Switch Mode

Chapter – 66.1

အနိုင် ရရှိမှု

အပိုင်း ၆၆•၁

” အနိုင်ရရှိမှု ”
°°°
အကြီးအကဲရွှမ်ရဲ့ အမူအရာကရုတ်တရက်ထူးဆန်းလို့သွားပါတော့တယ်။ ဟို့ယွိဟောင်ကို အလေးအနက်ကြည့်ပြီတဲ့နောက် တခြားသူတွေဖက်ကို လှည့်ကြည့်ရင်းပြောလိုက်ပါတယ်။

” ဒီမှာပဲနေမလှုပ်ကြနဲ့ ခဏစောင့်ဦး ”

အဲ့ဒီနောက် ဟို့ယွိဟောင်ကိုဆွဲရင်း သူပျောက်ကွယ်သွားပါတော့တယ်။

ဟို့ယွိဟောင်က အကြီးအကဲရွှမ် ခေါ်သွားတာကိုခံရပြီတဲ့နောက် ၀မ်သုန့်ကတော့ စိုးရိမ်သွားပါတော့တယ်။

” အစ်မကြီးရှောင်ထောင့် ဘာတွေဖြစ်နေတာလဲ ”

” ငါ့ကိုမေးလဲအသုံးမ၀င်ဘူး ဟို့ယွိဟောင်ကိုသွားမေးသင့်တယ်..သူအခုဘာလုပ်လိုက်တာလဲ ”

မာရှောင်ထောင့်က ပြောလာခဲ့ပါတယ်။

ထိုက်ယွဲ့ဟန်တို့အဖွဲ့ကတော့ လက်ရှိအချိန် လင်းလော့ချန်ရဲ့ဘေးမှာ ၀န်းရံနေခဲ့ကြပါပြီ။ သူမခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ ရေခဲတွေကလဲ ဖြည်းဖြည်းချင်အရည်ပျော်သွားပြီတဲ့နောက် သံချပ်ကာကလဲပျောက်ကွယ်သွားပါတော့တယ်။ သူမက အရမ်းကိုဖြုဖျော့နေခဲ့ပြီ တစ်ကိုယ်လုံးတုန်ခါရင်း လဲကျတော့မလို့ဖြစ်နေခဲ့တယ်။

ရှောင်းရှောင်းက သူမကို ပြေးထူးပေမဲ့သူကိုယ်တိုင်လဲ ရေခဲတုံးကြီးကိုထိနေရတဲ့အတိုင်းခံစားမိပါတယ်။ ပုံမှန်အားဖြင့်အေးစက်ပြီမောက်မာနေတတ်တဲ့ လင်းလော့ချန်က ဒီတစ်ကြိမ်မှာ အရမ်းကိုထိတ်လန့်နေခဲ့ပါပြီ။ ဖြစ်သွားတဲ့ကိစ္စကို သူကိုယ်တိုင်တောင် ရှင်းရှင်းလင်းလင်း မသိတော့ပါဘူး။ ကြောက်စရာကောင်းအောင် ထူးဆန်းတဲ့ကင်းမြီးကောက်ကြီးက သူ့ကို စိုက်ကြည့်ပြီတဲ့နောက် သူ့ခန္ဓာကိုယ်က ရှိရှိသမျှစွမ်းအားတွေအားလုံး အေးခဲလို့သွားသလိုပါပဲ။ ဒီလိုမျိုး ခုခံနိုင်စွမ်းမရှိတော့တဲ့အထိ လုံး၀ကို ကူကယ်ရာမဲ့သွားတဲ့အခြေအနေမျိုးကို ပထမဆုံးတွေ့ကြုံဖူးတာပါ။ သော့်လော့တွေတောင် သူမကိုဒီလိုတစ်ချက်ကြည့်လိုက်ရုံနဲ့ ၀ိညာဥ်စွမ်းအားကုန်ဆုံးသွားတဲ့အထိ မထိတ်လန့်စေနိုင်ပါဘူး။ ဒါပေမယ့် အဲ့ဒီကင်းမြီးကောက်ကြီးက အခုပဲလုပ်လိုက်တာပါ။

အကြီးအကဲရွှမ်က ဟို့ယွိဟောင်ကို အဝေးကြီးခေါ်မသွားခဲ့ပါဘူး။ သူ့ကိုစာမေးပွဲနေရာထောင့်ဆီကိုသာ ခေါ်လာခဲ့တာပါ။

” အခုဘာဖြစ်သွားတာလဲ ငါ့ကိုအသေးစိတ်ရှင်းပြစမ်း ”

အကြီးအကဲရွှမ်က မေးလိုက်ပါတယ်။ သူလဲထိတ်လန့်နေခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့ ရေခဲကျောက်စိမ်းဧကရီအဖြစ်ကို ပြောင်းလဲသွားချိန်မှာ အကြီးအကဲရွှမ်တွေးလိုက်မိတာက ပုံစံအသွင်ပြောင်းထားတဲ့သားရဲကောင်မဟုတ်ရင်းလူသားအဖြစ်ပြန်လည်လေ့ကျင့်ဖို့ပြောင်းလဲလိုက်တဲ့ ၀ိညာဥ်သားရဲကောင်မွေးဖွားမှုဆိုတာပါပဲ။

နှစ်ပေါင်းတစ်သိန်းကျင့်ကြံမှုကို ရောက်ရှိပြီတဲ့နောက် ၀ိညာဥ်သားရဲကောင်တွေက လူသားအဖြစ်ပြန်လည်လေ့ကျင့်ဖို့ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီလမ်းစဥ်က အရမ်းကိုခက်ခဲလွန်လှတယ်။ ဒါကြောင့်သာ သူတို့တွေက အားနည်းတဲ့အချိန်ကာလကို ဖြတ်သန်းမဲ့အစား ၀ိညာဥ်သားရဲကောင်အဖြစ် နေထိုင်ဖို့ကိုသာ ရွေးချယ်ကြတာပါ။ အင်အားကြီးတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်တွေ့ဆုံခဲ့ရမယ်ဆိုရင်တော့ သူတို့သေဆုံးနိုင်ပါတယ်။ ဒါ့အပြင် ၀ိညာဥ်ပညာရှင်ရဲ့ ၀ိညာဥ်စက်ကွင်းဖြစ်သွားကြပြီ ၀ိညာဥ်အရိုးအဖြစ်လဲပြောင်းလဲနိုင်တယ်။ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့အဆင့်ကို ရောက်ရှိပြီမှသာ ၀ိညာဥ်သားရဲကောင်တွေရဲ့ မျက်နှာဖုံကိုကျော်မြင်နိုင်ပြီ လူသားအစစ်ဟုတ်မဟုတ်လဲ သိနိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်ဖို့က ဘယ်လိုလုပ်လွယ်ကူနိုင်မှာလဲ။ ဒါကြောင့်သာ ၀ိညာဥ်သားရဲကောင်တွေအနေနဲ့ ဒီလမ်းစဥ်ကိုမရွေးချယ်ဖို့ လုပ်ကြတာပါပဲ။ ရေခဲဧကရီရဲ့ စွမ်းအားအဆင့်နဲ့က သူမအနေနဲ့ဒီလိုကြောက်စရာကောင်းပြီ အန္တရာယ်များတဲ့လမ်းမျိုးကို ဘယ်လိုများရွေးချယ်မှာလဲ။

အရမ်းကိုထိတ်လန့်နေတဲ့ အကြီးအကဲရွှမ်က ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကိုလေ့လာဆန်းစစ်နေပါတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ စိတ်အေးလက်အေးဖြစ်သွားလို့သွားခဲ့ပါပြီ။ သူ့ရဲ့ နှလုံးသားထဲမှာတော့ ဟို့ယွိဟောင်အနေနဲ့ ၀ိညာဥ်သားရဲကောင်မဖြစ်နိုင်မှန်း ရှင်းရှင်းလင်းလင်းသိနေခဲ့ပါတယ်။ အဓိကအကျဆုံးသက်သေကတော့ သူ့ရဲ့အမွှာ၀ိညာဥ်ပါပဲ။ ပြန်လည်မွေးဖွားလာတဲ့ ၀ိညာဥ်သားရဲကောင်တွေအနေနဲ့ သူတို့ရဲ့ မူလပုံစံကိုသေချာပေါက် ထိန်းသိမ်းထားမှာပါ။ ဒါကြောင့် ဒုတိယသိုင်းပညာ၀ိညာဥ်ရှိနိုင်စရာအကြောင်းမရှိပါဘူး။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာလဲ ၀ိညာဥ်သားရဲကောင်တစ်ကောင်ရဲ့ အရှိန်အ၀ါ ရှိမနေခဲ့သလို သူကလဲ စစ်မှန်တဲ့လူသားတစ်ယောက်ဖြစ်မှန်း သေချာအတည်ပြုပေးသားပါ။

အကြီးအကဲရွှမ်ရဲ့ ကျင့်ကြံဆင့်အနေနဲ့ လူတစ်ယောက်မှာဘယ်လောက်ပဲများပြားတဲ့လှည့်ကွက်တွေရှိနေပါစေ သူသာထိတွေ့ကိုင်တွယ်လိုက်မယ်ဆိုရင် ဖုံးကွယ်ထားနိုင်စွမ်းရှိမှာမဟုတ်ပါဘူး။ အကြီးအကဲရွှမ်က သိချင်ရုံပါပဲ ဟို့ယွိဟောင်အနေနဲ့ သူ့ခုနကလုပ်ခဲ့တဲ့အရာကို ဘယ်လိုများလုပ်လိုက်လဲဆိုတာ သူမတွေးတတ်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ အကယ်၍ လုံး၀ပုံရိပ်ယောင်တစ်ခုပဲဖြစ်ခဲ့မယ်ဆိုရင် ဘာကြောင့်များ လင်းလော့ချန်က တောင့်တင်းအေးခဲသွားပြီ တိုက်ခိုက်ရေးစွမ်းအားတွေအားလုံးကို ဆုံးရှုံးသွားရတာလဲ။

” အစောပိုင်းတုန်းက အစ်မကြီးရှောင်ထောင့်ပဲ ကျွန်တော်ကို သိုင်းပညာ၀ိညာဥ်ထုတ်လွှတ်ပြီ အစ်မကြီးလင်းလော့ချန်ကို ဖိနှိမ့်ပြစ်ဖို့ပြောခဲ့တယ်လေ ”

ဟို့ယွိဟောင်ကလဲ လိမ်လိမ်မာမာလေး ပြန်ဖြေပါတယ်။

” ကျွန်တော်အနေနဲ့ ကျွန်တော်ရဲ့သိုင်းပညာ၀ိညာဥ်ကို ဒီအတိုင်းထုတ်လွှတ်လိုက်ရုံနဲ့ တစ်ဖက်ကအစ်မကြီးလင်းကို ဖိနှိမ့်နိုင်မှာမဟုတ်ဘူး…ကျွန်တော်တို့ရဲ့ကျင့်ကြံဆင့်ကလဲ ကွာခြားလွန်လှပါတယ်…ဒါကြောင့် ကျွန်တော်အနေနဲ့ ပုံစံတူတုပမှုကို အသုံးပြုပြီး ကျွန်တော်ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ပုံစံကို တုပဖန်တီးလိုက်တယ်..အဲ့ဒီနောက် အဲ့ဒီပုံရိပ်ထဲမှာ ကျွန်တော်ဒုတိယသိုင်းပညာ၀ိညာဥ်ရဲ့ အစွမ်းအစတွေကို ထည့်သွင်းလိုက်ပါတယ်..အဆုံးစွန်းရောက်နေတဲ့ သိုင်းပညာအရှိန်အ၀ါကို အကောင်းဆုံးဖြစ်အောင် ထုတ်လွှတ်ဖို့ကျွန်တော်ကြိုးစားခဲ့တယ် ..ဒါကြောင့်သာ အစ်မကြီးလင်းလော့ချန်ဘာဖြစ်သွားလဲ ကျွန်တော်လဲမသိလိုက်ပါဘူး ”

သူလဲ တကယ်ပဲဘာတွေဖြစ်သွားလဲဆိုတာ မသိခဲ့ပါဘူး။ ကျောက်စိမ်းဧကရီအနေနဲ့ လင်းလော့ချန်ကို တစ်ချက်သာကြည့်လိုက်တာပါ။ ဟို့ယွိဟောင်ရဲ့စိတ်ကလဲတခဏတာ ဗလာဟင်လင်ဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီအကြည့်က ရေခဲဧကရီဆီကနေလာရောက်တဲ့စစ်မှန်တဲ့ ဆွဲဆောင်မှုပါပဲ။

အကြီးအကဲရွှမ်လဲ ခေါင်းကုတ်ရင်းနဲ့ မျက်မှောင်ကြုတ်နေခဲ့မိပါတယ်။

” အဆုံးမဲ့အားကောင်းနေတဲ့ သိုင်းပညာ၀ိညာဥ်အဆုံးမဲ့အားကောင်းနေတဲ့ သိုင်းပညာ၀ိညာဥ် အားငါနားလည်ပြီ ရေခဲပဲ မင်းတို့နှစ်ယောက်စလုံးမှာ ရေခဲစွမ်းရည်ရှိနေတာပဲ ဒါကြောင့် အဆုံးစွန်းရောက်တဲ့ဖိနှိမ့်မှုဖြစ်သွားတာလေ..မင်းရဲ့သိုင်းပညာ၀ိညာဥ်က ကြောက်စရာကောင်းလွန်တယ်..အရမ်းကောင်းတာပဲ အရမ်းကောင်းတယ် ငါနားလည်ပြီ သွားပြီပြန်တိုက်ခိုက်တော့ ”

အကြီးအကဲရွှမ်အနေနဲ့လဲ ဒီကိစ္စတွေအားလုံးကို ခန့်မှန်းလိုက်ပါတယ်။ ဒါကပြီးပြည့်စုံအောင် နှိမ်နင်းမှုပါ။ ဒီပြဿနာကတော့ သူတို့ရဲ့ပုံစံတူနေတဲ့ ဓာတ်သဘောသဘာ၀တွေအပေါ်မှာ မူတည်နေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ လင်းလော့ချန် နှစ်ယောက်စလုံးက ရေခဲတွေဖြစ်တာကြောင့် ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့အဆုံးစွန်စွမ်းအားမြင့်နေတဲ့ ရေခဲကိုအသုံးပြုရင်း တစ်ဖက်မှာရှိနေတဲ့ လင်းလော့ချန်ကို အနိုင်ပိုင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရေခဲကျောက်စိမ်းဧကရီရဲ့ခန္ဓာကိုယ်ကို အသွင်ယူလိုက်ချိန်မှာတော့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်အစွမ်းအစက အပြည့်အ၀ထုတ်လွှတ်တော့တယ်။

မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ်သုံးပါးစလုံးမှာ အဆုံးစွန်းရောက်နေအောင် အေးခဲနေတဲ့ရေခဲအစွမ်းအစတွေကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီအထဲမှာ နှင်းဧကရီကတော့ အရာအားလုံးကို အနှိမ့်ဆုံးအပူချိန်ရောက်အောင်ထားရှိနိုင်ပါတယ်။ နှင်းဧကရီက နှင်းကိုထိန်းချုပ်နိုင်သူပါ။ ရေခဲကျောက်စိမ်းဧကရီကတော့ ရေခဲကိုထိန်းချုပ်နိုင်သူပါပဲ။ လက်ရှိသော့်လော့တိုက်တစ်ခုလုံးမှာ သူမက ရေခဲတို့ရဲ့ဘိုးဘေးဆိုတဲ့ဘွဲ့ထူးကို ခံယူထိုက်တဲ့တစ်ဦးတည်သောသူပါပဲ။

ကျင့်ကြံဆင့်အရ ဟို့ယွိဟောင်အနေနဲ့ လင်းလော့ချန်ကို မီနိုင်မှာတစ်နေရာမှမရှိပါဘူး။ ဒါပေမယ့် ပြဿနာကတော့ လင်းလော့ချန်အနေနဲ့လဲ ရေခဲစွမ်းအားကို အသုံးပြုနေခဲ့တာပါ။ ဟို့ယွိဟောင်အနေနဲ့ ရေခဲဧကရီရဲ့ အရှိန်အ၀ါကို တိုက်တိုက်ဆိုင်ဆိုင် တုပရုံနဲ့တင်သူမက ရှုံးနှိမ့်သွားရပါတော့တယ်။

ရေခဲဧကရီကလဲ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေထဲက တစ်ခုပါပဲ။ သူမအနေနဲ့ သူမကိုအမြဲတမ်းအာရုံစိုက်နေခဲ့တာပါ။ ဟို့ယွိဟောင်အနေနဲ့ သူမရဲ့အရှိန်အ၀ါကို တုပလိုက်ချိန်မှာ ရေခဲတွေကနေ ရရှိတဲ့တိုက်ခိုက်လိုစိတ်ကိုလဲ ခံစားမိပါတယ်။ သူမရဲ့အကြည့်က လင်းလော့ချန်ကိုအာရုံစိုက်နေတာမဟုတ်ပဲ လင်းလော့ချန် ထိန်းချုပ်တဲ့ရေခဲတွေကိုအာရုံစိုက်လိုက်တာပါ။ လောကကြီးမှာရေခဲဧကရီထက် သန်မာတဲ့ရေခဲအသုံးပြုသူဆိုတာ မရှိခဲ့ပါဘူး။ ဒါကြောင့် သူမရဲ့ စွမ်းအားအောက်မှာ ဘယ်ရေခဲမဆိုဦးညွတ်ကြရမှာပါပဲ။

ဟို့ယွိဟောင်ဘယ်လောက်ပဲအားနည်းပါစေ နောက်ထပ်သန်မာစေမဲ့အချက်တွေက ရှိနေပါသေးတယ်။ အကယ်၍ သူသာ လင်းလော့ချန်နဲ့ အဆင့်တူရောက်နေခဲ့မယ်ဆိုရင် ရေခဲဧကရီစိတ်ညွှန်လိုက်သလိုမျိုး သူ့ရဲ့ရေခဲစွမ်းအားကို အသုံးပြုနိုင်တဲ့အစွမ်းအစလဲ ရရှိပိုင်ဆိုင်မှာပါ။ ဒါဆိုရင် လင်းလော့ချန်နဲ့ သူမရဲ့ရေခဲစွမ်းရည်တွေကို အဆုံးစွန်းအထိ ဖိနှိမ့်ပြစ်နိုင်ရုံသာမက သူမသာရေခဲကိုအသုံးပြုပြီး သူ့ကိုတိုက်ခိုက်မယ်ဆိုရင် သူမရဲ့အသက်ကိုတိုက်ရိုက်အဆုံးသတ်နိုင်ဖို့အစွမ်းအစလဲ ရှိလာပါလိမ့်မယ်။

ဒါကရေခဲတို့ရဲ့ဘိုးဘေး ပိုင်ဆိုင်တဲ့နောက်ထပ်ကြောက်စရာအချက်တစ်ချက်ပါပဲ။ အင်အားကြီးလွန်းလှတဲ့ နှစ်ပေါင်းလေးသိန်းသားရဲကောင်ဖြစ်သူ ရေခဲဧကရီက သူမရဲ့မူလခန္ဓာကိုယ်ကို ပိုင်ဆိုင်ချိန်မှာ သူမအနေနဲ့ တိုက်ကြီးတစ်တိုက်လုံးပြိုင်ဘက်ကင်းလုနီးပါးအဖြစ်ကို ရောက်ရှိနေပါတယ်။

အကြီးအကဲရွှမ်က ဟို့ယွိဟောင်ရဲ့ ပုခုံးကိုပုတ်ရင်း ထူးထူးဆန်းဆန်းကြီးပြောလာခဲ့တယ်။

” ငါတကယ်ပဲ စိတ်သဘောထား သေးသိမ်သွားမိတယ်…မင်းတို့ရဲ့ပြိုင်ပွဲကိုမနှောင့်ယှက်သင့်ဘူး ”

ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်ကို ဂျိုင်းကနေပြန်ချီယူလာရင်း မာရှောင်ထောင့်တို့ဘေးကို ပြန်ပို့ပေးလိုက်ပါတယ်။

” အားလုံးပုံမှန်ပဲ လင်းလော့ချန်တိုက်ပွဲထဲက ခဏထွက်နေဦး ကျန်တဲ့သူတွေအားလုံးဆက်ပြီ တိုက်ခိုက်ကြ ”

အဲ့ဒီနောက် အကြီးအကဲရွှမ်လဲ လေထဲကိုပြန်လျှောက်သွားရင်း တိုက်ပွဲကိုကြည့်နေပါတော့တယ်။

နှစ်ဖက်စလုံးကတော့ ကြောင်အနေကြဆဲပါ။ အကြိုအဖွဲ့ရဲ့လူတွေကလဲ စိတ်ထဲမှာသံသယတွေ ရှိနေခဲ့ပါတယ်။ အတွင်းနယ်မြေရဲ့ ကျောင်းသားတွေကတော့ အကြီးအကဲရွှမ်ရဲ့အကျင့်ကို ကောင်းကောင်းနားလည်ပြီသားဖြစ်နေတာကြောင့် ကိစ္စမရှိကြပါဘူး။ သူက ပုံမှန်အနေအထားမှာ အတော်ကိုမတရားတဲ့သူပုံစံပေါ်နေပေမဲ့ တကယ်တော့အရမ်းကို တရားမျှတတဲ့လေးစားမှုဖြစ်နေခဲ့ပါတယ်။ လင်းလော့ချန်ကိုပြိုင်ပွဲကနေ နားခိုင်းလိုက်ပြီဆိုမှတော့ သေချာပေါက် အကြောင်းအရင်းလဲရှိနေမှာပါ။

မာရှောင်ထောင့်အနေနဲ့လဲ အမှန်တရားကိုခန့်မှန်းထားတာရှိပါတယ်။ အတွင်းနယ်မြေရဲ့တပည့်သားအနေနဲ့ ဟို့ယွိဟောင်မှာ အဆုံးစွန်းရောက်နေတဲ့သိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်မှန်း သိသူကသူတစ်ယောက်ထဲဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူမလဲ အဲ့ဒီအရာက ဒီလောက်သန်မာနေမယ်လို့မထင်ထားခဲ့မိပါဘူး။ ဒီကိစ္စကိုနောက်မှဆက်ဆွေးနွေးလို့ရပါတယ်။ အနိုင်ရဖို့ကိစ္စကသာ ပိုအရေးကြီးနေခဲ့တာပါ။

မာရှောင်ထောင့်ကလဲ စတင်ပြီ ပြန်တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ ဒီတစ်ကြိမ်မှာ နှစ်ဖက်စလုံးက အရမ်းကိုနီးကပ်နေပါပြီ။ ဟို့ယွိဟောင်အနေနဲ့လဲ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမျှဝေမှုကို ဘာမှမဖြစ်တော့တဲ့အတိုင်း ပြန်သုံးနေခဲ့တယ်။ အစောပိုင်းတုန်းက သူ့ရဲ့ပုံစံတူတုပမှုကြောင့် သူ့ရဲ့၀ိညာဥ်စွမ်းအားတော်တော်များများကို အသုံးပြုလိုက်ရပါပြီ။ ဒါပေမယ့် အကြီးအကဲရွှမ်က သူ့ကိုရုတ်တရက်အဆင့်ကျော်တိုးတက်အောင် လုပ်ပေးနိုင်သွားခဲ့တာကြောင့် ၀ိညာဥ်စွမ်းအားကလဲ ပြန်ဖြည့်တင်းသွားပြန်တယ်။

ကုန်းယန်မော့ရဲ့ သက်တံ့ရောင်နဂါးကြီးက အခုအချိန်မှာမှ စတင်အသုံး၀င်လာပါတော့တယ်။ တစ်ဖက်မှာရှိနေခဲ့တဲ့ ယောင်ဟောက်ရွှမ်ရဲ့ အထောက်အပံ့ပြုစွမ်းရည်နဲ့ အားနည်းစေတဲ့စွမ်းရည်တွေက အဆုံးသတ်လို့သွားခဲ့ပါပြီ။ ကုန်းယန်မော့ရဲ့ အထောက်အပံ့ပြုစွမ်းရည်ကတော့ အခုထိအသုံး၀င်နေဆဲပါပဲ။ ဒါကတော့ သိုင်းပညာ၀ိညာဥ်နဲ့ ကျင့်ကြံဆင့်တွေရဲ့ ကွာခြားချက်ဖြစ်နေခဲ့ပါတယ်။

နှစ်ပေါင်းတစ်ရာ၀ိညာဥ်စွမ်းရည်တစ်ခုကတော့ အများကြီးစွမ်းအားမကုန်ဆုံးခဲ့ပါဘူး။ တစ်ဖက်အဖွဲ့မှာလဲ စတင်တိုက်ခိုက်ပြီဖြစ်တာကြောင့် ယောင်ဟောက်ရွှမ်လဲ သူ့ရဲ့ အစောပိုင်းတုန်းက အသုံးပြုတဲ့စွမ်းရည်တွေကို ပြန်ထုတ်လွှတ်ရပါတော့တယ်။ လက်ရှိအချိန်မှာ နှစ်ဖက်စလုံးက ထိပ်တိုက် တိုက်ခိုက်ဖို့ပြင်ဆင်နေခဲ့ကြပါပြီ။

ပထမဆုံးလှုပ်ရှားသူကတော့ ချန်ကျစ်ဖုန်းပါပဲ။ သူ့အနေနဲ့ အစကထဲက သိုင်းပညာ၀ိညာဥ်ကိုမထုတ်လွှတ်ရသေးပါဘူး။ ပြိုင်ဘက်အဖွဲ့က လှုပ်ရှားပြီဖြစ်တာကြောင့် သူလဲနောက်ဆုံးထုတ်ဖော်ပြသလာပါတော့တယ်။

ပြင်းထန်တဲ့အနီရောင်အလင်းတန်းက ချန်ကျစ်ဖုန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာခဲ့ပါပြီ။ ဒါကမာရှောင်ထောင့်ပိုင်ဆိုင်တဲ့ မီးစွမ်းရည်မျိုးမဟုတ်ပဲနဲ့ လုံး၀ကိုသွေးနီရောင်တောက်နေတဲ့ အရောင်ပါ။ ဒီအရောင်ပေါ်လာတာနဲ့ ဟို့ယွိဟောင်အနေနဲ့ အလောင်းတောင်နဲ့သွေးပင်လယ်ကြားထဲရောက်သွားသလိုခံစားလိုက်မိပါတော့တယ်။

ချန်ကျစ်ဖုန်းက ရုတ်တရက်ခေါင်းကိုမော့လိုက်ရင်း စွမ်းအားတွေကိုထုတ်လွှတ်လိုက်တဲ့အတွက် သူ့ရဲ့ဖိအားတွေက အဆုံးစွန်းကို ရောက်ရှိသွားပါတော့တယ်။ မျက်လုံးတွေကလဲ သွေးနီရောင်နီရဲလို့သွားခဲ့ပါပြီ။ ပြင်းထန်တဲ့သတ်ဖြတ်လိုစိတ်တွေက သူ့ခန္ဓာကိုယ်အပြင်ကို လျှံတက်လို့လာပါတော့တယ်။

လက်ညိုးနဲ့လက်ခလယ်ကို နှစ်ခုပေါင်းစည်းလိုက်ရင်း သွေးနီရောင်လျှပ်စီးတန်းတွေကို စတင်ထုတ်လွှတ်ပါတော့တယ်။ သွေးနီရောင်၀ိညာဥ်စွမ်းအားက ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစည်းလို့သွားခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ ချန်ကျစ်ဖုန်းရဲ့ လက်ထဲမှာ ဓားတစ်ချောင်းရှိနေတာကို မြင်လိုက်ရပါတယ်။ သုံးပေခွဲရှည်လျားတဲ့ အဲ့ဒီဓားတစ်လက်မနီးပါးအကျယ်ရှိနေခဲ့တယ်။ ဓားရဲ့ကိုယ်ထည်ပေါ်မှာ ဓားအိမ်မရှိခဲ့ပါဘူး။ ထူးထူးဆန်းဆန်းနဲ့ ချန်ကျစ်ဖုန်းရဲ့ ၀ိညာဥ်စက်ကွင်းငါးကွင်းက သူ့ခန္ဓာကိုယ်ပေါ်မှာမလှည့်ပတ်ပဲ ရှိနေခဲ့တယ်။ အဲ့ဒီအစား ဓားပေါ်မှာသာ ၀န်းရံနေခဲ့တာပါ။

လေထဲမှာ တခဏတာရပ်တန့်​နေပြီတဲ့နောက် ပါးလွှားတဲ့ဓားက မာရှောင်ထောင့်ဆီကို သွေးနီရောင်သက်တံ့တစ်စင်းလိုပြေးထွက်လို့သွားပါတော့တယ်။ ဓားဖြတ်သန်းသွားတဲ့နေရာတိုင်မှာ အနီရောင်လမ်းတွေက ပွင့်လို့သွားခဲ့ပြီ သူ့သွေးညီးနံ့ကလဲ လေထုတစ်ခုလုံးကို ဖုံးလွှမ်းလို့သွားပါတယ်။

ဒါကတော့ ချန်ကျစ်ဖုန်းရဲ့ သိုင်းပညာ၀ိညာဥ်ဖြစ်တဲ့ ၀ိညာဥ်ဖျက်ဆီးဓားပါပဲ။

မာရှောင်ထောင့်ကတော့ အရမ်းကိုအလေးအနက်ရှိနေခဲ့တယ်။ လက်နှစ်ဖက်ကို ဆန့်လိုက်ရင်းလျှပ်စီးတန်းလိုရောက်ရှိလာနေတဲ့ဓားကို သူမရဲ့ရွှေရောင်နတ်မီးငှက်မီးလျှံတွေနဲ့ပြန်တိုက်ခိုက်ပါတယ်။ ဒါကတော့ သူမရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မီးလျှံငှက်သန့်စင်မှုပါပဲ။

ဒီလိုတိုက်ခိုက်ချိန်မှာ ပထမ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ရင်း မီးလျှံတွေနဲ့ ဓားကိုတိုက်ရိုက်ရင်ဆိုင်ပါတယ်။

ဖိအားကိုခံစားရပေမဲ့ ဓားရဲ့ကိုယ်ထည်ကသာ တခဏတာရပ်တန့်လို့သွားခဲ့ပြီ တ၀ှီး၀ှီးမြည်သံတွေကို ထုတ်လွှတ်လိုက်ပါတယ်။ အရမ်းကိုစူးရှတောက်ပနေတဲ့ သွေးနီရောင်အလင်းတန်းက လျှပ်စီးလက်သလိုထွက်ပေါ်လို့လာခဲ့ပြီ ဓားကနေအလင်းတန်းသုံးခုလဲ အန်ထုတ်လိုက်ပါတော့တယ်။ ချန်ကျစ်ဖုန်းရဲ့ ပထမနဲ့ဒုတိယ၀ိညာဥ်စက်ကွင်းတွေက လှည့်ပတ်လို့လာခဲ့ရင်း မီးလျှံတွေကိုပြန်လည်တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီဓားတွေက မာရှောင်ထောင့်ကိုဦးတည်နေဆဲပါ။

ချန်ကျစ်ဖုန်းရဲ့ ပထမ၀ိညာဥ်စွမ်းရည်က စူးရှထက်မြက်မှုဖြစ်ပြီ ဒုတိယ၀ိညာဥ်စွမ်းရည်ကတော့ ဖျက်ဆီးမှုပါပဲ။ တစ်ခုနဲ့တစ်ခု သဟဇာတဖြစ်ဖြစ် တွဲဖက်နေခဲ့တဲ့၀ိညာဥ်စွမ်းရည်နှစ်ခုက သူ့ရဲ့မူလထက်မြက်ပြီသားဖြစ်တဲ့ ဓားစွမ်းရည်ကိုပိုပြီးအားကောင်းလာစေခဲ့ပါတယ်။

သူ့ဓားကိုထုတ်လွှတ်ပြီချိန်မှာ ချန်ကျစ်ဖုန်းက အရှိန်လျော့လို့သွားပြီ ထိုက်ယွဲ့ဟန်ရဲ့အနောက်ဖက်မှာ ရပ်နေခဲ့ပါတော့တယ်။ အဲ့ဒီနောက် ကောင်းကင်ပေါ်မှာသာ သတိကြီးကြီးနဲ့စောင့်ဆိုင်းလို့နေခဲ့ပါတယ်။

အပိုင်း ၆၆•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset