ရမှန်းသူတို့သိပေမဲ့ ဒီလောက်အားကောင်းတဲ့ ပုံစံမျိုးနဲ့ အနိုင်ရမှာကို မတွေးမိပဲဖြစ်နေတတ်ပါတယ်။
၀မ်ယန်နဲ့ ဟို့ယွိဟောင်တို့ကတော့ ဘေးချင်ယှဥ်လျက်ပြန်လျှောက်လို့သွားပါတော့တယ်။ ၀မ်ယန်က ဟို့ယွိဟောင်ရဲ့ဘယ်ဘက်လက်ကို မတော်တဆထိမိလိုက်တဲ့ပုံစံနဲ့ ထိကိုင်ရင်းသူမေးလိုက်တယ်။
” နေရစ်ပြီ တခြားပြိုင်ပွဲတွေကို ကြည့်ချင်သေးလား ”
ဟို့ယွိဟောင်ကတော့ အေးစက်တဲ့မျက်နှာထားနဲ့သာ ဆက်ရှိနေရင်း ပြန်ဖြေလိုက်ပါတယ်။
” ဘာကြည့်နေစရာလိုသေးလို့လဲ ဘာကကြည့်ဖို့တန်လို့လဲ ပြန်ကြမယ် ”
အဲ့ဒီနောက် သူထွက်သွားပါတောာ့တယ်။
ကျောင်းတော်တွေအားလုံးရဲ့ကိုယ်စားပြုအဖွဲ့တွေရှေ့မှာ သူဖြတ်လျှောက်သွားတဲ့ပုံစံက အတော်ကို ကြောက်စရာကောင်းနေခဲ့ပါတယ်။ ဟို့ယွိဟောင်က ဘယ်သူကိုမှ မထီမထင်မျက်နှာထားနဲ့လူတိုင်းကိုကြည့်သွားခဲ့တယ်။ မမျှော်လင့်ထားနိုင်လောက်ပဲ ဘယ်သူကများ သူတို့မျက်လုံးချင်မဆုံ၀ံ့ပါဘူး။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်က သူ့ရဲ့ ပြည်သူတွေကို စွဲလမ်းလေ့လာနေတဲ့ဘုရင်တစ်ပါးလိုပါပဲ။
အမျက်ဒေါသကျောင်းတော်ရဲ့ တခြားခြောက်ယောက်ကတော့ အနောက်ကနေလိုက်လာခဲ့ပါတယ်။ အားလုံးကလဲ ပထမပြိုင်ပွဲမှာ ထွက်ခွာကြတာပါ။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ တော်၀င်မိသားစုကိုတောင် ဂါရ၀မပြုကြတော့ပါဘူး။
” အဲ့ဒါဘယ်သူလဲ ဘာကြောင့်သူနာမည်ကို မကြားဘူးတာလဲ သွားပြီလေ့လာလိုက် သူ့နာမည်ဘယ်သူဆိုတာ သိရအောင် အစွမ်းကုန်ကြိုးစားခဲ့ ”
ကြယ်တာရာလော့ဧကရာဇ်က ဟို့ယွိဟောင်တို့ထွက်သွားတာကိုကြည့်ရင်းပြောလိုက်ပါတယ်။ အမျက်ဒေါသကျောင်းတော်ကတော့ တိုက်ပွဲအပြီးမှာ ချက်ချင်းထွက်သွားခဲ့ပါပြီ။ ဒါကြောင့် ပြိုင်ပွဲက အချိန်အတော်ကြာ ရပ်တန့်လို့နေကြပါတော့တယ်။ သူတို့ရဲ့ထွက်ခွာမှုက လူတိုင်ရဲ့အကြည့်ကို ဖမ်းစားလိုက်တယ်။
နယ်မြေမှာရှိနေခဲ့တဲ့ လူတိုင်ကလဲ ထိတ်လန့်နေတဲ့အမူအရာ အထင်သားဖြစ်နေခဲ့ပါတယ်။ ဒါက အမျက်ဒေါသကျောင်းတော်ကပါပဲ။ မိုးအောက်မြေပြင်ပြိုင်ဘက်ကင်းတဲ့ကျောင်းတော်ပါ။ သူတို့ရဲ့တည်ရှိမှုက နတ်ဘုရားတွေနဲ့အလားတူနေခဲ့ပါပြီ။ ဒါက အမျက်ဒေါသကျောင်းတော်ရဲ့အင်အားပါပဲ။ သူတို့ရဲ့ကျောင်းသားက နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းရှိနေခဲ့ပါတယ်။ အဲ့ဒီအသက်ဆယ်သုံးဆယ်လေးနှစ်အရွယ်လူငယ်လေးက ဒီတစ်ခေါက်ပြိုင်ပွဲမှာ ခေါင်းဆောင်ဖြစ်နေပုံပါပဲ။
မျက်လုံးအပြူးသားဆုံးဖြစ်နေတဲ့သူကတော့ နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်ကျောင်းတော်ကသူတွေပါ။ လက်ရှိအချိန်မှာ သူတို့တွေအားလုံးက မှောင်မိုက်တဲ့အမူအရာနဲ့ ရှိနေခဲ့ပါတယ်။ အမြဲတမ်းမောက်မာနေတတ်တဲ့ ရှောင်ဟုန်ချန်တောင်မှ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ရင်း မျက်နှာပျက်နေခဲ့တယ်။ သူ့ရဲ့စိတ်ထဲမှာကတော့ အသံတစ်သံကဆက်တိုက်ထွက်ပေါ်နေခဲ့ပါပြီ။
” ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်ငါထက်ပိုပြီး ပါရမီရှိတဲ့သူရှိနေရတာလဲ လုံး၀မဖြစ်နိုင်ဘူး .ဒီကောင်အတုအယောင်ပဲ လုံး၀အတုအယောင်ပါပဲ သူထင်တာမှန်ပါတယ်..ဟို့ယွိဟောင်က သူတို့အနားယူတဲ့ တည်ခိုဆောင်ကိုပြန်လာတဲ့လမ်းတစ်လျှောက်လုံးအေးစက်တဲ့အမူအရာကို ထိန်းထားခဲ့ပါတယ်။ အဲ့ဒီနောက် တံခါးကိုဖွင့်လိုက်ရင်း သူ့ရဲ့အခန်းရှေ့မှာ တခဏတာရပ်တန့်ပြီတဲ့နောက် အမူအရာကလုံး၀ပြောင်းလဲသွားခဲ့ပါပြီ။ ချက်ချင်းဆိုသလို သူမြေပြင်ပေါ်ကို ပြစ်လှဲသွားပါတော့တယ်။ သူတင်မကပါဘူး အနောက်ဖက်မှာရှိနေခဲ့တဲ့၀မ်သုန့်လဲ လှဲကျလို့သွားခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ၀မ်ယန်ကပြင်ဆင်လို့ထားခဲ့ပြီးပါပြီ။ သူတို့နှစ်ယောက်စလုံးကို ချက်ချင်းဖမ်းဆွဲလိုက်ပါတော့တယ်။ ကျန်းနန်နန်နဲ့ ရှုစန်းရှီက ၀မ်သုန့်ကို တွဲထူးထားခဲ့ပြီ ၀မ်ယန်ကတော့ ဟို့ယွိဟောင်ကိုချီပြီ အိပ်ရာပေါ်ချလိုက်ပါတော့တယ်။
အစောပိုင်းတုန်းက ဘုရင်တစ်ပါးလိုကြောက်စရာကောင်းနေခဲ့တဲ့ ဟို့ယွိဟောင်က အခုအချိန်မှာ ကလေးတစ်ယောက်လိုဖြူဖျော့လို့နေခဲ့ရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့သွားခဲ့ပါပြီ။ ဒါဆိုရင်ဘာကြောင့်များ ၀မ်ယန်က သူ့ကိုဆက်ပြီကြည့်ချင်သေးရဲ့လားလို့ မေးနေခဲ့တာလဲ။ ဟို့ယွိဟောင်လက်ကိုအစောပိုင်းက သူထိလိုက်ချိန်မှာထဲက သူလက်တုန်ရီအေးစက်နေတာကို သတိထားမိပါတယ်။ အရမ်းကိုအားနည်းတဲ့အခြေအနေမှာ ရောက်နေခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့ ဒါကြောင့်သာ ဟန်ဆောင်ပြီပြောခဲ့တာပါ။ သူ့ရဲ့ခိုင်မာတဲ့ စိတ်ခွန်အားကိုမှီခိုရင်းနဲ့သာ တည်ခိုဆောင်အထိမယိုင်မလဲပဲပြန်လာခဲ့နိုင်တာဖြစ်ပါတယ်။
၀မ်ယန်က ပေ့ပေ့ကိုမေးလိုက်ပါတယ်။
” မင်းတို့တွေဘာအစီအစဥ်ချလိုက်တာလဲ ”
အမှန်ပါပဲ သူတို့တွေဘယ်လိုများအစီအစဥ်ချလိုက်တာလဲ မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့ရဲ့ စိတ်ထဲမှာလဲ ဒီလိုမေးခွန်းများမေးနေခဲ့မိပါတယ်။ ဟို့ယွိဟောင်နဲ့၀မ်သုန့်တို့ရဲ့ပေါင်းစည်းမှုရဲ့စွမ်းအားကို သူတို့မြင်ခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ရဲ့ကျင့်ကြံဆင့်ကြောင့် အကန့်အသတ်ရှိနေခဲ့ပါတယ်။ ထျန်းလင်းကျောင်းတော်ရဲ့ လူတွေအားလုံးကို ဒီတိုက်ခိုက်မှုတစ်ခုထဲနဲ့အနိုင်ရဖို့ဆိုတာက မလွယ်ကူနိုင်ပါဘူး။ ဒါ့အပြင် သူတို့ကတစ်ချက်ထဲနဲ့ အသေသတ်လိုက်နိုင်တာပါ။ တစ်ကွက်ထဲနဲ့ အဆုံးသတ်နိုင်ခဲ့တာက ဘယ်လိုကြောင့်များ အန္တရာယ်မရှိနိုင်ပဲနေရမှာလဲ။ သူတို့ရဲ့ ပြိုင်ဘက်တွေက အရမ်းကိုအနိုင်ရလွယ်ကူနေလို့လား။
အပိုင်း ၇၆•၂ ပြီး၏။