Switch Mode

Chapter – 67.3

အဆုံးစွန် ပြောင်းလဲမှု စွမ်းအားတွေ တိုးတက်လာခြင်း

အပိုင်း ၆၇•၃

” အဆုံးစွန်းပြောင်းလဲမှု စွမ်းအားအထောက်အကူပြုခြင်း ”
°°°
” ကျေးဇူးပါပဲ ”

ဟို့ယွိဟောင်က ပြုံးပြရင်း ပြန်ဖြေလိုက်ပါတယ်။ သူကပါးနပ်တဲ့သူပါ။ ထိုက်ယွဲ့ဟန်တောင် သူ့ရဲ့ ခံစားချက်တွေကို ထိန်းချုပ်ထားနိုင်ရင်း သူကဘာလို့မထိန်းချုပ်ထားနိုင်မှာလဲ။ အနည်းဆုံးတော့ ထိုက်ယွဲ့ဟန်က သူ့ကိုကျောင်းတော်ထဲမှာ ထိုက်ဟွပင်းလုပ်သလိုတိုက်ခိုက်၀ံ့မှာမဟုတ်တာအသေအချာပါ။

” မင်းတို့သိလိုက်ကြလား တိုက်ရိုက်တိုက်ပွဲတစ်ခုက အရာအားလုံးကို စမ်းသပ်ဖို့အကောင်းဆုံးပဲ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က သူတို့ကိုယ်တိုင်မသန်မာပေမဲ့ ပါရမီတွေရှိကြတယ်..ဒါကြောင့် ငါအခွင့်အရေးပေးလိုက်တာပဲ ဟို့ယွိဟောင် အခုအချိန်ကစပြီ မင်းကအကြိုအဖွဲ့ရဲ့ အဓိကထိန်းချုပ်ရေးသမားဖြစ်ရမယ်..ပေ့ပေ့ မင်းကတော့ ခေါင်းဆောင်ပဲ ”

အဖွဲ့ခေါင်းဆောင်ဆိုတာ အဖွဲ့တစ်ခုလုံးရဲ့ အချက်အခြာပါ။ အဓိကထိန်းချုပ်ရေးသမားကတော့ အဖွဲ့တစ်ခုလုံးရဲ့ ဦးနှောက်ပါပဲ။ အစောပိုင်းတိုက်ပွဲနှစ်ခုကို ကြည့်ပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့ အဖွဲ့ရဲ့အဓိကထိန်းချုပ်သူဖြစ်လာဖို့လုံလောက်နေခဲ့ပါပြီ။ ဘယ်သူကမှသူ့ကို မငြင်းပယ်ကြပါဘူး။

တောင့်ခဲနေတဲ့ မာရှောင်ထောင့်နဲ့ တခြားသူတွေအားလုံးကလဲ အတားအဆီးတွေကြားထဲကနေ လွှတ်လာပါတော့တယ်။ ခိုက်ခိုက်တုန်အောင်ချမ်းနေခဲ့တဲ့ မာရှောင်ထောင့်ကတော့ ဟို့ယွိဟောင်ကို မျက်စောင်းထိုးနေခဲ့တယ်။ ဟို့ယွိဟောင်ကလဲ ပုခုံးသာတွန့်ပြလိုက်ပါတယ်။ ဘာကြောင့်မှန်းမသိပေမဲ့ မာရှောင်ထောင့်ရဲ့ဒေါသကို ထိုက်ယွဲ့ဟန်ရဲ့အပြုံးထက် သူပိုပြီးနှစ်သက်တယ်။

အကြီးအကဲရွှမ်ကတော့ ဒီနေ့ပြိုင်ပွဲကိုအရမ်းကျေနပ်ခဲ့ပါတယ်။ အဓိကအဖွဲ့က ဘယ်လောက်ပဲသန်မာမှန်းသူလဲသိသွားခဲ့တယ်။ ဒါ့အပြင် မာရှောင်ထောင့်ပြန်သွားပြီတဲ့နောက် အဖွဲ့ထဲမှာလဲ စကားသံတွေထွက်လာခဲ့ပါတယ်။ ဒီနေ့ပြိုင်ပွဲမှာ သူမအနေနဲ့ ကြောက်စရာကောင်းတဲ့စွမ်းအားကို ထုတ်ဖော်ပြသလိုက်တာပါ။ သူတို့တွေ ဒုတိယပွဲမှာရှုံးနှိမ့်ပေမဲ့ သူမက ထိုက်ယွဲ့ဟန်ထက်သန်မာတာကို အားလုံးရှင်းရှင်းလင်းလင်း မြင်လိုက်ကြပါတယ်။ ဒါ့အပြင် အဲ့ဒီလိုအခြေအနေက သေရေးရှင်ရေးပြိုင်ပွဲတွေမှာ ကွာခြားနိုင်ပါတယ်။ နောက်ဆုံးတော့လဲ ဒါကလက်ရည်ယှဥ်တဲ့ပွဲတစ်ပွဲပါ။ ဘယ်သူကမှ တကယ်ရက်စက်ကြမ်းတမ်းတဲ့ နည်းလမ်းတွေကို အသုံးမပြုခဲ့ကြပါဘူး။

ပြိုင်ပွဲကနေ အားလုံးကိုစောင့်ကြည့်နေခဲ့တဲ့ အကြီးအကဲရွှမ်ကတော့ အဓိကလုပ်ချင်ခဲ့တာ သူရွေးချယ်ထားတဲ့ လူငယ်အဖွဲ့ကိုစမ်းသပ်ချင်တာပါ။ ပေ့ပေ့ ရှုစန်းရှီ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့တို့ရဲ့ လုပ်ဆောင်ချက်တွေကလဲ သူ့ရဲ့မျှော်လင့်ချက်ထက် ကျော်လွန်လို့နေခဲ့ပါတယ်။ ကျန်းနန်နန်က အမြန်နှုန်းအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်ဖြစ်ပြီ သူမက ဆက်တိုက်ပြင်းပြင်းထန်ထန် ဖိနှိမ့်ခံနေရပါတယ်။ အများကြီးမထူးချွန်နိုင်တာကတော့ သိပ်ပြီးအံ့ဩစရာမရှိပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်တို့သုံးယောက်ရဲ့ တုံ့ပြန်မှုကတော့ သူ့ကိုအံ့အားသင့်စေခဲ့ပါတယ်။

အဖွဲ့ထဲမှာ အနှိမ့်ဆုံးကျင့်ကြံမှုကို ပိုင်ဆိုင်ထားပေမဲ့ သူတို့ကတစ်ယောက်နဲ့တစ်ယောက် ညီညီညွှတ်ညွှတ်ပေါင်းစည်းလို့ ထားနိုင်ခဲ့တယ်။ ဟို့ယွိဟောင်က တစ်ဖွဲ့လုံးကိုအင်အားအများကြီးမြင့်တက်အောင် လုပ်ဆောင်ပေးနိိုင်သူပါ။ မာရှောင်ထောင့်နဲ့ ပူးပေါင်းချိန်မှာလဲ ရွှေရောင်လမ်းကိုအချိန်ကိုက် အသုံးပြုနိုင်ခဲ့ပါတယ်။ သူ့ရဲ့ပြိုင်ဘက်တွေက သူတို့ကို မရင်းနှီးခဲ့တဲ့အတွက် လျော့တွက်မိခဲ့တယ်။ ဒါကြောင့် ရွှေရောင်လမ်းရဲ့အသုံး၀င်မှုက သိသာထင်ရှားသွားခဲ့တာပါ။

ဟို့ယွိဟောင်ရဲ့ တည်ရှိမှုက ရေခဲအမျိုးအစားသိုင်းပညာ၀ိညာဥ်ပညာရှင်တွေအားလုံးကို ဖိနှိမ့်နိုင်ပါတယ်။ လင်းလော့ချန်က အရမ်းကိုထူးချွန်တဲ့ရေခဲ၀ိညာဥ်ပညာရှင်အဖြစ်အတွင်းနယ်မြေမှာရှိနေခဲ့တာပါ။ ဒါတောင်မှ သူ့ရဲ့အဆုံးစွန်းရောက်နေတဲ့ ရေခဲစွမ်းအားအောက်မှာ ဖိနှိမ့်ခံလိုက်ရပါတယ်။ သူနဲ့အတူတူပေါင်းစည်းပြီအလုပ်လုပ်ချိန်မှာတော့ သူမရဲ့စွမ်းရည်တွေအားလုံးက အများကြီးတိုးတက်လို့သွားပါပြီ။ ဒါ့အပြင် ပြိုင်ပွဲကြီးမစတင်ခင်အချိန်မှာ သေချာပေါက် ရန်သူတွေဖြစ်လာခွင့်မပြုနိုင်ပါဘူး။ သူတို့နှစ်ယောက်သာ အတူတူပေါင်းစည်းပြီအလုပ်လုပ်ကြမယ်ဆိုရင် လင်းလော့ချန်အနေနဲ့ အဓိကအဖွဲ့ထဲမှာ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်အဖြစ် ရပ်တည်နိုင်ပါလိမ့်မယ်။ မာရှောင်ထောင့် လုံး၀ရှုံးနှိမ့်သွားရတာကလဲ သူမရဲ့အစွမ်းအစက ဖိနှိမ့်ခံလိုက်ရလို့ပါပဲ။

ဟို့ယွိဟောင်ရဲ့တစ်ခုတည်သောပြဿနာကတော့ ကျင့်ကြံဆင့်နှိမ့်ပါးနေတာပါ။ မဟုတ်ရင် အကြီးအကဲရွှမ်က သူ့ကို အဓိကအဖွဲ့ရဲ့ အဓိကထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ဖြစ်လာစေဖို့အတွက်တောင် စဥ်းစားလို့နေခဲ့ပါပြီ။

ပြိုင်ပွဲနှစ်ခုစလုံးကတော့ အကြီးအကဲရွှမ်ရဲ့ နှလုံးသားထဲက ယုံကြည်ချက်ကို ပိုပြီးခိုင်မာလာစေခဲ့ပါတယ်။ သူလဲလျှို့၀ှက်ပြီ ဆုံးဖြတ်ချက်ချလိုက်တယ်။ အနာဂတ်အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့အဖွဲ့မှာ ဟို့ယွိဟောင်က သေချာပေါက် အဓိကထိန်းချုပ်သူဖြစ်လာရမယ်။ ဒါဘယ်တော့မှ မပြောင်းလဲရဘူး။

ချန်ကျစ်ဖုန်းကတော့ ရယ်နေခဲ့ပါတယ်။

တချို့လူတွေကတော့ လောင်းကြေးအတွက်ပိုက်ဆံပေးရတော့မယ်။

သူ့စကားကိုကြားပြီချိန်မှာ ချက်ချင်းဆိုသလို မာရှောင်ထောင့်ကို ကြည့်လိုက်မိကြပါတော့တယ်။ သေချာပေါက် ၀မ်းနည်းဆုံးသူတွေကတော့ ယောင်ဟောက်ရွှမ်နဲ့ ကျန်းနန်နန်တို့ပါပဲ။ သူတို့က နှစ်ပွဲဆက်တိုက်ရှုံးနှိမ့်ခဲ့ရတာပါ။

မာရှောင်ထောင့်က ဟို့ယွိဟောင်ကို စိုက်ကြည့်ရင်း အော်လိုက်ပါတယ်။

” နင်ငါ့ကိုစောင့်နေလိုက် ငါက၀က်ပါ ”

တခြားသူတွေအားလုံးကလဲ သူကိုယ်သူတို့ အဲ့ဒီ၀၀ကစ်ကစ်သတ္တ၀ါအဖြစ် ရည်ညွှန်ပြီအော်ရပါတော့တယ်။ အကြီးအကဲရွှမ်ကတော့ အဆုံးထိကြည့်ရင်း ရယ်မောနေခဲ့ပါပြီ။ ဟို့ယွိဟောင်တို့မျိုးဆက်ရဲ့ မိစ္ဆာခုနှစ်ဖော်က ဒီတစ်ခေါက်ထက်ကိုပိုပြီး သန်မာမယ်လို့ သူအပြည့်အ၀သိနေခဲ့တယ်။

” ကောင်းပြီ အားလုံးပြန်ကြတော့ အထုတ်အပိုးတွေပြင်ထားကြ မနက်ဖြန်မနက်ကျောင်းတော်ရဲ့၀င်ပေါက်မှာ တွေ့မယ်..ငါတို့တွေက ဒီတစ်ခေါက်ပြိုင်ပွဲအတွက် ကြယ်တာရာလော့နိုင်ငံတော်ကိုသွားရမှာ ”

” ကြယ်တာရာလော့နိုင်ငံတော်နဲ့လား ”

ဟို့ယွိဟောင် ဒါကိုကြားချိန်မှာ ထအော်မိပါတော့တယ်။

အကြီးအကဲရွှမ်က တအံ့တဩနဲ့မေးလိုက်တယ်။

” ပြဿနာရှိလို့လား တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ဗိုလ်လုပွဲဆိုတာ နှစ်တိုင်မတူညီတဲ့နိုင်ငံတွေမှာ ကျင်းပတာ ဒီတစ်ကြိမ်ကြယ်တာရာလော့နိုင်ငံတော်အလှည့်ကြတယ်..နောက်တစ်ခေါက် မင်းတို့က နေလနိုင်ငံတော်ကိုရောက်သွားမှာပဲ ဒါ့အပြင် နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်မှာ ကျင်းပမှာ ဒီတော့မင်းတို့အနေနဲ့ နောက်ငါးနှစ်တွေအများကြီးကြိုးစားကြ ”

ဟို့ယွိဟောင်အနေနဲ့ သူ့နိုင်ငံအကြောင်းကြားပြီချိန်မှာ ဘယ်လိုလုပ်ထမအော်ပဲနေနိုင်မှာလဲ။ သူက အဲ့ဒီနိုင်ငံတော်ရဲ့မြို့တော်ကို တစ်ခါမှမရောက်ဖူးပါဘူး။ ငယ်ငယ်တည်က ကြားဖူးရုံပဲရှိတာပါ။ မြို့စားမင်းအိမ်တော်က မြို့တော်နဲ့နှစ်ဆယ်ငါးကီလိုမီတာသာဝေးပေမဲ့ သူ့အနေနဲ့ ဘယ်တုန်းကမှမရောက်ခဲ့ဖူးပါဘူး။ ရာသီဥတုကအတော်လေး ကောင်းမွန်ချိန်မှာ မြို့တော်ရဲ့အပြင်ဘက်တွေကို လှမ်းကြည့်ရင်းမြင်ရပါတယ်။

ဟို့ယွိဟောင်ရဲ့ ရင်ခုန်သံတွေကလဲ မြန်ဆန်နေခဲ့ပါပြီ။ သူ့အနေနဲ့ ဒီလောက်မြန်မြန်ပြန်သွားရမယ်လို့ မတွေးထားခဲ့ပါဘူး။ ဒါ့အပြင် ထိုက်ယွဲ့ဟန်ကလဲ သူတို့အဖွဲ့ရဲ့လူတစ်ယောက်ဖြစ်နေခဲ့ပါသေးတယ်။ သူကအားလုံးကို မြို့စားမင်းအိမ်တော်ဆီ ခေါ်သွားမှာမဟုတ်လား။

ညီအစ်ကိုနှစ်ယောက်က သူ့ကိုမမှတ်မိနိုင်ပေမဲ့ သူက မြို့စားမင်းအိမ်တော်မှာ ကြီးပြင်းခဲ့တဲ့သူပါ။ အစေခံတွေကလဲ သူ့ကိုအကြိမ်ကြိမ် မြင်ဖူးခဲ့ပါတယ်။ သူကြီးပြင်းခဲ့တဲ့နေရာကို ပြန်သွားရမဲ့ကိစ္စကြောင့် တွေးမိရင်းနဲ့တင်သူ့ရဲ့အမုန်းတရားတွေနဲ့ နာကျင်မှုတွေက ပြန်လည်ပေါ်ထွက်လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့နှလုံးသားက ပရမ်းပတာဖြစ်နေခဲ့တယ်။

ဟို့ယွိဟောင်လဲ ခေါင်းငုံ့လိုက်ပါတော့တယ်။

” ဘာမှမဟုတ်ပါဘူး.ကျွန်တော်တို့ကြယ်တာရာလော့နိုင်ငံကို သွားရမယ်လို့မထင်ထားခဲ့မိလို့ပါ ”

အကြီးအကဲရွှမ်ကတော့ စိတ်ထဲမထားခဲ့ပါဘူး။

” ဒါဆိုအားလုံးပြန်တော့ ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ အခန်းကိုပြန်လာခဲ့ပါတယ်။ ၀မ်သုန့်ကလွဲပြီ သူ့ရဲ့အပြောင်းအလဲကို ဘယ်သူမှသတိမထားခဲ့မိပါဘူး။ တစ်နှစ်ကျော်နိီးပါးအတူတူနေလာခဲ့ပြီတဲ့နောက် ၀မ်သုန့်က ဟို့ယွိဟောင်အကြောင်းအတော်လေး ရင်းနှီးနေခဲ့ပါပြီ။ ဒါ့အပြင် စိတ်ထဲကအမုန်းတရားတွေကိုလဲ သိပါတယ်။

” ယွိဟောင်အဆင်ပြေရဲ့လား ”

၀မ်သုန့်က မေးလိုက်တယ်။

” ရတယ်ငါရုတ်တရက်ပြန်ရမဲ့ကိစ္စကို သိပ်ပြီစိတ်ထဲလက်မခံနိုင်ဖြစ်နေလို့ပါ ထိုက်ယွဲ့ဟန်ကိုငါ့ရဲ့ ဇစ်မြစ်အကြောင်းသိစေလို့မဖြစ်ဘူး ”

” ယွိဟောင်က သူကမင်းရဲ့ အစ်ကိုကြီးဖြစ်သင့်တယ်မလား မင်းက ”

၀မ်သုန့်က ရုတ်တရက်ပြောလာခဲ့ပါတယ်။

ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ဖြတ်ပြောတော့တယ်။

” ငါ့မှာဘာအစ်ကိုမှမရှိဘူး ဘာဆွေမျိုးမှလဲမရှိဘူး ငါ့အမေက သေသွားပြီးပြီ ငါ့က မိဘမဲ့တစ်ယောက်ပဲ ”

” ကောင်းပြီလေ ကောင်းပါပြီ ”

၀မ်သုန့်က သူ့ကိုချက်ချင်းပြန်ပြောပါတော့တယ်။

” တောင်းပန်ပါတယ် ”

ဟို့ယွိဟောင်ကလဲ ခေါင်းပြန်ငုံ့သွားရင်း မျက်နှာပျက်နေခဲ့တယ်။

၀မ်သုန့်က သူ့ဘေးနားလာထိုင်ရင်းနဲ့ ပြောပါတယ်။

” အဲ့အကြောင်းအများကြီးမတွေးပါနဲ့ သေချာပေါက် ကျော်လွှားနိုင်မဲ့ ကိစ္စရှိလာမှာပါ ဒါ့အပြင် ငါတို့ပြန်သွားရင်း တစ်ယောက်ယောက်ကမင်းကို မှတ်မိမယ်လို့ သေချာပေါက်ပြောလို့မရဘူးလေ လွန်ခဲ့တဲ့နှစ်တွေမှာ မင်းအများကြီးပြောင်းလဲသွားတယ်မဟုတ်လား တစ်ယောက်ယောက်က မင်းကိုမှတ်မိမယ်ဆိုရင်တောင် မင်းရဲ့အခုဖြစ်တည်မှုကြောင့် ဘယ်သူလဲဆိုတာ ပြောဖို့လွယ်မှာမဟုတ်ဘူး…မင်းနာကျင်နေမှာကို ငါသိတယ်..ဒါပေမယ့် သူတို့ကို ရင်ဆိုင်ဖို့ရွေးချယ်ပြီးပြီဆိုမှတော့ သေချာပေါက် လက်စားချေဖို့သန်မာရမယ်လေ မင်းယှဥ်ပြိုင်ရမဲ့ပြိုင်ဘက်က အရမ်းကိုသန်မာလိမ့်မယ်.”

ဟို့ယွိဟောင် မျက်လုံးပြူးသွားခဲ့ပါတယ်။

” ငါအများကြီးပြောင်းလဲသွားလို့လား ”

၀န်သုန့်က နောက်တစ်ကြိမ် သူ့ခေါင်းကိုလာခေါက်ရင်း မှန်တစ်ချပ်ကိုထုတ်ပေးပါတော့တယ်။

” ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်ဦး ”

အမှန်ပါပဲ မိုးကောင်းကင်ကိုလှုပ်ရှားစေနိုင်ပြီ မြေကမ္ဘာကိုအက်ကွဲစေနိုင်တဲ့စကားက ဟို့ယွိဟောင်ရဲ့အပြောင်းအလဲတွေကို ဖော်ပြဖို့လုံလောက်နေခဲ့ပါတယ်။ အစပိုင်းမှာသူက အတော်ကိုကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရတဲ့ သနားစရာဆင်းရဲမွဲတေနေတဲ့ လူငယ်လေးတစ်ယောက်ပါပဲ။ လွန်ခဲ့တဲ့နှစ်မှာ အင်အားအပြောင်းအလဲကလဲ အရမ်းကိုမြင့်မားခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတော်ရဲ့ အဓိက အတွင်းတပည့်သားဖြစ်လာခဲ့ပြီတဲ့နောက် ရုပ်ရည်ရော စိတ်ထားရောက ကြီးမားတဲ့အပြောင်းအလဲတွေကို ဖြတ်သန်းလိုက်ရတာပါ။

အင်အားက လူတစ်ယောက်ကိုယုံကြည်ချက် အပြည့်အ၀ရှိလာစေပါတယ်။ အသိဉာဏ်ရှိနေတဲ့ ၀ိညာဥ်စက်ကွင်းနှစ်ခုအပြင် ရေခဲကျောက်စိမ်းဧကရီရဲ့ ၀ိညာဥ်အရိုးကြောင့် သူကအများကြီးအရပ်ရှည်နေခဲ့ပါပြီ။

ကျောင်းတော်ကိုရောက်ရှိလာချိန်မှာ သူက ပိန်ပါးပြီအားနည်းတဲ့သူတစ်ယောက်ပါ။ လက်ရှိအချိန်မှာ နွားပေါက်လေးတစ်ကောင်လို သန်မာနေခဲ့ပါပြီ။ မူလတုန်းက မကျန်းမမာဖြစ်နေတဲ့ ရုပ်သွင်နဲ့ မျက်နှာကလဲ ပန်းသွေးရောင်သမ်းပြီးတောက်ပလို့နေခဲ့ပါတယ်။ ဒါ့အပြင် နေမင်းတစ်စင်းလိုတောက်ပနေတဲ့ အရှိန်အ၀ါကိုလဲ သူပိုင်ဆိုင်ထားခဲ့တယ်။ ၀မ်သုန့်ပြောတာ အမှန်ပါပဲ။ လွန်ခဲ့တဲ့နှစ်မှာ အခုက ရွက်ဟောင်းကြွေလို့ ရွက်သစ်တွေပြောင်းလဲတဲ့ပုံစံဖြစ်သွားခဲ့တာပါ။ မြို့စားမင်းအိမ်တော်မှာနေတဲ့ အစေခံလိုကလေးတစ်ယောက်မဟုတ်တော့ပါဘူး။

” တကယ်တော့ မင်းအနေနဲ့ ကိုယ့်ကိုကိုယ် ပစ်မှတ်ထားပြီ ကြိုးစားသင့်တယ်…ဒီလိုဖြစ်လာပြီဆိုမှတော့ ငါတို့အဲ့ဒီကို သွားရလဲသွားပါရစေပေါ့ ဘာကြောင့်အများကြီးတွေးနေဦးမှာလဲ ”

၀မ်သုန့်က ထရပ်ရင်းမှန်ကို ပြန်ယူလိုက်ပါတယ်။ အဲ့ဒီနောက် တင်ပလ္လင်ခွေချိတ်ထိုင်ပြီ လက်တစ်ဖက်ကိုဆန့်လိုက်တယ်။

” လာလေ့ကျင့်ကြစို့ ငါတို့တွေက ငါတို့အစ်ကိုကြီးတွေနဲ့ ယှဥ်မယ်ဆိုရင် အများကြီးအလှမ်းဝေးလွန်နေသေးတယ်..ဒါကြောင့် ကြိုးစားရမယ် ”

ဟို့ယွိဟောင်လဲ ၀မ်သုန့်ရဲ့ လေးနက်တဲ့အမူအရာကိုမြင်ချိန်မှသာ ပြုံးလိုက်ပါတော့တယ်။

” မင်းလိုငပျင်းက ငါ့ကိုဒီလိုမျိုးလာခေါ်ပြီ လေ့ကျင့်နေပြီဆိုမှတော့ လုပ်လိုက်ကြစို့ ငါသေချာပေါက် မင်းကို ကျော်လွှားနိုင်ရမယ်. ”

၀မ်သုန့်ကတော့ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်းပြောလာခဲ့ပါတယ်။

” ဘာကြောင့် ကောင်းကင်မှာနွားတွေပျံနေတာလဲ အားငါသိပြီ မင်းပေါက်ကရတွေပြောနေလို့ပဲ ဖြစ်ရမယ် ”

” မင်းငါ့ကို လှောင်၀ံ့တယ်ပေါ့ ငါဘယ်လောက်တော်လဲဆိုတာ မင်းကိုပြမယ်.”

ဟို့ယွိဟောင်က ၀မ်သုန့်ကို ရုတ်တရက် ခုန်အုပ်ပါတော့တယ်။ ၀မ်သုန့်ကတော့ ချက်ချင်းဆိုသလို အော်ရင်းအိပ်ရာပေါ်လိမ့်သွားခဲ့ပါပြီ။

ဟို့ယွိဟောင်က သူ့ရဲ့လက်တွေကို ဆုပ်ချည်ဖြန့်ချည်လုပ်လိုက်ရင်း အော်လိုက်ပါတော့တယ်။

” ရှုံးပြီဆိုတော့ ၀န်ခံမလား ”

” လုံး၀ပဲ ”

၀မ်သုန့်ကတော့ ပြန်အော်လိုက်တော့တယ်။

” တကယ်၀န်မခံဘူးပေါ့ ”

ဟို့ယွိဟောင်က ၀မ်သုန့်ကို ဖိချထားလိုက်ပါတယ်။ သူနဲ့၀မ်သုန့်ရဲ့မျက်နှာတွေက အတော်လေးကို နီးကပ်လာခဲ့ပါပြီ။ ကြောက်စရာကောင်းတဲ့အပြုံးကိုပြုံးရင်း တစ်ဖက်လူရဲ့မျက်လုံးလှလှ၀ိုင်း၀ိုင်းတွေကို သူစိုက်ကြည့်နေတော့တယ်။

ဟို့ယွိဟောင်အနားကို ကပ်လာချိန်မှာ ၀မ်သုန့်အနေနဲ့ သူ့မျက်နှာပေါ်ရောက်လာခဲ့တဲ့ ၀င်လေထွက်လေတွေကိုတောင် ခံစားနေခဲ့မိပါတယ်။ နောက်ဆုံးမှာတော့ သူကြောက်လန့်နေခဲ့ပေမဲ့ မျက်လုံးကိုပိတ်ရင်း အော်လိုက်ပါတယ်။

” မဟုတ်ဘူး ငါလုံး၀အရှုံးမပေးနိုင်ဘူး ”

၀မ်သုန့်ရဲ့ တုန်ရီနေတဲ့ မျက်တောင်ရှည်ရှည်တွေကိုကြည့်ရင်း ဟို့ယွိဟောင်လဲ တခဏတာရပ်တန့်လို့သွားပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့မျက်နှာတွေက လက်မအနည်းငယ်သာ ကွာဝေးတော့တာပါ။ ၀မ်သုန့်ဆီကရတဲ့ အမွှေးနံ့တွေကို သူရှုရှိုက်နေခဲ့မိပါတယ်။ ဘာကြောင့်မှန်းမသိ သူဖိထားတာခံရတဲ့ ၀မ်သုန့်ကိုကြည့်ရင်း တစ်ကိုယ်လုံးတုန်ရီသွားခဲ့မိပါတယ်။

ချက်ချင်းဆိုသလို ၀မ်သုန့်ရဲ့လက်တွေကို ပြန်လွှတ်လိုက်ပြီတဲ့နောက် သူ့ရဲ့ပန်းရောင်မျက်နှာကိုဆွဲရင် ပါးကိုဖြည့်လိုက်ပါတော့တယ်။ အဲ့ဒီနောက် သူရယ်မောတော့တယ်။

” အကယ်၍ မင်းရှုံးတာ၀န်မခံဘူးဆိုရင် ငါမင်းကို ၀က်လိုရုပ်ဖြစ်လာအောင် လုပ်ပြစ်မယ်..ကြည့်ပါဦး မင်းက ၀က်ထက်တော့ ပိုပြီးကြည့်ကောင်းတာပေါ့ မြန်မြန်လျှာထုတ်လိုက် ဒါဆိုရင် ၀က်နဲ့ပိုတူသွားလိမ့်မယ် ”

” ဟို့ယွိဟောင် ငါမင်းကိုအသေသတ်တော့မယ် ”

အပိုင်း ၆၇•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset