အပိုင်း ၇၄•၃
” ထျောင်ထျဲ့သော့်လော့နဲ့ နဂါးနတ်ဘုရားသော့်လော့ ”
°°°
” ရှုံးဖို့ကိစ္စအကြောင်းပြောဖို့က စောလွန်းပါသေးတယ်..အကယ်၍ ငါတို့ရှုံးမယ်ဆိုရင်တောင် ဒီအခွင့်အရေးကိုအသုံးချပြီး အကြိုအဖွဲ့ကလေးခုနှစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပြင်ဆင်ပေးနိုင်လိမ့်မယ်..သူတို့တွေက ငါတ်ို့ကျောင်းတော်ရဲ့ ထူးချွန်တဲ့မျိုးဆက်တွေထပ်ဖြစ်လာမှာပဲ အကယ်၍ ငါတို့ရှုံးမယ်ဆိုရင်တောင် တန်ပါသေးတယ်..အချိန်အတိုင်းအတာတစ်ခုအထိတော့ သူ့တို့က်ိုစိတ်ရှိတဲ့အတိုင်းလုပ်ခိုင်းပါစေ လင်းအယ် တိုက်ပွဲကြီးပြီသွားခဲ့ရင်း နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကို ငါတို့ကျောင်းတော်ရဲ့ကိုယ်စားပြုပြီး ကျောင်းသားအပြောင်းအရွေ့အစီအစဥ်အတွက် တောင်းဆိုလိုက် ဒါ့အပြင် ငါတို့ကျောင်းတော်ရဲ့ ကျောင်းသားတွေကို သူတို့နိုင်ငံတော်ဆီပို့ပြီး သင်ကြားခိုင်းရမယ် ”
” အကြီးအကဲမု သူတို့ သဘောတူမှာလား သူတို့ သဘောတူမယ်ဆိုရင်တောင် ကျွန်မတို့ရဲ့ကျောင်းသားတွေက ”
ရှန်လင်းအယ်က မျက်လုံးအပြူးသားဖြစ်သွားခဲ့ပါတယ်။
” ရည်ရွယ်ချက်က သူတို့ကို အဲ့ဒီပို့လွှတ်ပြီး သင်ကြားစေဖို့မဟုတ်ဘူး ”
အကြီးအကဲမုက ပြုံးပြရင်းပြောလိုက်ပါတယ်။
” သူတို့ကို အတွေ့အကြုံရစေချင်တာ ဒါ့အပြင် တိုက်ကြီးရဲ့နံပါတ်တစ်၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကို မြင်စေချင်တယ်…ဒါ့အပြင် ၀ိညာဥ်လက်နက်တွေရဲ့ပုံစံကိုလဲ သူတို့ကိုယ်တိုင်မြင်တွေ့ပြီး လေ့လာစေချင်တယ်..နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကတော့ သဘောတူမှာပါ တကယ်တော့ အစောကထဲက ငါတို့ရဲ့ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ကို ကျောင်းသားအပြောင်းအရွေ့ သင်ကြားဖို့အတွက် တောင်းဆိုချက်ပို့ထားတာကြာပြီ ဒီတော့ ငါတို့အနေနဲ့ သူတို့သာ ငါတို့ရဲ့ ကျောင်းသားတွေကို အရင်ဆုံးလက်ခံမယ်ဆိုရင် သူတို့ရဲ့ကျောင်းသားတွေကိုလဲ ဒီကိုလက်ခံစေဖို့ခွင့်ပြုပေးမယ်လို့ ပြောရမှာပေါ့ ဒါ့အပြင် သူတို့ရဲ့ကျောင်းသားဆယ့်ယောက်အထိကို လက်ခံပေးမယ် ”
” ကောင်းပါပြီ ”
ရှန်လင်းအယ်က ပြန်ဖြေလိုက်တယ်။
” စကားပြောတဲ့အချိန်မှာ အတော်လေးသတိထားရမယ်..ငါးနှစ်အတွင်းသိုင်းပညာ၀ိညာဥ်ကျောင်းတော်နဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်နှစ်ခုက ယာယီပေါင်းစည်းရမယ်…ဒါ့အပြင် အပတ်တိုင်းမှာ၀ိညာဥ်လက်နက်တည်ဆောက်ရေးအတွက် သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်က ကျောင်းသားတွေအားလုံး သင်ကြားရမယ်..အကယ်၍ ၀ိညာဥ်လက်နက်တွေကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ မသင်ကြားနိုင်ဘူးဆိုရင်တောင် ဘယ်လိုအသုံးပြုရမလဲ သိသင့်တယ် .ရှောင်ကျဲ့ မိန်အယ် လင်းအယ် သောသော မင်းတို့တွေအားလုံးဒါကိုမှတ်ထားကြ ၀ိညာဥ်လက်နက်တွေရဲ့ တိုးတက်မှုက လုံး၀ကိုရပ်တန့်နိုင်မှာမဟုတ်ဘူး..ငါတို့တွေအနေနဲ့ သူတို့ဘယ်လောက်အထိ တိုးတက်လာနိုင်မလဲဆိုတာကို အခုထိတော့ ခန့်မှန်းလို့မရနိုင်သေးဘူး..ဒါကြောင့် အချိန်ရှိတဲ့အခိုက်အတန့်မှာ အားသာချက်ရအောင် လုပ်ထားရမယ်..ငါတို့ရဲ့ကျောင်းတော်က ပါရမီရှင်တွေဘယ်တော့မှ လျော့နည်းမနေဘူး..အနာဂတ်မှာ၀ိညာဥ်ပညာရှင်တွေက သူတို့ရဲ့သိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်လက်နက်တွေကို ပေါင်းစည်းပြီ တိုက်ခိုက်နိုင်လိမ့်မယ် ”
စိတ်ရှုပ်ထွေးနေတဲ့ ရန်ရှောင်ကျဲ့က မေးလိုက်ပါတယ်။
” ဆရာ ကျွန်တော်တို့ကိစ္စတွေကို အလောကြီးလွန်နေတာ မဟုတ်ဘူးလား ၀ိညာဥ်လက်နက်တွေက အများကြီးတိုးတက်နေတယ်ဆိုပေမဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ၀ိညာဥ်သူတော်စင်အဆင့်ရဲ့အထက်မှာရှိနေတဲ့ ၀ိညာဥ်ပညာရှင်တွေကို မယှဥ်နိုင်သေးဘူးလေ ”
” မင်းက တကယ်ပြဿနာကို လျစ်လျူရှုပြီး အသေးစိတ်တွေကိုပဲ အာရုံစိုက်နေမှာလား ”
အကြီးအကဲမုက အေးစက်တဲ့လေသံနဲ့ မေးလာခဲ့ပါတယ်။
” စကားမစပ် မင်းပြောတာမှားနေပြီ သိပ်မကြာခင်အချိန်တုန်းက နေလနိုင်ငံတော်ကို ငါကိုယ်တိုင်သွားရောက်ခဲ့တယ်..အဲ့ဒီမှာမြင်ခဲ့ရတဲ့ကိစ္စတွေက ငါ့ကိုထိတ်လန့်စေတယ်..၀ိညာဥ်လက်နက်တွေရဲ့ တိုးတက်လာမှုက နေလနိုင်ငံတော်မှာ မင်းထင်ထားထက်ကိုအများကြီးကျော်လွန်နေပြီ လူတွေအများကြီးထိန်းချုပ်နိုင်တဲ့ လက်နက်ကြီးတစ်ခုကို ငါမြင်ခဲ့တယ်..ဒါ့အပြင် အဲ့ဒီလက်နက်ကြီးက ငါ့ရဲ့အသက်ကိုတောင် ခြိမ်းခြောက်နိုင်လုနီးပါးဖြစ်သွားခဲ့တယ်..ဒီလိုစွမ်းအားမျိုးက စစ်ပွဲတစ်ခုလုံးရဲ့ အခြေအနေတွေကိုလုံး၀ပြောင်းလဲသွားစေနိုင်တယ်..ငါဒီနေ့ပြောခဲ့တာတွေအားလုံးက အကြောင်းအရင်းမရှိပဲ ပြောနေတာမဟုတ်ဘူး..အကယ်၍ မင်းဒီစိတ်ဓာတ်နဲ့သာဆက်သွားပြီ ပေါင်းစည်းဖို့ပြောင်းလဲဖို့ကို ငြင်းပယ်မယ်ဆိုရင် ကျောင်းတော်ကဆက်ပြီး တည်မြဲနိုင်တော့မှာမဟုတ်ဘူး ”
” တကယ်ကြီးလား ”
ရန်ရှောင်ကျဲ့အနေနဲ့ အထိတ်တလန့်ဖြစ်သွားပါတော့တယ်။ သူ့ဆရာဘယ်လောက်အထိ သန်မာလဲဆိုတာကို သူသိနေခဲ့တယ်။ အကယ်၍ သူက အဆင့်ကိုးဆယ်ငါးသော့်လော့အဖြစ် ရောက်ရှိသွားမယ်ဆိုရင်တောင် အကြီးအကဲမုရဲ့မျက်လုံးထဲမှာ သေးငယ်တဲ့တည်ရှိမှုလေးသာ ဖြစ်နေဦးမှာပါ။ ဒါ့အပြင် သူ့ဆရာအနေနဲ့ သူ့အသက်ကိုတောင်ခြိမ်းခြောက်နိုင်လုနီးပါးဖြစ်တဲ့ ၀ိညာဥ်လက်နက်ကို တွေ့ကြုံရတယ်လို့ ပြောနေခဲ့ပါပြီ။ ဒီလက်နက်က ဘယ်လောက်တောင်အင်အားကြီးလိုက်မလဲ။
” နေလနိုင်ငံတော်ရဲ့အပြင်ကနေကြည့်မယ်ဆိုရင် သူတို့တွေက အရိပ်ထဲမှာဆက်ပြီနေချင်ကြတဲ့ပုံမပေါ်ဘူး..အကယ်၍ စစ်ပွဲကြီးကသာဖြစ်လာခဲ့မယ်ဆိုရင် ငါတို့ရဲ့ကျောင်းတော်က အရင်လိုမျိုး သူတို့ကို ဖိနှိမ့်နိုင်မယ်လို့ထင်နေတာလား အခုသူတို့မှာရှိနေတဲ့ ပစ္စည်းတွေနဲ့ဆိုရင် ငါတို့အနေနဲ့ နေလနိုင်ငံတော်ရဲ့တကယ့်အင်အားကြီးအဆုံးလက်နက်တွေကို တိုက်ခိုက်နိုင်ဖို့မလွယ်ကူဘူး..ဒါကြောင့်သာ အခုလိုစီစဥ်လိုက်ရတာပဲ သူတို့အနေနဲ့လဲ ငါတို့ကို အဓိကဦးတည်ချက်ထားပြီး တိုက်ခိုက်နိုင်ချေရှိတယ် ”
ဒီစကားက်ိုကြားပြီးချိန်မှာတော့ အကြီးအကဲတွေအားလုံးရဲ့မျက်နှာက တည်ကြည်သွားပါတော့တယ်။
” ငါဒီလိုမျိုးကိစ္စတွေကို ထုတ်မပြောတာအချိန်အတော်ကြာနေပြီ ”
အကြီးအကဲမုက ပြောလာခဲ့ပါတယ်။
” ကောင်းပြီ ငါအခုပြောလိုက်တဲ့ကိစ္စကို မဲခွဲရအောင် ”
သူပြောပြီတဲ့နောက် လက်မြှောက်လိုက်ပါတယ်။ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ဆရာသခင်ဖြစ်တဲ့သူကို အရင်အတိတ်အချိန်မှာ ဘယ်သူကမှငြင်းပယ်တာမျိုးမရှိခဲ့ပါဘူး။ သူ့ရဲ့စကားတွေက အကြီးအကဲတွေအားလုံးကို စိတ်လှုပ်ရှားစေခဲ့ပါပြီ။ အားလုံးကလဲ သူ့အတိုင်းပဲမဲခွဲဆုံးဖြတ်ကြပါတယ်။
အကြီးအကဲမုက ခေါင်းညိတ်ရင်းနဲ့ ပြောလိုက်တယ်။
” ကျောင်းတော်အနေနဲ့ ၀ိညာဥ်လက်နက်တွေရဲ့ တိုးတက်မှုကိုဆက်တိုက်ထောက်ပံ့ပေးဖို့လိုနေတယ်..ဝေ့ချွမ်းမင်းရဲ့ဌာနကနေ နောက်ထပ်ပိုပြီး ငွေထောက်ပံ့မှုတွေကိုရဖို့လိုအပ်မယ် ”
အကြီးအကဲလင်းက ခေါင်းညိတ်လိုက်ပါတယ်။
အကြီးအကဲမုက ဆက်ပြောလာခဲ့တယ်။
“:၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ ဖန်းယွီက တကယ်မဆိုးဘူး သူ့ကိုလက်ထောက်ကျောင်းအုပ်အဖြစ် သတ်မှတ်လိုက်မယ်ဆိုရင်ကောဘယ်လိုလဲ ”
အားလုံးကလဲ နောက်တစ်ကြိမ်ထပ်ပြီးတော့ မဲခွဲဆုံးဖြတ်ကြပြန်တယ်။
” သူက ၀ိညာဥ်လက်နက်တွေကို စူးစမ်းလေ့လာတဲ့နေရာနဲ့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့နေရာမှာတာ၀န်ယူရမယ် “:
အကြီးအကဲမုက ရှန်လင်းအယ်ကို ပြောလိုက်ပါတယ်။
” သူ့အနေနဲ့ အမွေခံတပည့်သားနှစ်ယောက်ကလွဲပြီ ဘယ်သူကိုမှသင်ကြားပေးဖို့ မလိုအပ်ဘူး..ဒါ့အပြင် ဒီတစ်ခေါက်ကျောင်းသားအပြောင်းအရွေ့သင်ကြားမှုရဲ့ ကိစ္စကျယ်ကြီးတစ်ခုလုံးမှာ သူဦးဆောင်ရမယ် ”
” ကောင်းပါပြီ ”
°°°
ထန်ယာ့က သူ့ကျောင်းဆောင်မှာထိုင်ရင်း ပြတင်းပေါက်အပြင်ကိုကြည့်နေခဲ့ပါတယ်။ သူမရဲ့မျက်နှာက ဖြူဖျော့နေခဲ့တယ်။
” ပေ့ပေ့နဲ့ တခြားသူတွေ ဘယ်လိုနေမလဲသိချင်လိုက်တာ အစ်မကြီးလဲ့ရွှမ် ပြောတာကတော့ အတွင်းနယ်မြေရဲ့တပည့်သားတွေက ဒီတစ်ခေါက်တာ၀န်ထမ်းဆောင်တဲ့ခရီးစဥ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြတယ်တဲ့တစ်ယောက်ကလဲ စစ်ပွဲထဲမှာ သေသွားတယ်တဲ့ တခြားခြောက်ယောက်ကလဲ အတော်လေး ဒဏ်ရာပြင်းထန်ကြတယ်တဲ့ ပေ့ပေ့နဲ့ တခြားသူတွေက အဆင်ပြေပေမဲ့ သူတို့တွေပြိုင်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်ရမှာကို ငါစိုးရိမ်မိတယ် “:
” ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ငယ်သေးတယ်..ဒါ့အပြင် ငါကလဲ အသုံးမ၀င်ဘူးလေ ထန်မျိုးနွယ်ရဲ့ခေါင်းဆောင်ဖြစ်နေခဲ့ပေမဲ့ ငါရဲ့အနာဂတ်က သိပ်ကောင်းတဲ့ပုံမပေါ်ဘူး..တတိယ၀ိညာဥ်စက်ကွင်းကို ရရှိပြီတဲ့အချိန်ကထဲကစလို့ ငါ့ရဲ့၀ိညာဥ်စွမ်းအားက အဆင့်သုံးဆယ်သုံးကိုပဲရောက်သေးတယ်..အဆင့်တက်ဖို့ပိုပိုပြီး ခက်လာပြီ အခုအချိန်မှာ ဒုတိယနှစ်ရဲ့ထိုက်ဟွပင်းကတော့ ငါကထက်သာနေပြီ ငါက ပဥ္စမနှစ်တောင်ရောက်နေပြီဆိုမှတော့ ဘယ်လိုများ ဆဋ္ဌမနှစ်ရဲ့သင်ကြားမှုကို အောင်မြင်နိုင်မှာလဲ ၀ိညာဥ်စက်ကွင်းလေးကွင်းအထိ ဖြတ်ကျော်တိုးတက်ဖို့ကတောင် ခက်နေပြီ ”
အမြဲတမ်းတောက်ပနေခဲ့တဲ့ ထန်ယာ့က သူ့ဘာသာသူ ပြောနေခဲ့ပါတယ်။ သူမရဲ့လှပတဲ့မျက်နှာက အခုအချိန်မှာ မှောင်မိုက်လို့နေခဲ့ပါပြီ။
အဖေနဲ့အမေ နှစ်ယောက်စလုံးရဲ့ သေဆုံးခဲ့ရတဲ့ပုံစံကအဖြစ်ဆိုးလွန်ပါတယ်။ ဒါ့အပြင် ဘယ်သူကမှလဲ ကျွန်မတို့ကိုမကူညီခဲ့ဘူး။ နှစ်ပေါင်းတစ်သောင်းက ကုန်ဆုံးသွားခဲ့ပြီးပြီ အဲ့ဒီတုန်းကရှိခဲ့တဲ့ အနှောင်အဖွဲ့တွေရဲ့ မိတ်ဆွေတွေဆိုတာလဲ စတင်ပြီ ပျက်ပြားသွားပြီလေ ကျောင်းတော်က ဘိုးဘေးကြီးထန်စန်ရဲ့ ကြိုးစားအားထုတ်မှုတွေကို မှတ်မိပြီတော့သာ ကျွန်မကို နေစရာပေးနေခဲ့တာ ဒါပေမယ့် ကြည်လင်ကောင်းကင်ကရော ဘယ်လိုလဲ သူတို့ကိုသွားရှာခဲ့ပေမဲ့ သူတို့က ဆာလောင်တဲ့သူတွေကိုသာ ကူညီပေးတယ်။ သူဆင်းရဲတွေကိုမကူညီဘူးလို့ပြောလွှတ်လိုက်တယ်။ ထန်မျိုးနွယ်ဒီလိုကျဆင်းလာတယ်ဆိုတာက ရှောင်လွဲလို့မရတဲ့ကိစ္စပဲ လုံး၀ကို မယုံကြည်နိုင်သေးဘူး။ မျိုးနွယ်စုကို ပြန်တည်ဆောက်မှရမယ်။ ဘယ်လိုပဲတန်ဖိုးကြီးကြီးပေးဆပ်ရပါစေ လုံး၀ကို ပျက်ပြားစေဖို့မဖြစ်ဘူး။ ”
မျက်ရည်တွေက ထန်ယာ့ရဲ့မျက်နှာပေါ်မှာ လိမ့်ဆင်းလို့လာခဲ့ပါပြီ။ သူ့အနေနဲ့ အသက်ဆယ့်ငါးနှစ်သာရှိပေမဲ့ ထမ်းရွက်စရာတာ၀န်တွေက အများကြီးရှိနေပါသေးတယ်။
ထန်မျိုးနွယ်က ပေ့ပေ့ ဟို့ယွိဟောင် ရှောင်းရှောင်း ၀မ်သုန့် ဟယ့်ချိုက်ထို့တို့ကို မျိုးနွယ်စုထဲသိမ်းသွင်းခေါ်ဆောင်ပြီးခဲ့ပါပြီ။ ဒါက ထန်မျိုးနွယ်ကို မျှော်လင့်ချက်တချို့ရလာစေခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ပါရမီက အားလုံးထဲမှာ အဆိုးဆုံးပါပဲ။ ဘယ်လိုများသူတို့ကို အနာဂတ်မှာ ဦးဆောင်ရမှာလဲ။
မျက်ရည်တွေကိုသုတ်ပြီတဲ့နောက် ထန်ယာ့က မတ်တပ်ထရပ်လိုက်ပါတယ်။
” ကျွန်မပိုပြီးတော့ သန်မာလာချင်တယ်..ထန်မျိုးနွယ်ကိုနောက်တစ်ကြိမ် တိုးတက်လာအောင်လုပ်နိုင်သမျှအကုန်လုပ်မယ်..အဖေနဲ့အမေ ကျွန်မကိုခွင့်လွှတ်မှာ ရှောင်ယာ့က ကြယ်တာရာလော့မြို့တော်ကို သွားရတော့မယ် “:
ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ကြယ်တာရာလော့မြို့တော်က နိုင်ငံတော်ရဲ့နံပါတ်တစ်မြို့တော်ကြီးပါပဲ။ နိုင်ငံရေး ယဥ်ကျေးမှုနဲ့ စီးပွားရေးအားလုံးရဲ့အချက်အခြာဖြစ်နေခဲ့တယ်။ ဒါကြောင့် နေမ၀င်တော်၀င်နိုင်ငံတော်လို့ ခေါ်တွင်းကြတာပါ။
ကြယ်တာရာလော့နိုင်ငံတော်ရဲ့ မြို့နံရံတွေက မီတာနှစ်ရာကျော်အထိ မြင့်မားလာနေခဲ့ပြီ သူတို့ရဲ့အထူကလဲ မီတာတစ်ရာနီးပါးရှိပါတယ်။ အရမ်းကိုခိုင်ခံ့တဲ့ကျောက်တုံးတွေနဲ့ ပြုလုပ်လို့ထားခဲ့ပြီ မြို့တစ်ခုလုံးရဲ့ စတုရန်းကီလိုမီတာတစ်ထောင်ကို ၀န်းရံလို့ထားခဲ့တယ်။ ဒါ့အပြင် အနံနဲ့အကျယ်ကတော့ ကီလိုမီတာငါးဆယ်ထက်ကို ပိုပြီး ရှည်လျားပါတယ်။
မြို့ရဲ့အလယ်ဗဟိုချက်ကတော့ အတွင်းမြို့တော်ကြီးဖြစ်နေခဲ့ပြီ ကြယ်တာရာလော့မြို့အလယ်မှာ ရှိပါတယ်။ အတွင်းနယ်မြေကတော့ ကိုးရာခြောက်ဆယ်မီတာအရှည်ရှိပြီ အကျယ်ကတော့ ခုနှစ်ရာငါးမီတာရှိတယ်။ အတွင်းနယ်မြေရဲ့ နံရံတွေကမီတာနှစ်ဆယ်နီးပါးမြင့်မားပါတယ်။ ဒါတောင်မြို့တော်တစ်ခုရဲ့အထဲမှာတည်ရှိနေတဲ့မြို့တော်အငယ်ပါပဲ။ တော်၀င်နန်းတော်ကလဲ ကျားဖြူမြို့စားမင်းတို့ရဲ့မျိုးဆက်ရန်ကျင်စုလဲ တော်၀င်မိသားစုရဲ့ လွှမ်းမို့မှုပူးပေါင်းပြီ ပြန်လည်တည်ဆောက်ခဲ့တာကြောင့်ဆက်တိုက်ဆိုသလို အင်အားတိုးတက်လို့လာနေခဲ့တယ်။
ကြယ်တာရာလော့မြို့တော်ကြီးရဲ့ လူဦးရေးက နေထိုင်သူပေါင်း ရှစ်သန်းရှိနေခဲ့ပြီ ပြင်ပကနေလာရောက်နေထိုင်တဲ့သူတွေကတော့ သန်းနှစ်ဆယ်ကျော်ရှိပါတယ်။
ဒီလိုမြို့တော်ကြီးက ညဥ့်နက်တဲ့အထိတောင်ဆက်တိုက်ဆိုသလို လူမပြတ်ပဲရှိနေခဲ့တယ်။ ဒါ့အပြင် လာရောက်လည်ပတ်သူတွေကတော့ ဒီလ၀က်အတွင်းမှာတင် ပိုမိုများပြားလို့လာနေခဲ့ပါပြီ။ တည်ခိုဆောင်တွေအားလုံးကလဲ ပြည့်နှက်လို့နေခဲ့ပါတယ်။ ဒါကြောင့် အမတ်မင်းတွေအနေနဲ့ပြည်သူပြည်သားတချို့အတွက် သူတို့ရဲ့အိမ်တွေကိုဖွင့်ပြီ တည်ခိုဖို့ပေးအပ်ထားခဲ့ရတယ်။ မြို့တော်ထဲမှာရှိနေတဲ့ တပ်ဖွဲ့တွေကလဲ လုံခြုံရေးပြဿနာတွေကြောင့် အတော်ကိုအလုပ်တွေများနေခဲ့ပါပြီ။
ဒီလိုမျိုးအပြောင်းအလဲကြီးဖြစ်လာရတာကတော့ တစ်ခုသာရှိပါတယ်။ တိုက်ကြီးတစ်ခုလုံးရဲ့ ကျောင်းတော်အဆင့်တက်လက်ရည်ယှဥ်ပြိုင်ပွဲကြောင့်ပါပဲ။ ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့ပြိုင်ပွဲကြီးက အခုအချိန်မှာ ကြယ်တာရာလော့မြို့တော်မှာကျင်းပမှာပါ။ ဒါ့အပြင် နိုင်ငံတော်ကြီးလေးခုစလုံးက ကျောင်းတော်သားတွေအားလုံးလာရောက်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ ကြယ်တာရာလော့မြို့တော်ကြီးအနေနဲ့ ဒီလိုမျိုး နောက်တစ်ကြိမ် ကျင်းပဖို့အနှစ်နှစ်ဆယ်တောင်စောင့်ရမှာပါ။ ခမ်းနားတဲ့ပွဲတော်ကြီးက နိုင်ငံတစ်ခုလုံးမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေကို မဆွဲဆောင်ပဲ ဘယ်လိုများနေနိုင်မှာလဲ။
ပြိုင်ပွဲကြီးကို ကြယ်တာရာလော့ရင်ပြင်ကျယ်ကြီးမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒါကတော့ အတွင်းမြို့တော်ကြီးရဲ့အရှေ့တည့်တည့်မှာရှိတဲ့ ရင်ပြင်ကျယ်ကြီးပါပဲ။ ရင်ပြင်ကြီးက ကျယ်ပြောလွန်တာကြောင့် များပြားတဲ့ကြည့်ရှု့သူတွေက်ိုလဲ ကောင်းကောင်းလက်ခံထားနိုင်ပါတယ်။ ဒါ့အပြင် မြို့တော်ကိုစောင့်ကြပ်တဲ့စစ်သည်တော်တွေကလဲ သုံးသောင်းနီးပါးရှိနေခဲ့တယ်။ အခုအချိန်မှာ တစ်သောင်းနီးပါးကတော့ ကြာ်တာရာလော့ရင်ပြင်ကျယ်မှာစောင့်ကြပ်လို့နေခဲ့ကြပါပြီ။
ရင်ပြင်ကျယ်ကြီးရဲ့ အရှေ့ပိုင်းမှာမဝေးတဲ့နေရာမှာကတော့ ခုနှစ်ဆောင်အဆောက်အဦးကြီးရှိနေခဲ့တယ်။ ဒီအဆောက်အဦးကြီးက တည်ခိုခန်းပါပဲ။ တော်၀င်ကြယ်တာရာမဟာတည်ခ်ိုခန်းဖြစ်ပြီ တော်၀င်မိသားစုပိုင်ဆိုင်တဲ့အရာပါ။ လက်ရှိအချိန်မှာကတော့ အဆင့်မြင့်၀ိညာဥ်ပညာရှင်တွေရဲ့ နိုင်ငံအသီးသီးရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို လက်ခံပြီတည်ခိုခွင့်ပြုထားခဲ့ပါတယ်။
တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းတော် ချန်ပီယံဘွဲ့ကိုရရှ်ိဖို့အတွက် အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းတော်သားတွေအားလုံးကလဲ တန်ဖိုးအကြီးဆုံးအခန်းမှာ နေထိုင်ခွင့်ရထားခဲ့တယ်။ တစ်ယောက်ချင်းဆီတိုင်းမှာ ကိုယ်ပိုင်အိပ်ရာတွေရှိနေပြီဖြစ်သလို သူတို့စိတ်ရှိတိုင်းအသုံးပြုနိုင်ဖို့ တွေ့ဆုံခန်းလဲရှိနေခဲ့ပါတယ်။
အခုအချိန်မှာတော့ အဖွဲ့သားဆယ့်ယောက်နဲ့ ဦးဆောင်သူဆရာ၀မ်ယန်က အစည်းအခန်းရဲ့အလယ်မှာရှိနေခဲ့ပြီ တိုက်ပွဲမစခင်ကိစ္စတွေကို ဆွေးနွေးနေခဲ့ကြပါတယ်။
သူတို့တွေ မနေ့တုန်းက မြို့တော်ထဲကိုရောက်ရှိခဲ့တာပါ။ တခြားအဖွဲ့တွေနဲ့ယှဥ်မယ်ဆိုရင် နောက်ကျနေခဲ့ပါတယ်။ ဒါပေမယ့် တခြားသူရဲ့မျက်လုံးထဲမှာကတော့ အမျက်ဒေါသကျောင်းတော်အနေနဲ့ သူတို့ရဲ့ချန်ပီယံနေရာကို ခုခံထားနိုင်ဖို့အတွက် ဒီလိုမောက်မောက်မာမာပြုမှုနေတယ်ဆိုတာပါပဲ။
၀မ်ယန်က ဦးဆောင်သူနေရာမှာထိုင်နေခဲ့ပါတယ်။ သူ့ရဲ့ဘယ်ဘက်မှာတော့ မာရှောင်ထောင့် ထိုက်ယွဲ့ဟန် လင်းလော့ချန်တို့က ရှိနေခဲ့တယ်။ အားလုံးရဲ့မျက်နှာကတော့ ဖြူဖျော့နေဆဲပါပဲ။ အတွင်းကလီစာတွေက အဆိပ်သင့်ထားခဲ့အတွက် သူတို့တွေ ဆေး၀ါးအကူအညီနဲ့ အသုံးပြုပြီး အဆိပ်တွေကိုဖယ်ရှားရင်း ကြိုးစားနေခဲ့တာတောင် ပြန်လည်ကုသကောင်းနိုင်ဖို့ခက်ခဲနေဆဲပါ။
ဒါ့အပြင် သူတို့ရဲ့အတွင်းဒဏ်ရာအခြေအနေတွေက ထင်ထားတာထက်တောင်ပိုပြီး ပြင်းထန်လွန်နေခဲ့တာကြောင့် တွက်ချက်ထားတဲ့အချိန်ထက်ပိုပြီးအချိန်ယူဖို့လိုပါတယ်။
အကယ်၍ ၀မ်ယန်သာ ဒီလိုအခြေအနေမျိုးမှာ မျက်နှာကြည်ကြည်လင်လင်နဲ့ ရှိနိုင်ဦးမယ်ဆိုရင် ပိုပြီးထူးဆန်းနေမှာပါ။ စာရင်းသွင်းမှုကတော့ ဒီနေ့ပြီဆုံးလို့သွားခဲ့ပါပြီ။ ၀မ်ယန်အနေနဲ့ ပြိုင်ပွဲစီစဥ်သူတွေနဲ့ဆွေးနွေးရင်း လက်ရှိကျောင်းသားတွေကို နာမည်စာရင်းသွင်းထားခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ တပ်ကူတွေကတော့ ရောင်မလာသေးပါဘူး။ ပြိုင်ပွဲကြီးကမနက်ဖြန်စတင်တော့မှာပါ။ ဒီလိုအခြေအနေမှာ သူတို့ကိုယ်သူတို့သာ အားကိုးဖို့လိုပါတော့တယ်။ ၀မ်ယန်က တည်ငြိမ်အောင်ကြိုးစားရင်း ပြုံးပြလာခဲ့ပါတယ်။
” မင်းတို့တွေ မနေ့ကကောင်းကောင်းနားခဲ့ကြရဲ့လား ကြယ်တာရာလော့နိုင်ငံတော်ရဲ့ဧည့်ခံမှုက မဆ်ိုဘူး ”
သူ့ရဲ့ညာဘက်မှာရှိနေခဲ့တဲ့ ပေ့ပေ့က ပြောလာခဲ့ပါတယ်။
” ကျွန်တော်တို့ကောင်းကောင်းနားလိုက်ရပါတယ်။ ဒါပေမယ့် ဒီနေ့က စာရင်းသွင်းမှုရဲ့နောက်ဆုံးဖြစ်နေပြီ ကျောင်းတော်ရဲ့စစ်ကူတွေကရော ”
၀မ်ယန်က လက်ကိုဝှေ့ရမ်းလိုက်ပါတယ်။
‘ မစိုးရိမ်နဲ့ ကျောင်းတော်ကနေစာလွှာရပြီးပြီ အဝေးရောက်နေတဲ့ကျောင်းသားတွေကို စုစည်းဖို့အတွက် သူတို့တွေအချိန်ယူရဦးမယ်..ဒါ့အပြင် ငါတို့ရဲ့ကျောင်းတော်က အဓိကမှာလိုက်တဲ့ကိစ္စတစ်ခုရှိတယ်…ဒါကြောင့် ငါတို့ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာအတွက်တိုက်ခိုက်ကြရမယ်..ဒါ့အပြင် အကြိုအဖွဲ့အနေနဲ့ ဘယ်လောက်အထိသွားနိုင်မလဲဆိုတာ ငါတကယ်ပဲသိချင်မိတယ် ”
အပိုင်း ၇၄•၃ ပြီး၏။