Switch Mode

Chapter – 68.1

အမျက်ဒေါသရဲ့ အစောင့်အရှောက်တွေ

အပိုင်း ၆၈•၁

” အမျက်ဒေါသရဲ့အစောင့်အရှောက်တွေ ”
°°°
တူညီတဲ့လူနှစ်ယောက်က ရပ်နေခဲ့ကြပါတယ်။

” အစ်ကိုကြီး အဲ့ဒီတော့ဘယ်လိုလဲ လှုပ်ရှားဖို့အခွင့်အရေးရှိခဲ့လား ”

ထိုက်ဟွပင်းက မကျေမနပ်နဲ့ မေးနေခဲ့ပါတယ်။

ထိုက်ယွဲ့ယန်က နှာခေါင်းရှုံ့လိုက်တယ်။

” မင်းလက်လျှော့လိုက်တာ အကောင်းဆုံးပဲ ဘာအခွင့်အရေးမှရှိလာမှာမဟုတ်တော့ဘူး..ဟို့ယွိဟောင်က မင်းထက်ပိုပြီး ပါရမီရှိတယ်..ဒါ့အပြင် သူ့မှာစိတ်၀ိညာဥ်ထောက်လှမ်းမှုလို့ခေါ်တဲ့ စွမ်းရည်တစ်ခုရှိနေရုံတင်မကဘူး..သူ့ရဲ့ အဖွဲ့သားတစ်ယောက်ချင်းဆီတိုင်းကိုလဲ အများကြီးအထောက်အကူပေးနိုင်တယ်…ဒါ့အပြင် အကြီးအကဲရွှမ်က သူ့ကိုအတော်လေး သဘောကျတယ်..ငါတို့တွေနှစ်ပွဲတိတိ ယှဥ်ပြိုင်ခဲ့တာ သူ့ရဲ့ထုတ်ဖော်ပြသတဲ့ စွမ်းအားကြောင့် လူတိုင်းက သူ့ကိုအသိအမှတ်ပြုပြီးနေပြီ ဒါ့အပြင် အကြီးအကဲရွှမ်က ဘယ်လိုလူမျိုးလဲဆိုတာ ငါမင်းကိုပြောပြဖို့ လိုနေမယ်လို့တောင် မထင်ဘူး..အမေကလဲ ဒီကိစ္စနဲ့ပတ်သက်ပြီ အရမ်းဒေါသထွက်နေတယ်…ကံကောင်းပေလို့အဖေအိမ်မှာမရှိသေးဘူး …မဟုတ်ရင် မင်းအနေနဲ့ ပြဿနာအတော်ကြီးတက်သွားလိမ့်မယ် ”

” အမေက ငါ့ကိုသတင်းတချို့ပြောခိုင်းလိုက်တယ်..အကယ်၍ နောက်တစ်ကြိမ် ဒီလိုမျိုးသာဖြစ်ခဲ့မယ်ဆိုရင် ဘယ်သူမှမင်းကိုလာကူညီတော့မှာမဟုတ်ဘူး…ဒီကိစ္စတိတ်တိတ်ဆိတ်ဆိတ်ဖြစ်သွားအောင်ထိန်းသိမ်းထားဖို့ အမေဘယ်လောက်အထိ ဖိအားများနေလဲဆိုတာ မင်းသိလား တော်၀င်မိသားစုကလူတွေတောင် ကျောင်းတော်ကိုသွားပြီ စိန်မခေါ်၀ံ့တာ မင်းကအဲ့ဒီလောက် အလောကြီးတယ်လား ”

ထိုက်ဟွပင်းရဲ့မျက်လုံးတွေက နီရဲလို့သွားပါပြီ။

” အစ်ကိုကြီးလဲ ဒီကိစ္စကို လက်လွှတ်တော့မှာလား ငါတို့လူတွေ အလဟာသသေသွားရတာပဲ မဟုတ်ဘူးလား ”

” ခွေးမသား ”

ထိုက်ယွဲ့ဟန်က ရုတ်တရက်ဆိုသလို ထိုက်ဟွပင်းရဲ့မျက်နှာကို ဖြတ်ပြီရိုက်ချပြစ်လိုက်ပါတယ်။ ကြမ်းတမ်းလွန်လှတဲ့အရှိန်ကြောင့် ထိုက်ဟွပင်းလဲ မြေပြင်ပေါ်ကိုလှဲကျလုမတတ်ဖြစ်သွားခဲ့တယ်။

” မင်းအသက်ဘယ်လောက်ရှိပြီလဲ ”

ထိုက်ယွဲ့ဟန်က မေးလာခဲ့ပါတယ်။

” မျိုးနွယ်စုရဲ့ အကျိုးအမြတ်နဲ့ ကိုယ်ပိုင်အငြိုးအတေးတွေကြားက ကွာခြားချက်ကို မင်းမသိဘူးလား အကယ်၍ ကျောင်းတော်ထဲမှာ ငါတို့ရဲ့နိုင်ငံက၀ိညာဥ်ပညာရှင်တစ်ယောက် ရှိနေမယ်ဆိုရင် ငါအနေနဲ့ မင်းလုပ်ချင်တဲ့ အရာကို လုပ်ခွင့်ပြုနိုင်တယ်…ဒါပေမယ့် ဒီကျောင်းတော်က အမျက်ဒေါသကျောင်းတော် အမျက်ဒေါသဆိုတဲ့စကားကို မင်းမသိဘူးလား အကယ်၍ မင်းဒီနေရာမှာဆက်ပြီနေချင်တယ်ဆိုရင် ပါးစပ်ပိတ်ထားလိုက်တော့ ဒီနေရာက မင်းလုပ်ချင်တိုင်းလုပ်လို့ရတဲ့နေရာလို့မင်းထင်နေတာလား ”

” ဟို့ယွိဟောင်အနေနဲ့ ပတ်သက်ပြီငါတို့သူ့ကိုနောက်ထပ် မတိုက်ခိုက်နိုင်ရုံတင်မက သူနဲ့လဲ ဆက်ဆံရေးကောင်းမွန်အောင် ချည်နှောင်ရမယ်…သူကလက်ရှိအချိန် အရမ်းကိုအားနည်းကောင်းအားနည်းနေရမယ်..ဒါပေမယ့် အမွှာ၀ိညာဥ်ပညာရှင်ဖြစ်နေရုံတင်မကဘူး အဆုံးစွန်းအားကောင်းတဲ့ သိုင်းပညာ၀ိညာဥ်ပညာရှင်လဲ ရှိသေးတယ်…ငါတို့ကျောင်းတော်ရဲ့ တန်ဖိုးထားရတဲ့ရတနာတစ်ပါးဖြစ်လာမှာ မင်းစလိုက်တဲ့ကိစ္စကြောင့် ကျောင်းတော်မှာရှိတဲ့အဘိုးကြီးတွေက သူ့ကိုယ်ပိုပြီး တင်းတင်းကြပ်ကြပ်ကာကွယ်တော့မှာပဲ အကယ်၍ သူ့ကို ငါတို့မျိုးနွယ်ထဲသာ ထည့်သွင်းနိုင်မယ်ဆိုရင် ငါတို့ဘယ်လောက်အကျိုးအမြတ်ရနိုင်မလဲ မင်းသိလား ငါတို့အမေပေးလိုက်တဲ့တာ၀န်ကို မင်းမေ့သွားပြီလား ”

ထိုက်ဟွပင်းက တိတ်ဆိတ်လို့သွားခဲ့ပါတယ်။ သူ့မျက်လုံးထဲမှာဒေါသတွေရှိနေခဲ့ပေမဲ့ သူခပ်မြန်မြန်ပဲ ငြိမ်သက်လို့သွားတော့တယ်။

ထိုက်ယွဲ့ဟန်ရဲ့အမူအရာက အနည်းငယ်တော့ပြန်ပြီ ပျော့ပြောင်းသွားခဲ့ပါပြီ။

” မင်းအရင်ပြန်လိုက် ဒီကိစ္စအကြောင်းသိပ်ပြီးတွေးမနေနဲ့ မင်းအနေနဲ့ ဟို့ယွိဟောင်ရဲ့နေရာကို အစားထိုးပြီမယူနိုင်ပေမဲ့ တခြားနေရာတွေကတော့ အဲ့ဒီလောက်တည်မြဲမှာမဟုတ်ဘူး..ကြိုးကြိုးစားစားအလုပ်လုပ် ဒါဆိုရင် မိစ္ဆာခုနှစ်ဖော်ထဲကို၀င်ရောက်ဖို့အခွင့်အရေးရှိလိမ့်မယ်…ဒီပြိုင်ပွဲကြီးပြီရင်း ငါလဲအတွင်းနယ်မြေက ပြီးဆုံးကြောင်းအရည်အသွေးပြည့်မီမှုကို ရရှိမှာပဲ မျိုးနွယ်စုကိုအရင်ပြန်ပြီး အမေအစီအစဥ်နဲ့ အဓိကကိစ္စတွေကို ကြိုတင်ပြင်ဆင်ထားလိမ့်မယ် ”

” ကောင်းပါပြီ ”

ထိုက်ဟွပင်းလဲ ခေါင်းညိတ်လိုက်ပါတယ်။ သူလှည့်ထွက်သွားချိန်မှာတော့ စိတ်ထဲကနေ တွေးတောနေခဲ့မိတယ်။

” ထိုက်ယွဲ့ဟန် မင်းကငါ့ထက် နှစ်အနည်းငယ်လောက်စောပြီ မွေးလာတော့ကော ဘာဖြစ်လဲ ငါရှေ့မှာဒီလိုမောက်မာနေဖို့ အခွင့်အရေးမရှိတဲ့နေ့ကို ရောက်လာမှာပါ ငါသာမင်းလိုအသက်အရွယ်ရလာခဲ့ပြီဆိုရင် သေချာပေါက် မင်းကိုကျော်ဖြတ်သွားလိမ့်မယ် ”

°°°

ကျောင်းတော်ရဲ့မနက်ခင်းမြူခိုတွေဝေနေတဲ့ ဂိတ်တံခါးရဲ့အရှေ့မှာ လူအုပ်စုတစ်ခုက ဖြည်းဖြည်းချင်း အရှေ့ကိုလျှောက်လာနေခဲ့ပါတယ်။ သူတို့တွေအားလုံးက ကျောင်းတော်ရဲ့ကျောင်းသားတွေပါပဲ။ ဒါပေမယ့် ဒီနေ့တော့ ကျောင်းတော်သား၀တ်စုံကို မ၀တ်ထားခဲ့ပါဘူး။ တချို့ကျောင်းတော်သားတွေကတော့ ၀ါးဂွမ်းထည်အ၀တ်တွေ၀တ်ဆင်လို့ထားခဲ့ပြီ တချို့ကတော့ ပန်းပွင့်ပုံသဏ္ဍာန်အ၀တ်တွေကို၀တ်ထားခဲ့ပါတယ်။ အားလုံးကပုံစံမတူခဲ့ကြပါဘူး။

ပန်းပွင့်ပုံသဏ္ဍာန်အ၀တ်တွေက လှပဖို့မလိုပေမဲ့ အ၀တ်အထည်တော်တော်များများကတော့ အတော်ခိုင်ခံ့ကြပါတယ်။ ယောင်ဟောက်ရွှမ်နဲ့ ကျန်းနန်နန်တို့ကြားမှာ အ၀တ်အထည်အမျိုးအစားက အတော်လေးကို ကွာခြားချက်ရှိနေခဲ့တယ်။

ပိန်ပါးတဲ့ခန္ဓာကိုယ်ပိုင်ရှင် ယောင်ဟောက်ရွှမ်က သူ့ရဲ့ပန်းပွင့်ပုံသဏ္ဍာန်အ၀တ်အစားကို သေသေချာချာဂရုစိုက်နေခဲ့ပါတယ်။ တခြားတစ်ဖက်မှာကတော့ ကျန်းနန်နန်က အရမ်းကိုကျက်သရေရှိနေခဲ့တယ်။

ဟို့ယွိဟောင်ကလဲ လက်ရှိအချိန်ကိုကျောင်းတော်၀င်ရောက်ချိန်မှာ သူယူလာခဲ့တဲ့ အ၀တ်အထည်တွေကို မ၀တ်တော့ပါဘူး။ အဲ့ဒီအ၀တ်အစားတွေက သူအမေကိုယ်တိုင် သူ့အတွက်ချုပ်လုပ်ပေးထားတဲ့ ရတနာတမျှတန်ဖိုးကြီးလွန်လှတဲ့အ၀တ်တွေပါ။ ဒါကြောင့်သူသေသေချာချာ သိမ်းထားခဲ့ပါတယ်။ လက်ရှိအချိန်မှာ မွဲတေနေတဲ့လူငယ်လေးမဟုတ်တော့ပါဘူး။ သူ၀တ်ထားခဲ့တဲ့ အနက်ရောင်စစ်သည်တော်ကိုယ်ကြပ်၀တ်စုံက သူ့ကိုအတော်လေးကို ကြည့်ကောင်းနေစေခဲ့ပါတယ်။ လက်ရှိအချိန် ခန္ဓာကိုယ်အပြောင်းအလဲတွေက အတော်ကိုများပြားနေခဲ့ပါပြီ။ သူက အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်ကလေးတစ်ယောက်လိုပုံစံဖြစ်နေခဲ့ပြီ အသက်ဆယ့်သုံးနှစ်အရွယ်နဲ့တောင် မတူတော့ပါဘူး။ ကြံ့ကြံ့ခိုင်ခိုင်တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ကြွက်သားတွေက သူ့ရဲ့၀တ်ရုံအောက်မှာ ထင်ထင်ရှားရှားရှိနေခဲ့ပြီ ကြောက်စရာစွမ်းအားကိုလဲ ဖော်ပြနေခဲ့ပါတယ်။

၀မ်သုန့်က ဟို့ယွိဟောင်လောက်အရပ်မရှည်တော့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကတော့ အေးချမ်းတည်ငြိမ်တဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်လို့နေခဲ့ပါတယ်။

လိမ်မာပါးနပ်ပြီမျက်၀န်းတွေကတော့ လူတိုင်းရဲ့အာရုံကို အဖမ်းစားနိုင်ဆုံးပါပဲ။ အမျိုးသမီးတွေထဲမှာ ကျန်းနန်နန်က အလှပဆုံးဖြစ်ခဲ့မယ်ဆိုရင် ၀မ်သုန့်ကတော့ အခန့်ညားဆုံးပါပဲ။ သူ့ရဲ့ရုပ်သွင်က ကျန်းနန်နန်နဲ့ ကောင်းကောင်းယှဥ်လို့ရနိုင်နေခဲ့ပါတယ်။

နေမင်းကြီးက အရှေ့အရပ်ကနေ ထွက်ပြူလာခဲ့ပါပြီ။ ဒါပေမယ့် သူတို့ကတော့ ကျောင်းတော်ကနေ နေမထွက်ခင်အချိန်ကထဲက ထွက်ခွာလာခဲ့ပါတယ်။ ဒီလူတွေကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော်အဖွဲ့နှစ်ဖွဲ့ပါပဲ။ အကြီးအကဲရွှမ်ကတော့ သူတို့ကိုဦးဆောင်လာခဲ့တာမဟုတ်ခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ဆရာ၀မ်ယန်က သူတို့နဲ့အတူ လိုက်ပါလာခဲ့ပါတယ်။

လက်ရှိအချိန်မှာသာ အကြီးအကဲရွှမ်က ဆရာ၀မ်ယန်ရဲ့ ဆရာသခင်ဖြစ်မှန်း ဟို့ယွိဟောင်သိလိုက်ရပါတော့တယ်။ အကြီးအကဲရွှမ်အနေနဲ့လဲ သူ့ကိုဆရာအဖြစ်ခေါ်ခွင့်မပြုထားခဲ့ပါဘူး။ အကြီးအကဲရွှမ်က သူ့ရဲ့အမွေခံတပည့်သားကို အတော်ကြီးသဘောချနှစ်ခြိုက်ပါတယ်။ တခြားမိုးကောင်းကင်က ရွေးချယ်ထားတဲ့ပါရမီရှင်တွေနဲ့ ဆရာ၀မ်ယန်က ယှဥ်လို့မရခဲ့ပေမဲ့ သိုင်းပညာ၀ိညာဥ်တွေကို လေ့လာတဲ့သူ့ရဲ့ အသိပညာက အတော်ကိုခရီးရောက်နေခဲ့ပါပြီ။ ဒါ့အပြင် နောက်နှစ်နှစ်အတွင်းမှာ အတွင်းနယ်မြေရဲ့တပည့်သားတွေကို သင်ကြားနိုင်တဲ့အခြေအနေတောင် ရောက်ရှိလာတော့မှာပါ။

လူအယောက်နှစ်ဆယ်နီးပါး ရှိနေခဲ့တဲ့ ဒီအဖွဲ့ကြီးက နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့ လျှောက်နေခဲ့ကြပါတယ်။ အကြီးအကဲရွှမ်ကတော့ အမြဲတမ်းရှုပ်ပွတဲ့ဆံပင်တွေနဲ့ ရှိနေဆဲပါပဲ။ သူ့ရဲ့ဗူးသီးခြောက်အိုးကြီးနဲ့ ကြက်ခြေထောက်ကိုကိုင်ထားခဲ့ရင်း ဒယိမ်းဒယိုင်းလျှောက်ကာ စားသောက်လို့နေခဲ့တယ်။

သူကဒီလိုအေးအေးဆေးဆေးစားချင်သောက်ချင်တာကြောင့် မြန်မြန်ကြီးမလျှောက်ခဲ့ပါဘူး။ သာမန်လူတွေရဲ့ အရှိန်နှုန်းအတိုင်းသာလျှောက်နေခဲ့ပါတယ်။ ဒါက အဖွဲ့တစ်ဖွဲ့လုံးကို စိတ်သက်သောက်သက်သာဖြစ်စေခဲ့တယ်။ သူတို့ရဲ့ခန္ဓာကိုယ်အခြေအနေတွေကြောင့် ဒီလိုအရှိန်နှုန်းမျိုးနဲ့ လျှောက်ရတာက အတော်လေးကို ပျော်စရာကိစ္စပါပဲ။

ကျောင်းတော်ကို၀င်ရောက်လာချိန်နဲ့ ယှဥ်လိုက်မယ်ဆိုရင် ဟို့ယွိဟောင်အနေနဲ့ အတော်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ထန်မျိုးနွယ်ရဲ့ အထူးဝေစုကြောင့် ကျောင်းတော်မ၀င်ရောက်ခင်အချိန်မှာ သူ့အနေနဲ့ ၀ိညာဥ်စွမ်းအားလဲ ကောင်းကောင်းမရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ သူခန္ဓာကိုယ်က လုံး၀ကိုကွာခြားသွားခဲ့ပါတယ်။ အရင်တုန်းက သာမန်လူတစ်ယောက်လိုမျိုးပိန်ပါးအားငယ်ပြီ တိုက်ခိုက်ရေးစွမ်းအားမရှိခဲ့တဲ့သူက တိုတောင်လွန်တဲ့အချိန်ကာလအတွင်းမှာတင် အသိဉာဏ်ရှိတဲ့၀ိညာဥ်စက်ကွင်းနှစ်ခုကို ပိုင်ဆိုင်လို့ထားခဲ့ပြီ ကြိုးစားအားထုတ်မှုတွေအားလုံးကလဲ အသိအမှတ်ပြုခံရပါတယ်။

ဟို့ယွိဟောင်အနေနဲ့လဲ တခြားကျောင်းသားတွေထက် နှစ်ဆကြိုးစားခဲ့တယ်ဆိုတဲ့ကိစ္စက ငြင်းပယ်စရာမရှိတဲ့ကိစ္စပါပဲ။ သူလုံး၀ကို မနားမနေကြိုးစားခဲ့တာပါ။

ကျောင်းတော်ရဲ့အထက်ပိုင်းလူကြီးတွေကတောင် အသိအမှတ်ပြုတဲ့ အရည်အချင်းကိုလဲ သူပိုင်ဆိုင်နေပါပြီ။ ဒါတောင်မှ အေးအေးဆေးဆေးမနေ၀ံ့သေးပါဘူး။ သူ့ဆရာ၀မ်ယန် ပြောပြခဲ့တဲ့ အဆုံးစွန်းရောက်သိုင်းပညာ၀ိညာဥ်ရဲ့အစွမ်းအစတွေကို သူရှင်းရှင်းလင်းလင်း မှတ်မိနေပါတယ်။ ကျင့်ကြံဆင့်က အဆင့်သုံးဆယ်ရောက်ပြီချိန်မှာ အတော်ကို လျော့နည်းသွားတော့မှာပါ။ ဒါ့အပြင် သူ့ရဲ့ကျင့်ကြံမှုနှုန်းကလဲ သာမန်သိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်တဲ့သူတွေကို ယှဥ်လို့ရတော့မှာမဟုတ်ပါဘူး။ ၀မ်သုန့်နဲ့အတူတူ လေ့ကျင့်လို့ရပေမဲ့ ဒီကိစ္စကိုပိုပြီး အာရုံစိုက်ဖို့လိုပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ဌာနနှစ်ခုစလုံးမှာ တစ်ပြိုင်နက်ထဲသင်ကြားနေခဲ့ရတာကြောင့် ပိုပြီးတော့ အလုပ်ကြိုးစားဖို့ လိုအပ်လာပါသေးတယ်။

ဟယ့်ချိုက်ထို့နဲ့ အများကြီးပြောဆိုဆွေးနွေးပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့လဲ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်အကြောင်းကို ပိုအာရုံစိုက်နေခဲ့ရပါပြီ။ အကယ်၍ သူသာ စစ်မြေပြင်တစ်ခုလုံးကို တစ်ယောက်ထဲနဲ့ ပြောင်းလဲနိုင်သူဖြစ်လာခဲ့မယ်ဆိုရင် သေချာပေါက် လက်စားချေနိုင်ဖို့ အရည်အချင်းလဲ ပြည့်မီသွားမှာပါပဲ။

လက်ရှိစိတ်အခြေအနေအရ ဟို့ယွိဟောင်အနေနဲ့ ဘယ်လိုအချိန်မျိုးကိုမှ မဖြုန်းတီးချင်ပါဘူး။ သူတို့တွေ ဖြည်းဖြည်းချင်းလျှောက်နေကြတာကို မြင်ပြီချိန်မှာသူက ၀မ်သုန့်ကိုပြောလိုက်ပါတော့တယ်။

” ငါတို့တွေ လေ့ကျင့်ကြရအောင် ”

၀မ်သုန့်ကတော့ သူ့ကိုမျက်စောင်းထိုးလိုက်တယ်။

” ငါမောပြီသေသွားမှာပေါ့ မင်းလိုအခန်းဖော်မျိုးရှိရတာ တကယ်ကံဆိုးတာပဲ ”

ဟို့ယွိဟောင်က ရယ်မောလိုက်ပြန်ပါတယ်။

” ငါနဲ့အတူတူ လေ့ကျင့်နေလို့ပဲ မင်းဒီလောက်အထိ မြန်မြန်တိုးတက်လာတာမဟုတ်ဘူးလား ငါ့ကိုကျေးဇူးတင်သင့်တာပေါ့ ”

၀မ်သုန့်ကတော့ ပြန်ပြောလိုက်ပါတယ်။

” ငါနားချင်သေးတယ်…လာမင်းအနေနဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကို အသုံးပြုဖို့ခွင့်မပြုထားဘူး ”

အဲ့ဒီနောက် ၀မ်သုန့်က ဟို့ယွိဟောင်ဆီကို တန်းတန်းမတ်မတ်ပြေးသွားပါတော့တယ်။ သူ့ကိုတိုက်မိမဲ့အစား တစ်ဖက်လူရဲ့ခန္ဓာကိုယ်က မြန်ဆန်တဲ့အရှိန်နှုန်းနဲ့ ဖြတ်ထွက်လို့သွားခဲ့တာပါ။

ဟို့ယွိဟောင်ကတော့ အဖွဲ့နဲ့အတူဖြည်းဖြည်းချင်း လိုက်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေ နောက်ဆုံးမှာရှိနေခဲ့တာကြောင့် ဘယ်သူမှသူတို့ကိုသတိထားမိမှာလဲ စိုးရိမ်စရာမလိုပါဘူး။ ဟို့ယွိဟောင်အနေနဲ့ လက်ကိုမြောက်လိုက်ရင်း ပုံမှန်အနေအထားအတိုင်း တစ်စုံတစ်ရာကိုဆွဲယူသလိုလုပ်လိုက်ပါတော့တယ်။ အဖြူရောင်အလင်းတန်းတွေက သူ့ရဲ့ ခေါင်းပေါ်မှာတောက်ပလို့လာခဲ့ပြန်ပါပြီ။

၀မ်သုန့်လဲ ချက်ချင်းဆိုသလို နှေးကွေးသွားပါတော့တယ်။ ဟို့ယွိဟောင် ဘာလုပ်နေလဲသူမသိလိုက်လို့ပါ။ ဒါပေမယ့် ချက်ချင်းဆိုသဘို ၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး လက်ရှိအရှိန်နှုန်းကို ထိန်းထားဖို့အတွက် ကြိုးစားနေပါတော့တယ်။

ပေ့ပေ့နဲ့အတူလျှောက်နေရင်း ဟယ့်ချိုက်ထို့က လှည့်ကြည့်လိုက်ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို ထူးထူးဆန်းဆန်းကြီးကြည့်ရင်း သူမေးလိုက်တယ်။

” ဆရာတူအစ်ကိုကြီး ၀မ်သုန့်က သရဲအရိပ်ခြေရာကို သုံးနေတာမဟုတ်ဘူလား ဟို့ယွိဟောင်က ဘာလုပ်နေတာလဲ ”

ပေ့ပေ့လဲ သူတို့နှစ်ယောက်လုပ်နေတာကို မြင်တဲ့အတွက် သဘောကျနှစ်ခြိုက်တဲ့ပုံစံနဲ့ပြုံးပြရင်း ပြောလာခဲ့ပါတယ်။

” ယွိဟောင်ကလဲ ငါတို့ထန်မျိုးနွယ်ရဲ့ တခြားလျှို့၀ှက်နည်းလမ်းတစ်ခုကိုသုံးနေတာ ဒါကကြိုးကြာဖမ်းဆီးနဂါးထိန်းချုပ်လို့ခေါ်တယ်..အသုံးပြုတဲ့သူက သူ့တို့ရဲ့၀ိညာဥ်စွမ်းအားကို ထုတ်လွှတ်ရင်း အကွာအဝေးအတိုင်းအတာတစ်ခုအထိ ရှိနေတဲ့သူတွေကို ဆွဲယူနိုင်တယ်..ဒါကအနီးကပ်တိုက်ပွဲတွေမှာ အရမ်းကိုအသုံး၀င်တဲ့ စွမ်းရည်တစ်ခုပဲ ငါမင်းကိုနောက်ကျရင်း သင်ပေးပါ့မယ်..တကယ်တော့ မင်းရဲ့သိုင်းပညာ၀ိညာဥ်ကလဲ တိုက်ခိုက်ရေးအတွက်အသုံးပြုလို့ရတဲ့အရာမဟုတ်ဘူးလေ ဒီတော့မင်းအနီးကပ်တိုက်ပွဲတွေမှာသုံးဖို့ငါတို့ရဲ့နည်းလမ်းတွေကို လေ့ကျင့်ထားတာကောင်းလိမ့်မယ်”

ရှောင်းရှောင်းကတော့ သူတို့နှစ်ယောက်ကို မနာလိုဖြစ်နေတဲ့ပုံစံနဲ့ကြည့်ရင်း ပေ့ပေ့အနားကို ကပ်သွားခဲ့ပါတယ်။

” ဆရာတူအစ်ကိုကြီး ဒါဆိုရင်လဲ စမ်းကြည့်ကြရအောင် ”

ပေ့ပေ့ကတော့ စိတ်မထိန်းနိုင်ပဲ ရယ်လိုက်ပါတော့တယ်။

” သူတို့လုပ်သလို လုပ်ဖို့အတွက် ငါတို့ကမသင့်တော်ဘူးလေ သူတို့အခုလေ့ကျင့်နေတဲ့ပုံစံက ကျင့်ကြံဆင့်နီးတဲ့သူတွေအတွက် ပိုပြီး သင့်တော်တယ်..အကယ်၍ ငါသာမင်းကို ဒီကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးသုံးလိုက်မယ်ဆိုရင် မင်းအနေနဲ့ သရဲအရိပ်ခြေရာကိုတောင် သုံးနိုင်တော့မှာမဟုတ်ဘူး…တန်းမိသွားမှာပဲ ”

ရှောင်းရှောင်းက မကျေမနပ်နဲ့ ပြောလာခဲ့ပါတယ်။

” ဒီနှစ်ယောက်က အရမ်းကိုနီးကပ်လွန်လို့ လူတစ်ယောက်ထဲဖြစ်နေသလိုပဲ သူတို့ကို ဘယ်လိုမှနှောင့်ယှက်လို့မရဘူး…နှစ်ယောက်စလုံး ယောကျ်ားတွေဖြစ်ပြီ ဘာကြောင့်အဲ့ဒီလောက်တစ်ယောက်နဲ့တစ်ယောက်များ နီးကပ်နေရတာလဲ ”

၀မ်သုန့်နဲ့ ဟို့ယွိဟောင် အရမ်းရင်းနှီးတာကြောင့် သူအနည်းငယ်တော့ မနာလိုဖြစ်နေခဲ့ပါတယ်။ အတိတ်အချိန်မှာ သူမက မိန်းကလေး​ဖြစ်တာကြောင့် ဒီနှစ်ယောက်နဲ့ ရောနှောဖို့လွယ်ကူမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ သူထင်ထားတာထက်ကို အများကြီးပိုပြီး နက်နက်ရှ်ိုင်းရှိုင်းခင်မင်ရင်းနှီးနေခဲ့တယ်။

ဟယ့်ချိုက်ထို့ကတော့ ရယ်နေခဲ့ပြန်ပါတယ်။

” သူတို့နှစ်ယောက်က ပေါင်းစည်းစွမ်းရည်တစ်ခုကိုတောင် ဖန်တီးနိုင်ပြီဆိုမှတော့ ဒီလောက်နီးကပ်တာဘယ်ဆန်းမလဲ ဒါ့အပြင် တူညီတဲ့သွေးမျိုးနွယ်တစ်ခုထဲကမှမဟုတ်ပဲ တခြားမတူညီတဲ့လူနှစ်ယောက်ကြားမှာ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုဖြစ်တာက အတော်လေးကို ရှားပါးတယ်..ရှောင်းရှောင်း ငါမင်းကိုကူညီရမလား ငါလဲကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးကို ဘယ်လိုသုံးရမလဲသိပ်မသိသေးဘူး..ဒါပေမယ့် ငါရဲ့အားနည်းတဲ့၀ိညာဥ်လက်နက်တချို့ကိုသုံးပြီ မင်းရဲ့သရဲအရိပ်ခြေရာကို လေ့ကျင့်ပေးလို့ရတယ်..ဒါဆိုရင်ရောဘယ်လိုလဲ ”

ဟယ့်ချိုက်ထို့ရဲ့ အတော်ကြီးကို ကြမ်းတမ်းတဲ့ခန္ဓာကိုယ်နဲ့ အသားအရေကြောင့် သူ့ပုံစံက ကြမ်းတမ်းခက်ထန်းတဲ့ပုံစံပေါ်နေခဲ့ပေမဲ့ ရှောင်းရှောင်းကတော့ တခြားသူတွေနဲ့ စကားပြောဆိုချိန်မှာ အတော်ကို ကြင်နာတတ်ပြီတဲ့တိုးဆန်တဲ့သူပါ။ ဒါကြောင့် သူချက်ချင်းခေါင်းညိတ်လိုက်ပါတော့တယ်။

” ဒါပေါ့ ကျွန်မလဲ ကြိုးကြိုးစားစားလေ့ကျင့်ချင်တယ်..မဟုတ်ရင် ဒီနှစ်ကောင်ရဲ့အနောက်မှာ သေချာပေါက်နောက်ကျပြီ ထုတ်ပယ်ခံရမှာပဲ ”

အပိုင်း ၆၈•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset