အပိုင်း ၇၃•၂
” တတိယသိုင်းပညာ၀ိညာဥ်လား အလောင်းထိန်းချုပ်အောက်လမ်းပညာလား ”
°°°
သေခြင်းတရားရဲ့တမန်တော်ကတော့ အခုအချိန်မှာ အထိတ်တလန့်နဲ့ ဖြစ်နေခဲ့ပါတော့တယ်။ သူ့ရဲ့ အလောင်းကောင်ကျွန်တွေက အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါ့အပြင် သူ့အနေနဲ့လဲ ထိန်းချုပ်လို့မရအောင် ဖြစ်နေပါတော့တယ်။ ၀ိညာဥ်စွမ်းအားကို အဆုံးစွန်းအထိ အသုံးချရင်း များပြားတဲ့၀ိညာဥ်စွမ်းရည်တွေကို စတင်ပြီအသုံးချနေခဲ့ပေမဲ့ အသုံးမ၀င်ခဲ့ပါဘူး။ ဒါကြောင့်အလောင်းကောင်တွေအားလုံးကို ကိုယ့်ဘာသာကိုယ်ဖျက်ဆီးဖို့တောင် မထိန်းချုပ်နိုင်ဖြစ်နေခဲ့ပါတယ်။
မကြာခင်အချိန်အတွင်းမှာပဲ အလောင်းကောင်တွေရဲ့ မျက်လုံးထဲမှာ ဖြူဖျော့ဖျော့အလင်းတန်းက စတင်ပေါ်ထွက်လာခဲ့ပါပြီ။ ဒီအလင်းတန်းက တကယ်တော့ အဖြူရောင်မီးလျှံတစ်ခုပါပဲ။ မီးလျှံတွေက သူတို့တစ်ကောင်ချင်းဆီတိုင်းရဲ့မျက်လုံးတွေထဲမှာ ဆက်တိုက်ပေါ်ထွက်လာနေခဲ့ပြီ ခန္ဓာကိုယ်တစ်လျှောက်မှာ စတင်လှည့်ပတ်ပါတော့တယ်။ မမျှော်လင့်ထားနိုင်လောက်အောင်ပဲ သူတို့ရဲ့ဖြူဖျော့နေတဲ့ မျက်နှာတွေပေါ်မှာ နာကျင်မှုအမုန်းတရားနဲ့ အဆုံးမဲ့တဲ့ လက်စားချေလိုစိတ်အငြိုးအတေးတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ အဲ့ဒီနောက် ရူးသွပ်နေတဲ့ပုံစံနဲ့ သေခြင်းတရားရဲ့တမန်တော်ဆီကို ပြေး၀င်ဖို့လုပ်ပါတော့တယ်။
” မဖြစ်နိုင်လိုက်တာ လုံး၀မဖြစ်နိုင်တာပဲ ”
သေခြင်းတရားရဲ့တမန်တော်ကတော့ မယုံနိုင်မှုအပြည့်နဲ့ လှည့်ထွက်ပြေးပါတော့တယ်။
ဒီတစ်ကြိမ်မှာပဲ ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲကနေ ခရမ်းရွှေရောင်အလင်းတန်းက ထွက်ပေါ်လို့လာခဲ့ပါပြီ။ သေခြင်းတရားရဲ့တမန်တော်ရဲ့ခေါင်းကို တူကြီးတစ်ချောင်းက ထုချလိုက်သလိုမျိုး ခံစားလိုက်ရပါတော့တယ်။ ခံစားနေရတဲ့ကြောက်လန့်မှုနဲ့ ပေါင်းစည်းပြီချိန်မှာတော့ သူချက်ချင်းဆိုသလို မြေပြင်ပေါ်ကို ခေါင်းငိုက်စိုက်ကြသွားခဲ့ပါပြီ။
၀ိညာဥ်ပညာရှင်တွေရဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီး သူ့ဖန်တီးပြုလုပ်ထားခဲ့တဲ့ အလောင်းကောင်ကျွန်တွေက မြန်ဆန်းရုံတင်မကပဲ ဓားတွေမဖောက်နိုင်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခန္ဓာကိုယ်အင်အားကလဲ ထူးထူးခြားခြားမြင့်မားနေခဲ့ပါတယ်။ အလောင်းကောင်ကျွန်ဆယ့်နှစ်ကောင်စလုံးက သူ့ရဲ့အင်အားတစ်၀က်နီးပါးကို အသုံးပြုပြီး သန့်စင်လို့ထားထားတာပါ။ ဒါ့အပြင် သူ့ရဲ့တကယ်ကို စစ်မှန်တဲ့၀ှက်ဖဲကြီးတစ်ခုပါပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီအလောင်းကောင်ကျွန်တွေအားလုံးက အရင်မှာရှိခဲ့ဖူးတဲ့အသိစိတ်အပိုင်းအစတချို့ကို ပြန်လည်ရရှိသွားပုံပါပဲ။ သူ့ကိုဘယ်လိုလုပ် အလွှတ်ပေးတော့မှာလဲ။
အလောင်းကောင်ဆယ့်နှစ်ကောင်စလုံးက သေခြင်းတရားရဲ့တမန်တော်ကို စတင်ပြီ တိုက်ခိုက်ပါတော့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့် တစ်ဖက်လူက အတော်ကို မျက်လုံးအပြူးသားဖြစ်နေခဲ့ပြီ အရှေ့ကိုဆက်မသွားနိုင်ပဲ ရှိနေခဲ့တဲ့အတွက် တိုက်ခိုက်ရပိုလွယ်ကူသွားခဲ့တာပါ။ သူတို့ရဲ့ ရူးရူးသွပ်သွပ်တိုက်ခိုက်နေတဲ့ပုံစံက ကိုယ်ရဲ့အသက်ကိုတောင် ပဓာနမထားကြသလိုပါပဲ။
လျှပ်စီးဧကရာဇ်ရဲ့ အသံက ဟို့ယွိဟောင်ရဲ့ပါးစပ်ကနေ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာပြန်ပါတယ်။
” စိတ်၀ိညာဥ်တွေကို ထိန်းချုပ်နိုင်မှသာ တကယ်စစ်မှန်တဲ့အောက်လမ်းပညာရှင်အစစ်လို့ခေါ်နိုင်တာ ခန္ဓာကိုယ်တွေကို ထိန်းချုပ်နိုင်တာက အသုံးမ၀င်နေဘူး..အကယ်၍ မင်းဒီထက်ပိုပြီး သန်မာလာမယ်ဆိုရင်တောင် မင်းလိုမျိုးအလောင်းထိန်းချုပ်တဲ့သူတစ်ယောက်က ဘယ်တော့မှစစ်မှန်တဲ့အောက်လမ်းပညာရှင်ဖြစ်လာမှာမဟုတ်သလို ထူးဆန်းပြီအားကောင်းတဲ့၀ိညာဥ်ထိန်းချုပ်မှုကိုလဲ နားလည်နိုင်မှာမဟုတ်ဘူး ”
အဲ့ဒီနောက် အလောင်းကောင်ကျွန်တွေဖက်ကိုလှည့်သွားပါတော့တယ်။
” သူက မင်းတို့အားလုံးကို သတ်ခဲ့ပြီဆိုမှတော့ ဒီအဘိုးကြီးအားလုံးကို လက်စားချေဖို့အခွင့်အရေးပေးလိုက်မယ်..မင်းတို့လက်စားချေပြီသွားရင် မင်းတို့ရဲ့၀ိညာဥ်တွေအားလုံးကလဲ သန့်စင်ခံရမယ် ”
” ဒီအောက်လမ်းပညာကို ငါကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တာ အချိန်ဘယ်လောက်ကြာသွားပြီလဲတော့ ငါမသိဘူး..အရမ်းကိုရင်းနှီးလိုက်တာ တစ်ချိန်ထဲမှာ မရင်းနှိီးပဲဖြစ်နေတယ်..ဒါပေမယ့် ဒီခံစားချက်ကိုငါသဘောကျတယ်..အတိတ်အချိန်တုန်းက နှလုံးသားထဲမှာနက်ရှ်ိုင်းတဲ့အမုန်းတရားတွေ ရှိနေခဲ့ပြီ မမေ့ပျောက်နိုင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ကြည်လင်ပြတ်သားမှုကသာ ကျန်ရစ်တော့တယ်..ငါ့ရဲ့ စိတ်၀ိညာဥ်အသိစိတ်က နောက်တစ်ကြိမ် ထပ်မံပြန်လည်လှည့်ပတ်လာပုံပဲ ယွိဟောင် ပိုးကောင်ကြီးနဲ့ ကင်းမြီးကောက်လေ ငါနောက်တစ်ကြိမ် ထပ်ပြီတော့ ပြန်အိပ်စက်ရတော့မယ်..မင်းတို့အားလုံးကိုမသွားခင် ငါပြောစရာတော့တစ်ခုရှိတယ်..စွမ်းအားကိုကောင်းဖို့အတွက် သုံးနိုင်တယ်..ဒါပေမယ့် မင်းရဲ့စွမ်းအားကို မကောင်းတဲ့နေရာမှာ အသုံးပြုပြီးဆိုရင် မကောင်းဆိုးရွားတွေကို မွေးထုတ်ပေးနိုင်တဲ့အရာတစ်ခုဖြစ်သွားလိမ့်မယ်..ယွိဟောင် မင်းရဲ့အမုန်းတရားတွေက ငါ့နောက်တစ်ကြိမ် နိုးထလာခဲ့တဲ့အချိန်မှာ ဆေးကြောသုတ်သင်ပြီ ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်..မင်းရဲ့နှလုံးသားကသာ အမုန်းတရားရဲ့ထိန်းချုပ်မှုအောက်ကနေ လွှတ်မြောက်သွားခဲ့မယ်ဆိုရင် ပျော်ရွှင်မှုနဲ့ ချစ်ခင်မြတ်နိုးမှုတွေကို စတင်ပြီခံစားနိုင်လိမ့်မယ်…ငါလဲ မင်းရဲ့တတိယမြောက်သိုင်းပညာ၀ိညာဥ်အဖြစ် အစစ်အမှန်ဖြစ်လာပါလိမ့်မယ်…အဲ့ဒီအချိန်မှသာ မင်းအနေနဲ့ ငါရဲ့စိတ်ထိန်းချုပ်တဲ့ပညာရပ်ကို အမွေဆက်ခံနိုင်ဖို့ အရည်အချင်းအပြည့်အ၀ရှိလာမှာပါ ”
မီးခိုရောင်အရာတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စက်ကွင်းနဲ့အတူ မီးခိုရောင်မျက်လုံးကလဲ မူလအခြေအနေကို ပြန်ရောက်သွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်က အနည်းငယ်ယိမ်းယိုင်နေခဲ့ပြီ မြေပြင်ပေါ်ကို နောက်ဆုံးမှာလှဲကျလို့သွားခဲ့ပါတယ်။
ဒီအချိန်တိုလေးအတွင်းမှာပဲ သေခြင်းတရားရဲ့တမန်တော်ကတော့ သူ့ရဲ့အလောင်းကောင်ကျွန်ဆယ့်နှစ်ကောင် အစိတ်စိတ်အမွှာမွှာစုတ်ဖြဲနေတာကို ခံနေခဲ့ရတယ်။ ကြောက်စရာအော်ဟစ်သံတွေကို မီတာပေါင်းရာချီအကွာကနေတောင် ကြားနေခဲ့ရပါပြီ။
ယုတ်မာလွန်တဲ့အပြစ်သားကတော့ သူ့ရဲ့ကိုယ်ပိုင်ဖန်တီးခဲ့တဲ့ အလောင်းကောင်တွေရဲ့လက်ထဲမှ အဆုံးသတ်လို့သွားခဲ့ရပါပြီ။ ဒါကမီးနဲ့ကစားရင်းနဲ့ မီးလောင်ပြီသေသွားတဲ့လူလိုပါပဲ။ မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ သူ့ရဲ့သေဆုံးမှုက ကိုယ်ရှုကိုယ်ပတ်တာနဲ့အတူတူပါပဲ။
မိစ္ဆာ၀ိညာဥ်ပညာရှင်သေပြီတာနဲ့ အလောင်းကျွန်တွေကလဲ တစ်ယောက်ပြီတစ်ယောက် မြေပြင်ပေါ်ကိုလှဲကျသွားပါတော့တယ်။ ဒီလိုလုပ်နေရင်း ခေါင်းပေါ်ကနေ အဖြူရောင်မြူခိုတွေက ထွက်ပေါ်လို့လာခဲ့ပြီ လူသားရုပ်သွင်တွေအဖြစ်ကို ပြောင်းလဲလို့သွားခဲ့တယ်။ ဒါပေမယ့် ဒီတစ်ခေါက်သူတို့ရဲ့အမူအရာတွေက အမုန်းတရားတွေ ပါ၀င်မနေပဲ စိတ်သက်သာရာရမှုနဲ့ ကျေးဇူးတင်စိတ်တွေသာ ရှိနေခဲ့ပါတယ်။ လှဲကျနေတဲ့ဟို့ယွိဟောင်ကိုကြည့်ရင်းနဲ့သာ သူတို့က လေထဲမှာပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူတို့ရဲ့အမူအရာတွေကတော့ ပိုပြီးအေးချမ်းငြိမ်သက်လို့နေခဲ့ပါတယ်။
အကျဥ်းချခံထားရတဲ့၀ိညာဥ်တွေအားလုံး သန့်စင်ခံလိုက်ရပြီတဲ့နောက် အလောင်းကောင်ကျွန်တွေအားလုံးကလဲ ကြောက်စရာအမြန်နှုန်းနဲ့ ပျောက်ကွယ်လို့သွားပါတော့တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာ အရိုးတွေသာကျန်ရစ်ခဲ့ပါပြီ။
ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးနဲ့အတူ လေပေါ်ကိုလူတစ်ယောက်က ရုတ်တရက်လွှင့်ထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက် မြေပြင်ပေါ်ကို ပြုတ်ကျလာချိန်မှာတော့ အကြီးအကဲရွှမ်ကို မြင်လိုက်ရပါပြီ။ အကြီးအကဲရွှမ်ရဲ့ အပေါ်ပိုင်းဗလာဟင်းလင်းဖြစ်နေတဲ့ခန္ဓာကိုယ်က သူ့ရဲ့ကြေးညိုရောင်ကြွက်သားတွေကို ထုတ်ဖော်ပြလို့နေခဲ့တယ်။ ဒါ့အပြင် လက်ရှိအချိန် သူထိန်းထားပြီထုတ်လွှတ်နေခဲ့တဲ့အရှိန်အ၀ါက ပတ်၀န်းကျင်ရဲ့ရာသီဥတုကိုတောင် အပြောင်းအလဲဖြစ်သွားစေခဲ့ပါတယ်။ အထူးသဖြင့် သူ့ရဲ့ခေါင်းပေါ်မှာရှိနေခဲ့တဲ့ ချိုကောက်ကောက်ကြီးနှစ်ချောင်းပါပဲ။ ဒီလိုထူးဆန်းတဲ့ချိုတွေက အလင်းရောင်မျိုးနဲ့ တောက်ပလို့နေခဲ့ပြီ နောက်ဆုံးမှာတော့ ကျောက်စိမ်းဖြူရောင်အလင်းတန်းအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ အကြီးအကဲရွှမ်က ဟို့ယွိဟောင်ရဲ့ မျက်စိရှေ့ကိုရောက်လာခဲ့ပါပြီ။ လက်ရှိအခြေအနေက သူ့နှလုံးသားထဲမှာရှိတဲ့ဒေါသကို အတော်လေးငြိမ်သက်လို့သွားစေခဲ့ပါတယ်။ သေခြင်းတရားရဲ့တမန်တော်က သေဆုံးပျောက်ကွယ်သွားပြီဖြစ်သလို မြေပြင်မှာလဲ အရိုးစုကြီးတွေသာရှိနေခဲ့တယ်။ ဒါ့အပြင် ပုပ်သိုးနေတဲ့အနံ့တွေကလဲ နေရာအနံ့မှာပြန့်လွှင့်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ဘေးမှာလှဲကျလို့နေခဲ့တယ်။
ဟို့ယွိဟောင်အနေနဲ့ လူသားတစ်ယောက်ဖြစ်တာကြောင့် ကပ်ဆိုးကြီးတစ်ခုကို ကြုံတွေ့ရပြီလို့ အကြီးအကဲရွှမ်ကထင်ထားခဲ့တာပါ။ ဟို့ယွိဟောင်က လုံး၀ကိုအဆင်ပြေကောင်းမွန်ပါသေးတယ်။ သူ့ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် ဟို့ယွိဟောင်ကိုသွားထိကြည့်ပြီ အတည်ပြုဖို့တောင်မလိုပါဘူး။ ဟို့ယွိဟောင်ရဲ့ အသက်ရှုသံကအားနည်းနေခဲ့ပေမဲ့ အခုအချိန်ထိတော့ အသက်ရှုနေဆဲပါပဲ။ နှလုံးခုန်သံတွေကလဲ အရမ်းကိုကျန်းကျန်းမာမာနဲ့ ရှိနေပါသေးတယ်။ သူ့ရဲ့အသက်က ကောင်းကောင်းမွန်မွန်နဲ့ ဆက်ပြီရှင်သန်နိုင်မယ်ဆိုတာ အသိအသာပါပဲ။
ဒါပေမယ့် ဟို့ယွိဟောင်နေနေတဲ့ ပတ်၀န်းကျင်တစ်လျှောက်လုံးမှာ ဘယ်လိုအသက်စွမ်းအားမှ ရှိမနေခဲ့ပါဘူး။ အကြီးအကဲရွှမ်လဲ သံသယဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကို ဂရုတစိုက်နဲ့ချီပိုးလိုက်ပြီ ၀ိညာဥ်စွမ်းအားတွေကို ထည့်သွင်းပေးလိုက်တယ်။
ဟို့ယွိဟောင်က ခန္ဓာကိုယ်နာကျင်မှုကြောင့် မေ့မြောသွားတာမဟုတ်ပဲနဲ့ စိတ်၀ိညာဥ်စွမ်းအားတွေအများကြီး ကုန်ဆုံးသွားတာကြောင့် ဒီလိုမေ့မြောသွားတယ်ဆိုတာကို ခပ်မြန်မြန်ပဲရှာဖွေတွေ့ရှိလိုက်ရပါတော့တယ်။ ဒါ့အပြင် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကတောင် သိပ်မကုန်သေးပါဘူး။
သေခြင်းတရားရဲ့တမန်တော်ဘယ်ရောက်သွားလဲဆိုတဲ့အကြောင်းတွေးတောရင်း အကြီးအကဲရွှမ်ကလဲ စိုးရိပ်ပူပန်းလာပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ နှာခေါင်းအနားကို ကျောက်စိမ်းပုလင်းတစ်ပုလင်းထုတ်ပေးပြီ တေ့ပေးလိုက်ပါတယ်။
ဟို့ယွိဟောင်လဲ ရုတ်တရက်နှာချေရင်းနဲ့ နိုးလာခဲ့ပါပြီ။ စူးရှပြီစပ်တဲ့အနံ့က သူ့ကိုနိုးလာစေခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ခေါင်းကိုက်နေဆဲပါပဲ။ သူ့ရဲ့ခေါင်းတစ်ခုလုံးက မူးဝေနေခဲ့ပါပြီ။ အခုအချိန်မှာ မျက်စိရှေ့မှာရှိသမျှအရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရဖို့အတွက် စိတ်၀ိညာဥ်မျက်လုံးကိုတောင် မသုံးနိုင်ပဲဖြစ်နေခဲ့ပါတယ်။
” ယွိဟောင် ဘာဖြစ်သွားတာလဲ အဲ့ဒီမိစ္ဆာ၀ိညာဥ်ပညာရှင်ဘာဖြစ်သွားတာလဲ ”
အကြီးအကဲရွှမ်က စိတ်မရှည်လက်မရှည်နဲ့ မေးလိုက်ပါတယ်။
ဟို့ယွိဟောင်အနေနဲ့လဲ တွေးမရဖြစ်နေဆဲပါ။ သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းပြီတဲ့နောက် ဖြစ်ခဲ့တဲ့ကိစ္စတွေက စိတ်ထဲကိုပြန်၀င်ရောက်လာပါတော့တယ်။ သူ့ကိုလျှပ်စီးဧကရာဇ်က ပူးကပ်ပြီအရာအားလုံးကို ဖြေရှင်းပေးခဲ့ပါတယ်။ သူ့အနေနဲ့လဲ ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကို ရှင်းရှင်းလင်းလင်းမှတ်မိတယ်။ ဒါပေမယ့် လျှပ်စီးဧကရာဇ် ဘာတွေလုပ်လိုက်လဲဆိုတာကိုတော့ သူမသိနိုင်ခဲ့ပါဘူး။ စိတ်၀ိညာဥ်စွမ်းအားနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စွမ်းအားနှစ်ခုစလုံးကိုပါ အသုံးပြုပြီး သူကထိန်းချုပ်ပေးလိုက်တာပါ။ ဒီလိုတွေလုပ်လိုက်တာကြောင့် ဟို့ယွိဟောင်အနေနဲ့ အစောပိုင်းမှာစကားမပြောနိုင်ခဲ့ပါဘူး။ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီနှစ်ယောက်စလုံးကလဲ ထိတ်လန့်တဲ့အခြေအနေမှာရှိနေဆဲပါ။
မှတ်ဉာဏ်တွေကိုပြန်လည်ရရှိလာပြီတဲ့နောက် လျှပ်စီးဧကရာဇ် ချန်ရစ်ထားခဲ့တဲ့ စိတ်၀ိညာဥ်ရုပ်ပုံလွှာက သူ့စိတ်ထဲမှာပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့လဲ အဲ့ဒီရုပ်ပုံလွှာပြောတဲ့အတိုင်း အကြီးအကဲရွှမ်ကိုအတိအကျပြောပြတော့တယ်။
” ကျွန်တော် ကျွန်တော်လဲမသိလိုက်ဘူး သေခြင်းတရားရဲ့တမန်တော် ကျွန်တော်ကို ဒီခေါ်လာပြီတဲ့နောက် သူ့ရဲ့အလောင်းကောင်ကျွန်တွေကို အမိန့်ပေးပြီ ကျွန်တော်ကိုဓားစားခံအဖြစ်အသုံးပြုပြီး အမိန့်ချလိုက်တယ်..ကျွန်တော်သူ့အသံကိုကြားတဲ့အချိန် ကျွန်တော်အချိန်မရှိတော့ဘူးဆိုတာကို နားလည်လိုက်တယ်..ဒါကြောင့် စွမ်းအားတွေအားလုံးကိုအသုံးပြုပြီး စိတ်၀ိညာဥ်ထိတ်လန့်မှုကို ထုတ်လွှတ်လိုက်တယ်..သူတခဏတာသတိလွှတ်သွားအချိန်မှာ သူ့ရဲ့နှာခေါင်း ပါးစပ်တွေထဲကနေ သွေးတွေရုတ်တရက်စီးကျလာတယ်…တစ်ချိန်ထဲမှာပဲ ကျွန်တော်လဲ မြေပြင်ပေါ်ကိုလိမ့်ချလိုက်တော့တယ်..အဲ့ဒီလိုလိမ့်ချလိုက်တဲ့အချိန်မှာ သူ့ရဲ့ကြောက်စရာအော်သံကြီးကို ကြားလိုက်ရတယ်..ကျွန်တော်လဲအရမ်းကို ခေါင်းမူးလို့သွားခဲ့ပြီတဲ့နောက် နောက်ဆုံးတွေ့လိုက်ရတဲ့အရာကတော့ သူ့ရဲ့အလောင်းကောင်ကျွန်တွေက ထိန်းချုပ်မှုကနေလွှတ်သွားပြီ သူ့ကိုတိုက်ခိုက်ရင်းအစိတ်စိတ်အမွှာမွှာစုတ်ဖြဲပြစ်လိုက်တော့တာပဲ သူသေသွားတဲ့အချိန်မှာ အဲဒီအလောင်းကောင်ကျွန်တွေအားလုံးက မြေပြင်ပေါ်ကို ပြုတ်ကျသွားတဲ့ပုံပေါ်တယ်..ဒါတွေပြီတဲ့နောက် ကျွန်တော်လဲသတိလစ်သွားတော့တာပဲ ”
အကြီးအကဲရွှမ်ကတော့ ဟို့ယွိဟောင်ရဲ့စကားကိုကြားပြီချိန်မှာနားလည်သွားခဲ့ပါတယ်။
” အဲ့ဒါမကောင်းဆိုးရွားရဲ့ တန်ပြန်ရိုက်ခတ်မှုပဲ သူ့နဲ့တန်လို့သူရတာ ဒီလိုလွှတ်သွားတာ နှမြောစရာပဲ ကောင်းပြီငါတို့ဒီအကြောင်းနောက်မှပြောကြရအောင် ”
ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်အနေနဲ့လဲ သတိပြန်၀င်လာပြီဖြစ်တာကြောင့် ရီဝေနေတဲ့မျက်လုံးတွေနဲ့ မေးလိုက်တယ်။
” အကြီးအကဲရွှမ် မကောင်းဆိုးရွားတန်ပြန်ရိုက်ခတ်မှုဆိုတာ ဘာကြီးလဲ ”
အကြီးအကဲရွှမ်က ဟ်ို့ယွိဟောင်ကို ဂူထဲသယ်သွားရင်းနဲ့ ရှင်းပြနေခဲ့ပါတယ်။
” မိစ္ဆာ၀ိညာဥ်ပညာရှင်တွေအားလုံးမှာ အားကောင်းတဲ့မိစ္ဆာစွမ်းအားကို ပိုင်ဆ်ိုင်ထားကြတယ်…ဥပမာအားဖြင့် မင်းအစောပိုင်းတုန်းက မြင်ခဲ့တဲ့ခွေးမသားက အလောင်းတွေကို ထိန်းချုပ်နိုင်တယ်..ဒါပေမယ့် သူတို့ခန္ဓာကိုယ်ကနေ ကျော်လွန်ပြီမထိန်းချုပ်နိုင်တဲ့အထ်ိ အားကောင်းနေတဲ့စွမ်းအားတွေလဲရှိတယ်..ဒီမျှချေကသာ ပျက်စီးသွားမယ်ဆိုလို့ကတော့ တန်ပြန်ရ်ိုက်ခတ်မှုက စတင်ပြီပဲ မင်းရဲ့အစောပိုင်းတုန်း အသုံးပြုလိုက်တဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုက သူနဲ့သူ့ရဲ့အလောင်းကောင်ကြားမှာရှိတဲ့ အဲ့ဒီချိတ်ဆက်မှုကို ယာယီပျက်ပြားသွားစေလိမ့်မယ်…ဒါကြောင့်သာ သူလဲချက်ချင်းတန်ပြန်ရိုက်ခတ်မှုကို ခံစားလိုက်ရတာပဲ ဒီလိုနည်းနဲ့ မင်းသူ့ကိုသတ်လိုက်နိုင်မယ်လို့ငါထင်တယ် ”
အကြီးအကဲရွှမ်အနေနဲ့က သော့်လော့တိုက်ရဲ့ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်နေခဲ့တဲ့အတွက် သူ့ရဲ့ ဆုံးဖြတ်စစ်ဆေးမှုတွေက အခြေခံအားဖြင့်မှန်ကန်ပါတယ်။ လျှပ်စီးဧကရာဇ်ထုတ်ပြန်လိုက်တဲ့နည်းလမ်းက အဲ့ဒီလောက်မရိုးရှင်းပေမဲ့ နောက်ဆုံးရလဒ်တွေကတော့ အတူတူနည်းပါးပါပဲ။ ကွာခြားချက်ကတော့ သူ့အနေနဲ့သေဆုံးပြီသားလူတွေကို သန့်စင်တဲ့နေရာမှာ ပိုပြီးအားစိုက်လိုက်တာပါ။ဟို့ယွိဟောင်အနေနဲ့လဲ ခေါင်းပြန်ညိတ်လိုက်ရင်း ပြန်ပြီမူးဝေတဲ့အခြေအနေကိုရောက်သွားပါတော့တယ်။ အကြီးအကဲရွှမ်ကလဲ သူတို့တွေအရင်ကရှိခဲ့ဖူးတဲ့ဂူထဲကို ခပ်မြန်မြန်ပြန်သွားခဲ့ပါပြီ။ဂူတစ်ခုလုံးကလဲသွေးညီးနံ့တွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။ သူသွားခဲ့တဲ့အချိန်ကထက်ပိုပြီး ဒီအညီးနံ့တွေက အားကောင်းနေခဲ့တယ်။
ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ အတွင်းနယ်မြေရဲ့ကျောင်းသားတွေအားလုံးကတော့ စုစည်းနေခဲ့ကြပါပြီ။ အခုအချိန်မှာ သေဆုံးပျောက်ကွယ်သွားပြီဖြစ်တဲ့ ယောင်ဟောက်ရွှမ်ကလွဲပြီရင်း အခြေအနေပိုဆိုးတဲ့သူတွေကတော့ ကုန်းယန်မော့နဲ့ ချန်ကျစ်ဖုန်းတို့ပါ။ သူတို့နှစ်ယောက်က လက်ရှိအချိန်မှာ မြေပြင်ပေါ်မှာသတိလစ်ရင်း လှဲလျောင်းနေခဲ့ကြပါတယ်။ ခန္ဓာကိုယ်တွေကလဲ အတော်ကိုဆိုးဆိုးရွားရွားထိခိုက်နေခဲ့ကြတယ်။ ရှီးရှီးက သတိလစ်နေခဲ့ပေမဲ့ သူ့ရဲ့ဒဏ်ရာတွေကတော့ သူတို့လောက်မပြင်းထန်ခဲ့ပါဘူး။ မာရှောင်ထောင့် ထိုက်ယွဲ့ဟန် လင်းလော့ချန်သုံးယောက်က နှာခေါင်းနဲ့ ပါးစပ်တွေကနေ ဒဏ်ရာပြင်းထန်တာကြောင့် သွေးထွက်နေဆဲဖြစ်ပေမဲ့ သတိမလစ်သေးပါဘူး။
အတွင်းနယ်မြေတပည့်သားခုနှစ်ယောက်ရဲ့ ဆိုးရွားတဲ့အခြေအနေနဲ့ ယှဥ်လိုက်မယ်ဆိုရင် အပြင်နယ်မြေတပည့်သားတွေကတော့ လုံး၀ကိုမထိခိုက်တဲ့အခြေအနေမှာရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုအကူအညီကြောင့် ပေါက်ကွဲမှုအလယ်ဗဟိုချက်ရဲ့ အဝေးမှာရောက်အောင်နေနိုင်ခဲ့တယ်။ ဒါ့အပြင် တစ်စုံတစ်ရာလွဲမှားနေတာကိုသိတဲ့အတွက် ချက်ချင်းတုန့်ပြန်နိုင်ခဲ့ကြပါတယ်။ ရှုစန်းရှီက သူ့ရဲ့ဒိုင်းကာကြီးကို အသုံးပြုရင်း အကာအကွယ်မှာအားအနည်းဆုံးဖြစ်တဲ့ ကျန်းနန်နန်ကိုကာကွယ်ပေးခဲ့တယ်။ ပေ့ပေ့ကတော့ လျှပ်စီးတွေမိုးကြိုးတွေကို ထုတ်လွှတ်ပြီသူတို့ဆီပြန့်လွှင့်လာနေတဲ့ အဆိပ်သွေးတွေနဲ့ အဆိပ်အသားတွေအားလုံးကို ကာကွယ်ထားပါတယ်။ ရှောင်းရှောင်းရဲ့ အိုးကြီးသုံးလုံးကလဲ ပေါက်ကွဲမှုရဲ့အဓိကတန်ပြန်တိုက်ခိုက်မှုတွေအားလုံးကိုကာကွယ်တဲ့နေရာမှာ အရေးပါနေခဲ့တယ်။
” ယွိဟောင် ”
အကြီးအကဲရွှမ်က ဟို့ယွိဟောင်နဲ့အတူပြန်လာတာကို မြင်မြင်ချင်မှာပဲ ၀မ်သုန့်က သူတို့ဆီကို ခုန်၀င်လာပါတော့တယ်။ အပြင်နယ်မြေရဲ့ကျောင်းတော်သားတွေအားလုံးကလဲ သူ့အနားကို၀န်းရံလိုက်ကြတယ်။
” ငါအဆင်ပြေတယ် ”
ဟို့ယွိဟောင်က အတော်ကိုအားနည်းနေတဲ့လေသံနဲ့ ပြန်ဖြေလိုက်ပါတယ်။ ဒါပေမယ့် ၀မ်သုန့်ကတော့ သူ့ကိုဖက်ထားရင်း ဆက်တိုက်ဆိုသလို ငိုကြွေးလို့နေခဲ့တယ်။
ဟို့ယွိဟောင်ကို အစောပိုင်းက သေခြင်းတရားရဲ့တမန်တော်ဖမ်းသွားတဲ့အချိန်မှာ ၀မ်သုန့်အနေနဲ့ သူ့နှလုံးသားထဲမှာရှိနေတဲ့အရေးကြီးဆုံးအရာတစ်ခုဆွဲဖြဲခံလိုက်ရသလို ခံစားလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ သူ့အနေနဲ့ ရူးသွပ်သွားသလိုပါပဲ။ သူလိုက်မသွားနိုင်ခင်အချိန်မှာ အကြီးအကဲရွှမ်ကတော့ ထွက်ခွာသွားခဲ့ပါပြီ။ သူလဲ ပြေးလိုက်ချင်ပေမဲ့ ၀မ်ယန်က သူ့ကိုတားထားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဦးနှောက်တစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေသလိုသာ ခံစားနေခဲ့ရတယ်။ စိတ်ထဲမှာလဲ ဆက်တိုက်တွေးနေခဲ့မိတယ်။ အားလုံးပြီးသွားပြီ ယွိဟောင် သေချာပေါက် အဲ့ဒီသတ္တ၀ါရဲ့လက်ထဲကနေ လွှတ်မြောက်နိုင်မှာမဟုတ်ဘူး..ယွိဟောင်ကို အကြီးအကဲရွှမ်တောင် ပြန်ခေါ်လာနိုင်မယ်မထင်ဘူး။
အပိုင်း ၇၃•၂ ပြီး၏။