Switch Mode

Chapter – 70.1

ပျံသန်းရေး အမျိုးအစား ၀ိညာဥ် လက်နက်

အပိုင်း ၇၀•၁

” ပျံသန်းရေးအမျိုးအစား ၀ိညာဥ်လက်နက် ”
°°°
ဟို့ယွိဟောင်ရဲ့နှလုံးသားတစ်ခုလုံး ချက်ချင်းဆိုသလို အေးစက်လို့သွားပါတော့တယ်။ အမှန်ပါပဲ အကယ်၍ သာမန်လူတွေကသာ ၀ိညာဥ်လက်နက်တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ခဲ့မယ်ဆိုရင် အဆင့်အနှိမ့်ဆုံး၀ိညာဥ်လက်နက်ကို အသုံးပြုနိုင်တာနဲ့တင် စစ်သည်တော်တစ်သောင်းရှိတဲ့စစ်တပ်ကို သေချာပေါက် အားဖြည့်ပေးနိုင်မှာပါ။ ဒီလိုကိစ္စမျိုးက ဘယ်လောက်တောင် ကြောက်စရာကောင်းလိမ့်မလဲ။

” အစ်ကိုကြီး ကျွန်တော်တို့ရဲ့ ထန်မျိုးနွယ်ဘာကြောင့် ကျဆင်းသွားရလဲဆိုတာ ရှင်းပြပေးနိုင်မလား ဘယ်လိုပဲဖြစ်ဖြစ် သာမန်လူတွေက ၀ိညာဥ်လက်နက်တွေကို မသုံးနိုင်ဘူးလေ ဒါပေမယ့် ကျွန်တော်တို့ရဲ့လူလုပ်ထားတဲ့လျှို့၀ှက်လက်နက်ပုန်းတွေက ၀ိညာဥ်စွမ်းအားကိုသုံးစရာမလိုဘူး ”

ပျံသန်းဖို့ကြိုးစားနေခဲ့တဲ့ ပေ့ပေ့ကတော့ ဟို့ယွိဟောင်ရဲ့စကားကိုကြားချိန်မှာ သက်ပြင်းချလိုက်ပါတယ်။

” သူတို့တွေက နေရာအစားထိုးယူသွားခဲ့တာလေ ဒါ့အပြင် စစ်တပ်တွေက အကောင်းဆုံးအဝေးပြစ်လက်နက်တွေကို လိုအပ်နေတယ်…သူတို့မှာလဲ လေးတွေမြားတွေရှိနေသေးတာပဲ ငါတို့ရဲ့လက်နက်ပုန်းတွေက အနီးကပ်အကွာအဝေးအတွက်ပဲ သက်ရောက်နိုင်တယ်…ဒါ့အပြင် သူတို့ကို အသုံးပြုတဲ့ပစ္စည်းတွေရဲ့အရည်အသွေးတွေကြောင့် ထုတ်လုပ်တဲ့အချိန် ကုန်ကျစရိတ်ကလဲ မြင့်မားလွန်တယ်..ဒါကြောင့်သာ စစ်တပ်တွေက ငါတို့ရဲ့လက်နက်တွေကို မသုံးကြတာပဲ အတိတ်အချိန်မှာ ငါတို့ရဲ့ လျှို့၀ှက်လက်နက်ပုန်းတွေကို မျိုးနွယ်စုတွေကြီးဆီရောင်းချတယ်..ဒါပေမယ့် သူတို့တွေက ၀ိညာဥ်လက်နက်တွေကိုပဲ ပြောင်းပြီသုံးနေတာ အတော်ကိုကြာသွားပြီ ”

ဟို့ယွိဟောင်လဲ ရုတ်တရက်ဆိုသလို စိတ်ထဲမှာ အတွေးအမြင်အသစ်တွေ ၀င်လာပါတော့တယ်။ ဒါပေမယ့် ဒီအတွေးအမြင်အကြောင်းကို သူမပြောနိုင်သေးပါဘူး။

” ယွိဟောင် ဒီကိုလာခဲ့ငါတို့ရဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်ကို စမ်းသပ်ကြရအောင် တပ်ဆင်တာကတော့ အတော်လေးချောမွေ့မှာပါ လာခဲ့ငါမင်းကို ကူညီပေးမယ် ”

ပြောပြီတာနဲ့ ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်ရဲ့လက်ကိုဆွဲပြီ အဖြူရောင်အလင်းတန်းနှစ်ခုကို ထုတ်လွှတ်ရင်းနဲ့ နှစ်ယောက်စလုံးလေထဲကို တက်သွားပါတော့တယ်။

မြေပြင်ကနေခွာပြီလေပေါ်ကိုတက်သွားခဲ့ရတဲ့ခံစားချက်က ထူးခြားပါတယ်။ ဒါ့အပြင် ကြောက်စရာလဲကောင်းနေခဲ့တယ်။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်ရဲ့ ပထမဆုံးပျံသန်းမှုက ဒီလိုစတင်ခဲ့ပါပြီ။ မာရှောင်ထောင့်ကတော့ ရှောင်းရှောင်းကိုပျံသန်းဖို့အတွက် ကူညီပေးနေခဲ့ပါတယ်။ ရှောင်းရှောင်းဖက်မှာကတော့ အာခေါင်ကျစ်ပြီအော်ဟစ်သံတွေက ဆက်တိုက်ဆိုသလိုထွက်ပေါ်လို့နေခဲ့တယ်။

ပျံသန်းရေး၀ိညာဥ်လက်နက်တစ်ခုကို အသုံးပြုဖို့အတွက် ပထမအတွေးကိုစုစည်းထားရမှာပါ။ အဲ့ဒီနောက် ၀ိညာဥ်စွမ်းအားကို နောက်ကျောဖက်မှာရှိတဲ့ ၀ိညာဥ်လက်နက်ဗဟိုချက်ဆီတွန်းပို့ပြီ ပေါက်ကွဲတဲ့စွမ်းအားကို ထုတ်လွှတ်ရပါလိမ့်မယ်။ ဒါ့အပြင် အတောင်ပံရဲ့ အရွယ်အစားကိုထိန်းချုပ်ဖို့အတွက် ခလုတ်တချို့လဲရှိနေခဲ့သေးတယ်။ ကြီးမားတဲ့ အတောင်ပံတွေက ပိုပြီးမြန်မြန်ဆန်ဆန်ပျံသန်းနိုင်ဖို့ ကူညီပေးမှာမဟုတ်ပါဘူး။ လေစီးကြောင်းအတိုင်း ပျံသန်းနိုင်မှသာ အဆင်ပြေမှာပါ။ အသုံးပြုသူက ပုံမှန်အနေအထားကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် သေချာပေါက် အောက်ပြုတ်ကျသွားမှာမဟုတ်ပါဘူး။

ဟို့ယွိဟောင်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့တဲ့အတွက် ၀ိညာဥ်လက်နက်တစ်ခုကို ထိန်းချုပ်ရတာက သူ့အတွက်တော့ စိန်ခေါ်မှုတစ်ခုမဟုတ်ခဲ့ပါဘူး။ လက်ရှိအချိန်မှာ သူ့အနေနဲ့ ဟန်ချက်ညီညီဘယ်လိုထိန်းရမလဲဆိုတာ သင်ဖို့သာလိုအပ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ သူလုံး၀ကိုစိတ်မငြိမ်နိုင်ခဲ့ပါဘူး။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲကျောက်စိမ်းဧကရီတို့က သူ့ရဲ့စိတ်ထဲမှာ ဆက်တ်ိုက်စကားပြောနေခဲ့လို့ပါပဲ။

” လူတွေက တကယ်ဒီလိုမျိုး တီထွင်းနိုင်တယ်ပေါ့ ဒါက အတောင်ပံတစ်စုံပေါက်လာတာနဲ့ အတူတူပဲမဟုတ်လား ”

ရေခဲဧကရီက ပြောလာခဲ့ပါတယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလိုက်တယ်။

” လူသားတွေက ငါတို့မင်းတို့လို ၀ိညာဥ်သားရဲကောင်တွေနဲ့မတူညီပဲ တိုက်ကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်တာ သူတွေရဲ့တီထွင်းဖန်တီးနိုင်စွမ်းကြောင့်ပဲလေ ငါမဟာကြယ်တာရာသစ်တောထဲမှာ ရှိနေတဲ့အချိန်တုန်းက ပိုအားကောင်းတဲ့၀ိညာဥ်လက်နက်တွေကို မြင်ခဲ့ဖူးတယ်…အဲ့ဒီလက်နက်တွေက အရမ်းကိုကြောက်စရာကောင်းလွန်လို့ နှစ်တစ်သိန်းသားရဲကောင်တွေတောင် သူတို့ကိုတိုက်ရိုက်ရင်မဆိုင်၀ံ့ဘူး ”

ရေခဲဧကရီက အထီးကျန်နေတဲ့အသံနဲ့ ပြောလာခဲ့ပါတယ်။

” လူသားတွေရဲ့ဘ၀က ၀ိညာဥ်သားရဲကောင်တွေထက် အများကြီးပိုပြီး အရောင်စုံတောက်ပနေတာပဲ ငါရှင်သန်ခဲ့တာ နှစ်ပေါင်းလေးသိန်းနီးပါးရှိပြီဖြစ်ပေမဲ့ ငါရဲ့မှတ်ဉာဏ်ထဲမှာ ရေခဲတွေနှင်းတွေကလွဲပြီဘာမှမရှိဘူး ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကိုခပ်မြန်မြန်နှစ်သိမ့်လိုက်ပါတယ်။

” အခုဆိုကိစ္စတွေက ကွာခြားသွားပြီမဟုတ်လား မင်းဆုံးဖြတ်ချက်မှန်ကန်တယ်ဆိုတာကို အခုကိစ္စကသက်သေပြနေတာပဲလေ ငါတို့တွေ ယွိဟောင်ကြီးပြင်းလာတာကိုစောင့်ကြည့်ရင်း ပိုပြီးစိတ်၀င်စားစရာကောင်းတဲ့ကိစ္စတွေကို တွေ့လာရမှာပါ ကံမကောင်းစွာနဲ့ပဲ ငါတို့တွေသူ့ကို ဒီအတိုင်းအလိုလိုက်ထားလို့မဖြစ်ဘူး..ငါတို့လုပ်နိုင်မယ်ဆိုရင် သူ့ကိုမြန်မြန်ပိုအင်အားကြီးလာအောင် ကူညီရမယ် ”

ရေခဲဧကရီက သက်ပြင်းချလိုက်ပါတယ်။

” ဒါလဲကောင်းတာပဲ လက်ရှိအချိန်မှာ နှင်းဧကရီဘာတွေလုပ်နေလဲဆိုတာ ငါမသိသေးဘူး..သူ့ရဲ့အခြေအနေကလဲ ငါရဲ့အရည်အချင်းတွေနဲ့သိပ်ပြီ မကွာမှာတော့သေချာတယ်..တကယ်တော့ ငါထက်တောင်ပိုပြီး သူကအန္တရာယ်များသေးတယ်…သူ့အနေနဲ့ နောက်ထပ်အဆင့်ကျော်တိုးတက်မှုကို မဖြတ်သန်းနိုင်မှာ ငါတကယ်စိုးရိမ်မိတယ် ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလိုက်ပါတယ်။

” ငါတို့တွေပြန်သွားပြီ နှင်းဧကရီကို သိမ်းသွင်းကြည့်ရင်းကော ဘယ်လိုလဲ ”

” အကယ်၍ နင်သေချင်ဆိုရင်တောင် ငါ့ကိုလာပြီ အဖော်ညှိမနေနဲ့ ”

ရေခဲဧကရီက ပြောလိုက်ပါတယ်။

” နင်ကိုယ်နင် သူ့ကိုသွားပြီ တောင်းဆိုလို့ရမယ်များထင်နေလား အဲ့ဒီအချိန်မှာ နင်ငါ့ကိုခြိမ်းခြောက်ပြီ ဖမ်းဆီးခဲ့တာကြောင့်သာမဟုတ်ရင် ငါဒီလိုမထိန်းချုပ်နိုင်တဲ့လမ်းမျိုးကို ရွေးချယ်ရလိမ့်မယ်လို့ မထင်ထားဘူး…နှင်းဧကရီက ငါထက်တောင်ပိုပြီး စိတ်ဆန္ဒတွေကို ထိန်းချုပ်နိုင်သေးတယ်..ဒါ့အပြင် သူကမြောက်၀င်ရိုးစွန်းရဲ့ တကယ်အရှင်သခင်အစစ်ပဲ သူ့လိုလူမျိုးက လူသားတစ်ယောက်ဆီမှာ ဒီလိုမျိုးတွယ်ကပ်နေဖို့ဆိုတာ ဖြစ်နိုင်မယ်လို့ထင်နေတာလား ”

ရေခဲဧကရီရဲ့စကားကိုကြားချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သနားစရာကောင်းလောက်အောင် ရယ်မောလိုက်ပါတယ်။

” ဒါကလုံး၀မဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ အကယ်၍ သူသာငါကို သဘောကျနှစ်သက်သွားမယ်ဆိုရင် သူလဲငါနဲ့အတူတူ စွန့်စားဖို့စိတ်ရှိချင်ရှိလာမှာပေါ့ ”

” နင့်မှာတကယ်အရှက်တစ်စက်မှရှိမနေဘူးပဲ ငါသတိမပေးဘူးလို့မပြောနဲ့ ဧရာမနှင်းနတ်ဆိုးဘုရင်က နှင်းဧကရီကို ပထမဆုံးစပြီ မေတ္တာတောင်းခံတဲ့အချိန် ဘာတွေဖြစ်သွားလဲနင်သိလား သူ့ခန္ဓာကိုယ်ထဲမှာရှိသမျှ အရိုးတွေအချိုးခံလိုက်ရုံတင်မကဘူး ဦးခေါင်းရိုးပါကွဲသွားသေးတယ်..သူ့ရဲ့အင်အားကိုပြန်ရဖို့အတွက် နှစ်ပေါင်းတစ်ထောင်ကျော်ကျော်ကြာအောင် ကုသခဲ့ရသေးတယ်…ဒါတောင်မှ သူပိုင်ဆိုင်ထားတဲ့ ရေခဲနတ်ဘုရားရဲ့သွေး​ကြောင့်သာ သူအသက်ရှင်ခွင့်ပြုဖို့ နှင်းဧကရီဆုံးဖြတ်လိုက်တာကြောင့် အဲ့ဒီလိုဖြစ်ခဲ့တာ အကယ်၍ နင်သာနှင်းဧကရီရဲ့လက်ထဲမှာ ဂျယ်လီတွေလိုမျိုးအဖြစ်ခံချင်တယ်ဆိုရင်တော့ သွားပြီတောင်းဆိုကြည့်ပေါ့ ဒါပေမယ့် အရင်ဆုံးဒီနေရာကနေ ခပ်ဝေးဝေးထွက်သွားလိုက်စမ်း ”

” ငါကစနောက်နေတာပါ ဒီလောကမှာငါအနှစ်သက်ဆုံးတစ်ယောက်တည်သောသူက မင်းတစ်ယောက်ပဲလေ နှင်းဧကရီအကြောင်းကို ဘယ်သူကများ ဂရုစိုက်နေဦးမှာလဲ သူက တိမ်တွေထဲကလူလိုပဲ လုံး၀တိမ်တွေထဲကလူလိုပဲ တိမ်တွေထဲမှာသူလွှင့်နေသလိုပါပဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အရမ်းကိုသနားကောင်းတဲ့လေသံနဲ့ ပြောလာခဲ့ပါတယ်။

ရေခဲဧကရီကတော့ နှာခေါင်းရှုံ့နေခဲ့တယ်။

” နင်ရဲ့မကောင်းတဲ့စိတ်၀ိညာဥ်စွမ်းအားတွေအားလုံး ငါဆီကနေဖယ်ထားလိုက်စမ်း နှင်းဧကရီက သူ့ရဲ့မူလအတွင်းစွမ်းရည်ကို အသုံးချပြီ အစိုင်အခဲတွေကို ဖန်တီးနိုင်တယ်..ဒါ့အပြင် များပြားတဲ့ကပ်ဆိုးတွေကိုလဲ ကျော်ဖြတ်ပြီးသွားပြီ အကယ်၍ ငါမမှားဘူးဆိုရင် အခုအချိန် သူ့ရဲ့ခုနှစ်မြောက်နတ်ဆိုးက အတော်ကိုနီးကပ်နေမှာပဲ သူအောင်မြင်ဖို့မျှော်လင့်ပါတယ် ”

သူတို့တွေစကားပြောနေကြချိန်မှာပဲ ဟို့ယွိဟောင်က ပျံသန်းရေးအမျိုးအစား ၀ိညာဥ်လက်နက်ကို စတင်ထိန်းချုပ်နေခဲ့ပါပြီ။ ဒါ့အပြင် စိတ်၀ိညာဥ်ထောက်လှမ်းရေးရဲ့ အကူအညီနဲ့ အံ့ဩစရာကောင်းတဲ့ ခံစားချက်တွေအတွေ့အမြင်တွေကို တွေ့ကြုံရပါတော့တယ်။ သူအနေနဲ့ လေစီးကြောင်းအပြောင်းအလဲတွေကို ရှင်းရှင်းလင်းလင်းအာရုံခံနိုင်နေခဲ့ပြီ အတောင်ပံတွေရဲ့ထောင့်ကို အမြန်ဆုံးနဲ့အတိကျဆုံးပြောင်းလဲပြီတုန့်ပြန်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တန်းတန်းမတ်မတ်ပျံသန်းနိုင်ဖို့အတွက် အချိန်ခဏတာသာ သူစမ်းသပ်ဖို့လိုအပ်ခဲ့တယ်။ အဲ့ဒီနောက် လေထဲမှာသူတစ်စောင်းစပြီ ပျံသန်းနေခဲ့ပါပြီ။ တခြားတစ်ဖက်မှာ ရှောင်းရှောင်းကတော့ အောက်ဖက်ကိုပြုတ်ကျတာသုံးခါတိတိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ မာရှောင်ထောင့်ကြောင့်သာမဟုတ်ရင် သူမအနေနဲ့ အစောကြီးကထဲက အစိတ်စိတ်အမွှာမွှာဖြစ်နေမှာပါ။

ပေ့ပေ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့တောင်မှ ပထမဆုံးပျံသန်းမှုကို စမ်းသပ်နေရင်း အတော်ကိုတုန်ရီနေခဲ့ကြပါတယ်။ သူတို့တွေအတွေ့အကြုံရှိနေခဲ့ပေမဲ့ ဒီလိုအသုံးချဖို့ကို ရင်းနှီးလာဖို့အချိန်ကလိုအပ်နေသေးတာပါ။

ကောင်းမွန်တဲ့ကိစ္စတွေဆိုတာက လူတစ်ယောက်ထဲမှာဖြစ်ပေါ်နိုင်တဲ့အရာမဟုတ်ပါဘူး။ မကြာခင်မှာပဲ တခြားသူတွေလဲ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းရေးအကူအညီကို ရရှိကြပါတော့တယ်။ နှစ်နာရီနီးပါးလေ့ကျင့်ပြီတဲ့နောက်အားလုံးကလဲ လေထဲမှာရပ်နိုင်သွားကြပါပြီ။ ဒီအခြေအနေကိုရောက်ပြီချိန်မှာတော့ သူတို့ရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကို တရားထိုင်ရင်းပြန်လည်ကောင်းမွန်အောင် လုပ်ကြပါတော့တယ်။ အဲ့ဒီနောက် နောက်တစ်ကြိမ်ထပြီးပျံသန်းကြတယ်။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုအကူအညီကို ရရှိနိုင်ဖို့အတွက် အပြင်နယ်မြေရဲ့တပည့်သားတွေအားလုံးက သူ့နောက်မှာစုဝေးနေခဲ့ကြတယ်။ ၀မ်ယန်ကတော့ သူတို့ရဲ့အထက်မှာရှိနေခဲ့ပါပြီ။ အကြီးအကဲရွှမ်ကတော့ နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ်လို့သွားပါတော့တယ်။ မာရှောင်ထောင့် ဦးဆောင်မှုနဲ့အတူ အတွင်းနယ်မြေရဲ့တပည့်သားခုနှစ်ယောက်ကတော့ ဗွီရှိတ်ပုံသဏ္ဍာန်ပျံသန်းလို့နေခဲ့ရင်း အရှိန်အဟုန်ပြည့်ပြည့်နဲ့ ဦးဆောင်လို့နေခဲ့တယ်။

ပျံသန်းမှုရဲ့အကောင်းဆုံးအကျိုးရလဒ်ကတော့ နယ်မြေရဲ့အတားအဆီးတွေကို မခံရတာပါပဲ။ ဒါ့အပြင် သွားလိုရာနေရာကို အတိုဆုံးလမ်းနဲ့ရောက်နိုင်ပါတယ်။ သူ့ရဲ့အစ်ကိုကြီး အစ်မကြီးတွေ ဘယ်လိုများ ဒီအရာကိုသည်းခံပြီ လမ်းကြောင်းရှာနိုင်လဲဆိုတာတောင် မသိခဲ့ပါဘူး။ ဒါပေမယ့် အခုလက်ရှိအချိန်မှာကတော့ သူ့ရဲ့အဖွဲ့သားတွေကိုကူညီဖို့ စိတ်၀ိညာဥ်ထောက်လှမ်းရေးကို သူကတော့အသုံးချနေခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်က လုံး၀ကိုခွဲခြားလို့မရနိုင်ခဲ့ပါဘူး။ ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့အောက်မှာပျံသန်းလို့နေခဲ့ပါတယ်။ တခြားတစ်ဖက်မှာ ဟို့ယွိဟောင်ကအတောင်ပံတွေကိုဖြန့်ထားရင်း ၀မ်သုန့်ရဲ့လည်ပင်းကို ကိုင်ထားခဲ့တယ်။

သူတို့တွေဒီအတိုင်းစတင်ပျံသန်းချိန်ကစလို့ တခြားသူတွေရဲ့မေးခွန်းထုတ်တာကို ခံရပါတော့တယ်။ ဒါပေမယ့် သူတို့တွေကတော့ ဟောင်သုန့်စွမ်းအားအကြောင်းကိုမပြောကြပါဘူး။ ရလဒ်အနေနဲ့ တခြားသူတွေရဲ့စိတ်ထဲမှာ ထူးဆန်းတဲ့မေးခွန်းတွေကသာ အပြည့်ဖြစ်ကုန်ကြပါတော့တယ်။

အပိုင်း ၇၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset