Switch Mode

Chapter – 67.1

အဆုံးစွန် ပြောင်းလဲမှု စွမ်းအားတွေ တိုးတက်လာခြင်း

အပိုင်း ၆၇•၁

” အဆုံးစွန်း​ပြောင်းလဲမှု ဓာတ်သဘောသဘာ၀တွေ အစွမ်းထက်လာခြင်း ”
°°°
ထိုက်ယွဲ့ဟန်တို့ရဲ့ အဓိကအဖွဲ့အစည်းစွမ်းအားက ချန်ကျစ်ဖုန်း လင်းလော့ချန် ထိုက်ယွဲ့ဟန်တို့နဲ့ ဖွဲ့စည်းလို့ထားခဲ့တာပါ။ တခြားလေးယောက်တွေဖြစ်တဲ့ ရှုစန်းရှီကတော့ တိုက်ရိုက်ပြိုင်ပွဲတွေကို အားသန်ပါတယ်။ ကျန်ရစ်တဲ့သုံးယောက်ဖြစ်တဲ့ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က အတန်းငယ်တွေပါပဲ။

သူတို့အနေနဲ့ ရှိနိုင်တဲ့တစ်ခုတည်သောအားသာချက်ကတော့ လင်းလော့ချန်ရဲ့ စွမ်းရည်က သူတို့ကို မတားဆီးနိုင်တော့ပါပဲ။ ဒီတစ်ခုကလွဲပြီ ထပ်မရှိနိုင်ပါဘူး။

အကြီးအကဲရွှမ်က နှစ်ဖက်စလုံးကို နေရာခြားလိုက်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ တစ်ဖက်နဲ့တစ်ဖက် ရင်းနှီးစေဖို့အချိန်မပေးခဲ့ပါဘူး။ နှစ်ဖက်စလုံးမီတာတစ်ရာငါးဆယ်ကွာတာနဲ့ တိုက်ခိုက်ဖို့စတင်ပြီ အမိန့်ပေးလိုက်ပါတော့တယ်။

ဒီတစ်ကြိမ်မှာ နှစ်ဖက်စလုံးက နီးကပ်လာပြန်ပါပြီ။ အကြီးအကဲရွှမ်စတင်ဖို့ အမိန့်ပေးလိုက်တာနဲ့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေက စတင်ပြီ စွမ်းရည်ကိုအသုံးပြုကြပါတော့တယ်။

ထိုက်ယွဲ့ဟန် ချန်ကျစ်ဖုန်းနဲ့ ရှုစန်းရှီတို့က အရှေ့မှာရှိနေခဲ့တယ်။ လင်းလော့ချန်ကတော့ အလယ်မှာနေရာယူထားပြီ ၀မ်သုန့် ရှောင်းရှောင်းနဲ့ ဟို့ယွိဟောင်တို့ကတော့ အနောက်ဘက်မှာပါ။

လင်းလော့ချန်က ဟို့ယွိဟောင်ရဲ့အရှေ့မှာ ပြေးနေခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို တစ်ချက်ကြည့်လိုက်ပြီသူမရဲ့အေးစက်တဲ့အကြည့်က သိလိုစိတ်တွေရော အန္တရာယ်အငွေ့အသက်တွေနဲ့ပါ ပြည့်နှက်နေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ပုခုံးသာတွန့်ပြလိုက်ပါတယ်။ အဲ့ဒီနောက် သူခြေထောက်အောက်ဖက်မှာ ၀ိညာဥ်စက်ကွင်းတွေက တောက်ပလာခဲ့ပြန်ပါပြီ။ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကလဲ ထပ်မံပြီ မျှဝေမှုစတင်ပါတော့တယ်။

အရှေ့မှာရှိနေခဲ့တဲ့ လူတွေအားလုံးက ချက်ချင်းဆိုသလိုတုန်ရီလို့သွားခဲ့ပါတယ်။ သူတို့တွေက တိုက်ပွဲမှာအတွေ့အကြုံမြင့်မားလွန်တဲ့သူတွေကြောင့်သာ မဟုတ်ရင် သေချာပေါက် စိတ်မထိန်းနိုင်ပဲ ဟို့ယွိဟောင်ကိုလှည့်ကြည့်မိမှာပါပဲ။

မာရှောင်ထောင့်ရဲ့ မီးလျှံတွေဘာကြောင့်တိတိကျကျ တိုက်ခိုက်နေနိုင်မှန်း ထိုက်ယွဲ့ဟန်နဲ့ ချန်ကျစ်ဖုန်းတို့လဲ နားလည်သွားခဲ့ပါပြီ။ အရင်တုန်းက ဟို့ယွိဟောင်ကြောင့် ဖြစ်မယ်ဆိုတာကို သူတို့မတွေးမိပါဘူး။ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေက ဆယ်နှစ်တွေပဲမဟုတ်ဘူးလား။ ဘာကြောင့် အဲ့ဒီလောက် အားကောင်းတဲ့စိတ်၀ိညာဥ်အမျိုးအစားထိန်းချုပ်မှုရှိနေရတာလဲ။ ဒါ့အပြင် ရေခဲအမျိုးအစားသိုင်းပညာ၀ိညာဥ်ရှိခဲ့တယ်မဟုတ်လား။ ဘယ်လိုလုပ်ပြီ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်စွမ်းရည်က ရောက်လာတာလဲ။

နှစ်ဖက်စလုံးက မီတာတစ်ရာကွာခြားကျပါတယ်။ ထိုက်ယွဲ့ဟန် ချန်ကျစ်ဖုန်းနဲ့ လင်းလော့ချန်တို့အနေနဲ့ သူတို့ရဲ့နှလုံးသားထဲမှာ ဒီ၀ိညာဥ်စွမ်းရည်အကြောင်း အများကြီးတွေးမနေနိုင်ပဲ ပြိုင်ဘက်ကိုသာ တိုက်ခိုက်ဖို့အတွက် စဥ်းစားရတော့တယ်။

လင်းလော့ချန်ကလဲ ထိန်းချုပ်ရေးအမျိုးအစား၀ိညာဥ်ပညာရှင်ပါပဲ။ အေးစက်တဲ့အဖွဲ့က သူမရဲ့အားဖြည့်မှုကြောင့် ပိုမိုအားကောင်းလာခဲ့ပါပြီ။ မာရှောင်ထောင့်ကတော့ သူမရဲ့ အရှေ့မှာတိုက်ရိုက်ပေါ်လာခဲ့ပါတယ်။ နတ်မီးငှက်အတောင်ပံတွေကို ထပ်မံထုတ်လွှတ်လိုက်ရင်း ကုန်းယန်မော့အကူအညီနဲ့အတူ မီးလျှံတွေကို ထပ်မံထုတ်လွှတ်တော့တယ်။ အပူရှိန်ကလဲ မြင့်တက်လာခဲ့ပြန်ပါပြီ။ ဒီတစ်ကြိမ်မှာပဲ လင်းလော့ချန်က လက်၀ါးနှစ်ဖက်ကိုအသုံးပြုရင်း ပြန်ပြီးတွန်းလွှတ်လိုက်ပါတယ်။ ခန္ဓာကိုယ်ကလဲ တစ်ချက်တုန်ရီလို့သွားခဲ့တာကြောင့် သူမရဲ့၀ိညာဥ်စွမ်းရည်တွေက နှောင့်ယှက်ခံရလုနီးပါးလဲ ဖြစ်သွားခဲ့ရပြန်တယ်။ လင်းလော့ချန်က ထူးဆန်းပြီးအေးစက်ရုံတင်မက သီးခြားဆန်တဲ့သူပါ။ သူမနဲ့နီးစပ်တယ်ဆိုတာဆွေမျိုးတွေကလွဲပြီ ဘယ်တခြားသူကိုမှ သူ့ရဲ့ခန္ဓာကိုယ်ကို ထိတွေ့ခွင့်မပြုခဲ့ပါဘူး။ ဒါ့အပြင် သူမအနောက်ဖက်မှာရပ်နေတဲ့ လူသုံးယောက်ရှိပေမဲ့ သူနဲ့တည့်တည့်မှာ ရပ်နေတာက ဟို့ယွိဟောင်ပါ။ ဒါကြောင့် အဲ့ဒီလက်တစ်စုံက ဟို့ယွိဟောင်ရဲ့လက်တွေမှန်းသူသိပါတယ်။ သူဒေါသထွက်သွားခဲ့ပေမဲ့ သူလှည့်ပြီအော်တော့မဲ့အချိန်မှာပဲ ၀ိညာဥ်စွမ်းရည်ပြောင်းလဲသွားတာကို ခံစားမိလိုက်တယ်။ မာကျောအေးစက်တဲ့လေတွေက သူမရဲ့ခန္ဓာကိုယ်ကို အနောက်ကနေတွန်းအားပေးနေခဲ့တာပါ။ သူမရဲ့စွမ်းရည်က မူလထဲက ရေခဲအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီ၀င်း၀ါတဲ့စွမ်းအားက တိုက်ခိုက်မှုမဟုတ်ပဲ တွန်းပို့ပေးတဲ့လေတွေပါ။ သူ့ရဲ့ရေခဲတွေက လုံး၀ကိုပုံစံပြောင်းလဲသွားမှန်း သတိထားမိလိုက်ပါတယ်။ ဒါ့အပြင် အဲ့ဒီလိုမာကျောကြွပ်ဆပ်တဲ့ ခံစားချက်ကြောင့် သူ့ရဲ့အရှိန်အဟုန်ကလဲ ပြောင်းလဲလို့သွားခဲ့ပါပြီ။

ကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားတစ်ယောက်ဖြစ်တဲ့ လင်းလော့ချန်​က ကြောက်စရာကောင်းလောက်အောင် သန်မာရုံတင်မက ၀ိညာဥ်ပညာရှင်တွေနဲ့ ပတ်သက်တဲ့အချိန်မှာ အရမ်းအသိပညာလဲကြွယ်၀ပါတယ်။ သူမအနေနဲ့ ဒီအခြေအနေထားအထိ ရောက်လာနိုင်ပြီးပြီဆိုမှတော့ ဖြစ်နိုင်ချေကို ကောင်းကောင်းနားလည်တာအသေအချာပါပဲ။ ဒီဖြစ်နိုင်ချေကို တွေးမိပြီချိန်မှာပဲ ဟို့ယွိဟောင်အပေါ်ဒေါသထွက်နေခဲ့တဲ့ စိတ်တွေကပျောက်ကွယ်လို့သွားပါတော့တယ်။

ဒါကအဆုံးစွန်းရောက်နေတဲ့ ရေခဲစွမ်းအားပါ ဒီကလေးငယ်လေးက ကြောက်စရာကောင်းလောက်အောင် အားကောင်းတဲ့ အဆုံးစွန်းရေခဲစွမ်းရည်သိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတာပါပဲ။

နှစ်ဖက်စလုံးရဲ့တိုက်ခိုက်မှုတွေ နီးကပ်လာတာကြောင့် လင်းလော့ချန်ကလဲ ပိုပြီးအာရုံစိုက်ရပါတော့တယ်။ သူချက်ချင်းဆိုသလို ငြိမ်သက်လို့သွားခဲ့ပြီ သူနောက်ဖက်မှာရှိနေခဲ့တာက ဟို့ယွိဟောင်ဖြစ်တာကိုလဲ အတည်ပြုပြီသားဖြစ်သွားခဲ့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းရည်နှစ်ခုက တစ်ခုထဲပြောင်းလဲသွားတာကို သူသတိထားမိလိုက်တယ်။ ၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့အနောက်ဖက်မှာရှိနေခဲ့ပြီ သူ့ရဲ့လက်တွေကို ဟို့ယွိဟောင်ရဲ့နောက်ကျောမှာထောက်ထားခဲ့တာပါ။ ဒီလိုအားလုံးကို မြင်တွေ့နိုင်နေတာ ဟိုယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကြောင့်ပါပဲ။

သူမရဲ့ရေခဲစွမ်းအားက အဆုံးစွန်းအထိအားကောင်းတဲ့ ရေခဲအဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ လင်းလော့ချန်အတွက်တော့ ဒီစွမ်းအားကအရမ်းကို မှော်ဆန်ပြီအံ့ဩစရာကောင်းနေခဲ့တယ်။ သူမကိုယ်သူမ စစ်မှန်တဲ့အဆုံးစွန်းရောက်ရေခဲမဟာပညာရှင်အဖြစ်ပြောင်းလဲပြစ်လိုက်သလိုပါပဲ။

ဟို့ယွိဟောင်လုပ်လိုက်တဲ့ အစွမ်းအစက သူမရဲ့ရေခဲစွမ်းအားကို ပိုပြီးကောင်းမွန်လာအောင် အဆင့်တိုးမြင့်ပေးလိုက်တာနဲ့ တူနေခဲ့တယ်။ အချိန်တိုလေးအတွင်းမှာ သူမအနေနဲ့ အဆုံးစွန်းရောက်နေတဲ့ရေခဲစွမ်းအားကို ယာယီအသုံးပြုနိုင်မှာပါ။ ဒါ့အပြင် ၀ိညာဥ်ဘုရင်တစ်ယောက် ဖန်တီးလိုက်တဲ့ရေခဲစွမ်းအားပါပဲ။

လင်းလော့ချန်ရဲ့ပထမ၀ိညာဥ်စက်ကွင်းက စတင်ထွက်ပေါ်လို့လာခဲ့ရင်း ရေခဲတုတ်ချောင်းကြီးက သူ့လက်ထဲကိုရောက်လာခဲ့ပါပြီ။ ရေခဲတုတ်ချောင်းကို ခေါင်းပေါ်မြောက်လိုက်ချိန်မှာ ဒုတိယ၀ိညာဥ်စွမ်းရည်ကို အသုံးမပြုခဲ့ပါဘူး။ အဲ့ဒီအစား ကောင်းကင်ပေါ်ကို ရေခဲတုတ်ချောင်းကြီးနဲ့ ညွှန်ပြလိုက်ပါတယ်။ ရေခဲပြာရောင်အလင်းတန်းတွေက သူမရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံလို့သွားခဲ့ပြီ အပြာရောင်ရေခဲသားမွေးကုတ်အင်္ကျီက ထွက်ပေါ်လို့လာခဲ့ပါပြီ။

ချက်ချင်းဆိုသလို အပြာရောင်အလင်းတန်းကြီးက ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားခဲ့ပါတော့တယ်။ သူတို့ကို ၀န်းရံနေခဲ့တဲ့ အပူရှိန်ကလဲ ဖယ်ရှားခံလိုက်ရပါပြီ။ ကြောက်စရာကောင်းလောက်အောင် အေးစက်တဲ့လေတွေက ကောင်းကင်အထက် ဆယ်မီတာအထိကို မြင့်တက်လို့သွားပါတော့တယ်။ အဲ့ဒီနောက် ရေလှိုင်းကြီးတစ်ခုလိုမျိုး မာရှောင်ထောင့်ရဲ့မီးလျှံတွေဆီပြေး၀င်လို့သွားတော့တယ်။

ထိုက်ယွဲ့ဟန်ရဲ့ ဆုံးဖြတ်ချက်က ဘယ်လောက်ပဲခိုင်မာနေပါစေ သူအနေနဲ့ ကောင်းကင်ပေါ်ကိုမော့မကြည့်ပဲ မနေနိုင်ပါဘူး။ ချန်ကျစ်ဖုန်းနဲ့ သူနှစ်ယောက်စလုံးကို အပြာရောင်ရေခဲအလွှာတွေက လွှမ်းခြုံလို့သွားမှန်း အခုသာသတိထားမိတာပါ။ ဒီအပြာရောင်ရေခဲအလွှာတွေက မာရှောင်ထောင့်ရဲ့ မိစ္ဆာမီးလျှံတွေနဲ့ ထိမိလို့သွားပါတော့တယ်။

အဆုံးစွန်းရောက်နေတဲ့ရေခဲစွမ်းအားရဲ့အေးစက်မှုကိုခံစားမိပြီချိန်မှာ ထိုက်ယွဲ့ဟန်နဲ့ ချန်ကျစ်ဖုန်းတို့နှစ်ယောက်စလုံး တုန်ရီသွားရုံတင်မက သူ့ရဲ့အဖွဲ့သားတွေအားလုံးလဲ အအေးဓာတ်ကြောင့် တုန်လှုပ်သွားခဲ့ပါတယ်။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက် အထိတ်တလန့်ကြည့်မိလိုက်ကြတယ်။

အားလုံးက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုထဲမှာ ရှိနေခဲ့တာပါ။ ဒါကြောင့် လက်ရှိအချိန်မှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်စလုံးက လင်းလော့ချန်ကို အထောက်အပံ့ပေးနေမှန်း သတိထားမိပါတယ်။ ဒါ့အပြင် လင်းလော့ချန် ထုတ်လွှတ်နေတဲ့အေးခဲတဲ့အငွေ့အသက်တွေက သူမအရင်က ပိုင်ဆိုင်ခဲ့တဲ့အရာတွေအားလုံးထက်ကို ကျော်လွန်နေခဲ့ပါပြီ။ ကြောက်စရာကောင်းလွန်လှတဲ့ ဖိအားက ထိုက်ယွဲ့ဟန်လို ၀ိညာဥ်ဧကရာဇ်ကိုတောင် ထိတ်လန့်စေပါတယ်။

မာရှောင်ထောင့်ရဲ့ မီးလျှံတွေကလဲ ရေခဲပြာရောင်အလင်းတန်းတွေနဲ့ တိုက်ခိုက်မိပါတော့တယ်။

သူတို့ရဲ့တွက်ချက်မှုမှားသွားပြီဆိုတာကို မာရှောင်ထောင့်အဖွဲ့မှာရှိနေတဲ့လူတွေရှာတွေ့လို့သွားပါတော့တယ်။ လက်ရှိအချိန်မှာ အနိုင်ရနေတဲ့သူက မာရှောင်ထောင့်မဟုတ်ပဲ ၀ိညာဥ်ဘုရင်ဖြစ်နေတဲ့ လင်းလော့ချန်ပါ။

အေးစက်တဲ့လေထုတွေက မီးလျှံတွေကိုဆက်တိုက်ဆိုသလို ၀ါးမြိုလို့နေပါတယ်။ မီးလျှံတွေကတော့ လေအေးအေးတွေကို ရင်မဆိုင်နိုင်ပဲ ပျောက်ကွယ်လို့သွားနေခဲ့တယ်။ မာရှောင်ထောင့်အဖွဲ့မှာရှိတဲ့တစ်ယောက်ချင်းဆီတိုင်းက ဒီအအေးဓာတ်ကြောင့် အရမ်းကိုထိတ်လန့်နေခဲ့ပါပြီ။

ယောင်ဟောက်ရွှမ်က ကြီးမားတဲ့လေးမီတာမြင့်တဲ့ဘီလူးကြီးအဖြစ်ကို ပြောင်းလဲပြီ သူ့ရဲ့ရင်ဘတ်ကိုနောက်တစ်ကြိမ်ထုရိုက်ရင်းနဲ့ ပထမ၀ိညာဥ်စွမ်းရည်ကို ထုတ်လွှတ်ပြန်ပါတယ်။ ဒါပေမယ့် ဒီအ၀ါရောင်၀ိညာဥ်စွမ်းရည်က အဖွဲ့ထဲမှာရှိရှိသမျှ လူတိုင်းရဲ့အင်အားကိုတိုးမြင့်စေနိုင်ပေမဲ့ အအေးဓာတ်ကိုတော့ မဖယ်ရှားပေးနိုင်ပါဘူး။ ဒါ့အပြင် သူကိုယ်တိုင်တောင် နှေးသွားပါသေးတယ်။

ဒီတစ်ကြိမ်မှာ ရှောင်းရှောင်းရဲ့ပုလွေကလဲ ရုတ်တရက်အသံထွက်လာခဲ့ပါပြီ။ သူမရဲ့ တိကျတဲ့ထိန်းချုပ်မှုအောက်မှာ အသံလှိုင်းတွေက သူအဖွဲ့သားတွေကိုမနှေးကွေးစေပဲ ရန်သူတော်အဖွဲ့ကိုနှေးကွေးသွားစေခဲ့ပါတယ်။

မာရှောင်ထောင်အဖွဲ့က သန်မာပေမဲ့ ပြဿနာရှိနေခဲ့ပါပြီ။ သူတို့အနေနဲ့ တိုက်ပွဲကိုတကယ်ထိန်းချုပ်နိုင်တဲ့ သူရှိမနေခဲ့ပါဘူး။ တစ်ဖက်မှာသူတို့ရဲ့ပြိုင်ဘက်ကတော့ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်သုံးယောက်တိတိ ရှိနေခဲ့တယ်။

လင်းလော့ချန်နဲ့ ရှောင်းရှောင်းတို့ရဲ့ ထိန်းချုပ်အောက်မှာ သူတို့အဖွဲ့ခုနှစ်ယောက်ကတော့ အတော်ကို နှေးကွေးလို့သွားပါတော့တယ်။

ထိုက်ယွဲ့ဟန်နဲ့ ချန်ကျစ်ဖုန်းကတော့ ဒါကိုမြင်ချိန်မှာစိတ်အားတက်ကြွလာခဲ့ပါပြီ။ ဒီတစ်ခေါက်ပြိုင်ပွဲမှာ သူတို့ရဲ့ရှုံးနှိမ့်မှုက ဖြစ်လာတော့မှာမဟုတ်တာကို တွေးလိုက်မိပါတယ်။ အဲ့ဒီနောက် သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လိုက်ပြီ မာရှောင်ထောင့်ဆီကို ပြေး၀င်လို့သွားခဲ့ပါပြီ။ မာရှောင်ထောင့်လဲ အခြေအနေတွေကွဲပြားသွားတာကို သိနေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုမရှိတော့လို့ပါ။ ဒါ့အပြင် လင်းလော့ချန်ကလဲ သူမကို ဖိနှိမ့်ထားပါသေးတယ်။

” ရှီးရှီး ဟို့ယွိဟောင်ကိုသွားပြီဖယ်ရှားလိုက် ”

မာရှောင်ထောင့်က ထိုက်ယွဲ့ဟန်နဲ့ ချန်ကျစ်ဖုန်းတို့ကို တိုက်ခိုက်နေရင်း အမိန့်ပေးလိုက်ပါတယ်။

ပေ့ပေ့နဲ့ ဟယ့်ချိုက်ထို့က သူမရဲ့ဘေးမှာရှိနေခဲ့တာပါ။ လျှပ်စီးတွေက သူတို့ခန္ဓာကိုယ်ပေါ်မှာ ပြည့်နှက်လို့နေခဲ့ပါတယ်။ ကြောက်စရာကောင်းတဲ့အရှိန်အ၀ါနှုန်းနဲ့အတူ ရှီးရှီးက ဟို့ယွိဟောင်တို့ဘက်ကို မာရှောင်ထောင့်အော်လိုက်ချိန်မှာပဲ ရောက်ရှိလို့သွားခဲ့ပါပြီ။

လင်းလော့ချန်ရဲ့လေအေးအေးတွေရော ရှောင်းရှောင်းရဲ့ ပုလွေသံတွေကပါ ရှီးရှီးရဲ့အရှိန်နှုန်းကို လျှော့ချနိုင်စွမ်းမရှိခဲ့ပါဘူး။ သူက အရမ်းကိုသာမန်တဲ့ပုံပေါ်ပေမဲ့ တကယ်ကို ကြောက်စရာကောင်းလွန်လှတဲ့ အရှိန်အဟုန်ကို အသုံးပြုသူသတ်ဖြတ်ရေးသမား၀ိညာဥ်ပညာရှင်ပါပဲ။

” ဒုန်း ”

လျှပ်စီးတန်းတွေက နေရာအနှံ့ကိုပြည့်နှက်လို့သွားခဲ့ပြီ ကျယ်လောင်တဲ့အသံကြီးက ပေါက်ကွဲပွတ်တိုက်မှုနဲ့အတူ ပေါ်လာပါတော့တယ်။ ရှီးရှီးကတော့ လျှပ်စီးတန်းတွေထဲမှာ ထွက်ပေါ်လို့လာခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာ သူမရဲ့မျက်လုံးတွေက ထောင့်လိုက်ပုံစံပြောင်းလဲနေခဲ့ပြီ အ​ရေပြားကလဲ မဲမှောင်လို့သွားခဲ့ပါတယ်။ လျှပ်စီးတန်းတွေက သူတစ်ကိုယ်လုံးမှာ လှည့်ပတ်လို့နေခဲ့တယ်။ ဒါကတော့ သူမရဲ့ သိုင်းပညာ၀ိညာဥ်ဖြစ်တဲ့ လျှပ်စီးကျားသစ်ပါပဲ။

ဒါပေမယ့် တစ်စုံတစ်ယောက်ကတော့ သူမရဲ့ တိုက်ခိုက်မှုတွေကို တားဆီးလိုက်တာကြောင့် သူ့အနေနဲ့ အနိုင်ရဖို့အတွက် တိုက်ခိုက်မှုကိုအပြည့်အ၀မထုတ်လွှတ်နိုင်ခဲ့ပါဘူး။ ဒါကတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လိုမလှုပ်ရှားနိုင်တဲ့ ရှုစန်းရှီပါ။ ရှုစန်းရှီရဲ့ လိပ်ဒိုင်းကာကြီးက ဟို့ယွိဟောင်ရဲ့အရှေ့ကိုတည့်တည့်ကို ရောက်ရှိလို့လာခဲ့ပါတယ်။ ရှီးရှီးအနေနဲ့ သူ့ရဲ့တိုက်ခိုက်မှုကနေ အနောက်ကိုပြန်ဆုတ်သွားခဲ့ရပါပြီ။ သူမတိုက်ခိုက်မှုရောက်ရှိလာချိန်မှာ ရှုစန်းရှီက သူ့ကိုတိုက်ရိုက်လာပြီ ကာဆီးလိုက်ပါတယ်။

ထိုက်ယွဲ့ဟန်နဲ့ ချန်ကျစ်ဖုန်းတို့ကတော့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးအပေါ် ပိုပြီး သိရှိလာတာကြောင့် အံ့အားသင့်မှုကလဲ များပြားလာခဲ့ပါတယ်။ သုံးဖက်မြင်နေရတဲ့ တိုက်ပွဲပုံရိပ်တွေကြောင့် အခြေအနေကိုရှင်းရှင်းလင်းလင်းနားလည်နေခဲ့တယ်။ ပုံမှန်အချိန်မျိုးမှာ အရှိန်မြင့်မားလွန်တဲ့ ရှီးရှီးလိုပြိုင်ဘက်က ဘယ်နေရာမှာပေါ်လာပါစေ ရန်သူကိုအပြတ်ရှင်းနိုင်မှာပါ။ ဒီတစ်ကြိမ်မှာတော့ ရှီးရှီးကို သူတို့အနေနဲ့အာရုံစိုက်ဖို့တောင် မလိုပါဘူး။ ရှုစန်းရှီအနေနဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကြောင့် သူပေါ်လာမဲ့နေရာကို တိုက်ရိုက်သိနေခဲ့သလို တစ်ခါထဲလဲ၀င်ပြီ တားဆီးနိုင်ပါတယ်။

နှစ်ဖက်တိုက်ခိုက်နေကြချိန်မှာ ထိုင်ယွဲ့ဟန်အနေနဲ့ ထူးဆန်းတဲ့အပြုံးကြီးကို ပြုံးပြလိုက်တော့တယ်။ အဲ့ဒီနောက် သူ့ရဲ့စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းက ရုတ်တရက်တောက်ပလို့လာခဲ့ပါပြီ။

တောက်ပတဲ့ရွှေရောင်အလင်းတန်းကြီးက ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားပါတော့တယ်။ လခြမ်းကွေးတစ်ခုကလဲ အဲ့ဒီအလင်းတန်းထဲမှာ ထွက်ပေါ်လို့လာခဲ့တယ်။ မကြာခင်အချိန်အတွင်းမှာပဲ အလင်းလုံးကြီးဆယ်လုံးက ရုတ်တရက်ကျဆင်းလို့လာခဲ့ပါပြီ။ အဲ့ဒီနောက်မှာ မာရှောင်ထောင့်ကိုဖြတ်သန်းသွားလာရင်း အုပ်စုနှစ်ခုကွဲသွားခဲ့ပါတယ်။ တစ်ခုကတော့ ကောင်းကင်ပေါ်မှာရှိနေတဲ့ ကုန်းယန်မော့ဆီကို ပြေး၀င်တာပါ။ တစ်ဖက်ကတော့ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့ဆီကို ရောက်ရှိလို့သွားပါတယ်။

ဥက္ကာပျံမိုးတွေကို ရွာချဖို့နည်းလမ်းအကြောင့် ဘယ်သူကမသိပဲနေမှာလဲ။ မင်းမှာမီးလျှံဥက္ကာပျံမိုးရှိပေမဲ့ ငါမှာကျားဖြူဥက္ကာပျံမိုးရှိတယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံး သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ အခုတော့ငါအနေနဲ့မြေပြင်ကိုရှင်းလင်းဖို့အချိန်တန်ပြီ ငါ့မှာဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုရှိနေပြီပဲ။

အကယ်၍ သူတို့သာ ခန္ဓာကိုယ်စွမ်းအားကြီးသက်သက် ပြိုင်ဆိုင်ကြမယ်ဆိုရင် ထိုက်ယွဲ့ဟန်အနေနဲ့ မာရှောင်ထောင့်ကို ယှဥ်ပြိုင်ဖို့လွယ်ကူမှာမဟုတ်ပါဘူး။ သူတို့နှစ်ယောက်စလုံးက ဥက္ကာပျံမိုးတွေရှိနေခဲ့ပေမဲ့ သူ့ရဲ့ဥက္ကာပျံမိုးက မာရှောင်ထောင့်ထက် အားနည်းပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာကတော့ သေးငယ်တဲ့ဥက္ကာပျံမိုးတွေက တိကျတဲ့ထိန်းချုပ်မှုအောက်မှာပိုပြီး အားကောင်းလို့နေခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့အဓိကပစ်မှတ်က အားနည်းတဲ့သူတွေကို ရွေးချယ်တာမဟုတ်ပဲ တိုက်ခိုက်ရေးသမားတွေကို ရွေးချယ်တာပါ။ သူအနေနဲ့ ကုန်းယန်မော့ကိုရှင်းလင်းနိုင်မယ်ဆိုရင် မာရှောင်ထောင့်တို့အဖွဲ့ရဲ့အင်အားကလဲ လျော့ကျသွားပါလိမ့်မယ်။

ကုန်းယန်မော့က ၀ိညာဥ်စွမ်းအားသုံးခုကို တစ်ပြိုင်နက်ထဲအသုံးပြုလို့ထားတာပါ။ ပထမ၀ိညာဥ်စွမ်းရည်ကတော့ ကြက်သွေးရောင်အင်အားပါပဲ။ ဒုတိယ၀ိညာဥ်စွမ်းရည်ကတော့ လိမ္မော်ရောင်ဖြစ်ပြီ တတိယ၀ိညာဥ်စွမ်းရည်ကတော့ အ၀ါရောင်အရှိန်နှုန်းပါ။ ဒီသုံးခုက အလင်းရောင်သုံးခုကိုဖြစ်ပေါ်နေစေခဲ့ပါတယ်။ ယောင်ဟောက်ရွှမ်ရဲ့ စွမ်းအားဖြစ်မှုပေါင်းစည်းလိုက်ချိန်မှာတော့ သူတို့အဖွဲ့က ပိုသန်မာနေခဲ့ကြပါပြီ။ အင်အားတွေကိုတော့တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်။

ဒါပေမယ့် အနီးကပ်အချိန်မှာ တိုက်ခိုက်နေကြတာကြောင့် ဘယ်သူကဘာလုပ်မယ်ဆိုတာ ပြောလို့မရနိုင်ပါဘူး။ လင်းလော့ချန်ကလဲ ရုတ်တရက်ဆိုသလို နောက်ထပ်တိုက်ခိုက်မှုတွေကို ထုတ်လွှတ်လိုက်ပါတယ်။

အပိုင်း ၆၇•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset