အပိုင်း ၇၂•၁
” သေခြင်းတရားရဲ့တမန်တော်တွေ ”
°°°
မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်နှစ်ယောက်က ဟို့ယွိဟောင်အနေနဲ့ လက်သီးတွေကိုမြေကြီးထဲမြုပ်ပြီ ခေါင်းငုံ့နေတာကို သတိမထားမိကြပါဘူး။ ဇနီးတစ်ယောက်ထဲတဲ့လား အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့အချိန်ကိုယ့်ကိုကိုယ် အရမ်းစောင့်ထိန်းတတ်တယ်ပေါ့ ဒါဆိုရင် ငါအမေကော ဘယ်နေရာရောက်နေလဲ အချိန်အကြာကြီးဖိနှိမ့်ထားခဲ့ရတဲ့ အမုန်းတရားတွေက ထိုက်ယွဲ့ဟန်ပြောတဲ့စကားကိုကြားချိန်မှာ ပိုပြီးတော့တောင် သန်မာလာခဲ့ပါပြီ။ သူက နိုင်ငံတော်ရဲ့သူရဲကောင်းဖြစ်ကောင်းဖြစ်လိမ့်မှာပဲ ဒါပေမယ့် သေချာပေါက် ခင်ပွန်းကောင်းတစ်ယောက်ရော အဖေကောင်းတစ်ယောက်ရောမဟုတ်ခဲ့ပါဘူး။
ဒါ့အပြင် သူသာ ဂရုစိုက်ခဲ့လို့ကတော့ အမေလဲအဲ့ဒီလိုအဖြစ်ဆိုးကို မကြုံရမှာအမှန်ပါ။ ကောင်းကင်ကြီးက အတော်ကို မှောင်မိုက်ပြီဖြစ်နေတာကြောင့် တစ်ယောက်လက်ကိုတစ်ယောက်မြင်ရဖို့ မလွယ်ကူခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာပဲ ၀မ်ယန်ကပြန်လာပါတော့တယ်။
” အားလုံးဒီကိုခဏလာခဲ့ကြဦး ”
၀မ်ယန်က ပြောလိုက်ပါတယ်။ အပြင်နယ်မြေရဲ့ကျောင်းတော်သားတွေအားလုံးက သူ့အနားကို လျှောက်သွားခဲ့ပါပြီ။ အတွင်းနယ်မြေရဲ့ကျောင်းသားခုနှစ်ယောက်ကတော့ သူ့ကိုစိတ်မရှည်ဖြစ်နေခဲ့ပါတယ်။ ကျင့်ကြံဆင့်ကိုယှဥ်လိုက်မယ်ဆိုရင် ၀မ်ယန်က ၀ိညာဥ်ဘုရင်အဆင့်သာ ရှိသေးတာပါ။ သူတို့နဲ့ ယှဥ်နိုင်ရုံလောက်သာရှိပါတယ်။ ဒါ့အပြင် သူအနေနဲ့လဲ အပြင်နယ်မြေရဲ့ဆရာတစ်ယောက်ပါပဲ။ အတွင်းနယ်မြေရဲ့ကျောင်းသားတွေက အင်အားကိုသာ အသိအမှတ်ပြုသူပါ။ ဒါကြောင့် သူတို့အနေနဲ့ ၀မ်ယန်လိုဆရာကိုသိပ်ပြီ မလေးစားကြပါဘူး။ ဒါပေမယ့် ဆရာကတော့ ဆရာပါပဲ။ သူ့ကိုမျက်နှာသာပေးဖို့တော့ ဆုံးဖြတ်ထားကြပါတယ်။
” အပြင်နယ်မြေကို ငါထောက်လှမ်းပြီးပြီ “‘
၀မ်ယန်က ခပ်တိုးတိုးပြောလိုက်ပါတယ်။
” ငါတို့တွေ ခရီးလမ်းတစ်လျှောက်လေ့လာမှုတွေကြောင့် ရှာတွေ့ခဲ့တာတချို့ရှိတယ် ”
” ငါတို့ရဲ့အနားမှာ မြူခိုဝေသစ်ပင်တွေကို ရှာတွေ့ခဲ့တယ်..မင်းတို့မသိတဲ့သူတွေအတွက်ကို ငါပြောပြမယ်..ဒီသစ်ပင်မျိုးက အတော်ကိုရှားပါးတဲ့အပြင် ဆေးထုတ်တဲ့နေရာမှာအသုံး၀င်တဲ့ အပင်တစ်ပင်တစ်မျိုးပဲ သူ့ရဲ့သစ်ခေါက်တွေက သံမဏိလိုမာကျောပြီတော့ ပရိဘောဂတွေထုတ်တဲ့အချိန်မှာ အသုံး၀င်နိုင်တယ်..အပင်ကအရွယ်ရောက်ပြီရင်း ပတ်၀န်းကျင်အတွက် လေထုလိုအပ်ချက်ကို အများကြီးသန့်စင်ပေးနိုင်တယ်..ဒါ့အပြင် သူတို့အနားလဲ အဆင့်မြင့်တဲ့ဟင်းသီးဟင်းရွက်တွေပေါက်ရောက်နိုင်တယ်..ငါဖတ်ဖူးတဲ့စာအုပ်အဟောင်းကြီးထဲမှာဆိုရင် ဒီလိုသစ်ပင်တွေက သစ်တောရဲ့အနည်းဆုံးမိုင်ငါးဆယ်အနက်ရှိုင်းဆုံးနေရာမှာမှ ပေါက်ရောက်နိုင်တယ်ဆိုပဲ ဒါ့အပြင် ယင်ဓာတ်ရဲ့အအေးဓာတ်ကို အဓိကအားပြုထားတဲ့အဲ့ဒီသစ်ပင်တွေက ယင်အမျိုးအစား၀ိညာဥ်ပညာရှင်တွေရဲ့ အဓိကအချက်အခြာအဖြစ် အသုံးပြုလို့ရတယ်. ”
” ဆရာ၀မ် ဘာကိုပြောချင်နေတာလဲ ”
မာရှောင်ထောင့်က မေးလိုက်ပါတယ်။
” ငါပြောချင်တာက ဒီသစ်ပင်တွေဒီနေရာမှာရှိနေပြီဆိုမှတော့ ငါတို့အနေနဲ့ တောင်ကြောရဲ့အလယ်ဗဟိုကိုရောက်လာပြီပဲ အနည်းဆုံးတော့ ငါတို့တွေအလယ်ဗဟိုရဲ့အစွန်းနားကိုရောက်နေပြီ ဒါ့အပြင် ငါတို့ရထားတဲ့သတင်းအချက်အလက်အရ ဒီသေခြင်းတရားရဲ့ စစ်သည်တော်တွေခေါင်းဆောင်က မကောင်းဆိုးရွား၀ိညာဥ်ပညာရှင်တစ်ယောက်ပဲ ဒါကိုငါအခုမှသိလာခဲ့တယ် ”
အဲ့ဒီနောက် သူဆွဲယူလာခဲ့တဲ့သစ်ကိုင်းတစ်ကိုင်းကို ထုတ်ယူလာခဲ့ပြီ သစ်ကိုင်းရဲ့ပုံစံက တစ်၀က်ချိုးလာပုံရပြီ အထဲမှာလဲ အပေါက်တစ်ပေါက်ရှိနေခဲ့တယ်။
” ဒါက မြူခိုဝေသစ်ပင်တွေပဲ သူ့ရဲ့မူလအခေါက်က ပုံမှန်မှာ အပြာရင့်ရောင်ရှိတယ်..ဒါပေမယ့် မရှိတော့ဘူး နောက်တစ်နည်းပြောရမယ်ဆိုရင် တစ်စုံတစ်ယောက်က ယူသွားခဲ့တာပဲ ငါတို့ဒီတစ်ခေါက် ပစ်မှတ်ထားရမှာ ဘယ်သူလဲလို့စဥ်းစားကြည့်မယ်ဆိုရင်ဒါကသေချာပေါက် ဒီအခေါက်ကို တစ်ယောက်ယောက်ကခွာပြီ ခေါင်းဆောင်ကစားလိုက်တာပဲ ဖြစ်ရမယ်..ငါတို့ရဲ့ရန်သူမိစ္ဆာ၀ိညာဥ်ပညာရှင်က သေချာပေါက် အတော်ကိုအဆင့်မြင့်တဲ့သူဖြစ်နေလိမ့်မယ်..တစ်ချိန်ထဲမှာပဲ ငါတို့က ရန်သူတွေနဲ့သိပ်ပြီတော့ မဝေးတော့ပါဘူး.”
” ပထမတစ်ခုကိုတော့ ကျွန်မလက်ခံနိုင်ပါတယ်..ဒါပေမယ့် မဝေးတော့ဘူးဆိုတာကို ဘယ်လိုအချက်ကို အခြေခံပြီပြောနေတာလဲ ဒီသစ်ပင်တွေက တခြားနေရာမှာမပေါက်ဖူးလား ”
၀မ်ယန်က အသေးစိတ်အချက်အလက်တွေကို သေချာတွက်ချက်နိုင်တဲ့သူပါ။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီလောက်သိလာနိုင်ခဲ့တဲ့အတွက် အပြင်နယ်မြေကျောင်းသားတွေက သူ့ကိုမလေးစားပဲမနေနိုင်ပါဘူး။ ဒါကြောင့်သာ မာရှောင်ထောင့်က ကျောင်းသားတစ်ယောက်နဲ့လိုက်လျောညီထွေးဖြစ်အောင် တလေးတစားနဲ့ပြောလိုက်တာပါ။
၀မ်ယန်က ယုံကြည်ချက်အပြည့်နဲ့ ပြုံးပြလိုက်ပါတယ်။
” ဒီသစ်ပင်တွေက အတော်ကိုရှားပါးတယ်လို့ပြောခဲ့တယ်မဟုတ်လား ရှားပါးပြီဆိုမှတော့ သေချာပေါက်နေရာတကာမှာ ကြုံရာကျပန်းတွေ့နိုင်တာမဟုတ်ဘူးလေ သူ့ရဲ့ပေါက်ရောက်ဖို့သင့်တော်တဲ့ ပတ်၀န်းကျင်အနေအထားကိုပဲ ငါပြောခဲ့တာ တကယ်တော့ သူ့ကိုပေါက်ရောက်စိုက်ပျိုးနိုင်တဲ့နေရာတွေက ပိုပြီးနည်းပါးသေးတယ်..ဒီနေရာမှာ အဲ့ဒီလိုသစ်ပင်တွေက အတော်ကိုနည်းနေရုံတင်မက ငါရှာတွေ့လာခဲ့တာကလဲ အကြီးဆုံးသစ်ပင်ပဲ ရေဓာတ်ကိုအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တွေအနေနဲ့ သူ့တို့ရဲ့အဓိကစွမ်းအင်အချက်အခြာကို ဒီသစ်ပင်တွေနဲ့ အထောက်အကူပြုနိုင်ရုံတင်မကဘူး အတွင်းကလီစာတွေရဲ့ အအေးဓာတ်ကိုလဲ ကောင်းကောင်းခုခံနိုင်သေးတယ်..ဒါက သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားကြောင့် ဖြစ်လာတဲ့အအေးဓာတ်တိုက်ခိုက်မှုကို တန်ပြန်ခုခံနိုင်ဖို့အတွက် သင့်တော်စေတဲ့အရာပဲ ဒီလိုအရာမျိုးက ကြုံကျပန်းတွေ့ရဖို့ဆိုတာ ပိုပြီးခက်ခဲတယ်လေ အကယ်၍ မင်းသာဖြစ်မယ်ဆိုရင်ကော ဒီလိုအရာမျိုးကို သေချာပေါက် ဝေးဝေးမှာထားပြီ လက်လျှော့ထားမှာလား ငါအနေနဲ့ သေချာပြောနိုင်ကတော့ သူတို့တွေဒီနေရာနဲ့ မဝေးတော့ဘူး..ဒါ့အပြင် သူတို့တွေက ဒီအခေါက်ကိုအထဲအထိ ရှာတွေ့ပြီထုတ်ယူသွားပြီးပြီဆိုမှတော့ သူတို့တွေလဲ ဒီနေရာမှာရှိနေကြတာပေါ့ ငါတို့တွေအတော်လေးကံကောင်းတယ်…အကယ်၍ ငါတို့သာအဝေးကြီးမသွားပဲနဲ့ ပစ်မှတ်ကိုရှာတွေ့နိုင်မယ်ဆိုရင် တောင်ကြောဘယ်လောက်ပဲ ကျယ်ပြန့်ပါစေ သိပ်ပြဿနာတက်တော့မှာမဟုတ်ဘူး..အကယ်၍ သူတို့ကို တွေ့သွားပြီဆိုရင် သေချာပေါက် သူတို့ရဲ့အားလုံးကို ဆွဲဆောင်ရမယ်..ဒါမှသာခုခံတိုက်ခိုက်ဖို့အတွက် အဆင်ပြေနိုင်မှာ ”
သူပြောတာတွေအားလုံးကို နားထောင်ပြီချိန်မှာပဲ ၀မ်ယန်အပေါ်အားလုံးရဲ့လေးစားမှုက တိုးတက်သွားပါတော့တယ်။ ကျောင်းသားဆယ့်လေးယောက်ရှိပေမဲ့ သူက ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကိုသာ သင်ကြားခဲ့ဖူးတာပါ။ ဒါပေမယ့် သူတို့သုံးယောက်အနေနဲ့လဲ သိုင်းပညာ၀ိညာဥ်အတွေအပေါ် ဆရာ၀မ်ယန်ရဲ့ အသိပညာဘယ်လောက်အထိမြင့်မားလဲဆိုတာပဲသိခဲ့တာပါ။ သူက ဒီလောက်တောင် ပြင်ပအတွေ့အကြုံကြွယ်၀နေမယ်လို့ မတွေးခဲ့မိပါဘူး။
” ဆရာ၀မ် ဒါဆိုကျွန်မတို့ဘာလုပ်ကြမလဲ ကျွန်မတို့ဒီအတိုင်းအခွင့်အရေးကို ထိုင်စောင့်နေရမှာလား ”
မာရှောင်ထောင့်က မေးလိုက်ပါတယ်။
၀မ်ယန်က ခေါင်းခါလိုက်တယ်။
” မဟုတ်ဘူး ငါတို့အရင်လှုပ်ရှားရမယ်..သစ်တောထဲကိုလူတွေရွေ့လျားလာတဲ့အချိန် သူ့တို့တွေ ခြေရာလက်ရာတွေကျန်ခဲ့တယ်..မှောင်နေပြီဖြစ်တာကြောင့် ငါနေနဲ့လဲ ခြေရာလိုက်မကောက်နိုင်တော့ဘူး…ဒါပေမယ့် ငါတို့မှာ ယွိဟောက်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုရှိတယ်လေ ရှာဖို့တော့သိပ်ခက်မှာမဟုတ်ပါဘူး..ငါ့နောက်ကိုလိုက် ငါ့အမိန့်ကိုနာခံပြီတော့ အရှေ့ကနေ ခြေရာကောက်ကြမယ် ”
” ကောင်းပါပြီ “‘
ဟို့ယွိဟောင်လဲ ခပ်မြန်မြန်ပဲ လိုက်သွားပါတော့တယ်။ သူ့အနေနဲ့ ရန်သူတွေကို ဘယ်လိုခြေရာကောက်ရမလဲဆိုတာ သင်ကြားချင်နေခဲ့တယ်။
၀မ်ယန်က သူတို့ကိုဦးဆောင်ရင်းသစ်တောထဲကို မီတာသုံးရာအထိ ၀င်သွားပါတော့တယ်။ အဲ့ဒီနောက် သစ်ပင်ကြီးရဲ့အရှေ့မှာသူရပ်လိုက်တယ်။
” ဖျက်ဆီးခံထားရတဲ့ သစ်ပင်တွေအားလုံးထဲမှာ ဒီတစ်ခုက အနီးဆုံးနဲ့ အလတ်ဆတ်ဆုံးပဲ နောက်တစ်နည်းပြောရမယ်ဆိုရင် ဒါကနောက်ဆုံးမှာဖျက်ဆီးခံရတယ်ဆိုလိုတာပဲ..ယွိဟောင် မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကိုအသုံးပြုပြီး ငါတို့ရဲ့ပတ်ပတ်လည်မီတာသုံးဆယ်အထိကို ရှာဖွေလိုက် ”
” ကျွန်တော်နားလည်ပါပြီ ”
အခုအချိန်မှာ ဟို့ယွိဟောင်ရဲ့ ကျင့်ကြံဆင့်ကတိုးမြင့်လာပြီဖြစ်တာကြောင့် လူဆယ့်ယောက်အထိ ကောင်းကောင်းမျှဝေနိုင်ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်က ၀မ်ယန်တစ်ယောက်ထဲမျှဝေမယ်ဆိုရင်တော့ တိကျမှုက အများကြီးတိုးတက်လာမှာပါ။ သုံးဖက်မြေပုံရိပ်တွေက စိတ်ထဲကို၀င်ရောက်လာပါတော့တယ်။
ဟို့ယွိဟောင်က စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကို အသုံးပြုရင်း ပတ်ပတ်လည်မီတာသုံးဆယ်အထိကို အာရုံစူးစိုက်လိုက်ပါတယ်။ ဒီလိုလုပ်လိုက်တာက ၀မ်ယန်ရဲ့စိတ်ထဲ သတင်းအချက်အလက်တွေအများကြီးကို ချက်ချင်းမရောက်ရှိစေပါဘူး။ အဲ့ဒီအစား တစ်ခုပြီတစ်ခု ဖြည်းဖြည်းချင်းပေါ်လာရင်းနဲ့ လေ့လာတဲ့အချိန်မှာ ပိုလွယ်ကူစေမှာပါ။
၀မ်ယန်က ဟို့ယွိဟောင်ကို လက်မထောင်ပြလိုက်ပါတယ်။ အတိတ်အချိန်က သူသင်ဖူးခဲ့တဲ့ကျောင်းသားတွေအများကြီးရှိနေခဲ့ပေမဲ့ သူ့အတွက်အနှစ်သက်ဆုံးကျောင်းသားကတော့ ဟို့ယွိဟောင်ပါပဲ။ ဟို့ယွိဟောင်အနေနဲ့ သူသင်ဖူးသမျှထဲမှာ အထက်မြက်ဆုံးမဟုတ်ခဲ့ပေမဲ့ သေချာပေါက် အရင့်ကျက်ဆုံးသူဖြစ်ပြီ အများကြီးကြိုးစားတဲ့အပြင် တစ်စိုက်မတ်မတ်လဲ အလုပ်လုပ်ဆောင်တဲ့သူပါ။ ဒါ့အပြင် ပါရမီအရှိဆုံးသူလဲ ဖြစ်နေခဲ့တယ်။
” ရပ်လိုက်တော့ ”
၀မ်ယန်က ခပ်တိုးတိုးပြောလိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့ ထောက်လှမ်းမှုကလဲ ရပ်တန့်လို့သွားခဲ့ပါပြီ။ ၀မ်ယန်က သူရပ်နေတဲ့နေရာမှာ ဆက်ပြီးနေနေဖို့အတွက် အချက်ပြလိုက်ပါတယ်။ အဲ့ဒီနောက် ညာဘက်ကိုဖြည်းဖြည်းချင်းရွေ့လျားသွားရင်းနဲ့ ထိုင်ချလိုက်တယ်။ အဲ့ဒီနောက် အောက်ဖက်မှာရှိတဲ့အပင်တွေကို ဂရုတစိုက်လေ့လာနေခဲ့ပါပြီ။ သူ့အနေနဲ့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထုတ်လွှတ်မှုကြောင့် အားလုံးကိုရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။
ဟို့ယွိဟောင်လဲ ၀မ်ယန်နောက်ကို ခပ်မြန်မြန်ပဲရောက်သွားခဲ့တယ်။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကတော့ ဆက်တိုက်သုံးထားဆဲပါ။ တခြားသူတွေကလဲ နောက်ကနေလိုက်လာခဲ့ပါတယ်။ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့က ထိန်းချုပ်ရေးနဲ့ အထောက်အပံ့၀ိညာဥ်ပညာရှင်တွေကို အလယ်မှာထားထားရင် ရှီးရှီးနဲ့ ကျန်းနန်နန်တို့လိုအမြန်နှုန်းအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တွေကတော့ ပတ်၀န်းကျင်ကိုဆက်တိုက်ဆိုသလို ထောက်လှမ်းနေခဲ့ပါတယ်။ အားလုံးက အစီအစဥ်တကျအလုပ်လုပ်နေခဲ့ပြီ မမြန်ဆန်ကျပေမဲ့ ၀မ်ယန်ရဲ့နှုန်းက အရမ်းကိုတည်ငြိမ်နေခဲ့တယ်။
တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်ဆလှမ်းမှုက မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ ၀မ်သုန့်တို့ဆီကိုလဲ ရောက်ရှိနေခဲ့ပါပြီ။ ပတ်၀န်းကျင်ကို လေ့လာနေရင်း၀မ်ယန်အပေါ်သူတို့ပိုပြီး လေးစားလာကြပါတော့တယ်။
၀မ်ယန်က ဟို့ယွိဟောင်အကူအညီနဲ့ သဲလွန်စတချို့ကိုရှာတွေ့လို့သွားခဲ့တယ်။ ချိုးထားခဲ့တဲ့သစ်ကိုင်းခြောက်တချို့ခပ်တိမ်တိမ်ခြေရာတွေနဲ့ သစ်ပင်ပေါ်မှာရှိနေခဲ့တဲ့ အ၀တ်စတချို့အပြင် သွေးစက်တွေကိုပါ သူကလိုက်ပြီလေ့လာနေခဲ့တာပါ။ ဒီလိုမျိုးလေ့လာမှုက တစ်နာရီနီးပါးကြာမြင့်ခဲ့ပါတယ်။
” ရပ်လိုက်ကြ ”
၀မ်ယန်က ရုတ်တရက်လက်မြောက်ရင်းနဲ့ ပြောလိုက်ပါတယ်။ ကျောင်းသားတွေအားလုံးကလဲ သူ့ဘေးနားကို ချက်ချင်းရောက်လာခဲ့ပါပြီ။
” ငါတို့ရဲ့လေ့လာမှုက မမှားနိုင်ဘူး “‘
၀မ်ယန်က ထပ်ပြောလာခဲ့ပါတယ်။
” ဒီနေရာကနေ အရှေ့ဆက်သွားရင်း များပြားတဲ့ခြေရာတွေရှိနေတယ်..ဒါ့အပြင် လူတွေအများကြီးက ဒီနေရာကိုဆက်တိုက်ဖြတ်သွားတယ်လို့ ဆိုလိုတာပဲ ငါတို့ရဲ့ရန်သူတွေက ငါတို့နဲ့သိပ်မဝေးလောက်ဘူး..အားလုံးပဲ အခြေအနေတွေအားလုံးကိုပြင်ဆင်လိုက် တိုက်ပွဲအတွက် ပြင်ဆင်ကြရတော့မယ် “‘
သူတို့ရှေ့မှာရှိနေခဲ့တဲ့ သစ်ပင်ကြီးက အတော်ကိုကျဲပါးနေခဲ့ပါပြီ။ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်အနေနဲ့လဲ သူပြောနေတဲ့အချိန်မှာ လမ်းကြောင်းတွေကို သိသိသာသာသတိထားမိနေခဲ့ပါတယ်။ ၀မ်ယန်ကတော့ မှန်ကန်တဲ့နေရာကိုရှာတွေ့လို့သွားခဲ့ပါပြီ။
” ဆရာ၀မ်ယန်က အံ့ဩစရာကောင်းလိုက်တာ ”
မာရှောင်ထောင့်က ချီးမွမ်းလိုက်ပါတယ်။ တခြားကျောင်းသားတွေလဲ စိတ်ထဲမှာထောက်ခံနေခဲ့ကြတယ်။
၀မ်ယန်ကတော့ ပြုံးသာပြုံးနေခဲ့ပါတယ်။
” ငါရဲ့ကျင့်ကြံတဲ့ပါရမီက အတော်ကိုနည်းပါးတယ်လေ ဒါကြောင့် အများအားဖြင့်အသုံး၀င်နိုင်တဲ့ကိစ္စတွေကို တိုးတက်အောင်ကြိုးစားထားတာ ဘာမှတော့မဟုတ်ပါဘူး…ဒီပြိုင်ပွဲကြီးပြီးသွားပြီဆိုရင် ငါအနေနဲ့လဲ အတွင်းနယ်မြေရဲ့ဆရာတစ်ယောက်ဖြစ်လာနိုင်တယ်လေ..အကယ်၍ မင်းတို့စိတ်၀င်စားမယ်ဆိုရင် ငါလဲဒီစွမ်းရည်တွေကို သင်ပေးနိုင်တယ်..အခုယွိဟောင် မင်းရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက ဘယ်လောက်အထိရောက်နိုင်လဲ “‘
ဟို့ယွိဟောင် တခဏတာ စဥ်းစားရင်းနဲ့ ပြောလာခဲ့ပါတယ်။
” တစ်နေရာထဲကိုပဲ ဦးတည်မယ်ဆိုရင် သေချာပေါက် မီတာနှစ်ရာလောက်ကိုရောက်နိုင်ပါတယ်..ဒါပေမယ့် အချိန်အကြာကြီးအသုံးမပြုနိုင်ပါဘူး..ကျွန်တော်ရဲ့၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက အရမ်းကိုကြီးမားလွန်လို့ပါ ”
၀မ်ယန်က ခေါင်းညိတ်လိုက်တယ်။
” ကောင်းပြီလေ ဒါဆိုရင် ငါတို့ရဲ့ရပ်နေတဲ့နေရာကနေ နာရီလက်တံဆယ့်တစ်နာရီနဲ့ သုံးနာရီနှစ်ခုကို ထောက်လှမ်းကြည့်လိုက် တစ်ခုခုတွေ့မလားလို့ကြည့်ကြည့် ”
ဟို့ယွိဟောင်လဲ အာရုံစိုက်လိုက်ပါတော့တယ်။ သူ့ရဲ့မျက်လုံးထဲမှာရွှေရောင်အလင်းတန်း ပိုပြီးမှောင်မိုက်လို့သွားခဲ့ပါပြီ။ ချက်ချင်းဆိုသလို တစ်နေရာထဲကို ဦးတည်လိုက်ပါတော့တယ်။ ၀မ်ယန်ရဲ့ ညွှန်ကြားချက်အတိုင်း စက်၀ိုင်းစိတ်တစ်ခြမ်းပုံစံကို သူစတင်ရှာဖွေတော့တယ်။
” ကျွန်တော်အနေနဲ့ ဘယ်ဘက်မီတာငါးရာအကွာမှာ တောင်တစ်ခုရှိနေတာကို ခံစားမိပါတယ်…ဒါ့အပြင် ခြေရာတွေအားလုံးက အဲ့ဒီဘက်ကိုဦးတည်နေတယ်..တောင်ခြေကိုဆင်းသွားတဲ့ပုံကိုမြင်ပါတယ် ”
ဟို့ယွိဟောင်လဲ ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်ပါတယ်။ ဒီလိုမျိုးထောက်လှမ်းမှုက သူ့ကိုပင်ပန်းသွားစေခဲ့တယ်။
” ဒီလိုဖြစ်ပြီဆိုမှတော့ ငါတို့ရဲ့ရန်သူတွေက တောင်အောက်မှာရှိနေမှာပဲ ငါသာမမှားဘူးဆိုရင် သူတို့တွေပုန်းအောင်နေတဲ့ ဂူကလဲအဲ့ဒီမှာပဲရှိလိမ့်မယ်..ငါတို့နောက်မှလှုပ်ရှားမယ်..ပထမဆုံးအနေနဲ့ သူတို့ဘယ်သူတွေလဲဆိုတာကို အရင်ဆုံးအတည်ပြုကြတာပေါ့ ငါတို့လိုက်ရှာနေတဲ့သူတွေဆိုတာသေချာပြီဆိုရင် ဘာလုပ်ရမလဲဆိုတာ ပြောဖို့မလိုဘူးထင်တယ် အကြိုအဖွဲ့အနေနဲ့ ငါနဲ့အတူနေရမယ်..ဒါ့အပြင် အားလုံးကိုအထောက်အပံ့ပေးရမယ်..ရှောင်ထောင့် မင်းကတော့သေချာပေါက် တိုက်ခိုက်ရမှာပဲ ”
အပိုင်း ၇၂•၁ ပြီး၏။