Switch Mode

Chapter – 69.3

မိစ္ဆာ ၀ိညာဥ် ပညာရှင်

အပိုင်း ၆၉•၃

” မိစ္ဆာ၀ိညာဥ်ပညာရှင် ”
°°°
ပေ့ပေ့က ပြန်ဖြေလိုက်ပါတယ်။

” ဘာကြောင့်လဲဆိုတော့ ငါက ပိုကြီးလို့လေ ”

” မဟုတ်တရမ်းတာတွေ ”

ရှုစန်းရှီက ချက်ချင်းဆိုသလို ခြေထောက်ကိုဆောင့်လိုက်ရင်းနဲ့ ကန်တော့မဲ့ပုံစံပြုရင်းပြောလိုက်ပါတော့တယ်။

” ဒီဖေဖေကြီးက မင်းကကြီးလို့လား ”

ပေ့ပေ့က သူ့ရဲ့လက်ခလယ်နဲ့ လက်ညိုးကို ထောင်ပြရင်းပြောလာခဲ့ပါတယ်။

” ပထမဆုံးအနေနဲ့ ငါက ငါ့ကိုယ်ငါအဲ့ဒီလို ပဲစေ့လောက်သတ္တ၀ါတွေနဲ့မယှဥ်ဘူး ”

အဲ့ဒီလောက် သူ့ရဲ့လက်ညိုးကိုပြန်ချလိုက်ပါတော့တယ်။ သူ့ရဲ့လက်ခလယ်ကသာ ထောင်လျက်သားကျန်ရစ်ခဲ့တယ်။

” ဒုတိယအနေနဲ့ ငါက ငါ့အသက်ကိုပြောနေတာ ”

” ငါလုံး၀သည်းမခံနိုင်တော့ဘူး ”

ရှုစန်းရှီက နောက်ဆုံးမှာတော့ အစွယ်တွေကိုဖြဲပြရင်း ပေ့ပေ့ကိုခုန်အုပ်ပါတော့တယ်။ ဒီတစ်ကြိမ်မှာပဲ ဟို့ယွိဟောင်ရဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါပြီ။

” ငှက်သားတွေကျက်ပြီ ”

လူသားတစ်ယောက်အတွက် မြင်းငါးကောင်ဆွဲဖြဲတာကို ခံရတာကဘ၀ထဲမှာ ကြုံဖူးသမျှထဲ ကြောက်စရာအကောင်းဆုံးနှိပ့်စက်မှုတစ်ခုပါပဲ။ ဒါပေမယ့် လက်ရှိအချိန် ငှက်နှစ်ကောင်ကိုလူဆယ်ယောက်နီးပါးခွဲဝေစားသောက်ဖို့ဆိုတာက ပိုပြီးခက်ခဲတဲ့ကိစ္စပါ။

ဟို့ယွိဟောင်ပြောလိုက်တဲ့အချိန်မှာပဲ ငှက်တွေအားလုံးက ဆွဲဖြဲခံလိုက်ရပြီ မျှဝေခံလိုက်ရပါတော့တယ်။ ဒါက ၀ံပုလွေတွေအများကြီးရှိပြီ အသားနည်းလွန်တယ်ဆိုတဲ့ကိစ္စကတင် အဓိကဥပမာတစ်ခုပါပဲ။ ရယ်စရာကောင်းတဲ့ကိစ္စကတော့ ဟို့ယွိဟောင်အနေနဲ့ အစာစားတဲ့အချိန်မှာတောင် သူ့ရဲ့အစ်ကိုကြီးတွေ အင်အားကြီးယှဥ်ပြိုင်နေတာကို မြင်နေရတဲ့ကိစ္စပါပဲ။

မာရှောင်ထောင့်က အသန်မာဆုံးသူဖြစ်နေခဲ့လို့ အမြန်ဆုံးသူလဲဖြစ်ပါတယ်။ ဒါကြောင့် သူမက အရင်ဆုံးလှုပ်ရှားလိုက်တာပါ။ ထိုက်ယွဲ့ဟန်ကလဲ သူမထက်သိပ်ပြီး မနှေးကွေးခဲ့ပါဘူး။ သူတို့တွေက အရင်ဆုံးအသားကောင်းကောင်းတွေကို ရလိုက်ပါတော့တယ်။ ကျန်တဲ့သူတွေကတော့ နောက်ထပ်ရှိတဲ့ ငှက်တစ်ကောင်ကိုသာ ခွဲရတာပါ။

ရှုစန်းရှီကတော့ အဆိုးဆုံးပါပဲ။ သူကအရမ်းကိုနှေးကွေးတဲ့ ခုခံရေးအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် ငှက်ခေါင်းကိုသာရလိုက်ပါတယ်။

ဒါပေါ့ သူ့ထက်ဆိုးတဲ့သူတွေလဲ ထပ်ရှိနေပါသေးတယ်။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့လို ကျင့်ကြံဆင့်အနှိမ့်ဆုံးသူတွေကတော့ ဘာကိုမှမရခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်လဲ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့ဆွဲယူသွားခဲ့တဲ့ ငှက်ကင်ဆီကနေ ငှက်အတောင်ပံတွေနဲ့ ငှက်ခြေထောက်တွေကိုတော့ ပြန်ဆွဲလာခဲ့ပါသေးတယ်။

၀ံပုလွေတွေများလွန်ပေမဲ့ အစားအသောက်ကမလောက်ပါဘူး။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့အလုပ်က ပိုပြီးများလာခဲ့ပါတယ်။ ငါးတွေကိုချက်ချင်းမကင်ခဲ့ပါဘူး။ အဲ့ဒီအစား လင်းလော့ချန်ကို ရေခဲတွေအသုံးပြုပြီး သစ်သားမီးဖိုကို မီးညှိခိုင်းလိုက်ပါတယ်။ အဲ့ဒီနောက် မာရှောင်ထောင့်ကို ရေခဲတွေအရည်ပျော်ပြီ ဆူပွက်လာတဲ့အထိ အပူပေးစေလိုက်တယ်။ နောက်မှသာ ချန်ကျစ်ဖုန်းယူလာခဲ့တဲ့ မှိုတွေကို အဲ့ဒီရေနွေးပူပူတွေထဲထည့်ပြီ ငါးနှစ်ကောင်ကိုလဲ ပြစ်ထည့်လိုက်ပါတယ်။

မာရှောင်ထောင့်ရဲ့လက်ရှိရုပ်သွင်က နိုင်ငံတစ်နိုင်ငံကို ပြောင်းပြန်လှန်းပြစ်ဖို့အတွက်တောင် သေချာပေါက် လုံလောက်နေပါပြီ။ တစ်ဖက်မှာသူက သူ့ရထားတဲ့ကြက်ကင်ရဲ့တစ်၀က်ကို အားရပါးရစားနေရင်း နောက်လက်တစ်ဖက်မှာကတော့ မီးဖိုကိုသူ့ရဲ့မီးတွေနဲ့ အစွမ်းကုန်အပူပေးလို့နေခဲ့ပါတယ်။ သူ့ရဲ့မီးကိုထိန်းချုပ်နိုင်စွမ်းက လင်းလော့ချန်ရေခဲကို ထိန်းချုပ်နိုင်တာထက် လုံး၀ကိုမလျော့ကြခဲ့ပါဘူး။ မီးဖိုထဲမှာရှိနေခဲ့တဲ့ ရေတွေအားလုံးကစတင်ပြီ ဆူပွက်လာပါတော့တယ်။ သူမရဲ့သတိကြီးကြီးနဲ့ထိန်းချုပ်မှုကြောင့် မီးဖိုရဲ့အပြင်ပိုင်က မဲနက်လို့ရုံသာမဲနက်လို့သွားခဲ့ပြီ မီးကျွမ်းမဲ့ပုံစံမျိုးတော့ မပြခဲ့ပါဘူး။

ဟို့ယွိဟောင်က ငါးကင်တဲ့အချိန်မှာ မီးကိုထိန်းချုပ်မှုအင်မတန်ကောင်းမွန်လှပါတယ်။ ဒီမီးဖိုကြီးက သူ့အတွက် ငါးလေးကောင်ကို တစ်ပြိုင်နက်ထဲကင်ဖို့ လုံလောက်နေခဲ့တယ်။

မကြာခင်အချိန်မှာပဲ မွှေးပျံ့တဲ့အနံ့တွေက ပျံ့လွှင့်လို့လာခဲ့ပါပြီ။ ဒီအချိန်မှာပဲ ၀ဖြိုးတဲ့သမင်ကင်ကလဲ ကျက်သွားပါတော့တယ်။ အစားအသောက်နဲ့ ပတ်သက်လာခဲ့ရင်း သိပ်ပြီးတောင်းဆိုမှုမရှိခဲ့တဲ့ ဆရာ၀မ်ယန်တောင်မှ သမင်သားကင်ရဲ့အနံ့ကြောင့် အတော်လေးကို စိတ်လှုပ်ရှားလာပါတော့တယ်။ သူက အိတ်တချို့ကိုထုတ်ယူလာခဲ့ပါပြီ။ ဒီအိတ်တစ်ခုချင်းဆီတိုင်းမှာလဲ အနက်ရောင်အစားအသောက်ပစ္စည်းတွေ ပါနေခဲ့ပါတယ်။ အဲ့ဒီနောက် ရှိသမျှလူတွေအားလုံးကို ကမ်းပေးလိုက်တယ်။

ဒါတွေကတော့ အတွင်းနယ်မြေတပည့်သားတွေ အလုပ်တာ၀န်ထမ်းဆောင်ချိန်တိုင်းမှာ ပုံမှန်စားလေ့စားထားရှိတဲ့ ကြိုတင်ပြင်ဆင်ရေးအစားအသောက်တွေပါပဲ။ သူတို့တွေက အဓိကအားဖြင့်ဆေး၀ါးပစ္စည်းမျိုးစုံနဲ့ လုပ်ထားခဲ့တာပါ။ ဒါ့အပြင် အရမ်းကိုအာဟာရပြည့်၀တဲ့ အရည်အသွေးမြင့်ကုန်ပစ္စည်းတွေလဲ ပါ၀င်လို့နေခဲ့ပါတယ်။ ဒီအစားအသောက်တွေအားလုံးက အာဟာရအရမ်းကို ပြည့်၀ရုံတင်မက အချိန်တိုလေးအတွင်းမှာပဲ ခန္ဓာကိုယ်ရဲ့စွမ်းအားတွေကို ပြန်လည်မြင့်တင်စေခဲ့ပါတယ်။ ဒါကြောင့်သာ အတွင်းနယ်မြေရဲ့တပည့်သားတွေအတွက် အရမ်းကိုအသုံး၀င်ခဲ့တာပါ။ ဒီအစားအသောက်တွေမှာ ပြဿနာတစ်ခုသာရှိပါတယ်။ ဒါကတော့ အရသာသိပ်မကောင်းတာပါပဲ။

၀မ်ယန်ဒါတွေကို ထုတ်ယူလာပုံအရ သူတို့ရဲ့လက်ရှိတာ၀န်က တကယ်ကိုခက်ခဲမှာပါ။ သူ့အနေနဲ့ အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် ထမ်းဆောင်ရင်တိုက်ကြီးရဲ့ပြိုင်ပွဲကို သွားရောက်ဖို့လိုရုံတင်မက ကျောင်းသားတွေကိုလဲ ထိန်းသိမ်းစောင့်ရှောက်ရမှာပါ။ အကြီးအကဲရွှမ်လိုလူမျိုးက သူ့ရဲ့စရိုက်နဲ့ဆိုရင် ဒီလိုကိစ္စတွေအားလုံးကို ဘယ်လိုလုပ်လုပ်နိုင်မှာလဲ။ သူ့ရဲ့တည်ရှိမှုကတော့ ကျောင်းသားတွေအတွက် အထောက်အကူအဖြစ်သာ ရှိနေမှာပါ။

နေ့လည်စာကိုပျော်ပျော်ကြီးစားပြီတဲ့နောက် သူတို့တွေ ပြန်ထွက်ခွာဖို့လုပ်ကြပါတော့တယ်။ အစတုန်းက တစ်နာရီနှစ်နာရီလောက်သာနားဖို့ စဥ်းစားထားခဲ့ပေမဲ့ အဆုံးသတ်မှာတော့ သုံးနာရီနီးပါးအနားယူခဲ့ကြတယ်။ အားလုံးက ဗိုက်ကိုပြည့်ကားသွားတဲ့အထိ စားပြီခဲ့ပါပြီ။ ငါးရဲ့အရွယ်အစားရော ဟို့ယွိဟောင်ရဲ့ ချက်ပြုတ်ရေးနည်းစနစ်တွေက အားလုံးရဲ့အစာအိမ်ကို ဖြည့်တင်းပြီစိတ်ကျေနပ်မှုရစေခဲ့ပါတယ်။ အကုန်လုံးစားသောက်ပြီတဲ့နောက် အတွင်းနယ်မြေရဲ့ အစ်ကိုကြီး အစ်မကြီးခုနှစ်ယောက်နဲ့အတူ အပြင်နယ်မြေကျောင်းတော်သားခုနှစ်ယောက်ကလဲ အတူတူပြန်စုဝေးလိုက်ကြပါတော့တယ်။ လက်ရှိအချိန် သူတို့ရဲ့ ဆက်ဆံရေးက အတော်လေးတိုးတက်လာခဲ့ပါပြီ။ ဒါကတော့ ဟို့ယွိဟောင်အနေနဲ့ ပိုပြီးမှန်ကန်ပါတယ်။ သူကတော့ အတော်လေးကို အာရုံစိုက်ခံနေရပြီဖြစ်ပါတယ်။

ငါးနဲ့မှိုတွေရောထားခဲ့တဲ့ စွတ်ပြုတ်ကလဲ အတော်လေးအရသာရှိလှပါတယ်။ ဟို့ယွိဟောင်က ဆားနည်းနည်းလေးသာ ထည့်လိုက်ပေမဲ့ စွတ်ပြုတ်ရဲ့အရသာကအတော်ကို ကောင်းနေခဲ့တယ်။ ရယ်စရာကောင်းတဲ့အရာကတော့ ငါးလေးကောင်နဲ့ယုန်နှစ်ကောင်ကိုစားပြီသားဖြစ်တဲ့ အကြီးအကဲရွှမ်က သူ့ရဲ့စွတ်ပြုတ်ကိုတောင် ကုန်အောင်မသောက်နိုင်တာပါပဲ။ ဒါပေမယ့် ကြီးမားတဲ့ပန်ကန်ကြီးတစ်လုံးကိုယူလာပြီ သူသောက်လို့မကုန်တဲ့စွတ်ပြုတ်တွေကို အဲ့ဒီပန်ကန်ကြီးထဲထည့်ပြီလဲ သိမ်းသွားပါသေးတယ်။ သူတို့တွေ ခရီးလမ်းမှာဆက်ပြီသောက်ဖို့အတွက် ရည်ရွယ်ထားခဲ့တာပါ။ အားလုံးကလဲ ဒီစကားတချို့ကိုတွေးမိလိုက်ပါတော့တယ်။ စားလို့မကုန်ရင်း သေချာပေါက် အိမ်ပြန်ယူသွားရမယ်ဆိုတာပါ။ ဒါပေမယ့် ယောင်ဟောက်ရွှမ်ဖြစ်တဲ့ကိစ္စကို ပြန်တွေးပြီတဲ့နောက် ဘယ်သူကမှလဲ အဲ့ဒီကိစ္စကိုထုတ်ပြောဖို့မစဥ်းစားကြပါဘူး။

” ယွိဟောင် ဒီတစ်ခေါက်ငါမင်းကိုသယ်သွားမယ်…ငါက ထိုက်ယွဲ့ဟန်ထက်သိပ်ပြီးမနှေးဘူး ”

ယောင်ဟောက်ရွှမ်က ကောက်ကျစ်မှုအပြည့်နဲ့ ပြောလာခဲ့ပါတယ်။

” မင်းမေ့ထားလိုက်စမ်းပါ ”

ချန်ကျစ်ဖုန်းက ၀င်ပြောလာခဲ့တယ်။

” မင်းငါတို့နဲ့ အမီလိုက်နိုင်တာနဲ့တင် ကံကောင်းလွန်နေပြီ အကယ်၍ ငါလိုမျိုးတိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေက သူ့ကိုသယ်သွားမယ်ဆိုရင် ပိုကောင်းတာပေါ့ ညီငယ်လေးမင်းအနေနဲ့ အစ်ကိုကြီးချန်နောက်ကိုလိုက်တာလုံး၀မမှားနိုင်ဘူး..မစိုးရိမ်နဲ့ အနာဂတ်မှာ မင်းလိုသမျှ ဟင်းခတ်အမွှေးအကြိုင်တွေအားလုံးကို ငါကရှာပေးဦးမှာပါ ”

” ရေခဲပညာရှင်ဆိုတာ ရေခဲပညာရှင်နဲ့ပဲပိုပြီးသင့်တော်တယ်လေ…ငါသူ့ကိုခေါ်သွားလို့ရတာပဲ ”

အမြဲတမ်းအေးစက်နေခဲ့တဲ့ လင်းလော့ချန်တောင် မမျှော်လင့်ထားတဲ့အချိန်မှာ ၀င်ပြီစကားပြောလာခဲ့ပါတယ်။ သူမရဲ့စကားသံထွက်ပေါ်လာချိန်မှာတော့ နေရာတစ်ခုလုံးက တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ အတွင်းနယ်မြေထဲမှာ အရမ်းကိုကျော်ကြားလွန်လှပြီ ဘယ်အမျိုးသားတစ်ဦးတစ်ယောက်ကိုမှ စကားကောင်းကောင်းမပြောခဲ့တဲ့ ရေခဲမိန်းမပျိုက အတွင်းနယ်မြေတပည့်သားတွေ ပုံမှန်လုပ်ဆောင်နေကြဖြစ်တဲ့ စီစဥ်ရေးလက်ထပ်ထိမ်မြားမှုကိုတောင် လုံး၀မစတင်ခဲ့ပါဘူး။ ဒါပေမယ့် သူက ဟို့ယွိဟောင်ကိုတော့ မတူညီအောင်ဆက်ဆံနေခဲ့တယ်။

အဆုံးသတ်မှာတော့ ဟို့ယွိဟောင်အနေနဲ့လဲ ထိုက်ယွဲ့ဟန်နဲ့သာ ဆက်ပြီလိုက်သွားရပါတော့တယ်။ သူ့ရဲ့အကြောင်းအရင်းကတော့ ရှင်းလင်းတယ်။ ပထမတစ်ခုကတော့ ထိုက်ယွဲ့ဟန်ရဲ့ မြင့်မားတဲ့အင်အားပါ။ ဒုတိယအနေနဲ့ကတော့ မနက်ပိုင်းတုန်းက သူ့ရဲ့အစီအစဥ်တွေကြောင့်ပါပဲ။

ကျောင်းသားဆယ့်လေးယောက်က တကယ်ကိုမြန်ဆန်လွန်လှပါတယ်။ သူတို့တွေ ဒီလိုအချိန်အကြာကြီးနားနေခဲ့ပေမဲ့ အစာအာဟာရပြည့်ပြည့်၀၀ရရှိခဲ့တဲ့အတွက် နှစ်နာရီကြာပြီချိန်မှာပဲ ထျန်းဟွမ်နိုင်ငံတော်နဲ့ ကြယ်တာရာလော့နိုင်ငံတော်ရဲ့နယ်စပ်ကို ရောက်ရှိလာပါတော့တယ်။ သူတို့တွေ ရောက်ရှိချိန်မှာတော့ ကြီးမားတဲ့စစ်တပ်စခန်းချတဲကြီးတစ်ခုက သူတို့ရှေ့ကို ရောက်လာခဲ့ပါပြီ။

ထိုက်ယွဲ့ဟန်လဲ ဟို့ယွိဟောင်ကို မြေပြင်ပေါ်ချလိုက်ပါတော့တယ်။ အဲ့ဒီနောက် အထဲကိုသူ့ဘာသာသူ ၀င်သွားခဲ့တယ်။ ဟို့ယွိဟောင်လဲ ထိုက်ယွဲ့ဟန် ဘာကြောင့်များမနက်ခင်းမှာ ဒီလောက်အထိ လျှို့လျှို့၀ှက်၀ှက်ရှိနေရလဲဆိုတာ သူတို့မြင်သွားပါတော့တယ်။ သူတို့တွေက ဒီတပ်ဖွဲ့ထဲကိုမ၀င်ခဲ့ပါဘူး။ ဒါပေမယ့် ထိုက်ယွဲ့ဟန်ကတော့ စစ်တပ်သုံးပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်ဆယ်ခုကျော်ကိုငှားရမ်းလာခဲ့ပါတယ်။

အကယ်၍ ၀ိညာဥ်ပညာရှင်တွေ ပျံသန်းချင်တယ်ဆိုရင် ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်မဖြစ်ခင်အချိန်အထိ စောင့်ဆိုင်းဖို့လိုအပ်မှာပါ။ ဒါ့အပြင် ပျံသန်းရေးသိုင်းပညာ၀ိညာဥ်မရှိလို့ကတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီးရင်တော့ ခရီးတိုလေးတွေကို တခဏတာပျံသန်းနိုင်တယ်။ သော့်လော့ဘွဲ့ရတဲ့ မဟာပညာရှင်တွေသာ ရှည်လျားတဲ့မိုင်တွေကို အသာလေးပျံသန်းနိုင်တာပါ။

ဒါပေမယ့် ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တွေက နေလနိုင်ငံတော်ကနေ တီထွင်းထုတ်လုပ်လိုက်တဲ့ပစ္စည်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ ထွက်ပေါ်လာခဲ့မှုကလဲ ထျန်းဟွမ်နိုင်ငံနဲ့ ကြယ်တာရာလော့နိုင်ငံနှစ်ခုစလုံးကို အတော်ကြီးပြဿနာတက်စေခဲ့ပါတယ်။ နိုင်ငံနှစ်ခုက နေလနိုင်ငံတော်ရဲ့ ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တွေကို ဆက်တိုက်ရယူဖို့ကြိုးစားရင်း ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ်။

ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တွေက ၀ိညာဥ်ပညာရှင်တွေ အဓိကထိန်းချုပ်ပြီအသုံးပြုရတဲ့အရာပါ။ ဒါ့အပြင် ထုတ်လုပ်တဲ့အချိန်မှာလဲ ကုန်ကျစရိတ်ကအတော်ကို မြင့်မားပါတယ်။ ပုံမှန်အနေအထားမှာ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တွေက ဒီလိုပျံသန်းရေး၀ိညာဥ်လက်နက်ကို တစ်ခုသာသုံးနိုင်ပါတယ်။ ဒါ့အပြင် စစ်တပ်တစ်ခုမှာတောင် ဒီလိုမျိုး၀ိညာဥ်လက်နက်တွေအများကြီးမရှိနိုင်ပါဘူး။ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တွေဆိုတာလဲ ပိုပြီးနည်းပါးလို့ပါပဲ။

ဒါပေမယ့် ထိုက်ယွဲ့ဟန်ကတော့ ဒီလိုလက်နက်မျိုးကို ဆယ်ခုတောင်တစ်ခေါက်ထဲ ငှားရမ်းနိုင်ခဲ့ပါတယ်။ ဒါက သာမန်လူတွေလုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ အရာအားလုံးက ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ ခံစားချက်မျိုးစုံကိုဖြစ်ပေါ်လာစေပါတယ်။ အမှန်ပါပဲ ထိုက်ယွဲ့ဟန်ရဲ့အဖေက ကျားဖြူမြို့စားမင်းပါ။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့အဓိကသေနာပတိလဲ ဖြစ်နေခဲ့တယ်။ မြို့စားမင်းပထမဇနီးသည်ရဲ့ အကြီးဆုံးသားဆိုတဲ့ ဇစ်မြစ်ကိုအသုံးပြုလိုက်မယ်ဆိုရင် ဒီလိုပျံသန်းရေးလက်နက်ကို ငှားရမ်းတာက ဘယ်လိုများခက်ခဲနိုင်မှာလဲ။

ဟို့ယွိဟောင်အနေနဲ့ အဲ့ဒီလူအကြောင်း တွေးမိပြီချိန်မှာလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိပါတော့တယ်။ ကံကောင်းစွာနဲ့ပဲ သူ့ရဲ့စိတ်ကပျံသန်းရေး၀ိညာဥ်လက်နက်တွေဆီကိုသာ ရောက်နေခဲ့တာကြောင့် အားလုံးရဲ့ရှေ့မှာ သိသိသာသာကြီးအမူအရာမပျက်သွားခဲ့ပါဘူး။

ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တွေက တစ်နည်းတစ်ဖုံထူးဆန်းပါတယ်။ မူလခန္ဓာကိုယ်က တစ်မီတာကျော်ရှည်လျားပြီ မီတာ၀က်ကျော်ကျယ်ပြန့်တဲ့အပြင် တစ်ပေနီးပါးထူးထပ်တဲ့ သံမဏိသေတ္တာလေးတွေပါ။ ဒါ့အပြင် သေတ္တာရဲ့နှစ်ဖက်စလုံးမှာလဲ ခေါက်လို့ရတဲ့အတောင်ပံတွေရှိနေခဲ့ပါတယ်။ အတောင်ပံတွေကို ဖြန့်လိုက်ချိန်မှာတော့ လေးမီတာကျော်ရှည်လျားတဲ့အတောင်ပံအဖြစ်ကို ပြောင်းလဲသွားမှာပါ။ ဒီအချက်ကြောင့် အသုံးပြုသူအနေနဲ့လဲ လေထဲမှာလွှင့်မျောနေစေဖို့အတွက် သေချာပေါက် လုံလောက်ပါတယ်။

အတွင်းနယ်မြေတပည့်သားတွေအနေနဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်တွေကိုအသုံးပြုတာ ပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်က စိတ်ရှည်လက်ရှည်အားလုံးကို ရှင်းပြနေခဲ့ပါတယ်။ ဒါ့အပြင် အပြင်နယ်မြေရဲ့ကျောင်းတော်သားတွေအတွက် ရိုးရှင်းတဲ့ အသုံးပြုနည်းတွေကိုပါ သရုပ်ဖော်ပြသပေးခဲ့တယ်။

ပျံသန်းရေး၀ိညာဥ်လက်နက်တွေကို အသုံးပြုချိန်မှာ အရေးကြီးဆုံးအချက်ကတော့ သူ့ကိုထုတ်ယူပြီ အသုံးပြုဖို့ပါပဲ။ ဒါ့အပြင် ၀ိညာဥ်လက်နက်ထဲကို ၀ိညာဥ်စွမ်းအားထည့်သွင်းပြီတာနဲ့ ချက်ချင်းဆိုသလို ပြေးထွက်ဖို့လိုပါတယ်။ လေထဲကိုရောက်တာနဲ့ အတောင်ပံတွေကို ဖြန့်ထုတ်နိုင်မှာဖြစ်ပြီ လေနဲ့အတူတူ လေစီးကြောင်းအတိုင်းလွှင့်မျောနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အောက်ဖက်ကိုစိုက်ဆင်းဖို့နဲ့ လေထုစီးကြောင်းအတိုင်းမြေပြင်နဲ့အပြိုင်သွားဖို့ကိုလဲ သူကပြသပေးခဲ့ပါတယ်။ လေထဲမှာအရှိန်မြင့်တင်ဖို့ဆိုတာက သိပ်ပြီမလွယ်ကူတဲ့အရာပါပဲ။

ဒီလိုလက်နက်တွေကို အသုံးပြုချိန်မှာ အခက်အခဲတွေကလဲ အတော်ကို ပါနေခဲ့ပါတယ်။ ၀ိညာဥ်စက်ကွင်းလေးကွင်းနဲ့အထက် ၀ိညာဥ်ပညာရှင်တွေကသာ ၀ိညာဥ်စွမ်းအားကို အလိုအလောက်အသုံးချရင်း ဒီလက်နက်တွေကို အသုံးပြုနိုင်မှာပါ။ အကယ်၍ အသုံးပြုသူကသာ လုံလောက်အောင်မသန်မာဘူးဆိုရင် လက်နက်ရဲ့ရောက်ရှိနိုင်တဲ့အမြင့်ဆုံးအမြင့်ကိုရောက်နိုင်ဖို့မလွယ်ကူပါဘူး။ ဒါ့အပြင် လေထဲမှာလွှင့်မျောဖို့ကလဲ ခက်ပါလိမ့်မယ်။

ဒီပြဿနာက ဟို့ယွိဟောင် ၀မ်သုန့် ရှောင်းရှောင်းတို့ဆီမှာ စတင်ပြီဖြစ်ပေါ်လာပါတော့တယ်။ ဒီပြဿနာရဲ့ဖြေရှင်းနည်းကတော့ ရိုးရှင်းပါတယ်။ ဖြေရှင်းနည်းကတော့ သူတို့ကိုခေါ်ပြီ တစ်စုံတစ်ယောက်က ပျံသန်းဖို့ပါပဲ။ ဒါ့အပြင် အဲ့ဒီလူကလဲ ပျံသန်းရေး၀ိညာဥ်လက်နက်ကိုသုံးရုံတင်မက လူတွေကိုပါချီပြီ ပျံသန်းရဦးမှာပါ။

ဒါက ၀မ်သုန့်လိုလူအတွက်တော့ ရိုးရှင်းပါတယ်။ သူက အစကထဲက ပျံသန်းနိုင်တဲ့သူဖြစ်နေလို့ပါပဲ။ သူ့အနေနဲ့ မြေပြင်ကနေ လေပေါ်ကိုတက်ဖို့အတွက် သိပ်ပြီမခက်ခဲပါဘူး။ သူမနဂိုထဲက အတော်ပံတွေရှိနေပြီသားဖြစ်လို့ပါ။ ပြဿနာကတော့ ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့အတွက်ကြီးလာပါတော့တယ်။

ဟယ့်ချိုက်ထို့အနေနဲ့ ထိုက်ယွဲ့ဟန်ယူလာပေးတဲ့ ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်ကိုသုံးမပြုခဲ့ပါဘူး။ သူကသူ့ဘာသာသူတစ်ခုယူလာခဲ့လို့ပါ။ ဒါ့အပြင် သူယူလာခဲ့တဲ့ တစ်ခုက အများကြီးကို နူးညံ့ပြီသိပ့်သည်းပါတယ်။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ လက်နက်တွေထက် အများကြီးပိုသေးငယ်နေရုံတင်မက အရွယ်အစားတစ်၀က်သာရှိခဲ့ပြီ အတောင်ပံတွေကလဲ ပိုသေးငယ်ပါတယ်။ ဒါပေမယ့် သက်ရောက်မှုကြီးမားတာကတော့ အမှန်ပါ။ သူက သူ့အတွက်တစ်ခုယူလာရုံတင်မက ဟို့ယွိဟောင်အတွက်လဲ တစ်ခုယူလာခဲ့ပါသေးတယ်။

၀မ်ယန်က ပြောလိုက်တယ်။

” အပြင်နယ်မြေရဲ့ကျောင်းသားတွေ မင်းတို့ရဲ့ပျံသန်းရေး၀ိညာဥ်လက်နက်တွေကို အသုံးပြုပြီးသွားလေ့ကျင့်ကြ အတွင်းနယ်မြေရဲ့ကျောင်းသားတွေကတော့ သူတို့ကို သင်ကြားပေးဖို့နဲ့ ကူညီကာကွယ်ပေးဖို့အတွက် တာ၀န်ရှိမယ် ”

ထိုက်ယွဲ့ဟန်က အစပထမမှာ ဟို့ယွိဟောင်ကို ကူညီဖို့အတွက် စဥ်းစားထားခဲ့တာပါ။ ဒါပေမယ့် ဟယ့်ချိုက်ထို့က သေးငယ်တဲ့ ၀ိညာဥ်လက်နက်ကိုအသုံးပြုပြီး ဟို့ယွိဟောင်ကိုကူညီပေးနေခဲ့တဲ့အတွက် သူ့ရဲ့အတွေးလဲပျောက်ကွယ်သွားရပါတော့တယ်။

ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်ကို ပျံသန်းရေး၀ိညာဥ်လက်နက်တပ်ဆင်ပေးရင်းပြောလိုက်တယ်။

” ယွိဟောင် အကယ်၍ မင်းသာကျင့်ကြံဆင့်မြင့်မားသွားပြီရင်း ငါတို့ဆရာကလဲ မင်းကိုဒီလိုလက်နက်မျိုးလုပ်နည်းသင်ပေးလိမ့်မယ်..ငါတို့၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေပြုလုပ်တဲ့ ၀ိညာဥ်လက်နက်တွေက ၀ိညာဥ်စက်ကွင်းသုံးကွင်းလေးကွင်းလောက်ရှိတဲ့သူတွေကိုပဲလိုအပ်တာ ဒါ့အပြင် ၀ိညာဥ်လက်နက်စွမ်းအားကို အသုံးပြုတဲ့အချိန်မှာလဲ အများကြီးပိုပြီး အကုန်အကျနည်းပါးတယ်..ဒါပေမယ့် အဆင့်မြင့်တဲ့ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တွေကိုတော့ စျေးကွက်ထဲမှာရောင်းမနေသေးဘူး.. ဒါ့အပြင် နေလနိုင်ငံတော်အနေနဲ့လဲ ငါတို့တွေ မပိုင်ဆိုင်တဲ့ထူးခြားကျောက်မျက်ရတနာတွေကို ထည့်သွင်းပြီလဲ လက်နက်တွေကိုတည်ဆောက်ထားတယ်…ဒါ့အပြင် ၀ိညာဥ်စက်ကွင်းတစ်ကွင်းပဲရှိတဲ့ ၀ိညာဥ်ပညာရှင်တောင်မှ အဲ့ဒီလိုလက်နက်တွေကို အသုံးပြုပြီးတော့ ၀ိညာဥ်စွမ်းအားကိုပြန်လည်ဖြည့်တင်းနိုင်တယ်တဲ့ ဒါ့အပြင် ပျံသန်းနေတဲ့အချိန်မှာလဲ ၀ိညာဥ်စွမ်းအားကို ပြန်ပြီပြည့်၀လာစေဖို့အတွက် ကူညီပေးနိုင်တဲ့အထိ အသုံး၀င်တယ်ဆိုပဲ ”

ဟို့ယွိဟောင်က တအံ့တဩမေးလိုက်မိပါတယ်။

” ၀ိညာဥ်စွမ်းအားက ၀ိညာဥ်လက်နက်တွေထဲမှာ သိုလှောင်ထားလို့ရလို့လား ”

ဟယ့်ချိုက်ထို့က ပြန်ဖြေလိုက်ပါတယ်။

” သေချာတာပေါ့ လက်ရှိအချိန်မှာ ငါနဲ့နေလနိုင်ငံတော်ကြား ကြီးမားဆုံးကွာခြားချက်က ဒါဖြစ်နေတယ်…ဒါပေမယ့် အဲ့ဒီလေ့လာမှုကို ပြီးပြည့်စုံအောင်လုပ်ဖို့က မလွယ်ကူဘူးလေ နေလနိုင်ငံတော်အနေနဲ့ သာမန်လူတွေကို ၀ိညာဥ်လက်နက်တွေအသုံးပြုစေချင်ပေမဲ့ အဲ့ဒီလိုမျိုး အကောင်းအထည်ဖော်နိုင်တဲ့နေ့တစ်နေ့သာ ရောက်လာမယ်ဆိုရင် သေချာပေါက် မဟာစစ်ပွဲကြီးက ပြန်လည်စတင်လိမ့်မယ်။

အပိုင်း ၆၉•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset