Switch Mode

Chapter – 69.2

မိစ္ဆာ ၀ိညာဥ် ပညာရှင်

အပိုင်း ၆၉•၂

” မိစ္ဆာ၀ိညာဥ်ပညာရှင် ”
°°°

ထိုက်ယွဲ့ဟန်က သူ့ကိုထူးဆန်းတဲ့အပြုံးနဲ့ ပြုံးပြလာခဲ့ပါတယ်။

” သိပ်ပြီးစိတ်မရှည်မဖြစ်နဲ့ အားလုံးကိုနေ့လည်မှာ သိလာလိမ့်မယ်..ဒါ့အပြင် အကြိုအဖွဲ့ရဲ့အဖွဲ့သားတစ်ယောက်ချင်းဆီတိုင်းကလဲ မင်းလိုမျိုးသံသယတွေ ရှိနေမှာကို ငါသိနေတယ်..ငါတို့တွေက အခုကျောင်းတော်ထဲမှာ ရှိသေးတယ်လေ ဒါပေမယ့် ကျောင်းတော်ရဲ့ အပြင်နယ်မြေမှာတော့ ငါတို့ရှိနေတဲ့စွမ်းအားက မင်းတွေးထားနိုင်တာထက်ကို အများကြီးပိုပြီးကြီးမားနေလိမ့်မယ်..အခုလက်ရှိအချိန် ကျောင်းတော်ကပြီးမြောက်တဲ့သူပဲဖြစ်စေ သင်ကြားနေဆဲကျောင်းသားတွေပဲဖြစ်စေ တစ်ယောက်ချင်းဆီတိုင်းက ကျောင်းတော်ရဲ့ချမ်းသာကြွယ်၀မှုအရင်းအမြစ်နဲ့ ဆက်စပ်နေတဲ့သူတွေပဲ ဒါတွေက လူအင်အားတွေရောအဆက်အသွယ်တွေပါ ပါ၀င်နေတယ်.”

ရိုးရှင်းတဲ့စကားတချို့ပြောပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့ ထိုက်ယွဲ့ဟန်နဲ့စကားပြောရတာကို ကျင့်သားရလာပါတော့တယ်။ တစ်ချိန်ထဲမှာပဲ သူ့နှလုံးသားထဲက အမုန်းတရားတွေပို ဖိနှိမ့်ထားနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေခဲ့ရတယ်။ သူတို့တွေက ခပ်မြန်မြန်ပဲ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်က အပြင်ပန်မြင်ရသလိုမျိုး အရမ်းကြီးလေးနက်တဲ့သူမဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် သူ့ရဲ့အမြဲတမ်းတည်ကြည်တင်းမာနေတဲ့ မျက်နှာဆိုးထိုက်ဟွပင်းလိုမတူညီပဲ ပျော်နေတတ်သူဖြစ်နေခဲ့တယ်။ ခရီးစဥ်တစ်လျှောက်မှာ အစောင့်အရှောက်အဖြစ် သူလုပ်ဆောင်ခဲ့တဲ့ အလုပ်တွေရဲ့ စိတ်၀င်စားစရာဇာတ်လမ်းတွေကိုလဲ ပြောပြခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ လောကကြီးအကြောင်း အတော်လေးကို အမြင်ကျယ်လာခဲ့ရပါပြီ။ မိုင်ပေါင်းတစ်သောင်းကို ခရီးနှင်းရတာက စာအုပ်ပေါင်းတစ်သောင်းကိုဖက်ရတာထက် ပိုကောင်းပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ ဒီလောကကြီးအကြောင်းသူသိတာဘယ်လောက်အထိ နည်းပါးနေလဲဆိုတာကို ဖြည်းဖြည်းချင်းဆိုသလို နားလည်သဘောပေါက်လာခဲ့ပါပြီ။ သော့်လော့တိုက်တစ်ခုလုံးနဲ့ယှဥ်လိုက်ဆိုရင် သူက စာရွက်ဖြူပေါ်မှာ စာလုံးတချို့ကိုရေဆွဲထားပြီ ဗလာဟင်းလင်းဖြစ်နေတဲ့ စာရွက်လိုအများကြီးရှိတဲ့လူနဲ့ အတူတူပါပဲ။

ဒီခရီးစဥ်တစ်လျှောက်က နေ့၀က်ကျော်ကြာမြင့်ခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့တွေအနားယူဖို့ ရပ်တန့်လိုက်ကြပါပြီ။ အတွင်းနယ်မြေရဲ့ကျောင်းသားတွေအားလုံးက ပုံမှန်အမူအရာနဲ့ရှိနေခဲ့ကြပြီ အသက်ရှုသံတွေကလဲ အနည်းငယ်မြန်ဆန်းနေရုံကလွဲလို့ ထွေးထွေးထူးထူးမရှိခဲ့ပါဘူး။ ဒါပေမယ့် အထောက်အပံ့၀ိညာဥ်လက်နက်ကို အသုံးပြုထားခဲ့တဲ့ ဟယ့်ချိုက်ထို့မှာတစ်ပါးတခြား ၀ိညာဥ်ဘိုးဘေးတွေအားလုံးကတော့ ချွေးတွေနဲ့ရွှဲနစ်နေခဲ့ကြပါပြီ။

ကျန်းနန်နန်က အမြန်နှုန်းအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က မြန်ဆန်းတဲ့အရှိန်ကိုကျင့်သားရနေပြီဖြစ်တာကြောင့် တခြားသူတွေထက်ကို အခြေအနေပိုကောင်းနေခဲ့တယ်။ ဒါတောင်မှချွေးတွေလဲ ဆက်တိုက်စီးကျနေဆဲပါပဲ။ အ၀တ်တွေမစိုရုံတစ်ခုသာရှိတာပါ။ ဒါပေမယ့် တိုက်ခိုက်ရေးအမျိုးအစားပေ့ပေ့နဲ့ ခုခံရေးအမျိုးအစားရှုစန်းရှီကတော့ အတော်ကိုအခြေအနေဆိုးနေခဲ့ပါပြီ။ အထူးသဖြင့်ရှုစန်းရှီပါပဲ။ သူကလူလေးယောက်ထဲမှာ အနှေးဆုံးဖြစ်နေခဲ့ပြီ မြေပြင်မှာတော့ ချွေးတွေက အိုင်နေခဲ့ပါပြီ။

” ဟို့ယွိဟောင် မင်းရဲ့အစွမ်းတချို့ထုတ်ပြလိုက်ပါဦး ”

မာရှောင်ထောင့်က ၀မ်သုန့်ကို အောက်ချလိုက်ရင်း ဟို့ယွိဟောင်ဘက်ကိုလှည့်လာခဲ့ပါတယ်။

” ဟင် ဘာကိုထုတ်ပြရမှာလဲ ”

ဟို့ယွိဟောင်က ပြန်မေးလိုက်ပါတယ်။

မာရှောင်ထောင့်က ရယ်မောနေခဲ့တယ်။

” ဘာရှိရမှာလဲ အစားအသောက်ပဲပေါ့ ဒီနေရာမှာရှိနေသူအားလုံးသိကြမယ်လို့တော့ မထင်ဘူး ဒါပေမယ့် ငါပြောပြမယ်…ကျောင်းစစချင်ဖွင့်တဲ့အချိန်မှာ သူကကျောင်း၀င်ပေါက်မှာ အမြဲတမ်းငါးကင်ရောင်းတယ်လေ ဒီလိုမျိုးငါးကင်ရောင်းရင်းနဲ့ သူကျောင်းစရိတ်ကိုသူရှာနေခဲ့တာ ”

” ဟုတ်တယ် ငါလုံး၀ကို အာမခံနိုင်တယ်…ယွိဟောင်က ငါးကင်တာအတော်ဆုံးပဲ ”

ရှုစန်းရှီက မောဟိုက်နေခဲ့ပေမဲ့ ရုတ်တရက်၀င်ပြောလာခဲ့ပါတယ်။ လက်ရှိသူ့ပုံစံက အတော်ကိုရယ်စရာကောင်းနေခဲ့တယ်။ ပေ့ပေ့ကလဲ ရယ်နေခဲ့ပါပြီ။

” မင်းကတကယ်ကို အိုမင်းနေတဲ့လိပ်အိုကြီးအတိုင်းပဲ ဒီလိုမျိုးသိုင်းပညာ၀ိညာဥ်ရှိနေတာ ဘယ်ဆန်းမလဲ ”

ပေ့ပေ့ရဲ့စကားကိုကြားပြီချိန်မှာ ကျန်းနန်နန်လဲ ရယ်မောနေခဲ့ပါတော့တယ်။ ရှုစန်းရှီက ဒေါသထွက်ပြီပြန်ပြောတော့မလိုဖြစ်နေခဲ့ပေမဲ့ ကျန်းနန်နန်ရဲ့ရယ်သံကို ကြားချိန်မှာတော့ သူဒေါသတကြီးနဲ့သာ ပြန်ပြောလိုက်တော့တယ်။

” မင်းက ငါ့နှလုံးသားရဲ့နတ်ဘုရားမလေးကို ဖျော်ဖြေပေးနိုင်ပြီဆိုမှတော့ ငါမင်းကိုခွင့်လွှတ်ပေးလိုက်မယ် ”

ဒီတစ်ကြိမ်မှာအားလုံးကတော့ ဟို့ယွိဟောင်ကိုသာ အာရုံစိုက်နေခဲ့ကြပါတယ်။ အကြီးအကဲရွှမ်လဲ ချွင်းချက်မရှိခဲ့ပါဘူး။ အစောပိုင်းလူတွေအားလုံး ခရီးဆက်နေတဲ့အချိန်မှာ သူ့ကိုအရိပ်အယောင်တောင် မမြင်ရပဲရှိနေခဲ့ပါတယ်။ အားလုံးနားတော့မဲ့အချိန်ကြမှသာ သူက ရုတ်တရက်ပေါ်လာခဲ့တာပါ။

ရှက်ရွံ့နေတဲ့ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။

” ဒါပေမယ့် ကျွန်တော်မှာအသုံးပြုလို့ရမဲ့ပါ၀င်ပစ္စည်းတွေ မရှိသေးဘူး..တကယ်တော့ ကျွန်တော်က ရိုးရှင်းတဲ့ဟင်းလျာတချို့ကို ဘယ်လိုလုပ်ရမလဲဆိုတာပဲသိတာပါ ရှုပ်ထွေးတဲ့ဟင်းလျာတွေကို မချက်ပြုတ်နိုင်သေးဘူး…ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်နည်းနည်းကိုပဲ ယူလာခဲ့တယ် ”

” ဒါကရှင်းပါတယ် ”

အကြီးအကဲရွှမ်က ဟို့ယွိဟောင်ရဲ့ဘေးမှာရုတ်တရက်ရောက်လာခဲ့ပါပြီ။ အဲ့ဒီနောက် သူ့ရုတ်တရက်ပြောလာခဲ့ပါတယ်။

” ရှောင်ထောင့် မင်းကမီးမွှေးလိုက် ထိုက်ယွဲ့ဟန် ချန်ကျစ်ဖုန်း မင်းတို့နှစ်ယောက်ကို ငါတာ၀န်ပေးမယ်….ငါးတချို့သွားဖမ်းလာခဲ့ ပိုများလေပိုကောင်းလေပဲ လင်းလော့ချန် ရှီးရှီး မင်းတို့တွေက အသုံး၀င်မဲ့အရွက်တွေနဲ့ သားရဲကောင်ကိုဖမ်းလာခဲ့ ကုန်းယန်မော့ သူတို့နောက်လိုက်သွား ”

ယောင်ဟောက်ရွှမ်က ရုတ်တရက် သူရင်ဘတ်သူပုတ်ရင်း မေးလာခဲ့ပါတယ်။

” အကြီးအကဲရွှမ် ကျွန်တော်ကော ဘာလုပ်ရမလဲ ”

အကြီးအကဲရွှမ်က သူ့ကိုပြန်ကြည့်ရင်းပြောလိုက်တယ်။

” မင်းလား ဒီနေရာမှာလိမ်လိမ်မာမာလေးနေ ဒီအဘိုးကြီးက မင်းလိုခွေးမသားတံတွေးထွေးထားတဲ့ အစားအသောက်တွေကို စားမယ်များ ထင်နေလား ”

” အမ် တကယ်တော့သန့်သန့်ရှင်းရှင်းလေးပါပဲကို ”

ယောင်ဟောက်ရွှမ်က ပြန်ဖြေပါတော့တယ်။

” မင်းတို့တွေ ဗိုက်ဟောင်လောင်နဲ့မနေချင်ရင်း သွားပြီအလုပ်လုပ်ကြတော့ ဟို့ယွိဟောင် မင်းကဒီနေ့စာဖိုမှူးပဲ တခြားသူတွေကတော့ မီးသွေးလုပ်ဖို့နဲ့ မီးမွှေးဖို့သစ်ကိုင်းခြောက်တွေသွားယူကြ ဒီနေရာမှာ ပျင်းရိမနေကြနဲ့”

ပြောပြီတာနဲ့ အကြီးအကဲရွှမ်က ဟို့ယွိဟောင်ဘက်ကို အနားကပ်လာရင်း မေးလိုက်ပါတော့တယ်။

” မင်းလုပ်တဲ့ငါးကင်က တကယ်အဲ့ဒီလောက် အရသာရှိလို့လား ”

” အတော်လေး အရသာရှိတယ်လို့ ပြောကြတာပဲ “:

ဟို့ယွိဟောင်က သူ့ခေါင်းသူကုတ်နေခဲ့ပါတယ်။

အကြီးအကဲရွှမ်က ခေါင်းညိတ်လိုက်တယ်။

” ဒါဆိုရင် ဒီအဘိုးကြီးလဲ မင်းကြိုးစားတာကိုစောင့်ပြီ တခဏတော့ အဆာခံရမှာပေါ့ အကယ်၍ ငါသာ မကျေနပ်ဘူးဆိုရင် မင်းတို့တွေ ကျောင်းတော်မှာကောင်းကောင်းနေရမယ်မထင်နဲ့ ”

ဟို့ယွိဟောင်အနေနဲ့လဲ အကြီးအကဲရွှမ်ရဲ့ အမူအရာကိုမြင်ချိန်မှာ ရယ်ရမလား ငိုရမလားတောင် မသိတော့ပါဘူး။ အကြီးအကဲရွှမ်က အစားအသောက်နဲ့ပတ်သက်လာပြီဆိုရင် မိုးကောင်းကင်နဲ့ မြေကြီးကိုတောင် ဂရုမစိုက်တဲ့အတိုင်း ရှိနေခဲ့ပါတယ်။

ကျောင်းတော်ရဲ့ထိပ်တန်းကျောင်းသားတွေအားလုံးက အလုပ်တာ၀န်တွေကို လုပ်ဆောင်တဲ့နေရာမှာ တကယ်ကို အထင်ကြီးစရာကောင်းလွန်လှပါတယ်။ ဆယ်ငါးမိနစ်အတွင်းမှာပဲ များပြားတဲ့ငါးတွေ ထင်းခြောက်တွေနဲ့ ယာယီအသုံးပြုဖို့မီးဖိုတွေ ကျောက်တုံးတွေပါ ဟို့ယွိဟောင်အရှေ့ကို ရောက်နေခဲ့ပါပြီ။

နောက်ခဏတာအချိန်အတွင်းမှာပဲ ကုန်းယန်မော့ ရှီးရှီးနဲ့ လင်းလော့ချန်တို့ကလဲ တောယုန်ကြီးနှစ်ကောင် ၀ဖြိုးတဲ့သမင်တစ်ကောင်အပြင် နောက်ထပ်ကြီးမားတဲ့ ယစ်ငှက်နှစ်ကောင်တောင် ပါလာခဲ့ပါသေးတယ်။

” စလိုက်တော့ စလိုက်တော့ ”

အကြီးအကဲရွှမ်က ဟို့ယွိဟောင်ကို အချက်ပြရင်းနဲ့ ပြောလိုက်ပါတယ်။

ဟို့ယွိဟောင် တအံ့တဩနဲ့ ကြည့်နေချိန်မှာပဲ လင်းလော့ချန်က သူ့ရဲ့၀ိညာဥ်စွမ်းအားကို စတင်ပြီအသုံးပြုတော့တယ်။ သူမရဲ့ရေခဲစွမ်းအားအောက်မှာ သားရဲကောင်ငါးကောင်က လေထဲကိုလွှင့်မျောလာခဲ့ပါပြီ။ အဲ့ဒီနောက် သားရဲကောင်တွေအားလုံးကိုအရေခွံစုတ်သန့်ရှင်းရင်းနဲ့ အူတွေကလီစာတွေထုတ်ပါတော့တယ်။ သူမက အရမ်းကိုအတွေ့အကြုံရှိပြီ လက်ယဥ်နေခဲ့တယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ပထမတန်စားအသားငါးက ဟို့ယွိဟောင်ရှေ့ကိုရောက်နေခဲ့ပြီးပါပြီ။

ရေခဲကိုထိန်းချုပ်တဲ့နေရာမှာ တကယ်ကိုမြင့်မားလွန်တဲ့ အစွမ်းအစတွေရှိနေတာပါပဲ။ ဟို့ယွိဟောင်စိတ်ထဲမှာ ပြောနေမိတယ်။ သူ့အနေနဲ့ အဆုံးစွန်ရောက်နေတဲ့ ရေခဲစွမ်းအားကို ပိုင်ဆိုင်ထားပေမဲ့ ထိန်းချုပ်တဲ့နေရာမှာ လင်းလော့ချန်ထက် အများကြီးအားနည်းနေသေးတာ အမှန်ပါ။

သစ်ကိုင်းတွေရဲ့ အပြင်အလွှာကို ခွာထုတ်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ စတင်ပြီ ချက်ပြုတ်ဖို့လုပ်ပါတော့တယ်။ သူနဲ့အတူတူ ဟင်းခတ်အမွှေးအကြိုင်တချို့ကိုယူလာခဲ့ပြီ အတော်လေး များများလဲပါနေခဲ့တယ်။

ခက်ခဲတဲ့ငယ်ဘ၀ကြောင့် သူအနေနဲ့ အမြဲတမ်းရိက္ခာအခြောက်အခြမ်းတွေကို စုဆောင်းထားခဲ့တာပါ။ ဒါ့အပြင် အပြင်မထွက်ခင်အချိန်အတိုင်းမှာ ဟင်းခတ်အမွှေးအကြိုင်တွေကိုလဲအပြည့်၀ယ်ထားပြီ စုထားလေ့တာရှိပါတယ်။

တောရိုင်းထဲမှာကြီးပြင်းတဲ့တိရစ္ဆာန်တွေက အတော်လေးကို ဆူဆူဖြိုးဖြိုးနဲ့ အဆီအသားတွေလဲပြည့်၀နေခဲ့ပါတယ်။ ဒါကြောင့် သူအနေနဲ့ နောက်ထပ်ဆီအများကြီးထည့်ဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် အရေးကြီးဆုံးအရာကတော့ မီးကိုထိန်းချုပ်နိုင်စွမ်းပါပဲ။ အရင်အချိန်တွေက ငါးကင်တိုင်း ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်ဟင်းခတ်အမွှေးအကြိုင်တွေကို ငါးတွေမှာသုတ်လိမ်းပြီတဲ့နောက် ဗိုက်ထဲကိုလဲဟင်းခတ်အမွှေးအကြိုင်အရွက်တွေထပ်ပြီဖြည့်ပါတယ်။ အဲ့ဒီနောက်မှာသာ မီးကိုထိန်းချုပ်ပြီ ကင်နေတာပါ။ သူ့ရဲ့ ငါးကင်တဲ့နည်းလမ်းက အတော်ကို ရိုးရှင်းပါတယ်။ မာရှောင်ထောင့်ကို မီးသွေးမွှေးခိုင်းပြီတဲ့နောက် သစ်ကိုင်းခြောက်တစ်ချောင်းကိုယူပြီ အထဲမှာရှိတဲ့မီးတွေကို ဆက်တိုက်ဆိုသလို ထိန်းချုပ်ပါတော့တယ်။

တစ်ချိန်ထဲမှာပဲ အပေါ်မှာရှိတဲ့ သားကောင်တွေကို သူအပေါ်အောက်လှန်းနေခဲ့တယ်။ ဒါ့အပြင် စိတ်၀ိညာဥ်ထောက်လှမ်းရေးကို အသုံးပြုတာက ဟင်းချက်တဲ့အချိန်မှာ အတော်လေး အသုံး၀င်တာပါ။

တခဏတာအချိန်အတွင်းမှာပဲ အသားကင်တွေရဲ့အနံ့က အပြင်ကိုပြန့်လွှင့်လာပါတော့တယ်။ မီးဖိုရဲ့အပေါ်မှာရှိနေခဲ့တဲ့ သားကောင်တွေအားလုံးကလဲ ကြွပ်ရွပြီ ရွှေရောင်တောက်နေခဲ့ပါပြီ။ ဒါ့အပြင် မီးတွေရဲ့တစ်ဆစ်ဆစ်မြည်သံတွေကိုလဲ ကြားနေခဲ့ရပါတယ်။ ဒီအချိန်မှာတော့ အသားကင်ရဲ့အနံ့က အမွှေးဆုံးပါပဲ။

လက်ရှိအချိန်မှာ အကြီးအကဲရွှမ်က ဗိုက်ဆာနေတဲ့ကလေးငယ်လေးတစ်ယောက်လိုမျိုး မျက်လုံးအ၀ိုင်းသားနဲ့ ဟို့ယွိဟောင်ဘေးမှာ စောင့်ကြောက်ထိုင်ရင်း စောင့်ကြည့်လို့နေခဲ့ပါပြီ။ ဒါ့အပြင် တခြားဗိုက်ဆာနေတဲ့သူတွေကိုလဲ ရန်လိုတဲ့ပုံစံရှိနေခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာ ထိုက်ယွဲ့ဟန်နဲ့ ချန်ကျစ်ဖုန်းတို့ကလဲ ပြန်လာခဲ့ပါပြီ။ သူတို့တွေလဲ အဝေးကနေ ဟို့ယွိဟောင်ရဲ့အကင်အနံ့ကို ရနေခဲ့တယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်အနေနဲ့ အရမ်းကို ကျွမ်းကျွမ်းကျင်ကျင်အသားကင်နေတဲ့ပုံစံကိုကြည့်ရင်း သူတို့တွေလဲ အံ့ဩနေခဲ့ကြပါတယ်။ ဒုတိယနှစ်ကျောင်းသား ဒီကလေးက သေချာပေါက် အသက်ဆယ့်သုံးနှစ်တောင် မပြည့်သေးပါဘူး။ အချက်အပြုတ်ဘာကြောင့် ဒီလောက်တောင်တော်နေရတာလဲ။

သူတို့တွေ ငါးတွေပြန်ယူလာချိန်မှာ ချန်ကျစ်ဖုန်းက အပြင်အင်္ကျီအိတ်ထဲကနေ မှိုတွေကိုလဲ ထုတ်လာခဲ့ပါသေးတယ်။ ဒီနူးညံ့တဲ့မှိုတွေက ညချမ်းရဲ့နှင်းစက်တွေစိုနေဆဲဖြစ်ပြီ သူတို့ရဲ့နူးညံ့တဲ့အသံက မိန်းမပျိုလေးတစ်ယောက်လိုပါပဲ။

ဟို့ယွိဟောင်အနားကို လျှောက်လာရင်း ထိုက်ယွဲ့ဟန်က ပြောလိုက်ပါတယ်။

” ယွိဟောင် ငါတို့ငါးတွေယူလာပြီ ”

သူတို့နှစ်ယောက် တကယ်ကိုများပြားတဲ့ငါးတွေ ယူလာခဲ့တာပါ။ စုစုပေါင်းရှစ်ကီလိုလောက်အထိ ငါးတွေကိုသူတို့တကယ်သယ်လာခဲ့ရင်း ကြိုးတွေနဲ့လဲသီးထားခဲ့ပါသေးတယ်။ ရလဒ်အနေနဲ့ ချန်ကျစ်ဖုန်းနဲ့ ထိုက်ယွဲ့ဟန်ကြားမှာ စုစုပေါင်းငါးမီတာရှည်လျားတဲ့ငါးတံတားကြီးကဖြစ်နေခဲ့ပါပြီ။

ဟို့ယွိဟောင်အနေနဲ့လဲ ချန်ကျစ်ဖုန်းရဲ့ အိတ်ထဲကနေမှိုတွေကိုကြည့်ပြီ ပျော်သွားခဲ့ပါတယ်။

” အစ်ကိုကြီးနှစ်ယောက် ကျွန်တော်သစ်သားတန်းလိုတယ်..အစ်မကြီးလင်း ဒီငါးတွေကိုကိုင်ပေးဖို့ အစ်မကြီးကို အကူအညီတောင်းရဦးမှာပဲ သူတို့တွေကို အကြေးခွံမဖယ်လိုက်နဲ့ အတွင်းပိုင်ကိုသန့်စင်ပေးရုံနဲ့ အဆင်ပြေပြီ ”

” ကောင်းပြီလေ ”

လင်းလော့ချန်က ခေါင်းညိတ်လိုက်ပါတယ်။ အရမ်းကိုအလေးအနက်ဖြစ်နေတဲ့ ဟို့ယွိဟောင်ကိုကြည့်ရင်း သူမက ထူးထူးဆန်းဆန်းကြီး ပြုံးနေခဲ့တယ်။ လက်ရှိအချိန် ဒီမောင်ငယ်လေးအပေါ် သူမရဲ့အမြင်က အတော်လေးကိုပိုကောင်းလာခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူ့ရဲ့ဆိုးသွမ်းတဲ့မောင်အရင်းအကြောင်းကိုတောင် ပြန်တွေးနေခဲ့မိတယ်။

သစ်သားမီးဖိုနဲ့ပတ်သက်တဲ့ကိစ္စကတော့ နှစ်မိနစ်အတွင်းမှာဖြေရှင်းပြီသားဖြစ်သွားခဲ့ပါတယ်။ ထိုက်ယွဲ့ဟန်က သူ့ရဲ့အားကိုအသုံးပြုရင်း သစ်သားကြီးသုံးတုံးကို ခုတ်ထွင်းလာခဲ့တယ်။ ချန်ကျစ်ဖုန်းရဲ့ ၀ိညာဥ်ဖမ်းဆီးဓားကို အသုံးပြုပြီး မီးဖိုဖြစ်အောင် သူလုပ်ပါတော့တယ်။ အဲ့ဒီနောက် ကြီးမားပြီအ၀ိုင်းပုံသဏ္ဍာန်ရှိနေတဲ့ မီးဖိုကြီးက ဟို့ယွိဟောင်အရှေ့ရောက်လာခဲ့ပါပြီ။။ ဒါပေမယ့် လင်းလော့ချန်က သူမရဲ့ရေခဲကိုအသုံးပြုရင်း ဓားပေါ်ကသွေးညီးနံ့တွေကို ဖယ်ရှားပြစ်လိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ အသားတွေကကျက်လို့နီးပါးဖြစ်နေခဲ့ပါပြီ။ ပထမဆုံးအနေနဲ့ ပြီးသွားတာကတော့ ယုန်နှစ်ကောင်ပါပဲ။

ဟို့ယွိဟောင်သူ့တို့ကို မီးဖိုပေါ်ကချလိုက်ပြီးပြီချင်မှာပဲ သူလက်တစ်ခုလုံးပေါ့ပါးသွားတာကို ခံစားလိုက်ရပါတော့တယ်။ ယုန်နှစ်ကောင်နဲ့အတူပြေးသွားတာကတော့ အကြီးအကဲရွှမ်ပါ သူအဝေးကိုမပြေးခင်မှာ ပြောသွားပါသေးတယ်။

” ကျန်တာတွေ မင်းတို့အတွက်ပဲ ”

ယောင်ဟောက်ရွှမ်အနေနဲ့လဲ ဒါကိုမြင်ချိန်မှာ သင်ပြင်းချလိုက်ပါတယ်။

” အကြီးအကဲရွှမ်ကတော့လေ တကယ်ပါပဲ ”

” မင်းသေချင်နေတာလား ”

မပီပြင်၀ိုးတ၀ါးအသံက မိုးခြိမ်းသံလိုမျိုး ထွက်ပေါ်လာပါတော့တယ်။ အဲ့ဒီနောက် ယောင်ဟောက်ရွှမ်လဲ လေထဲကိုလွှင့်ထွက်လို့သွားပြီ သစ်ပင်တစ်ပင်ပေါ်မှာ သွားညှိနေခဲ့ပါပြီ။

ရှုစန်းရှီကတော့ ပါးစပ်ပိတ်ထားရင်းနဲ့သာ ရယ်မောနေခဲ့ပါတော့တယ်။

” အစ်ကိုကြီးယောင်က တကယ်ပဲ အကြီးအကဲရွှမ်က ဒီလိုပြော၀ံ့တယ်နော် သူကတော့ သူဘာသာသူ ပြဿနာရှာနေတာပဲ ”

ပေ့ပေ့လဲခေါင်းညိတ်ရင်း ပြောလိုက်ပါတယ်။

” ဟုတ်တယ် ဒီကောင်က မင်းလိုပဲအပြောအဆိုမတတ်ဘူး ”

” မဟုတ်တရမ်းတာတွေ လာမပြောနဲ့ မင်းရဲ့ဒီညီနောင်က အဲ့ဒီလိုလူမျိုးမဟုတ်ဘူး..ဒါ့အပြင် ဒီအစ်ကိုကြီးက တင်ပါးအကြီးကြီးနဲ့ အမျိုးသမီးတွေကိုပဲ သဘောကျတာ ”

ရှုစန်းရှီက မကျေမနပ်နဲ့ပြောလာခဲ့ပါတယ်။ ဒါပေမယ့် ကျန်းနန်နန်ရဲ့ လူသတ်ချင်စိတ်အပြည့်နဲ့မျက်လုံးတွေကို တွေ့လိုက်ရမယ်လို့ သူမမျှော်လင့်ထားခဲ့မိပါဘူး။ သူမက ဒေါသတကြီးနဲ့ နှာခေါင်းရှုံ့ရင်းဘေးကိုလှည့်ထွက်သွားပါတော့တယ်။

” ပေ့ပေ့ ငါမင်းနဲ့ ဒီတစ်ခေါက်တော့ အသေအကြေတိုက်ခိုက်ရတော့မယ် ”

ရှုစန်းရှီက ပေ့ပေ့ကို၀င်ပြီ နပန်းလုံးဖို့လုပ်ပါတော့တယ်။

” ဒါဆိုရင် ငါဆရာတူညီလေးကင်တဲ့ အသားကင်တွေကို လာစားဖို့မင်းတွေးတောင်တွေးမနေနဲ့တော့ ”

ပေ့ပေ့က အေးအေးဆေးဆေးသာ ပြန်ပြောလိုက်တယ်။

ပေ့ပေ့ရဲ့ခန္ဓာကိုယ်ကို ဆွဲယူမလို့လုပ်နေတဲ့ ရှုစန်းရှီရဲ့လက်တွေကတော့ ချက်ချင်းဆိုသလို ရပ်တန့်လို့သွားခဲ့ပါပြီ။

” စားပြီတာနဲ့ မင်းနဲ့ကိစ္စပြန်ရှင်းမယ်…ပေ့ပေ့ ငါမင်းနဲ့ပတ်သက်ပြီ ဘာကိုအမုန်းဆုံးလဲမင်းသိရဲ့လား ”

ပေ့ပေ့က ခေါင်းခါရင်း အလေးအနက်ပြောလာခဲ့ပါတယ်။

” လူသားတစ်ယောက်က ၀က်တစ်ကောင်တွေးနေတဲ့ အတွေးကို ဘယ်လိုများသိနိုင်မှာလဲ ”

ရှုစန်းရှီအနေနဲ့လဲ ပေ့ပေ့ရဲ့ ခြိမ်းခြောက်မှုကြောင့် ဘယ်လောက်ပဲဒေါသထွက်ပါစေ နောက်ထပ်မပြောနိုင်ပဲ ရှိနေခဲ့ပါတယ်။

” ဒီအစ်ကိုကြီး မင်းကိုအမုန်းဆုံးကိစ္စက မင်းအနေနဲ့ ဘာမှမသိချင်ယောင်ဆောင်တဲ့ အပြစ်ကင်းစင်တဲ့မျက်နှာကို အသုံးချပြီ မဟုတ်တရမ်းပေါက်ကရတွေကို ရုပ်တည်ကြီးနဲ့ပြောနေနိုင်တာပဲ မင်းက တကယ်ကို မကောင်းတဲ့စိတ်ထားနဲ့ မွေးဖွားလာတဲ့သတ္တ၀ါ ဘာကြောင်များ ရှောင်ယာ့မင်းကိုဘယ်လိုနှစ်သက်သွားလဲဆိုတာ ငါစဥ်းစားလို့မရဘူး ”

အပိုင်း ၆၉•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset