Switch Mode

Chapter – 1.3

" စိတ်ဝိညာဥ် မျက်လုံး ပိုင်ရှင် လူငယ် "

Chapter – 1.3 ” စိတ်ဝိညာဥ် မျက်လုံး ပိုင်ရှင် လူငယ် ”
°°°
ဟို့ယွိဟောင်မှာ လမ်းညွှန်မြေပုံ ပါလာခဲ့ပေမဲ့ မြို့စားအိမ်တော်ကနေ ပထမဆုံးထွက်ခွာမှု ဖြစ်တာကြောင့် မကြာခဏ လမ်းပျောက်ပါတယ်။ ဒါကြောင့်လမ်းမှာတွေ့သမျှသူတွေကို အကူအညီတောင်းရင်း လမ်းကိုပြန်လည်ရှာဖွေရတယ်။

ဒါကြောင့် စာအုပ်ပေါင်းတစ်သောင်း ဖတ်ရှု့တာက မိုင်ပေါင်းတစ်သောင်းခရီးသွားတာကို မမှိီဘူးလို့ ပြောကြတာပါ။ ရက်အနည်းငယ်အတွင်းမှာပဲ သူအများကြီး သင်ယူခဲ့ပြီးပြီလို့ ဟို့ယွိဟောင်စိတ်ထဲမှာ ထင်မှတ်နေခဲ့ပါတော့တယ်။ မြို့စားအိမ်တော်မှာလို တင်းကြပ်ချုပ်ချယ်မှုတွေကို မကြုံတွေ့ရတာကြောင့် သူ့ရဲ့စိတ်အခြေအနေကလဲ အတော်လေးကို တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။

ဒါ့အပြင် လမ်းခရီးတစ်လျှောက်မှာ စိတ်၀င်စားစရာကောင်းတဲ့အရာတွေကို ကြုံတွေ့ခဲ့ရတာကြောင့် ဒီခရီးစဥ်က သူ့ကို စိတ်လှုပ်ရှားတက်ကြွစေခဲ့တယ်။ အတော်လေး ငယ်ရွယ်တဲ့သူဖြစ်တာကြောင့် ခန္ဓာကိုယ်အခြေအနေ သက်သာပြီးပြီးချင်းမှာပဲ ဆက်တိုက်ဆိုသလို ခရီးထွက်နေတာပါ။ ဒီလိုသွားလာနေရလို့လဲ ပင်ပန်းတာမျိုးမရှိခဲ့ပါဘူး။ လှောင်ချိုင့်ထဲက လွှတ်လာတဲ့ ငှက်ငယ်လေးလိုမျိုး ပျော်ရွှင်တက်ကြွလို့နေခဲ့ပါတယ်။ သူ့အမေသေဆုံးပြီတဲ့နောက် ဒီလိုမျိုးလွှတ်လွှတ်လပ်လပ် ပျော်ရွှင်ရတာ ပထမဆုံးအကြိမ်ပါပဲ။

” ငါလျှောက်လာတာ ခြောက်ရက်ရှိနေပြီ မကြာခင် ရောက်တော့မယ်နဲ့ တူတယ် “‘

ဟို့ယွိဟောင်က မြေပုံကိုကြည့်ရင်းနဲ့ တွေးတောနေခဲ့ပါတယ်။ အဲ့ဒီနောက် ဘေးပတ်လည်က လမ်းညွှန်ဆိုင်ဘုတ်တွေကို သူကြည့်ရင်းနဲ့ တွက်ချက်နေခဲ့တယ်။ မကြာခင်မှာပဲ မဟာကြယ်တာရာသစ်တောဆီကို သူရောက်ရှိတော့မှာပါ။

ဟို့ယွိဟောင်က နဖူးကချွေးတွေကိုသုတ်ရင်းနဲ့ လမ်းဘေးက သစ်တောထဲဆီကို ၀င်သွားခဲ့ပါတယ်။ သစ်ပင်ရိပ်မှာထိုင်ရင်းနဲ့ စိတ်ဝိညာဥ်စွမ်းအားတွေ ပြန်လည်ရရှိလာအောင် သူစတင်ပြီ ကျင့်ကြံတော့တယ်။ ရေစီးနေတဲ့အသံက ရုတ်တရက်ဆိုသလို လေထဲမှာ ပဲ့တင်ထပ်လာခဲ့ပါပြီး ဒီအသံက ဟို့ယွိဟောင်ကို ပျော်ရွှင်သွားစေခဲ့တယ်။

ရေသာရှိနေခဲ့မယ်ဆိုရင် သေချာပေါက် သူလုပ်စရာရှိတဲ့ အရာတွေကို လုပ်နိုင်မှာပါ။ ဟို့ယွိဟောင် ခပ်မြန်မြန်ပဲ မျက်လုံးပိတ်ပြီး ရေလာရာလမ်းကြောင်းကို နားထောင်ပါတော့တယ်။ ကိုယ်ခန္ဓာပုံစံ စိတ်ဝိညာဥ် အမျိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် သူရဲ့ အာရုံခြောက်ပါးက သာမန်လူတွေထက် အများကြီးပိုပြီး သာလွန်နေခဲ့တယ်။ အထူးသဖြင့် မျက်လုံးတွေကို ပိတ်လိုက်ချိန်မှာ တခြားအာရုံငါးပါးက အတော်လေး တိုးတက်သွားနိုင်ပါတယ်။

ချက်ချင်းဆိုသလို ရေလာရာနေရာကို သိသိချင်ပဲ တောထဲကို သွားဖို့လုပ်ပါတော့တယ်။ သူဒီလောက်သတိထားနေရတာ တောအုပ်ကအတော်လေး မညီမညာဖြစ်နေခဲ့တာကြောင့် အ၀တ်အစားတွေ စုတ်ပြဲမှာစိုးရိမ်လို့ပါပဲ။ ဒီအ၀တ်အစားတွေက သူ့အမေကိုယ်တိုင် ချုပ်ပေးထားတာဖြစ်တာကြောင့် အတော်လေးလဲ တန်ဖိုးထားနေခဲ့ရတယ်။

မီတာနှစ်ရာအတွင်းမှာပဲ သူ့ရဲ့ ပစ်မှတ်ကိုရှာတွေ့သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ ချုံပုတ်လေးတစ်ခုလဲ ရှိနေခဲ့တယ်။ ရေတွေကတော့ ကြည်လင်လွန်တာကြောင့် အောက်ခြေအထိကိုတောင် မြင်နေခဲ့ရပြီး ဒါ့အပြင် အတော်လေးကို စိတ်အေးလက်အေးဖြစ်စေနိုင်တဲ့ခံစားချက်ကိုလဲ ပေးစွမ်းနေခဲ့တယ်။

ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို ပျော်ရွှင်လို့သွားခဲ့ပြီး အ၀တ်အစားတွေကို ချွတ်ရင်း စမ်းချောင်းထဲကို ခုန်ဆင်းသွားပါတော့တယ်။ စမ်းချောင်းက နှစ်ပေလောက်တောင် မနက်ပါဘူး။ သူနောက်ဆုံးရေချိုးခဲ့တာ လွန်ခဲ့တဲ့ နှစ်ရက်အကြာတုန်းကပါ။ နှစ်ရက်တိတိခရီးထွက်လာကြောင့် သူတစ်ကိုယ်လုံးချွေးတွေ စိုရွဲနေခဲ့ပါပြီ။ ဒါကြောင့် ရေအေးအေးနဲ့ရေချိုးလိုက်ရတာက အရမ်းကို သက်သောက်သက်သာ ဖြစ်သွားခဲ့ပါတယ်။

မကြာခင်မှာပဲ သူစမ်းချောင်းအပြင်ကို ပြန်ထွက်လာပါတော့တယ်။ စိတ်ထဲမှာတော့ မဟာကြယ်တာရာသစ်တောဆီကို မရောက်ခင်ဒီနေရာမှာ နားဖို့အတွက် တွေးတောလို့နေခဲ့တယ်။

အ၀တ်အစားအသစ်တွေကို ပြန်လည်၀တ်ရင်း အ၀တ်ဟောင်းတွေကို သူလျှော်ဖွတ်ဖို့လုပ်ပါတော့တယ်။ အဲ့ဒီနောက် အနီးအနားသစ်ကိုင်းပေါ်မှာ လှန်းထားရင်း သုံးပေလောက်ရှိတဲ့ သစ်ပင်တစ်ပင် အကိုင်းကို ခုတ်ဖို့ လုပ်ပါတယ်။

ညာဘက်လက်ကို သုံးပြီး ခါးကနေ ဓားမြောင်တစ်ခုကို ထုတ်ယူလာလိုက်တယ်။ ဒီဓားမြောင်က လေးဆယ်စင်တာမီတာ ရှိပြီး အစိမ်းရင့်ရောင်တောက်ပလို့ နေခဲ့ပါတယ်။ ဒီအစိမ်းရင့်ရောင်လက်ကိုင်က အတော်ကို မာကြောတဲ့သားရေတစ်ခုနဲ့ ပြုလုပ်ထားခဲ့တာပါ။ ဘယ်သားရဲကောင်ဆီက သားရေမှန်းတော့ သူမသိခဲ့ပါဘူး။ ဒါပေမယ့် သူ့အဖေက သူ့အမေကို လက်ဆောင်အဖြစ် ပေးထားမှန်းတော့ သူသိနေခဲ့တယ်။ သူအမေက အမြဲတမ်းတန်ဖိုးထားနေခဲ့တာပါ။ သူမ ဆုံးသွားချိန်မှသာ ဒီအရာကိုသူ့ဆီ ပေးအပ်ပါတယ်။

ဓားကလက်ကိုင်ကို ကြည့်မယ်ဆိုရင်း ဆယ့်ခုနှစ်စင်တာမိီတာလောက် ရှည်လျားနေတာကို တွေ့ရမှာပါ။ ဘာမှထွေးထွေးထူးထူးရေးခြယ်တာမျိုး မရှိပါဘူး။ ဒီအတိုင်းရိုးရှင်းပြီ တန်ဖိုးမရှိတဲ့ပုံစံမျိုးသာ ပေါ်နေခဲ့ပါတယ်။ ကိုင်တွယ်တဲ့အချိန်မှာ သဘာ၀ကျကျ ရှိရုံတင်မကပဲ အတော်လေးကို သက်တောင့်သက်သာလဲ ရှိလှတယ်။

သူ့ကိုသုံးချိန်မှာ ဘယ်လိုဆူညံသံမှလဲ မထွက်လာပါဘူး။ ဓားရဲ့အသွားကတော့ နွေဦးရေလိုကြည်လင်နေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ဓားရဲ့အေးစက်တဲ့ အသွားကိုကိုင်ရင်း ကြက်သီးတွေထလာပါတော့တယ်။ ဒီအရာက တစ်စုံတစ်ခုအဖြစ် အသုံး၀င်မယ်လို့ သူစိတ်ထဲမှာ ထင်နေခဲ့မိတယ်။

ကျားဖြူဓား ဒီဓားရဲ့နာမည်က သူအမေပြောခဲ့တဲ့ပုံအရတော့ ကျားဖြူဓားပါတဲ့။

ဟို့ယွိဟောင်က ကျားဖြူဓားကိုကိုင်ဆောင်နေရင်း သူ့မျက်လုံးထဲမှာ ရှိနေခဲ့တဲ့ စိတ်လှုပ်ရှားမှုတွေက ၀မ်းနည်းပူဆွေးနေတဲ့အဖြစ်ကို ပြောင်းလဲလို့သွားတော့တယ်။ သူအမေရဲ့ ရုပ်သွင်ကိုဒီဓားပေါ်မှာ မြင်နေခဲ့ရသလိုပါပဲ။

သစ်ကိုင်းကိုကိုင်ထားရင်း လက်တစ်ဖက်ကို အားပြုပြီး ခုတ်ချဖို့လုပ်ပါတော့တယ်။ ဓားကိုအသုံးပြုပြီး အရှေ့မှာရှိနေတဲ့ အတားအဆီးတွေကိုသာ သူခုတ်ချပြစ်လိုက်တယ်။ ဓားအသွားကနေ အပြာဖျော့ဖျော့ အလင်းတန်းတစ်ချို့ တောက်ပလာခဲ့ပြီး သစ်ကိုင်းတွေကို ပဲပြားတွေလှီးသလိုခုတ်ထစ်ရှင်းလင်းပြစ်လိုက်ပါတယ်။ နှစ်ခေါက် သုံးခေါက်လောက်ဖယ်ရှားပြီတဲ့နောက်မှာတော့ သစ်ကိုင်းခြောက်တွေကလဲ ချွန်ထက်လို့သွားခဲ့ပါပြီး။

ဓားကိုခါးမှာပြန်ချိတ်ရင်းနဲ့ ချွန်ထားတဲ့သစ်ကိုင်းကို ကိုင်ပြီး ဟို့ယွိဟောင်အရှေ့ကို ဆက်လျှောက်လာခဲ့တယ်။ အသက်ပြင်းပြင်းရှုသွင်းရင်း သူမျက်လုံးတွေက ပိုမို တောက်ပလို့လာခဲ့ပါတယ်။ ရေထဲမှာရှိရှိသမျှ အသေးစိတ်အချက်အလက်တွေက မျက်လုံးထဲမှာ ထင်ထင်ရှားရှားပေါ်လာခဲ့ပြီး ရေရဲ့သေးငယ်တဲ့ လှုပ်ရှားမှုအပြောင်းအလဲတွေကိုတောင် သူမြင်နေခဲ့ရသလို မြေပြင်ရဲ့ အက်ကွဲကြောင်းလေးတွေကအစ ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်။ ဘယ်အရာကမှ သူ့ရဲ့ စိတ်ဝိညာဥ်မျက်လုံးအောက်ကနေ မလွှတ်မြောက်နိုင်ပါဘူး။ ဒါ့အပြင် အရာအားလုံးက နှေးကွေးသွားသလို ထင်နေခဲ့ရတယ်။

ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်က လျှပ်စီးလက်သလို လှုပ်ရှားလိုက်ရင်း ရေထဲကိုထိုးချပြစ်လိုက်ပါတယ်။

သူလက်ပြန်မြောက်လိုက်ချိန်မှာတော့ ခြောက်လက်မလောက်ရှည်လျားတဲ့ ငါးတစ်ကောင်က သစ်ကိုင်းရဲ့ထိပ်မှာရှိနေခဲ့ပါပြီး သာမန်လူတွေအတွက်တော့ ဒီလိုငါးဖမ်းတဲ့နည်းက ကျွမ်းကျင်မှု ရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်အတွက်တော့ အရမ်းကို လွယ်ကူလွန်လှတယ်။ သူ့ရဲ့ မျက်လုံးအကူအညီ ကြောင့် ငါးရဲ့နေရာကို ထောက်လှမ်းပြီ ထိုးချလိုက်ရုံပါပဲ။

ဒီလိုငါးသေးသေးလေးတစ်ကောင်က သူ့အတွက် ဗိုက်မ၀နိုင်ပါဘူး။ ပုံမှန်အတိုင်း ကြိုးကြိုးစားစား ငါးဖမ်းပြီတဲ့နောက်မှာတော့ ငါး ဆယ်ကောင်ကျော်ကို သူဖမ်းမိလို့သွားခဲ့ပါပြီး ဒါ့အပြင် ငါးတွေကလဲ အရွယ်အမျိုးမျိုး ရှိနေခဲ့တယ်။

” ကောင်းတာပဲ ငါ နှစ်ရက်လောက်တော့ အ၀စားလို့ရပြိီး မပုတ်ခင် မြန်မြန်ကင်မှ ဖြစ်မယ် ”

ဟို့ယွိဟောင်က စမ်းချောင်းဘေးမှာ ပျော်ပျော်ကြီးထိုင်လိုက်ရင်း ဓားကိုအသုံးပြုပြီ ငါးတွေကို ဆေးကြောသုတ်သင်ပါတော့တယ်။ ငါးတွေရဲ့အကြေးခွံတွေ ဗိုက်တွေအားလုံးကို သူခွဲပြီတဲ့နောက် သန့်စင်ပြစ်လိုက်တယ်။ ဟို့ယွိဟောင်အတွက်တော့ သူ့အမေနဲ့ ငယ်ငယ်ထဲကနေ ဒါမျိုးလုပ်နေတာဖြစ်တာကြောင့် သိပ်ပြီး ပြဿနာမရှိခဲ့ပါဘူး။ ငါးဆယ်ကောင်က ဆယ့်ငါးမိနစ်အတွင်းမှာပဲ အားလုံးသန့်စင်လို့သွားပါတော့တယ်။

အဲ့ဒီနောက် သစ်တောထဲမှာ သစ်ရွက်အကြီးကြီးတွေကိုရှာရင်း ငါးတွေကို နောက်တစ်ခေါက် ပြန်ဆေးပါတော့တယ်။ နောက်ဆုံးမှာတော့ ဆေးကြောသန့်စင်ထားတဲ့ ငါးတွေကိုသစ်ရွက်ပေါ်မှာတင်လိုက်တယ်။ သစ်ကိုင်းခြောက်တွေကို ရှာဖွေရင်း မီးမွှေးပြီးတဲ့နောက် စတင် ကင်ဖို့လုပ်ပါတော့တယ်။

ဟို့ယွိဟောင်က ပါလာတဲ့တစ်ခုတည်သော ဟင်းခတ်အမွှေးအကြိုင်ကတော့ ဆားပါပဲ ဒါပေမယ့် ငါးတွေကိုကင်ဖို့အတွက်တော့ လုံလုံလောက်လောက်တော့ ရှိနေခဲ့သေးတယ်။ ငါးတွေကိုသီပြီ ကင်လိုက်ရင်းနဲ့ ဗိုက်မှာတော့ဆားတစ်ချို့ ပွတ်လိုက်ပါတယ်။ အဲ့ဒီနောက် အိတ်ထဲကနေ ခရမ်းရောင်ပင်စိမ်းရွက်တွေကို ထုတ်လာခဲ့တယ်။ ဒါက သစ်တောထဲမှာ သူရလာခဲ့တဲ့ အရာတွေပါ။ အဲ့ဒီနောက် ပင်စိမ်းရွက်တွေကိုဆေးကြောရင်းနဲ့ ငါးဗိုက်ထဲကို ထည့်လိုက်ပါတော့တယ်။ ဒီလိုကင်ပြီးတော့မှသာ နောက်ထပ် သစ်ကိုင်းတွေကို ထပ်ပြီး ထုတ်လာခဲ့ပါတယ်။

ငါးကင်ရဲ့မွှေးပျံ့တဲ့ရနံ့က အပြင်ကို ပြန့်လာခဲ့တာ သိပ်မကြာခဲ့ပါဘူး။ ဒီရနံ့က မွှေးလွန်တာကြောင့် သိသာထင်ရှားတဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်လာစေပါတယ်။ ဟို့ယွိဟောင် ငါးတွေကိုကင်နေချိန်မှာပဲ ငါးတွေက ဖြည်းဖြည်းချင်း ရွှေရောင်ပြောင်းသွားခဲ့ပါတယ်။ အဲဲ့ဒီနောက် ထွက်ပေါ်လာခဲ့တဲ့ မွှေးရနံ့ကတော့ အရမ်းကို သရေယိုချင်စရာပါပဲ။

အစပထမမှာ ငါးနှစ်ကောင်ကိုသာ သူကင်နေခဲ့ပြီး တခြားငါးတွေကို ဘေးချထားခဲ့ပါတယ်။ အကယ်၍ အများကြီးကို တစ်ခါထဲကင်လိုက်မယ်ဆိုရင် မီးကိုအသုံးပြုတဲ့အချိန် ပြဿနာတက်လာနိုင်တယ်။

“‘မွှေးလှချေလား ”

ပျော်ရွှင်တက်ကြွနေတဲ့ အော်သံလေးတစ်ခုက အဲ့ဒီအချိန်မှာ ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒီအော်သံက ဟို့ယွိဟောင်ကို မျက်လုံးပြူးသွားစေခဲ့တယ်။ အသံလာရာနေရာကို ကြည့်လိုက်ချိန်မှာတော့ စမ်းချောင်းဘေးမှာထိုင်နေသူနှစ်ယောက်ရှိနေတာကို တွေ့လိုက်ရပါတယ်။ အရှေ့မှာရှိနေတဲ့သူက ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ်ကောင်မလေးဖြစ်ပြီး ရှည်လျားတဲ့အနက်ရောင်ဆံပင်တွေကို မြင်းမြီးလို မြင့်မြင့်မြောက်ချည်ထားခဲ့ပါတယ်။ မိုးပြာရောင်၀တ်ရုံကို စစ်သည်တော်တွေလိုမျိုး ကိုယ်ကြပ်ပုံစံ ၀တ်ဆင်လို့ထားခဲ့တယ်။

သူက နတ်မီးငှက်လို ရှည်သွယ်တဲ့မျက်၀န်းတွေကို ပိုင်ဆိုင်လို့ထားခဲ့ပြီး မျက်၀န်းတစ်စုံက ကြီးမားလို့ တောက်ပနေခဲ့ပါတယ်။ ဒါ့အပြင် နှာခေါင်းကတော့ ခပ်မြင့်မြင့်ပုံစံ ရှိနေခဲ့ပြီး ပြီးပြည့်စုံတဲ့ဘဲဥမျက်နှာပုံစံ နူးညံ့ပြီး သေးသွယ်တဲ့ဖွဲ့စည်းပုံခန္ဓာကိုယ်ကို ပိုင်ဆိုင်လို့ထားခဲ့တယ်။

သူ့အနောက်မှာရှိနေတဲ့ သူကတော့ သူမနဲ့ သက်တူရွယ်တူလောက်ဖြစ်တဲ့ လူငယ်လေးတစ်ယောက်ပါပဲ။ ပိန်ပိန်ပါးပါးအဲ့ဒီလူငယ်လေးက အတော်လေးကို အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်နဲ့ ဖြောင့်မတ်တဲ့ပုံစံ ရှိပါတယ်။ သူ့ရဲ့အပြာရင့်ရောင်ဆံပင်တွေကတော့ နေရောင်အောက်မှာ ကျောက်စိမ်းလိုတောက်ပလို့နေခဲ့တယ်။ သူက ငယ်ရွယ်သေးပေမဲ့ ကျောင်းတော်သားတစ်ယောက်လို အလေးအနက်အနေနဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်လို့နေခဲ့တယ်။ ခန့်ညားချောမောတဲ့မျက်နှာပေါ်မှာ ပျင်းရိပြီနွေးထွေးတဲ့အပြုံးတစ်ခုက အမြဲရှိနေခဲ့ပြီး လက်တွေကတော့ နောက်ပြစ်လို့ထားခဲ့ပါတယ်။ ဟို့ယွိဟောင်ကို စိတ်၀င်တစားနဲ့ သူကြည့်နေခဲ့တယ်။ သူစိတ်၀င်စားတာက ငါးကင်မဟုတ်ပဲ ဟို့ယွိဟောင်ကိုပါ။

အပိုင်း ၁ ° ၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset