Switch Mode

Chapter – 68.3

အမျက်ဒေါသရဲ့ အစောင့်အရှောက်တွေ

အပိုင်း ၆၈•၃

” အမျက်ဒေါသရဲ့အစောင့်အရှောက်တွေ ”
°°°
အကြီးအကဲရွှမ်ကတော့ ပြောရင်းနဲ့ ပိုလို့အလေးအနက်ရှိလာခဲ့ပါပြီ။

” မင်းတို့တွေ တွေးနေကြတယ်မဟုတ်လား ငါတို့တွေက ဘာကိုစောင့်ကြပ်ရမှာလဲလို့ ငါတို့တွေက ဒီတိုက်ကြီးထဲမှာရှိတဲ့ မတရားမှုတွေကို အားလုံးဖြေရှင်းပေးဖို့ကြိုးစားနေတာမဟုတ်ဘူး..ဘာကြောင့်လဲဆိုတော့ ဒီလိုအရာအားလုံးကို ဖယ်ရှားပြစ်ဖို့ဆိုတာက လက်တွေကျကျပြောရမယ်ဆိုရင် မဖြစ်နိုင်တဲ့အရာပဲလေ သော့်လော့တိုက်တစ်ခုလုံးက အရမ်းကို ကျယ်ပြန့်လွန်လှတယ်..ဒါ့အပြင် နိုင်ငံတော်လေးခုထဲမှာလဲ မရေမတွက်နိုင်တဲ့လူတွေက ရှိနေသေးတယ်..ငါတို့ရဲ့ အမျက်ဒေါသမြို့တော်တစ်ခုထဲမှာတင် အမြဲတမ်းနေထိုင်နေတဲ့ လူဦးရေးက ငါးသန်းကျော်နေခဲ့ပြီ ဒါ့အပြင် အတွင်းနယ်မြေရဲ့ တပည့်သားတွေကိုတောင် ငါတို့အပြည့်အ၀လိုက်ပြီကြည့်ရှု့စောင့်ရှောက်တာမျိုး မလုပ်နိုင်သေးဘူး…ဒါကြောင့်သာ ငါတို့အနေနဲ့ ၀ိညာဥ်ပညာရှင်တွေကိုပဲ လိုက်ပြီးတော့စောင့်ကြပ်ရတယ်..ဒါ့အပြင် သာမန်လူတွေနဲ့ အစိုးရအမတ်လောင်းတွေကို အဓိကစောင့်ကြည့်ရတယ်..နိုင်ငံတော်တစ်ခုလုံးကိုတော့ ဘယ်လိုလုပ်ထိန်းချုပ်နိုင်မှာလဲ ငါတို့မှာကိုယ်ပိုင်သတင်းအချက်အလက် ရနိုင်တဲ့အရင်းအမြစ်တွေရှိနေပြီ နိုင်ငံကလူတွေဖြေရှင်းဖို့မလွယ်ကူတဲ့ လူယုတ်မာတွေကိုပဲဖြစ်ပါစေ နိုင်ငံရဲ့အမှု့ထမ်းတွေအနေနဲ့ ရင်ဆိုင်ဖို့ခက်ခဲတဲ့သူတွေကိုပဲဖြစ်စေ ငါတို့တွေကူညီဖြေရှင်းပေးကြရတယ်..အကယ်၍ ၀ိညာဥ်ပညာရှင်တစ်ယောက်ကသာ မကောင်းတဲ့အရာရွေးချယ်သွားပြီဆိုလို့ကတော့ အတွင်းနယ်မြေရဲ့တပည့်သားတွေကို စေလွှတ်ပြီဒီကိစ္စတွေကို ကိုင်တွယ်စေတယ်..အခုလက်ရှိအချိန်မှာ အဲ့ဒီတပည့်သားတွေကို အမျက်ဒေါသရဲ့ အစောင့်အကြပ်တွေလို့ ခေါ်ကြတယ်..ငါတို့အတွင်းနယ်မြေမှာကတော့ တခြားနာမည်တစ်ခုရှိတာပေါ့ အမျက်ဒေါသရဲ့အစောင့်အရှောက်တွေ လက်ရှိအချိန် ငါက အဲ့ဒီအစောင့်အရှောက်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင်ပဲ ”

” မင်းတို့တွေ တွေးကောင်းတွေးကြမှာပေါ့ ငါတို့ဘာကြောင့်များအရာအားလုံးကို ဒီလိုမျိုးလိုက်ပြီးထိန်းချုပ်နေရမှာလဲ တိုက်ကြီးတစ်ခုလုံးက ကျယ်ပြန့်လွန်တယ်လေ..ဒါကြောင့် မကောင်းတဲ့လုပ်ရပ်တွေကလဲ အရမ်းကိုများပြားလွန်တယ်..အတွင်းနယ်မြေထဲမှာ တပည့်သားတွေကတစ်ရာတောင်မရှိဘူးလေ ဒါဆိုရင် ဘယ်လိုလုပ်ကြမှာလဲ မင်းတို့ကို ငါပြောပြမယ်..နိုင်ငံတစ်ခုချင်းဆီတိုင်းမှာတင်မကဘူးအကြီးမားဆုံးဖြစ်တဲ့ နေလနိုင်ငံတော်တောင် ငါတို့ရဲ့ အမျက်ဒေါသအစောင့်အရှောက်တွေကို လုံး၀အထင်မသေး၀ံ့တဲ့အကြောင်းအရင်းရှိတယ်..အတွင်းနယ်မြေထဲမှာ လက်ရှိအချိန် တပည့်သားကတစ်ရာပဲရှိပေမဲ့ အပြင်နယ်မြေကနေ သင်ကြားမှုပြီးမြောက်သွားတဲ့တပည့်သားတွေက နှစ်သောင်းကျော်နေပြီ တစ်ချိန်ထဲမှာပဲ အစောင့်အကြပ်တွေအဖြစ်ကို ပြီးမြောက်တဲ့အထိတာ၀န်ယူသွားတဲ့တပည့်သားက တစ်ထောင်နီးပါးရှိတယ်..အတွင်းနယ်မြေထဲမှာ ကပ်ဆိုးတွေက မကြာခဏကျရောက်ပေမဲ့ ကျောင်းတော်ရဲ့အတွင်းနယ်မြေထဲက ထွက်သွားနိုင်တဲ့သူတွေအားလုံးက ဒီလူအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ ထိပ်ဆုံးရောက်နေတဲ့ပညာရှင်တွေပဲ ဒါ့အပြင် ငါတို့ကျောင်းတော်မှာတိုက်ကြီးတစ်ခုလုံးထဲက ကောက်နှုတ်ခံလိုက်ရမယ်ဆိုရင်တောင် အထူးချွန်ဆုံးဆရာတွေ ရှိနေတယ်..ဒါ့အပြင် ဆရာတွေအားလုံးကလဲ အစောင့်အရှောက်တွေကြီးပဲ ”

” ဒါ့အပြင် အတွင်းနယ်မြေရဲ့တပည့်သားတစ်ယောက်ချင်းဆီတိုင်းကလဲ အစောင့်အရှောက်အဖြစ် တာ၀န်ကိုယူထားကြရတယ်…သူတို့တွေ စာသင်ကြားမှုတွေအားလုံးကို ပြီးမြောက်သွားဖို့အတွက် လုပ်ငန်းတာ၀န်ပေါင်းသုံးဆယ်ကို အောင်မြင်အောင်လုပ်နိုင်ရမယ်…ဒီလုပ်ငန်းတာ၀န်တွေက ငါတို့တပည့်သားတွေရဲ့ အင်အားကိုစမ်းသပ်ရုံတင်မကဘူး နှလုံးသားတွေကိုလဲ စမ်းသပ်တယ်…ကျောင်းတော်အနေနဲ့ နှလုံးသားမရှိတဲ့ ပညာရှင်တွေကို မမွေးမြူးပေးဘူး..တိုက်ကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်ရေးကို ကာကွယ်ပေးမဲ့ စစ်မှန်တဲ့ပါရမီရှင်တွေကိုပဲ မွေးထုတ်တယ် ”

” ဒါကြောင့် မင်းတို့ကို ငါပြောချင်တာက ငါတို့အားလုံးက အစောင့်အရှောက်တွေကြီးပဲ ဒါ့အပြင် တရားဥပဒေရဲ့ဘက်တော်သားတွေ အမျက်ဒေါသရဲ့အစောင့်အရှောက်တွေအားလုံးက ပြဿနာများပြီ အန္တရာယ်ကြီးတဲ့ကိစ္စတွေအားလုံးကို ရင်ဆိုင်ကြရတယ်…ဒါ့အပြင် တစ်ခါတစ်လေမှာ သော့်လော့ဘွဲ့ရတဲ့ ပညာရှင်တွေနဲ့တောင် ရင်ဆိုင်ဖို့လိုအပ်တယ်..အချိန်မရွေးအသက်အန္တရာယ်လဲ ကျရောက်လာနိုင်တယ်..ဒါကြောင့်သာ ပထမဆုံးအနေနဲ့ မင်းတို့တွေးရမဲ့ကိစ္စက မင်းတို့အစောင့်အရှောက်ကိုထားဖို့အတွက် ဆန္ဒရှိရဲ့လား ”

” ဒါ့အပြင် အစောင့်အရှောက်တွေအတွက်လဲ ဘာလျော်ကြေးမှရမှာမဟုတ်ဘူး.”,

ဒီတစ်ကြိမ်မှာ အကြီးအကဲရွှမ်ရဲ့ အသံက နူးညံ့လို့သွားပါတယ်။ အကြိုအဖွဲ့ရဲ့တပည့်သားခုနှစ်ယောက်​မျက်၀န်းတွေကို သူစောင့်ကြည့်နေခဲ့တယ်။ ဘယ်သူကမှထိတ်လန့်သွားတဲ့ပုံမပေါ်ပါဘူး။ အဲ့ဒီအစားခေါင်းမာပြီ တုံးကိုက်ကိုက် ကျားကိုက်ကိုက်ဆိုတဲ့ပုံစံတွေသာ ရှိနေခဲ့တယ်။ သူတို့က ဆုံးဖြတ်ချက်ချပြီးပါပြီ။

ထိုက်ယွဲ့ဟန်က အကြီးအကဲရွှမ်ရဲ့ဘေးကို လျှောက်လာရင်းပြောလိုက်ပါတယ်။

” ညီငယ်လေးနဲ့ ညီမလေးတို့ မင်းတို့ကို ငါပြောပြမယ်… ငါတို့အထက်မှာရှိခဲ့ဖူးတဲ့ အစ်ကိုကြီး အစ်မကြီးတွေရဲ့ ပြောကြားမှုအရဆိုရင် အမျက်ဒေါသအစောင့်အရှောက်ဖြစ်ရတာက ဘ၀မှာအကြီးမားဆုံးဂုဏ်ယူစရာတစ်ခုပဲ သူတို့တွေ ကျောင်းတော်ကသင်ကြားမှုပြီးမြောက်သွားပြီတဲ့နောက် အများစုက အစောင့်အရှောက်တစ်ယောက်လုပ်သင့်တဲ့ကိစ္စတွေကို ဆက်ပြီလုပ်ဆောင်နေကြတယ်..ဒါ့အပြင် ပြင်ပကမကောင်းဆိုးရွားဆန်တဲ့ အနှောင့်အယှက်တွေအတွက်တော့ ငါတို့တွေလုံး၀သနားညှာတာနေစရာမရှိဘူး..ဒါ့အပြင် ငါတို့တွေအားလုံးက အားနည်းပြီအနိုင်ကျင့်ခံရတဲ့သူတွေအတွက်တော့ နတ်ဘုရားလိုတည်ရှိမှုမျိုးပဲ အမျက်ဒေါသရဲ့အစောင့်အရှောက်ကိုရရှိခဲ့ဖူးတဲ့ လူတွေရဲ့အရေအတွက်က မရေတွက်နိုင်လောက်အောင် များပြားတယ်..ဒါ့အပြင် သူတို့ကိုကူညီပေးတာက ငါရဲ့နှလုံးသားတွေအတွက် အကောင်းဆုံးပီတိကိုပဲ ဖြစ်စေနိုင်တယ်..ဒါ့အပြင် လူတွေကိုကူညီပြီရရှိလာတဲ့ ပျော်ရွှင်မှုက ကိုယ့်ကိုကိုယ်တိုင်အတွက် အကောင်းဆုံးအရာလို့ ငါအမြဲတမ်းယုံကြည်ထားတယ်..ဒါ့အပြင် အဲ့ဒီလိုပီတိမျိုးက လုံး၀ကိုအစားထိုးလို့မရနိုင်ဘူး ”

” အခုအချိန်ထိ လုပ်ငန်းတာ၀န်ပေါင်းနှစ်ဆယ်ရှစ်ခုကို ငါပြီးမြောက်အောင်မြင်နိုင်ခဲ့လို့ ကိုယ့်ကိုကိုယ်အရမ်းပဲ ဂုဏ်ယူမိတယ်..ဒါ့အပြင် ငါလဲအခုသုံးဆယ်ပြည့်ဖို့ သိပ်ပြီးမဝေးတော့ဘူး..ဒီကာလအတွင်းမှာ ငါအနေနဲ့ဆိုးယုတ်တဲ့ဓားပြတွေ လူတွေကို အနိုင်ကျင့်ပြီ မဒိမ်းကျင့်သတ်ဖြတ်တဲ့ဓားပြတွေအပြင် ပြည်သူတွေရဲ့အသက်ကိုဂရုမစိုက်တဲ့ အမတ်တွေကိုရော ရင်ဆိုင်ခဲ့ဖူးတယ်..ဒါ့အပြင် အတင်းအကြပ်ကျွန်းပြုခံနေရတဲ့ ကလေးတွေကိုလဲ ကယ်တင်ခဲ့ဖူးတယ်..အတွင်းနယ်မြေရဲ့ ဆောင်ပုဒ်တစ်ခုကတော့ ကြီးမားတဲ့အင်အားတစ်ခုနဲ့အတူ ကြီးမားတဲ့လုပ်ငန်းတာ၀န်တွေကိုလဲ ထမ်းဆောင်ရတယ်..ဒါ့အပြင် နှလုံးသားရဲ့ စေရာအတိုင်းခရီးဆက်မှသာ ကောင်းမွန်တဲ့ဘ၀ကို တည်ဆောက်နိုင်လိမ့်မယ်..ငါ့အနေနဲ့ မင်းတို့အားလုံးနဲ့အတူတူ အလုပ်တာ၀န်တွေကို ထမ်းဆောင်ချင်ပါသေးတယ် ”

ထိုက်ယွဲ့ဟန်ရဲ့ စကားတွေကအရမ်းကို တဲ့တိုးဆန်ပါတယ်။ ဒါပေမယ့် အားလုံးကလဲ ပြိုင်ဘက်ကင်းတဲ့သက်ရောက်မှုတွေ ရှိနေခဲ့တယ်။ အမြဲတမ်းသူနဲ့မတည့်တဲ့ မာရှောင်ထောင့်တောင်မှ ဒီကိစ္စနဲ့ပတ်သက်လာချိန်မှာသူ့ကိုလုံး၀ ၀င်ပြီမနှောင့်ယှက်ခဲ့ပဲ ငြိမ်ငြိမ်သက်သက်လေးနားထောင်နေခဲ့ပါပြီ။ သူမရဲ့မျက်နှာပေါ်မှာ မာနအပြင်ယှဥ်လို့မရနိုင်တဲ့ တောက်ပမှုတွေလဲ ရှိနေခဲ့တယ်။ သူတို့တွေအားလုံးက ရောင်စဥ်တန်းတွေထဲမှာ တောက်ပနေသလိုပါပဲ။

အကြီးအကဲရွှမ်က ခေါင်းညိတ်လိုက်ပါတယ်။

” ကောင်းပြီ မင်းတို့တွေ ငါ့ကိုအခုဖြေပေးလိုက်တော့ အစောင့်အရှောက်အဖြစ် ၀င်ရောက်မလား ထွက်ခွာမလား ”

” ကျွန်တော်တို့၀င်ပါ့မယ် ”

အသံခုနှစ်သံက တစ်ပြိုင်နက်ထဲထွက်ပေါ်လို့လာခဲ့ပါပြီ။ ခုနှစ်ယောက်စလုံးရဲ့ အတွေးတွေအားလုံးက တစ်သားထဲဖြစ်သွားသလိုပါပဲ။ အတွင်းနယ်မြေရဲ့ တပည့်သားတွေ ဘယ်လိုတာ၀န်မျိုးကို ထမ်းပိုးထားရလဲဆိုတာကို အခုမှသာသူတို့နားလည်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ကျောင်းတော်ရဲ့ အစောင့်အရှောက်ဖြစ်လာဖို့အတွက် ဒီတာ၀န်၀တ္တရားကို မဆိုင်မတွပဲ လက်ခံခဲ့တယ်။

အကြီးအကဲရွှမ်ကတော့ ပြုံးနေခဲ့တယ်။

” ငါတကယ်ပဲ မင်းတို့ကို ရွေးချယ်ခဲ့တာမမှားခဲ့ဘူး…မင်းတို့တွေထဲမှာ ငကြောက်တစ်ယောက်မှမပါဘူး..ဒီကိစ္စတွေအားလုံးရဲ့အနောက်ဖက်မှာ နောက်ထပ်အကြောင်းအရင်းတစ်ခု ရှိနေတာကို ပြောပြမယ်..ဒါ့အပြင် မင်းတို့အနေနဲ့ ပထမဆုံးအစောင့်အရှောက်တွေအဖြစ် တာ၀န်ကိုထမ်းဆောင်ကြရတော့မယ်..ရှောင်ထောင့် ဒီတစ်ခေါက်ကိစ္စကို ရှင်းပြလိုက် ၀မ်ယန် သူတို့ကို အစောင့်အရှောက်တွေရဲ့ လက်နက်ကိရိယာတွေပေးလိုက် ”

၀မ်ယန်က ခေါင်းညိတ်လိုက်ပါတယ်။ သူ့ရဲ့သယ်ဆောင်ရေးကိရိယာထဲကနေ လက်စွပ်တချို့ကို ထုတ်ယူလာခဲ့ပြီ ဒီနေရာမှာရှိတဲ့လူတွေကို ပေးအပ်လိုက်တယ်။ အရမ်းကိုလှပတဲ့ လက်စွပ်က ငွေဖြူရောင်သတ္ထုတစ်ခုနဲ့ ပြုလုပ်ထားခဲ့ပြီ လက်သည်းခွံထိပ်အရွယ် ကျောက်စိမ်းရောင်ကျောက်မျက်ရတနာလေးတစ်ခုလဲ လက်စွပ်ထဲမှာ မြုပ်နှံထားပါသေးတယ်။ တောက်ပနေတဲ့ကျောက်မျက်ရတနာက အသက်စွမ်းအားတွေနဲ့ ပြည့်နှက်လို့နေခဲ့ပါပြီ။ ဒါကတော့အမျက်ဒေါသကျောင်းတော်ရဲ့ ထိပ်တန်းလက်စွပ်တစ်ခုဖြစ်ပြီ ကျောင်းတော်ရဲ့သင်္ကေတပုံစံအတိုင်း ရှိနေခဲ့တဲ့အရာပါ။

မာရှောင်ထောင့်က ပြောလိုက်ပါတယ်။

” ဒါကိုသေချာသိမ်းထား ဒါကအမျက်ဒေါသအစောင့်အရှောက်ဆိုတဲ့ သင်္ကေတပဲ ငါတို့မှာပဲရှိတယ်..လက်ရှိအချိန်မှာ မင်းတို့လုပ်ရမဲ့ကိစ္စက သွေးတစ်စက်ကိုအဲ့ဒီလက်စွပ်ရဲ့ မျက်နှာပြင်ဆီချပေးလိုက် ဒါဆိုရင်မင်းတို့ရဲ့သွေးနဲ့ ဆက်စပ်သွားလိုက်မယ်…မင်းတို့သာ ငါတို့ထဲက တစ်ယောက်ဖြစ်နေမယ်ဆိုရင် အရှေ့မှာရှိတဲ့ အစောင့်အရှောက်တွေရဲ့ ဇစ်မြစ်ကိုအသိအမှတ်ပြုပြီး အတည်ပြုဖို့အတွက် အသုံးချနိုင်တယ်..ဒါ့အပြင် အဲ့ဒီလက်စွပ်ကလဲ ပစ္စည်းသိမ်းလို့ရတဲ့ကိရိယာတစ်ခုပဲ ငါတို့တွေအသုံးပြုတဲ့ လက်နက်ကိရိယာတွေအပြည့်အစုံမှာပါ၀င်နေတယ်..တစ်ချက်ကြည့်လိုက်ကြ ”

” ငါတို့မှာ အထူးပြုလုပ်ထားတဲ့ အ၀တ်အစား မျက်နှာဖုံး ၀တ်ရုံနဲ့ အချက်ပြမီးတွေရှိတယ်…ဒါ့အပြင် လုပ်ငန်းတာ၀န်ထမ်းဆောင်နေချိန်မှာ ငါတို့ရဲ့ရုပ်သွင်ကို ဘယ်သူမှမြင်ခွင့်မပြုနိုင်ဘူး…ဒါမှသာ ငါတို့ဘ၀နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ သက်ရောက်မှုနည်းလာမှာ ငါတို့အနေနဲ့ မျက်နှာဖုံးစွပ်ထားဖို့က အရေးကြီးဆုံးပဲ ငါတို့မှာ အချက်ပြတဲ့မီးရှိနေတာပဲ ဒီအချက်ပြတဲ့မီးက ငါတို့မှာသာရှိနိုင်တယ်..အန္တရာယ်များတဲ့အခြေအနေမှာ အစောင့်အရှောက်တစ်ယောက်က ဒီမီးကိုထုတ်လွှတ်နိုင်မယ်ဆိုရင် ကျောင်းတော်ရဲ့အတွင်းနယ်မြေမှာရော အပြင်နယ်မြေမှာရောရှိနေတဲ့ ကျောင်းသားတွေအားလုံးမင်းတို့ကို လာပြီကူညီလိမ့်မယ်..ဒါကတွေးထားတာထက်ကို အများကြီးပိုပြီး အသုံး၀င်နိုင်မှာ အမှန်ပဲ ”

” ဒီတစ်ကြိမ်မှာ ငါတို့လုပ်ဆောင်ရမဲ့ လုပ်ငန်းတာ၀န်ကကြယ်တာရာလော့နိုင်ငံတော်နဲ့ နေလနိုင်ငံတော်ရဲ့ ကြားနယ်စပ်မှာ သောင်းကျန်းနေတဲ့ဓားပြအုပ်စုကိုသွားပြီ ဖမ်းဆီးဖို့ပဲ ဒါ့အပြင် တိုက်ကြီးတွေရဲ့ပြိုင်ပွဲက မကြာခင်မှာစတင်တော့မှာဖြစ်တာကြောင့် ငါတို့အနေနဲ့ သုံးရက်ကနေ လေးရက်အတွင်းအပြီးသတ်ဖို့လိုတယ် ”

” အဲ့ဒီဓားပြတွေက အရမ်းကိုရက်စက်ပြီ​ကောက်ကျစ်လွန်တယ်…နယ်စပ်ကိုဖြတ်သန်းသွားလာတဲ့ ကုန်သည်တွေကိုသတ်ဖြတ်ပြီ တစ်ယောက်တစ်လေကိုမှ ချန်ရစ်မထားဘူး…ဒါ့အပြင် သူတို့ရဲ့ သားကောင်တွေကိုလဲ တွေးကြည့်လို့တောင်မရတဲ့ ယုတ်ယုတ်မာမာကိစ္စတွေကို လုပ်ဆောင်နေသေးတယ်..ဒါ့အပြင် သူတို့ပုန်းအောင်တဲ့ တောင်ကြောက အရမ်းကိုရှုပ်ထွေးတဲ့နယ်မြေဖြစ်ပြီ တိုက်ခိုက်ဖို့လဲ ခက်ခဲလွန်တယ်..ဒါ့အပြင် သူတို့ပုန်းအောင်နိုင်တဲ့ ဂူတွေအများကြီးရှိတာကြောင့် စစ်တပ်တစ်တပ်ကိုသုံးပြီ တိုက်ခိုက်လို့လဲမရနိုင်ဘူး…ဒါ့အပြင် သူတို့တွေကနယ်မြေရဲ့ နယ်စပ်မှာအဓိကနေထိုင်နေတာ အကြောင်းအရင်းရှိတယ် ”

” နေလနိုင်ငံတော်နဲ့ ကြယ်တာရာလော့နိုင်ငံတော်ကဘယ်တုန်းကမှ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိခဲ့ဖူးဘူး..ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတော်နှစ်ခုပူးပေါင်းဆောင်ရွက်ဖို့ကအရမ်းကို ခက်ခဲတယ်..ဘယ်နိုင်ငံတော်ကမှမဆို စစ်တပ်ကိုပို့လွှတ်ပြီတိုင်း အဲ့ဒီကောက်ကျစ်တဲ့ခွေးမသားတွေက တခြားတစ်ဖက်ဆီပြေးတော့တာပဲ နိုင်ငံနှစ်ခုကြားမှာ တိုက်ပွဲငယ်လေးတွေဖြစ်အောင်တောင် သူတို့တွေ ဖန်တီးနေသေးတယ်..ဒါပေမယ့် အခုအချိန်အထိ သူတို့ကတော့ ကောင်းကောင်းမွန်မွန်အသင်ရှင်နေကြတုန်းပဲ အရေအတွက်များတာက သူတို့ကို အနိုင်ယူဖို့မကောင်းမွန်စေနိုင်ဘူး…ဒါ့အပြင် ဓားပြတွေကလူသုံးရာတောင်မရှိပေမဲ့ သူတို့နယ်မြေကိုအရမ်းရင်းနှီးကျွမ်း၀င်ပြီ ၀ှက်ဖဲတွေနဲ့ လှည့်စားချက်တွေလဲ အများကြီးလုပ်နိုင်သေးတယ်..ဒါကြောင့်သာ ငါတို့လိုမျိုး အဖွဲ့ငယ်လေးက သူတို့ကိုရင်ဆိုင်ဖို့အတွက် အကောင်းဆုံးဖြစ်နေတာပဲ ”

” အဲ့ဒီဓားပြတွေက သူတို့ကိုသူတို့ သေမင်းနတ်ဘုရားရဲ့ တမန်တော်တွေလို့ ခေါ်ကြတယ်…ဒါ့အပြင် အတော်လေးအင်အားကောင်းတဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်က သူတို့ကို ဦးဆောင်နေတယ်တဲ့ ဒါကြောင့်သာ ငါတို့အနေနဲ့ လုံး၀သတိလက်လွှတ်နေလို့မဖြစ်တာပဲ အဲ့ဒီလူကို မင်းတို့မသတ်နိုင်ဘူးဆိုရင်တောင် ငါတို့အနေနဲ့ အတွေ့အကြုံအသစ်တစ်ခုကို ရနိုင်လိမ့်မယ်..လက်ရှိအချိန်မှာ ငါတို့လုပ်ဆောင်ရမဲ့ကိစ္စက သူတို့တွေအားလုံးကို တစ်ယောက်မှချန်မထားပဲ အမြစ်ပြတ်သုတ်သင်ဖို့ပဲ ဒီအုပ်စုတွေထဲမှာ အသက်ကြီးတဲ့သူတွေ အားနည်းတဲ့အမျိုးသမီးတွေ ကလေးတွေလုံး၀ရှိမနေဘူး….ဒါ့အပြင် တစ်ယောက်မှာလဲ ကြင်နာတတ်တဲ့သူတွေမဟုတ်ကြဘူး ”

တစ်စုံတစ်ယောက်ကိုသတ်ဖြတ်ရမှာလား ဒီကိစ္စကဟို့ယွိဟောင်နဲ့ တခြားသူတွေအားလုံးအတွက် အတော်ကိုမရင်းနှီးတဲ့ကိစ္စပါ။ အထူးသဖြင့် ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့လို အသက်ဆယ့်နှစ်နှစ်အရွယ်ကလေးတွေအတွက် ပိုပြီးထူးဆန်းနေပါသေးတယ်။ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရမယ်ဆိုတဲ့စကားကြားပြီချိန်မှာတော့ သူတို့ရဲ့နှလုံးသားတွေက ပိုပြီးအခုန်မြန်လာခဲ့ပါပြီ။ မာရှောင်ထောင့်က ဟို့ယွိဟောင်ကိုကြည့်ရင်းနဲ့ ပြောလိုက်ပါတယ်။

” ဘာလဲကြောက်နေပြီလား အချိန်ကြလာရင်း ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ပဲ စိတ်လွှတ်ထွက်မသွားစေနဲ့ ဘယ်သူကမှ မင်းတို့ကြောက်သေးပါနေတာကို သန့်ရှင်းရေးလုပ်ပေးမှာမဟုတ်ဘူး ”

ဟို့ယွိဟောင်ရဲ့မျက်နှာကလုံး၀ကို နီရဲသွားပါတော့တယ်။

” ကျွန်တော်လုံး၀ မကြောက်ဘူး ”

အခုလက်ရှိအချိန်မှာ မာရှောင်ထောင့်ရဲ့မျက်နှာကို တည့်တည့်မကြည့်၀ံ့သလို ဟို့ယွိဟောင်ခံစားနေခဲ့မိပါတယ်။ အဲ့ဒီနေ့ကိစ္စက သူ့နှလုံးသားထဲမှာ အရိပ်ကြီးတစ်ခုလိုထင်ကျန်နေဆဲပါပဲ။

မာရှောင်ထောင့်က ရယ်မောလိုက်ပါတယ်။

” မကြောက်တာကောင်းတာပေါ့ ငါတို့ခုနှစ်ယောက်က ဒီကိစ္စရဲ့အဓိကအဖွဲ့ဖြစ်မှာ မင်းတို့အနေနဲ့ ငါတို့ကိုကူညီရင်း ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားကြ အဲ့ဒီဓားပြတွေက အရမ်းကိုရင်ဆိုင်ဖို့မလွယ်ကူဘူး..သူတို့ကိုယ်သူတို့ သေခြင်းတရားရဲ့ လက်ချောင်းတွေလို့နာမည်ပေးထားတယ်…ဒါ့အပြင် ကျယ်ပြန့်တဲ့သောင်နယ်မြေမှာတောင် ဒီလိုမျိုးသေခြင်းတရားရဲ့ နာမည်ကိုအသုံးပြုတာက အတော်ကိုနား၀င်ဆိုးတဲ့ကိစ္စပဲ ”

” ဒီတောင်က တိုက်ကြီးနှစ်ခုရဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်လာခဲ့တာ နှစ်ပေါင်းလေးထောင်တောင်ရှိနေပြီ ဒါကြောင့် မင်သုန့်တောင်တန်းလို့ခေါ်တယ်..သတ္ထုတွေအတော်လေးကို ပေါကြွယ်၀ပြီ အရမ်းတန်ဖိုးရှိတဲ့ သတ္ထုတွေလဲ တစ်ခါတစ်လေမှာ ထွက်ပေါ်လာသေးတယ်…ဒါကြောင့်သာ ကြယ်တာရာလော့နိုင်ငံတော်နဲ့ နေလနိုင်ငံတော်နှစ်ခုက ဒီတောင်ကြောအတွက်တိုက်ခိုက်နေတာ နှစ်တွေအများကြီးကျန်ရစ်ခဲ့ရတာပဲ ကြယ်တာရာလော့နိုင်ငံကလဲ ငါတို့ကိုတော့ အကူအညီပေးနိုင်တယ်. ”

အပိုင်း ၆၈•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset