အပိုင်း ၇၅•၁
” ပြိုင်ပွဲစတင်ခြင်း ”
°°°
အပြင်နယ်မြေရဲ့တပည့်သားတွေအားလုံးက ၀မ်ယန်ကိုအထိတ်တလန့်နဲ့ကြည့်လိုက်မိပါတော့တယ်။ ၀မ်ယန်ကလဲ ခေါင်းညိတ်ရင်းနဲ့ ဆက်ပြီပြောလိုက်တယ်။
” အမှန်ပဲ မမေ့နဲ့ ငါတို့ရဲ့အမျက်ဒေါသကျောင်းတော်က တိုက်ကြီးတစ်တိုက်လုံးမှာ နံပါတ်တစ်ကျောင်းတော်အဖြစ် အမြဲတမ်းနေရာရယူထားနိုင်ခဲ့တာမဟုတ်ဘူးလား..ငါတို့တွေပြိုင်ပွဲမှာ ချန်ပီယံမဖြစ်တာဘယ်တုန်းကများရှိခဲ့ဖူးလို့လဲ ဒါကြောင့်သာ ငါတို့အနေနဲ့ ဘယ်အချိန်ပဲရောက်ရောက် စာရင်းသွင်းခွင့်ရှ်ိတယ်..ဒါပေမယ့် အတွင်းနယ်မြေရဲ့တပည့်သားတွေကလဲ အမျက်ဒေါသရဲ့အစောင့်အရှောက်တွေပဲ ဒါ့အပြင်အများစုက အပြင်နယ်မြေမှာထွက်ပြီ လုပ်ငန်းတာ၀န်တွေကို ထမ်းဆောင်နေရတယ်..ဒါကြောင့် အချိန်မီသာရောက်လာမယ်ဆိုရင် သူတို့တွေ သေချာပေါက် စာရင်းသွင်းပြီ ဖြေဆိုခွင့်ရမှာပဲ ပထမပြိုင်ပွဲတွေမှာတော့ သေချာပေါက်သန်မာတဲ့ပြိုင်ဘက်ကြီးတွေကို တွေ့ကြုံရမှာမဟုတ်ဘူး..အခုတော့တိုက်ကြီးရဲ့ အဆင့်တက်ပြိုင်ပွဲအတွက် စည်းမျဥ်းတွေကို ငါရှင်းပြပေးမယ် ”
ကျောင်းသားတွေကို စိတ်အေးလက်အေးဖြစ်အောင် ရှင်းပြပြီတဲ့နောက် ၀မ်ယန်က နောက်ထပ်အခြေအနေတွေကို ပြောပြပါတော့တယ်။
” တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်တဲ့ စာမေးပွဲက ဒီတိုက်ကြီးတစ်ခုလုံးမှာရှိနေတဲ့ ကျောင်းတော်ပေါင်းစုံရဲ့ပြိုင်ပွဲပဲ ဒါ့အပြင် ကျောင်းတော်တစ်ခုချင်းဆီတိုင်းရဲ့ကျောင်းသားတွေ စုပေါင်းအင်အားကို စမ်းသပ်မျှတတဲ့ စည်းမျဥ်းတွေလဲရှိနေတယ် ”
” ဒါကြောင့်သာ ငါတို့တွေယှဥ်ပြိုင်ရတဲ့ ပုံစံကအရမ်းကို သက်၀င်လှုပ်ရှားပြီ တက်ကြွနေရတာပဲ ဒီထဲကစည်းမျဥ်းတချို့ကို ငါရှင်းပြမယ်…ဒီနေ့အခုအချိန်ထိ ရောက်လာပြီတဲ့၀ိညာဥ်ပညာရှင်ပေါင်းက တစ်ရာနဲ့သုံးဆယ်သုံးယောက်ရှိနေပြီးပြီ အားလုံးကလဲ အခုတည်ခိုဆောင်ကြီးထဲမှာ တည်ခိုနေကြတယ်..အကြိုပွဲစဥ်တွေရဲ့ပထမအချီက တိုက်ရိုက်ထုတ်ပယ်တဲ့ရှုံးထွက်ပွဲတွေကြီးပဲ နောက်တစ်နည်းအရပြောရမယ်ဆိုရင် ရှုံးတဲ့အဖွဲ့က ချက်ချင်းထုတ်ပယ်ခံရလိမ့်မယ်..ဒါ့အပြင် ပထမအချီက ခုနှစ်ယောက် ခုနှစ်ယောက်ချင်း တိုက်ခိုက်ရတဲ့တိုက်ပွဲတွေဖြစ်မယ်..မဲခွဲပြီဆုံးဖြတ်ရတဲ့တိုက်ပွဲတွေကတော့ မနက်ဖြန်မှာစတင်လိမ့်မယ်..ဒါ့အပြင် ပထမတစ်ချီထဲကို ပြီးမြောက်ဖို့အတွက် သုံးရက်တိတိကြာမြင့်မှာပဲ ”
” ပထမအချီပြီးသွားရင် ငါတို့တွေက အုပ်စုတွေကွဲသွားလိမ့်မယ်..အုပ်စုတစ်ခုချင်းဆီတိုင်းမှာ အဖွဲ့ရှစ်ဖွဲ့ကနေ ကိုးဖွဲ့အထိရှိလိမ့်မယ်..အားလုံးကလဲ အလှည့်ကျတိုက်ပွဲတွေကို ယှဥ်ပြိုင်ရမယ်..အဲ့ဒီလိုအလှည့်ကျတိုက်ပွဲတွေအတွက် စည်းမျဥ်းက သုံးခုထဲကနေ တစ်ခုဖြစ်နိုင်တယ်…ပထမဆုံးအနေနဲ့ တစ်ပွဲချင်းတစ်ယောက်ချင်းထုတ်ပယ်တာရှိမယ်..နောက်တစ်ခုကျတော့ သုံးယောက်တစ်ဖွဲ့ နှစ်ယောက်တစ်ဖွဲ့ တစ်ယောက်အဖွဲ့ပြိုင်ပွဲတွေရှိမယ်…နောက်ဆုံးကတော့ ခုနှစ်ယောက် ခုနှစ်ယောက်အဖွဲ့တိုက်ပွဲပဲ ဒါကအဖွဲ့တစ်ဖွဲ့ချင်းဆီတိုင်းရဲ့ အင်အားကိုနားလည်နိုင်ဖို့စမ်းသပ်တာတွေပဲ ဒါ့အပြင် ပြိုင်ပွဲတိုင်းမှာ မဲခွဲပြီဆုံးဖြတ်ရတဲ့ ကိစ္စတွေရှိလာလိမ့်မယ်..ဒီလိုနည်းနဲ့ ငါတို့ရဲ့ပြိုင်ပွဲတွေက ဆက်သွားလိမ့်မယ်..ဒါကြောင့် အကောင်းဆုံးနည်းလမ်းအနေနဲ့ စွမ်းရည်ကိုစုပေါင်းပြီတော့ရော တစ်ယောက်ချင်းဆီတိုင်းကိုပါ စမ်းသပ်ကြလိမ့်မယ် ”
” ပထမအချီကို တိုက်ခိုက်ပြီသွားရင် ဒီပြိုင်ပွဲတွေရဲ့ အဓိကကျတဲ့အသေးစိတ်အချက်အလက်တွေကို ငါထပ်ပြီရှင်းပြပေးမယ်..အခုတော့ မင်းတို့အနေနဲ့ ပထမဆုံးပြိုင်ပွဲကပြိုင်ဘက်ကို သွားပြီရင်ဆိုင်ရမယ်..ဒီပြိုင်ပွဲကိုရင်ဆိုင်ပြီးပြီဆိုရင် ငါတို့တွေစစ်ကူကိုစောင့်ရင်း နောက်ထပ်ရှုံးထွက်ပွဲစဥ်တွေကို ထပ်ပြီပြိုင်ရလိမ့်မယ်..ရှောင်ထောင့်နဲ့တခြားသူတွေကတော့ အခုအချိန်မှာ တိုက်ခိုက်နိုင်ဦးမှာမဟုတ်ဘူး..ဒါကြောင့် ဘယ်လိုပဲဖြစ်ပါစေ မင်းတို့တွေဒီပွဲမှာအနိုင်ရဖို့ လုပ်ကြရလိမ့်မယ်..ထုတ်ပယ်တဲ့ပွဲစဥ်တွေပြီးသွားရင်း နောက်ထပ်ပွဲစဥ်တွေအတွက် အများကြီးစိုးရိမ်ပူပန်နေဖို့မလိုဘူး..ဒါ့အပြင် အကူအညီပေးမဲ့သူတွေကလဲ အချိန်မရွေးရောက်လာနိုင်တယ်လေ သူတို့တွေအချိန်မီရောက်မလာနိုင်ဘူးဆိုရင်တောင် မာရှောင်ထောင့်နဲ့ တခြားသူတွေက လ၀က်အတွင်းမှာ အင်အားအပြည့်အ၀ပြန်ကောင်းလာတော့မှာပဲ ဒါဆိုရင် ငါတို့တွေက သေချာပေါက်နံပါတ်တစ်အဖွဲ့ဖြစ်နေလိမ့်မယ်.”
ပထမအချီက ရှုံးထွက်ပွဲစဥ်ဆိုတာကို ကြားပြီတဲ့နောက် အားလုံးရဲ့မျက်နှာက အရမ်းကိုအလေးအနက်ဖြစ်သွားပါတော့တယ်။ တိုက်ကြီးအဆင့်တက်ပွဲစဥ်မှာ ပထမအချီနဲ့တင် အမျက်ဒေါသကျောင်းတော်က ထွက်ခွာခဲ့ရလို့ကတော့ သေချာပေါက်ဟာသဖြစ်နေမှာပါ။
ဒါပေမယ့် ၀မ်ယန်ကတော့ အရမ်းကို ယုံကြည်ချက်ရှိနေခဲ့တယ်။ တစ်စက်လေးမှစိုးရိမ်နေတဲ့ပုံစံမရှိပဲ သူပြုံးပြလိုက်ပါတယ်။
” မင်းတို့တွေ ဘာလုပ်နေကြတာလဲ စိုးရိမ်နေကြပြီလား လုံး၀စိုးရိမ်ဖို့မလိုဘူး..ပြိုင်ပွဲကြီးစပြီရင် မင်းတို့ရဲ့ပြိုင်ဘက်တွေက မင်းတို့ထင်ထားတာထက်အများကြီးအများကြီး ပိုပြီး အားနည်းတယ်ဆိုတာ နားလည်သွားမှာပါ မင်းတို့မေ့နေတာတစ်ခုရှိတယ်…မင်းတို့တွေအားလုံးက အမျက်ဒေါသကျောင်းတော်ကနေ ရွေးချယ်ထားတဲ့ထိပ်တန်းကျောင်းသားတွေကြီးပဲ အကြိုပွဲစဥ်အတွက် အဖွဲ့ဖြစ်နေခဲ့လို့ရှိရင်တောင် မင်းတို့တွေက သေချာပေါက် အမျက်ဒေါသကျောင်းတော်ကို ကိုယ်စားပြုပြီး ဒီစင်မြင့်ပေါ်မှာ ကိုယ့်ရဲစွမ်းအားကို ထုတ်ဖော်ပြသရင်း သက်သေပြရမယ်..ဒါ့အပြင် စွမ်းအားဆိုတာက တခြားဘယ်ကျောင်းတော်မှ ပြန်ယှဥ်ပြိုင်လို့မရနိိုင်တဲ့တစ်ခုတည်သောအရာပဲ မင်းတို့အနေနဲ့ ဒီတိုက်ကြီးရဲ့အဆင့်တက်ပြိုင်ပွဲက ပြိုင်ဘက်တွေကို စာမေးပွဲဖြေနေတဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ အင်အားကြီးရန်သူတော်တွေလောက် သန်မာမယ်လို့ယူဆထားစရာမလိုဘူး ”
အားလုံးက အနည်းငယ်မျက်လုံးပြူးသွားကြပါတယ်။ အမှန်ပါပဲ ဆရာ၀မ်ယန်ပြောနေတာ မှန်နေခဲ့တယ်။ သူတို့တွေက တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းတော်က ကျောင်းသားတွေပါ။ သက်တူရွယ်တူတွေထက်ကို အများကြီးကျော်လွန်နေကြတဲ့သူတွေကြီးပါပဲ။
၀မ်ယန်က သူထိုင်ခုံပေါ်မှာသက်သောက်သက်သာမှီလိုက်ရင်း ဆက်ပြောလာခဲ့တယ်။
” ယွိဟောင်ကလွဲပြီ မင်းတို့အားလုံးက ၀ိညာဥ်စက်ကွင်းပေါင်းစည်းမှုမှာ အတော်ကိုကောင်းတဲ့အနေအထားမှာရှိနေတယ်..အားလုံးမှာလဲ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းတွေက ရှိနေပြီ မင်းတို့ရဲ့ပြိုင်ဘက်တွေကရောဘယ်လိုဖြစ်မလဲ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်တွေက အမဲလိုက်ဖို့လွယ်တယ်များထင်နေတာလား ဒါ့အပြင် ၀ိညာဥ်ဘုရင်တွေထဲမှာတောင် ပြိုင်ပွဲလာပြိုင်တဲ့သူတွေတော်တော်များများက ငါတို့ကျောင်းတော်က သူတွေလောက် မထူးချွန်ကြသေးဘူး..မင်းတို့ရဲ့ ပြိုင်ဘက်တွေအားလုံးက အသက်နှစ်ဆယ်၀န်းကျင်ဖြစ်နေပေမဲ့ သူတို့အနေနဲ့ ၀ိညာဥ်စက်ကွင်းသုံးကွင်းထက်ပိုပြီးရဖို့တောင် ခက်ခဲတဲ့သူတွေကြီးပဲ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ပညာရှင်တွေကပိုပြီးတော့တောင် ရှားပါးသေးတယ်…မင်းတို့အနေနဲ့ နေလကျောင်းတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာကျောင်းတော်က ပြိုင်ဘက်တွေနဲ့မတွေ့သရွေ့ ၀ိညာဥ်ဘုရင်တစ်ယောက်နဲ့မတွေ့သရွေ့ သေချာပေါက် ရှုံးနိုင်မှာမဟုတ်ဘူး…ဒါ့အပြင် ငါတို့အဖွဲ့မှာ ကျင့်ကြံထားတဲ့ကျင့်ကြံဆင့်တွေက ဘယ်လောက်ရှိပြီလဲ ငါတို့မှာ ၀ိညာဥ်ဘိုးဘေးလေးယောက်ရှိတယ်..အမွှာ၀ိညာဥ်ပိုင်ထားတဲ့သူနှစ်ယောက်ရှိနေရုံတင်မကဘူး..တစ်ယောက်ကလဲအဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားသေးတာ မင်းတို့ရဲ့ ပြိုင်ဘက်တွေက သေချာပေါက် စိုးရိမ်နေကြမှာပဲ ကောင်းပြီ သွားနားကြတော့ မနက်ဖြန်ပြိုင်ပွဲအတွက် အင်အားအပြည့်ဖြည့်ထားမှဖြစ်မယ်..ဒါမှသာ သူတို့ကို အနိုင်ယူနိုင်မှာ တခြားကျောင်းတော်တွေလဲ ငါတို့ကို တိုက်ခိုက်ဖို့လုံး၀မရှိနိုင်ဘူးဆိုတာ သိအောင်ပြလိုက် ငါတို့ရဲ့အကြိုအဖွဲ့ကို လွှတ်မယ်ဆိုရင်တောင် သူတို့အနေနဲ့ ငါတို့ရဲ့အစွမ်းကိုကောင်းကောင်းသိသွားရစေရမယ်..ဟုတ်သား မင်းတို့အနေနဲ့ သေချာပေါက် ရှုံးထွက်ပွဲစဥ်ရဲ့ ပထမဆုံးနေ့မှာယှဥ်ပြိုင်ရမယ်ဆိုတာကို သတိပေးရဦးမယ်..ဒါ့အပြင် အရင်နှစ်ရဲ့ချန်ပီယံအနေနဲ့ ငါတို့က ပထမဆုံးတိုက်ခိုက်ရတဲ့သူတွေဖြစ်လာမှာ ”
ထိတ်လန့်သွားတဲ့ရှုစန်းရှီက မေးလာခဲ့ပါတယ်။
” ဆရာ၀မ် ဒါဆိုရင် ကျွန်တော်တို့ဗျူဟာတွေမချတော့ဘူးလား ”
၀မ်ယန်က ပြောလိုက်ပါတယ်။
” ငါတို့ဘာကြောင့်များ ဗျူဟာချဖို့လိုနေဦးမှာလဲ ကိုယ့်ကိုကိုယ် အရှက်ခွဲချင်တာလား ငါ့ကိုအရှက်ကွဲစေချင်နေတာလား ဒီလိုပြိုင်ဘက်တွေကို တိုက်ခိုက်ဖို့ဆိုတာ မင်းတို့တွေအနေနဲ့ ဗျူဟာတွေတောင်လိုနေဦးမှာလား သွားတော့ ရှောင်ထောင့် မင်းတို့သုံးယောက် တခဏတာငါနဲ့နေခဲ့ဦး မင်းတို့အတွက် ငါဆေးတွေအသစ်ရလာခဲ့တယ် “‘
အကြိုအဖွဲ့ရဲ့ ခုနှစ်ယောက်ကတော့ သူတို့အခန်းသူတို့ပြန်ပြီး နားပါပြီ။ ၀မ်ယန်ရဲ့ပြောစကားကို ကြားပြီချိန်မှာတော့ သူတို့တွေစိတ်လှုပ်ရှားနေတာကို အတော်လျော့ကျသွားပါတော့တယ်။ အမှန်ပါပဲ သူတို့က အမျက်ဒေါသကျောင်းတော်ရဲ့ ထိပ်တန်းကျောင်းတော်သားတွေပါ။ အခုမှအကြိုအဖွဲ့ဖြစ်နေတော့ရော ဘာဖြစ်ဦးမှာလဲ ဘယ်သူထက်မှ သူတို့က အားမနည်းပါဘူး သူတို့ခုနှစ်ယောက်ထွက်ခွာသွားပြီတဲ့နောက် ၀မ်ယန်က အစည်းအဝေးခန်းရဲ့တံခါးကို ပိတ်လိုက်ပါတော့တယ်။ အေးဆေးနေခဲ့တဲ့သူ့ရဲ့ရုပ်သွင်က ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားခဲ့ပြီ သက်ပြင်းချနေခဲ့ပါပြီ။ အဲ့ဒီနောက် သူပြန်ထိုင်လိုက်ချိန်မှာတော့ သူ့ရဲ့အကြည့်ကအရမ်းကို လေးနက်သွားပါတော့တယ်။
ထိုက်ယွဲ့ဟန်ကလဲ သက်ပြင်းချလိုက်တယ်။
” ဆရာ၀မ် သူတို့ကို ဒီလိုမျိုးနှစ်သိမ့်ဖို့လိုအပ်ရဲ့လား ဆရာ၀မ်ပြောတာ ဘာမှမမှားပေမဲ့ တခြားကျောင်းတော်ရဲ့ကိုယ်စားပြုကျောင်းသားတွေအားလုံးက သူတို့ရဲ့သက်တူရွယ်တူတွေထဲမှာ ထိပ်တန်းတွေကြီးပဲ သူတို့ထဲမှာ အားနည်းတဲ့သူတချို့ပါနိုင်ပေမဲ့ ကျွန်တော်တို့ပြိုင်ဘက်တွေရဲ့ အများစုက ၀ိညာဥ်ဘိုးဘေးအဆင့်မှာ ပြန်မျှရှိနေကြပြီးပြီ ဒါ့အပြင် ကျောင်းတော်တွေနဲ့ တ်ိုက်ခိုက်ရမဲ့ပွဲက သေချာပေါက် အစွမ်းကုန်တိုက်ခိုက်ရမှာပဲ ရှုံးထွက်ပွဲစဥ်တွေ ဖြစ်နေတာကြောင့် ဖြတ်ကျော်ဖို့ကမလွယ်နိုင်ဘူး ”
မာရှောင်ထောင့်ကလဲ ၀င်ပြောလာခဲ့ပါတယ်။
” ဆရာ၀မ်ပြောတာမှန်တယ်..သူသာ ဒီလိုမပြောခဲ့ဘူးဆိုရင် အခုကလေးတွေဘယ်လိုများစိတ်ဓာတ်တက်ကြွနိုင်မှာလဲ အကယ်၍ အဲ့ဒီလိုမျိုး စိတ်ဓာတ်မတက်ကြွတော့ဘူးဆိုရင် တိုက်ခိုက်ဖို့လိုမှာမဟုတ်ဘူးရှုံးသွားမှာပဲလေ ငါတို့အခုလုပ်ရမဲ့အလုပ်က သူတို့ကို အပြည့်အ၀ယုံကြည်လိုက်ဖို့ပဲ နင်ရောငါရော မနက်ဖြန်သွားပြီတိုက်ခိုက်လို့ဖြစ်နိုင်မဲ့ ခန္ဓာကိုယ်အခြေအနေမှာရှိနေလို့လား ”
” မင်းတို့သုံးယောက်ကို အခုနေရစ်ခိုင်းတာက မင်းတို့ရဲ့ဒဏ်ရာတွေ ပြန်လည်ကုသနိုင်ဖို့ ဘယ်လောက်အချိန်ကြာမလဲဆိုတာ ပြောခိုင်းဖို့ပဲ ငါအနေနဲ့ တိကျတဲ့အချိန်အတိုင်းတစ်ခုကို လိုအပ်တယ်.”
” အကယ်၍ ကျွန်မသာ အစွမ်းကုန်ကြိုးစားအားထုတ်ပြီ ပြန်ကောင်းမွန်အောင်လုပ်မယ်ဆိုရင် ဆယ့်ငါးရက်လိုပါတယ် ”
မာရှောင်ထောင့်က ပြောလိုက်တယ်။
” ကျွန်တော်ရဲ့ ကျင့်ကြံဆင့်က ရှောင်ထောင့်လောက်သိပ်မကောင်းတဲ့အတွက် ..ဒါကြောင့် အချိန်နည်းနည်းပိုယူဖို့လိုအပ်မယ်..ဆယ့်ခုနှစ်ရက်၀န်းကျင်လောက်တော့ အချိန်ယူမှာပါ “‘
ထိုက်ယွဲ့ဟန်က ပြောလာခဲ့တယ်။
၀မ်ယန်ရဲ့နှလုံးသားကတော့ ပိုပြီးလေးလံလာခဲ့ပါပြီ။ သူ့အနေနဲ့ သူကိုယ်တိုင်တောင် ယုံကြည်ချက်မရှိတဲ့အဖွဲ့တစ်ဖွဲ့ကို ပြိုင်ပွဲထဲပို့နေခဲ့ရတာပါ။
လင်းလော့ချန်က ပြောလာခဲ့ပြန်ပါတယ်။
” ကျွန်မရဲ့ဒဏ်ရာတွေက အတော်လေးသက်သာနေပြီ ဒီတော့ ဆယ့်ရက်နဲ့လောက်ဆိုရင် အဆင်ပြေသွားမှာပါ ”
နောက်ဆုံးတော့ သတင်းကောင်းလေးရှိလာခဲ့ပါပြီ။ တွက်ချက်ပြီတဲ့နောက် ၀မ်ယန်က ပြောလိုက်ပါတော့တယ်။
” တွက်ချက်ထားသလောက်ဆိုရင် မင်းတို့သာ အခုအခြေအနေအတိုင်း ဆက်သွားလို့ကတော့ ဆက်တိုက်မဲခွဲပြီတိုက်ရတဲ့ပြိုင်ပွဲတွေရဲ့ တတိယနဲ့ စတုတ္ထပွဲစဥ်တွေလောက်မှာ ပြန်တိုက်ခိုက်နိုင်ဖို့အတွက် အခြေအနေတွေရှိလာမှာပဲ ”
အချိန်အတော်ကြာတဲ့အထိ စဥ်းစားနေပြီတဲ့နောက် ၀မ်ယန်က ခေါင်းညိတ်လိုက်ပါတယ်။
” သူတို့တွေ ပထမပြိုင်ပွဲမှာ အနိုင်ရဖို့ပဲမျှော်လင့်ရတာပေါ့ အကယ်၍ ငါတို့သာ မဲခွဲဆုံးဖြတ်ပြီ တိုက်ခိုက်ရတဲ့အခြေအနေအထိကိုရောက်နိုင်မယ်ဆိုရင် အခွင့်အရေးရှိလာမှာပါ ငါတို့မှာ ဘာနောက်ခံစစ်ကူအဖွဲ့မှမရှိဘူးဆိုတာကိုတော့ လျှို့၀ှက်ချက်အဖြစ် ထားရဦးမယ်..သူတို့ရဲ့ယုံကြည်ချက်နဲ့သာ အောင်မြင်အောင်လုပ်လို့ရမှာပဲ ငါတို့ကျောင်းတော်ရဲ့တောက်ပမှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် သူတို့မှာအင်အားရှိမယ်လို့ ငါယုံကြည်တယ် ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ အခန်းထဲကိုပြန်လာခဲ့ပါပြီ။ အဲ့ဒီနောက် တံခါးကိုပိတ်လိုက်ပြီတဲ့နောက် ၀မ်သုန့်က မေးလိုက်ပါတယ်။
” ယွိဟောင် ဆရာ၀မ်ယန်ပြောတာ အမှန်ပြောနေတယ်လို့ ထင်လား ”
ဟို့ယွိဟောင်ကတော့ ပြုံးပြရင်း ပြန်ဖြေလိုက်ပါတယ်။
” အမှန်ပဲဖြစ်ဖြစ် မမှန်တာပဲဖြစ်ဖြစ် သူပြောတာ ရိုးရိုးသားသားလို့ ငါတို့ယူဆလို့ရတယ်လေ ငါတို့မှာ နောက်ထပ်ရွေးချယ်စရာဘာမှမရှိတော့ဘူးပဲ လာပါစပြီလေ့ကျင့်ရအောင် မနက်ဖြန်ရှုံးထွက်မဲခွဲပွဲစဥ်တွေပြီသွားရင်း ပြိုင်ပွဲကတိုက်ရိုက်စတင်တော့မှာ ငါတို့လုပ်နိုင်တဲ့တစ်ခုတည်သောအရာက ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်ရှိအောင် အင်အားဖြည့်ထားဖို့ပဲ .နောက်ထပ်လုပ်စရာမရှိဘူး ”
” ဟုတ်သားပဲလေ ”
၀မ်သုန့်က ဟို့ယွိဟောင်နဲ့ မျက်နှာချင်ဆိုင်မှာ ထိုင်လိုက်ပါတယ်။ အဲ့ဒီနောက် သူတို့တွေလက်နှစ်ဖက်ကို ပူးကပ်လိုက်ရင်း ဟောင်သုန့်စွမ်းအားပို စတင်လေ့ကျင့်ဖို့လုပ်ကြပါပြီ။
အမျက်ဒေါသကျောင်းတော်တစ်ခုထဲ ဒီလိုအစည်းအဝေးပွဲကျင်းပနေတာမဟုတ်ပါဘူး။ ဒီတစ်ကြိမ်မှာပဲ တခြားကျောင်းတော်တွေအားလုံးကလဲ သူတို့ကျောင်းသားတွေကို စိတ်ဓာတ်ခွန်အားမြင့်တင်ပေးဖို့ ကြိုးစားနေခဲ့ကြပါတယ်။ နေလနိုင်ငံတော်တော်၀င်၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကလဲ အမျက်ဒေါသကျောင်းတော်ရဲ့အဆင့်အတူတူ ရှိနေခဲ့တဲ့တစ်ခုတည်သောကျောင်းတော်ဖြစ်ပြီ သူတို့လဲ အတူတူလုပ်ဆောင်နေခဲ့ပါတယ်။
ပြိုင်ပွဲတစ်ခုချင်းဆီတိုင်းမှာ ဒုတိယနေရာဆိုတာအမြဲတမ်းရှိနေခဲ့မှာပါ ဒါကြောင့် နေလနိုင်ငံတော်ရဲ့ကျောင်းတော်နဲ့ အမျက်ဒေါသကျောင်းတော်တို့ ရရှိတဲ့ဆက်ဆံရေးတွေကလဲ လုံး၀ကို မကွခြားခဲ့ပါဘူး။ သူတို့မှာလဲ ရည်ရွယ်ချက်ကတစ်ခုပဲရှိပါတယ်။ ဒါကတော့ ချန်ပီယံဖြစ်လာဖို့ပါ။
အစည်းအဝေးခန်းရဲ့ ထိုင်ခုံစားပွဲထိပ်မှာတော့ အကြီးအကဲနှစ်ယောက်က ထိုင်နေခဲ့ပါတယ်။ သူတို့ရဲ့ဘေးမှာတော့ စုစုပေါင်းကျောင်းသားဆယ့်လေးယောက်တိတိ ရှိနေခဲ့တယ်။ ဘယ်ဘက်မှာထိုင်နေတဲ့ကျောင်းသားတွေကတော့ အနည်းငယ်အသက်ပိုကြီးပြီ ညာဘက်ကျောင်းသားတွေကတော့ အသက်ငယ်ရွယ်ပါတယ်။ သူတို့အနေနဲ့လဲ အဖွဲ့နှစ်ဖွဲ့ကိုခွဲထားတာအသိအသာကြီးပါ။
ဘယ်ဘက်မှာထိုင်နေခဲ့တဲ့ အကြီးအကဲက နှာခေါင်းချွန်ချွန်နဲ့ လေးထောင့်ကျကျပါးစပ်ရှိပြီ သူ့ရဲ့မျက်နှာရုပ်သွင်တွေက အတော်ကို ခမ်းနားပြီတော်၀င်ဆန်ပါတယ်။ သူက ပုခုံးကျယ်ကျယ်တွေကို မတ်နေအောင်ထားပြီ ထိုင်နေခဲ့ရင်း အရမ်းကိုခိုင်မာကြံ့ခိုင်တဲ့ပုံစံမျိုး အငွေ့အသက်တွေကို ပေးစွမ်းနေခဲ့တယ်။
” ငါတို့ရဲ့လေ့လာမှုအရ အမျက်ဒေါသကျောင်းတော်အနေနဲ့ လူဆယ့်ယောက်ကိုသာ ဒီတစ်ကြိမ်ခေါ်လာခဲ့တယ်…ဒါ့အပြင် သုံးယောက်က အသက်ဆယ့်နှစ်နှစ်တောင်မပြည့်သေးကြတဲ့ပုံစံပေါ်တယ်. တချို့တွေကတော့ အနည်းငယ်ပိုပြီးတော့ အသက်ကြီးနေပြီ ငါတို့အနေနဲ့ ကြယ်တာရာလော့နိုင်ငံတော်အတွင်းပိုင်းအထိကို သူလျှိုတွေထည့်လွှတ်ထားတာကြောင့် တိကျတဲ့သတင်းအချက်အလက်တွေကို ရခဲ့တယ်..သူတို့စာရင်းသွင်းတဲ့အချိန်မှာ သုံးယောက်ကပဲ အသက်ဆယ့်ကိုးနှစ်၀န်းကျင်သာရှိတယ်..တခြားခုနှစ်ယောက်က အသက်ဆယ့်ငါးနှစ်အောက်တွေကြီးပဲ နောက်တစ်နည်းပြောရမယ်ဆိုရင် အမျက်ဒေါသကျောင်းတော်အနေနဲ့ ဒီပြိုင်ပွဲအတွက် အရင်တစ်ခေါက်ရဲ့အကြိုအဖွဲ့ခုနှစ်ယောက်ထဲက နှစ်ယောက်သာခေါ်လာခဲ့တယ်..ဒါ့အပြင် အသက်ဆယ့်ကိုးနှစ်အရွယ်ကောင်မလေးပေါ်လာတာကို ငါတို့မြင်ဖူးတာပထမဆုံးအကြိမ်ပဲ ဒီတော့ဘာကိုဆိုလိုလဲ မင်းတို့သိလား “‘
ကျောင်းသားဆယ့်လေးယောက်စလုံးက သံသယအပြည့်နဲ့စိုက်ကြည့်လိုက်မိပါတော့တယ်။
ညာဘက်မှာထိုင်နေခဲ့တဲ့ အကြီးအကဲကတော့ မုတ်ဆိတ်မွေးကောက်ကောက်တွေရှိနေခဲ့ပြီ သူကအတော်ကို မြင့်မားတဲ့အရပ်နဲ့ တောင့်တင်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ ဖြူဖွေးနေတဲ့ဆံပင်တိုတိုတွေက အပ်တွေလိုမျိုးထောင်ထွက်နေခဲ့ပြီ သူ့ရဲ့မုတ်ဆိတ်မွေးတွေနဲ့တွဲကြည့်မယ်ဆိုရင် ပိုပြီးကြောက်စရာကောင်းနေခဲ့ပါတော့တယ်။
အပိုင်း ၇၅•၁ ပြီး၏။