Switch Mode

Chapter – 67.2

အဆုံးစွန် ပြောင်းလဲမှု စွမ်းအားတွေ တိုးတက်လာခြင်း

အပိုင်း ၆၇•၂

” အဆုံးစွန်းပြောင်းလဲမှု စွမ်းအားတွေတိုးတက်လာခြင်း ”
°°°
လင်းလော့ချန်ရဲ့ တတိယ၀ိညာဥ်စက်ကွင်း ရုတ်တရက်တောက်ပလာမှုနဲ့အတူ သူ့ရဲ့ရေခဲတုတ်ချောင်းကြီးကို အရှေ့ဖက်ဆီ ညွှန်လိုက်ပါတယ်။ အပြာရောင်အလင်းတန်းက မာရှောင်ထောင့်ရဲ့ခေါင်းဆီကို ရိုက်ခတ်ဖို့လုပ်လိုက်ပါပြီ။ ဒီအပြာရောင်အလင်းတန်းက သူမကိုလွှမ်းခြုံလို့သွားခဲ့ပြီတဲ့နောက် ရေခဲထောင်ထဲမှာ ဖမ်းဆီးလိုက်ပါတော့တယ်။ မာရှောင်ထောင့်က သူ့ရဲ့မီးလျှံတွေနဲ့ ရေခဲကိုဖြိုချဖို့လုပ်နေခဲ့တယ်။

ဒါပေမယ့် သူမျှော်လင့်ထားသလိုရေခဲထောင်က ပျက်စီးမသွားခဲ့ပါဘူး။ အက်ကွဲကြောင်းလေးတစ်ခုသာ ပေါ်လာခဲ့ပါတယ်။ မာရှောင်ထောင့်ရဲ့မီးလျှံတွေက ဒီရေခဲတွေရဲ့အောက်မှာ လုံး၀ကိုဖိနှိမ့်ခံနေခဲ့ရတယ်။

အဓိကအဖွဲ့ရဲ့ ခုနှစ်ယောက်ထဲမှာ မာရှောင်ထောင့်တစ်ယောက်ထဲတင် ထိုက်ယွဲ့ဟန်နဲ့ ဆက်ဆံရေးမကောင်းတာ မဟုတ်ပါဘူး။ လင်းလော့ချန်နဲ့ သူ့ရဲ့ဆက်ဆံရေးကလဲ မကောင်းပဲရှိနေခဲ့ပါတယ်။ မာရှောင်ထောင့်က မီးစွမ်းအားကိုပိုင်ဆိုင်ထားခဲ့ပြီ လင်းလော့ချန်ကတော့ ရေခဲစွမ်းအားပါ။ သူတို့တွေက အမြဲတမ်းတိုက်ခိုက်နေတဲ့သူတွေလဲဖြစ်ပါတယ်။ အတိတ်အချိန်မှာ လင်းလော့ချန်အနေနဲ့ မာရှောင်ထောင့်ကို သူ့ရဲ့မီးလျှံဖယ်ရှားပေးဖို့လုံး၀ငြင်းပယ်ခဲ့ပါတယ်။ အကယ်၍ မငြင်းပယ်ခဲ့ဘူးဆိုရင် သူမအနေနဲ့ ရှုစန်းရှီကိုလာရှာစရာတောင် လိုနေမှာမဟုတ်ပါဘူး။

ဒါပေမယ့် မာရှောင်ထောင့်ကတော့ သူ့ရဲ့မြင့်မားတဲ့ကျင့်ကြံဆင့်နဲ့ လင်းလော့ချန်ကို အမြဲတမ်းဖိနှိမ့်ထားခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကလဲ လုံး၀မရှုံးနှိမ့်ခဲ့ပါဘူး။ တိုက်ပွဲရဲ့အခြေအနေတွေက အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။

ထိုက်ယွဲ့ဟန်က မာရှောင်ထောင့်ကို တိုက်ရိုက်တိုက်ခိုက်ဖို့ စီစဥ်ထားခဲ့ပေမဲ့ လက်ရှိအချိန် လင်းလော့ချန်ကတော့ သူ့ရဲ့လှုပ်ရှားမှုနဲ့ တားဆီးလိုက်ပါပြီ။ ဒါ့အပြင် ပစ်မှတ်ကလဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းရေးကြောင့် လုံး၀ကိုတိကျလို့နေခဲ့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က ရုတ်တရက်လှုပ်ရှားလို့သွားခဲ့ပြီ ပထမ တတိယနဲ့ ပဥ္စမနှစ်၀ိညာဥ်စက်ကွင်းတွေက နောက်တစ်ကြိမ်တောက်ပလို့လာပြန်ပါတယ်။ အမှန်မှာတော့ သူ့ရဲ့စွမ်းရည်တွေက အထွဠ်အထိပ်ကိုရောက်သွားခဲ့ပါပြီ။ မကြာခင်မှာပဲ သူပေ့ပေ့ကိုတွေ့သွားတော့တယ်။

ပေ့ပေ့ကတော့ ထိုက်ယွဲ့ဟန်ရဲ့ တိုက်ခိုက်မှုကိုသုံးကြိမ်တိတိ ခုခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပါးစပ်နဲ့ နှာခေါင်းတွေကနေ သွေးတွေထွက်ရင်း နောက်ကိုဆက်တိုက်ဆုတ်ခွာနေရတယ်။ တစ်ချိန်ထဲမှာပဲ ကိုယ့်ကိုကိုယ်အကောင်းဆုံးကြိုးစားကာကွယ်နေရတဲ့ ကုန်းယန်မော့က မာရှောင်ထောင့်ကိုအများကြီး အထောက်အပံ့မပေးနိုင်တော့ပါဘူး။ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့ကလဲ အတော်လေးကို ကြိုးစားပမ်းစားနဲ့ ကျားဖြူဥက္ကာပျံမိုးတွေကို ကာကွယ်နေရခဲ့ရပါတယ်။ လက်ရှိအချိန် သူတို့ရဲ့ အစီအစဥ်တကျရှိနေခဲ့တဲ့ အခြေအနေက မကြာခင်အတွင်းမှာပဲ ပျက်စီးလို့သွားပါတော့တယ်။

အပြာရောင်အလင်းတန်းတစ်ခုနဲ့ အတူ ဥက္ကာပျံတစ်ခုကို မြိုချနေတဲ့ယောင်ဟောက်ရွှမ်က သူ့ရဲ့ပါးစပ်ထဲက ဥက္ကာပျံကိုထွေးထုတ်ရင်း ကုန်းယန်မော့ကို ကူညီဖို့လုပ်ပါတော့တယ်။

အဲ့ဒီအချိန်မှာပဲ မာရှောင်ထောင့်လဲ ရေခဲထောင်ထဲက ထွက်လာခဲ့ပါပြီ။ ဒါပေမယ့် လင်းလော့ချန်ရဲ့ တိုက်ခိုက်မှုက သူမလွှတ်လာလာချင် နောက်ထပ် ထပ်မံရောက်ရှိလာတော့တယ်။

သူမရဲ့ မင်လိုတောက်ပနေတဲ့ ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ရင်း ရေခဲတုတ်ချောင်းကြီးကိုသုံးပြီနောက်တစ်ကြိမ် ညွှန်ပြလိုက်ပါပြီ။ အပြာရင့်ရောင်ရေခဲလုံးကြီးတွေက အပေါ်ကိုမြင့်တက်လို့သွားခဲ့ပါတော့တယ်။ ပြင်းထန်တဲ့အေးစက်မှုက စာမေးပွဲနယ်မြေတစ်ခွင်လုံးကို လွှမ်းခြုံလို့သွားခဲ့ပြီ မြူခိုတွေတောင် ဖြစ်ပေါ်လာစေခဲ့ပါတယ်။ မာရှောင်ထောင့်ရဲ့မီးလျှံကလဲ လက်ရှိအချိန်မှာ အရမ်းကိုဖိနှိမ့်ခံလိုက်ရပြီ သူ့ရဲ့ဘေးပတ်လည်နှစ်မီတာအတွင်းမှာသာ တောက်လောင်နိုင်ပါတော့တယ်။

တခြားတစ်ဖက်မှာရှီးရှီးက ရှုစန်းရှီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လို့နေခဲ့တယ်။ သူမက မြန်ဆန်ပေမဲ့ တိုက်ခိုက်မှုတွေကအများကြီးမသန်မာခဲ့ပါဘူး။ တစ်ဖက်မှာတော့ ရှုစန်းရှီက အတော်ကြီးကို ကောင်းကောင်းမွန်မွန်အာရုံစိုက်ထားခဲ့ရင်း ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုနဲ့အတူ သူမကိုအပြည့်အ၀တားဆီးလို့ထားနိုင်ခဲ့ပါတယ်။

ဟို့ယွိဟောင် ရှောင်းရှောင်းနဲ့ ၀မ်သုန့်တို့ကလဲ သူ့ရဲ့အကာအကွယ်အောက်မှာရှိနေခဲ့တယ်။

လင်းလော့ချန်ရဲ့ အပြာရောင်ရေခဲတွေက ဖြည်းဖြည်းချင်း မြင့်တက်လို့လာနေခဲ့ပြီ မာရှောင်ထောင့် ကုန်းယန်မော့နဲ့ ယောင်ဟောက်ရွှမ်တို့ဆီကို ပြေး၀င်လို့သွားပါတော့တယ်။ ထိန်းချုပ်ရေးအမျိုးအစား၀ိညာဥ်ပညာရှင် လင်းလော့ချန်က သူ့ရဲ့ရေခဲတွေကို ထိန်းချုပ်နိုင်စွမ်းအရမ်းကို ကောင်းမွန်လွန်လှတယ်။ ဟို့ယွိဟောင်ရဲ့စွမ်းအားမြင့်တင်ပေးမှုနဲ့အတူ သူမကအားလုံးကို အစဦးကထဲက တိုက်ခိုက်နိုင်နေခဲ့ပါပြီ။

မာရှောင်ထောင့်ကလဲ အံကြိတ်လိုက်ပါတယ်။ အကယ်၍ ဒီတိုက်ခိုက်မှုသာ သူကိုယ်ပေါ်ကို ကျရောက်လာခဲ့မယ်ဆိုရင် အခြေအနေတွေကို လှည့်ပြီဖြေရှင်းနိုင်ဖို့မလွယ်ကူတော့ပါဘူး။ အတောင်ပံကိုခတ်လိုက်ရင်း ၀ိညာဥ်စွမ်းအားတွေအားလုံးကို ပေါက်ကွဲထွက်အောင်လုပ်လိုက်ပါတော့တယ်။ နတ်မီးငှက်အော်သံနဲ့အတူ သူမခန္ဓာကိုယ်က ဝေ၀ါးလို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာ သူမအနေနဲ့ စစ်မှန်တဲ့ နတ်မီးငှက်ကြီးတစ်ကောင်အဖြစ်ကို ပြောင်းလဲသွားသလိုပါပဲ။ ရွှေနီရောင်အလင်းတန်းတွေက ခြေထောက်အထိကို ရောက်ရှိလို့သွားပါတော့တယ်။ ဒါ့အပြင် သူမကလဲ ငါးခုမြောက်၀ိညာဥ်စက်ကွင်းကို အသက်သွင်းလိုက်ပါပြီ။ လင်းလော့ချန်နဲ့ ရင်ဆိုင်ဖို့ကြောင့်သာ မဟုတ်ရင် သူမအနေနဲ့ ဒီလောက်အထိလုပ်ဖို့မလိုပါဘူး။

ဒါပေမယ့် ထိန်းချုပ်ရေးအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်တဲ့ လင်းလော့ချန်က မာရှောင်ထောင့်ရဲ့ အဲ့ဒီလိုအစွမ်းကုန်တိုက်ခိုက်မှုကို ဘယ်လိုကြောင့်များ ထုတ်လွှတ်ခွင့်ပြုနိုင်မှာလဲ။

ထိုက်ယွဲ့ဟန်ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက မာရှောင်ထောင့်ရဲ့လမ်းပေါ်မှာ ပေါ်လာခဲ့ပါပြီ။ ကျားတစ်ကောင်ရဲ့ဟိန်းသံနဲ့အတူ သူ့ရဲ့ခြောက်ခုမြောက်၀ိညာဥ်စက်ကွင်းကလဲ တောက်ပလာပါတော့တယ်။

လေထဲမှာကတော့ ကြီးမားတဲ့သတ်ဖြတ်မှုကြီးက အဖြူရောင်နဲ့ အနက်ရောင်တွေကြားထဲမှာ ဖြစ်ပေါ်လာပါတော့မယ်။ မာရှောင်ထောင့်ကတော့ သူမရဲ့ ၀ိညာဥ်အရိုးနှစ်ခုအကူအညီနဲ့ အရှိန်ကိုမြင့်တင်လိုက်တယ်။

ကြီးမားတဲ့၀ိညာဥ်စွမ်းအားပေါင်းစပ်မှုကတော့ သူတို့ရဲ့ထိတွေ့မှုနေရာမှာ ဖြစ်ပေါ်လာခဲ့ပါပြီ။ အားလုံးကလဲ သူ့ကိုယ်သူတို့ အမြန်ကာကွယ်လိုက်ရပါတယ်။

မီးနီရောင်အလင်းတန်းတွေရဲ့အောက်မှာ ရွှေဖြူရောင်ကျားကြီးကတော့ လေထဲကိုလွှင့်ထွက်သွားခဲ့ပါတယ်။ သူတို့တွေက တိုက်မိပြီတဲ့နောက် ကွဲကွာလို့သွားခဲ့ပါပြီ။

ထိုက်ယွဲ့ဟန်ကလဲ နောက်ကိုလွှင့်ထွက်လို့သွားခဲ့ပြီ သူခြေထောက်အောက်ဖက်မှာ နက်ရှိုင်းတဲ့ခြေရာကြီးနှစ်ခုက ကျန်ရစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူလဲ ဒူးထောက်ရင်းနဲ့ ရပ်တန့်လို့သွားခဲ့တယ်။ မာရှောင်ထောင့်လဲ အခြေအနေမကောင်းပါဘူး။ လင်းလော့ချန်ရဲ့ ရေခဲတွေတိုက်မိတာကို ခံလိုက်ရတဲ့အတွက် သူမလဲ အေးခဲလို့သွားခဲ့တယ်။

ကုန်းယန်မော့ကတော့ သူ့ရဲ့အထောက်အပံ့စွမ်းရည်က ဘယ်လောက်ပဲသန်မာစေ သူကတိုက်ခိုက်ရေးသမားမဟုတ်ပါဘူး။ ဟယ့်ချိုက်ထို့လဲ သူ့ကို၀ိညာဥ်လက်နက်သုံးရင်း ကာကွယ်ပေးဖို့အကောင်းဆုံးကြိုးစားပေမဲ့ အဆုံးစွန်းရောက်နေတဲ့ ရေခဲရဲ့အစွမ်းအစက အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်တောင် ခုခံနိုင်မဲ့အရာမဟုတ်တာ အသေအချာပါ။ သူကိုယ်တိုင်လဲ ရေခဲတွေရဲ့စွမ်းအားအောက်မှာ တောင့်တင်းအေးခဲနေရပါတယ်။

ယောင်ဟောက်ရွှမ်ကိုတော့ ပြောဖို့တောင်မလိုပါဘူး။ ရေခဲထောင်ကိုမဖျက်ဆီးနိုင်ခင်အချိန်မှာပဲ လင်းလော့ချန်က နောက်တစ်ကြိမ် တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ ရလဒ်အနေနဲ့ သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ရေခဲထောင်ထဲမှာ ချိတ်ပိတ်ခံလိုက်ရပါပြီ။ ဟို့ယွိဟောင်ရဲ့ အားဖြည့်ပေးမှုကြောင့် လင်းလော့ချန်ရဲ့တိုက်ပွဲကို ထိန်းချုပ်နိုင်စွမ်းက နှစ်ဆတိုးသွားခဲ့ပါတယ်။

သွေးနီရောင်ဓားက အရှေ့ကိုပြေး၀င်လို့လာခဲ့ရင်း မာရှောင်ထောင့် ကုန်းယန်မော့နဲ့ ယောင်ဟောက်ရွှမ်တို့ခန္ဓာကိုယ်ပေါ်က ရေခဲတွေကို ဖျက်ဆီးပြီတဲ့နောက် ပေ့ပေ့ ဟယ့်ချိုက်ထို့နဲ့ ကျန်းနန်နန်တို့ဆီကို ပျံသန်းလို့သွားပါတော့တယ်။ ပေ့ပေ့က ဒဏ်ရာရနေပြီသားပါ။ သူ့အနေနဲ့ များပြားတဲ့၀ိညာဥ်စွမ်းအားတွေကိုလဲ ကုန်ဆုံးထားပါသေးတယ်။ ဟယ့်ချိုက်ထို့ရဲ့ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကလဲ ကြီးမားလွန်လှတယ်။ ကျန်းနန်နန်ကလဲ အင်အားအကုန်လုံး ကုန်နေပြီဖြစ်သလို ဒီလိုကုန်ဆုံးသွားရတာကလဲ ကျားဖြူဥက္ကာပျံမိုးကို ကာကွယ်လိုက်ရလို့ပါပဲ။ သူတို့သုံးယောက်အနေနဲ့ ချန်ကျစ်ဖုန်းဓားကို ဘယ်လိုများရှောင်ရှားနိုင်ဖို့ စွမ်းအားရှိတော့မှာလဲ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုအကူအညီနဲ့ တိုက်ပွဲကတော့ မကြာခင်အတွင်း ပြီးဆုံးလို့သွားခဲ့ပါပြီ။

ထိုက်ယွဲ့ဟန်က မာရှောင်ထောင့်နဲ့ တိုက်ခိုက်နေချိန်မှာ ရှုစန်းရှီရဲ့ ခုခံရေးဘက်မှာလဲ အမှားအယွင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ရှီးရှီးက အဲ့ဒီလိုအခွင့်အရေးမျိုးကို ဘယ်လိုကြောင့်များ လက်လွှတ်ခံနိုင်မှာလဲ။ လင်းလော့ချန်ရဲ့နောက်မှာရပ်နေခဲ့တဲ့ ဟို့ယွိဟောင်ဆီကို သူပြေး၀င်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာပဲ ဟို့ယွိဟောင်ကို ရုတ်တရက်ဆိုသလိုလှည့်ကြည့်လိုက်တယ်။ ခရမ်းရောင်လျှပ်စီးတန်းနှစ်ခုက ရှီးရှီးရဲ့မျက်လုံးတည့်တည့်ကို ထိုးစိုက်လို့သွားခဲ့ပါပြီ။ ရှီးရှီးအနေနဲ့ သူမရဲ့ခေါင်းတစ်ခုလုံးတူနဲ့ထုခံလိုက်ရသလို ခံစားလိုက်ရပါတော့တယ်။ ချက်ချင်းဆိုသလို စိတ်တစ်ခုလုံးကလဲ ဗလာဟင်းလင်းဖြစ်သွားခဲ့တယ်။

သူမဘယ်လောက်ပဲမြန်ဆန်ပါစေ သူက၀ိညာဥ်ဘုရင်တစ်ယောက်ပါ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုနဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးပေါင်းစည်းထားခဲ့တဲ့ တိုက်ခိုက်မှုက ဟောင်သုန့်စွမ်းအားကြောင့် ပိုပြီးအစွမ်းထက်နေခဲ့ပါသေးတယ်။ မာရှောင်ထောင့်တောင်မှ ဒီတိုက်ခိုက်မှုကို တိုက်ရိုက်ထိတွေ့ချိန်မှာ မျက်လုံးပြူးသွားခဲ့ရတာပါ။

ဟို့ယွိဟောင်တစ်ယောက်ထဲတင် လှုပ်ရှားလိုက်တာမဟုတ်ပါဘူး။ ရှောင်းရှောင်းအနေနဲ့လဲ လက်ရှိအချိန်မှာ လှုပ်ရှားပါပြီ။ သူမရဲ့ကြီးမားတဲ့အိုးကြီးက နိုင်ငံရတနာအိုးကြီးအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ အဲ့ဒီနောက် အသန်မာဆုံး၀ိညာဥ်စွမ်းရည်ကိုအသုံးပြုရင်း ရှီးရှီးရဲ့ခန္ဓာကိုယ်ရှေ့မှာ ဆက်တိုက်တိုက်ခိုက်တော့တယ်။ ရှီးရှီးအနေနဲ့ တစ်စက္ကန့်သာမျက်လုံးအပြူးသားဖြစ်သွားခဲ့ပေမဲ့ သူမအတွက် လုံလောက်ပါတယ်။

၀မ်သုန့်ရဲ့တိုက်ခိုက်မှုကလဲ နောက်ဆုံးရောက်ရှိလို့သွားခဲ့ပါပြီ။ ရှောင်းရှောင်းရဲ့အိုးကြီးကြောင့် တုန်ခါလှုပ်ရှားနေတဲ့ သူမက တိုက်ခိုက်မှုကို ပြန်လည်ခုခံနိုင်ဖို့ မလွယ်ကူခဲ့ပါဘူး။

၀မ်သုန့်ရဲ့ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းဖြစ်တဲ့ လိပ်ပြာနတ်မိမယ်ဓားချက်က ရောက်ရှိလာခဲ့ပါတယ်။ ချက်ချင်းဆိုသလိုအဲ့ဒီအရာက ရှီးရှီးကို ထိတွေ့ပြီတဲ့နောက် ကြီးမားတဲ့အလင်းလုံးကြီးက ဓားသွားတစ်ရာရှစ်ခုအဖြစ်ကိုပြောင်းလဲရင်း သူမကို ကြက်ခြေခတ်လိုခုတ်ချလိုက်ပါတယ်။ ဒီအစွမ်းအစက ဟောင်သုန့်စွမ်းအားနဲ့ ပိုပြီးအားကောင်းနေခဲ့တာကြောင့် ဒီတိုက်ခိုက်မှုကို ထုတ်လွှတ်ပြီချိန်မှာ ဟို့ယွိဟောင်ရော ၀မ်သုန့်ပါ အင်အားမဲ့သွားပါတော့တယ်။

ဓားသွားတစ်ရာရှစ်ခုက ၀ိညာဥ်ဘိုးဘေးတစ်ယောက်ထုတ်လွှတ်တဲ့ တိုက်ခိုက်မှုလောက်တော့ အင်အားမကြီးခဲ့ပါဘူး။ ရှီးရှီးအနေနဲ့ အမြန်ဆုံးသူဖြစ်ရင်းတောင် သူမအနေနဲ့ ဒီတိုက်ခိုက်မှုအတွက် အံ့အားသင့်သွားခဲ့ရတာပါ။ သူတို့သုံးယောက်ရဲ့ တစ်လွှာပြီတစ်လွှာ ထောင်ချောက်ဆင်မှုက အရမ်းကို အံ့အားသင့်စရာကောင်းနေခဲ့တယ်။

သူမအနေနဲ့ ၀ိညာဥ်စွမ်းရည်တိုက်ခိုက်မှုသုံးခုကို ဆက်တိုက်ဆိုသလို ခံစားလိုက်ရတယ်။ ဒါပေမယ့် နောက်ဖက်မှာရှုစန်းရှီရဲ့ လိပ်ဒိုင်းကာကြီးက သူ့ကိုလာရိုက်ခတ်တာကြောင့် ရှောင်ရှားနိုင်စွမ်းမရှိခဲ့ပါဘူး။

နောက်ထပ်တိုက်ပွဲတစ်ခုကလဲ အဆုံးသတ်လို့သွားခဲ့ပါပြီ။ ရှီးရှီးလဲ ဒိုင်းကာကြီးကြောင့် လွှင့်ထွက်လို့သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ထိုက်ယွဲ့ဟန်ကလဲ သူ့လက်၀ါးကိုအသုံးပြုရင်း ရှီးရှီးကိုဖမ်းလိုက်တယ်။ သူ့ဆံပင်တွေကတော့ သူမရဲ့လျှပ်စီးတန်းတွေကြောင့် ထောင်ထလို့သွားခဲ့ပါပြီ။ နောက်ဆုံးမှာကတော့ သူမလဲ လက်လျှော့လိုက်ရပါတော့တယ်။

တိုက်ပွဲအဆုံးသတ်သွားချိန်မှာ ရလဒ်ကတော့ ပြီးပြည့်စုံတဲ့အနိုင်ရရှိမှုဖြစ်သွားခဲ့ပါတယ်။ အနိုင်ရသူတွေကတော့ ကွဲပြားခြားနားနေခဲ့ပါပြီ။ ထိုက်ယွဲ့ဟန် ချန်ကျစ်ဖုန်းနဲ့ လင်းလော့ချန်တို့ကတော့ မပျော်နိိုင်ကြပါဘူး။ ဒီတစ်ကြိမ်မှာ ပြိုင်ပွဲက ဟို့ယွိဟောင်ကြောင့်သာ အပြောင်းအလဲဖြစ်သွားခဲ့မှန်း သူသိနေခဲ့တယ်။

ချန်ကျစ်ဖုန်းကတော့ အထိတ်တလန့်နဲ့ ကြည့်လာခဲ့ပါတယ်။

” အမွှာသိုင်းပညာ၀ိညာဥ်လား မင်းလဲအတူတူပဲရှိတာပေါ့ ”

နောက်တစ်ယောက်ကို သူရည်ညွှန်နေတာက ရှောင်းရှောင်းပါ။ နောက်ဆုံးမှာတော့ သူနားလည်သွားပါတော့တယ်။ အကြီးအကဲရွှမ်အနေနဲ့ ဒီကလေးတွေ ဒီလောက်ငယ်ရွယ်နေတာတောင် အကြိုအဖွဲ့အဖြစ်ရွေးထားတာမဆန်ပါဘူး။

လင်းလော့ချန်ရဲ့ မေးခွန်းကတော့ ဟို့ယွိဟောင်ဆီကိုသာ ဦးတည်ပါတယ်။ သူတစ်ခွန်းသာပြောတာပါ။

” အဆုံးစွန်းရောက်နေတဲ့ ရေခဲသိုင်းပညာ၀ိညာဥ်လား ”

ဟို့ယွိဟောင်လဲ ခေါင်းသာညိတ်ပြလိုက်ပါတယ်။

ထိုက်ယွဲ့ဟန်ကလဲ အရှေ့ကိုတိုးလာနေရင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ထနိုင်အောင် ကူညီပေးလိုက်တယ်။ အဲ့ဒီနောက် သူပြုံးပြပြီးပြောလိုက်ပါတယ်။

” ကျောင်းတော်ရဲ့အကြိုအဖွဲ့ဖြစ်လာတဲ့အတွက် ကြိုဆိုပါတယ်…မင်းငါ့ရဲ့ညီငယ်နဲ့ ပြဿနာတက်ခဲ့တာကို ငါသိတယ် .ဒါပေမယ့် ငါက သူမဟုတ်ဘူး…ဒါကြောင့် ငါ့ကိုစိတ်ထဲမထားပါနဲ့ အနာဂတ်မှာငါတို့က အတူတူတိုက်ခိုက်ရမဲ့ရောင်းရင်းတွေ ဖြစ်လာမှာပဲလေ ”

ထိုက်ယွဲ့ဟန်ရဲ့စကားက ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကို အသိအမှတ်ပြုလိုက်တာနဲ့အတူတူပါပဲ။ ဒါပေမယ့် ထိုက်ယွဲ့ဟန်ရဲ့စကားကိုကြားချိန်မှာ ဟို့ယွိဟောင်အနေနဲ့ကတော့ မပျော်နိုင်ခဲ့ပါဘူး။ ပိုပြီးတော့တောင် စိတ်ညစ်လို့သွားခဲ့ပါတယ်။ ထိုက်ယွဲ့ဟန်ရဲ့အပြုံးက စစ်မှန်မှန်ကန်ပေမဲ့ ဒီအပြုံးကိုပိုကြည့်လေလေ နှလုံးသားထဲပိုအေးစက်လာလေပါပဲ။ တစ်ဖက်လူကို သူစတင်တွေ့ဆုံချိန်တုန်းက သူ့ရဲ့မျက်လုံးထဲမှာ လူသတ်ငွေ့တွေဖြတ်ပြေးသွားတာကို သူသိခဲ့ပါတယ်။ ဒါ့အပြင် ထိုက်ယွဲ့ဟန်ကလဲ ကျားဖြူမြို့စားမင်းရဲ့သားတစ်ယောက်ပါပဲ။ ဟို့ယွိဟောင်ရင်ဆိုင်ရမဲ့သူ့ရဲ့ သားအကြီးဆုံးပါ။

ခံစားချက်ကို ကောင်းကောင်းဖုံးကွယ်နိုင်တဲ့ ရန်သူတော်တစ်ယောက်က ခံစားချက်ကိုထုတ်ပြတဲ့သူထက် ပိုပြီး ကြောက်စရာကောင်းတာအမှန်ပါ။ အတန်းကြီးဖြစ်တဲ့ ထိုက်ယွဲ့ဟန်အနေနဲ့ ထိုက်ဟွပင်းထက် ပိုကြောက်စရာကောင်းတာ အမှန်ပါပဲ။ ဒါ့အပြင် သူက ထိုက်ဟွပင်းရဲ့ အစ်ကိုကြီးဖြစ်နေခဲ့ပါသေးတယ်။ ဟို့ယွိဟောင်အနေနဲ့ သူ့အမေနဲ့အများကြီးတူနေခဲ့တာကြောင့်သာ မဟုတ်ရင် ထိုက်ယွဲ့ဟန်လဲ တစ်ခုခုမှားနေတာကို သေချာပေါက် သတိထားမိမှာပါ။

အပိုင်း ၆၇•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset