Chapter – 1.4 ” စိတ်ဝိညာဉ် မျက်လုံး ပိုင်ရှင် လူငယ် ”
°°°
ကောင်မလေးက ဟို့ယွိဟောင်ဆီကို စိတ်အားထက်သန်းမှုအပြည့်နဲ့ ပြေးလာခဲ့ပါတယ်။ အရမ်းကိုဆာလောင်နေတဲ့ပုံစံနဲ့ သူမက မေးလာခဲ့တယ်။
” မောင်ငယ်လေး ဒီငါးကင်တွေကို နင်ရောင်းလား အရမ်းမွှေးတာပဲ ဘယ်လိုကင်ထားတာလဲ ”
ဟို့ယွီဟောင်အနေနဲ့ မိန်းမချောတွေကို မမြင်ဖူးတာတော့မဟုတ်ပါဘူး။ သူတို့မြို့စားအိမ်တော်မှာဆိုရင် အစေခံတော်တော်များများက အတော်ကိုလှပကြပါတယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့အနားကို မကပ်ကြပါဘူး။ ဒါ့အပြင် သူ့အရှေ့မှာရှိတဲ့ မိန်းမပျိုလေးကတော့ မြင်ဖူးသမျှသူတွေထဲမှာ အချောဆုံးပါပဲ။ ခြောက်ပြစ်ကင်းပြီးပြည့်စုံနေရုံတင်မကပဲ ထူးခြားတဲ့အရှိန်အဝါတစ်မျိုးကိုလဲ ပိုင်ဆိုင်လို့ထားခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ မျက်နှာကတော့ နီရဲလို့သွားခဲ့ပါပြီး။
” နှစ်ယောက်စလုံးကို ဧည့်ခံချင်ပါတယ် ”
ကောင်မလေးက ရယ်မောရင်းပြန်ဖြေလိုက်တယ်။
” မောင်ငယ်လေး အတော်လေးရှက်နေတဲ့ပုံပဲ ဒါဆိုရင် ငါလဲ ယဉ်ကျေးမနေတော့ဘူး ”
သူမ ပြောပြီတဲ့နောက် ငါးကင်ကိုအရင်ဆုံးသွားဆွဲပါတော့တယ်။ သူမက ငါးကင်ကို အတော်လေးစားချင်နေပုံပါပဲ ဒါကြောင့် ချက်ချင်းဆိုသလို ပါးစပ်ထဲထည့်ပြီးပြီချင် ထအော်ပါတော့တယ်။
” ပူလိုက္တာ ”
သူ့အနောက်ဖက်မှာရပ်နေခဲ့တဲ့ လူငယ်လေးကတော့ စိတ်ညစ်နေတဲ့ပုံစံနဲ့သာ အရှေ့ကိုလျှောက်လာပြီး ဟို့ယွိဟောင်ကို နှုတ်ဆက်ပါတယ်။ အဲ့ဒီနောက် ကောင်မလေးကို ပြောလိုက်တယ်။
” ရှောင်ယာ ဒီညီငယ်လေးကြည့်ရတာ အခုအချိန်ထိ မစားရသေးတဲ့ပုံပဲ အဲ့ဒါကိုမင်းက အရင်ယူစားနေပြီလား ”
ရှောင်ယာကတော့ မျက်လုံးပြူးသွားရင်းနဲ့ ပြန်အော်ပါတော့တယ်။
“‘ဘာဖြစ်လို့စောစောက မပြောလဲ “‘
လူငယ်ကတော့ စိတ်ညစ်လက်ညစ်ပုံစံနဲ့သာ လက်မြောက်လို့ထားခဲ့ပါတယ်။
” ကောင်းပါပြီ ဆရာမကြီးရှောင်ယာရေ လုပ်ချင်တာလုပ်ပါတော့ ”
ရှောင်ယာကတော့ သူ့ကိုပြန်ကြည့်ရင်းနဲ့ ပြောလာခဲ့တယ်။
” ဒီလိုပဲဖြစ်ရမှာပေါ့ ကိုယ်အဆင့်အတန်းကို ဂရုစိုက်ဦး ”
သူမက အဲ့ဒီလောက် အသက်မကြီးသေးပေမဲ့လဲ လူငယ်ကို အတော်လေး နိုင်စားတဲ့ပုံစံ ရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ သူတို့ကိုဆက်ပြီး မကြည့်ဝံ့တော့ပါဘူး။ အဲ့ဒီအစား နောက်ထပ် ငါးကင်တစ်ကောင်ကိုသာ လူငယ်ဆီပေးလိုက်ပါတယ်။
” အစ်ကိုကြီး ဒီတစ်ကောင်ယူလိုက် “‘
လူငယ်ကတော့ ပြုံးပြရင်း ပြောလာခဲ့ပါတယ်။
“‘ညီငယ်လေး အခုမင်းမစားရသေးဘူးမဟုတ်လား လူကြီးလူကောင်းတွေဆိုတာ သူများပိုင်ဆိုင်တဲ့အရာတွေကို မလုယူသင့်ဘူးလေ….မင်းမြစ်ထဲကနေ ငါးဖမ်းထားတာလား ”
ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။
” ကိစ္စမရှိဘူး ကျွန်တော်ထပ်ကင်လို့ရသေးတယ် ”
သူပြောပြီချိန်မှာပဲ ငါးကင်ကိုလူငယ်လက်ထဲ ထည့်ပေးလိုက်ပါတော့တယ်။ အဲ့ဒီနောက် နောက်ထပ် ငါးနှစ်ကောင်ကို ထပ်ယူရင်းနဲ့ ထပ်ပြီးကင်တော့တယ်။
” ငါ့နာမည်က ပေ့ပေ့ သူ့နာမည်က ထန်ယာ့ ညီငယ်လေး မင်းနာမည်က ဘယ်လိုခေါ်လဲ ”
” ကျွန်တော်က ဟို့ယွိဟောင် ”
ဟို့ယွိဟောင်က ပြန်ဖြေနေရင်း ငါးကိုဆက်တိုက်ကင်နေခဲ့ပါတယ်။ ဒီလမ်းခရီးတစ်လျှောက်မှာ ခရီးသွားတွေအများကြီးကို သူတွေ့ခဲ့သလို အဲ့ဒီလူတွေဆီကလဲ အကူအညီကို အများကြီးရခဲ့ပါတယ်။ ဒါကြောင့် ထန်ယာ့တို့ကို သူကင်ထားတဲ့ငါးတွေပေးဖို့ မတွေဝေနေခဲ့တာပါပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းမှာတင် လူတွေကို အပြန်အလှန်ကူညီတာက ကိုယ်အတွက်လဲ အကျိုးရှိစေတယ်ဆိုတာကို သူသိနားလည်နေခဲ့တယ်။
ပေ့ပေ့ကတော့ ထန်ယာ့ဘေးမှာ ထိုင်လိုက်ပါတယ်။ သူငါးကင်ကိုစားတဲ့ပုံစံကတော့ ထန်ယာ့ထက် ပိုပြီး ဣန္ဒြေိရရရှိနေခဲ့တယ်။ အနည်းဆုံးတော့ လက်နှစ်ဖက်ကို ဆီတွေပေသွားတဲ့အထိ မစားခဲ့ပါဘူး။
ဟို့ယွိဟောင် ဒုတိယငါးကိုကင်ပြီချိန်မှာတော့ ထန်ယာ့က စောင့်ရတာ စိတ်မရှည်လက်မရှည် ဖြစ်နေခဲ့ပါပြီ။ ပေ့ပေ့ရဲ့ စိတ်ညစ်နေတဲ့အရိပ်အောက်မှာတင် သူကနောက်ထပ် ငါးကင်တစ်ကောင်ကို သွားဆွဲပါတော့တယ်။
ပေ့ပေ့ကတော့ နောက်ထပ် မစားချင်တော့ပါဘူး။ ဟို့ယွိဟောင် အရင်စားဖို့သာ သူက လက်ဟန်ပြလိုက်တယ်။ ဟို့ယွိဟောင်ကလဲ အတော်ဆာနေပြီဖြစ်တာကြောင့် ငါးတွေထပ်ကင်ရင်းနဲ့ ကင်ထားတဲ့ငါးတွေကို စားနေခဲ့ပါတယ်။
ငါးကိုဆားရယ် ပင်စိမ်းရွက်နှစ်မျိုးထဲနဲ့သာ ထည့်ပေးမဲ့ အတော်လေးကို အရသာရှိလွန်လှတယ်။ ငါးဆယ့်ကောင်က သိပ်မကြီးပေမဲ့ လူသုံးယောက်စားဖို့အတွက်တော့ လုံလောက်ပါသေးတယ်။
” အရမ်းအရသာရှိလိုက်တာ ဒီလောက်ကောင်းတဲ့ငါး တစ်ခါမှမစားဖူးသေးဘူး….မောင်လေးဟို့ယွိဟောင်ကို ငါတို့စာဖိုမှုအဖြစ်နဲ့ ခေါ်သွားရင် ဘယ်လိုလဲ ”
ထန်ယာ့က မြက်ခင်းပေါ်မှာလှဲရင်း ကျေကျေနပ်နပ်ကြီး ပြောနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူမက ဘာကိုမှဂရုစိုက်တဲ့ပုံ မပေါ်ပါဘူး။ ပေ့ပေ့ကတော့ သူမကို ကြည့်ရင်း ခေါင်းသာကုတ်နေခဲ့ပါတယ်။ ဘာလုပ်လို့လုပ်ရမလဲလည်း မသိခဲ့တော့ပါဘူး။
” ပိုက်ဆံရှိလို့လား အစ်မကြီးရှောင်ယာ့ “‘
ပေ့ပေ့က သူ့ရဲ့အိပ်မက်ကို ဖျက်ဆီးလိုက်ပါပြီး။
” အနာဂတ်မှာသေချာပေါက် ပိုက်ဆံရှိလာမှာလေ ”
ထန်ယာ့ကတော့ ချက်ချင်းပြန်ထထိုင်ပြီး ပေ့ပေ့ကိုမကျေမနပ် ပြောပါတော့တယ်။
ဟို့ယွိဟောင်ကတော့ ထရပ်ရင်းနဲ့ ပြောလာခဲ့တယ်။
” အစ်ကိုကြီးပေ့နဲ့ အစ်မကြီးထန် ကျွန်တော်အရင်သွားပါတော့မယ် ”
” ညီငယ်လေး ဒါက နယ်မြေရဲ့အစွန်အဖျားဖြစ်နေပြီး မဟာကြယ်တာရာသစ်တောနဲ့လဲ မဝေးတော့ဘူး…အဲ့ဒီနေရာမှာ ဝိညာဉ်သားရဲကောင်တွေအများကြီး လှည့်လှယ်သွားလာနေကြမှာ မင်းဘယ်ကိုသွားမလို့လဲ ”
ဟို့ယွိဟောင်ကတော့ ခေါင်းခါရင်း သူလှန်းထားတဲ့အင်္ကျီတွေကို သွားရုတ်နေခဲ့ပါတယ်။ အဲ့ဒီနောက် အ၀တ်တွေကိုအိတ်ထဲပြန်ထည့်ရင်း အရှေ့ကိုဆက်သွားဖို့လုပ်တော့တယ်။
” သူက တကယ်ကြယ်တာရာသစ်တောဆီ သွားချင်နေတာလား ”
ထန်ယာ့က ဟို့ယွိဟောင် ထွက်သွားတာကိုကြည့်ရင်းနဲ့ စဉ်းစားလို့နေခဲ့တယ်။
ပေ့ပေ့ကတော့ ခေါင်းသာခါလိုက်ပါတယ်။
” ငါလဲသေချာမပြောနိုင်ဘူး သူ့မှာဝိညာဉ်စွမ်းအားရှိတာကိုခံစားမိပေမဲ့ အရမ်းအားနည်းလွန်နေတယ်…ကြည့်ရတာ သူက တစ်ယောက်ထဲသွားလာနေကြပုံပဲ ထူးတော့ထူးဆန်းတယ်နော် ”
ထန်ယာ့ကတော့ စဉ်းစားနေရင်း ပြောလာခဲ့တယ်။
” သူ့မှာဝိညာဉ်စွမ်းအားရှိမှတော့ ငါတို့မျိုးနွယ်ထဲကို ၀င်ဖို့သိမ်းသွင်းလို့မရဘူးလား “‘
ပေ့ပေ့က ပြန်ဖြေလာခဲ့တယ်။
” ငါးကောင်းကောင်း ကင်တတ်ရုံနဲ့ မျိုးနွယ်စုထဲ ထည့်ချင်လို့တော့ မဖြစ်ဘူးလေ ”
ထန်ယာ့ကတော့ သူ့အကြံကို လူမိသွားတဲ့အတွက် မျက်နှာနီရဲလို့သွားပါတော့တယ်။ အဲ့ဒီနောက် လျှာထုတ်ပြီး ပြောင်ပြလိုက်တယ်။
” ဒီညီငယ်လေးက ဘ၀မှာတစ်ခုနဲ့တစ်ခု ကြုံတွေ့လာရပုံပဲ သူ့အသက်အရွယ်ထက်ကို ရင့်ကျင်မှုက ပိုပြီး သာနေတယ်…ဒါပေမယ့် သူ့ရဲ့ ပါရမီအရည်အချင်းက ဘယ်လိုဖြစ်မလဲဆိုတာတော့ ငါမသေချာဘူး ”
ထန်ယာ့ကတော့ ပျော်သွားတဲ့ပုံစံနဲ့ ပြန်ဖြေလာခဲ့တယ်။
” နင်တောင် ဒီလိုပြောပြီဆိုမှတော့ သဘောတူတယ်ပေါ့ ”
ပေ့ပေ့က ခါးသီးမှုအပြည့်နဲ့ ပြုံးလိုက်ပါတယ်။
” ထန်မျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်ကြီးသခင်မ ထန်မျိုးနွယ်မှာ မင်းရယ်ပဲရှိတာ ဒီတော့ မင်းရဲ့ ရည်ရွယ်ချက်က ထန်မျိုးနွယ်ကို အင်အားကြီးအောင် လုပ်ဖို့မလား ငါတို့တွေ သင့်တော်တဲ့သူကို သိမ်းသွင်းဖို့ဆိုတာက ဖြစ်သင့်တဲ့ကိစ္စပဲလေ ဒီညီငယ်လေးက အတော်ကို တည်ငြိမ်ပြီအေးဆေးတဲ့ပုံစံမျိုးရှိနေတယ်…အကယ်၍ သူ့ရဲ့ ပါရမီကသာ လက်ခံဖို့ရနိုင်တယ်ဆိုတာ ရှိတယ်ဆိုရင် သေချာပေါက် ရွေးချယ်ရမှာပေါ့ ဒါ့အပြင် သူ့၀တ်ထားတဲ့ အ၀တ်အစားအရကြည့်မယ်ဆိုရင် သူ့မိသားစုအခြေအနေက အတော်မကောင်းလောက်ဘူး…ဒီတော့ငါတို့မျိုးနွယ်အနေနဲ့ အဲ့ဒီလိုတပည့်သားမျိုးကို သေချာပေါက် သိမ်းသွင်းသင့်တာပေါ့ ”
ထန်ယာ့က ပေ့ပေ့ကို သိလိုစိတ်ပြင်းပြတဲ့အကြည့်နဲ့ကြည့်လာရင်း ပြောလာခဲ့ပါတယ်။
” နင်အတော်လေး ကောက်ကျစ်တာပဲ ငါတောင်မှ ဒီလောက်မပြောတတ်ဘူး ”
ပေ့ပေ့ကထရပ်ရင်းနဲ့ သူအ၀တ်ကဖုံးတွေကိုခါပြီး ပြန်ဖြေလိုက်ပါတယ်။
” ဒါက ထက်မြက်တယ်လို့ခေါ်တယ်….ဒါပေမယ့် ပညာဉာဏ်ရှိတယ်လို့ မခေါ်ပါဘူး…. သွားကြစို့ ငါတို့ သူ့ရဲ့ ငါးကင်တွေအများကြီးကို စားထားရတယ်ဆိုမှတော့ အနည်းဆုံးသူ့ခရီးစဉ်ရဲ့ အပိုင်းလေးတစ်ခုကိုတော့ ကာကွယ်ပေးလိုက်ရအောင် အကယ်၍ သူတခြားဝိညာဉ်သားရဲကောင်တွေနဲ့ တွေ့ပြီး အန္တရာယ်ကျရောက်လာမယ်ဆိုရင် ငါတို့တွေ သူ့ကိုထန်မျိုးနွယ်ထဲ ၀င်ဖို့သိမ်းသွင်းပြီးဖြစ်စေ မသိမ်းသွင်းပြီးဖြစ်စေ ကူတော့ကူညီရအောင် ”
ထန်ယာ့က ထရပ်ရင်းနဲ့ ပွစိပွစိ ဆက်ပြောပါတော့တယ်။
” ဒီတစ်ခေါက်တော့ နင်အတော်ကြံကောင်းတာပဲ ဘာကြောင့်လဲဆိုတော့ နင်အတွေးတွေက ငါနဲ့လုံး၀ကို တစ်ထပ်ထဲ ကြနေတယ်လေ…ငါနည်းနည်းလေး သန့်ရှင်းရေးလုပ်ပြီး သွားကြရအောင် ”
ဟို့ယွီဟောင်ကတော့ ပေ့ပေ့နဲ့ ထန်ယာ့ရဲ့ စကားတွေကို မသိခဲ့ပါဘူး။ သူက ငါးကင်တစ်ချို့ကို ယူသွားဖို့အစပိုင်းမှာ အစီအစဉ်ရှိခဲ့ပေမဲ့ ဒီအစီအစဉ်က အကောင်အထည်မပေါ်ပဲ ဖြစ်သွားခဲ့ပါတယ်။ သူ့ကိုယ်သူ ဝိညာဉ်ကျောင်းတော်သားတစ်ယောက်ဆိုတာ မဖော်ပြချင်တာကြောင့် နောက်ထပ်ငါးတွေ ထပ်မဖမ်းချင်တော့တာကြောင့်လဲ အစွမ်းအစကို ထုတ်မသုံးလိုက်တာပါ။ သူ့အမေက လူစိမ်းတွေနဲ့တွေ့တဲ့အချိန် သိုသိုသိပ်သိပ် နေရမယ်လို့ သင်ပေးထားခဲ့ပါတယ်။ ပေ့ပေ့နဲ့ ထန်ယာ့အပေါ်သူ့အမြင်က ကောင်းပေမဲ့ စားပြီးပြီချင်မှာပဲ သူထွက်ခွာဖို့အတွက် ဆုံးဖြတ်ခဲ့တယ်။
ဟို့ယွိဟောင်က ငယ်ရွယ်ပေမဲ့ ကိစ္စတွေအများကြီးအကြောင်းကို သူတွေးတတ်နေခဲ့ပြီး ထန်ယာ့နဲ့ ပေ့ပေ့က သာမန်လူတွေမဟုတ်မှန်း သူသိနေခဲ့တယ်။ ပေ့ပေ့က ဒီနေရာကို သီခြားနယ်စပ်နယ်မြေလို့ ပြောနေခဲ့ပေမဲ့ သူတို့နှစ်ယောက်စလုံးမှာ ဘာအိတ်မှပါမလာခဲ့ပါဘူး။ ဒါကြောင့် သူတို့နှစ်ယောက်နဲ့ ခပ်ဝေးဝေးနေတာက သင့်တော်တယ်လို့ ယူဆခဲ့ပါတယ်။
စားပြီးတဲ့နောက် သူအရင်က မောပန်းခဲ့တဲ့ မောပန်းမှုတွေလဲ ပြေပျောက်သွားခဲ့ပါပြီး ဒါကြောင့် မြေပုံထဲမှာ စမ်းချောင်းလေးကို ထည့်ပြီရေဆွဲလိုက်ပါတော့တယ်။ နောင်တစ်ချိန်မှာ ဒီအရာက အသုံး၀င်နိုင်မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ တခဏတာ လျှောက်သွားပြီးတဲ့နောက် လမ်းရဲ့ဘေးမှာရှိနေတဲ့ သစ်သားဆိုင်ဘုတ်က သူအာရုံကို ဖမ်းစားလိုက်ပါတယ်။
” မီတာငါးဆယ့်အတွင်းမှာ မဟာကြယ်တာရာသစ်တောနယ်မြေကို ရှောက်ရှိပါတော့မည် ဝိညာဉ်သားရဲကောင်များ လှည့်လှယ်သွားလာနေတတ်တာကြောင့် အထူးသတိပြုပါ ”
သေချာပေါက် သူလမ်းမပျောက်ခဲ့ပါဘူး။ နောက်ဆုံးနေရာ သူသွားလာနေရာကို ရောက်ခဲ့ပါပြီး လက်ရှိအချိန်မှာ စိတ်လှုပ်ရှားနေရုံတင်မကပဲ အနည်းငယ်လဲ စိတ်ရှုပ်ထွေးနေခဲ့ပါတယ်။ ဒါကြောင့် နောက်ကျောဘက်မှာ ဆောင်ထားတဲ့ ကျားဖြူဓားကို ထိတွေ့ရင်းနဲ့ စိတ်ထဲက မရေရာမသေချာမှုတွေကို သူဖိနှိမ့်လိုက်ပြီး အရှေ့ကို ဆက်လျှောက်လှမ်းလာခဲ့ပါတယ်။
၀ိညာဉ်ပညာရှင်တစ်ယောက် ဖြစ်လာဖို့အတွက် ဒီဆုံးဖြတ်ချက်ကို နှလုံးသားထဲမှာ လေးလေးနက်နက် မှတ်သားထားခဲ့ပါပြီး သူဆုံးဖြတ်ချက်ကိုလဲ ဘယ်တော့မှနောင်တမရပါဘူး။
လေထုက အေးစိမ့်နေပြီ အရမ်းကို လန်းဆန်းစေခဲ့ပါတယ်။ ဒီလိုသာမန်မဟုတ်တဲ့ ခံစားချက်က လူကိုပိုပြီး စိတ်လှုပ်ရှားစေခဲ့တယ်။ မဟာကြယ်တာရာသစ်တောက သေးငယ်တဲ့ သားရဲကောင်လေးတစ်ကောင်ကို ပါးစပ်ဖွင့်ပြီး ကြိုဆိုနေတဲ့သားရဲကောင်ကြီးအတိုင်းပါပဲ။ ဟို့ယွိဟောင်အနေနဲ့ အခွင့်အရေးတစ်ခုကိုရရှိမလား ဒါမှမဟုတ်ဝါးမြိုခံရမလား။
အပိုင်း ၁•၄ ပြီး၏။