Switch Mode

Chapter – 71.2

ကျားဖြူ မြို့စားမင်း အိမ်တော်

အပိုင်း ၇၁•၂

” ကျားဖြူမြို့စားမင်းအိမ်တော် ”
°°°
အခုအချိန်မှာ သူတို့တွေအားလုံးက ရှာဖွေတွေ့ရှိခံလိုက်ရပါပြီ။ အကြီးအကဲရွှမ်နဲ့အတူတူ ပျံသန်းခဲ့ပြီတဲ့နောက် နောက်ဆုံးမှာသူတို့လဲ အေးအေးဆေးဆေးပျံသန်းဖို့အတွက် အချိန်ရှိလာပြီဖြစ်ပါတယ်။ အနည်းဆုံးတော့ သူတို့ရဲ့မျက်နှာ အရောင်အသွေးတွေက ပြန်ပြီးကောင်းမွန်နေခဲ့ပါသေးတယ်။ အကယ်၍ သူတို့ထဲမှာ တစ်ယောက်ယောက်ကသာ အကြီးအကဲရွှမ်ရဲ့ အစောပိုင်းအခြေအနေကိုကြည့်ပြီ တွက်ချက်ခဲ့မယ်ဆိုရင်တောင် သူ့ရဲ့အင်အားနဲ့ပျံသန်းရေး၀ိညာဥ်လက်နက်နှစ်ခုပေါင်းစည်းလိုက်မယ်ဆိုရင် သော့်လော့တိုက်တစ်ခုလုံးကို တစ်ပတ်အတွင်းနေရာအနှံ့ကိုသွားဖို့အတွက်ဖြစ်နိုင်မှန်း တွက်ချက်နိုင်မှာပါ။ ဟို့ယွိဟောင်အနေနဲ့လဲ အကြီးအကဲရွှမ်ရဲ့ အင်အားအစစ်အမှန်ကြောင့်ကို ပိုပြီးသိချင်လာခဲ့ပါပြီ။ အကြီးအကဲရွှမ်က သေချာပေါက် သော့်လော့ဘွဲ့ရတဲ့သူတွေထဲမှာ နယ်နယ်ရရတော့မဟုတ်ပါဘူး။ ကျောင်းအုပ်ရန်ရှောင်ကျဲ့တောင်မှ အကြီးအကဲရွှမ်ရဲ့ကျင့်ကြံမှုကို မယှဥ်နိုင်လောက်ဘူးဆိုတာ သိသာနေခဲ့ပါတယ်။

အခုအချိန်မှာ ကောင်းကင်ကြီးကလဲ လင်းထိန်းလို့လာခဲ့ပါပြီ။ နေမင်းကလဲ အရှေ့ရပ်က တောက်ပလို့လာခဲ့ပြီ ရွှေရောင်အလင်းတန်းတွေက သူတို့ခန္ဓာကိုယ်ပေါ်ကို ဖြာကျလာပါတော့တယ်။ ကြီးမားတဲ့စစ်တပ်စခန်းကြီးတစ်ခုကတော့ သူတို့ရှေ့မှာ ပေါ်ထွက်လို့လာခဲ့ပါပြီ။ ဒီစခန်းကြီးက တောင်တွေရဲ့အနောက်ဖက်မှာရှိနေခဲ့တာပါ။ ဒါ့အပြင် မင်သုန့်တောင်ကြောပေါ်မှာလဲ နောက်ထပ်စစ်စခန်းငယ်လေးတွေကို ထပ်ပြီမြင်နေခဲ့ရပါသေးတယ်။

တကယ်တော့ စစ်စခန်းဆိုတဲ့စကားက ပြောဖို့အတွက် သိပ်ပြီမတိကျသေးပါဘူး။ စခန်းကြီးရဲ့အနောက်ဖက်မှာအရပ်မှာက နံရံတွေရှိနေခဲ့ပြီ အဲ့ဒီနံရံတွေကလဲ မီတာသုံးဆယ်ကျော်မြင့်မားလို့မီတာငါးဆယ်နီးပါးကျယ်ပြန့်ပါတယ်။ ဒါကဘယ်လောက်အထိကြီးမားတဲ့ လုပ်ငန်းဆောင်ရွက်မှုကြီးလဲ။

မနက်ခင်းစောစောပဲဖြစ်ပေမဲ့ စစ်တပ်သုံးလေးတွေအားလုံးကတော့ တောင်တွေကနေ ကျောက်တုံးကျောက်စိုင်ခဲတွေကို သယ်ယူရင်းအလုပ်လုပ်နေကြပါပြီ။ ဒီတစ်ချိန်မှာပဲ ထိုက်ယွဲ့ဟန်က ဟို့ယွိဟောင်အနားကိုကပ်လာကြပါတော့တယ်။ အစောပိုင်းစကားပြောဆိုခဲ့မှုကြောင့် သူတို့ရဲ့ဆက်ဆံရေးက အနည်းငယ်ပိုပြီး နက်ရှိုင်းလာခဲ့ပါပြီ။ သူကပြုံးပြရင်း မေးလိုက်ပါတယ်။

” ယွိဟောင် မင်းစစ်တပ်စခန်းတစ်ခုကို ရောက်ဖူးတာပထမဆုံးအကြိမ်လား ”

ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။

ဒါကိုသိနေပုံရတဲ့ ထိုက်ယွဲ့ဟန်က ရှင်းပြတယ်။

” ကြယ်တာရာလော့နိုင်ငံတော်ရဲ့ တောင်ဘက်နဲ့အရှေ့တောင်ဘက်တွေက ပင်လယ်တွေနဲ့ ၀န်းရံခံထားရတယ်လေ…ငါတို့က နေလနိုင်ငံတော်နဲ့ယှဥ်ရင်း ဒုတိယနေရာမှာရောက်နေတဲ့အရွယ်အစားကို ပိုင်ဆိုင်ထားတယ်…ဒါ့အပြင် ငါတို့ရဲ့စစ်တပ်တွေက အဓိကနှစ်မျိုးခွဲထားတဲ့အရှေ့ပိုင်းစစ်တပ်နဲ့ မြောက်ပိုင်းစစ်တပ်ပဲ ဒီစစ်တပ်တွေထဲမှာ အရှေ့ပိုင်စစ်တပ်က ပိုပြီးအရေးကြီးတယ်..နေလနိုင်ငံတော်ရဲ့ ကျူးကျော်မှုကိုလဲ အများကြီးပိုပြီး စောင့်ကြပ်ရတယ်..ဒါ့အပြင် သူ့ရဲ့စစ်သည်တော်အင်အားစုစုပေါင်းက ငါးသိန်းနီးပါးရှိနေတယ် ”

” မင်သုန့်တောင်ကြောက အန္တရာယ်များပြီအမြဲတမ်းပြောင်းလဲနေတဲ့နယ်မြေတွေရှိတာကြောင့် တပ်ဖွဲ့တွေအနေနဲ့ အခြေချဖို့ကိုခက်ခဲတယ်..ဒါ့အပြင် အခုအချိန်မှာ နိုင်ငံတိုင်းကလဲ တောင်ကြောကိုထောက်လှမ်းဖို့အတွက် အဓိကပြုထားတဲ့၀ိညာဥ်ပညာရှင်တွေကို နေ့တိုင်စေလွှတ်နေတယ်…နေလနိုင်ငံတော်နဲ့ ငါတို့နိုင်ငံတော်ရဲ့ အခြေချစစ်တပ်တွေနှစ်ခုက ဒီတောင်ကြောပေါ်မှာ နေရာကောင်းကောင်းယူထားတဲ့အတွက်ကြောင့်သာ သူတို့အပေါ်အသားစီးရနေခဲ့တာ ဒါ့အပြင် တောင်ကြောတစ်ခုလုံးမှာလဲ တပ်ဖွဲ့ကလဲသုံးဖွဲ့ပဲရှိတယ်…တောင်ကြောကြီးတစ်ခုလုံးရဲ့ အနေအထားက တောင်ဖက်ကိုရွေ့သွားပြီတော့ နယ်မြေရဲ့ သုံးပုံနှစ်ပုံနီးပါးကို နေရာယူထားတယ်..သုံးပုံတစ်ပုံတစ်ချမ်းကတော့ ၀ိညာဥ်သားရဲကောင်တွေအပြည့် ရှိနေတဲ့တောကြီးပဲ သူက မဟာကြယ်တာရာသစ်တောရဲ့တစ်၀က်လောက်တော့ အရွယ်အစားရှိတယ်…အဲ့ဒီသစ်တောကို မဟာမင်သုန့်သစ်တောလို့ခေါ်တယ်…ဒါ့အပြင် ၀ိညာဥ်သားရဲကောင်တွေကလဲ အတော်ကိုထူးထပ်လွန်တာကြောင့် ငါတို့လိုမျိုး မဟာကြယ်တာရာသစ်တောထဲမှာအတွေ့အကြုံရှိတဲ့၀ိညာဥ်ပညာရှင်တွေအတွက်ပဲ အန္တရာယ်မများတာ ဒါပေမယ့် စစ်တပ်တွေအတွက်ကတော့ အန္တရာယ်များလွန်တယ်…၀ိညာဥ်သားရဲကောင်တွေက မဟာကြယ်တာရာသစ်တောထဲမှာရှိတဲ့ သတ္တ၀ါတွေထက်ပိုပြီးတော့ကို ကြမ်းတမ်းပြီ အသိဉာဏ်ကင်းကြတာကြောင့် စစ်သည်တွေပိုသတိထားရတာပဲ ဒါကြောင့်သာ ငါတို့တွေက တောင်ကြောရဲ့ဒီလိုအနှိမ့်ပိုင်းတောခြေမှာသာ စစ်တပ်တွေကို အခြေစိုက်ထားရတာပဲ ”

” ဪဟုတ်သား ယွိဟောင် ငါမင်းကို မမေးရသေးဘူး..မင်းဘယ်ကနေလာတာလဲ ”

ထိုက်ယွဲ့ယန်ရဲ့ရှင်းပြချက်ကို နားထောင်နေချိန်မှာ ဟို့ယွိဟောင်အနေနဲ့ အေးအေးဆေးဆေးရှိခဲ့ပေမဲ့ ဒီစကားကိုကြားချိန်မှာတော့ အမူအရာချက်ချင်းပြောင်းလဲသွားပါတော့တယ်။ သူခေါင်းငုံ့ရင်းနဲ့ ဖြေလိုက်တယ်။

” ကျွန်တော်ကလဲ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ပြည်သူတစ်ယောက်ပါပဲ ”

” ကြယ်တာရာလော့နိုင်ငံတော်ကပဲလား ဘယ်အပိုင်းကလဲ ငါတို့တွေက နိုင်ငံတူရောင်ရင်းတွေဖြစ်နေကြမယ်လို့ ထင်မထားခဲ့မိဘူး ”

ထိုက်ယွဲ့ဟန်ရဲ့အပြုံးကပိုပြီး ထင်ရှားလာပါတော့တယ်။

” ကျွန်တော်က ကြယ်တာရာလော့နိုင်ငံအနားမှာရှိတဲ့ရွာငယ်လေးကလာတဲ့သူပါ သေချာပေါက် ကျွန်တော်ရွာကို အစ်ကိုကြီးမကြားဖူးလောက်ဘူး ”

ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။

ထိုက်ယွဲ့ဟန်က ရယ်သာရယ်နေခဲ့တယ်။

” ဒါဆိုရင်ပို့လို့ကောင်းသေးတာပေါ့ ငါတို့တွေက နိုင်ငံတူရုံတင်မကပဲ နေရာတစ်ခုထဲနီးပါးကလာသလိုဖြစ်နေတယ်..ငါလဲကြယ်တာရာလော့နိုင်ငံတော်နားမှာ မွေးဖွားခဲ့တာလေ ”

သူတို့တွေစကားပြောနေကြချိန်မှာပဲ စစ်စခန်းနားကိုရောက်ရှိလာပါတော့တယ်။ ဒါပေမယ့် ကျားဖြူသက်တော်စောင့်တွေကတော့ အောက်ကိုမဆင်းသက်ခဲ့ပါဘူး။ အဖွဲ့ကိုဦးဆောင်နေတဲ့ သုလဲ့စီးက ညာဘက်လက်ကိုမြောက်လိုက်ရင်းနဲ့ အရောင်စုံတောက်ပနေတဲ့ အလင်းတန်းတစ်စုံတစ်ရာကို ပြစ်လွှတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် သူတို့တွေကို ဘယ်သူမှလဲ မတားဆီးကြတော့ပါဘူး။

ဟို့ယွိဟောင်ရဲ့အမြင်အာရုံကကောင်းမွန်လွန်တာကြောင့် သူတို့တွေ ဒီနေရာကို၀င်၀င်လာချင်မှာတင် များပြားလှတဲ့ခုခံရေးဗျူဟာတွေက ချက်ချင်းအသက်၀င်လာပြီ ကာကွယ်ဖို့ပြင်ဆင်လိုက်မှန်း သတိထားမိပါတယ်။ ဒါ့အပြင် ကြောက်စရာကောင်းတဲ့လေထုပတ်၀န်းကျင်အခြေအနေကလဲ တပ်ဖွဲ့ကြီးတစ်ခုလုံးကို လွှမ်းခြုံလို့နေခဲ့တယ်။ မနက်စောစောအချိန်သာဖြစ်ပေမဲ့ စစ်သည်တွေအများကြီးက စတင်ပြီလေ့ကျင့်နေခဲ့ကြပါပြီ။ အစီအစဥ်တွေကျရုံတင်မကပဲ အံ့ဩထိတ်လန့်စရာကောင်းလောက်အောင် လူသတ်ချင်စိတ်အပြည့်နဲ တက်ကြွလို့နေခဲ့ကြတယ်။ သူတို့တွေအားလုံးက သံမဏိသွေးရှိတဲ့ ခြင်္သေ့အုပ်စုကြီးတွေလိုပါပဲ။

” အရှေ့ပိုင်းစစ်တပ်က ငါတို့ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အထူးချွန်ဆုံးတွေပဲ ”

ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ ပြောပြလာခဲ့ပါတယ်။

” အလယ်ပိုင်းဒေသရဲ့ လူပေါင်းတစ်သိန်းကို မင်းမြင်တွေ့နေရမှာပါ ငါတို့ရှေ့မှာရှိတဲ့သူတွေအားလုံးက ထိပ်ဆုံးရဲ့ထိပ်ဆုံးကြီးတွေပဲ ”

ဟို့ယွိဟောင်အနေနဲ့ သူရဲ့မွေးဖခင်ကို မမြင်ဖူးခဲ့ပေမဲ့ ကျားဖြူမြို့စားမင်းရဲ့ အတွင်းပိုင်လုပ်ဆောင်ချက်တွေကိုတော့ အမြဲတမ်းကြားဖူးနား၀ရှိနေခဲ့ပါတယ်။ နိုင်ငံရဲ့အဓိကမြို့စားမင်းဖြစ်တဲ့ ကျားဖြူမြို့စားမင်းက အရှေ့ပိုင်းစစ်တပ်တစ်ခုလုံးကို အုပ်ချုပ်တဲ့သူပါ။ တစ်ချိန်ထဲမှာပဲ သူက အရှေ့စစ်တပ်အလယ်တပ်ဖွဲ့ခွဲကြီးရဲ့ အဓိကစစ်သေနာပတိလဲ ဖြစ်နေခဲ့ပါသေးတယ်။ ဒါ့အပြင် ကြယ်တာရာလော့နိုင်ငံတော် တော်၀င်မိသားစုသူ့အပေါ်ထားရှိတဲ့ယုံကြည်မှုက ဒီအချက်ကိုကြည့်ရုံနဲ့တင် မြင်တွေ့နိုင်ခဲ့ပါပြီ။

အလယ်ပိုင်းတပ်ဖွဲ့ကြီးရဲ့ လူပေါင်းတစ်သိန်းကို အုပ်ချုပ်ခွင့်ရရှိထားတာက ကြယ်တာရာလော့နိုင်ငံတော်ရဲ့တခြားစစ်သည်တော်လေးသိန်းကို ယှဥ်ပြိုင်ပြီတိုက်ခိုက်နိုင်တဲ့အစွမ်းအစလဲ ရှိနေခဲ့ပါတယ်။ ဒါက ချဲ့ကားပြောနေတယ်လို့ ထင်ရကောင်းထင်ရပေမဲ့ အလယ်ပိုင်းတပ်ဖွဲ့ကြီးရဲ့အင်အားကိုတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် မြင်သာနေခဲ့ပါပြီ။

သူတို့တွေက အတားအဆီးတွေတစ်ခုပြီတစ်ခုကို ကျော်ဖြတ်ရင်း ပျံသန်းလို့လာခဲ့ပါတယ်။ ဆယ့်ငါးမိနစ်ကျော်နီးပါးပျံသန်းလာပြီချိန်မှာသာ ကြီးမားလွန်လှတဲ့ သရေတဲကြီးတစ်တဲကို မြင်လိုက်ရတာပါ။ ဒီတဲကြီးက တခြားတဲကြီးတွေထက် အားလုံးကို ပိုကြီးမားနေခဲ့တယ်။ ဒါ့အပြင် ရှစ်ထောင့်ပုံသဏ္ဍာန်ရှိနေခဲ့ပြီ အညိုရင့်ရောင် သရေတစ်ခုနဲ့ပြုလုပ်ထားခဲ့တာပါ။ အစောင့်အကြပ်တွေလဲ သိပ်ပြီမရှိခဲ့ပါဘူး။ ကျားဖြူသက်တော်စောင့်အဖွဲ့နှစ်ဖွဲ့ကသာ ရှိနေခဲ့ပါတယ်။ တစ်ဖွဲ့ချင်းဆီတိုင်းကလဲ အယောက်သုံးဆယ်နီးပါးရှိပြီ ဘေးပတ်လည်ကို ဆက်တိုက်ဆိုသလို ကင်းလှည့်နေခဲ့တယ်။

ဟို့ယွိဟောင်ကတော့ တဲကြီးရဲ့အရှေ့မှာရပ်နေတဲ့လူတစ်ယောက်ဆီကို ခပ်မြန်မြန်ပဲ အကြည့်ရောက်သွားခဲ့ပါတယ်။ အဲ့ဒီလူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသေးပေမဲ့ အံ့ဩစရာကောင်းတဲ့ ဖိအားတွေကိုခံစားနေခဲ့မိတယ်။ ဒါ့အပြင် အားကောင်းတဲ့ကျင့်ကြံမှုနဲ့ သတ်ဖြတ်လိုတဲ့အငွေ့အသက်နှစ်ခုကြားက ရောယှက်နေတဲ့အရှိန်အ၀ါဆိုတာ ရှင်းရှင်းလင်းလင်းအသိဆုံးပါ။ အဲ့ဒီလူက သူ့ရဲ့လက်သီးတွေကို လေ့ကျင့်နေပုံပါပဲ။ အခုအချိန်အထိ သိုင်းပညာ၀ိညာဥ်ကိုတော့ မထုတ်လွှတ်သေးပါဘူး။ လှုပ်ရှားမှုတွေက ရိုးရှင်းပြီတော့ အားအပြည့်ပါနေခဲ့ပါတယ်။ ဒါ့အပြင် ပူပြင်းတဲ့လေထုကလဲ သူလက်သီးထိုးချလိုက်တဲ့ နေရာတိုင်းမှာဖြစ်ပေါ်လာခဲ့တယ်။

အပေါ်မှာပျံသန်းနေတဲ့ သုလဲ့စီးက အရှိန်လျှော့လိုက်ပါပြီ။ အဲ့ဒီနောက် အားလုံးနဲ့အတူတူ ဆင်းသက်လာပါတော့တယ်။ သူတို့တွေလဲ ပတ်ပတ်လည်မီတာတစ်ရာအတွင်းမှာတင် အားကောင်းတဲ့လေလှ်ိုင်းတွေကို ခံစားနေခဲ့ရပါပြီ။

ဟို့ယွိဟောင်လဲ သူ့အကြည့်ကိုအာရုံစိုက်ချိန်မှာတော့ အရှေ့ဆုံးမှာရှိတဲ့လူကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတော့တယ်။ အဲ့ဒီလူက သူတို့ကို မျက်နှာချင်ဆိုင်လျက်သားရှိနေခဲ့တာပါ။ ရွှေရောင်ဆံပင်တွေက လေထဲမှာ လွှင့်မျောလို့နေခဲ့ပြီ အပေါ်ပိုင်းခန္ဓာကိုယ်ကတော့ ဗလာကျင်းနေခဲ့ပါတယ်။ ဒါ့အပြင် ကြေးနီရောင်တောက်ပပြီ ကျစ်လစ်တောင့်တင်းနေတဲ့ ကြွက်သားတွေကို ဖော်ပြလို့နေခဲ့တယ်။ မြင့်မားတဲ့ခန္ဓာကိုယ်က နှစ်မီတာနီးပါးအရပ်ရှိနေခဲ့ပြီ သူ့ရဲ့မျက်နှာက ဘယ်လောက်အထိအချိုးကျကျတည်ဆောက်ထားလဲဆိုတာကို ဘယ်ကနေကြည့်ရုံနဲ့တင် သိသာနေခဲ့ပါတယ်။

သူ့ရဲ့လှုပ်ရှားမှုတွေက အတော်ကိုနှေးကွေးခဲ့ပြီ သဘာ၀ကျကျအရှိန်အဟုန်နဲ့သာ စီးဆင်းလို့နေခဲ့ပါတယ်။ သူလှမ်းလိုက်တဲ့ခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကလဲ ပူပြင်းတဲ့လေတွေကို ထုတ်လွှတ်လို့နေခဲ့တယ်။ ဒါ့အပြင် ချီစွမ်းအင်နဲ့သွေးတွေရဲ့လှည့်ပတ်မှုက သူလှုပ်ရှားလိုက်ချိန်တိုင်းမှာအဆုံးစွန်းအထိကို ရောက်ရှိသွားသလိုပါပဲ။ ဟို့ယွိဟောင်အနေနဲ့ ဒီလူကိုစိုက်ကြည့်နေမယ်ဆိုရင် သွေးတွေစပြီဆူပွက်လာတာကိုတောင် ခံစားနေခဲ့ရတယ်။

အဲ့ဒီလူက လက်သီးကိုဖြည်းဖြည်းချင်းပြန်ရုတ်လိုက်ပြီ သူတို့ရောက်ရှိလာတာကို ခံစားမိတဲ့အတွက် ရပ်တန့်လိုက်ပါတော့တယ်။ အသက်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်နေရင်း ခြင်္သေ့တစ်ကောင်လို ဟိန်းသံထွက်နေခဲ့တယ်။ တဲကြီးရဲ့ပတ်ပတ်လည်မီတာရာချီအထိကို လေထုကဝှေ့၀ိုက်လို့နေခဲ့ပါပြီ။ တကယ်ခြင်္သေ့တစ်ကောင်ဆင်းသက်လာသလိုပါပဲ။ သူ့ရဲ့အရှိန်အ၀ါတွေက အမျက်ဒေါသကျောင်းတော်ရဲ့ တပည့်သားတစ်ယောက်ချင်းဆီတိုင်းကို ကြက်သီးထသွားစေခဲ့ပါတယ်။

တိုက်ပွဲထဲမှာ မာရှောင်ထောင့်ထုတ်လွှတ်တဲ့စွမ်းအားတွေနဲ့ ဖိအားတွေက တကယ်ကြောက်စရာကောင်းတာအမှန်ပါ။ ဒါပေမယ့် သူတို့ရှေ့မှာရှိနေသူနဲ့ ယှဥ်လိုက်မယ်ဆိုရင်တော့ အဝေးကြီးလိုပါသေးတယ်။

တကယ်ပဲသူလား ဟို့ယွိဟောင်အနေနဲ့ များပြားလွန်လှတဲ့ ခံစားချက်တွေရဲ့တိုက်ခိုက်မှုကြောင့် သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းချုပ်ထားဖို့ခက်နေခဲ့ပါတယ်။ သူ့အဖေကို ဒီလိုပုံစံမျိုးနဲ့တွေခဲ့ရမယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။ ဒါကသူ့အမေဘယ်တော့မှမမေ့နိုင်ခဲ့တဲ့လူလား။ ဘယ်လိုပဲသေဆုံးရပါစေ သေတဲ့အထိတောင် နောင်တမရပဲချစ်ခဲ့တဲ့သူက အဲ့ဒီလူလား။

အားလုံးဆင်းသက်လာချိန်မှာပဲ အရှေ့ဆုံးမှာရှိနေခဲ့တဲ့ သုလဲ့စီးက ဦးညွတ်ရင်းနဲ့ပြောလိုက်ပါတယ်။

” အရှင်မြို့စားမင်း သခင်လေးနဲ့ အမျက်ဒေါသကျောင်းတော်ကလူတွေရောက်လာပါပြီ ”

အခုအချိန်မှသာ သူ့ရဲ့မျက်နှာအပြည့်အ၀ကို မြင်ရပါတော့တယ်။ သူက အသက်သုံးဆယ်တောင်ပြည့်သေးတဲ့ပုံမပေါ်ပါဘူး။ သူ့ရဲ့မျက်နှာအသွင်အပြင်တွေကလဲ အချိုးကျကျတည်ဆောက်ထားခဲ့ပြီ အပြာရင့်ရောင်မျက်လုံးတွေက အလင်းတန်းတွေနဲ့ဆက်တိုက်တောက်ပလို့နေခဲ့ပါတယ်။ ပိန်ပါးတဲ့ပုံစံပေါ်ပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးက သံသတ္ထုတွေနဲ့ တည်ဆောက်ထားသလိုမျိုး ခံစားချက်ကိုပေးစွမ်းနေခဲ့တယ်။ အထူးသဖြင့် သူ့ရဲ့အကြည့်ကတော့ လူတိုင်းရဲ့နှလုံးသားကို ပါးပါးလှီးနေတဲ့ဓားတွေလိုပါပဲ။ အားလုံးလဲ ချက်ချင်းဆိုသလို ရပ်တန့်လို့သွားပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့အကြည့်က ခပ်မြန်မြန်ပဲ နွေးထွေးလို့သွားခဲ့ပါပြီ။

အရပ်ရှည်ပြီ ချောမောခန့်ညားရုံတင်မက သံမဏိသွေးအရှိန်အ၀ါကို ပိုင်ဆိုင်ထားတဲ့သူက တကယ်ကိုကြည့်လို့ကောင်းနေခဲ့ပါတယ်။ ကျောင်းတော်ကလူတွေအားလုံး သူ့ကိုမြင်လိုက်ချိန်မှာ မိုးကောင်းကင်က ရွေးချယ်ထားတဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ ရွေးချယ်ခံပါရမီရှင်တွေဖြစ်နေဦးတော့ သူနဲ့မယှဥ်သာသလိုခံစားနေခဲ့ရပါတယ်။ ဒီလိုမျိုးသူမတူအောင်ထူးခြားနေတဲ့ တောက်ပမှုက မာရှောင်ထောင့်ရဲ့မျက်လုံးထဲကို ချက်ချင်း၀င်ရောက်လို့သွားခဲ့တယ်။ ဒီလိုလူမျိုးက သေချာပေါက် သူ့ရဲ့အကြိုက်ပါပဲ။

ထိုက်ယွဲ့ဟန်က အရှေ့ဆုံးကိုထွက်သွားခဲ့ပြီ အဲ့ဒီလူရဲ့ရှေ့မှာချက်ချင်းဒူးထောက်လိုက်ပါတော့တယ်။

” အဖေ ”

နောက်ထပ်သံသယ၀င်စရာမရှိတော့ပါဘူး။ သူတို့ရှေ့မှာရှိနေခဲ့တဲ့ဒီလူကြီးက ကြယ်တာရာလော့နိုင်ငံတော်ရဲ့ လူတိုင်းအထက်မှာရှိနေခဲ့တဲ့ သံမဏိသွေးစစ်နတ်ဘုရားထိုက်ဟောက်ပါပဲ။ သူက ထိုက်ယွဲ့ဟန် ထိုက်ဟွပင်းတို့ရဲ့အဖေဖြစ်သလို ဟို့ယွိဟောင်ရဲ့ အဖေလဲဖြစ်နေခဲ့ပါတယ်။

ထိုက်ယွဲ့ဟန်ရဲ့ အဖေဆိုတဲ့စကားကိုကြားပြီချိန်မှာ ဟို့ယွိဟောင်အနေနဲ့ သူ့သွေးတွေအားလုံးက ခေါင်းပေါ်ဆောင့်တက်လာသလို ခံစားနေရပါတော့တယ်။ မျက်လုံးကလဲ နီရဲလို့သွားခဲ့ပြီ နောက်တစ်ကြိမ် ခံစားချက်တွေကိုမထိန်းချုပ်နိုင်ပဲ လွှင့်ထွက်သွားမတတ်ဖြစ်သွားခဲ့တယ်။

အဲ့ဒါသူပဲ တကယ်အဲ့လူပဲ ငါ့အမေတစ်သက်လုံးဘယ်လောက်ပဲ ထိခိုက်ခံရပါစေ မမေ့လျော့နိုင်တဲ့သူပေါ့ ငါတစ်သက်လုံးမမြင်ခဲ့ဖူးတဲ့အဖေ သူပဲ။

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ သူ့အမေပြုံးနေတဲ့မျက်နှာက ချက်ချင်းဆိုသလို ပြည့်နှက်လို့သွားခဲ့တဲ့အတွက် သူအော်ငိုမိတော့မလိုဖြစ်သွားခဲ့ပါတယ်။

၀မ်သုန့်ကတော့ ခပ်မြန်မြန်ပဲ ဟို့ယွိဟောင်ဘေးကိုကပ်လာခဲ့ပြီ ဟို့ယွိဟောင်အနေနဲ့ အရှေ့ကလူကိုမမြင်နိုင်တော့အောင် ပိတ်ပြီးတားဆီးလိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ ညာဘက်လက်ကို ဆန့်ထုတ်ရင်းနဲ့ သူ့ရဲ့အင်္ကျီလက်ကို ဆွဲထားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့လက်က မထင်မှတ်ထားရလောက်အောင်ပဲ လက်ကိုမဆွဲမိပဲ ဟို့ယွိဟောင်ရဲ့ ကိုယ်ပိုင်နေရာကိုဆွဲမိသွားခဲ့ပါတယ်။

၀မ်သုန့်ရဲ့ခန္ဓာကိုယ်က တခဏတာတောင့်တင်းလို့သွားခဲ့ပါပြီ။ ဓာတ်ခံလိုက်ရတဲ့အတိုင်း သူချက်ချင်းဆိုသလို လက်လွှတ်လိုက်ပါတော့တယ်။ သူ့ရဲ့လှပတဲ့မျက်နှာကလဲ နီရဲလို့သွားခဲ့ပါပြီ။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲအားလုံးက ကျားဖြူမြို့စားမင်းဆီကိုသာ အကြည့်ရောက်နေခဲ့လို့ပါ။

ဒါပေမယ့် ထူးထူးဆန်းဆန်းကြီး သူ့ရဲ့ဒီလိုအမှားက အတော်ကိုထိရောက်လို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ တစ်ကိုယ်လုံးတောင့်တင်းလို့သွားခဲ့ပြီ သူ့ရဲ့မျက်ရည်ရစ်၀ဲနေတဲ့မျက်လုံးတွေက ပျောက်ကွယ်လို့သွားပါတော့တယ်။ အခုအချိန်မှာ ထိတ်လန့်တဲ့အမူအရာကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ၀မ်သုန့်က အားအများကြီးမသုံးခဲ့ပေမဲ့ သူ့ကိုအိပ်မက်မက်နေရာကနေ လန့်နိုးသွားစေခဲ့ပါတယ်။

” မင်းဘာတွေလုပ်နေတာလဲ ”

ဟို့ယွိဟောင်က အထိတ်တလန့်နဲ့မေးလိုက်ပါတော့တယ်။ ၀မ်သုန့်ကတော့ ဘာမှမဖြစ်ခဲ့တဲ့အတိုင်း ပြန်ဖြေလိုက်တယ်။

” မင်းကိုနိုးလိုက်တာလေ ”

” ဒါဆိုရင်မင်းကိုရော ငါနိုးဖို့အတွက် မင်းရဲ့အစိတ်အပိုင်းတစ်ခုခုကို ငါလာဆွဲပေးရမှာလား ”

” အပိုတွေပြောမနေစမ်းနဲ့ ”

ဒီလိုဖြစ်သွားခဲ့ပေမဲ့ ဟို့ယွိဟောင်ရဲ့စိတ်ကတော့ တည်ငြိမ်လို့သွားခဲ့ပါပြီ။ သူ့နဲ့၀မ်သုန့်တို့က နောက်ဆုံးမှာရပ်နေခဲ့တဲ့အတွက်သူတို့ရဲ့အပြုအမူတွေက သတိထားခံရဖို့ခက်ခဲပါတယ်။ ဒီတစ်ကြိမ်မှာ ထိုက်ယွဲ့ဟန်က မတ်တပ်ထရပ်လိုက်ရင်း ကျားဖြူမြို့စားမင်းကို စကားတချို့ပြောလိုက်တယ်။

အဲ့ဒီနောက် ကျားဖြူမြို့စားမင်းက ပြုံးပြရင်းနဲ့ သူတို့ကိုပြောတော့တယ်။

” ဆရာ၀မ်ယန်နဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ပါရမီရှင်ကျောင်းသားတွေအားလုံး မင်္ဂလာပါ ”

အပိုင်း ၇၁•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset