အပိုင်း ၇၂•၃
” သေခြင်းတရားရဲ့ တမန်တော်တွေ ”
°°°
ရွှေရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့မျက်လုံးတွေထဲမှာ ဆက်တိုက်တောက်ပလာခဲ့ရင်း ခရမ်းရောင်နတ်ဆိုးမျက်လုံးနဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုတို့ကို စတင်ပြီ အသုံးပြုလိုက်ပါတော့တယ်။
ဓားပြရဲ့ခန္ဓာကိုယ်က ဆက်တိုက်တုန်ခါလို့သွားခဲ့ပါပြီ။ ဒါ့အပြင် ဖြစ်လာခဲ့တဲ့မြင်ကွင်းက ပိုပြီးအံ့ဩစရာကောင်းခဲ့ပါတယ်။ ဓားပြရဲ့ခေါင်းက ဖရဲသီးတစ်လုံးလိုမျိုး ပေါက်ကွဲထွက်သွားခဲ့တယ်။ နီရဲတောက်ပတဲ့ သွေးတွေနဲ့ အဖြူရောင်ဦးနှောက်အရည်တွေက ထူးထူးခြားခြားအရောင်တွေနဲ့အတူ နေရာအနှံ့ကို လွှင့်စင်လို့သွားခဲ့ပါပြီ။ ချက်ချင်းဆိုသလို ကြောက်လန့်သွားခဲ့တဲ့ ဓားပြတွေက လူကွဲသွားပါတော့တယ်။ သူတို့အနေနဲ့ သူတို့ရဲ့ အဖော်ဘာကြောင့်သေသွားလဲဆိုတာ နားမလည်ကြသေးပါဘူး။ ဟို့ယွိဟောင်အနေနဲ့လဲ တအံ့တဩဖြစ်သွားခဲ့တယ်။ သူ့အနေနဲ့ သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုက ဒီလောက်အင်အားကြီးမယ်လို့ မထင်မှတ်ထားခဲ့မိတာ အမှန်ပါပဲ။ ခေါင်းမပါတဲ့အလောင်းမြေပြင်ပေါ်ပြုတ်ကျသွားတာကိုကြည့်ရင်း သူချက်ချင်းဆိုသလို တအံ့တဩဖြစ်သွားခဲ့ပါတော့တယ်။ ဒီလူက အစောပိုင်းတုန်းကပဲ အသက်ရှင်ခဲ့တဲ့သူပါ။
သူတင်လန့်နေခဲ့တာမဟုတ်ပဲ ရှောင်းရှောင်းကိုယ်တိုင်လဲ လန့်နေခဲ့ပါတယ်။ ဂူထဲ၀င်လာချိန်ကထဲကနေ စပြီသူကိုယ်သူ ထိန်းချုပ်လို့ထားခဲ့တာပါ။ အခုအချိန်မှာတော့ သူလုံး၀ကို တောင့်ခံမထားနိုင်တော့ပါဘူး။ ဒီတစ်ကြိမ်မှာပဲ စူးရှတဲ့အသံက ထွက်ပေါ်လို့လာပါတော့တယ်။
” သေခြင်းတရားရဲ့တမန်တော်ကို ဘယ်သူကများလာပြီ အတိုက်အခံပြု၀ံ့တာလဲ ငါရဲ့ထိန်းချုပ်မှုအောက်မှာ မင်းတို့တွေအားလုံးသေပြီ အလောင်းတွေဖြစ်ကုန်ကြရမယ် “‘
ဒီအသံကိုကြားချိန်မှာ ဓားပြတွေအနေနဲ့ စိတ်မသက်မသာနိုင်ခဲ့ပါဘူး။ သူတို့တွေ ကြောက်လန့်တကြားနဲ့ ဆုတ်ခွာကြပါတော့တယ်။
” သတိထားကြ ”
ဟို့ယွိဟောင် ချက်ချင်းဆိုသလို အန်ထုတ်ပြီတဲ့နောက်အော်လိုက်မိပါတော့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကြောင့် ရှာဖွေတွေ့ရှိလိုက်တဲ့အရာကတော့ မြေပြင်ပေါ်မှာရှိနေခဲ့တဲ့ အလောင်းတွေအားလုံးက ကြောက်စရာကောင်းတဲ့အရှိန်နှုန်းနဲ့ အနီရောင်လွှမ်းသွားတယ်ဆိုတာပါပဲ။
ပေါက်ကွဲသံတွေနဲ့အတူ ဂူတစ်ခုလုံးက သွေးတွေနဲ့ပြည့်နှက်လို့သွားပါတော့တယ်။
အကြိုအဖွဲ့ရဲ့ လူခုနှစ်ယောက်စလုံးက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုနယ်မြေပတ်လည်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ သူတို့တွေ ခပ်မြန်မြန်ပဲ လှုပ်ရှားကြပါတယ်။ အားလုံးကလဲ အလောင်းတွေနဲ့လွတ်ကင်းရာနေရာကို ပြေးပြီပေါက်ကွဲမှုကနေ လွှတ်မြောက်အောင်ရှောင်ရှားလို့နေခဲ့ကြတယ်။
ဒါပေမယ့် အတွင်းနယ်မြေရဲ့တပည့်သားခုနှစ်ယောက်ကတော့ အလောင်းတွေရဲ့အလယ်မှာရှိနေခဲ့တဲ့အတွက် သိပ်ပြီကံမကောင်းခဲ့ပါဘူး။ သူတို့တွေက ပေါက်ကွဲမှုရဲ့အလယ်တည့်တည့်မှာရှိနေခဲ့တာပါ။
ဟို့ယွိဟောင်ရဲ့ သတိပေးစကားကိုကြားတဲ့အတွက် သူတို့တွေအမြန်ဆုံးခုခံဖို့ ပြင်ဆင်လိုက်ကြပါတယ်။ ဒါပေမယ့် အလောင်းတွေကနေ ဖျက်ဆီးမှုကြောင့် ဖြစ်ပေါ်လာတဲ့စွမ်းအားက အရမ်းကိုများပြားလွန်နေခဲ့တယ်။ အရိုးတွေ ကြွက်သားတွေနဲ့ သွေးကြောတွေကတောင် ပေါက်ကွဲမှုရဲ့လက်နက်တွေဖြစ်ကုန်ကြပါတယ်။ ပိုသန်မာတဲ့အလောင်းက ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ပေါက်ကွဲမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုက်ယွဲ့ဟန်သတ်ခဲ့တဲ့ ၀ိညာဥ်ဘုရင်ရဲ့အလောင်းကတော့ အဆိုးဆုံးပါပဲ။
ပေါက်ကွဲမှုတွေက ဆယ့်စက္ကန့်လောက်သာ ကြာမြင့်ပြီ ရပ်တန့်လို့သွားခဲ့ပါတယ်။ အမျက်ဒေါသရဲ့အစောင့်အရှောက်တွေအားလုံးကလဲ အခြေအနေတွေဆိုးကုန်ကြပါပြီ။ သူတို့အနေနဲ့ ဦးဆောင်သူ၀ိညာဥ်ဘုရင်မှာ ဒီလိုအားကောင်းတဲ့စွမ်းရည်ရှိနေမယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ။ ဒါ့အပြင် အဲ့ဒီစွမ်းရည်ရဲ့အင်အားက အတော်ကို မြင့်မားလွန်လှပါတယ်။ တွေးထားနိုင်တာထက်ကို ကျော်လွန်နေခဲ့တဲ့အပြင် ဒီလိုမျိုးအဓိက တိုက်ခိုက်မှုလုပ်နိုင်တာကတော့ အချိန်ကိုက်လုပ်လိုက်လို့ပါပဲ။
ဂူအပြင်မှာအရက်သောက်ရင်းနဲ့ စောင့်ဆိုင်းနေခဲ့တဲ့ အဘိုးကြီးကတော့ ပေါက်ကွဲသံတွေကိုကြားချိန်မှာ အံ့ဩသွားပါတော့တယ်။ သူချက်ချင်းဆိုသလို အလင်းတန်းတစ်ခုအသွင်ကို ပြောင်းလဲရင်း ဂူထဲကိုရောက်ရှိလို့သွားခဲ့ပါပြီ။ အစကထဲကနေ အုပ်စုနောက်ကို လိုက်လာခဲ့တဲ့အကြီးအကဲရွှမ်က လူတွေရဲ့အခြေအနေကို စစ်ဆေးလို့နေခဲ့ပါတယ်။ အသန်မာဆုံးသူက ၀ိညာဥ်ဘုရင်ဖြစ်တာကို သူသိခဲ့ပြီးသားပါ။ ဒီနေရာမှာ ၀ိညာဥ်ဘုရင်တစ်ယောက်ထက် ပိုပြီးရှိနေခဲ့ပေမဲ့ သူလဲ အများကြီးမတွေးခဲ့မိပါဘူး။ ဒီဓားပြတွေအားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့ တပည့်သားတွေကို အပြည့်အ၀အနိုင်ယူဖို့အတွက် အစွမ်းအစမရှိဖူးလို့သူတွေးခဲ့မိပါတယ်။ ဒါ့အပြင် ၀မ်ယန်လိုအတွေ့အကြုံကြွယ်၀တဲ့လူက ဦးဆောင်တဲ့အဖွဲ့ထဲမှာ ရှိနေခဲ့တာပါ။ ဒါကြောင့် သူ့အနေနဲ့ အပြင်မှာသာနေခဲ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ဆုံးတော့လဲ ဘယ်သူကမှ ဒီသွေးညှီးနံ့တွေကိုမကြိုက်နှစ်သက်ခဲ့ပါဘူး။
သူ့အနေနဲ့ ဒီလိုရုတ်တရက်အခြေအနေမျိုးကို တွေ့ကြုံရဖို့မမျှော်လင့်ထားပဲရှိနေခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီပေါက်ကွဲမှုက ၀ိညာဥ်ဘုရင်နဲ့ ၀ိညာဥ်ဧကရာဇ်တွေထက်ကို သာလွန်တဲ့စွမ်းအားမှာရှိနေခဲ့တာပါ။
” ဟားး ဟားးဟားးး မင်းတို့အားလုံးဒီတမန်တော်ရဲ့ အလောင်းဖောက်ခွဲစွမ်းရည်ကို နှစ်သက်ကြရဲ့လား အကယ်၍ မင်းတို့အားလုံးပိုပြီး သန်မာလာတယ်ဆိုရင်တောင် ဒီလိုဆက်တိုက်ပေါက်ကွဲမှုအောက်မှာ သေကြရမှာပဲ ဒါ့အပြင် ပေါက်ကွဲမှုက အသက်ရှင်နိုင်တယ်ဆိုရင်တောင် အဆိပ်ကြောင့် သေကြရမှာလေ ”
ဂူတစ်ခုလုံးက သွေးညှီးနံ့တွေ ပြည့်နှက်နေခဲ့ပါပြီ။ ဒါ့အပြင် ရှိနေတဲ့သူတွေအားလုံးလဲ သူတို့တစ်ကိုယ်လုံးသွေးအလွှာတွေလွှမ်းခြုံတာကို ခံစားမိပါတယ်။ ဒါ့အပြင် အစောပိုင်းတုန်းက သေဆုံးခဲ့တဲ့ ဓားပြတွေအားလုံးရဲ့အလောင်းက ပေါက်ကွဲထွက်သွားခဲ့တာပါ။
ဒီပေါက်ကွဲမှုက ရန်သူနဲ့မိတ်ဆွေမခွဲခြားခဲ့ပါဘူး။ ဒါကြောင့် ကျောင်းတော်သားတွေကို ရိုက်ခတ်ရုံတင်မကပဲ အသက်ရှင်လျက်ရှိနေတဲ့ ဓားပြတွေကိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်စေခဲ့ပါတယ်။ ဓားပြတွေနဲ့ ပြင်ဆင်ထားပြီသားဖြစ်ပေမဲ့ တချို့ကတော့ ဒီပေါက်ကွဲမှုကို ကြောက်လန့်တကြားခုန်ရှောင်ရင်း ပုန်းအောင်ဖို့ကြိုးစားနေခဲ့ကြပါတယ်။
ဒါပေမယ့် ကြောက်စရာအကောင်းဆုံးအရာကတော့ ပေါက်ကွဲမှုနဲ့အတူ ထွက်ပေါ်လာတဲ့အရည်တွေပါပဲ။ ကြောက်စရာကောင်းအောင် တိုက်စားမှုစွမ်းရည်တွေက ဒီအရည်တွေထဲမှာ ပါ၀င်နေခဲ့ပါတယ်။ ချက်ချင်းလောင်ကျွမ်းတဲ့အသံတွေနဲ့အတူ ဂူထဲမှာတိုက်စားခံနေရပါပြီ။ အလောင်းတွေပေါက်ကွဲပြီ ပုန်းအောင်နေတဲ့ ၀ိညာဥ်ပညာရှင်တွေကလဲ သေစေနိုင်လောက်တဲ့အဆိပ်တွေကို ထုတ်လွှတ်လို့နေခဲ့ပါတယ်။ သူတို့က တကယ်ကို ရက်စက်လွန်တဲ့နည်းလမ်းပါပဲ။
အားလုံးကလဲ အကောင်းဆုံးကြိုးစားရင်း ကိုယ့်ကိုကိုယ်ခုခံဖို့ လုပ်နေခဲ့ပေမဲ့ သူတို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေက မတူညီကြပါဘူး။ ခုခံနိုင်တဲ့အစွမ်းအစတွေကလဲ ကွာခြားနေခဲ့ကြပါတယ်။ မာရှောင်ထောင်နဲ့ ထိုက်ယွဲ့ဟန်တို့ကတော့ ပေါက်ကွဲမှုကြောင့် လွှင့်ထွက်လို့သွားခဲ့ပြီ သွေးတွေအန်နေခဲ့ပါပြီ။ သူတို့တွေက ဒဏ်ရာရနေခဲ့ပေမဲ့ အဆိပ်သွေးတွေကြောင့် ကာကွယ်နိုင်စွမ်းရည်တွေက လဲ ဆက်တိုက်ဆိုသလို နှောင့်ယှက်ခံလိုက်ပါတယ်။ မာရှောင်ထောင့်က ဟို့ယွိဟောင်နဲ့ မနီးမဝေးနေရာကို ပြုတ်ကျလာခဲ့တယ်။ လင်းလော့ချန်ရဲ့ တစ်ကိုယ်လုံးကတော့ ရေခဲအလွှာတွေနဲ့ ဖုံးလွှမ်းထားခဲ့ပါပြီ။ ဒါပေမယ့် သူလွှင့်ထွက်လာဆဲပါပဲ။ သူ့အနေနဲ့ အချိန်မီခုခံနိုင်တာကြောင့် သိပ်ပြီအခြေအနေမဆိုးခဲ့ပါဘူး။ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့လို သွေးအန်နေခဲ့ပေမဲ့ အတွင်းဒဏ်ရာတော့မရပဲရှိနေခဲ့ပါတယ်။ တခြားတစ်ဖက်မှာ ချန်ကျစ်ဖုန်းကတော့ ကံမကောင်းခဲ့ပါဘူး။ သူက တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင် ဖြစ်နေခဲ့ပြီ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေက မာရှောင်ထောင့်တို့ကို မယှဥ်နိုင်ပဲ ရှိနေခဲ့တယ်။ ဒါပေမယ့် သူက အဓိကတိုက်ခိုက်ရေးသမားပါ။ ဘယ်လိုလုပ်သူ့ခန္ဓာကိုယ်ကို သူ့ရဲ့ဓားနဲ့ ခုခံလို့ရမှာလဲ ၀ိညာဥ်စွမ်းအားကိုအသုံးပြုရင်းနဲ့ ပေါက်ကွဲမှုတွေကို ခုခံလို့နေခဲ့ရပါတယ်။
ပေါက်ကွဲမှုတွေပြီးချိန်မှာတော့ သူလဲတွားသွားနေရတဲ့အချိန်တွေကို ရောက်သွားခဲ့ပါပြီ။ ညာဘက်ခြေထောက်က ပျောက်ကွယ်လို့သွားခဲ့သလို အဆိပ်ငွေ့တွေရဲ့တိုက်စားမှုကြောင့် နာနာကျင်ကျင်အော်ဟစ်လို့နေခဲ့ရပါတယ်။
သူတစ်ယောက်ထဲဒီလောက်ဒဏ်ရာပြင်းထန်တာမဟုတ်ပါဘူး။ ကုန်းယန်မော့လဲ အခြေအနေမထူးခြားနားရှိနေခဲ့ပါတယ်။ သူက အထောက်အပံ့ပြုရင်း ၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့တဲ့အတွက် ခုခံဖို့သင့်တော်တဲ့သူမဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် အလောင်းတွေက သတိမပေးဘာမပေးနဲ့ထပြီ ပေါက်ကွဲခဲ့တာပါ။ လင်းလော့ချန်ရဲ့အထောက်အပံ့ရှိနေခဲ့ပေမဲ့ သူ့ရဲရင်ဘတ်ခြေထောက်နဲ့ ၀မ်းဗိုက်တွေအားလုံးက ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့ပါပြီ။ ဒဏ်ရာတွေကနေ မီးခိုတွေဆက်တိုက်ထွက်နေခဲ့ပြီ သူလဲ သတိလစ်သွားပါတော့တယ်။ ယောင်ဟောက်ရွှမ်ကတော့ အခြေအနေအဆိုးဆုံးမှာပါပဲ သူ့ခန္ဓာကိုယ်က အကြီးမားဆုံးဖြစ်တာကြောင့် ပေါက်ကွဲမှုရဲ့ လောင်မြိုက်မှုတွေကို အဆိုးဆုံးခံစားရပါတယ်။ ခန္ဓာကိုယ်တစ်၀က်နီးပါးက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူကတော့ ဒီပေါက်ကွဲမှုကနေ အသက်ရှင်နိုင်ဖို့အတွက် လွယ်ကူမဲ့ပုံမပေါ်ပါဘူး။ ရှီးရှီးကတော့ အခြေအနေကောင်းပါတယ်။ သူ့ရဲ့လျှပ်စီးတွေနဲ့ မိုးကြီးတွေကခန္ဓာကိုယ်ကို ကာကွယ်လို့ထားခဲ့ပြီ မြန်ဆန်လွန်လှတဲ့ အရှိန်နှုန်းကြောင့်သူ့ရဲ့နောက်ကျောသာ ထိခိုက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့လဲ မြေပြင်ပေါ်မှာလှဲကျနေရင်း ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရထားတာကြောင့် သူအော်ညီးနေရဆဲပါ။
ဒဏ်ရာတွေဘယ်လိုပဲ အခြေအနေရှိနေပါစေ အတွင်းနယ်မြေတပည့်သားခုနှစ်ယောက်ကတော့ အားနည်းပြင်းထန်တဲ့အချိန်မှာ ရှိနေကြတာပါပဲ။ ဘယ်သူကမှတော့ မသေခဲ့ပေမဲ့ ဒဏ်ရာတွေကတော့ ဆိုးပါတယ်။ သူတို့အနေနဲ့ အစောပိုင်းတုန်းက အသာစီးရခဲ့ပေမဲ့ အခုအချိန်မှာတော့ အတော်ကိုသနားစရာဖြစ်နေခဲ့ပါပြီ။ ဖြစ်ပျက်သွားတာက အရမ်းကိုမြန်လွန်ခဲ့ပါတယ်။ အပြင်နယ်မြေရဲ့ တပည့်သားတွေကတော့ အစပိုင်းမှာရှိနေခဲ့တဲ့အတွက် ကြီးကြီးမားမားအဆုံးအရှုံးကို မကြုံတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ရလဒ်ကြောင့်သာ တုန်လှုပ်နေခဲ့ကြတာပါ။
” ခွေးမသား ”
ရုတ်တရက်ဆိုသလို မာကျောတဲ့အသံက ထွက်ပေါ်လို့လာပါတော့တယ်။ စူးရှတဲ့အဖြူရောင်အလင်းတန်းက ဂူတွေရဲ့အစိတ်အပိုင်းတစ်ခုချင်းဆီတိုင်းကို ပြန့်နှံ့လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ကြောက်စရာအဆိပ်ငွေ့တွေကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။
ဒီတစ်ကြိမ်မှာပဲ အဘိုးကြီးကပေါ်လာခဲ့ပါပြီ။ အကြီးအကဲရွှမ်က ညာလက်ကိုမြောက်ထားရင်း ဂူရဲ့အတွင်းပိုင်းထဲကို ဆွဲယူတဲ့ပုံစံလုပ်လိုက်ပါတယ်။ ကြောက်စရာစွမ်းငင်အားနဲ့အတူ လူတစ်ယောက်က အပြင်ကိုရောက်လာခဲ့ပါပြီ။
ဒေါသဆိုတဲ့စကားက အကြီးအကဲရွှမ်ရဲ့ လက်ရှိစိတ်အနေအထားကို ဖော်ပြဖို့အတွက် မစွမ်းသာနိုင်ခဲ့ပါဘူး။ သူ့ကျောင်းသားတွေဒီလောက်အထိ အခြေအနေဆိုးဆိုးရွားရွားနဲ့ ဒဏ်ရာရသွားခဲ့တာက သူ့ရဲ့စောင့်ကြပ်နေတဲ့ မျက်စိရှေ့မှာပဲတင် ဖြစ်သွားခဲ့တာပါ။ ဒါ့အပြင် အဲ့ဒီလိုထိခိုက်သွားတဲ့သူတွေက လက်ရှိအမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ဖော်ပါပဲ။ သူတို့တွေက တိုက်ကြီးတစ်ခုလုံးရဲ့ ပြိုင်ပွဲမှာ၀င်ပြိုင်ရဦးမှာပါ။ ဒါကလဲ ရက်ပိုင်းအတွင်းမှာ ယှဥ်ပြိုင်ရမဲ့ပွဲဖြစ်ရှိနေခဲ့ပါတယ်။ အခုအချိန် တစ်ယောက်က သေမလိုဖြစ်နေခဲ့ပါပြီ နောက်ကျန်ရစ်တဲ့သူတွေအားလုံးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့ပါတယ်။
အကြီးအကဲရွှမ် ဆွဲယူလိုက်တဲ့သူကတော့ အနက်ရောင်၀တ်ရုံကို၀တ်ဆင်လို့ထားခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က ပိန်ပါးနေခဲ့ပြီ မျက်နှာကလဲ ရှင်းရှင်းလင်းလင်းမမြင်ရအောင် ဖုံးကွယ်ထားပါတယ်။ သူ့ရဲ့ခြေထောက်အောက်မှာတော့ ၀ိညာဥ်စက်ကွင်းငါးကွင်း ရှိနေခဲ့တယ်။ အ၀ါရောင်သုံးကွင်းနဲ့ ခရမ်းရောင်နှစ်ကွင်းပါ ဒီလူက၀ိညာဥ်ဘုရင်တစ်ယောက်ပါပဲ။ သူက ဒီလိုမျိုးကြောက်စရာကောင်းတဲ့ကပ်ဆိုးကို ဖန်တီးနိုင်တယ်လား။
အကြီးအကဲရွှမ်ရဲ့လက်ထဲမှာ ကြောက်လန့်တကြားအော်ဟစ်ရင်းနဲ့ သူပါလာခဲ့ပါတယ်။ လွှတ်မြောက်အောက်ကြိုးစားဖို့လုပ်ခဲ့ပေမဲ့ အကြီးအကဲရွှမ်လိုအင်အားကြီးတဲ့လူရဲ့လက်အောက်ကနေ ဘယ်လိုများ ထွက်နိုင်မှာလဲ။ သူ့အနေနဲ့ အကြီးအကဲရွှမ်အနားကိုသာ ရောက်လာခဲ့ပါပြီ။
ဒီတစ်ကြိမ်မှာပဲ ယောင်ဟောက်ရွှမ်ရဲ့ ကျန်ရစ်တဲ့ခန္ဓာကိုယ်တစ်၀က်က ရုတ်တရက်တွန့်လိမ်လို့လာခဲ့ပါတယ်။ ဒါ့အပြင် ဖောင်ကြွတော့မလိုဖြစ်နေခဲ့တယ်။
” အကြီးအကဲရွှမ် သတိထား “‘
ဟို့ယွိဟောင်က အထိတ်တလန့်ထအော်ပြီသတိပေးပါတယ်။ အကြီးအကဲရွှမ်ရဲ့ စိတ်နဲ့ထောက်လှမ်းမှုကလဲ အားမနည်းခဲ့ပါဘူး။ သူ့ရဲ့ကျောင်းသားတွေက ဒီမိစ္ဆာ၀ိညာဥ်ပညာရှင်ထက်ပိုပြီးအရေးကြီးပါတယ်။ ကျောင်းတော်အနေနဲ့ ကြီးမားတဲ့အဆုံးအရှုံးကို ကြုံလိုက်ရပါပြီ။ နောက်ထပ် လူတွေအများကြီးကိုဒဏ်ရာရစေဖို့ဘယ်လိုဖြစ်နိုင်မှာလဲ။
လက်နှစ်ဖက်စလုံးကို သူမြောက်လိုက်ရင်း အဖြူရောင်အလင်းတန်းတွေကို အသုံးချပြီ ယောင်ဟောက်ရွှမ်ရဲ့အလောင်းကို ဖုံးလွှမ်းလိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ လက်ချောင်းတွေကို အသုံးပြုရင်း ၀ိညာဥ်ဘုရင်ကိုတူနဲ့ထုသလိုမျိုး လှုပ်ရှားလိုက်တယ်။ ဒါပေမယ့် ထူးခြားတဲ့အရာကတော့ ဖြစ်ပျက်လာခဲ့ပါပြီ။ သူ့ရဲ့၀ိညာဥ်စက်ကွင်းငါးကွင်းစလုံးက ချက်ချင်းတောက်ပလို့လာခဲ့ရင်း သူ့ကမီးခိုတစ်ခုအသွင်ပြောင်းလဲလို့သွားပါတော့တယ်။ ဒါပေမယ့် သူထွက်မပြေးပဲနဲ့ ဟို့ယွိဟောင်ဆီကို ပြေး၀င်လို့သွားခဲ့တယ်။ သူ့အရှိန်နှုန်းက မြန်ဆန်လွန်တာကြောင့် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုအသုံးချထားတာတောင် မတုန့်ပြန်နိုင်ခဲ့ပါဘူး။ လောကကြီးတစ်ခုလုံးလဲ လည်ထွက်သွားတာကိုခံစားလိုက်ရပြီ အကြီးအကဲရွှမ်ရဲ့ဒေါသတကြီးအော်သံကိုသာ ကြားလိုက်ရပါတယ်။ သူ့ရဲ့ခြေထောက်အောက်မှာ ဘာမှရှိမနေတော့ပဲ မြေကြီးထဲကိုသာ ဆက်တိုက်၀င်ရောက်လို့သွားခဲ့တယ်။ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေနဲ့အတူ ယောင်ဟောက်ရွှမ်ရဲ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်လို့သွားခဲ့ပါပြီ။ သူ့ရဲ့အရိုးတွေတောင် အငွေ့ပျံလို့သွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကို အကြီးအကဲရွှမ်က ထိန်းချုပ်လို့ထားခဲ့တယ်။ ဒါကြောင့်သာ ဟို့ယွိဟောင်ကို ကယ်တင်ဖို့အတွက် နောက်ကျလို့သွားခဲ့တာပါ။ သူ့ရဲ့လက်တွေက အနီးအနားကကျောက်တုံးကိုသာ ဖမ်းဆွဲနိုင်ခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေကတော့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
” ခွေးမသား “‘
အကြီးအကဲရွှမ် ဒေါသတကြီးနဲ့ ဟိန်းဟောက်လို့နေခဲ့တယ်။ အခုအချိန်မှာ သူဒေါသထွက်ရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။ မြေပြင်ကိုလက်သီးနဲ့ထိုးချလိုက်ချိန်မှာတော့ ကြီးမားတဲ့အပေါက်ကြီးက ဖြစ်ပေါ်လာပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကို ထိခိုက်မှာစိုးရိမ်တာကြောင့် ၀ိညာဥ်စွမ်းအားလဲအများကြီးအသုံးမပြု၀ံ့ပါဘူး။ ဟို့ယွိဟောင်က အောက်မှာရှိနေနိုင်ပါတယ်။ ဒီလို ဆက်တိုက်ပေါက်ကွဲမှုတွေဖြစ်ချိန်မှာတော့ နယ်မြေတွေက ဆက်တိုက်ဆိုသလို ပြိုကျလာပါတော့တယ်။ ကောက်ကျစ်တဲ့သူတစ်ယောက်က အမြဲတမ်းကြိုတင်ခန့်မှန်းထားပြီ လွှတ်လမ်းတွေကိုရှာဖွေထားတာပါ။ အဲ့ဒီလူက သေချာပေါက်သံသယ၀င်စရာမရှိလောက်အောင် ဓားပြတွေရဲ့ခေါင်းဆောင်ပဲ။ ဒါကြောင့် သူ့ကို သေခြင်းတရားရဲ့တမန်တော်လို့ လူသိများတာပါ။
အပိုင်း ၇၂•၃ ပြီး၏။