အပိုင်း ၇၂•၂
” သေခြင်းတရားရဲ့တမန်တော်တွေ ”
°°°
” ပြဿနာမရှိဘူး ဒါတွေအားလုံးကို ကျွန်မတို့လက်ထဲအပ်လိုက်ပါ ”
မာရှောင်ထောင့်ရဲ့ မျက်လုံးထဲကနေပန်းနီရောင်မီးလျှံတချို့ထွက်ပေါ်လာပါတော့တယ်။ အခုအချိန်မှာ သူတို့က ပစ်မှတ်ကိုရှာတွေ့ခဲ့ပါပြီ။ သူလုပ်ဖို့လိုအပ်တဲ့အရာကတော့ လှုပ်ရှားဖို့ပါပဲ။
၀မ်ယန်က ပြောလိုက်တယ်။
” အားလုံးပဲ ၀တ်စုံတွေပြောင်းလိုက်ကြ အမျက်ဒေါသရဲ့အစောင့်အရှောက်တွေ လှုပ်ရှားဖို့ပြင်ဆင်ကြမယ် ”
ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို မဖော်ပြနိုင်လောက်တဲ့ စိတ်လှုပ်ရှားမှုတွေကို တစ်ကိုယ်လုံးမှာခံစားလိုက်ရပါတော့တယ်။ ၀မ်ယန်အနေနဲ့ အမျက်ဒေါသရဲ့အစောင့်အရှောက်တွေလို့ပြောလိုက်ချိန်မှာ သူသွေးတွေတောင် ဆူပွက်လာသလိုပါပဲ။ သူကအသက်ဆယ့်သုံးနှစ်တောင်မပြည့်သေးပါဘူး။ ဒါပေမယ့် ကျောင်းတော်အတွက် တိုက်ခိုက်ရပါတော့မယ်။
အစောင့်အရှောက်တွေရဲ့ လက်စွပ်ကို၀တ်ဆင်ထားတဲ့ လူတိုင်းက လက်ရှိအချိန်မှာ ဒီအရာကသေးငယ်တဲ့၀ိညာဥ်လက်နက်ဆိုတာ သိနေခဲ့ပါတယ်။ ၀ိညာဥ်လက်နက်တွေက သေးငယ်လေလေ ပိုပြီးထိန်းချုပ်ရခက်လေပါပဲ။ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့လက်နက်က ဘယ်လိုအဆင့်အတန်းရှိလဲဆိုတာကို မပြောနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မာရှောင်ထောင့်ရဲ့ညွှန်ကြားမှုအောက်မှာ အဲ့ဒီလက်စွပ်ကို လက်ညိုးမှာ၀တ်လိုက်ပါတော့တယ်။
လက်စွပ်နဲ့သူက သွေးချင်ချိတ်ဆက်မှု ပြုလုပ်ထားထားပြီဖြစ်တာကြောင့် ချက်ချင်းဆိုသလို သူ့လက်နဲ့သင့်တော်တဲ့အရွယ်အစားအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။
လက်စွပ်ထဲကို ၀ိညာဥ်စွမ်းအားထည့်သွင်းလိုက်ချိန်မှာတော့ လှပတဲ့အစိမ်းရောင်အလင်းတန်းက ချက်ချင်းဆိုသလို ထွက်ပေါ်လို့လာခဲ့ပါပြီ။ အဲ့ဒီနောက် ပစ္စည်းတွေလဲတစ်ခုပြီတစ်ခုထွက်လာပါတော့တယ်။
ပထမဆုံးထွက်လာတဲ့အရာကတော့ သံချပ်ကာတစ်ခုပါပဲ။ ဒီသံချပ်ကာက သူ့ခန္ဓာကိုယ်ကို ခေါင်းအစခြေအဆုံးဖုံးလွှမ်းလို့ထားခဲ့ပါတယ်။ ဒါ့အပြင် သိသာထင်ရှားစွာပေါ်နေတဲ့အရာကတော့ သူ့ရဲ့မျက်လုံး နှာခေါင်းနဲ့ ပါးစပ်ပါပဲ။ ဒီလိုမျိုးသံချပ်ကာက အတော်လေးကို သက်သောက်သက်သာရှိနေခဲ့ပြီ အမျိုးအမည်မသိရတဲ့သတ္ထုတစ်ခုနဲ့ ပြုလုပ်လို့ထားခဲ့တာပါ။ ဒါ့အပြင် သူ့ရဲ့သံချပ်ကာက သရေ၀တ်စုံ၀တ်ရသလိုခံစားရစေပါတယ်။ အရေပြားနဲ့တူညီတဲ့အသားရှိနေခဲ့ပြီ အတော်ကိုကျုံ့အားဆန့်အားလဲ ကောင်းနေခဲ့တယ်။ တခဏတာစမ်းသပ်ပြီတဲ့နောက် သူ့အနေနဲ့ ၀ိညာဥ်စွမ်းအားကို အပြင်သာထုတ်လွှတ်နိုင်ပြီ အထဲကိုမစုပ်ယူနိုင်မှန်း သတိထားမိလိုက်ပါတယ်။ ဒီလိုခုခံကာကွယ်နိုင်တဲ့စွမ်းရည်က တစ်ကိုယ်လုံးကိုအကြေးခွံတစ်ထပ်အုပ်ထားသလိုပါပဲ။
အမျိုးသား အမျိုးသမီးကွာခြားချက်ကြောင့် လူတိုင်ကလဲ သူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ပတ်သက်ပြီ အပြောင်းအလဲတွေကို ကြုံတွေ့ရပါတယ်။ ဟို့ယွိဟောင်က ၀မ်သုန့်ကိုဆွဲခေါ်ပြီ အ၀တ်အစားလှဲဖို့စီစဥ်ထားခဲ့ပေမဲ့ တစ်ဖက်လူကတော့ သစ်တောထဲကိုသာ ပြေး၀င်လို့သွားခဲ့ပြီ အမြန်ဆုံးအ၀တ်အစားသွားလှဲလိုက်ပါတယ်။ ဒီသံချပ်ကာအပြင် စစ်သည်တော်တွေ ၀တ်ဆင်လေ့ရှိတဲ့ အစိမ်းရင့်ရောင်၀တ်ရုံရှည်အပြင် အစိမ်းရင့်ရောင်မျက်နှာဖုံးတွေကိုလဲ သူတို့တပ်ဆင်ရတယ်။ ဒါ့အပြင် ၀တ်ရုံတင်မက ခေါင်းစွပ်ပါတဲ့ ၀တ်ရုံရှည်ကြီးကိုပါအားလုံး၀တ်ဆင်ဖို့အတွက် ရှိနေခဲ့တာပါ။ ဒါ့အပြင် သူတို့ရဲ့ခါးတွေမှာလဲ အထူးပြုလုပ်ထားတဲ့ ခါးပတ်တွေရှိနေခဲ့ပါသေးတယ်။ အားလုံးစုစည်းပြီချိန်မှာပဲ ထူးဆန်းတဲ့အခြေအနေကို ကြုံတွေ့ရပါတော့တယ်။ ဒီ၀တ်ရုံကြီးက ခေါင်းအစခြေအဆုံးဖုံးလွှမ်းလို့ထားခဲ့ပြီ အတော်ကိုကိုယ်ကြပ်တဲ့ပုံစံနဲ့ ရှိနေခဲ့တာပါ။ သူ့တို့အနေနဲ့ သတ္ထုနဲ့ပြုလုပ်ထားတဲ့ သံချပ်ကာနဲ့တစ်သားထဲဖြစ်နေကြသလိုပါပဲ။ ဒါ့အပြင် အတော်ကို ပါးလွှားနေခဲ့ပြီ ထူးခြားပြီသာလွန်တဲ့ ခုခံနိုင်စွမ်းအားတွေကို ထုတ်လွှတ်လို့နေခဲ့တယ်။
” လှုပ်ရှားဖို့ပြင်ဆင်ကြ ”
၀မ်ယန်က ပြောလိုက်ပါတယ်။
” ရှောင်ထောင့် မင်းကဦးဆောင်ပြီတိုက်ခိုက်ရမယ်..ငါကတော့ အကြိုအဖွဲ့ကို အမိန့်ပေးနေတဲ့နေရာမှာရှိနေမယ် ”
” ကောင်းပါပြီ ”
မာရှောင်ထောင့်က ချက်ချင်းပြန်ဖြေလိုက်ပါတယ်။ အဲ့ဒီနောက် သူလေထဲကိုအရင်ခုန်ထွက်လို့သွားခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်နဲ့ ချန်ကျစ်ဖုန်းတို့က သူနောက်ကနေလိုက်သွားခဲ့ပါတယ်။ အတွင်းနယ်မြေရဲ့တခြားတပည့်သားလေးယောက်လဲအတူတူလိုက်သွားခဲ့ကြတယ်။ သူတို့အားလုံးက အရမ်းကို သပ်သပ်ရပ်ရပ်နဲ့ ထွက်ခွာသွားခဲ့တာပါ။ ၀မ်ယန်ကလဲ လက်ကိုဝှေ့ရမ်းရင်းနဲ့ အဖွဲ့ကိုဦးဆောင်လိုက်ပါတယ်။ ပေ့ပေ့ကတော့ အကြိုအဖွဲ့ရဲ့ဦးဆောင်သူနေရာမှာရှိနေခဲ့ပြီ ရှုစန်းရှီကတော့ အနောက်ဆုံးမှာရှိနေခဲ့ပါတယ်။ သူတို့ကတော့ သူတို့ရဲ့အစ်ကိုကြီး အစ်မကြီးတွေကို အထောက်အပံ့ပြုဖို့နေရာမှာသာ ရှိနေခဲ့ကြတာပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့က အရေးကြီးဆုံးပါပဲ။ ၀မ်ယန်ရဲ့အမိန့်အောက်မှာ ဟယ့်ချိုက်ထို့ ကျန်းနန်နန်တို့တွေအားလုံးက အုပ်စုရဲ့ဘယ်ဘက်မှာနေရာယူထားကြပါတယ်။ ၀မ်ယန်ကိုယ်တ်ိုင်ကတော့ ဟို့ယွိဟောင်တို့သုံးယောက်တိုက်ရိုက်ရှိနေခဲ့ပြီ ဒီကလေးသုံးယောက်ကို ကာကွယ်လို့ထားခဲ့တယ်။
မာရှောင်ထောင့်နဲ့ တခြားသူတွေအားလုံးကအရမ်းကို မြန်ဆန်လွန်လှပါတယ်။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက သူတို့ကို အမီမလိုက်နိုင်ပါဘူး။ ကံကောင်းစွာနဲ့ပဲ သူရဲ့အဖွဲ့သားတွေနဲ့ ဆရာ၀မ်ယန်ကိုတော့ အထောက်အပံ့ပြုနိုင်ပါသေးတယ်။ သူတို့ရဲ့မြန်ဆန်းတဲ့အရှိန်နှုန်းကြောင့် မကြာခင်မှာပဲ ဟို့ယွိဟောင်ထောက်လှမ်းမိတဲ့နေရာကို ရောက်လာခဲ့ပါပြီ။ မာရှောင်ထောင့်တို့ရဲ့ခြေရာတွေ မရှိခဲ့ပါဘူး။ နေရာတစ်ခုလုံးက လုံး၀ကိုတိတ်ဆိတ်လို့နေခဲ့ပါတယ်။
” ငါတို့အောက်ဖက်ကို ဆက်ဆင်းကြမယ် ”
၀မ်ယန်က ပြောလိုက်ပါတယ်။
” ပေ့ပေ့ တိုက်ပွဲအတွက် ပြင်ဆင်ထားလိုက် ”
” ကောင်းပါပြီဆရာ ”
ပေ့ပေ့လဲ လုံး၀ကိုသတိလက်လွှတ်မနေ၀ံ့ပါဘူး။ ချက်ချင်းဆိုသလို သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးရင်းနဲ့ တောင်စောင်းအောက်ကိုဆင်းသွားပါတော့တယ်။ သူတို့တွေအောက်ဖက်မှာဂူတစ်ခုကို ခပ်မြန်မြန်ပဲတွေ့လိုက်ရတယ်။ ဒါက သူတို့နဲ့အနီးဆုံးဓားပြတွေရဲ့ အခြေစိုက်စခန်းပါပဲ။ ဂူအနားမှာကတော့ သေဆုံးနေတဲ့ ဓားပြငါးယောက်ခြောက်ယောက်ရှိနေခဲ့ပါတယ်။ ဒါကတော့ မာရှောင်ထောင့်နဲ့ တခြားသူတွေလှုပ်ရှားခဲ့တယ်ဆိုတာ အသိအသာကြီးပါပဲ။
ဒီတစ်ကြိမ်မှာပဲ ဂူရဲ့အထဲကနေ ခပ်ထုံထုံအသံတွေ ထွက်ပေါ်လို့လာပါတော့တယ်။ အဲ့ဒီနောက် အော်ဟစ်သံတွေနဲ့အတူ ဆက်တိုက်ဆိုသလို ၀ိညာဥ်စွမ်းအားလှိုင်းထန်မှုတွေကို ခံစားနေခဲ့မိတယ်။
ပေ့ပေ့ကလဲ ၀မ်ယန်ကိုလှည့်ကြည့်ရင်း ပြောလိုက်ပါတယ်။
” အထဲကိုဦးတည်မယ်..ယွိဟောင်မင်းရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ငါတို့အားလုံးဆီလွှတ်ပေးထားလိုက် အားလုံးသေချာသတိထားကြ ”
ဟို့ယွိဟောင်အနေနဲ့လဲ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကို ချက်ချင်းဆိုသလို အဆုံးစွန်အထိ လွှင့်ထုတ်ပြစ်လိုက်ပါတော့တယ်။ အားလုံးရဲ့စိတ်ထဲကို သုံးဖက်မြေပုံရိပ်တွေက ၀င်ရောက်လာခဲ့ပါပြီ။
၀င်ပေါက်က မကြီးမားခဲ့ပါဘူး။ ဒါပေမယ့် အထဲကတော့အတော်ကို ကြီးမားပါတယ်။ ဂူရဲ့၀င်ပေါက်မှာအလောင်းတွေကပြည့်နေခဲ့ပြီ မကြာခင်အချိန်အတွင်းမှာပဲ ပတ်ပတ်လည်မီတာငါးဆယ်အတွင်းမှာ နောက်ထပ်အလောင်းတွေကို မြင်လိုက်ရပါတော့တယ်။ သွေးညှီးနံ့ကအရှေ့ကိုဆက်သွားတိုင်း ပိုတိုးလာခဲ့ပါပြီ။ ရှုစန်းရှီ ပေ့ပေ့နဲ့ ဟယ့်ချိုက်ထို့က အဆင်ပြေပေမဲ့ တခြားလေးယောက်ကတော့ မျက်နှာမကောင်းကြပါဘူး။
ကျန်းနန်နန်က ရုတ်တရက်ဆိုသလို အော်ဟစ်ရင်းနဲ့ တုန်ရီလို့သွားပါတော့တယ်။ အစောပိုင်းတုန်းက စိတ်၀ိညာဥ်ထောက်လှမ်းရေးကို ထုတ်လွှတ်ပြီအသုံးချနေခဲ့တဲ့ ဟို့ယွိဟောင်ကလဲ သူမကြည့်တဲ့နေရာကို လိုက်ပြီကြည့်လိုက်မိတယ်။ သူတို့အရှေ့မှာရှိနေခဲ့တဲ့ မြင်ကွင်းက အရေးကြီးပုံမပေါ်ပေမဲ့ အားလုံးရဲ့အမူအရာတွေက ပြောင်းလဲလို့သွားခဲ့ပါပြီ။
မမျှော်လင့်ထားရလောက်အောင်ပဲ နံရံပေါ်မှာ လူအရေခွံဆယ်ခုရှိနေခဲ့တာပါ။ ဒါ့အပြင် အားလုံးကလဲ ကလေးတွေရဲ့အရေခွံကြီးတွေပါပဲ။ အစောပိုင်းတုန်းက ကျန်းနန်နန် ခေါင်းမော့ကြည့်လိုက်ချိန်မှာ သူတို့ရဲ့ခေါင်းပေါ်ရှိနေတဲ့အလောင်းဆီကနေ သွေးစက်တွေကျလာတာကို ခံစားလိုက်မိပါတယ်။
” ဒီခွေးမသားကတော့လေ “‘
အမြဲတမ်းတည်ငြိမ်နေတတ်တဲ့ ပေ့ပေ့က ဒေါသတကြီးနဲ့ အော်ဟစ်လိုက်မိပါတယ်။ ဒါကသေချာပေါက် အဲ့ဒီဓားပြတွေလုပ်တဲ့ပြစ်မှုပါပဲ။ ဒါ့အပြင် ရှိနေတဲ့သူတွေအားလုံးရဲ့မျက်နှာတွေကလဲ နီရဲလို့သွားခဲ့ပါပြီ။ ဒီဓားပြတွေက ကလေးလေးတွေကိုတောင် အလွှတ်မပေးခဲ့ပါဘူး။ ဒါက သားရဲကောင်တွေထက်ကို ပိုဆိုးတဲ့ကိစ္စပါပဲ။
သူတို့ရှေ့ဆက်သွားလိုက်ချိန်မှာပဲ မြင်တွေ့နေရတဲ့အလောင်းတွေက ပိုပြီး များပြားလို့လာပါတော့တယ်။ တိုက်ခိုက်သံတွေကတော့ ပိုပိုပြီးပြင်းထန်လို့လာခဲ့ပါပြီ။ ဂူထဲမှာရှိနေခဲ့တဲ့ မသေသေးတဲ့ဓားပြတွေအားလုံးက ထူးဆန်းတဲ့နည်းတွေနဲ့ ပြုမှုနေခဲ့ကြပါတယ်။ ဘယ်သူကမှ သူတို့ကို သနားညှာတာမှုမရှိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂူရဲ့နံရံနှစ်ဖက်စလုံးမှာ လူအရေခွံတွေအများကြီးက ချိတ်ဆွဲထားတာကြောင့်ပါပဲ။ သူတို့တွေ ဂူထဲကို၀င်ရောက်တဲ့အချိန်တိုင်းမှာ နောက်ထပ်ရာနဲ့ချီတဲ့ လေသလပ်ခံအလောင်းတွေနဲ့ အရေပြားတွေကို မြင်လိုက်ရပါတယ်။
” အားလုံးပြင်ဆင်ထားကြ ဒီကောင်တွေအားလုံးက ယုတ်မာတဲ့မကောင်းဆိုးရွားတွေကြီးပဲ သူတို့ထဲက တစ်ယောက်ကိုသတ်လိုက်တာက လူပေါင်းရာနဲ့ချီပြီ ကယ်တင်တာနဲ့ တူညီတယ် ‘”‘
၀မ်ယန်က အော်ဟစ်လိုက်တာကြောင့် ဟို့ယွိဟောင် ၀မ်သုန့်ရှောင်းရှောင်းနဲ့ ကျန်းနန်နန်တို့ရဲ့ နှလုံးသားတွေကလဲ လှုပ်ခတ်လို့သွားပါတော့တယ်။
သူတို့အရှေ့မှာ ရှိနေခဲ့တဲ့ နယ်မြေကအတော်ကို ကျယ်ပြန့်လို့လာခဲ့ပါပြီ။ အခုအချိန်မှာတော့ တိုက်ပွဲကိုလဲ ရှင်းရှင်းလင်းလင်းမြင်နေရပါတော့တယ်။ မာရှောင်ထောင့်ရဲ့မီးလျှံတွေက အတောက်ပဆုံးနဲ့ အမြင်သာဆုံးပါပဲ။ သူ့ရဲ့ဘယ်ရန်သူတော်ကမှ သူ့ရဲ့မီးလျှံအောက်ကနေ ပြေးမလွှတ်ခဲ့ပါဘူး။ ပတ်၀န်းကျင်မှာတော့ ဓားပြတွေရဲ့ အလောင်းတွေက ပြည့်နှက်နေခဲ့ပါတယ်။ အလယ်မှာရပ်နေခဲ့တဲ့ ကုန်းယန်မော့ကတော တောက်ပတဲ့ရောင်စဥ်တွေကို ထုတ်လွှတ်နေရင်း သူ့ရဲ့အပေါင်းအဖော်တွေကို ကူညီလို့နေခဲ့တယ်။ တခြားတစ်ဖက်မှာကတော့ လူတွေအားလုံးက သူ့ကိုအလယ်မှာထားပြီတိုက်ခိုက်နေခဲ့ကြတာပါ။
ယောင်ဟောက်ရွှမ်ကလဲ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးအဖြစ်ကို ပြောင်းလဲပြစ်လိုက်ရင်း ဆက်တိုက်ဆိုသလို ကုန်းယန်မော့ရဲ့အနောက်ကနေ ကာကွယ်ပေးနေခဲ့ပါတယ်။ လင်းလော့ချန်ကတော့ တခြားတစ်ဖက်ကိုနေရာယူထားခဲ့တယ်။ သူတို့သုံးယောက်က တိုက်ပွဲထဲမှာတိုက်ရိုက်မပါ၀င်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ကိုအလွယ်လေးတိုက်ခိုက်လို့ရမယ်ထင်နေရင်တော့ မှားသွားခဲ့မှာပါ။
ဓားပြတွေအားလုံးကလဲ သွေးနီရောင်တောက်နေတဲ့ မျက်လုံးတွေနဲ့ တိုက်ခိုက်နေခဲ့ကြပါတယ်။ သူတို့ထဲမှာတော်တော်များများက ၀ိညာဥ်ပညာရှင်တွေကြီးပါပဲ။ ဒါ့အပြင်တချို့ကတော့ သန်မာတဲ့ကျင့်ကြံဆင့်ကို ပိုင်ဆိုင်လို့ထားခဲ့ပြီ ၀ိညာဥ်သုံးယောက်တောင်ရှိနေခဲ့တယ်။ နောက်ဆုံးမှာတော့ တပည့်သားတွေရဲ့တိုက်ခိုက်မှုကြောင့် သူတို့တွေလဲ နောက်ကိုဆက်တိုက်ဆုတ်နေခဲ့ပါပြီ။
ဓားပြတွေရဲ့လှိုင်းကြီးတွေက မာရှောင်ထောင့် ထိုက်ယွဲ့ဟန် ရှီးရှီးတို့ရဲ့တိုက်ခိုက်မှုကြောင့် အတော်ကိုအရေးနှိမ့်နေခဲ့ရပါတယ်။
ကုန်းယန်မော့ရဲ့ အားကောင်းတဲ့အထောက်အပံ့ပြုစွမ်းရည်က ၀ိညာဥ်ဧကရာဇ်နှစ်ယောက်ကိုတင်မကပဲ ၀ိညာဥ်ဘုရင်အဆင့်မှာရှိနေခဲ့တဲ့ ချန်ကျစ်ဖုန်းနဲ့ ရှီးရှီးတို့ကိုတောင် အားသာချက်အများကြီးရစေခဲ့ပါတယ်။
ထိုက်ယွဲ့ဟန်က ၀ိညာဥ်ဘုရင်ရန်သူတစ်ယောက်ကို ဆွဲဖြဲလိုက်ပါတယ်။ သွေးတွေကတော့ နေရာအနှံ့ကိုစီးကျလို့သွားခဲ့ပါပြီ။ ချက်ချင်းဆိုသလို သူ့ရဲ့ဥက္ကာပျံမီးတွေကို ထုတ်လွှတ်ပါတော့တယ်။ ကုန်းယန်မော့တို့သုံးယောက်ကို တိုက်ခိုက်ဖို့လုပ်နေတဲ့ရန်သူတော်တွေအားလုံးကို လောက်ကျွမ်းသွားစေခဲ့တယ်။ မာရှောင်ထောင့်ရဲ့တိုက်ပွဲကတော့ ပိုပြီးထူးခြားပါတယ်။ သူဘယ်လိုလုပ်လဲ ဘယ်သူမှမသိပေမဲ့ သူ့ရဲ့အတောင်ပံတွေကတော့ သုံးမီတာအထက်ကို ပိုကျော်ပြီရှည်လျားနေခဲ့ပါပြီ။ ဒါ့အပြင် သူ့အတောင်ပံတွေကလဲ ကြောက်စရာအကောင်းဆုံးလက်နက်တွေကြီးပါပဲ။ ထိလိုက်တဲ့ဘယ်သူကိုမဆို သေစေနိုင်ပါတယ်။ သူ့ရှေ့ကိုရောက်လာနေတဲ့ ၀ိညာဥ်ဘုရင်တစ်ယောက်ကတော့ သူ့အနားကိုလုံး၀မကပ်၀ံ့ခဲ့ပါဘူး။ ဒါကြောင့် နောက်ကနေထွက်ပြေးဖို့ကြိုးစားနေခဲ့ပါတယ်။
သူတို့ရထားခဲ့တဲ့ သတင်းအချက်အလက်တွေအရဆိုရင် ခေါင်းဆောင်ကလဲ ၀ိညာဥ်ဘုရင်တစ်ယောက်ရှိမှာပါ။ ဒါကြောင့် သူတို့ရှေ့မှာရှိနေတဲ့ သုံးယောက်ထဲကတစ်ယောက်ဖြစ်နိုင်ပါတယ်။ အခြေအနေတွေကိုမြင်ပြီချိန်မှာ ၀မ်ယန်က ပြောလိုက်တယ်။
” အားလုံးလှုပ်ရှားကြ တစ်ယောက်ကိုမှအလွှတ်မပေးနဲ့ နောက်ထပ်လုံး၀ပြဿနာဖြစ်စေလို့မရဘူး ”
သူတို့ရှေ့မှာရှိနေခဲ့တဲ့ ပြိုင်ဘက်တွေက သိပ်ပြီးအင်အားမကြီးခဲ့ပါဘူး။ အသန်မာဆုံးသူကတောင် အတွင်းနယ်မြေတပည့်သားတွေမယှဥ်နိုင်ပဲရှိနေခဲ့ပါတယ်။ ဒါ့အပြင် တချို့ဓားပြတွေက သာမန်လူသားတွေပဲဖြစ်နေခဲ့တယ်။
ပေ့ပေ့က အရှေ့ကိုပြေး၀င်သွားခဲ့ပါပြီ။ သူ့နောက်မှာတော့ ၀မ်သုန့်က လိုက်သွားခဲ့ပါတယ်။ တကယ်တော့ သူ့စိတ်ထဲမှာ အတော်လေးစိတ်ရှုပ်ထွေးနေခဲ့တယ်။ သူလှုပ်ရှားချိန်မှာပဲ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့အလင်းတန်းက နေရာတစ်ခွင်လုံးကို လွှမ်းခြုံလို့သွားခဲ့ပါပြီ။ ရွှေရောင်ဘောလုံးကြီးတွေကလဲ လင်းလက်လို့လာခဲ့ပြီ သူ့ရဲ့အရိုးအားဖြည့်မှုနဲ့အတူ ပိုအားကောင်းလို့လာပါတော့တယ်။ ဒီဓားပြတွေထဲမှာ ဘယ်သူကမှ နှစ်တစ်ထောင်စွမ်းရည်ကို မရှိခဲ့ပါဘူး။ ၀မ်သုန့်ရဲ့ စွမ်းရည်က အခုအချိန်မှာ သူ့ရဲ့၀ိညာဥ်အရိုးကြောင့် အများကြီးပိုပြီးတိုးတက်လာခဲ့ပါပြီ။
ဓားပြတွေကလဲ သူတို့ရဲ့ကိုယ်ပိုင်၀ိညာဥ်စွမ်းရည်တွေကို အသုံးချပြီ ခုခံဖို့လုပ်ပေမဲ့ အသုံးမ၀င်တော့ပဲနဲ့ ချက်ချင်းဆိုသလို အော်ဟစ်ပြီလွှင့်ထွက်ကုန်ကြပါတော့တယ်။
ပထမတစ်ခုကို အောင်မြင်ပြီချိန်မှာတော့ ၀မ်သုန့်ရဲ့ကြောက်လန့်မှုက အတော်ကိုလျော့ကျသွားခဲ့ပပြီ။ သူ့အနေနဲ့ ဘယ်သူမှအနားမကပ်၀ံ့ခဲ့ပါဘူး။ ဒါဆိုရင် အဝေးပစ်တိုက်ခိုက်မှုတွေပဲ အသုံးပြုနေရမှာလား။
ရှောင်းရှောင်းကလဲ သူ့ရဲ့သုံးချောင်းထောင့်အိုးကြီးကို အသုံးပြုပြီး သူတို့အနားကို ကာကွယ်လို့ထားခဲ့ပါတယ်။ ရှောင်းရှောင်းက ခုခံရေးပညာရှင်တစ်ယောက်ပါ။ ဒီလိုမျိုးကလေးမလေးအနေနဲ့ တစ်စုံတစ်ယောက်ကိုသတ်ဖို့ဆိုတာက ခက်ခဲတဲ့အရာပါပဲ။ ဟို့ယွိဟောင်အနေနဲ့လဲ ၀မ်သုန့် အောင်မြင်နေတဲ့ပုံစံကိုကြည့်ရင်း စိတ်လှုပ်ရှားနေခဲ့ပါပြီ။ သူခြေထောက်အောက်မှာ ရှိနေခဲ့တဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းထဲမှာ ပထမ၀ိညာဥ်စက်ကွင်းက ပထမဆုံးတောက်ပလာပါတော့တယ်။ သူ့လိုမျိုးပဲ အဲ့ဒီဓားပြမှာလဲ အဖြူရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းက ရှိနေခဲ့တယ်။
အပိုင်း ၇၂•၂ ပြီး၏။