Switch Mode

Chapter – 73.3

တတိယ သိုင်းပညာ ၀ိညာဥ်လား

အပိုင်း ၇၃•၃

” တတိယသိုင်းပညာ၀ိညာဥ်လား အလောင်းထိန်းချုပ်အသက်သွင်း အောက်လမ်းပညာလား ”
°°°
အကြီးအကဲရွှမ်က ဟို့ယွိဟောင်ကို ၀မ်သုန့်လက်ထဲ ထည့်လိုက်ပါတယ်။

” သူအဆင်ပြေတယ် စိတ်၀ိညာဥ်စွမ်းအားတွေအများကြီးအကုန်လွန်သွားရုံသက်သက်ပဲ သူနားပါစေ ”

၀မ်သုန့်ကတော့ ဒီစကားတွေကိုတောင် မကြားနိုင်တော့ပါဘူး။ ဟို့ယွိဟောင်ကိုဖက်ထားရင်းနဲ့သာ စပြီငိုကြွေးပါတော့တယ်။ ဟို့ယွိဟောင်လဲ သူ့ကိုနှစ်သိမ့်ဖို့တစ်ခုခုပြောချင်ပေမဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကုန်ဆုံးတာများလွန်လို့ အရမ်းကိုမောပန်းနေခဲ့ပြီ လက်ကိုမြောက်ဖို့တောင်အားမရှိတော့ပါဘူး။ စကားပြောနိုင်ဖို့ဆိုတာကလဲ မလွယ်ကူပဲဖြစ်နေခဲ့ပါတယ်။

” အခြေအနေတွေဘယ်လိုလဲ ”

သိုင်းပညာ၀ိညာဥ်ကို အသက်သွင်းထားဆဲဖြစ်တဲ့ အကြီးအကဲရွှမ်က ၀မ်ယန်ကို မေးလိုက်ပါတယ်။ မဟာကြယ်တာရာသစ်တောရဲ့ အဲ့ဒီအဖြစ်အပျက်မှာ အတွင်းနယ်မြေရဲ့တပည့်သားတွေကတော့ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်နဲ့ တွေ့ကြုံခဲ့ရပြီ ကြီးမားတဲ့အပျက်အစီးတွေကို ခံစားခဲ့ရပါတယ်။ သူ့အနေနဲ့ ဒီလိုဦးဆောင်လာမှုအောက်မှာ ကြီးမားတဲ့အပျက်အစီးကို ကြုံတွေ့ရတာ ဒုတိယအကြိမ်ပါ။ သာမန်တဲ့လူတွေအနေနဲ့ သူဘယ်လိုနာကျင်မှုကို ခံစားနေရလဲဆိုတာ နားလည်ဖို့မလွယ်ကူနိုင်ပါဘူး။

၀မ်ယန်က မှောင်မိုက်နေတဲ့မျက်နှာထားနဲ့ ပြောလိုက်ပါတယ်။

” ယောင်ဟောက်ရွှမ်က တိုက်ပွဲထဲမှာသေသွားခဲ့ပြီ ကျွန်တော်သူ့ရဲ့ကျန်ရစ်တဲ့အရိုးတွေကိုကောက်ဖို့ ကြိုးစားကြည့်ပေမဲ့ အဲ့ဒီမကောင်းဆိုးရွားမိစ္ဆာ၀ိညာဥ်ပညာရှင်အသုံးပြုပြီတဲ့နောက် သူ့ရဲ့အလောင်းက အလောင်းအဆိပ်တွေနဲ့ တိုက်စားခံရပြီ အကုန်လုံးအငွေ့ပျံသွားခဲ့ပြီ သူ့ရဲ့အရိုးကိုတောင် အပြည့်အ၀မယူနိုင်တော့ဘူး ”

အကြီးအကဲရွှမ်က နာကျင်မှုအပြည့်နဲ့ မျက်လုံးတွေကို ပိတ်လိုက်ပါတော့တယ်။

” တခြားသူတွေကော အခြေအနေဘယ်လိုလဲ ဒဏ်ရာအခြေအနေတွေ ဘယ်လိုရှိကြလဲ သေစေနိုင်လောက်တဲ့အန္တရာယ်မှာ ရှိနေလား ”

၀မ်ယန်က ပြန်ဖြေလိုက်ပါတယ်။

” ချန်ကျစ်ဖုန်းက ခြေထောက်နှစ်ချောင်းစလုံးကို ဆုံးရှုံးသွားပြီးပြီ ဒါပေမယ့် အဆိုးဆုံးဒဏ်ရာရတာကတော့ ကုန်းယန်မော့ပဲ သူ့ရဲ့ရင်ဘတ်နဲ့ ၀မ်းဗိုက်ပိုင်းတွေက အဆိပ်ငွေ့တွေကြောင့် အများကြီးပျက်စီးလို့သွားခဲ့ပြီးပြီ ဒါကြောင့် သူ့ရဲ့အတွင်းဒဏ်ရာတွေကပြင်းထန်ရုံတင်မကပဲ အဆိပ်တွေကလဲ အတော်ကိုမြင့်နေသေးတယ်..ရှီးရှီးရဲ့ အတွင်းဒဏ်ရာတွေကတော့ သိပ်ပြီမဆိုးရွားဘူး..ဒါပေမယ့် သူရထားတဲ့အဆိပ်ရဲ့အခြေအနေက အတော်ကိုအန္တရာယ်များနေတုန်းပဲ ဒါကြောင့် သူတို့သုံးယောက်က အခုအချိန် အဆိပ်ထိန်းချုပ်တဲ့ဆေးကို သောက်ထားတာကြောင့် အဖျားကြီးဖျားနေကြတယ်…အဖျားရှိန်က လျော့သွားနိုင်ပေမဲ့ ဒါကယာယီကိစ္စပါပဲ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့အသက်ကို ကယ်တင်ဖို့နဲ့ ကာကွယ်ထားနိုင်ဖို့အမြန်ဆုံးကုသထားမှရပါလိမ့်မယ်..မာရှောင်ထောင်ရဲ့ ထိုက်ယွဲ့ဟန်တို့က ပေါက်ကွဲမှုရဲ့အလယ်ဗဟိုချက်မှာ ရှိနေခဲ့တာကြောင့် အဆိပ်သွေးတွေနဲ့ အသားတွေကို တားဆီးထားနိုင်ခဲ့ပေမဲ့ ပေါက်ကွဲတဲ့လှိုင်းတွေကြောင့်အတွင်းဒဏ်ရာတွေ ကျန်ရစ်ခဲ့ပါတယ်..သူတို့အနေနဲ့ ကုသဖို့အချိန်လိုဦးမှာပါ ကံကောင်းစွာနဲ့ပဲ သူတို့ရော လင်းလော့ချန်ပါ အဆိပ်တွေမမိလိုက်ကြဘူး..ကျောင်းတော်ရဲ့ဆေး၀ါးတွေနဲ့ဆ်ိုရင် လ၀က်အတွင်းမှာ ပြန်ကုသကောင်းမွန်လာနိုင်မှာပါ သေခြင်းတရားရဲ့တမန်တော်ရော ဘယ်လိုလဲ ”

အကြီးအကဲရွှမ်က သက်ပြင်းချနေခဲ့ပါတယ်။ ၀မ်ယန်ကို ဟို့ယွိဟောင်ပြောခဲ့သမျှ အရာအားလုံးကိုပြောပြလိုက်တယ်။ ဒီဇာတ်ကြောင်းကို ကြားပြီချိန်မှာတော့ ၀မ်ယန်က အေးစက်ပြီမာကျောတဲ့ အမူအရာအနည်းငယ်ပျော့ပြောင်းလို့သွားခဲ့ပါပြီ။

” ကောင်းတယ် ကောင်းတယ် အနည်းဆုံးတော့ ဟောက်ရွှမ်အတွက် လက်စားချေနိုင်ပြီးပြီ အဲ့ဒီကောင်က ယွိဟောင်ရဲ့လက်ထဲမှာ ဒီလိုသေသွားရမယ်လို့ ဘယ်သူကထင်ထားခဲ့မိမှာလဲ ”

အကြီးအကဲရွှမ် မျက်လုံးပြန်ဖွင့်လာချိန်မှာတော့ ခိုင်မာတဲ့အကြည့်က အထင်သားပေါ်နေခဲ့ကြပါတယ်။ သူစိတ်ဆုံးဖြတ်လိုက်ပါပြီ ဒါကြောင့် သူပြောလိုက်တယ်။

” ၀မ်ယန် ဒီတာ၀န်ရဲ့ခက်ခဲတဲ့၀န်ထုတ်၀န်ပိုးကို မင်းအနေနဲ့ဆက်ပြီ တောင့်ခံရမယ်..သူတ်ို့တွေကို စစ်တပ်ရဲ့စခန်းဆီခေါ်သွားလိုက် မာရှောင်ထောင့်နဲ့ တခြားသူတွေအခြေအနေတည်ငြိမ်သွားပြီရင် ကြယ်တာရာလော့နိုင်ငံတော်ကို သွားပြီပြိုင်ပွဲကို၀င်ရမယ်..ငါက ကုန်းယန်မော့ ချန်ကျစ်ဖုန်းနဲ့ ရှီးရှီးတို့ကို ကျောင်းတော်ဆီခေါ်သွားပြီ ကုသစေမယ်..ငါတို့အနေနဲ့လုံး၀အချိန်ဖြုန်းလို့မရဘူး..ချက်ချင်းလှုပ်ရှားရမယ် ”

ပြောပြီတာနဲ့ အကြီးအကဲရွှမ်က သတိလစ်နေတဲ့ လူသုံးယောက်ဆီကို လက်ဝှေ့ရမ်းလိုက်ပါတော့တယ်။ အဖြူရောင်၀ိညာဥ်စွမ်းရည်တွေက သူတ်ို့ကို လွှမ်းခြုံလို့သွားခဲ့ပြီ ကြီးမားတဲ့ပိုးအိမ်ကြီးလိုအသွင်နဲ့ ကာကွယ်လိုက်ပါတယ်။

အပြင်နယ်မြေရဲ့ ကျောင်းသားခုနှစ်ယောက်ကိုကြည့်ရင်း အကြီးအကဲရွှမ်က ပြောလာခဲ့တယ်။

” အခုအခြေအနေတွေက ပြောင်းလဲသွားပြီ တာ၀န်ကလဲ ငါနဲ့သက်ဆိုင်နေတယ်..ကျောင်းတော်အနေနဲ့ နောက်ထပ်အဖွဲ့၀င်အသစ်တွေကို ပို့ဆောင်ဖို့အချိန်မလောက်မှာကို ငါစိုးရိမ်မိတယ်..ဒီတော့မင်းတို့အနေနဲ့ ဒီအချိန်အတိုင်းအတာတစ်ခုအထိ တာ၀န်ကိုထမ်းဆောင်ကြရမှာပါပဲ အနည်းဆုံးတော့ မာရှောင်ထောင်ရဲ့ တခြားသူတွေအင်အားပြန်မပြည့်ခင်အချိန်အထိတောင့်ခံထားဖို့လိုအပ်တယ်..ကလေးတို့ကျောင်းတော်က မင်းတို့ကို မှီခိုပြီတော့ပဲ အောင်မြင်မှုကို ထိန်းထားနိုင်မှဖြစ်မယ်..အကယ်၍ မင်းတို့အနိုင်ရမယ်ဆိုရင် ဂုဏ်ကျက်သရေက မင်းတို့အတွက်ပဲ ရှုံးမယ်ဆိုရင်တော့ အပြစ်ဒဏ်တွေအားလုံးကိုငါပဲခံယူမယ်..အရှက်ကွဲတာလဲငါပဲခံမယ် ”

ပြောပြီတာနဲ့ အကြီးအကဲရွှမ်က သူ့ရဲ့ကျဆင်းလာနေတဲ့ မျက်ရည်တွေကို ပြန်ပြီးထိန်းချုပ်ဖို့လုပ်နေခဲ့ပါတယ်။ အဲ့ဒီနောက် လူသုံးယောက်ကို ၀ိညာဥ်စွမ်းအားနဲ့ ခေါ်ထုတ်လို့သွားခဲ့ပြီ ပျံသန်းရေးလက်နက်ကို တပ်ဆင်ရင်းကျောင်းတော်ဆီကို အရှိန်အပြည့်နဲ့ ပျံသန်းတော့တယ်။ အခုအချိန်မှာ အရေးကြီးဆုံးက ဆေး၀ါးကုသဖို့နဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေတဲ့ ကျောင်းသားသုံးယောက်ကို အဆိပ်ထိန်းချုပ်ပြီကောင်းမွန်အောင်လုပ်နိုင်ဖို့ပါပဲ။ အကြီးအကဲရွှမ်ရဲ့စကားကိုကြားပြီချိန်မှာတော့ ဟို့ယွိဟောင်က အိပ်စက်မှုအနေအထားကို ရောက်သွားခဲ့ပါပြီ။

သူသတိပြန်၀င်လာချိန်မှာတော့ နေရောင်ကကောင်းကင်မှာအတော်မြင့်မြင့်မားမားရှိနေခဲ့ပါတယ်။ နေ့လည်ဆယ့်နှစ်နာရီ၀န်းကျင်လောက် ရှိနေပြီဖြစ်သလိုသွေးညီးနံ့အငွေ့အသက်တွေကလဲ ပျောက်ကွယ်လို့သွားခဲ့ပြီ လတ်ဆတ်တဲ့တောင်ပေါ်လေထုကသာ အစားထိုး၀င်ရောက်လာပါတော့တယ်။

သူ့ရဲ့ခေါင်းက နွေးထွေးပြီနူးညံ့တဲ့တစ်စုံတစ်ရာပေါ် လှဲလှောင်းနေမှန်း ဟို့ယွိဟောင်သတိထားမိသွားပါတော့တယ်။ ဒါ့အပြင် သက်သောက်သက်သာရှိတဲ့ ခေါင်းအုံတစ်ခုပါပဲ။ သေးငယ်လှပတဲ့လက်တစ်ဖက်ကတော့ သူ့ရဲ့ရင်ဘတ်ပေါ်မှာ ရှိနေခဲ့ပြီ အဲ့ဒီလက်ပိုင်ရှင်ကလဲ သူမျက်စိရှေ့ကိုရောက်လာပါတော့တယ်။

ဒီလက်တွေက ဘယ်သူလက်တွေလဲဆိုတာ ခေါင်းမော့ကြည့်ဖို့တောင်မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလက်ကိုအကြိမ်များစွာကိုင်ခဲ့ပြီဖြစ်သလို ပထမဆုံးအနေနဲ့ နီးနီးကပ်ကပ်နေရတာ မဟုတ်ခဲ့လို့ပါပဲ။

၀မ်သုန့်ရဲ့လက်တွေက တကယ်ကိုလှပပါတယ်..သူ့လက်ထက်ကိုအများကြီးပိုပြီးသေးသွယ်နေခဲ့ပေမဲ့ လက်ချောင်းရဲ့အရှည်လျားတွေကတော့ အတူတူနီးပါးလောက်ရှိပါတယ်။ တကယ်ကို အမျိုးသမီးလက်တွေလိုပါပဲ။

တစ်ရေးအိပ်ပြီတဲ့နောက် မူးဝေမှုတွေကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ အစောပိုင်းတုန်းဖြစ်ခဲ့တဲ့ ကိစ္စတွေက သူ့ရဲ့စိတ်ထဲကို မှတ်ဉာဏ်တွေပုံစံနဲ့ပြန်လည်၀င်ရောက်လာပါတော့တယ်။ တခဏတာကြာမြင့်ပေမဲ့ ဖြစ်သွားခဲ့တဲ့ကိစ္စတွေအားလုံးကို စဥ်းစားမိပြီချိန်မှာတော့ နှလုံးခုန်သံတွေတောင် ရပ်တန့်မတတ်ဖြစ်သွားခဲ့ရပါတယ်။

အောက်လမ်းပညာရဲ့ နတ်ဘုရားဥပဒေကပ်ဆိုးတွေရဲ့အရှင်သခင် လျှပ်စီးဧကရာဇ် ဒါကသူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ အိပ်စက်နေတဲ့မီးခိုရောင်ဘောလုံးလေး ပိုင်ဆိုင်ထားတဲ့ ဂုဏ်ပုဒ်တွေပါပဲ။ တစ်ချိန်ထဲမှာပဲ လျှပ်စီးဧကရာဇ်က သူ့ခန္ဓာကိုယ်ကို ယာယီပူးကပ်သွားတဲ့အချိန် ဟို့ယွိဟောင်အနေနဲ့ သူ့ကို နည်းနည်းလေးမှမခုခံနိုင်ပါဘူး။ အပြင်လောကကြီးကို ခံစားနိုင်စွမ်းဖြစ်သလို အာရုံငါးပါးကိုလဲထိန်းထားနိုင်ပေမဲ့ သူ့ခန္ဓာကိုယ်ကိုတော့ ထိန်းချုပ်မှုလွှတ်သွားခဲ့ပါတယ်။

သူ့ခန္ဓာကိုယ်ကို တခြားတစ်စုံတစ်ယောက်က ဒီလိုမျိုးထိန်းချုပ်သွားတယ်ဆိုတာက ပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လဲ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာတော့ အပြင်လောကကြီးရဲ့ အဖြစ်အပျက်တွေအားလုံးကိုသူမသိရပဲ စိတ်၀ိညာဥ်ပင်လယ်ထဲကနေသာ ကြည့်ရှုနေသူအဖြစ် ကျန်ရှိလို့နေခဲ့ရတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က နှစ်တစ်သန်း၀ိညာဥ်သားရဲကောင်ပါ။ ဒါ့အပြင် သူက ထူးခြားတဲ့အခြေအနေတွေကြောင့် နတ်ဘုရားတစ်ပါးဖြစ်မလာနိုင်တဲ့သူ ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် သူက စိတ်၀ိညာဥ်စွမ်းအားကို အဓိကအသုံးချတဲ့နှစ်တစ်သန်း၀ိညာဥ်သားရဲကောင်ပါပဲ။ ဒါတောင်မှ လျှပ်စီးဧကရာဇ်ကို မယှဥ်နိုင်တာလား။ လျှပ်စီးဧကရာဇ်က ဘယ်သူများလဲ သူပြောခဲ့တဲ့စကားအရဆိုရင် သူသာဆန္ဒရှိလို့ကတော့ သေခြင်းတရားရဲ့နတ်ဘုရားတစ်ပါးဖြစ်လာနိုင်သူလို့ ကြားသိခဲ့ရတယ်။ ဒါတွေအားလုံးပေါင်းစည်းလိုက်မယ်ဆိုရင် ကြောက်စရာကောင်းလွန်လှနေပါပြီ။

သူက တခြားလောကတစ်ခုကလို ပြောခဲ့ပါတယ်။ အဲ့ဒီလောကကဘယ်လိုလောကကြီးလဲ။ ဒါ့အပြင် သူပြောတဲ့အောက်လမ်းပညာဆိုတာဘာကြီးလဲ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေ အသုံးပြုတဲ့စွမ်းအားနဲ့တောင် တစ်စုံတစ်ရာတူညီနေခဲ့ပါတယ်။ ဒါပေမယ့် မကောင်းတွေခံစားချက်တွေမရရှိပဲ သန့်စင်ပြီ မြင့်မြတ်တဲ့ခံစားချက်ကိုသာ ရရှိလို့ထားခဲ့တယ်။

” ငါ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက သူ့ကိုမယှဥ်သာနိုင်တာမဟုတ်ဘူး…လူသားစိတ်၀ိညာဥ်ပင်လယ်တွေနဲ့ ပတ်သက်တဲ့အချိန်မှာ သူလောက်ဗဟုသုတမရှိရုံသက်သက်ပဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က မကျေမနပ်နဲ့၀င်ပြောပါတော့တယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် ”

ဟို့ယွိဟောင်က တွေတွေဝေဝေနဲ့ပြောလာခဲ့တယ်။

” လျှပ်စီးဧကရာဇ်အကြီးအကဲက “:

” အဲ့ဒီကောင်အကြောင်းမပြောနဲ့တော့ ”

စိတ်ဖိစီးနေတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလိုက်ပါတယ်။

” ဒီကောင်က မင်းလိုပဲလူသားတစ်ယောက်ဖြစ်လိမ့်မယ်..ဒါပေမယ့် သူ့ရဲ့မယုံနိုင်စရာကောင်းတဲ့စွမ်းအားတွေက လူသားတွေနဲ့မတူညီဘူး..ငါထင်တာကတော့ သူ့အနေနဲ့ အင်အားကြီးတဲ့ပြိုင်ဘက်တစ်ယောက်ယောက်ကို တွေ့ဆုံခဲ့ပြီခန္ဓာကိုယ်နဲ့ ၀ိညာဥ်အားလုံးဖျက်ဆီးခံရလို့ ဒီလိုအပိုင်းအစလေးတစ်ခုပဲ ကျန်ရစ်တာဖြစ်လိမ့်မယ်…သူတို့တွေပေါင်းစည်းတဲ့အချိန်မှာ ထူးခြားတဲ့ကောင်းကင်ရဲ့ဖြစ်ရပ်တစ်ခုကို ဖန်တီးလိုက်တယ်..အဲ့ဒီအချိန်မှာပဲ ၀ိညာဥ်အပိုင်းအစက ငါတို့ဆီကို ၀င်ရောက်လာတော့တာပဲ ဒီကောင်တကယ်တော့ ကျေးဇူးတင်သင့်တာ ဒီအစ်ကိုကြီးကြောင့်သာ မဟုတ်ရင် သူ့ရဲ့၀ိညာဥ်အပိုင်းအစက အစောကြီးကထဲက ပျောက်ကွယ်သွားလောက်ပြီ ”

” ဘာမှလာပြီ စောဒကတက်မနေနဲ့ နင်ကသူ့ထက်မသာတာ လုံး၀မသာတာပဲ နင်တစ်ယောက်ထဲမပြောနဲ့ ငါတောင်မှစိတ်၀ိညာဥ်အင်အားကိုယှဥ်မယ်ဆိုရင် သူ့ထက်အများကြီးနောက်ကျနေသေးတယ်..သူ့ရဲ့၀ိညာဥ်အပိုင်းအစကသာ အပြည့်အစုံရှိမယ်ဆိုရင် သေချာပေါက် နတ်ဘုရားဖြစ်လာနိုင်တယ်ဆိုတာ လုံး၀ကို ချဲ့ကားပြောဆိုနေတာမဟုတ်ဘူး ”

ရေခဲဧကရီက ပြောလာခဲ့ပါတယ်။ သူမက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လို စိတ်ဖိစီးမနေခဲ့ပဲ လေးစားမှုတွေအပြည့်နဲ့ ရှိနေခဲ့ပါတယ်။

ရေခဲဧကရီက ဆက်ပြောတယ်။

” ယွိဟောင် ဒီကိစ္စကို စဥ်းစားပြီစိုးရိမ်မနေနဲ့ အကြီးအကဲလျှပ်စီးဧကရာဇ်အင်အားက သူ့ရဲ့အသိပညာနဲ့ ၀ိညာဥ်စွမ်းအားအပေါ်မှာ မူတည်နေတယ်..အဲ့ဒါတွေအားလုံးကလဲ အရမ်းကို မြင့်မားလွန်တယ်..ဒါပေမယ့် သူ့ခန္ဓာကိုယ်နဲ့ ၀ိညာဥ်က အပျက်အစီးတွေအများကြီးတွေကြုံခဲ့ရတာကြောင့် အပိုင်းအစလေးပဲကျန်ရစ်တယ်လေ သူလုပ်နိုင်တာတွေသိပ်တော့မရှိပါဘူး..လက်ရှိအခြေအနေနဲ့ဆိုရင် မင်းရဲ့ စွမ်းအားကိုတောင်ပြန်မတိုက်ခိုက်နိုင်သေးဘူး…အစောပိုင်းတုန်းက မင်းရဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီး စွမ်းအားကိုပြသနိုင်ခဲ့တာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ချိတ်ပိတ်တဲ့စွမ်းအားနဲ့ ခန္ဓာကိုယ်ကိုကြားခံတဲ့အဖြစ်အသုံးပြုပြီး စွမ်းအားအရင်းအမြစ်တွေကို ထုတ်လွှတ်စေနိုင်လို့ပဲ ဒါ့အပြင် ငါတို့တွေကိုလဲ မလှုပ်ရှားဖို့အတွက် တားဆီးလိုက်တယ်ဆိုတာက မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်အပေါ်မှာ သူအများကြီးနားလည်ထားလို့ပဲ ငါတို့က အလောတကြီးလှုပ်ရှားလိုက်မယ်ဆိုရင် မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ကို အပျက်အစီးဖြစ်သွားစေနိုင်တယ်..ဒါကြောင့် ရွေးချယ်စရာမရှိပဲ သူ့ကိုမှီခိုဖို့ ကြိုးစားခဲ့ရတယ်…အကြီးအကဲရဲ့အင်အားက သူ့ရဲ့အသိပညာပေါ်မှာ အဓိကမူတည်နေခဲ့တာပဲ ဒါ့အပြင် သူ့အသုံးပြုတဲ့ အင်အားကြီးမှော်ပညာဆိုတာက သူ့ရဲ့လောကကနေလာတာပဲဖြစ်ရမယ်..အကယ်၍ အခွင့်အရေးရမယ်ဆိုရင်တောင် ဒါကိုသင်ကြားဖို့ကြိုးစားကြည့်ကြည့် ”

” ဒါပေမယ့် အကြီးအကဲရွှမ်ရဲ့စွမ်းအားနဲ့ အဲ့ဒီမိစ္ဆာ၀ိညာဥ်ရှင်ရဲ့စွမ်းအားက ”

ဟို့ယွိဟောင်က စိုးရိမ်ပူပန်းမှုအပြည့်နဲ့ စကားစလာဖို့ကြိုးစားလိုက်ပါတယ်။

ရေခဲဧကရီက ပြောလိုက်တယ်။

” မစိုးရိမ်နဲ့ အကြီးအကဲနဲ့ အဲ့ဒီကောင်ကလုံး၀ကို မတူညီတဲ့နေရာကနေလာကြတာပဲ အကြီးအကဲကသန့်စင်ပြီ ရိုးရှင်းတဲ့အစွမ်းအစကို ပိုင်ဆိိုင်ထားတယ်..သူ့ရဲ့၀ိညာဥ်ကလဲ ကောင်းသည်ဆိုးသည်သတ်မှတ်လို့မရနိုင်တဲ့ နယ်ပယ်တစ်ခုအထိကို ရောက်ရှိလို့နေပြီ နောက်တစ်နည်းပြောရမယ်ဆိုရင် သူက ငါတို့လောကရဲ့ဟိုအပေါ်ထိပ်ဆုံးမှာရှိနေတဲ့ ဖြစ်တည်မှုတစ်ခုပဲ ဒါကြောင့် သူ့ရဲ့စွမ်းအားတွေက မင်းကိုညစ်ညမ်းစေမှာမဟုတ်ဘူး..ဒါ့အပြင် သူစကားတွေအရကြည့်ရမယ်ဆိုလို့ကတော့ ဒီလိုမျိုး သင်ကြားနိုင်ဖို့အတွက်ဆိုရင် မြင့်မားတဲ့စိတ်ပိုင်ဆိုင်ရာအပြောင်းအလဲကို လိုအပ်လိမ့်မယ်..ဒါကြောင့် လွယ်ကူမှာတော့ မဟုတ်သေးဘူး..အကယ်၍ ငါသာ မမှားဘူးဆိုရင် အကြီးအကဲရဲ့စွမ်းအားဂုဏ်သတ္တိကလဲ မင်းလိုမျိုးလျှပ်စီးအလင်းဂုဏ်သတ္တိပဲဖြစ်လိမ့်မယ်..ဒါ့အပြင် သူ့ရဲ့အလင်းဂုဏ်သတ္တိက အတော်ကိုအားနည်းနေပေမဲ့ ငါမြင်ဖူးသမျှထဲမှာ အသန့်စင်ဆုံးပဲ “‘

” ဒါဆိုကျွန်တော်ဘာလုပ်ရမလဲ ”

ဟို့ယွိဟောင်က အသက်ဆယ့်သုံးနှစ်တောင်မရှိသေးပါဘူး။ သူ့အနေနဲ့ ပြဿနာကြုံလာတိုင်း ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကိုသာ မှီခိုနေခဲ့ရပါတယ်။

” မင်းဘာမှလုပ်ဖို့မလိုဘူး ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောလာခဲ့ပါတယ်။

” မင်းလုပ်ဖို့လိုတဲ့အရာက ဆက်လေ့ကျင့်ပြီ ပိုသန်မာအောင်လုပ်ဖို့ပဲ ဒီ၀ိညာဥ်အပိုင်းအစက ကိုယ့်ကိုကိုယ်ပြန်ပြီး ပြည့်၀လာအောင်လုပ်ဖို့အတွက် နှစ်တွေအများကြီးလိုဦးမယ် အဲ့ဒီအချိန်မရောက်ခင်အထိ သူက အလွယ်လေးထွက်လာနိုင်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ အလောတကြီးထွက်လာလိုက်မယ်ဆိုရင် သူ့ရဲ့အပိုင်းအစက ပျက်စီးပြိုကွဲသွားနိုင်တယ်လေ ဒါ့အပြင် မင်းမှာလုံလောက်တဲ့အင်အားနဲ့ စိတ်၀ိညာဥ်စွမ်းအားအပြည့်အ၀ရှိမှသာ သူ့ဆီကနေ သင်ယူနိုင်မှာပါ ဒါကြောင့် ဆက်ပြီတော့လေ့ကျင့်နေလိုက် ”

” ကျွန်တော်နားလည်ပါပြီ ”

ဟို့ယွိဟောင်အနေနဲ့ စိတ်လဲငြိမ်သွားပြီဖြစ်ပါတယ်။ စိတ်ထဲမှာသံသယတွေအကုန်လုံးတော့ မပျောက်ကင်းပေမဲ့ ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့က သူ့ကိုရိုးရိုးရှင်းရှင်း ရှင်းပြလို့ပေးခဲ့တယ်။

ဒီကိစ္စကိုဆုံးဖြတ်ပြီတဲ့နောက် သူလဲမျက်လုံးပြန်ဖွင့်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ၀မ်သုန့်ရဲ့လက်ကိုဖယ်ရင်း ထထိုင်ဖို့လုပ်တယ်။

ဒီလှုပ်ရှားမှုက ၀မ်သုန့်ကိုအထိတ်တလန့်နဲ့ အော်ခေါ်လာစေခဲ့တယ်။

” ယွိဟောင် နိုးလာပြီလား “‘

သူထလာချိန်မှာပဲ သူ့ရဲ့အတန်းဖော်တွေအားလုံးအနီးမှာရှိနေတာကို မြင်လိုက်ရပါတော့တယ်။ အားလုံးက သစ်တောရဲ့အလယ်မှာတရားထိုင်နေခဲ့ကြတာပါ။ ဒါပေမယ့် ၀မ်သုန့်ရဲ့အသံကိုကြားပြီချိန်မှာတော့ တစ်ယောက်ပြီတစ်ယောက် သတိ၀င်လာကြပါတော့တယ်။ အဓိကအဖွဲ့မှာတော့ မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်သာ ကျန်ရစ်ခဲ့ပါတယ်။ သူတို့ရဲ့မျက်နှာတွေက ဖြူဖျော့နေဆဲပါပဲ။ ဒဏ်ရာတွေကပြင်းထန်လွန်တာကြောင့် ဒီလိုမျိုးဖြစ်နေခဲ့တာပါ။ ဒါပေမယ့် သူတို့မျက်လုံးတွေဖွင့်လာခဲ့ကြပါတယ်။

အပိုင်း ၇၃•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset