အပိုင်း ၆၆•၂
” အနိုင်ရရှိမှု ”
°°°
ဒီတစ်ကြိမ်မှာတော့ ထိုက်ယွဲ့ဟန်ကလဲ မာရှောင်ထောင့်ဆီကို ရှောက်ရှိလာခဲ့ပါပြီ။ နှစ်ဖက်စလုံးရဲ့ ခေါင်းဆောင်တွေတိုက်ခိုက်တော့မဲ့အချိန်မှာပဲ ၀ိညာဥ်ဓားရဲ့ထိန်ချုပ်အောက်မှုကို မာရှောင်ထောင့်က ကျရောက်လို့သွားပါတော့တယ်။ တစ်နည်းအားဖြင့် သူမက လူနှစ်ယောက်ကို တစ်ပြိုင်နက်ထဲတိုက်ခိုက်ရမှာပါ။
မာရှောင်ထောင်ရဲ့ ခေါင်းအပေါ်ဖက်မှာ တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းတွေက ရုတ်တရက်ပေါ်ထွက်လို့လာပါတော့တယ်။ ဒီအလင်းတန်းတွေက ပေါ်ထွက်လို့လာခဲ့ပြီ ထိုက်ယွဲ့ဟန်အနောက်မှာရှိတဲ့ ချန်ကျစ်ဖုန်းဆီကို ပစ်မှတ်ထားပါတော့တယ်။ ဒီရွှေရောင်အလင်းတန်းတွေက ၀မ်သုန့်ဆီကနေ ရောက်လာတာပါ။ သူ့ရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ကို ထုတ်လွှတ်တာပါပဲ။ လက်ရှိအချိန် ဟို့ယွိဟောင်ရဲ့ ပုခုံးပေါ်မှာရပ်နေခဲ့တဲ့သူက ဟောင်သုန့်စွမ်းအားကိုရရှိထားပါတယ်။ သူလှုပ်ရှားလိုက်ချိန်မှာပဲ တိုက်ပွဲကတကယ်ပြင်းပြင်းထန်ထန် စတင်ပါပြီ။
မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ လျှပ်စီးတန်းတွေက ရုတ်တရက်ဖြတ်သွားပါတော့တယ်။ ထိုက်ယွဲ့ဟန်ကလဲ ဒါကိုမြင်ချိန်မှာ သူပြေး၀င်ဖို့လုပ်နေတာကို ရပ်တန့်လိုက်တယ်။ အဲ့ဒီနောက် ထိုင်ချရင်းနဲ့ ဟိန်းဟောက်လိုက်ပါပြီ။ ချွန်ထက်တဲ့ဓားသွားတွေက သူ့ရဲ့ကြီးမားတဲ့ကျားလိုလက်သည်ကြီးတွေပေါ်မှာ ထွက်ပေါ်လို့လာပါတော့တယ်။ အဲ့ဒီနောက် ချက်ချင်းဆိုသလို ဆက်တိုက်တစ်ဒင်ဒင်မြည်သံတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်လဲ အဲ့ဒီအရာတွေကို တိုက်ချိန်မှာသူက အရှေ့ကိုခြေလှမ်းတစ်၀က်တောင် မတိုးနိုင်တော့ပါဘူး။ လျှပ်စီးတန်းတွေက သူ့ခန္ဓာကိုယ်ပေါ်မှာ လုံး၀ရစ်ပတ်လို့သွားပါတော့တယ်။ ရှီးရှီးက အရမ်းကိုမြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်တာပါ။ အကယ်၍ ဟို့ယွိဟောင်သာ သူမကို သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုနဲ့ ထောက်လှမ်းမယ်ဆိုရင် ရှင်းရှင်းလင်းလင်းတောင် မြင်ရမှာမဟုတ်ပါဘူး။
အမျက်ဒေါသကျောင်းတော်ရဲ့ အဓိကကျောင်းတော်သားတွေကတစ်ယောက်ဖြစ်တဲ့ သူတွေအားလုံးက သာမန်မဟုတ်နိုင်ပါဘူး။ အားလုံးမှာထူးခြားတဲ့ စွမ်းရည်တွေရှိနေခဲ့ပါတယ်။
ထိုက်ယွဲ့ဟန် နှေးကွေးသွားချိန်မှာပဲ သူ့နဲ့ ချန်ကျစ်ဖုန်းတို့ရဲ့ ပေါင်းစည်းတိုက်ခိုက်မှုက ပြိုကွဲလို့သွားပါတော့တယ်။ မာရှောင်ထောင့်က နောက်ကိုတစ်ချက်ဆုတ်လိုက်ပြီတဲ့နောက် လျှပ်စီးတန်းတစ်ခုလို အရှေ့ကိုပြေးထွက်သွားခဲ့ပါပြီ။ သူမရဲ့လက်ထဲမှာ ဓားကရောက်ရှိလို့သွားခဲ့ရင်း ခြောက်ခုမြောက်၀ိညာဥ်စက်ကွင်းရဲ့ အနက်ရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ပါတော့တယ်။ သူမဘေးပတ်လည်မှာရှိတဲ့ ကောင်းကင်ကြီးတစ်ခုလုံးက အနီရောင်အလင်းတန်းတွေနဲ့ ပြည့်နှက်လို့သွားခဲ့ပါပြီ။
မာရှောင်ထောင့်ရဲ့ ခြောက်ခုမြောက်၀ိညာဥ်စွမ်းရည်က အသန်မာဆုံးတစ်ခုပါပဲ။ ဒါ့အပြင် လေထဲမှာလွှင့်မျောနေတဲ့ ကုန်းယန်မော့ကလဲ လက်ရှိအချိန်မှာ လှုပ်ရှားလိုက်ပါတယ်။
မာရှောင်ထောင့်က သူ့မှာအတော်လေးမကောင်းတဲ့ အကျင့်စရိုက်ရှိတယ်လို့ တွေးမိပေမဲ့ နှစ်ယောက်ရဲ့ဆက်ဆံရေးကတော့ ကောင်းမွန်ပါတယ်။ ဒီလိုမျိုးဆက်ဆံရေးမျိုးက မွေးချင်မောင်နှမတွေကြားမှာရှိတဲ့ ဆက်ဆံရေးနဲ့တူညီတယ်။ မာရှောင်ထောင့်အနေနဲ့ သူရွေးချယ်ခဲ့တာ သူ့အင်အားကြောင့်တွေမဟုတ်ပါဘူး။ သူတို့နှစ်ယောက်ရဲ့ပေါင်းစည်းပြီတိုက်ခိုက်တဲ့ လိုက်လျောညီထွေးဖြစ်နိုင်မှုက အတော်ကိုကောင်းမွန်လို့ပါ။
လေထဲမှာရှိနေခဲ့တဲ့ ကုန်းယန်မော့က အတောင်ပံတွေကိုဖွင့်ရင်း သူ့ရဲ့ပဥ္စမမြောက်၀ိညာဥ်စွမ်းရည်ကို စတင်ထုတ်သုံးပါတော့တယ်။ နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်ကို ထုတ်လွှတ်ချိန်မှာ အစိမ်းရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်အပြင်ဆီ ရောက်ရှိလို့သွားခဲ့ပြီ မာရှောင်ထောင့်ရဲ့ကျောဖက်ကို ၀င်ရောက်သွားပါတယ်။
သူ့နဲ့မာရှောင်ထောင့်ရဲ့ အစိမ်းနဲ့အနီအလင်းတန်းတွေက တစ်ချိန်ထဲမှာပေါင်းစည်းလို့သွားခဲ့ပြီ မီးလောင်ရာလေပင့်သလို ဖြစ်လာပါတော့တယ်။ နီရဲနေတဲ့ကောင်းကင်ကြီးနဲ့ ကြီးမားလွန်လှတဲ့ရွှေရောင်မီးလုံးကြီးတွေက တစ်ဖက်အဖွဲ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့တယ်။
ထိုက်ယွဲ့ဟန်နဲ့ ချန်ကျစ်ဖုန်းပဲဖြစ်စေ တစ်ဖက်အဖွဲ့ရဲ့ ဘယ်သူမဆို မာရှောင်ထောင့်ရဲ့အစွမ်းကို တိုက်ခိုက်မှုက တိုက်ပွဲအစမှာကြုံတွေ့ရမယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါ့အပြင် သူမရဲ့အစွမ်းအစက ကုန်းယန်မော့ရဲ့ အကူအညီနဲ့ဆိုရင် နှစ်ဆတိတိတိုးတက်လာခဲ့တာပါ။ နယ်မြေတစ်ခွင်လုံးကို လွှမ်းခြုံထားတဲ့တိုက်ခိုက်မှုက ထိုက်ယွဲ့ဟန်တို့အဖွဲ့ရဲ့မျက်နှာကို ပြောင်းလဲသွားစေခဲ့ပါတယ်။
အကယ်၍ လင်းလော့ချန်သာရှိနေခဲ့ဦးမယ်ဆိုရင်တောင် သူမအနေနဲ့ မာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုကို အားနည်းအောင်လုပ်နိုင်မှာပါပဲ။ ဒါပေမယ့် သူမက ထွက်ခွာသွားခဲ့ရပါပြီ။ ထိုက်ယွဲ့ဟန်တို့အဖွဲ့ကတော့ မာရှောင်ထောင့်ရဲ့ ပြင်းထန်လွန်လှတဲ့ တိုက်ခိုက်မှုတွေကို ရွေးချယ်စရာမရှိပဲခုခံနေခဲ့ရပါတော့တယ်။
သူမက ခေါင်းမာရုံတင်မက တိုက်ခိုက်မှုတွေထဲမှာ အပြည့်အ၀အာရုံစိုက်လို့ထားခဲ့ပါတယ်။ ဒီအဖွဲ့ကို ပြန်ရောက်ရှိပြီချိန်ကထဲကစတင်လို့ ထိုက်ယွဲ့ဟန်အနေနဲ့ အတော်လေး မသက်မသာဖြစ်နေခဲ့တာကို သူသိနေခဲ့တယ်။ သူ့အနေနဲ့ တခြားသူတစ်ယောက်သူအဖွဲ့ခေါင်းဆောင်နေရာလုယူသွားတာကို လက်ခံနိုင်ဖို့မလွယ်ကူခဲ့ပါဘူး။ ကောင်းပြီ မင်းလက်မခံချင်ဘူးဆိုမှတော့ ငါ့အင်အားကိုအသုံးပြုပြီး မင်းလက်ခံနိုင်အောင် လုပ်ပြမယ်။
မာရှောင်ထောင့်က အင်အားကြီးရုံတင်မက သူ့ရဲ့စိတ်ကလဲအရမ်းကို ထက်မြက်လွန်လှပါတယ်။ သူ့ရဲ့ပြိုင်ဘက်ကို ဖိနှိမ့်ဖို့နည်းတစ်မျိုးတွေးပြီတာနဲ့ အစွမ်းအစကိုအသုံးပြုပြီး အစွမ်းကုန်တိုက်ခိုက်တော့တယ်။ ပြိုင်ဘက်ကိုအနိုင်ယူချင်တယ်ဆိုရင် အချိန်တိုဆုံးကာလမှာအနိုင်ယူရမယ်မှန်းသူသိနေခဲ့တယ်။ ဒါကြောင့် အသန်မာဆုံး၀ိညာဥ်စွမ်းရည်တွေကို ရိုးရိုးရှင်းရှင်းစတင်အသုံးပြုခဲ့တာပါ။
မီးလုံးကြီးတွေကောင်းကင်ပေါ်က ဆက်တိုက်ကျဆင်းလို့လာခဲ့ရင်း ဥက္ကာပျံတွေပြုတ်ကျပြီ ကြယ်ကြွေသလိုမျိုးအဖြစ်ကို ကျရောက်နေခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီဥက္ကာပျံကြီးတွေကလဲ မျက်စိရှေ့မှာပိုမိုကြီးမားလို့လာခဲ့ပြီ အောက်ဖက်မှာရှိတဲ့ အဖွဲ့ကိုဆက်တိုက်ပစ်မှတ်ထားနေခဲ့ပြီ အဓိကဦးတည်ချက်ကတော့ ချန်ကျစ်ဖုန်းနဲ့ ထိုက်ယွဲ့ဟန်တို့ပါပဲ။ ယောင်ဟောက်ရွှမ် ရှုစန်းရှီ ကျန်းနန်နန်နဲ့ ရှောင်းရှောင်းတို့ကိုလဲ ဒီမီးလုံးကြီးတွေကဦးတည်နေခဲ့ပါသေးတယ်။ ဒါကတော့ မာရှောင်ထောင့်ရဲ့ ခြောက်ခုမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ နတ်မီးငှက်ဥက္ကာပျံကြယ်ကြွေမိုးပါပဲ။
မီးလျှံလိုဥက္ကာပျံကြီးတွေက ပြိုင်ဘက်တွေအနားရောက်ရှိလာချိန်မှာ မီးလျှံငှက်တွေအဖြစ်ကို ပြောင်းလဲလို့သွားပြီ ငှက်အော်သံတွေကို ထုတ်လွှတ်ပါတော့တယ်။ အဲ့ဒီနောက် ပြိုင်ဘက်တွေအသီးသီးတွေဆီကို ဆင်းသက်လို့လာခဲ့ပါပြီ။ ကျန်းနန်နန်နဲ့ ရှောင်းရှောင်းတို့က အကြီးအကဲရွှမ်ကြောင့် တိုက်ပွဲကနေ ဖယ်ရှားချင်ခံလိုက်ရပါတယ်။ ထိုက်ယွဲ့ဟန်တို့အဖွဲ့က နောက်ထပ် အဖွဲ့၀င်နှစ်ယောက်ကိုဆုံးရှုံးလို့သွားခဲ့ပါပြီ။
ထိုက်ယွဲ့ဟန်နဲ့ မာရှောင်ထောင့်တို့နှစ်ယောက်စလုံးက ၀ိညာဥ်ဧကရာဇ်တွေဖြစ်နေခဲ့ပေမဲ့ ထိုက်ယွဲ့ဟန်ကတော့ တစ်ဖက်လူတိုက်ခိုက်မှုအောက်မှာလုံး၀ကိုအသာစီးမရနိုင်ပဲဖြစ်နေခဲ့ပါတယ်။ လက်ရှိအချိန် သူ့ကိုယ်သူကာကွယ်ဖို့သာ အကောင်းဆုံးကြိုးစားနေခဲ့ရတာပါ။ သူ့အဖွဲ့သားတွေကို အာရုံစိုက်ဖို့အချိန်တောင်မရှိခဲ့ပါဘူး။ ဘယ်ဘက်မှာရှိနေခဲ့တဲ့ ရှုစန်းရှီကတော့ ပိုအခြေအနေဆိုးပါတယ်။ ဥက္ကာပျံကြယ်ကြွေမိုးက သူ့ကိုသက်ရောက်လာချိန်မှာ ကိုယ့်ကိုကိုယ်တောင် ကာကွယ်ဖို့အတွေးမရှိခဲ့ပါဘူး။ ချက်ချင်းဆိုသလို ကျန်းနန်နန်ကို ကူညီဖို့အတွက် သူစဥ်းစားလိုက်မိပါတယ်။ ဒါကြောင့်သာ သူ့ရဲ့ဒိုင်းကာကြီးက သူမဆီကိုပြေး၀င်လို့သွားခဲ့တာပါ။ ဒါပေမယ့် အကြီးအကဲရွှမ်က သူမကို ချက်ချင်းခေါ်ထုတ်လို့သွားခဲ့ပါတယ်။ ဒိုင်းကာကြီးကတော့ လေထဲမှာသာ ရောက်ရှိလို့သွားခဲ့ပြီ သူကိုယ်တိုင်လဲ မီးတွေနဲ့မထိခင်စစ်မြေပြင်ထဲက ဖယ်ထုတ်ချင်းခံလိုက်ရပါတယ်။ လက်ရှိအချိန်မှာ သူဒိုင်းလဲမရှိတော့တာကြောင့် အဲ့ဒီမီးတွေကို ခုခံနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။
အကြီးအကဲရွှမ်အနေနဲ့ ဒါကိုတမင်တကာ လုပ်လားမလုပ်လားဆိုတာ ရှုစန်းရှီလဲ ရှင်းရှင်းလင်းလင်းမသိနိုင်ပါဘူး။ ဒါပေမယ့် ရှုစန်းရှီရဲ့ ကျောတစ်ခုလုံးကတော့ မီးပူလောင်သွားတာကြောင့် သူ့အနေနဲ့ ပူပြင်းလောင်မြိုက်လို့နေပါတော့တယ်။ ကံကောင်းစွာနဲ့ပဲ သူ့ခန္ဓာကိုယ်က ရေခဲစွမ်းအားကိုပိုင်ဆိုင်ထားတာကြောင့်သာ ဆိုးဆိုးရွားရွားအော်ဟစ်နေရပေမဲ့ အများကြီးထိခိုက်မှုမရှိခဲ့တာပါ။
အမှန်တကယ်မှာတော့ မာရှောင်ထောင့်တစ်ယောက်ထဲက အင်အားအများကြီးကြီးပေမဲ့ သူမအနေနဲ့လဲ သူ့ရန်သူတော်တွေကို တစ်ချက်ထဲနဲ့ တိိုက်ခိုက်ဖို့ဆိုတာ ပုံမှန်အခြေအနေမှာ မဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အဖွဲ့က သိပ်ပြီမညီညွတ်ကြတာအမှန်ပါ။ မကြာခင်မျက်တောင်တစ်ခတ်အတွင်ကာလကုန်ဆုံးပြီတဲ့နောက် လူအများကြီးဖယ်ရှားခံလိုက်ရပါတော့တယ်။ အကြိုပြင်ဆင်ထားတဲ့ အဖွဲ့ကလူတွေအားလုံးထုတ်ပယ်ခံလိုက်ရပါပြီ။
အတွင်းနယ်မြေရဲ့ တပည့်သားတွေကလဲ အင်အားအပြည့်အ၀ထွက်ပေါ်လာပါတော့တယ်။ ချန်ကျစ်ဖုန်းက မာရှောင်ထောင့်ကိုသူဓားနဲ့ လုံး၀ထိခွင့်မပြုထားခဲ့ပါဘူး။ မီးလျှံမိုးတွေရွာကျလာချိန်မှာပဲ သူ့ရဲ့လက်နက်ကိုပြန်ခေါ်လိုက်ပြီ သူကိုယ်သူခုခံနေခဲ့ပါတယ်။ မာရှောင်ထောင့်အနေနဲ့လဲ သူ့ကိုလိုက်ပြီမဖမ်းခဲ့ပါဘူး။ သူ့ရဲ့ခြောက်ခုမြောက်စွမ်းရည်ကိုသာ ဆက်တိုက်အသုံးပြုပြီး ထိန်းသိမ်းထားခဲ့တာပါ။
ချန်ကျစ်ဖုန်းက သွေးနီရောင်သက်တံ့ရောင်တွေကို ထုတ်လွှတ်နေခဲ့ရင်း သူ့ရဲ့ ၀ိညာဥ်စက်ကွင်းတွေကို ဆက်တိုက်ထိန်းထားခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ၀မ်သုန့်ရဲ့ တိုက်ခိုက်မှုကိုအလွယ်လေးဖယ်ရှားလိုက်တယ်။ အဲ့ဒီနောက် သူဆီရောက်လာနေတဲ့ ဥက္ကာပျံတွေကို ရိုက်ခွဲပြစ်နေပြန်ပါပြီ။ တစ်ချိန်ထဲမှာပဲ ချန်ကျစ်ဖုန်းက ပုံရိပ်ယောင်လိုမျိုး လှုပ်ရှားသွားရင်းအမြန်ဆန်ဆုံး အရှိန်နှုန်းနဲ့ ခုန်ရှောင်လို့နေခဲ့ပါတယ်။ ဒီလိုလုပ်နေချိန်မှာ သူကအရမ်းကို တိတိကျကျနဲ့ရှောင်ရှားလို့နိုင်ခဲ့တယ်။
ချန်ကျစ်ဖုန်းက ကြောက်စရာကောင်းတဲ့စွမ်းအားကို ထုတ်ဖော်ပြသနေခဲ့ပါပြီ။ ဒါပေမယ့် သူ့စိတ်ထဲမှာလဲ ပဟေဠိဖြစ်နေခဲ့ပါတယ်။ မာရှောင်ထောင့်က ဘယ်အချိန်တုန်းကများ သူ့ရဲ့ခြောက်ခုမြောက်၀ိညာဥ်စွမ်းရည်ကို ဒီလောက်အထိ ထိန်းချုပ်နိုင်တဲ့အဆင့်ရောက်သွားတာလဲ။ ဒါ့အပြင် ကုန်းယန်မော့ရဲ့ အထောက်အကူပြုစွမ်းရည်အောက်မှာ အရမ်းအားကောင်းလာနိုင်တယ်ဆိုပေမဲ့ ဒီလောက်ကြီးအားကောင်းပြီ ထိန်းချုပ်ဖို့ကတော့ ခက်ခဲလွန်လှပါတယ်။
ဒါပေမယ့် ကောင်းကင်တစ်ခုလုံးဥက္ကာပျံတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။ တစ်ခုချင်းဆီတိုင်းကလဲ အရမ်းကိုတိတိကျကျနဲ့ ဘယ်သူ့ကိုမှ မလွှတ်မပေးပဲတိုက်ခိုက်နေခဲ့တာပါ။ ဒါ့အပြင် အစောပိုင်းတုန်းက ရှုစန်းရှီ ကျန်းနန်နန်နဲ့ ရှောင်းရှောင်းတို့ဆီကို ဦးတည်ထားခဲ့တဲ့ မီးလျှံဥက္ကာပျံကြီးတွေကလဲ သူတို့သုံးယောက်ဖယ်ရှားခံလိုက်ရပြီးပြီချင်မှာ ဦးတည်ချက်ပြောင်းလဲလို့သွားရင်း ထိုက်ယွဲ့ဟန် ယောင်ဟောက်ရွှမ်နဲ့ သူ့ဆီကိုပြေး၀င်လို့လာနေခဲ့ပါတယ်။
အဓိကရွေးချယ်ခံအဖွဲ့ရဲ့လူတွေကြားထဲမှာ ကျင့်ကြံဆင့်ကအများကြီး ကွာခြားချက်မရှိခဲ့ပါဘူး။ လက်ရှိအချိန် မာရှောင်ထောင့်ရဲ့ထိန်းချုပ်နိုင်တဲ့အစွမ်းအစက ထိုက်ယွဲ့ဟန်နဲ့ တခြားသူတွေကို ထိတ်လန့်စေခဲ့တာအမှန်ပါ။ ဒါ့အပြင် ထူးလဲထူးဆန်းနေပါသေးတယ်။ ဒီလိုထိန်းချုပ်နိုင်တဲ့အဆင့်အတန်းက ၀ိညာဥ်ဧကရာဇ်တွေရှိတဲ့ အစွမ်းအစထက်ကိုပိုပြီးကျော်လွန်နေခဲ့တယ်။
၀ိညာဥ်စွမ်းရည်တွေကို ထိန်းချုပ်နိုင်တဲ့အနုပညာဆိုတာက စိတ်၀ိညာဥ်စွမ်းအားနဲ့ ၀ိညာဥ်စွမ်းအားနှစ်ခုစလုံးကို ပေါင်းစည်းပြီ သေချာကိုယ်တွယ်ရတာပါ။ မြင်ရခဲတဲ့စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်တွေကလွဲပြီ အဆင့်တူ၀ိညာဥ်ပညာရှင်တွေထဲမှာ ဒီလိုအရာမျိုးကိုလုပ်နိုင်တဲ့သူက မရှိသလောက်ကိုရှားပါတယ်။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားဆိုတာက အရမ်းပိုမြင်ရဖို့ခက်ခဲလွန်တာကြောင့် တွေ့ဖို့ကြုံဖို့ဆိုတာကလဲ မဖြစ်နိုင်သလောက်ပါပဲ။
ယောင်ဟောက်ရွှမ်လဲ သူ့အပေါ်ကျရောက်လာနေတဲ့ မီးတွေကို ဆက်တိုက်ဆိုသလိုခုခံနေရင်း ထူးဆန်းတဲ့ခံစားချက်ကို ဆက်တိုက်လဲရရှိနေခဲ့ပါတယ်။ ရင်ဘတ်ပေါ်မှာ လက်သီးကိုတင်ရင်း အလင်းတန်းတွေကို ဆက်တိုက်ထုတ်လွှတ်ပြီ သူ့ရဲ့အဖွဲ့သားတွေကို အထောက်အပံ့ပြုလို့နေခဲ့တယ်။ အဲ့ဒီနောက် ငါးခုမြောက်၀ိညာဥ်စွမ်းရည်ကို စတင်အသုံးပြုပါပြီ။ သူရဲ့ခေါင်းကြီးကလဲ ဖောင်းကြွလာပါတော့တယ်။ အဲ့ဒီနောက် ပါးစပ်ကိုဖွင့်လိုက်ရင်း ကောင်းကင်ကိုကြည့်လိုက်တယ်။ သူ့ရဲ့ပါးစပ်ကြီးက ကြောက်စရာကောင်းလောက်အောင် ဖောင်းကြွလို့လာခဲ့ပြီ ဥက္ကာပျံတစ်လုံးကိုလဲ မြိုချလိုက်ပါတယ်။ အဲ့ဒီနောက် နောက်တစ်ခုဆီကို ပြန်ထွေးထုတ်လိုက်တယ်။ သူကမာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုကို ဒီအတိုင်းကြီးတားဆီးနေခဲ့တာပါ။
ထိုက်ယွဲ့ဟန်အနေနဲ့လဲ သူ့အဖွဲ့ရဲ့လူသုံးယောက်ထုတ်ပယ်ခံလိုက်ရတာကို မြင်ချိန်မှာထိတ်လန့်လို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ကျားတစ်ကောင်လို ဟိန်းဟောက်ရင်း ဥက္ကာပျံတချို့ကို ဖယ်ရှားပြစ်လိုက်ပါပြီ။ မီးလျှံတွေက သူ့ခန္ဓာကိုယ်ပေါ်မှာ စတင်လောင်ကျွမ်းပေမဲ့သူအာရုံမစိုက်နိုင်ပါဘူး။ သူ့ရဲ့ပထမနဲ့ ပဥ္စမ၀ိညာဥ်စက်ကွင်းတွေက ဆက်တိုက်ဆိုသလို တောက်ပလာပါတော့တယ်။ ရွှေရောင်အလင်းတန်းက ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ကို ဖုံးလွှမ်းလို့သွားခဲ့ပြီတဲ့နောက် ခန္ဓာကိုယ်ကြီးကလဲ ကြီးမားလို့လာခဲ့ပါပြီ။ အဖြူရောင်အမွေးတွေကလဲ ရွှေရောင်ပုံစံပြောင်းလဲလို့သွားပါတော့တယ်။ ဟို့ယွိဟောင်လဲ ထိုက်ယွဲ့ဟန်ရဲ့ တတိယ၀ိညာဥ်စက်ကွင်းတွေက ကျားဖြူအသွင်ပြောင်းမှုနဲ့ မြင်တွေ့လိုက်ရတယ်။ သူ့ရဲ့အသွင်ပြောင်းမှုက ထိုက်ဟွပင်းထက်ကို မမျှော်လင့်ထားနိုင်လောက်အောင် သန်မာနေခဲ့ပါတယ်။
ကြီးမားတဲ့ကျားဖြူကြီးက ထိုက်ယွဲ့ဟန်ရဲ့အနောက်မှာ ပေါ်လာပြီ မျက်လုံးတွေကလဲ ရွှေရောင်အလင်းတန်းတွေတောက်ပနေခဲ့ပြီ ဥက္ကာပျံမိုးဆီကို ကြောက်စရာကောင်းလောက်အောင် မြန်ဆန်တဲ့အသွင်နဲ့ ပြေး၀င်လို့နေခဲ့ပါတယ်။ လက်၀ါးကြီးကိုဖြန့်လိုက်ရင်း သူ့နားနီးကပ်လာနေတဲ့ ဥက္ကာပျံတွေကို ရိုက်ချပြစ်လိုက်တယ်။ ဒီလိုမျိုး မပျက်စီးနိုင်တဲ့အရှိန်အ၀ါက စိတ်ပျက်အားလျော့မှုဆိုတာ မရှိသလောက်ပါပဲ။
လက်ရှိအချိန်မှာ ဦးတည်နေတာကတော့ မာရှောင်ထောင့်သာဖြစ်ပါတယ်။ သူမကတော့ ၀ိညာဥ်စွမ်းရည်တွေကို ထုတ်လွှတ်လိုက်နေရင်း အတော်ကိုမြင့်မြင့်မားမားမှာရပ်တည်နေခဲ့တယ်။ ထိုက်ယွဲ့ဟန်အနေနဲ့လဲ သူမကိုသာ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ကျန်ရစ်တဲ့ပြိုင်ဘက်တွေအားလုံးကို အနိုင်ရမယ်လို့ယုံကြည်ချက်အပြည့်ရှိနေခဲ့ပါတယ်။
မာရှောင်ထောင့်အနေနဲ့လဲ ထိုက်ယွဲ့ဟန်တိုက်ခိုက်မှုကို မြင်ချိန်မှာ လုံး၀ကို ရှောင်ရှားဖို့စိတ်ကူးမရှိပါဘူး။ ဒါကြောင့် သူမအော်လိုက်ပါတယ်။
” ရွှေရောင်လမ်း ”
အဲ့ဒီနောက် ထိုက်ယွဲ့ဟန်နဲ့ တိုက်ခိုက်ဖို့သူပြေး၀င်လာပါတော့တယ်။ ဒါ့အပြင် သူ့ရဲ့ဥက္ကာပျံမိုးကိုလဲ ဆက်ပြီထိန်းထားခဲ့တယ်။
မာရှောင်ထောင့်အနေနဲ့ သူခြေထောက်တွေကနေ မီးလျှံတွေကို နောက်တစ်ကြိမ် ထပ်မံထုတ်လွှတ်လိုက်ပြန်ပါပြီ။ ဒီလိုအရှိန်မြင့်လိုက်ချိန်မှာပဲ ထိုက်ယွဲ့ဟန်နဲ့ဆက်တိုက် တိုက်မိပါတော့တယ်။
သူတို့နှစ်ယောက်စလုံးက ၀ိညာဥ်ခြောက်ကွင်းရှိနေတဲ့ ၀ိညာဥ်ဧကရာဇ်တွေကြီးပါပဲ။ အတွင်းနယ်မြေရဲ့ တပည့်သားတွေလဲဖြစ်နေခဲ့သလို ကျင့်ကြံဆင့်ကလဲ အနည်းငယ်သာ ကွာခြားချက်ရှိတာပါ။ ဒါပေမယ့် ဒီလိုတိုက်ခိုက်တဲ့ပုံစံမျိုးက ကွာခြားနေခဲ့ပါတယ်။ မာရှောင်ထောင့်ကတော့ ၀မ်သုန့်လိုမျိုး ခန္ဓာကိုယ်ကိုအသုံးပြုပြီး တိုက်ခိုက်တာပါ။ ထိုက်ယွဲ့ဟန်ကတော့ လုံး၀ကို တစ်ကိုယ်လုံးရဲ့စွမ်းအားအသုံးပြုပြီး တိုက်ခိုက်တာပါပဲ။
အပိုင်း ၆၆•၂ ပြီး၏။