Chapter – 2.1 ” ကောင်းကင် အိပ်မက် ရေခဲ ပိုးကောင် ”
°°°
ဟို့ယွိဟောင်က အတော်လေးကို ငယ်ရွယ်သေးပါတယ်။ ဒါကြောင့် စိတ်ထဲမှာ တခဏတာသာ ကြောက်လန့်ပြီး စိတ်ရှုပ်ထွေးနေခဲ့ပေမဲ့ မကြာခင်မှာပဲ စိတ်လှုပ်ရှားမှုအဖြစ်ကို ပြောင်းလဲလို့သွားတော့တယ်။ နောက်ဆုံးမှာတော့ ရက်ပေါင်းများစွာခရီးနင်းပြီချိန်မှာ သူသွားလိုရာ ပန်တိုင်းဆီကို ရောက်ရှိခဲ့ပါပြီး ကိုယ်တိုင်းဝိညာဉ်စက်ကွင်းတစ်ခုကို ရရှိဖို့နဲ့ စစ်မှန်တဲ့ ဝိညာဉ်ပညာရှင်ဖြစ်လာဖို့ကို တွေးမိရုံနဲ့တင် သွေးတွေက ဆူပွက်လို့လာခဲ့ပါတယ်။ အသက်ဆယ့်တစ်နှစ်သာ ရှိနေခဲ့ပေမဲ့ ငါးနှစ်တိတိ ကြာအောင်ခါးသီးမှုအပြည့်နဲ့ ကျင့်ကြံခဲ့ရတာကြောင့် ဒီလိုနေ့ကို ရောက်ရှိလာဖို့ပါပဲ။
ဒီလိုစိတ်လှုပ်ရှားနေတဲ့အတွက် ခြေလှမ်းတွေရဲ့ အရှိန်နှုန်းက ပိုမိုမြန်ဆန်လို့ နေခဲ့ပါတယ်။ ကြယ်တာရာသစ်တောဆီကို ၀င်ရောက်တဲ့သူ့ရဲ့အရှိန်နှုန်းကလဲ အတော်လေးကို မြန်လာခဲ့ပါပြီး စိတ်ထဲမှာအရှေ့ကို ဆက်သွားနေရင်း ရုတ်တရက်ဆိုသလို ထူးဆန်းတဲ့ခံစားချက်က ပေါ်ထွက်လို့လာခဲ့ပါတယ်။ မျက်လုံးတွေထဲက နာကျင်မှုကို ခံစားလိုက်ရတာကြောင့် ဟို့ယွိဟောင်လဲ သူ့ရဲ့စိတ်ဝိညာဉ်မျက်လုံးအစွမ်းအစကို စတင်အသုံးပြုလိုက်မိတော့တယ်။ ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲမှာ အားနည်းတဲ့ လေလှိုင်းလေးတစ်ချို့က ကြောင်လိမ်လှေကားသဏ္ဍာန်ပေါ်ထွက်လို့ လာခဲ့ပါပြီး ဒါ့အပြင် သူ့အရှေ့လမ်းရဲ့ဘယ်ဘက်မှာ အရိပ်တစ်ခုကို မြင်လိုက်ရပါတယ်။
အရမ်းကိုရှားပါးတဲ့ စိတ်ဝိညာဉ်ပုံစံပြောင်းလဲပြီ သိုင်းပညာဝိညာဉ်ဖြစ်နေတာကြောင့် သူ့ရဲ့မျက်၀န်းက အန္တရာယ်ကိုခံစားခံနိုင်စွမ်း မြင့်မားလွန်းလှတယ်။ ဒီလိုမျိုးကြောက်စရာခံစားချက် က ဟို့ယွိဟောင်ရဲ့ အာရုံခံနိုင်စွမ်းတွေက ချက်ချင်းဆိုသလို စူးရှထက်မြက်လှပါပြီး ဒါကြောင့် ခန္ဓာကိုယ်ကို ဘယ်ဘက်လှည့်ကြည့်လိုက်ပြီး ညာဘက်လက်ကတော့ ကျားဖြူဓားကို ချက်ချင်းထုတ်ယူလိုက်ပါတယ်။
သူမြင်လိုက်ရတဲ့ အနက်ရောင်အရိပ်က ဟို့ယွိဟောင်ရဲ့ အရှေ့ကိုချက်ချင်းဆိုသလို ခုန်ပြီးရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ရှင်းရှင်းလင်းလင်း မမြင်ရတော့တဲ့အထိကို မြန်ဆန်းလို့နေခဲ့တယ်။ ဒါပေမယ့် သေချာမြင်လိုက်ရတဲ့အချိန်မှာတော့ တစ်မီတာလောက်အရှည်ရှိတဲ့ ပိုးကောင်တစ်ကောင်ဖြစ်နေတာကို မြင်လိုက်ရပါတယ်။ ဒီပိုးကောင်ရဲ့ တစ်ကိုယ်လုံးက အညိုဖျော့ရောင် အမွှေးတွေနဲ့ ပြန့်နှံ့လို့နေခဲ့ပြီး မျက်လုံးကလဲ အညိုရောင်ပါပဲ။ အတော်ကို ရှည်လျားတဲ့ လက်မောင်းနှစ်ဖက်ကို ပိုင်ဆိုင်လို့ထားခဲ့ပြီး ချွန်ထက်တဲ့ လက်သည်းတွေလဲ ရှိနေခဲ့တယ်။ ဒါ့အပြင် သွားအစွယ်တွေကလဲ ပါးစပ်ထဲကနေ ထိုးထွက်လို့နေခဲ့ပါသေးတယ်။ ရူးသွပ်တဲ့ပုံစံနဲ့ အလင်းတန်းက သူမျက်လုံးထဲမှာ အထင်သားပေါ်နေခဲ့ပြီး ဟို့ယွိဟောင်ကို ဟိန်းဟောက်ရင်း ဟို့ယွိဟောင်အနားကို သူကပ်လာခဲ့တယ်။ အဲ့ဒီနောက် အနောက်ခြေလှမ်းကို အားပြုပြီ ဟို့ယွိဟောင်ဆီကို ခုန်၀င်ဖို့လုပ်ပါတော့တယ်။
ဟို့ယွိဟောင်ရဲ့ ဝိညာဉ်မျက်လုံးက ဝိညာဉ်စက်ကွင်းတစ်ခုကိုမှ မထုတ်လွှတ်နိုင်သေးပေမဲ့ အခြေခံစွမ်းရည်ကတော့ အတော်လေးကို ကောင်းမွန်ပါတယ်။ မျက်လုံးထဲမှာ ဝိညာဉ်စွမ်းအားကို ထည့်သွင်းပြီတဲ့နောက် ခုန်၀င်လာနေတဲ့ ပိုးကောင်ရဲ့လှုပ်ရှားမှုက သူ့မျက်လုံးထဲမှာ အများကြီး နှေးကွေးလို့သွားခဲ့တယ်။ မြေပြင်ပေါ်ကို လှဲကြလို့သွားခဲ့ပြီး ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ညာဘက်ကိုလိမ့်ချလိုက်ပါပြီး အဲ့ဒီနောက် အနောက်ဖက်ကို ဆက်တိုက်လိမ့်လိုက်ရင်း ဓားကိုမြောက်လိုက်ပါတော့တယ်။
အတော်လေးကို စိတ်လှုပ်ရှားနေတဲ့ နှလုံးခုန်သံက ရင်ဘတ်ထဲမှာ ကြည်ကြည်လင်လင် ထွက်ပေါ်လို့နေခဲ့ပြီး သူ့ရဲ့အသက်ရှူသံတွေကလဲ ပိုလို့မြန်ဆန်လာပါတော့တယ်။ ဝိညာဉ်သားရဲကောင်ရဲ့ တိုက်ခိုက်မှုကို ဘ၀မှာ ပထမဆုံးအနေနဲ့ ကြုံတွေ့ရတာပါ။ ဒါကြောင့် ဓားကိုမြင့်မြင့်မြောက်ကိုင်လိုက်ရင်း သူ့ရဲ့ အမူအရာတွေက ချက်ချင်းဆိုသလို ဗဟာဟင်လင်ဖြစ်သွားပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ သူမသိလို့ပါပဲ။
နှစ်ကြိမ်တိတိ တိုက်ခိုက်မှုတွေ လွဲချော်သွားပြီတဲ့နောက် ပိုးကောင်ကအတော်လေးကို ဒေါသထွက်လာခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့အပေါ်ကိုခန္ဓာကိုယ်က မြေပေါ်ကို မြောက်တက်လာခဲ့ပြီး ပစ္စည်းတွေကို အသုံးပြုရင်း ရင်ဘတ်ကိုထုရိုက်ကာ ဟိန်းဟောက်တော့တယ်။ တစ်ချိန်ထဲမှာပဲ ရုတ်တရက်ဆိုသလို ပါးစပ်ကို ဖွင့်လိုက်ပြီး ဟို့ယွိဟောင်ကို အဖြူရောင်အလင်းတန်းတွေနဲ့ ထွေးထုတ်ပြစ်ဖို့ လုပ်ပါတော့တယ်။
ဟို့ယွိဟောင်က အတွေ့အကြုံမရှိပေမဲ့ သူ့ရဲ့ ပြိုင်ဘက်က ဝိညာဉ်သားရဲကောင်တစ်ကောင် ဖြစ်နေခဲ့တာကြောင့် သူတို့ရဲ့ ကြားမှာကွာခြားချက်တွေက ရှိနေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ လက်ရှိအချိန်ကျင့်ကြံမှုနဲ့ဆိုရင် ဒီအဖြူရောင်အလုံးနဲ့ ထိမိလို့ကတော့ အတော်ကို အခြေအနေဆိုးရွားသွားမဲ့ပုံစံ ရှိနေခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်ရဲ့ စိတ်က အတော်လေးကို ဗဟာဟင်လင်ဖြစ်နေခဲ့ပါပြီး သူ့စိတ်ဝိညာဉ်မျက်လုံးထဲမှာ အရမ်းကို မြန်ဆန်တဲ့ပုံစံ မပေါ်ပေမဲ့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလို့လာခဲ့ပါတယ်။
အဖြူရောင်အလင်းတန်းကို ထွေးထုတ်နေတဲ့အချိန်မှာ ပိုးကောင်ကတော့ ဟို့ယွိဟောင်ကို မြန်ဆန်လွန်လှတဲ့ အရှိန်နှုန်းနဲ့ နောက်တစ်ကြိမ် တိုက်ခိုက်ဖို့လုပ်ပြန်ပါတယ်။
လက်ရှိအချိန်မှာ စိတ်ရှုပ်ထွေးမှုကြောင့် ဘာမှမတွေးတောနိုင်အောင် ဖြစ်နေခဲ့တဲ့ ဟို့ယွိဟောင်ကတော့ သူ့ရဲ့အသိစိတ် စေလိုရာအတိုင်း ဓားမြောင်ကို အသုံးချပြီး ခုတ်ချဖို့လုပ်ပါတော့တယ်။
ဒီတစ်ကြိမ်မှာပဲ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုက ပေါ်လာခဲ့ပါပြီး အဖြူရောင်အလင်းတန်းနဲ့ ကျားဖြူဓားတို့ထိတွေ့မိချိန်မှာပဲ ပိုးကောင်က သူ့ရှေ့ကိုလျှောက်လာခဲ့တယ်။ ရှည်လျားတဲ့လက်မောင်းကိုအသုံးပြုပြီ ဟို့ယွိဟောင်ရဲ့ ပုခုံးတွေကို လက်သည်းချွန်ချွန်တွေနဲ့ ဆွဲဖြဲပြစ်ဖို့ လုပ်ပါတော့တယ်။
တိုက်ပွဲက ဒီအခြေအနေထိရောက်လာပြီဆိုမှတော့ ဟို့ယွိဟောင်ရဲ့ ကံတရားက သတ်မှတ်ပြီသားဖြစ်နေတယ်လို့ တွေးလို့ရပါတယ်။ သူတကယ်ပဲ အဲ့ဒီသားရဲကောင်ရဲ့ လက်သည်းအောက်မှာ အသက်ပျောက်ရတော့မှာလား။
ဟို့ယွိဟောင်ရဲ့ ပုခုံးကို သားရဲကောင်က လက်သည်းနဲ့ဆွဲဖြဲနေပြီး ခန္ဓာကိုယ်ကို အသုံးပြုပြီ ဟို့ယွိဟောင်ကို အောက်ဖက်လွဲချပြီ အလဲထိုးဖို့ လုပ်ပါတော့တယ်။
သူ့လက်တွေ ဟို့ယွိဟောင်ဆီကို လျှောက်လာချိန်မှာပဲ အဖြူရောင်အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့ပါတယ်။ ခန္ဓာကိုယ်တွေကလဲ တခဏတာ တောင့်တင်းအေးခဲလို့သွားခဲ့ရပါပြီး ဟို့ယွိဟောင် မြေပြင်ပေါ်ကို လှဲကြသွားရမဲ့အစား ပိုးကောင်ကသာ နောက်ထပ် မလှုပ်ရှားတော့ပဲ ရပ်တန့်လို့သွားခဲ့ရပါတယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က သစ်ပင်တစ်ပင်ဆီနဲ့ တိုက်မိပြီတဲ့နောက် ချက်ချင်းဆိုသလို မျက်စိရှေ့မှာ ရှိသမျှအရာအားလုံးက မှောင်မိုက်လို့သွားပါတော့တယ်။ အဲ့ဒီနောက် ပြင်းထန်တဲ့ နာကျင်မှုက သူ့ကိုအသက်ရှုဖို့တောင် ခက်ခဲလာစေခဲ့တယ်။
လက်ရှိအချိန်မှာ အခြေအနေကတော့ အတော်လေး ဆိုးရွားနေခဲ့ပါပြီး ပုခုံးပေါ်မှာ ဒဏ်ရာတွေရှိနေခဲ့တာကြောင့် သူ့ရဲ့ အ၀တ်အစားတွေအားလုံးကလဲ စုတ်ပြတ်လုမတတ်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် စိတ်လွှတ်မတတ်ဖြစ်နေတဲ့ အခြေအနေကနေ ကိုယ့်ကိုကိုယ်နိုးထအောင် သူတွန်းအားပေးနိုင်နေဆဲပါ။ မြေပြင်ပေါ်မှာ မလှုပ်မယှက်ဖြစ်သွားတဲ့ ပိုးကောင်ဆီကို သူ့အကြည့်ရောက်သွားခဲ့ပါတယ်။
ဖြူဖျော့ဖျော့အလင်းတန်းက ပိုးကောင်ရဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံလို့သွားခဲ့ပြီး ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင်အလင်းတန်းတစ်ခုအသွင်ကို ပြောင်းလဲလို့သွားပါတော့တယ်။ အလင်းတန်းက ကြည်လင်ပြတ်သားမှုမရှိခဲ့ပါဘူး။ အဲ့ဒီမှိန်ဖျော့ဖျော့အလင်းတန်းက ဟို့ယွိဟောင်ကို ပိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ်။
” အဲ့ဒါဝိညာဉ်စက်ကွင်းလား ”
ဟို့ယွိဟောင် စိတ်လှုပ်ရှားမှုအပြည့်နဲ့ တုန်ရီလို့နေခဲ့တယ်။ သူ့ခန္ဓာကိုယ်ရဲ့ ဒဏ်ရာတွေက အဲ့ဒီလောက်မနာကျင်တော့သလိုပါပဲ။
မြို့စားအိမ်တော်ထဲမှာ အခြေခံတရားထိုင်ပြီ ကျင့်ကြံတဲ့ နည်းလမ်းတွေကိုသာ သူသင်ယူခဲ့ရတာကြောင့် ဝိညာဉ်သားရဲကောင်တွေနဲ့ ဝိညာဉ်စက်ကွင်းအကြောင်းတွေကို သူကောင်းကောင်းမသိပါဘူး။ ဒီအကြောင်းကို အိမ်တော်ထဲမှာ လူတစ်ချို့က ပြောကြပေမဲ့ ကိုယ်တိုင်းမြင်ဖူးတာတော့ ပထမဆုံးအကြိမ်ပါပဲ။ အဲ့ဒီသားရဲကောင် တကယ်သေသွားပြီလား ဟို့ယွိဟောင်တောင် သူ့ဘာသာသူ မယုံနိုင်ဖြစ်နေခဲ့ပါတယ်။ ဒီလိုအရာက သားရဲကောင်သေဆုံးမှသာ ပေါ်ထွက်လာနိုင်တာပါ။ ဒါပေမယ့် ဘယ်လိုများ သေဆုံးသွားရတာလဲ လက်ရှိအချိန်မှာ သူစိတ်ဝိညာဉ်မျက်၀န်းက စွမ်းရည်တွေ ပေါ်ထွက်လို့လာခဲ့ရင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ့စိတ်ထဲ ဒီရေတွေအလားတိုး၀င်လာခဲ့ပါတော့တယ်။
သားရဲကောင် ထုတ်လွှတ်လိုက်တဲ့ အဖြူရောင်အလင်းတန်းနဲ့ ကျားဖြူဓားတို့ ထိမိချိန်မှာ ကျားဖြူဓားက ရုတ်တရက်ဆိုသလို အလင်းတန်းတစ်ခုကို ထုတ်လွှတ်ပြီ ရှိသမျှ အဖြူရောင်အလင်းတန်းတွေကို စုပ်ယူလိုက်ပါတယ်။ ဒါက တိုက်ပွဲမှာအရေးကြီးဆုံးအချိန်ပါပဲ ပိုးကောင်ရဲ့ ပင်ကိုယ်သိလိုစိတ်ကြောင့် ဟို့ယွိဟောင်လို အားနည်းတဲ့လူမျိုးက သူ့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ထိတွေ့ခံရမယ်ဆိုရင် သေဆုံးမယ်ဆိုတာကို သူသေချာပေါက် သိနေခဲ့တယ်။ ဒါကြောင့် ကျန်ရစ်တဲ့စွမ်းအားကို အသုံးပြုပြီ မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ထိုးချပြစ်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ဝိညာဉ်စွမ်းအားကို ဟို့ယွိဟောင်ရဲ့ ကျားဖြူဓားက ဖျက်ဆီးပြစ်လိုက်ပါတယ်။ ဒါကြောင့်လဲ ဟို့ယွိဟောင် ရုတ်တရက်အလိုလို လွဲရမ်းလိုက်တဲ့ ဓားချက်က သူ့ကိုသေသွားစေခဲ့တာပါ။
မူလအချိန်မှာ ကျားဖြူဓားရဲ့အရှည်က ပိုးကောင်ကို ထိုးဖောက်နိုင်တဲ့အထိ မရှည်ပေမဲ့ ရုတ်တရက်ဆိုသလို တစ်ပေအရွယ်အစားရှိတဲ့ ဓားအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါတယ်။ ဒါ့အပြင် ပိုးကောင်ရဲ့ ခန္ဓာကိုယ်ကိုလဲ အလွယ်တကူ ခုတ်ဖြတ်လို့နိုင်ခဲ့တယ်။ အဖြူရောက်အလင်းတန်းကို စုပ်ယူပြီတာကြောင့် အဲ့ဒီလိုပြောင်းလဲသွားတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဟို့ယွိဟောင် ရှင်းရှင်းလင်းလင်း မမှတ်မိပေမဲ့ တစ်စုံတစ်ရာကတော့ ဖြစ်ပျက်သွားခဲ့တယ်။ ဓားရဲ့အလင်းတန်းက ပိုးကောင်ကိုသေစေခဲ့တာတော့ အမှန်ပါ။
” ငါတကယ်ပဲ အနိုင်ရသွားပြီလား ”
အဖြူရောင်ဝိညာဉ်စက်ကွင်းကြည့်ရင်း ဟို့ယွိဟောင်ရဲ့စိတ်ထဲက စိတ်လှုပ်ရှားမှုတွေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပါတော့တယ်။ ဝိညာဉ်စက်ကွင်းတွေက အဆင့်တက်ဖို့အတွက် သေချာပေါက် လွယ်ကူတဲ့အရာတွေဖြစ်ပေမဲ့ လူတိုင်းအတွက်တော့ လွယ်တာမဟုတ်ပါဘူး။ ဝိညာဉ်ပညာရှင်ရဲ့ သိုင်းပညာဝိညာဉ်နဲ့ လိုက်လျောညီထွေးတဲ့အရာရှိမှသာ စုပ်ယူနိုင်မှသာ ဖြစ်တာပါ။ ဒါမှသာ အကောင်းဆုံးရလဒ်ကို ရပါလိမ့်မယ်။
အပိုင်း ၂•၁ ပြီး၏။