Switch Mode

Chapter – 73.1

တတိယ သိုင်းပညာ ၀ိညာဥ်လား

အပိုင်း ၇၃•၁

” တတိယသိုင်းပညာ၀ိညာဥ်လား အလောင်းအသက်သွင်းစိတ်ထိန်းချုပ်တဲ့အောက်လမ်းပညာလား ”
°°°
” ယွိဟောင် ”

ဟို့ယွိဟောင်က ပျောက်ကွယ်လို့သွားတာကြောင့် ၀မ်သုန့်အနေနဲ့လဲ သူနာမည်ကိုရေရွတ်ရင်းနဲ့သာ ကျန်ခဲ့ပါတော့တယ်။ ပေါက်ကွဲနေတဲ့အလောင်းတွေအကြောင်း ပြန်စဥ်းစားမိချိန်မှာတော့ ၀မ်သုန့်ရဲ့စိတ်က ဗလာဟင်းလင်းဖြစ်နေခဲ့တယ်။ ဒါ့အပြင် အရှေ့မှာရှိနေခဲ့တဲ့ မြင်ကွင်းကအပြောင်းအလဲမြန်လွန်တာကြောင့် ဘယ်သူကမှလဲ အချိန်နဲ့တစ်ပြေညီမတုန့်ပြန်နိုင်ခဲ့ပါဘူး။

အကြီးအကဲရွှမ်ကတော့ ဆက်တိုက်ဆိုသလို ရောက်လာနေတဲ့ လူတွေအားလုံးကို ဖယ်ရှားပြစ်နေခဲ့ပါတယ်။

” ၀မ်သုန့် တခြားသူတွေအားလုံးကို မြန်မြန်ကူညီလိုက် ငါဟို့ယွိဟောင်ကို သွားကယ်မယ် ”

ပြောပြီတာနဲ့အကြီးအကဲရွှမ်က သိုင်းပညာ၀ိညာဥ်ကို ကျောင်းသားတွေရဲ့ရှေ့မှာ ပထမဆုံးအနေနဲ့ ထုတ်လွှတ်လိုက်ပါတယ်။ အကြီးအကဲရွှမ်ရဲ့အိုမင်းပြီကုန်နေခဲ့တဲ့ နောက်ကျောက ချက်ချင်းဆိုသလို ဆန့်ထုတ်လို့သွားခဲ့ပြီ သူ့ရဲ့အဆီတွေပေပြီ စုတ်ပြတ်နေခဲ့တဲ့ အ၀တ်အစားတွေက ချက်ချင်းပွင့်ထွက်လို့လာပါတော့တယ်။ သူနောက်ကျောမှာရှိနေတဲ့ ကြွက်သားတွေအားလုံးက ဖောင်းကြွလို့လာခဲ့ပြီ ကြောက်စရာကောင်းတဲ့အရှိန်နှုန်းနဲ့အတူ ခန္ဓာကိုယ်ကြီးက အရင်အနေအထားထက်နှစ်ဆအထိကို ပိုကြီးမားသွားပါတော့တယ်။ ထူးဆန်းတဲ့အရာကတော့ သူ့ရဲ့ခေါင်းတစ်ဖက်ဆီမှာထွက်ပေါ်လာခဲ့တဲ့ ဦးချိုချွန်ချွန်တွေပါပဲ။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို လွှင့်ထုတ်လိုက်ချိန်မှာတော့ လေထုတစ်ခုလုံးက လုံး၀ကိုအေးခဲလို့သွားပါတော့တယ်။

တောက်ပတဲ့၀ိညာဥ်စက်ကွင်းကိုးကွင်းက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါပြီ။ အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခု အနက်ရောင်လေးခု အနီရောင်တစ်ခု ရှိနေခဲ့ပါတယ်။ အကြီးအကဲရွှမ်ရဲ့ ရှုပ်ပွနေခဲ့တဲ့ဆံပင်တွေက ချက်ချင်းဆိုသလို အညိုဖျော့အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူ့ရဲ့ခေါင်းကကျန်ရစ်နေတဲ့ ဓားပြတွေကိုလှည့်ကြည့်လိုက်ပါတယ်။ ဒါ့အပြင် ကြောက်စရာကောင်းလောက်ပြီ မယှဥ်သာလောက်အောင် အားကောင်းတဲ့အရှိန်အ၀ါက မုန်းတိုင်းကြီးတစ်ခုလိုမျိုး သူတို့ဆီကို ပြေး၀င်လို့သွားပါတော့တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်တစ်ကြိမ်ပေါက်ကွဲမှုတွေက ထပ်မံထွက်ပေါ်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ အလောင်းတွေကနေပေါက်ကွဲတာမဟုတ်ပဲ သက်ရှိတွေမှာပါပေါက်ကွဲတာပါ။ သူညာဘက်ခြေထောက်ကို ဆောင့်ချလိုက်ချိန်မှာတော့ ကြီးမားတဲ့အက်ကွဲကြောင်းကြီးက ရုတ်တရက်မြေပြင်ပေါ်မှာ ပွင့်ထွက်လို့လာခဲ့ပါပြီ။ အကြီးအကဲရွှမ်က သူ့ခန္ဓာကိုယ်ကို ကုန်ချလိုက်ပြီ မြေပြင်ကိုတွင်းနက်တူးရင် ကြောက်စရာကောင်းတဲ့အရှိန်နှုန်းနဲ့အတူ ကြီးမားတဲ့လက်တွေကိုအသုံးချရင်း မြေအောက်ကိုတိုး၀င်သွားပါတော့တယ်။ သူ့ရဲ့မြေကြီးထဲပျောက်ကွယ်သွားခဲ့မှုက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပေါ်သွားခဲ့တာပါ။

ဟို့ယွိဟောင်အနေနဲ့လဲ ငါးညီးနံ့လိုအနံ့မျိုးကြောင့် ရုတ်တရက်ဆိုသလို အန်ချင်လာပါတော့တယ်။ သူက တကယ်ကိုကံဆိုးလွန်တာပါပဲ။ ဒီလိုမျိုးတမန်တော်က သူ့ကိုဖမ်းခေါ်သွားခဲ့တာ ဓားစာခံအဖြစ် အသုံးချဖို့ပါ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့ ဂူထဲ၀င်လာချိန်မှာ အရှေ့ဆုံးရောက်နေခဲ့တာကြောင့် သူ့အနေနဲ့ လက်လှမ်းမီတဲ့သူကို ဆွဲခေါ်သွားတာပါပဲ။ သူ့အတွက်တော့ ကံဆိုးမှုအဖြာဖြာဖြစ်နေခဲ့ပါတယ်။

အေးစက်ပြီခြိမ်းခြောက်မှုအပြည့်နဲ့ အရှိန်အ၀ါတွေက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ရုတ်တရက်ပြင်းပြင်းထန်ထန် ၀င်ရောက်လို့လာနေခဲ့တယ်။ ဒီအေးစက်တဲ့ခံစားချက် သူရေခဲအငွေ့အသက်နဲ့လုံး၀မတူညီပါဘူး။ မကောင်းဆိုးရွားအငွေ့အသက်တွေအားလုံးက ကြောက်စရာကောင်းလောက်အောင် သွေးကြောတွေအထိကို တိုက်ခိုက်လို့နေခဲ့ပါတယ်။ အေးစက်ပြီမှောင်မိုက်တဲ့ခံစားချက်က ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို မြွေတွေတိုး၀င်နေသလိုပါပဲ။

သေခြင်းတရားရဲ့ တမန်တော်က မြေအောက်တူးမြောင်းတစ်လျှောက်ပြေးဆင်းလို့လာခဲ့ရင်း ကြောက်စရာအရှိန်နှုန်းနဲ့အတူ အရှေ့ကိုဆက်ပြီ ပြေးနေရင်းကနေ နံရံတစ်ခုကိုရိုက်ချပြစ်လိုက်ပါတယ်။ အဲ့ဒီနောက် ပေါက်ကွဲမှုတွေကိုဆက်ပြီ လုပ်ဆောင်လိုက်တယ်။

သူက မင်သုန့်တောင်ကြောကို ကျွမ်းကျင်လွန်လှတဲ့ဓားပြအုပ်စုရဲ့ခေါင်းဆောင်ပါ။ မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်အစွမ်းအစကို ပိုင်ဆိုင်ထားရုံတင်မကပဲ သူ့ရဲ့သတိကြီးတဲ့အကျင့်စရိုက်ကလဲ အများကြီးထောက်အပံ့ပေးနေခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးကို သူကြုံတွေ့ရတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ သူမသေသေးသရွေ့ နောက်ထပ် ဓားပြအုပ်စုအသစ်ကို ဖန်တီးလို့ရပါတယ်။ ဒါ့အပြင် နောက်တစ်ကြိမ် ထပ်မံတိုးတက်လာဖို့ကလဲ အချိန်ကသိပ်မကြာမြင့်ပါဘူး။ ဟို့ယွိဟောင်လဲ မခုခံခဲ့ပဲရှိနေခဲ့တယ်။ သူ့အနေနဲ့ လက်ရှိအခြေအနေမှာ အန္တရာယ်များတဲ့အခြေအနေကိုရောက်နေမှန်း သူသိနေခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်ထားရလောက်အောင်ပဲ အတော်ကိုတည်ငြိမ်နေခဲ့တယ်။ ဒီလိုအကျင့်စရိုက်က စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့ ပြိုင်ဘက်ကင်းတဲ့အစွမ်းအစတစ်ခုပါ။ သူ့ရဲ့စိတ်ပိုင်ဆိုင်ရာအခြေအနေက သာမန်လူသားတွေထက်ကို အများကြီးပိုပြီးကျော်လွန်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ သာမန်၀ိညာဥ်ပညာရှင်တွေထက်လဲခေါင်းကြည်ကြည်လင်လင်ရှိနိုင်နေခဲ့တယ်။

ဟို့ယွိဟောင်အနေနဲ့ သူအစောပိုင်းတုန်းက ထုတ်ဖော်ပြသလိုက်တဲ့အဖြူရောင်၀ိညာဥ်နှစ်ကွင်းကြောင့် သူပြိုင်ဘက်ကိုအရူးလုပ်နိုင်ပြီမှန်း သိနေခဲ့ပါတယ်။ ဒါ့အပြင် သေခြင်းတရားရဲ့တမန်တော်က တိုက်ခိုက်ချိန်မှာ သူလဲ​လုံး၀ကို မခုခံခဲ့ပါဘူး။ ဒါပေမယ့် သူဘာမှမလုပ်နိုင်ခဲ့တာကတော့မဟုတ်ပါဘူး။ အလစ်အငိုက်မိသွားခဲ့တာကြောင့် ဒီလိုဖြစ်တာပါ။ ရန်သူအနေနဲ့ကတော့ သူ့ကိုအတော်ကြီး အထင်သေးနေလောက်ပါပြီ။ ဒါဆိုရင်လဲ ကိစ္စမရှိပါဘူး။ ဒါမှသာ သူ့အနေနဲ့ အသက်ဘေးကနေလွှတ်အောင် ပြေးဖို့အခွင့်အရေးရလာမှာမလို့ပါပဲ။

ငါဘာလုပ်ရမှာလဲ ပထမဆုံးအနေနဲ့ ထွက်ပြေးလွှတ်မြောက်ဖို့အတွက် အခွင့်အရေးကတစ်ခုပဲ ရှိနိုင်မှာပါ။ ဒါကြောင့် သူ့အနေနဲ့ မျက်ကန်းတစ္ဆေမကြောက် ရူးရူးမိုက်မိုက်လုပ်ပြစ်လို့မရပါဘူး။ ရလဒ်အနေနဲ့ ဟို့ယွိဟောင်လဲ ထူးဆန်းကောင်းကင်နည်းလမ်းကို အသုံးပြုပြီး သူ့ရဲ့အတွင်းအင်္ဂါတွေနဲ့ အတွင်းကလီစာတွေကို ကာကွယ်လို့ထားရပါတယ်။ မိစ္ဆာစွမ်းရည်တွေက သူ့ခန္ဓာကိုယ်ထဲကို ဆက်တိုက်ဆိုသလို ၀င်ရောက်လို့နေခဲ့တာကြောင့် သူ့အနေနဲ့လဲ တန်ပြန်တိုက်ခိုက်ဖို့မကြိုးစား၀ံ့ပါဘူး။ သူ့ပြိုင်ဘက်ရဲ့၀ိညာဥ်စွမ်းအားက သူ့ထက်အများကြီးသာလွန်နေတာကြောင့်ပါ။ တုန့်ပြန်ဖို့အတွက် မစွမ်းသာပဲရှိနေခဲ့ပါတယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက်နဲ့ ရေခဲဧကရီ ဘာတွေလုပ်နေကြပြီလဲ “:

ဟို့ယွိဟောင်က သူတို့ကို ခေါ်လိုက်ပါတယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အရမ်းကိုအလေးအနက်ပုံစံနဲ့ စကားပြောလာခဲ့ပါတယ်။

” ယွိဟောင် မကြောက်နဲ့ငါတို့နည်းလမ်းတစ်ခုကို စဥ်းစားပြီးပြီ စက္ကန့်ပိုင်းအတွင်းမှာ ရေခဲဧကရီက မင်းရဲ့ခန္ဓာကိုယ်ကို ယာယီထိန်းချုပ်သွားလိမ့်မယ်…ဒီတစ်ခေါက်တော့ ပြဿနာများပြီပဲ ဒီသတ္တ၀ါရဲ့၀ိညာဥ်စွမ်းအားက ထူးဆန်းတဲ့စွမ်းရည်တစ်ခုရှိနေခဲ့ပြီ သွေးတွေကိုတိုက်စားပြစ်နိုင်တယ်..ဒါ့အပြင် မင်းတို့ရဲ့ ကျင့်ကြံဆင့်ကလဲ အများကြီးကွာခြားနေတယ်…အကယ်၍ ရေခဲဧကရီသာ သူ့ရဲ့၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး မင်းရဲ့ခန္ဓာကိုယ်ကို ချိတ်ပိတ်လိုက်မယ်ဆိုရင် သေချာပေါက် ဒဏ်ရာရမှာပဲ စိတ်ကိုကြိုတင်ပြင်ဆင်ထားလိုက် ”

ဟို့ယွိဟောင်က အေးအေးဆေးဆေးနဲ့ မေးလိုက်ပါတယ်။

” ဒါဆိုရင် သူ့ကိုတိုက်ခိုက်ဖို့ မခက်ခဲဘူးလို့ပြောတာမလား ဒါပေမယ့် မေးစရာရှိတဲ့ပြဿနာက ကျွန်တော်အနေနဲ့ အဲ့ဒီ၀န်ထုတ်၀န်ပိုးကို ခုခံနိုင်မလားဆိုတာပဲ “‘

တခဏတာတိတ်ဆိတ်သွားပြီတဲ့နောက် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလာလိုက်ပါတယ်။

” ရေခဲဧကရီရဲ့ စွမ်းရည်တွေက အတော်ကိုကြောက်စရာကောင်းလွန်တယ်..ဒါကမင်းရဲ့စိတ်၀ိညာဥ်အရင်းအမြစ်ကို ထိခိုက်သွားမှာတစ်ခုပဲ ငါစိုးရိမ်နေခဲ့တာ “‘

ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက်နဲ့ ရေခဲဧကရီ ကျွန်တော်ကိုသိပ်ပြီ ဂရုစိုက်မနေနဲ့ ဒီကောင်ကိုသတ်ပြီ သေသွားတဲ့သူတွေအတွက် လက်စားချေပေး ဒီခွေးမသားက သေချာပေါက် အသက်ရှင်ခွင့်ပြုဖို့ မထိုက်တန်ဘူး..လူတွေအများကြီးကို သူသတ်ထားတယ်…အစ်ကိုကြီးယောင်ဟောက်ရွှမ်ကိုပါ သူသတ်ထားတာ. ”

” ကောင်းပြီ မင်းကတကယ်သတ္တိရှိတာပဲ ငါမင်းကိုအကောင်းဆုံးကြိုးစားပြီ ကာကွယ်ပေးမယ် ဘာမှမကြောက်နဲ့ အခွင့်အရေးသာရောက်လာပြီဆိုရင် သူ့ကိုတစ်ချက်ထဲနဲ့ တိုက်ခိုက်လိုက်တော့ ”

ရေခဲဧကရီရဲ့အသံထဲမှာ ချီးမွမ်းလိုစိတ်တွေက ပါ၀င်နေခဲ့ပါတယ်။ ဒါပေမယ့် သူပြောပြီးပြီချင် တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ သူတို့ရဲ့ ရန်သူတော် သတိလွှတ်မဲ့အချိန်ကိုစောင့်နေတာပါပဲ။

ဒီတစ်ကြိမ်ပဲ အိုမင်းတဲ့အသံက ထွက်ပေါ်လာပါတော့တယ်။

” ပိုးကောင်ကြီးရဲ့ ကင်းမြီးကောက်လေ ဒီအဘိုးကြီးကူညီပေးမယ်..ဒီအဘိုးကြီးလှုပ်ရှားဖို့အတွက် ငါတို့ခွင့်ပြုကြ မင်းတို့တွေအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖို့ ယုံကြည်မှုမရှိဘူးဆိုမှတော့ ငါအနေနဲ့ ကူညီပေးမယ်..ဒါ့အပြင် ဒီလိုသေခြင်းတရားအငွေ့အသက်ကို ငါအရမ်းရင်းနှီးတယ် ”

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်တစ်ခုလုံးက ချက်ချင်းဆိုသလို မီးခိုရောင်ဖြစ်သွားခဲ့ပါပြီ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့လဲ သူတို့ကြောက်လန့်ရတဲ့ဖိအားကို ခံစားလိုက်ရပါတော့တယ်။ ဒါကသူတို့နဲ့ လုံး၀ကိုအဆင့်အတန်းမတူညီတဲ့ နေရာတစ်ခုမှာရှိနေတဲ့ ၀ိညာဥ်တစ်ခုပါပဲ။

“‘မင်းက ”

အရှေ့မှာရှိနေခဲ့တဲ့ဂူက လုံး၀ကိုရှင်းလင်းနေခဲ့ပါတယ်။ သေခြင်းတရားရဲ့ တမန်တော်က ဟို့ယွိဟောင်ကို ဂူအပြင်ဘက်ခေါ်လာခဲ့ပြီ အပြင်ပတ်၀န်းကျင်ဆီကို ရောက်အောင်ထွက်လာခဲ့တယ်။ ဒါက ဟို့ယွိဟောင်ရဲ့စိတ်ကို ချက်ချင်းဆိုသလို အေးဆေးတည်ငြိမ်လို့သွားစေခဲ့ပါတယ်။ ဒါပေမယ့် ဂူရဲ့အပြင်ဘက်မှာကတော့ ဒူးထောက်လျက်သားရှိနေတဲ့ လူဆယ့်နှစ်ယောက်ရှိနေခဲ့ပါတယ်။ ဒီလူဆယ့်နှစ်ယောက်က အသက်လဲရှုမနေခဲ့ပါဘူး။ သူတို့က ဒူးတစ်ဖက်ထောက်ရင်းရဲ့ သေခြင်းတရားရဲ့တမန်တော်ကို အရိုအသေပြုနေခဲ့ပါတယ်။

” ငါရဲ့အလောင်းကောင်တို့ထကြလောာ့ ငါ့ကိုကာကွယ်ဖို့အတွက် မင်းတို့တွေကို ချန်ရစ်ခဲ့မယ်..ဒီတစ်ခေါက်တော့ ငါတို့တွေ တကယ်ပြဿနာတက်ပြီ သူ့ရဲ့ထုတ်လွှတ်နေတဲ့အရှိန်အ၀ါကြောင့် အဲ့ဒီလူက သော့်လော့ဖြစ်မှာကို ငါကြောက်လန့်မိတယ်.. ဒါပေမယ့် မစိုးရိမ်ကြနဲ့ လာမဲ့ဆယ့်နှစ်အချိန်အတွင်းမှာ သော့်လော့ဆိုတဲ့ဘွဲ့က ငါအတွက်ဘာမဟုတ်ပဲဖြစ်သွားမှာပါ ဒါကြောင့် မင်းတို့တွေအားလုံးပြင်ဆင်ထားကြ ”

ဒီတစ်ကြိမ်မှာပဲ အသံတစ်သံက ထွက်လာပါတော့တယ်။

” မင်းဆယ့်နှစ်မကျန်တော့မှာကို ငါစိုးရိမ်မိသားပဲ ”

သေခြင်းတရားရဲ့တမန်တော်က ချက်ချင်းဆိုသလို လှည့်ကြည့်မိလိုက်ပါတယ်။

” ဘယ်သူလဲ ထွက်လာခဲ့စမ်း ”

” ငါဒီမှာရောက်နေပြီ မင်းက ဘယ်သွားစေချင်လို့လဲ ”

ရုတ်တရက်ဆိုသလို သန့်စင်ပြီအားကောင်းတဲ့ သေခြင်းတရားရဲ့အငွေ့အသက်တွေက သူ့ဘယ်ဘက်လက်ဆီကနေ ထွက်ပေါ်လာပါတော့တယ်။

သေခြင်းတရားရဲ့တမန်တော်ကလဲ သူ့လက်ထဲမှာဆွဲထားတဲ့သူကို လွှတ်ချလိုက်မိပါပြီ။ သူ့ခန္ဓာကိုယ်ကလဲ တစ်ပြိုင်နက်ထဲ အဝေးကိုပြေးထွက်လို့သွားပါတော့တယ်။ သူက မြင်လိုက်ရတဲ့အရာကြောင့် အံ့အားသင့်သွားခဲ့တာပါ။

သူချီလာခဲ့တဲ့လူက အဖြူရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့လူဆိုတာ သူသိနေခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အစိမ်းရင့်ရောင်အလင်းတန်းတွေက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ ဒါ့အပြင် အဲ့ဒီလူရဲ့အလင်းတန်းကကြောက်စရာကောင်းလောက်အောင် တောက်ပနေခဲ့ပါတယ်။

မျက်နှာဖုံအောက်မှာရှိနေခဲ့တဲ့ မျက်၀န်းတွေက လက်ရှိအချိန်မှာတော့ ရွှေရောင်တောက်ပမနေပဲ မီးခိုရောင်ဖြစ်သွားခဲ့ပါပြီ။ ဒါ့အပြင် အဲ့ဒီမီးခိုရောင်ကလဲ အသက်စွမ်းအင်တွေအားလုံးကို ချုပ်ငြိမ်းစေမဲ့အငွေ့အသက်တွေနဲ့ ပြည့်နှက်လို့နေခဲ့ပါတယ်။ ဒါ့အပြင် မျက်လုံးတွေရဲ့ပိုင်ရှင်က လောကကြီးရဲ့ လက်ရှိရှိသမျှအရာအားလုံးကို နားလည်နေသလိုပါပဲ။ ပိုပြီးထူးဆန်းတဲ့အရာကတော့ သူ့ရဲ့ခြေထောက်အောက်မှာ မီးခိုရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်း တောက်ပလို့လာခဲ့တာပါ။ အဲ့ဒီမိီးခိုရောင်၀ိညာဥ်စက်ကွင်းတောက်ပလာချိန်မှာတော့ အရိပ်တချို့က ထွက်ပေါ်လာပါတော့တယ်။ အဲ့ဒီအရိပ်တွေက တစ်ခုထဲလား အများကြီးလားဆိုတာကို ရှင်းရှင်းလင်းလင်းမသိနိုင်ခဲ့ပါဘူး။ သေခြင်းတရားတမန်တော်အနေနဲ့ မီးခိုရောင်အလွှာတွေကိုကြည့်ရင်း နောက်ကိုခြေတစ်လှမ်းဆုတ်သွားခဲ့မိပါတယ်။

” မင်းလဲ မိစ္ဆာ၀ိညာဥ်ပညာရှင်ပဲလား ”

ဒီမေးခွန်းကိုသူမေးနေရင်း အထိတ်တလန့်ဖြစ်နေခဲ့မိပါတယ်။ အခုအချိန်မှာကတော့ သူ့မျက်နှာက မြင်သာထင်သာရှိနေခဲ့ပါပြီ။ အရိုးခေါင်းတစ်ခုရဲ့တူညီတဲ့မျက်နှာက ရှင်းရှင်းလင်းလင်းပေါ်လာပါတော့တယ်။ သူ့ရဲ့ မျက်နှာပေါ်မှာ လူအရေပြားက အနည်းငယ်သာရှိနေခဲ့တာပါ။ မျက်လုံးတွေကလဲ အစိမ်းရင့်ရောင်အလင်းတန်းနဲ့ တောက်ပလို့နေခဲ့ပြီ ထိတ်လန့်မှုတွေအထင်သားဖြစ်နေခဲ့တယ်။

” မိစ္ဆာ၀ိညာဥ်ပညာရှင်တဲ့လား အဲ့ဒါကဘာကြီးလဲ ငါဘယ်တုန်းကမှ မကြားဖူးဘူး ”

တစ်ဖက်လူရဲ့အသံက အိုမင်းတဲ့အသံနဲ့ထွက်ပေါ်နေခဲ့ပါတယ်။

သေခြင်းတရားရဲ့တမန်တော်က ပြောလိုက်တယ်။

” မိစ္ဆာ၀ိညာဥ်ပညာရှင်တွေဆိုတာက လေးစားမှုကို အထိုက်တန်းဆုံးဖြစ်တည်မှုတွေပဲ ငါကသေခြင်းနတ်ဘုရားရဲ့ ကိုယ်စားပြုပြောရေးဆိုခွင့်ရှိတဲ့သူ ဒါကြောင့် သေခြင်းတရားရဲ့တမန်တော်ပဲ မင်းက အတော်ကိုငယ်ရွယ်သေးတယ်လေ ငါရှေ့မှာလူတွေကို လှည့်စား၀ံ့ပြီဆိုမှတော့ မင်းသာတကယ်ပဲ မိစ္ဆာ၀ိညာဥ်ပညာရှင်ဖြစ်နေတယ်ဆိုရင် သေချာပေါက်မင်းရဲ့ ဇစ်မြစ်ကိုသိအောင်လုပ်ရမယ်…ဒါအပြင် တစ်ယောာက်နဲ့တစ်ယောက် ပူးပေါင်းဖို့လဲ အခွင့်အရေးရှိလာနိုင်တာပေါ့ အရင်ဆုံးငါ့ကိုပြောပြ မင်းရဲ့၀ိညာဥ်စက်ကွင်းက ဘာဖြစ်လို့ မီးခိုရောင်ဖြစ်နေတာလဲ ”

” သေခြင်းတရားရဲ့တမန်တော်တဲ့လား မင်းငါ့ကိုလာပြီ နှောက်နေတာလား အတိတ်ကိစ္စတွေအများကြီးကို ငါမမှတ်မိတော့ပေမဲ့ အကယ်၍ ငါသာဖြစ်ချင်တယ်ဆိုရင် ငါက သေခြင်းတရားနဲ့ သေမင်းနတ်ဘုရားဖြစ်လာနိုင်တယ်ဆိုတာကို မှတ်မိနေသေးတယ်..မင်းက မင်းရဲ့အသွေးအသားတွေကို စတေးလိုက်ပြီးပြီ ဒါ့အပြင် အခုမှအောက်လမ်းပညာရဲ့ အစွန်းအဖျားကိုပဲ နားလည်ရုံရှိသေးတယ်…မင်းလိုမျိုးအောက်လမ်းပညာရှင်က သေခြင်းတရားရဲ့ တမန်တော်လို့ကိုယ့်ကိုကိုယ်ခေါ်ဖို့ ထိုက်တန်တယ်များ ထင်နေလား သေခြင်းနတ်ဘုရားရဲ့စွမ်းရည်ဆိုတာက သန့်စင်တယ်..၀ိညာဥ်တွေကိုဆင့်ခေါ်နိုင်ရုံတင်မက အလောင်းတွေနဲ့လဲသွားပြီ ဘာပြဿနာမှဖြစ်မနေဘူး…မင်းအနေနဲ့ မိစ္ဆာအိပ်မက်လမ်းလျှောက်သူဖြစ်လာဖို့တောင် အခွင့်အရေးမရှိဘူး ဒီအဘိုးကြီးရဲ့ရှေ့မှာအခုလိုလာပြီ မောက်မာမော်ကြွားနေတာ အံ့ဩစရာကောင်းချက်ပဲ ”

သေခြင်းတရားရဲ့တမန်တော်ကတော့ ဒီလိုမျိုးအိုမင်းတဲ့အသံကိုကြားချိန်မှာတုန်ရီလို့သွားပါတော့တယ်။

” ဘယ်လိုအောက်လမ်းပညာလဲ ဘယ်လိုအောက်လမ်းပညာရှင်နဲ့ မိစ္ဆာအိပ်မက်လမ်းလျှောက်နေသူတွေလဲ ငါက လေးစားခံရဖို့ထိုက်တန်တဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်လေ ဒါတောင်မှဒီလိုမျိုးမင်းပြော၀ံ့တယ်ပေါ့ သေချင်နေပြီလား ”

သူပြောပြီတဲ့နောက် လက်ညိုးကိုအသုံးပြုရင်း လက်ညိုးထိုးလိုက်ပါတော့တယ်။ သူ့ရဲ့ တတိယ၀ိညာဥ်စက်ကွင်းက တောက်ပလိုလာခဲ့ပါပြီ။ အဲ့ဒီနောက် ဘေးပတ်လည်မှာရှိတဲ့လူဆယ့်နှစ်ယောက်က ဟို့ယွိဟောင်ဆီကို ပြေး၀င်လာပါတော့တယ်။

” အရမ်းကိုရင်းနှီးနေတဲ့ အငွေ့အသက်ပဲ စိတ်ပျက်စရာကောင်းပေမဲ့ ငါအနေနဲ့လဲ ဒီအငွေ့အသက်ကို နှစ်ခြိုက်မှုလေးတော့ ရှိနေပါသေးတယ်.”

အိုမင်းနေတဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါပြီ။ သူတစ်စက်လေးမှမလှုပ်ရှားပဲ လက်ချောင်းလေးတွေကိုသာ မလိုက်ပါတော့တယ်။ မီးခိုရောင်တောက်ပနေတဲ့ မီးလုံးလေးက သူ့ရဲ့လက်ချောင်းထိပ်မှာ လောင်ကျွမ်းလို့လာခဲ့တယ်။ လူသားတွေကို အလောင်းကောင်အဖြစ်ပြောင်းလဲထားခဲ့တဲ့ အလောင်းတွေကတော့ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် တုန်ခါနေရင်း ရပ်တန့်လို့သွားခဲ့ပါပြီ။

” ပိုးကောင်ကြီး ငါမင်းရဲ့ ချိတ်ပိတ်တဲ့စွမ်းအားတချို့ကို ငှားဖို့လိုတယ်.”

အဘိုးကြီးက ပြောလိုက်ပါတယ်။

” ငါအနေနဲ့ အတိတ်ကကိစ္စတွေကို မမှတ်မိနိုင်သေးဘူး..ဒါပေမယ့် ငါ့နာမည်ကိုတော့ မှတ်မိတယ်..သေးငယ်တဲ့အလောင်းအိပ်မက်လမ်းလျှောက်သူတစ်ယောက်က ငါ့ရဲ့ရှေ့မှာလာပြီ ဒီလိုမျိုး အသုံးမ၀င်တဲ့ အောက်လမ်းပညာကိုသုံးချင်တယ်ပေါ့ ကပ်ဆိုးတွေရဲ့အရှင်သခင် လျှပ်စီးတန်းတွေရဲ့ ဧကရာဇ်က အောက်လမ်းပညာရဲ့ အဆုံးစွန်းနတ်ဘုရားဥပဒေကို ပိုင်ဆိုင်ထားတယ်..ကောင်းပြီလေ မင်းတို့ကို မီးနဲ့ကစားခွင့်ပြုရတာပေါ့ ”

သူပြောပြီချိန်မှာပဲ သူ့ရဲ့လက်ချောင်းပေါ်မှာ တောက်ပနေတဲ့မီးလျှံကပိုပြီး လင်းလက်လို့လာပါတော့တယ်။ မကြာခင်အချိန်အတွင်းမှာပဲ မီးခိုရောင်အလင်းတန်းက အလောင်းကောင်ဆယ့်နှစ်ကောင်စလုံးကို တိုက်စားပြစ်လိုက်ပါပြီ။ အလောင်းကောင်ဆယ့်နှစ်ကောင်စလုံးကလဲ တုန်ခါနေကြရင်း ခေါင်းတွေပေါ်လာကြပါတော့တယ်။ သူ့တို့ရဲ့အရေပြားတွေအားလုံးက မီးခိုရောင်တောက်ပသွားတာကို မြင်သာထင်သာရှိနေခဲ့တယ်။ ဒါ့အပြင် ဒီအရောင်မျိုးက သေတဲ့လူတွေမှာသာ ရှိနိုင်တဲ့အရာပါ။ မျက်လုံးတွေကလဲ လုံး၀ကို ဗလာကျင်းပြီ အသက်မဲ့နေခဲ့ပါတယ်။ လက်သည်းတွေကလဲ ထူးထူးခြားခြားအရောင်ရှိလို့နေခဲ့ပြီ ခရမ်းရင့်ရောင်တောက်ပနေခဲ့တယ်။ ဆိုးရွားပြီပုတ်သိုးတဲ့ အနံ့အသက်တွေကလဲ သူတို့ခန္ဓာကိုယ်ရဲ့ လက်မတစ်ခုချင်းဆီတိုင်းကတောင် ထွက်ပေါ်နေခဲ့ပါပြီ။

အပိုင်း ၇၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset