Switch Mode

Chapter – 75.3

ပြိုင်ပွဲ စတင်ခြင်း

အပိုင်း ၇၅•၃

“‘ ပြိုင်ပွဲစတင်ခြင်း ”
°°`
ဒီရိုးရှင်းတဲ့၀င်ကြေးက ကြယ်တာရာလော့နိုင်ငံတော်ကို နေ့စဥ်နေ့တိုင်းနှစ်သန်းနီးပါး၀င်ငွေရစေခဲ့ပါတယ်။ တစ်လအတွင်းမှာတင်၀ိညာဥ်ရွှေပြားပေါင်းသန်းခြောက်ဆယ်အထိကို သူတို့ရရှိနိုင်မှာပါ။ စစ်တပ်ရဲ့ တခြားကုန်ကျစရိတ်တွေအားလုံးကို တွက်ချက်ပြီတဲ့နောက် နိုင်ငံတော်အနေနဲ့ အကျိုးအမြတ်အများကြီးရဖို့ကျန်ပါသေးတယ်။ ဒါကြောင့်သာ နိုင်ငံတော်ကြီးလေးခုစလုံးက တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲကို ကျင်းပဖို့လိုလ်ိုလားလားလက်ခံရတာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီလိုကျင်းပခွင့်ရတဲ့ နှစ်ရဲ့၀င်ငွေက နိုင်ငံတော်ရဲ့၀င်​ငွေအများကြီး တောင့်တင်းခိုင်မာစေပါတယ်။ ဒါ့အပြင် တစ်လတာရရှိတဲ့ ပွဲကြည့်၀င်ငွေကတင် နိုင်ငံတော်ရဲ့ တစ်နှစ်တာအကောက်ခွန်ကနေ ညီမျှနေပါပြီ။

ကြည့်ရှု့သူတွေနေရာအနှံ့ပြည့်နှက်သွားပြီချိန်မှာပဲ ဟို့ယွိဟောင်နဲ့ သူအဖွဲ့သားတွေကတော့ ပြိုင်ပွဲ၀င်နယ်မြေဆီ ရောက်လာပါတော့တယ်။

ဒီနေ့မှာတော့ အမျက်ဒေါသကျောင်းတော်ရဲ့ လူတွေအားလုံးက သူတို့ရဲ့မူလကျောင်းတော်၀တ်စုံကို ၀တ်ဆင်လို့ထားခဲ့ပါတယ်။ ဒါကတော့ အစိမ်းရင့်ရောင်ကျောင်း၀တ်စုံကြီးတွေပါပဲ။ ကျောင်းတော်တစ်ခုချင်းဆီတိုင်းမှာလဲ သူတို့ရဲ့ အဆင့်အတန်းသတ်မှတ်ချက်နဲ့ ကျောင်း၀တ်စုံရောင်တွေရှိနေခဲ့တယ်။ ဒါ့အပြင် သူတို့က ကျောင်းတော်တွေအားလုံးရဲ့အရှေ့ဆုံးမှာရပ်နေခဲ့တာပါ။ ဒါပေမယ့် ဘယ်သူကမှသူတို့ကို ငြင်းပယ်တာမျိုးမရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရာအထိ ရောက်လာနိုင်အောင် အမျက်ဒေါသကျောင်းတော်အနေနဲ့ နှစ်ပေါင်းထောင်ချီကြာတဲ့အထိ ချန်ပီယံနေရာကို ထိန်းသိမ်းထားရင်းကြိုးစားအားထုတ်ခဲ့လို့ပါပဲ။

ဒါပေမယ့် အနောက်ဖက်မှာရှိနေတံ့ ပါ၀င်ယှဥ်ပြိုင်သူတွေကလဲ သူတို့ရဲ့ဖွဲ့ည်းပုံကိုကြည့်ပြီ ထိတ်လန့်နေခဲ့ကြပါတယ်။

သူတ်ို့မှာ လူဆယ်ယောက်ပဲ ရှိပေမဲ့ အားလုံးက အသက်နှစ်ဆယ်၀န်ကျင်ရှိတဲ့သူအရမ်းကို နည်းနေခဲ့ပါတယ်။ ဒါ့အပြင် အရိုးစစ်ဆေးမှုမလုပ်ပဲနဲ့တောင် သူတို့ဘယ်လောက်ငယ်ရွယ်လဲဆိုတာတစ်ချက်ကြည့်ရုံနဲ့ သိနေခဲ့တယ်။ အရှေ့ဆုံးမှာရပ်နေတဲ့ သုံးယောက်ကသာ သင့်တော်တဲ့အသက်အရွယ်ရှိကြတဲ့ပုံပါ။ဒါပေမယ့် သူတို့တွေအားလုံးကလဲ မျက်နှာတွေကိုဖုံးကွယ်လို့ထားပါတယ်။ သူတို့တွေရဲ့မျက်နှာကို မြင်ခွင့်မပြုပဲ အနက်ရောင်၀တ်ရုံတွေနဲ့ အုပ်ထားခဲ့တယ်။

ဒါ့အပြင် ကျောင်းတော်ရဲ့ နေရာတော်တော်များများမှာရှိနေတဲ့သူတွေကလဲ နေလနိုင်ငံတော်ကျောင်းတော်နဲ့ဖြစ်စေ အမျက်ဒေါသကျောင်းတော်နဲ့ဖြစ်စေ သူတို့နဲ့ မတွေ့ဆုံပါစေနဲ့လို့ စိတ်ထဲမှာဆုတောင်းနေခဲ့မိပါတယ်။ ဒါ့အပြင် ပထမပွဲစဥ်တွေမှာ ရှုံးထွက်ပွဲစဥ်ဖြစ်တာကြောင့် သူတို့တွေပိုပြီး စိုးရိမ်ပူပန်နေခဲ့တာပါ။ မဟုတ်လို့ကတော့ သူတို့အနေနဲ့ ထုတ်ပယ်ခံရပြီလို့ ကြော်ငြာလိုက်တာနဲ့အတူတူပါပဲ။

နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကတော့ အမျက်ဒေါသကျောင်းတော်ရဲ့အနောက်မှာရပ်နေခဲ့ကြပါတယ်။ ဒါကြောင့် အနောက်ဖက်မှာရှိနေခဲ့တဲ့ ကျောင်းသားတွေထက်ကို သူတို့ရဲ့ မြင်ကွင်းကပိုကောင်းနေခဲ့တယ်။

အမျက်ဒေါသကျောင်းတော်ရဲ့ အငယ်ဆုံးကျောင်းတော်သားတွေကတော့ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ပါပဲ။ ဟို့ယွိဟောင်ကတော့ တခြားနှစ်ယောက်ထက် အနည်းငယ်အခြေအနေပိုကောင်းပါတယ်။ ရေခဲဧကရီရဲ့အရိုးနဲ့ပေါင်းစည်းပြီချိန်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်ကိုယ်ဟန်က အတော်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူ့အနေနဲ့ အသက်ဆယ့်လေးနှစ်အရွယ် ဆယ့်ငါးနှစ်အရွယ်လူငယ်တွေထက်ကို အနည်းငယ်ပိုပြီးအရပ်ရှည်နေခဲ့ပါတော့တယ်။ ဒါ့အပြင် သူ့ရဲ့ပုံစံကလဲ ရင့်ကျက်လို့နေတယ်။

ဒါပေမယ့် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ရဲ့ မျက်နှာတွေကတော့ အတော်လေးကလေးဆန်နေတုန်းပါပဲ။ အထူးသဖြင့်ရှောင်းရှောင်းက ပိုပြီးတော့ကလေးရုပ်မပျောက်သေးပဲ ရှိနေခဲ့ပါတယ်။ သူကအရပ်ပုရုံတင်မကပဲ အခုအချိန်ထိ ကလေးငယ်လေးလိုဖြစ်နေတာပါ။ ဒီတစ်ကြိမ်မှာတော့ အမြဲတမ်းဂုဏ်ယူ၀ံ့ကြွားမှုအပြည့်ရှိနေတတ်တဲ့ ရှောင်ဟုန်ချန်တောင်မှ သံသယ၀င်နေခဲ့ရပါပြီ။ ဘာကြောင့်များ အမျက်ဒေါသကျောင်းတော်က ဒီလိုလူအဖွဲ့အစည်းကိုပို့လိုက်ရတာလဲ။

နေရာတစ်ခွင်းလုံးမှာကြည့်နေသူတွေ ပြည့်နှက်စေဖို့အတွက် တစ်နာရီနီးပါးအချိန်ယူလိုက်ပါတယ်။ သူတို့တွေရဲ့ ၀င်ရောက်လာခဲ့မှုက အတော်ကိုများပြားလွန်နေခဲ့တယ်။ မူလအချိန်မှာ လုံး၀ကိုဗလာဟင်းလင်းဖြစ်တဲ့ ကြယ်တာရာလော့ရင်ပြင်ကျယ်ကြီးက အခုအချိန်မှာ လူအုပ်ကြီးတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။ ကံကောင်းစွာနဲ့ပဲ နိုင်ငံတော်က ကောင်းကောင်းစီစဥ်ပေးထားပြီ သံမဏိစည်း​ကြိုးတွေ တားဆီးထားတာကြောင့် အရမ်းဆူပူတာမျိုးမရှိခဲ့ပါဘူး။ ဒါ့အပြင် စစ်တပ်တွေကလဲ သူတို့ကို ထိန်းချုပ်ထားပါသေးတယ်။ အခုအချိန်မှာတော့ မနက်ကိုးနာရီကို ရောက်ရှိသွားခဲ့ပါပြီ။

” အားလုံးငြိမ်သက်ကြ “‘

ကျယ်လောင်တဲ့အသံကျယ်ကြီးက နယ်မြေတစ်ခွင်လုံးကို လွှမ်းခြုံသွားပါတော့တယ်။ ဒီအသံကိုကြားပြီချိန်မှာတော့ စစ်တပ်ရဲ့စစ်သည်တော်တွေအားလုံးကလဲ မတ်မတ်ရပ်နေတဲ့ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်ပါပြီ။ ဒီအသံက ဆူပူနေခဲ့တဲ့ ရင်ပြင်ကျယ်ကြီးတစ်ခုလုံးကို တိတ်ဆိတ်လို့သွားစေခဲ့ပါတယ်။

” အရှင်မင်းမြတ် အရှင်ဧကရာဇ်ရောက်ရှိပြီ “‘

ချက်ချင်းဆိုသလို လူတွေအားလုံးနီးပါးက ဒူးထောက်လိုက်ပါတော့တယ်။ ရာထောင်ချီတဲ့လူတွေက တူညီစွာလှုပ်ရှားလိုက်ကြတဲ့အတွက် ဒီမြင်ကွင်းက ထူးခြားလို့နေခဲ့တယ်။

စစ်သည်တော်တွေကတော့ ဒူးတစ်ဖက်သာထောက်ကြပါတယ်။ ဒါပေမယ့် ပါ၀င်ယှဥ်ပြိုင်တဲ့ကျောင်းတော်တွေအနေနဲ့ကတော့ ဒူးမထောက်ဖို့အတွက် အခွင့်အရေးရထားခဲ့တယ်။ ဒါပေမယ့် သူတို့အနေနဲ့လဲ ကိုးဆယ်ဒီဂရီဦးညွတ်ရင်း ဧကရာဇ်ကိုလေးစားမှုပြရပါတယ်။

” အားလုံးပဲ ထလို့ရပါပြီ ”

ကြယ်တာရာလော့နိုင်ငံတော်ရဲ့ဧကရာဇ်အသံက အသက်ချဲ့စက်၀ိညာဥ်လက်နက်တစ်ခုရဲ့အကူအညီနဲ့အတူ ထွက်ပေါ်လို့လာပါတော့တယ်။ ဒီတစ်ကြိမ်မှာသာ ပြည်သူလူထုအနေနဲ့လဲ ပြန်ပြီထရပ်ကြတာပါ။ ကျောင်းသားတွေလဲ အတူတူပါပဲ။ လူတိုင်းရဲ့အကြည့်ကတော့ နန်းတော်ရဲ့နံရံထိပ်ဖျားနေရာဆီကို ရောက်ရှိလို့သွားပါတော့တယ်။

ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ဧကရာဇ်က မြို့တော်ရဲ့နံရံအရှေ့ဆုံးမှာရပ်နေခဲ့တာပါ။ ဧကရီက သူ့ဘေးမှာရှိနေခဲ့ပြီ ဘေးပတ်လည်မှာတော့ မင်းမှုးထမ်းတွေနဲ့ စစ်တပ်အရာရှိတွေရှိနေခဲ့ပါတယ်။ သူ့ရဲ့နူးညံ့ညင်းသာတဲ့အကြည့်က ခမ်းနားတဲ့အရှိန်အ၀ါကို မပျောက်ကွယ်စေပါဘူး။

” တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲက ကိုယ်တော်တို့သော့်လော့တိုက်ရဲ့ အကြီးမားဆုံးနဲ့ အရေးကြီးဆုံးပွဲတော်ကြီးတစ်ခုပါပဲ ဒီတစ်ကြိမ်မှာ ကြယ်တာရာလော့နိုင်ငံတော်အနေနဲ့ အိမ်ရှင်နိုင်ငံအဖြစ် ဧည့်ခံကျင်းပခွင့်ရလို့ တကယ်ကို၀မ်းသာမိပါတယ်..ကြယ်တာရာလော့နိုင်ငံတော်ရဲ့ကိုယ်စား အဝေးနေရာကနေ ခရီးနင်းလာပြီ ပါ၀င်ယှဥ်ပြိုင်ကြတဲ့ ကျောင်းတော်တစ်ခုချင်းဆီတိုင်းကို ငါကိုယ်တော်ကျေးဇူးတင်ပါတယ်..ဒါ့အပြင် အခုအချိန်ကစလို့ တစ်လအတွင်းကျင်းပမဲ့ပြိုင်ပွဲကြီးမှာ ခမ်းနားတဲ့အစွမ်းအစတွေကို ထုတ်ပြဖို့မျှော်လင့်ပါတယ်.”

” ကျေးဇူးကြီးမြတ်လှပါတယ် အရှင်မင်းမြတ် ”

ကျောင်းသားတွေနဲ့ ခေါင်းဆောင်ဆရာတွေအားလုံးက နောက်တစ်ကြိမ် ဦးညွတ်လိုက်ပြန်ပါတယ်။ ကြယ်တာရာလော့နိုင်ငံတော်ဧကရာဇ်ကတော့ ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်ရင်းပြုံးပြနေခဲ့တယ်။

” ကောင်းပြီ တိုက်ကြီးအဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲတော် စတင်နိုင်ပြီဖြစ်ကြောင်း ကြော်ငြာပါတယ် ”

ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ကြော်ငြာသံက ပွဲတော်ကြီးတစ်ခုလုံးကို ကန့်လန့်ကာတင်ပေးလိုက်သလိုပါပဲ။

” အရှင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ အရှင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ အရှင်မင်းမြတ်သက်တော်ရာကျော်ရှည်ပါစေ ”

လူတွေအားလုံးရဲ့ အောာ်သံကြီးက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ချက်ချင်းဆိုသလို ရင်ပြင်ကျယ်ကြီးတစ်ခုလုံးကလဲ သက်၀င်လှုပ်ရှားလာပါတော့တယ်။

မြို့တော်ရဲ့နန်းတော်ပေါ်မှာကတော့ ဗျောက်ဖောက်သံတစ်ရာရှစ်ချက်တိတိ ထွက်ပေါ်လို့လာခဲ့ပြီ နောက်ဆုံးမှာတော့ ရပ်တန့်လို့သွားပါတော့တယ်။ ချက်ချင်းဆိုသလို နယ်မြေကြီးတစ်ခုလုံးကလဲ စိတ်လှုပ်ရှားမှု ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပွဲတော်နေရာကြီးတစ်ခုလို ပြောင်းလဲသွားခဲ့ပါပြီ။

ကြယ်တာရာလော့နိုင်ငံတော်ဧကရာဇ်ကလဲ သူ့ရဲ့စစ်သူကြီးတွေနဲ့အတူ နောက်ဖက်ကိုဆုတ်သွားပါတော့တယ်။ အဲ့ဒီနောက် ဧကရီနဲ့အတူတူ ပြင်ဆင်ပေးထားတဲ့ ပလ္လင်ပေါ်မှာထိုင်လိုက်ပါတယ်။ အဲ့ဒီနောက် နောက်ဖက်မှာရှိနေတဲ့ ၀န်ကြီးချုပ်ကိုလက်ဝှေ့ရမ်းပြရင်း ပြိုင်ပွဲကိုစတင်ဖို့အတွက် အမိန့်ချလိုက်ပါတော့တယ်။

အစောပိုင်းကလိုအသံကျယ်ကြီးက ထွက်ပေါ်လို့လာခဲ့ပြန်ပါပြီ။

” ပြိုင်ပွဲတွေရဲ့စည်းမျဥ်းတွေအရ ပထမပွဲစဥ်က ရှုံးထွက်ပွဲစဥ်ဖြစပါပဲ ဒီနှစ်မှာတော့ စုစုပေါင်းစာရင်းသွင်းထားတဲ့ ကျောင်းတော်တစ်ရာနဲ့သုံးဆယ်ရှိပါတယ်..မဲခွဲဆုံးဖြတ်ပြီတဲ့နောက် ချွင်းချက်အဖြစ်တစ်ဖွဲ့သာကျန်ရစ်မှာပါ ဒါ့အပြင် စုစုပေါင်းပြိုင်ပွဲပေါင်းခြောက်ဆယ်နဲ့ခြောက်ပွဲတိတိ ပါ၀င်ယှဥ်ပြိုင်ရပါလိမ့်မယ်…ပထမဆုံးရှုံးထွက်ပွဲစဥ်တွေမှာ ရှုံးနှိမ့်တဲ့သူကတော့ ပြိုင်ပွဲရဲ့ခရီးစဥ်မှာ အဆုံးသတ်ရပါလိမ့်မယ်..အခုတော့ ပထမပြိုင်ပွဲစတင်ပါပြီ ပထမပြိုင်ပွဲအတွက် ဦးဆောင်ရှေ့ထွက်လာရမဲ့သူကတော့ ထျန်းလင်း၀ိညာဥ်ကျောင်းတော်ပါပဲ တခြားတစ်ဖက်မှာ သူတို့နဲ့ရင်ဆိုင်ရမဲ့သူကတော့ တိုက်ကြီးနဲ့နံပါတ်တစ်ကျောင်းတော်ဖြစ်ပြီ မရေမတွက်နိုင်တဲ့ အောင်မြင်မှုတွေကို အခုအချိန်ထိ ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ လွန်ခဲ့တဲ့နှစ်တစ်ထောင်လုံးလုံး ချန်ပီယံနေရာကို ထိန်းသိမ်းထားနိုင်သူ အမျက်ဒေါသကျောင်းတော်ပါပဲ ”

ကြော်ငြာသူရဲ့ ပြောသံနဲ့အတူ ကြယ်တာရာလော့ရင်ပြင်ကျယ်ကြီးတစ်ခုလုံးက ချက်ချင်းဆိုသလို လူတွေရဲ့ဆူပူအုံကြွမှုက အထွဠ်အထိပ်ကို ရောက်ရှိလို့သွားပါတော့တယ်။

” အမျက်ဒေါသကျောင်းတော် အမျက်ဒေါသကျောင်းတော် အမျက်ဒေါသကျောင်းတော် ”

ဆက်တိုက်ဆိုသလို အော်ဟစ်သံတွေက ရင်ပြင်ကျယ်ရဲ့နေရာတစ်ခုမကျန်အထိ ပြည့်နှက်လို့နေခဲ့ပါတယ်။

အကြိုအဖွဲ့ရဲ့ လူခုနှစ်ယောက်ကတော့ သူတို့ရှေ့မှာရှိနေခဲ့တဲ့ မြင်ကွင်းကြီးကိုကြည့်ရင်း စိတ်တွေတောင်လွှတ်သွားသလိုပါပဲ။ ဒီလောက်ခမ်းနားတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့ဖူးတာပထမဆုံးအကြိမ်ပါပဲ။ ဒါကြောင့် သူတို့ရဲ့မျက်နှာတွေကလဲ အနည်းငယ်ဖြူဖျော့လို့သွားခဲ့ပါတယ်။ ဒါကလူပေါင်းရာထောင်ချီရုံတင်မက သိန်းနဲ့ချီတဲ့လူတွေပါပဲ။ အကယ်၍ ဒီပြိုင်ပွဲကိုသာ သူတို့ရှုံးနှိမ့်သွားမယ်ဆိုရင် ကျောင်းတော်ရဲ့အရည်အသွေးမပြည့်မီဖို့က ဘယ်လိုဖြစ်လာမလဲဆိုတာတောင် တွေးလို့မရပါဘူး။

” အားလုံးပဲ မကြောက်ပါနဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ အောင်မြင်မှုက ငါတို့နဲ့သက်ဆိုင်နေတယ်…ဒါ့အပြင် ဒီအောင်မြင်မှုကလဲ မကြာခင် မင်းတို့နဲ့သက်ဆိုင်မှာပဲ ..နောက်ဆုံးပြိုင်ပွဲမှာ ငါတို့တွေအနေနဲ့ ဒီလိုမြင်ကွင်းမျိုးကို ဘယ်လိုပဲဖြစ်ဖြစ်ရင်ဆိုင်ရမှာပဲလေ ဒါ့အပြင် ငါတို့က အမျက်ဒေါသကျောင်းတော်ဖြစ်နေခဲ့တာကြောင့် တစ်ဖက်ပြိုင်ဘက်တွေအနေနဲ့လဲ ငါတို့ထက်ပိုပြီး ဆယ်ဆမကထိတ်လန့်ကြောက်ရွံ့နေကြမှာပဲ ”

မာရှောင်ထောင့်ရဲ့အသံက အားလုံးရဲ့နားထဲကိုရောက်လာပါတော့တယ်။

ဒီလိုမြင်ကွင်းမျိုးက ၀မ်ယန်လို ဦးဆောင်လာသူအတွက်တောင် ပထမဆုံးမြင်ကွင်းဖြစ်နေခဲ့တယ်။ မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့ကသာ အကြိုအဖွဲ့အနေနဲ့ရောက်ဖူးတာကြောင့် ဒါမျိုးကိုဖြစ်ဖူးတာပါ။ အခုအချိန်မှာ မာရှောင်ထောင့်ရဲ့စကားတွေက သူတို့အတွက် စိတ်အအေးဆုံးပါပဲ။

ထိုက်ယွဲ့ဟန်က ချက်ချင်းဆက်ပြောပါတယ်။

” ရှောင်ထောင့်ပြောတာမှန်တယ်…ဒီအားပေးသံတွေက ငါတို့အတွက်ပဲ ဒါ့အပြင် ငါတို့ကျောင်းတော်အနေနဲ့ ဂုဏ်ကျက်သရေအတွက်ပဲ အခုအချိန်မှာ မင်းတို့တွေအနေနဲ့ ခေါင်းမော့ရင်ကော့ပြီ အရှေ့ကိုထွက်သွားလိုက် အင်အားကိုအသုံးချရင်း ငါတို့အမျက်ဒေါသကျောင်းတော် ဘယ်လောက်အင်အားကြီးလဲဆိုတာကိုသက်သေပြ သွားကြတော့ ခေါင်းမော့ရင်ကော့ရင်းနဲ့ ဒီလိုအားပေးတဲ့သူတွေကို စိတ်အားထက်သန်ကြောင်းပြလိုက် ”

အစ်ကိုကြီး အစ်မကြီးနှစ်ယောက်ရဲ့ စိတ်အားတက်ကြွစေတဲ့စကားတွေကို ကြားပြီတဲ့နောက် သူတို့တွေရဲ့ တုန်လှုပ်နေတဲ့နှလုံးသားတွေကလဲ ချက်ချင်းတည်ငြိမ်လို့သွားပါတော့တယ်။ လက်၀ါးတွေက ချွေးတွေစိုနေဆဲပါ။ အမျက်ဒေါသကျောင်းတော်အနေနဲ့ အကြိုအဖွဲ့အနေနဲ့ ဒီလိုမျိုးပထမအချီမှာ တိုက်ခိုက်ရမယ်လို့ သူတို့တွေမသိကြခဲ့ပါဘူး။ ဒါ့အပြင် ပထမဆုံးပြိုင်ပွဲကလဲ အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်ကျက်သရေတစ်ခုလုံးကို ကိုယ်စားပြုနေခဲ့ပါတယ်။ ဒါ့အပြင် ဒီလောက်အထိ စိတ်အားထက်သန်တက်ကြွနေတဲ့လူတွေကို ကြုံဖူးတာပထမဆုံးအကြိမ်ပါ။ ဒါကြောင့် အဓိကအဖွဲ့ရှိနေမယ်ဆိုရင်လဲ ဒီအချီကိုအင်အားအပြည့်တိုက်ခိုက်ရမှာပါပဲ။ ဒါပေမယ့် အခုတော့သူတို့မှာ ရွေးချယ်စရာကမရှိတော့ပါဘူး။

ဒီတစ်ကြိမ်မှာပဲ ကြော်ငြာသူ့ရဲ့အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပါတော့တယ်။

ထျန်းလင်း၀ိညာဥ်ကျောင်းတော်ရဲ့ အဖွဲ့၀င်များပြိုင်ပွဲကွင်းပြင်ထဲကို ၀င်ရောက်လာပါ။

ဖြူဖျော့နေတဲ့လူငယ်လေးတစ်ခုကတော့ ပြိုင်ပွဲ၀င်နယ်မြေထဲကို လျှောက်လာခဲ့ပါပြီ။ သူတို့တွေလျှောက်လာချိန်မှာ ခြေလှမ်းတွေတောင် မခိုင်ကြတော့ပါဘူး။ မာရှောင်ထောင့်ကတော့ ရယ်မောရင်း ဟို့ယွိဟောင်တို့ကို ကြည့်ပြီပြောလိုက်ပါတယ်။

” ကြည့်လိုက် ဒါမင်းတို့ရဲ့ ပြိုင်ဘက်တွေပဲ သတိထားမိကြလား သူတို့အားလုံးတုန်ရီနေကြတယ်လေ အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သတင်းက မင်းတို့တွေအားလုံးအပေါ်မှာ ၀န်ထုတ်၀န်ပိုးပိစေပြီ တာ၀န်ယူရမှာများပေမဲ့ ငါတို့ရဲ့အောင်မြင်မှုဆိုတာကလဲ မင်းတို့မှာရှိနေတဲ့ အင်အားအကြီးဆုံးလက်နက်ပဲ သတ္တိထုတ်ပြီ အင်အားကိုပြကြ အမျက်ဒေါသကျောင်းတော်က နိုင်ရမယ် ”

မာရှောင်ထောင့်က ပေ့ပေ့ရှေ့ကို လက်၀ါးဆန့်ထုတ်လိုက်ရင်း တခြားသူတွေအားလုံးကလဲ သူ့လက်ပေါ်ကို လက်လာထပ်လိုက်ကြပါတော့တယ်။

၀မ်ယန်က ခပ်တိုးတိုးပြောတယ်။

” ဟို့ယွိဟောင် ငါတို့တွေအခုအချိန်မှာ မင်းရဲ့စီစဥ်မှုကိုလိုအပ်တယ်…ကျန်ရစ်တဲ့သူတွေအားလုံးက သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုအောက်မှာ လိုက်နာကြရမှာပဲ ယွိဟောင် မင်းရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ကို ဖြစ်နိုင်မယ်ဆိုရင် သေသေချာချာလေး သတိထားပြီမှသုံး ”

ဟို့ယွိဟောင်ရဲ့ ဗလာဟင်းလင်းဖြစ်နေတဲ့စိတ်က ၀မ်ယန်ရဲ့သတိပေးစကားသံကို ကြားချိန်မှာချက်ချင်းဆိုသလို အလင်းပွင့်သွားခဲ့ပါပြီ။ သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးက ချက်ချင်းတောက်ပလို့လာခဲ့ပြီ သူခေါင်းညိတ်လိုက်ပါတယ်။

” ဆရာ၀မ် ကျွန်တော်နားလည်ပါပြီ မစိုးရိမ်ပါနဲ့ ကျွန်တော်တို့က အမျက်ဒေါသကျောင်းတော်ရဲ့မျက်နှာကို မပျက်စေရပါဘူး..ကျွန်တော်တို့နိုင်ရမယ် ”

ဟို့ယွိဟောင်ရဲ့မျက်လုံးထဲက ဆုံးဖြတ်ချက်ခိုင်မာတဲ့အရိပ်အယောင်ကို အထင်သားမြင်နေခဲ့ရပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့စကားကို ကြားချိန်မှာတော့ အကြိုအဖွဲ့ရဲ့လူတွေအားလုံးက ချက်ချင်းဆိုသလို သွေးတွေဆူပွက်လာသလို ခံစားလိုက်မိပါတော့တယ်။ အခုအချိန်မှာ သူတို့လိုအမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေအားလုံးက ကျောင်းတော်ရဲ့နှစ်တစ်သောင်းအောင်မြင်မှုကို ကိုယ်စားပြုရမှာပါပဲ။ ပြိုင်ဘက်တွေကတော့ သူတို့ကို ကြောက်လန့်ရုံကလွဲပြီ မတတ်နိုင်ပါဘူး။ သူတို့လုပ်ရမဲ့အရာကတော့ အရှေ့မှာရပ်နေတဲ့ပြိုင်ဘက်တွေအားလုံးကို ရိုက်ထုတ်ပြစ်ရမှာပါ။

ထွက်ပြေးလို့လဲမရသလို နောက်ဆုတ်လို့လဲမရနိုင်ပါဘူး။ အရှေ့ကိုဆက်တက်ရင်း အောင်မြင်အောင်ကြိုးစားရမှာပဲ။

” ထျန်းလင်း၀ိညာဥ်ကျောင်းတော်ရဲ့ ကျောင်းသားတွေ၀င်ရောက်လာပြီ အားလုံးရဲ့မျက်စိရှေ့မှာ တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းတော်တွေအားလုံးရဲ့ ထိပ်ဆုံးမှာရှိနေတဲ့စစ်မှန်တဲ့ဘုရင် အမျက်ဒေါသကျောင်းတော်ရဲ့ ပြိုင်ပွဲကွင်းပြင်ထဲကို ၀င်ရောက်လာပါ ”

ကြော်ငြာသူရဲ့အသံက လူတွေရဲ့စိတ်ကိုထိပ်ဆုံးထိရောက်အောင် လုပ်ပေးပါတော့တယ်။ ကြယ်တာရာလော့ရင်ပြင်ကျယ်ကြီးတစ်ခုလုံးကတော့ နောက်တစ်ကြိမ် အောင်ပွဲခံသံတွေ အော်ဟစ်အားပေးသံတွေနဲ့ ပြည့်နှက်လို့သွားခဲ့ပါပြီ။ မြို့နံရံမှာရှိနေခဲ့တဲ့ ဧကရာဇ်ကိုယ်တိုင်တောင် ထရပ်ရင်းနဲ့ အရမ်းကိုစိတ်လှုပ်ရှားနေခဲ့ပါတော့တယ်။ ငယ်ငယ်တုန်းက သာမန်လူတစ်ယောက်လို အယောင်ဆောင်ရင်း သင်ကြားသင်ယူဖို့အိပ်မက်မက်ခဲ့ရတဲ့ အမျက်ဒေါသကျောင်းတော်က သူရှေ့မှာရောက်လာပါတော့တယ်။ အခုအချိန်မှာ သူအရမ်းကို လေးလေးနက်နက်ချစ်မြတ်နိုးခဲ့ရတဲ့သူက အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းနယ်မြေထဲမှာထာ၀ရအမျက်ဒေါသအစောင့်အရှောက်အဖြစ် ရရှိလို့နေခဲ့ပါပြီ။ ဒါတွေကို ဘယ်သူများ သိနိုင်မှာလဲ။

အပိုင်း ၇၅•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset