အပိုင်း ၇၁•၃
” ကျားဖြူမြို့စားမင်းအိမ်တော် ”
°°°
” အရှင်မြို့စားမင်းကို ဂါရ၀ပြုပါတယ် ”
၀မ်ယန်က အတွင်းတပည့်သားတွေကို ဦးဆောင်လာရင်းနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ မြို့စားမင်းက အုပ်ချုပ်ရေးမှုးတစ်ယောက်ဖြစ်ရုံတင်မကပဲ တိုက်ကြီးတစ်ခုလုံးရဲ့ အမြင့်ဆုံးနေရာကိုပါ ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါကြောင့် သူတို့အနေနဲ့လဲ ယဥ်ကျေးမှုကိုမပျက်ပြားစေခဲ့ပါဘူး။
ကျားဖြူမြို့စားမင်းကတော့ ၀မ်ယန်ကို လက်ခါပြလိုက်ပါတယ်။
” အားလုံးပဲကျေးဇူးပြုပြီး အထဲကို၀င်လာကြပါ ဒီမြို့စားကအားလုံးကို ဧည့်ခံပါ့မယ် ”
၀မ်ယန်ကတော့ ပြုံးနေခဲ့ပါတယ်။ သူက အလွန်အကျွန်ပြုမှုတာမျိုး မရှိခဲ့ပါဘူး။
” အရှင်မြို့စားမင်း အများကြီးယဥ်ကျေးနေဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့ဒီတစ်ခေါက်လာတာ အလုပ်တာ၀န်ကို ထမ်းဆောင်ဖို့ပါ အကူအညီအနေနဲ့သဲလွန်စတချို့ပေးရင်း လုံလောက်ပါပြီ နေ့တိုင်းပြဿနာတွေအများကြီးကို မြို့စားမင်းဖြေရှင်းနေရတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်..ဒါကြောင့် အများကြီးအနှောင့်အယှက်မပေးချင်ပါဘူး ”
ကျားဖြူမြို့စားမင်းကတော့ ခေါင်းသာတစ်ချက်ညိတ်ပြလိုက်ပါတယ်။
” ဒီလိုဖြစ်ပြီဆိုမှတော့ အကြီးအကဲသု ဒီအထူးဧည့်သည်တော်တွေကို သေချာလေးဂရုစိုက်ပေးလိုက်ပါ အကယ်၍ တစ်ယောက်ယောက်ကသာ ကျောင်းတော်ကသင်ကြားပြီချိန်မှာ စစ်တပ်ထဲကို၀င်ရောက်ချင်တယ်ဆိုရင် ငါတို့ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အလယ်ပိုင်းစစ်တပ်နဲ့ အနောက်ပိုင်းစစ်တပ်တွေက အမြဲတမ်းတံခါးဖွင့်ပေးထားတယ်..ဒီနေရာမှာလစာတော့သိပ်မကောင်းဘူး..ဒါပေမယ့် ဘ၀မှာတစ်စုံတစ်ရာကို အောင်မြင်ချင်တဲ့လူတွေအတွက်ကတော့ အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ ”
မာရှောင်ထောင့်က ရုတ်တရက်ဆိုသလို ပြောလာပါတော့တယ်။
” အရှင်မြို့စားမင်း ကျွန်မတို့အမျိုးသမီးတွေကို အထင်သေးနေတာလား ”
ကျားဖြူမြို့စားမင်းက ရုတ်တရက်မျက်လုံးပြူးသွားပါတော့တယ်။ မာရှောင်ထောင့်ကို မြင်ချိန်မှာသူမျက်လုံးထဲမှာ ထိတ်လန့်မှုတချို့ ဖြတ်ပြေးသွားခဲ့တယ်။ သူ့အမြင်ကကြည့်မယ်ဆိုရင် ဒီလိုလှပပြီ နူးညံ့တဲ့မိန်းမငယ်လေးက ကြမ်းတမ်းတဲ့အရှိန်အ၀ါတွေကိုပါ ပိုင်ဆိုင်ထားတာပါ။ သူက လုံး၀ကိုအားနည်းတဲ့သူ မဟုတ်နိုင်ပါဘူး။
” အထင်သေးတာ မဟုတ်ရပါဘူး ဒါပေမယ့် စစ်တပ်ထဲမှာ အမျိုးသမီးတွေအတွက် မသင့်တော်ပဲ ကြမ်းတမ်းခက်ခဲတဲ့ကိစ္စတွေအများကြီးရှိနေသေးတယ်..ဒါပေမယ့် မင်းရဲ့ကျင့်ကြံဆင့်ကတော့ နောက်ထပ်ကိစ္စတစ်ခုပဲလေ အကယ်၍ ကျောင်းတော်ကပြီးမြောက်တဲ့အချိန်မှာ ဒီမြို့စားမင်းနဲ့အတူတူ တိုက်ခိုက်ဖို့ဆန္ဒရှိတယ်ဆိုရင်တော့ ၀မ်းမြောက်၀မ်းသာလက်ခံမှာပါ ”
မာရှောင်ထောင့်ကတော့ တောက်ပတဲ့အပြုံးကိုပြုံးပြရင်း ပါးစပ်ပြန်ပိတ်သွားပါတော့တယ်။ သူအတော်ကို ကျေနပ်သွားပုံပါပဲ။ ၀မ်ယန်ကတော့ ခေါင်းသာခါနေခဲ့တယ်။ သူက အုပ်စုရဲ့ခေါင်းဆောင်အဖြစ် အမည်ခံသာဖြစ်ပေမဲ့ သူ့အနေနဲ့ မာရှောင်ထောင့်နဲ့ ကျင့်ကြံမှုမှာယှဥ်မယ်ဆိုရင် နောက်တန်းရောက်နေခဲ့တာပါ။ သူအနေနဲ့ သူမလိုထူးချွန်တဲ့ကျောင်းတော်သားကို မတင်းကြပ်နိုင်ပါဘူး။ ဒါကြောင့် သူတောင်းပန်လိုက်ပါတယ်။
” အရှင်မြို့စားမင်း ဒါဆိုရင်လဲ နောက်ထပ်မနှောင့်ယှက်တော့ပါဘူး ”
” ကောင်းပြီ အားလုံးကိုနောက်ထပ် တွေ့ဆုံဖို့အခွင့်အရေးရှိမယ်လို့မျှော်လင့်ပါတယ် ”
သူပြောပြီတာနဲ့ တဲထဲကိုပြန်၀င်သွားပါတော့တယ်။
ဟို့ယွိဟောင်အနေနဲ့လဲ ကျားဖြူမြို့စားမင်းထွက်သွားတာကိုကြည့်ရင်း ပုခုံးပေါ်က ၀န်ထုတ်၀န်ပိုးကြီးတစ်ခု လျော့ကျသွားတာကို ခံစားလိုက်မိပါတယ်။ သူ့အနေနဲ့လဲ ဘယ်တုန်းကမှ စိတ်မလှုပ်ရှားခဲ့ဖူးပါဘူး။ ၀ူဖုန်းနဲ့ တိုက်ခိုက်ချိန်တုန်းကတောင် ဒီလောက်အထိ စိတ်မဖိစီးပဲရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူလှဲကျတော့မလိုဖြစ်နေခဲ့ပါပြီ။
သုလဲ့စီးက သူတို့အားလုံးကို နောက်ထပ်တဲတစ်ခုဆီခေါ်သွားခဲ့ပါတယ်။ အဲ့ဒီတဲထဲမှာ အနားယူဖို့နဲ့ အစာစားဖို့အတွက် ပြင်ဆင်ပေးခဲ့တယ်။ အဲ့ဒီနောက် လိုအပ်တဲ့သတင်းအချက်အလက်တွေကိုလဲ စုစည်းဖို့ထွက်သွားပါတော့တယ်။ သူမထွက်သွားခင်အချိန်မှာ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ရှောင်းရှောင်းတို့ကိုကြည့်ရင်း သံသယ၀င်နေခဲ့တယ်။
၀မ်ယန်က ပြောလာခဲ့ပါတယ်။
” စားပြီတဲ့နောက် ခြောက်နာရီတိတိနားမယ် ပြီးရင်းမင်သုန့်တောင်ကြောကိုသွားမယ်..သေချာပေါက် လိုအပ်တဲ့သတင်းအချက်အလက်တွေ ရှိပြီသားဆိုတာကို ငါယုံကြည်တယ် ”
မနေ့တုန်းကခရီးဆက်ခဲ့ရတဲ့အတွက် အားလုံးလဲပင်ပန်းနေခဲ့ကြပါပြီ။ လက်ရှိအချိန် သူတို့ရဲ့တာ၀န်၀တ္တရားကို ထမ်းဆောင်ဖို့အတွက် ခန္ဓာကိုယ်တွေက အဆုံးစွန်းအထိအားကောင်းမှရမှာပါ။
ရှုစန်းရှီက မေးလိုက်ပါတယ်။
” ဆရာ၀မ် ကျားဖြူသက်တော်စောင့်တွေက ဒီလောက်တောင်သန်မာနေပြီဆိုမှတော့ ဘာကြောင့်မြို့စားမင်းအနေနဲ့ ဓားပြတွေကို ကိုယ်တိုင်မနှိမ်းနင်းတာလဲ ”
” သူကိုယ်တိုင်းနှိမ်းနင်းခဲ့ဖူးတယ် ”
ထိုက်ယွဲ့ဟန်က ၀မ်ယန်အစား ပြန်ဖြေလိုက်ပါတယ်။
” ဒါပေမယ့် အကယ်၍ လူအများကြီးလွှတ်လိုက်ပြီဆိုရင်လဲ သူတို့ကသတင်းရတာနဲ့ ထွက်ပြေးသွားလိမ့်မယ်…အကယ်၍ လူနည်းနည်းပဲလွှတ်မယ်ဆိုရင်လဲ အသုံးမ၀င်ပြန်ဘူး…သေခြင်းတရားရဲ့တမန်တော်ဓားပြတွေအားလုံးက အရမ်းကို သန်မာပြီတော့ ကောက်ကျစ်ကြတယ်..ဒါ့အပြင် စစ်တပ်ထဲမှာလဲ သူလျှိုတွေကို ထားထားသေးတယ်..ငါ့အဖေလဲ သူတို့ကို ဖယ်ရှားရှင်းလင်းပြစ်ဖို့အတွက် လူတွေအများကြီးလွှတ်ခဲ့ပေမဲ့ မအောင်မြင်ပဲအားလုံးက အဆုံးအရှုံးအများကြီနဲ့ပဲ ပြန်လာခဲ့ရတယ်..ဒါ့အပြင် ဓားပြတွေအခြေစိုက်ထားတဲ့နေရာက နယ်စပ်ရဲ့အထိမခံနိုင်တဲ့ အပိုင်းတွေကရှိနေခဲ့တာ ဒါကြောင့် အလယ်ပိုင်းစစ်တပ်အနေနဲ့ ဒီလိုမျိုးတိတ်တဆိတ်တောင့်ခံထားဖို့ တတ်နိုင်ခဲ့တယ်..ဒါမှသာ မလိုအပ်တဲ့စစ်ပွဲတွေကို ရှောင်ရှားနိုင်မှာလေ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းတော်သားတွေကတော့ မတူညီဘူး..ငါတို့ကို ဘယ်နိုင်ငံကမှ မတားဆီးခဲ့ဘူးလေ..ဒါကြောင့် ငါတို့အနေနဲ့ ဒီတစ်ကြိမ်ကိုအသုံးပြုပြီး သူတို့အားလုံးကို ဖယ်ရှားပြစ်ဖို့သေချာအောင်လုပ်ရမယ် ”
သူတို့စားသောက်ပြီတာနဲ့ အားလုံးက ချက်ချင်းဆိုသလို တရားထိုင်ပြီစတင်အားဖြည့်ကြပါတော့တယ်။ သူတို့တွေအားလုံးကလဲ အတွင်းတပည့်သားတွေနဲ့ ဖြည်းဖြည်းချင်းရင်းနှီးလာခဲ့ကြပါပြီ။ ပေ့ပေ့ ရှုစန်းရှီ ဟယ့်ချိုက်ထို့နဲ့ ကျန်းနန်နန်တို့က အနည်းငယ်ပိုပြီး အသက်ကြီးကြတဲ့အတွက် သူတို့တွေက ခပ်မြန်မြန်ပဲ လုပ်ဆောင်နိုင်ကြပါတယ်။ ဟို့ယွိဟောင်တို့သုံးယောက်ကတော့ အသက်ဆယ့်နှစ်နှစ်အရွယ်ကလေးတွေသာ ဖြစ်နေခဲ့ဆဲပါ။ ဒါကြောင့် သူတို့အတွက်ဒီတာ၀န်က စောလွန်နေပါသေးတယ်။ နောက်တစ်နည်းအရကြည့်ရမယ်ဆိုရင် သူတို့ကကလေးတွေကြီးပါပဲ။
ဒါပေမယ့် အကြီးအကဲရွှမ်ကိုယ်တိုင်ဆုံးဖြတ်ပေးတဲ့ကိစ္စကြောင့် ဒီနေရာမှာရှိနေခဲ့တဲ့ ဘယ်သူကမှမပြောင်းလဲနိုင်ပါဘူး။ ၀မ်ယန်အနေနဲ့လဲ အကြီးအကဲရွှမ်က ဒီလိုကိစ္စမျိုးကို လုပ်ခိုင်းတယ်ဆိုတာ ကလေးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ ပါ၀င်ဖို့ခွင့်ပြုပေးလိုက်တာမဟုတ်မှန်း ရှင်းရှင်းလင်းလင်းနားလည်နေခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ လုပ်ငန်းတာ၀န်ကိုကြုံတွေ့စေချင်တာဖြစ်သလို သူတို့ရဲ့စိတ်ပိုင်ဆိုင်ရာအရွယ်ရောက်မှုကိုလဲ မြန်ဆန်းစေချင်တာလဲ ဖြစ်ပါတယ်။ ကျောင်းတော်ရဲ့စမ်းသပ်ချက်တွေက ဘယ်လောက်ပဲကောင်းမွန်ပြီ တိုက်ခိုက်တဲ့လေ့ကျင့်မှုတွေ ရှိနေပါစေ ပြင်ပတကယ်တိုက်ပွဲအစစ်အမှန်ရဲ့ ကြမ်းတမ်းခက်ထန်းမှုနဲ့ ယှဥ်လိုက်မယ်ဆိုရင်တော့ မယှဥ်သာနိုင်တဲ့ကိစ္စပါပဲ။ အမှန်တကယ်မှာတော့ ဒီတိုက်ပွဲရဲ့အဓိကတိုက်ခိုက်မှုတွေက အတွင်းနယ်မြေရဲ့ခုနှစ်ယောက်ကသာ လုပ်ဆောင်ရမှာပါ။
အကြီးအကဲရွှမ်က စစ်တပ်ထဲကို၀င်မလာခဲ့ပါဘူး။ သူ့အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ အမတ်တွေနဲ့လုံး၀ကို စကားမပြောချင်ပဲရှိနေခဲ့ပါတယ်။ သူ့အဆင့်အတန်းအရည်အချင်းနဲ့ဆိုရင် ကျောင်းတော်ကို သူတစ်ယောက်ထဲနဲ့ ကိုယ်စားပြုလို့ရပါပြီ။ ဒါပေမယ့် သူ့လိုအဘိုးကြီးအနေနဲ့ ကျောင်းသားတွေကိုဘယ်တော့မှ မျက်စိအောက်ကအပျောက်မခံပါဘူး။ ဒါ့အပြင် ဒီကလေးငယ်လေးတွေကို လိုအပ်တဲ့အချိန်မှာ တိုက်ပွဲထဲဖြတ်သန်းခိုင်းမယ်လို့ ယုံကြည်ချက်ရှိနေခဲ့တယ်။
ခြောက်နာရီနီးပါးတရားထိုင်ပြီတဲ့နောက် အားလုံးရဲ့ပင်ပန်းနွမ်းနွယ်မှုတွေကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ နေ့လည်အချိန်ကလဲ ကုန်ဆုံးလို့သွားခဲ့ပြီဖြစ်သလို သူတို့တွေက နေ့လည်စာကို စားပြီတဲ့နောက်သတင်းအချက်အလက်တွေကို လေ့လာကြပါတော့တယ်။
ရရှိလာတဲ့သတင်းအချက်အလက်တွေအရ သေခြင်းတရားရဲ့တမန်တော်တွေအားလုံးက မင်သုန့်တောင်ကြောရဲ့အလယ်နယ်မြေမှာ ဆက်တိုက်ဆိုသလို လှုပ်ရှားနေခဲ့တာပါ။ သူတို့တွေက ပစ်မှတ်ရပြီဆိုတာနဲ့ တောင်တန်းတွေဆီကနေ တိုက်ရိုက်ဆင်းလာပြီ အမြန်ဆုံးနှုန်းနဲ့ လုယှက်ကြပါတော့တယ်။ ဒါ့အပြင် ဓားပြတစ်ဖွဲ့လုံးက စုစုပေါင်းအယောက်သုံးရာနီးပါးရှိတာပါ။ အားလုံးကလဲ ငယ်ရွယ်ပြီသွက်လက်တက်ကြွနေတဲ့ လူငယ်လေးတွေကြီးပါပဲ။ ဒါ့အပြင် အဖွဲ့တစ်ဖွဲ့လုံးမှာလဲ ၀ိညာဥ်ပညာရှင်က ဆယ်ယောက်ကျော်ပါနေခဲ့တယ်။ ခေါင်းဆောင်အနေနဲ့ကတော့ အနည်းဆုံး၀ိညာဥ်ဘုရင်ဖြစ်နိုင်တယ်ဆိုတာကလွဲပြီ ကျန်တဲ့ဥစ္စာဘာကိုမှမသိရပါဘူး။ ဒီလိုမျိုး သတင်းအချက်အလက်နည်းပါးနေရတဲ့အကြောင်းအရင်းကတော့ သေခြင်းတရားတမန်တော်တွေက ဘယ်သူကိုမှအသက်ရှင်လျက် ချန်ရစ်မထားခဲ့လို့ပါပဲ။ သူတို့ရဲ့နည်းလမ်းတွေအားလုံးက အရမ်းကိုကြမ်းတမ်းလွန်လှပါတယ်။ ဒါအပြင် သတင်းအချက်အလက်တွေထဲမှာ နောက်ဆုံးရထားခဲ့တဲ့ သတင်းကလွန်ခဲ့တဲ့ လ၀က်တုန်းကရခဲ့တဲ့သတင်းပါပဲ။ ဒါ့အပြင် မင်သုန့်တောင်ကြောမှာ ကုန်သည်ကြီးတွေကို လုယှက်ပြီတဲ့နောက် အားလုံးကိုသတ်ဖြတ်ပြစ်ရင်း သူတို့က ထွက်ပြေးသွားခဲ့ပါတယ်။
စစ်တပ်အနေနဲ့ ဒီလောက်ပဲသတင်းအချက်အလက်တွေကို စုဆောင်းထားနိုင်တာကတော့ နေလနိုင်ငံတော်ရဲ့ နယ်မြေထဲကိုသူတို့တွေ ၀င်သွားနိုင်ချေရှိနေတာကြောင့်ပါပဲ။ ဒါကြောင့် အနောက်ပိုင်းစစ်တပ်အနေနဲ့ ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တွေကို အသုံးမပြုပဲ တတ်နိုင်သလောက်စစ်မဖြစ်အောင် ထိန်းချုပ်ရင်းသာ သတင်းအချက်အလက်တွေကို စုံစမ်းရတာပါ။
ဒါပေမယ့် အချိန်ဆိုတာက အရေးကြီးဆုံးဖြစ်နေခဲ့ပါတယ်။ တိုက်ကြီးရဲ့အဆင့်တက်တဲ့စာမေးပွဲက မကြာခင်မှာ ယှဥ်ပြိုင်ရတော့မှာပါ။ ဒါကြောင့် သူတို့အနေနဲ့ မြေပုံကိုရပြီးပြီချင် ထွက်ခွာဖို့လိုပါတယ်။ ပထမဆုံးအနေနဲ့ တောင်ကြောတွေရဲ့၀င်ပေါက်ဆီကိုပျံသန်းလို့သွားခဲ့ပြီ ကျားဖြူသက်တော်စောင့်တွေရဲ့ ညွှန်ကြားချက်နဲ့အတူ ပျံသန်းရေးလက်နက်တွေကို အပ်ထားခဲ့ရင်း ဆင်းသက်လို့လာခဲ့ပါတယ်။ အဲ့ဒီနောက် မင်သုန့်တောင်ကြောထဲကို၀င်ပြီ တောင်တန်းတွေရဲ့နေရာကို မြေပုံနဲ့ရှာဖွေတော့တယ်။
” သတင်းအချက်အလက်တွေအားလုံးကို ကောင်းကောင်းထိန်းသိမ်းထားကြ ထိုက်ယွဲ့ဟန် ချန်ကျစ်ဖုန်းနဲ့ငါက အရှေ့ဆုံးမှာနေမယ်..ထိန်းချုပ်ရေးနဲ့ အထောက်အပံ့ပြု၀ိညာဥ်ပညာရှင်တွေက ငါတို့နဲ့ဆယ်မီတာအကွာမှာရှိနေရမယ်…ဟို့ယွိဟောင်ဒီကိုလာခဲ့ ငါနောက်ကိုလိုက်ပြီ စိတ်၀ိညာဥ်ထောက်လှမ်းရေးကို ဆက်တိုက်သုံးထား ပေ့ပေ့ ရှုစန်းရှီ နှစ်ယောက်က အနောက်ဖက်ကိုသွားမယ်…သွားမယ် ”
အားလုံးကို အမိန့်ချပေးတဲ့သူကတော့ ခေါင်းဆောင်ဖြစ်တဲ့မာရှောင်ထောင့်ပါပဲ။ ဟို့ယွိဟောင်အနေနဲ့ သူမဆွဲခေါ်တာခံရချိန်မှာ အတော်လေးကို စိတ်ဖိစီးသွားပါတော့တယ်။ ဒါကြောင့် သူမရဲ့အမိန်ကိုသာလိုက်နာရင်း စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို စတင်တော့တယ်။
သူ့ရဲ့ဒီလိုဘက်စုံသုံးစွမ်းရည်က အများကြီးအထောက်အကူပြုနေခဲ့ပါတယ်။ ဒီလိုရှုပ်ထွေးတဲ့နယ်မြေမျိုးမှာ သုံးဖက်မြေပုံရိပ်တွေက လူတိုင်းရဲ့စိတ်ထဲကို၀င်ရောက်လို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့ ဆယ်မီတာပတ်ပတ်လည်ကိုသာ ဖြန့်ကျက်လို့ထားခဲ့ပေမဲ့ လူတိုင်းအကျိုးအမြတ်ရဖို့အတွက် သင့်တော်နေခဲ့ပါတယ်။
မာရှောင်ထောင့်တို့သုံးယောက် ဦးဆောင်ရင်းအရှေ့ကိုအမြန်ဆုံးနှုန်းနဲ့ ဆက်သွားနေခဲ့ပါတယ်။ ချန်ကျစ်ဖုန်းရဲ့၀ိညာဥ်ဖျက်ဆီးဓားက အတော်ကိုအသုံး၀င်နေခဲ့တယ်။ ဓားကိုအရှေ့ဆုံးမှာ ချိန်ရွယ်လို့ထားခဲ့ရင်း လမ်းကိုဖောက်ထွက်နေခဲ့ပါပြီ။ ထိုက်ယွဲ့ဟန် မာရှောင်ထောင့်တို့ရဲ့ အင်အားနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် သူတို့တွေအနေနဲ့ လမ်းကိုကောင်းကောင်းဖောက်နိုင်ဖို့အတွက် အဆင်ပြေနေခဲ့ပါတယ်။ ဒါ့အပြင် တောင်ကြောရဲ့အတွင်းထဲအထိကို သူတို့ကရောက်သွားခဲ့ပါပြီ။ ကောင်းကင်ကြီးကလဲ တစ်ဖြည်းဖြည်းချင်းအမှောင်ထုလွှမ်းလာပါတော့တယ်။
၀မ်ယန်အနေနဲ့ ကောင်းကင်ကြီးတစ်ခုလုံး မှိန်ဖျော့လာတာကိုမြင်ပြီချိန်မှာပဲ မာရှောင်ထောင့်ကို သတိပေးလိုက်တယ်။
” အားလုံးခဏနားပြီ တစ်ခုခုစားရအောင် ”
မာရှောင်ထောင့်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” အားလုံးပဲ ငါတို့တွေ ဒီနေရာမှာနားကြမယ် မီးမမွှေးကြနဲ့ ဒါမှသာသူတို့ကို သတိပေးသလိုမဖြစ်မှာ ငါတို့တွေတစ်ညလုံးဆက်ပြီ ရှာဖွေနေရမယ်နဲ့တူတယ် ”
ကျောင်းသားတွေအားလုံးလဲ စက်၀ိုင်းပုံသဏ္ဍာန်ထိုင်လိုက်ကြပါတော့တယ်။ ဆရာ၀မ်ယန်ကတော့ တိတ်တဆိတ်ထွက်ခွာလို့သွားခဲ့ပါပြီ။ မာရှောင်ထောင့်က သူ့ကိုသိပ်ပြီ ဂရုမစိုက်ခဲ့ပါဘူး။ အဲ့ဒီအစားထိုက်ယွဲ့ဟန်ကို မေးလိုက်တယ်။
” ထိုက်ယွဲ့ဟန် မင်းအဖေကအတော်ကို ခန့်ညားတာပဲ ”
” ငါ့အဖေငယ်ငယ်တုန်းက ငါတို့ကြယ်တာရာလော့နိုင်ငံတော်မှာ နံပါတ်တစ်အမျိုးကောင်းသားပဲလေ ”
ထိုက်ယွဲ့ဟန်က ဆက်ပြီပြောလိုက်ပါတယ်။
” ဒါကသူ့ရဲ့ရုပ်ရည်ကြောင့်တင်မဟုတ်ဘူး သူ့ရဲ့အစွမ်းအစကြောင့်လဲ ဟုတ်သေးတယ်…သူက ကျောင်းတော်ကို၀င်ရောက်ပြီမသင်ကြားခဲ့ပေမဲ့ သူ့အဖေနောက်ကိုလိုက်ပြီ အသက်ဆယ့်သုံးနှစ်ကထဲက တိုက်ပွဲထဲမှာတိုက်ခိုက်နေပြီ ပထမဆုံးသာမန်စစ်သည်ငယ်လေးအဖြစ် စတင်ခဲ့ပေမဲ့ ဆက်တိုက်တပ်ကြပ်ကနေ အဖွဲ့ခေါင်းဆောင်ရာထူး အဲ့ဒီနောက် အလယ်တန်းစားအဖွဲ့ရာထူး အဖွဲ့ကြီးခေါင်းဆောင်ရာထူးနဲ့ နောက်ဆုံးမှာတော့ စစ်တပ်ရဲ့တပ်မှူးဖြစ်လာခဲ့တယ်..နောက်မှသာတဖြည်းဖြည်းချင်းဆီ တက်လာရင်းနဲ့ အသက်နှစ်ဆယ့်သုံးနှစ်အရွယ်မှာ အလယ်ပိုင်းတပ်ဖွဲ့တစ်ခုလုံးကို ခေါင်းဆောင်နဲ့စစ်သေနာပတိဖြစ်လာတော့တာပါ အဲ့ဒီအချိန်တုန်းက သူရဲ့မွေးဖွားတဲ့ဇာတိနဲ့ မိဘတွေအကြောင်းကို ဘယ်သူကမှမသိခဲ့ဘူး စစ်ပွဲကြီးပြီတဲ့အချိန်မှာ ငါအဖေက များပြားတဲ့စစ်ပွဲအောင်နိုင်မှုတွေနဲ့ စစ်ပွဲစွမ်းဆောင်နိုင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့တယ်လေ..ဒါကြောင့် တော်၀င်မြို့တော်ဆီကို ခေါ်ဆောင်ခံရပြီတော့ သူ့ကိုရာထူးတစ်ခုပေးအပ်ခဲ့တယ်..အရှင်မင်းကြီးဆီကနေ ဆုလာဘ်ကိုလက်ခံတဲ့အချိန်မှသာ အရှင်မင်းကြီးက ငါအဖေနဲ့အဘိုးရဲ့ တူညီတဲ့ရုပ်သွင်ကိုသတိထားမိသွားတာပဲ အပျော်လွန်သွားခဲ့တဲ့အရှင်မင်းကြီးက အနောက်နယ်မြေအလယ်ပိုင်းစစ်တပ်ကို သူ့ဆီလွဲအပ်ခဲ့တယ်..ဒါ့အပြင် သူ့အနေနဲ့လဲ ပြောခဲ့သေးတယ်..ထိုက်ဟောက်သာရှိမယ်ဆိုရင် ငါတို့ရဲ့ နိုင်ငံတော်ကြီးက နောက်နှစ်ပေါင်းတစ်ရာအထိ စိုးရိမ်ပူပန်းမှုတွေကို ကြုံတွေ့စရာမလိုတဲ့ ဒါကအမတ်တွေ ၀န်ကြီးတွေအားလုံးရဲ့အရှေ့မှာ ပြောခဲ့တဲ့စကားပဲ ”
မာရှောင်ထောင့်ရဲ့မျက်လုံးတွေက ပိုတောက်ပလာခဲ့ပါပြီ။
” ဒီလိုပြောမယ်ဆိုရင် မင်းအဖေက တကယ်သူရဲကောင်းပဲပေါ့ ”
ထိုက်ယွဲ့ဟန်က ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ ဆက်ပြီးဖြေပါတယ်။
” ငါ့အဘိုးပြောခဲ့ဖူးတာရှိတယ် အဖေရဲ့ပါရမီက ငါတို့ဘိုးဘေးကြီးတွေနဲ့ ယှဥ်လို့ရတယ်တဲ့ ဒါ့အပြင် အမျက်ဒေါသရဲ့ပထမမျိုးဆက်ခုနှစ်ယောက်က ဘိုးဘေးနဲ့တောင်ယှဥ်လို့ရတယ်..လက်ရှိအချိန် ငါ့အဖေကအသက်လေးဆယ့်သုံးနှစ်ရှိနေပြီ သူစစ်တပ်ကိုအုပ်ချုပ်နေတာလဲ အနှစ်နှစ်ဆယ်ကျော်သွားခဲ့ပြီ သူပါ၀င်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေက တိုက်ပွဲတစ်ထောင်ဆိုရင်တောင် နည်းပါးလွန်ရာကျနေဦးမယ်..နေလနိုင်ငံတော်က ဘယ်လောက်သန်မာလဲမင်းသိတယ်မလား ဒါပေမယ့် ကြယ်တာရာလော့နိုင်ငံတော်ရဲ့အနောက်နယ်မြေကို သူတို့တွေ အမြဲတမ်းတိုက်ခိုက်ဖို့ မစွမ်းသာဘူးဆိုတာ ငါအဖေရှိနေလို့ပဲပေါ့ ဒါ့အပြင် ငါတို့ကြယ်တာရာလော့နိုင်ငံတော်မှာ သူရဲကောင်းတစ်ယောက်ပဲ ရှိမယ်ဆိုရင်တောင် အဲ့ဒီသူရဲကောင်းက ငါအဖေပဲဖြစ်လိမ့်မယ် ”
မာရှောင်ထောင့်ရဲ့ မျက်လုံးတွေက ပိုပြီးတောက်ပလို့လာခဲ့ပါပြီ။
” ဒါဆိုရင် နင်အဖေမှာ မိန်းမဘယ်နှစ်ယောက်ရှိလဲ ”
ထိုက်ယွဲ့ဟန် ချက်ချင်းမျက်လုံးပြူးသွားပါတော့တယ်။ သူ့အကြည့်က ထူးဆန်းလို့သွားခဲ့ပါပြီ။
” ငါ့အမေတစ်ယောက်ပဲ ရှိတယ်လေ ငါတို့မျိုးဆက်ထဲမှာ ငါနဲ့ငါညီထိုက်ဟွပင်းနှစ်ယောက်ပဲ သူသားတွေအဖြစ်ရှိတယ်..ငါအဖေက အမျိုးသမီးတွေနဲ့ပတ်သက်တဲ့နေရာမှာ သူ့ကိုယ်သူအရမ်းထိန်းချုပ်နိုင်တဲ့သူ အဖေအမြဲပြောနေကြစကားရှိတယ်..ယောကျ်ားတစ်ယောက်က မိန်းမတွေအပေါ် တပ်မက်တဲ့တဏှာရာဂကိုမထိန်းချုပ်နိုင်ဘူးဆိုရင် ကြီးမားတဲ့အောင်မြင်မှုတွေကို လုပ်ဆောင်နိုင်မှာမဟုတ်ဘူး…ဘာဖြစ်လို့မေးရတာလဲ ”
မာရှောင်ထောင့်က သူ့ကိုပြန်စိုက်ကြည့်ရင်း ပြောလိုက်ပါတယ်။
” ငါ့သူ့ကိုဒီအတိုင်းနှစ်သက်လို့မရဘူးလား နင်အဖေလိုလူမျိုးက သေချာပေါက် တကယ်ယောကျ်ားကောင်းကောင်းစစ်စစ်ပဲ ငါတို့တွေ သူ့ဆီကသင်ယူသင့်တယ် ”
ထိုက်ယွဲ့ဟန်ရဲ့မျက်လုံးထဲမှာ အလင်းတွေက တောက်ပလာခဲ့ပြန်ပါပြီ။
” ငါတို့တွေ ဒီတာ၀န်ကိုပြီးမယ်ဆိုရင် တာ၀န်ပေါင်းသုံးဆယ်ကို အောင်မြင်သွားပြီးပြီ ငါလဲကျောင်းတော်ကနေ ပြီးမြောက်တော့မယ်..ဒါဆိုရင် ငါလဲစစ်တပ်ထဲကို၀င်မယ် ဒါပေမယ့် အနောက်စစ်တပ်ထဲကိုတော့ မ၀င်ဘူး..မြောက်ပိုင်းစစ်တပ်ကိုသွားမယ် အဲ့ဒီမှာစစ်ပွဲတွေက နည်းပေးမဲ့ငါအဖေလျှောက်ခဲ့တဲ့လမ်းကိုပဲ ငါလျှောက်မယ်..ငါလဲ ကိုယ်လမ်းကိုယ်ဖောက်ပြီကိုယ့်အင်အားကိုပဲ မှီခိုရင်းနဲ့ အရှေ့ကိုတက်မယ် “:
အပိုင်း ၇၁•၃ ပြီး၏။