Switch Mode

Chapter – 65.3

မိစ္ဆာခုနှစ်ဖော်ကြားက ရောနှော တိုက်ပွဲ

အပိုင်း ၆၅•၃

” မိစ္ဆာခုနှစ်ဖော်ရဲ့ ရောနှောတိုက်ပွဲ ”
°°°
ရှောင်းရှောင်းက ဒီတိုက်ပွဲကြီးမှာ အဆုံးအဖြတ်နေရာကို ရရှိနိုင်ဖို့အတွက် သူမရဲ့ကျင့်ကြံဆင့်နှိမ့်လွန်းနေတာကိုသိပါတယ်။ ဒါကြောင့် ပုလွေကိုစတင်ပြီ အသုံးပြုနေခဲ့တယ်။ သူမရဲ့ပုလွေသံထွက်ပေါ်လာချိန်မှာပဲ မာရှောင်ထောင့်ရဲ့အရှိန်နှုန်းက အနည်းငယ်နှေးကွေးသွားခဲ့ပါပြီ။ ရှောင်းရှောင်းနဲ့ယှဥ်လိုက်မယ်ဆိုရင် အနီးအနားမှာရှိနေခဲ့တဲ့လင်းလော့ချန်က ပိုပြီးအင်အားကြီးပါတယ်။ သူမရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်လိုက်ချိန်မှာတော့ ၀ိညာဥ်စက်ကွင်းငါးကွင်းက စည်းချက်ကျကျလှုပ်ရှားနေခဲ့ပြီ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ရေခဲလိုကျောက်မျက်ရတနာအပိုင်းအစတွေက ဖုံးလွှမ်းလို့သွားပါတော့တယ်။ အဲ့ဒီနောက် ရေခဲအလွှာတွေက စတင်တောက်ပလို့လာခဲ့ရင်း သူမတစ်ကိုယ်လုံး မိုးပြာရောင်ရေခဲသံချပ်ကာက လွှမ်းခြုံလို့သွားခဲ့ပါပြီ။ ဒါ့အပြင် သူမရဲ့အဖွဲ့သားတွေရဲ့ ၀ိညာဥ်စက်ကွင်းတွေအပေါ်မှာလဲ ဒီအလင်းတန်းက ကျရောက်လို့လာခဲ့ပါတယ်။ လှပပြီတောက်ပတဲ့ ရောင်စဥ်တွေကတော့သူမရဲ့အစွမ်းထုတ်လွှတ်လိုက်ချိန်မှာ စတင်ပြီဖြစ်ပေါ်လာပါတော့တယ်။

သူမရဲ့ ပထမ၀ိညာဥ်စက်ကွင်းက နောက်တစ်ကြိမ် ထပ်မံလင်းလက်လို့လာခဲ့ပြန်တယ်။ လင်းလော့ချန်က ညာဘက်လက်ကိုမြောက်လိုက်ပြီ လေထဲကိုဆွဲယူလိုက်ချိန်မှာတော့ နှစ်မီတာကျော်ရှည်လျားတဲ့ ရေခဲတုတ်ချောင်းကြီးတစ်ချောင်းက ပေါ်ထွက်လာပါတော့တယ်။

သူမရဲ့၀ိညာဥ်စွမ်းရည်နှစ်ခုက ထိန်းချုပ်တာကလွဲပြီ တခြားဘယ်အရာကိုမှ မလုပ်ဆောင်သလိုပါပဲ။ မှော်တုတ်ချောင်းကြီးကို လေထဲကနေ ဆွဲယူလိုက်ပြီတစ်ခုကတော့ ရေခဲသံချပ်ကာဖြစ်နေခဲ့တယ်။ ဒါပေမယ့် ဘယ်စွမ်းရည်တွေကမှ အားနည်းတဲ့ပုံမပေါ်ပါဘူး။

လင်းလော့ချန်က သူမရဲ့စွမ်းရည်တွေကို စတင်ထုတ်ဖော်ပြီပြသပါတော့တယ်။ မှော်တုတ်ချောင်းကြီးကို ဝှေ့ရမ်းလိုက်ချိန်မှာ မိုးပြာရောင်အလင်းတန်းတွေက ပတ်၀န်းကျင်နယ်မြေတစ်ခွင်လုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။ အဲ့ဒီနောက် ရေခဲပြာရောင်လေအေးအေးတွေက ရန်သူနယ်မြေကိုတိုက်ခတ်ပါတော့တယ်။ သူမက တခြား၀ိညာဥ်စွမ်းရည်တွေကို မသုံးခဲ့ပါဘူး။

သေချာကြည့်မယ်ဆိုရင် သူမရဲ့ သိုင်းပညာ၀ိညာဥ်က ရေခဲဖြစ်နေတာကို တွေ့ရမှာပါ။ ဒါ့အပြင် အရမ်းကို ရှားပါးလွန်တဲ့သိုင်းပညာ၀ိညာဥ်တစ်ခုဖြစ်သလို သူမက ရေခဲကိုထိန်းချုပ်နိုင်သူပါပဲ။ အရှေ့တန်းမှာရှိနေခဲ့တဲ့ မာရှောင်ထောင့်ကတော့ ဒီအအေးလှိုင်းတွေရဲ့ သက်ရောက်မှုကိုပထမဆုံးခံစားရပါတယ်။ ထိုက်ယွဲ့ဟန်နဲ့ တခြားသူတွေကို သူမကမီးလျှံတွေအသုံးပြုပြီး တိုက်ခိုက်နေခဲ့တာပါ။ လက်ရှိအချိန်မှာ သူမရပ်တန့်လိုက်ရပါတယ်။

လက်ရှိသူမရဲ့ကျင့်ကြံဆင့်နဲ့ လင်းလော့ချန်ရဲ့ထိန်းချုပ်မှုက သူ့အတွက်တော့ ပြဿနာတစ်ခုမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ရေခဲတွေက မီးလျှံတွေကိုတားဆီးနိုင်ပါတယ်။ လင်းလော့ချန်ရှိနေခဲ့မယ်ဆိုရင် သူမရဲ့နတ်မိီးငှက်မီးလျှံတွေက အားနည်းလို့သွားခဲ့မှာပါ။ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကလဲ တိုးတက်လာပါလိမ့်မယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ အမြဲတမ်းကြမ်းတမ်းနေခဲ့တဲ့ မာရှောင်ထောင့်က အရှေ့ကိုပြေးထွက်မသွားခဲ့ပါဘူး။ သူမ ရပ်တန့်လိုက်တဲ့အတွက် သူမရဲ့အဖွဲ့သားတွေလဲ ခပ်မြန်မြန်ပဲရပ်တန့်လိုက်ရပါတယ်။

” ဟို့ယွိဟောင် မင်းရဲ့ရေခဲအစွမ်းအစကို ထုတ်သုံးပြီ သူ့ကိုဖိနှိမ့်ပြစ်လိုက် ”

မာရှောင်ထောင့်က ခပ်တိုးတိုးအော်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာ သူတို့က ထိုက်ယွဲ့ဟန်တို့အဖွဲ့နဲ့ မီတာငါးဆယ်အကွာမှာ ရှိနေခဲ့တာပါ။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးနယ်မြေကို ရောက်ရှိနေခဲ့ကြပါပြီ။ ၀ိညာဥ်စွမ်းအားအခြေအနေအရှိန်နှုန်း လှုပ်ရှားမှုတွေအားလုံးက အစီအစဥ်ချထားတဲ့အတိုင်းပါပဲ။ ဘယ်အရာကမှ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကနေ မလွှတ်မြောက်နိုင်ပါဘူး။

ဒါပေမယ့် ဟို့ယွိဟောင်ကတော့ အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့ပါတယ်။ ပြိုင်ဘက်အဖွဲ့မှာက အတွင်းနယ်မြေရဲ့ ကျောင်းသားလေးယောက်ရှိနေခဲ့တာ​ပါ။ ဒါပေမယ့် မာရှောင်ထောင့်က သူ့ကို အမိန့်ပေးလိုက်ပါတယ်။ ဒါကြောင့် သူမရဲ့ အကြံကိုနားမလည်နိုင်ခဲ့ပါဘူး။ တစ်ဖက်လူကိုဖိနှိမ့်တိုက်ခိုက်ရမှာလား။ ဘယ်လိုလုပ်လုပ်နိုင်မှာလဲ ၀ိညာဥ်မဟာပညာရှင်တစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ တစ်ဖက်လူကို သူ ဖိနှိမ့်ကောင်းဖိနှိမ့်နိုင်ပါမယ်။ ဒါပေမယ့် ၀ိညာဥ်ဘုရင်တစ်ယောက်ကို လုပ်ရမှာက ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပါပဲ။

မာရှောင်ထောင့်က သူ့ထက်ပိုပြီးအတွေ့အကြုံကြွယ်၀သူပါ။ ဒါကြောင့် သူမအနေနဲ့ ဟို့ယွိဟောင်ရဲ့အဆုံးစွန်းရောက်နေတဲ့ ရေခဲစွမ်းရည်ကို ထုတ်လွှတ်စေချင်ရုံသက်သက်ပါပဲ။ လင်းလော့ချန်က အင်အားကောင်းတဲ့သိုင်းပညာ၀ိညာဥ်ရှိပေမဲ့ အဆုံးစွန်းရောက်နေတဲ့ အေးခဲမှုနဲ့ယှဥ်မယ်ဆိုရင် ယှဥ်နိုင်စရာအကြောင်းမရှိပါဘူး။ သူ့ရဲ့ရေခဲကိုထုတ်လွှတ်လိုက်မယ်ဆိုရင် သူ့အဖွဲ့ကလူတွေ လင်းလော့ချန်ရဲ့ ရေခဲထိန်းချုပ်မှုအောက်မှာ ရောက်နေတာကို တားဆီးသွားနိုင်လိမ့်မယ်။ မဟုတ်လို့ကတော့ အဲ့ဒီအအေးဒဏ်နဲ့ တိုက်ခိုက်ရင်းအရှိန်နှုန်းရော စွမ်းအားရော သေချာပေါက်လျော့ကျသွားမှာပါ။

ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ လုပ်ငန်းတာ၀န်ဒီလောက်အထိ လွယ်ကူနေမှာကို နားမလည်ခဲ့ပါဘူး။ သူ့အနေနဲ့ လက်ရှိအချိန်မှာ ရှိရှိသမျှအစွမ်းအစတွေအားလုံးကို ထုတ်သုံးဖို့ ပြင်လိုက်ပါတယ်။ ရေခဲကျောက်စိမ်းဧကရီ သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်ပြီ သူမရဲ့ အရှိန်အ၀ါကို ဘက်ပေါင်းစုံရောက်အောင်စတင်ဖြန့်ကျက်ဖို့လုပ်တော့တယ်။ သူက ရိုးရှင်းတဲ့လုပ်ငန်းတာ၀န်လေးတစ်ခုကို အင်မတန်ရှုပ်ထွေးလှအောင်ပြောင်းလဲပြီ လုပ်ဆောင်နေခဲ့တာပါ။

သူ့စိတ်ထဲမှာတော့ ဒီလိုတွေးနေခဲ့မိပါတယ်။ အစ်မကြီးရှောင်ထောင့်က ကျွန်တော်ကို အများကြီးတောင်းဆိုနေတာပဲ အခုကျွန်တော်ဘာဆက်လုပ်ရတော့မလဲ သူ့အနေနဲ့ ငကြောက်တစ်ယောက်လိုအပြောခံရမှာကိုလဲ လုံး၀ခွင့်မပြုနိုင်ပါဘူး။ တစ်ချိန်ထဲမှာ မာရှောင်ထောင့်မြေပြင်ကပြောခဲ့တဲ့စကားတွေကို ရှင်းရှင်းလင်းလင်းမှတ်မိပါသေးတယ်။ ဒါကသူ့ရဲ့တိုက်ပွဲစိတ်၀ိညာဥ်ကို တောက်လောင်စေခဲ့တယ်။ ရွှေရောင်အလင်းတန်းတွေက ဟို့ယွိဟောင်ရဲ့မျက်လုံးတစ်လျှောက်ကိုဖြတ်သန်းပြီ တောက်ပလာခဲ့ပါပြီ။ အဲ့ဒီနောက် သူ့ရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းကလဲ အရောင်တွေစတင်ဖြာထွက်လာပါတော့တယ်။

မာရှောင်ထောင့်ရပ်သွားတဲ့အတွက် လူတိုင်းကလဲရပ်နေခဲ့ကြတယ်။ သူမ ဟို့ယွိဟောင်ကိုပြောလိုက်တဲ့အမိန့် အကုန်လုံးက ကြားကြပါတယ်။ ဟို့ယွိဟောင်က အရှေ့ကိုရှေ့တစ်လှမ်းထွက်လာခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ သူ့အဖွဲ့သားတွေရဲ့အရှေ့ဆုံးကို သူရောက်ရှိလာတော့တယ်။ အဲ့ဒီနောက် ပါးစပ်ကနေ စူးရှတဲ့အော်သံတစ်ခုကိုပြုလုပ်ရင်း သူ့ခန္ဓာကိုယ်က လုံး၀ကို ပျောက်ကွယ်သွားပါတော့တယ်။

ဒီတစ်ကြိမ်မှာ ထိုက်ယွဲ့ဟန် ချန်ကျစ်ဖုန်းနဲ့ တခြားသူတွေလဲ မာရှောင်ထောင့်ရပ်သွားတာကို မြင်လိုက်ရပါတယ်။ ဒါကြောင့် သူတို့တွေလဲ အရှိန်လျှော့လိုက်ပါပြီ။ ကိုယ်ကိုကိုယ်လဲ ရန်သူကိုကောင်းကောင်းသိမြင်ချင်က ဘယ်လိုအရှုံးကိုမှ ကြောက်စေမှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်ဖက်လူတွေရဲ့ ထူးဆန်းတဲ့အမူအရာနဲ့ တုန့်ပြန်မှုကိုမြင်ချိန်မှာ သူတို့အနေနဲ့ အကြောင်းအရင်းရှိမှာကို နားလည်ကြပါတယ်။

အဲ့ဒီနောက် ဟို့ယွိဟောင်လို့ခေါ်တဲ့ကလေးအပြင်ထွက်လာတာကို သူတို့တွေ့လိုက်ရပါတယ်။ အော်သံတစ်ချက်နဲ့အတူ သူခန္ဓာကိုယ်က ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်နဲ့ ချိတ်ဆက်နေတဲ့ အလင်းတန်းတွေအားလုံးကလဲ ပျောက်ကွယ်သွားပါတော့တယ်။

တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်နဲ့ တခြားသူတွေရပ်နေခဲ့တဲ့နေရာမှာ အအေးလှိုင်းကြီးက ရောက်ရှိလို့လာပါတယ်။ ဟို့ယွိဟောင်ကလွဲပြီ တခြားသူတွေအားလုံးရဲ့ခန္ဓာကိုယ်က အေးစက်လို့လာခဲ့ပါပြီ။ ပတ်၀န်းကျင်နယ်မြေကြီးရဲ့ အပူရှိန်ကလဲ ချက်ချင်းလျော့ကျလို့သွားပါတော့တယ်။ မာရှောင်ထောင့်ကတော့ တအံ့တဩဖြစ်နေခဲ့တယ်။ ဒီငတုံးကောင်ဟို့ယွိဟောင်က ပတ်၀န်းကျင်အခြေအနေကို ဘာဖြစ်လို့ပြောင်းလဲလိုက်ရတာလဲ။ သူမအနေနဲ့စပြီ ကျိန်ဆဲတော့မလို ဖြစ်သွားပါတော့တယ်။

ဟို့ယွိဟောင် ရပ်နေတဲ့နေရာမှာ ထူးဆန်းတဲ့အသွင်သဏ္ဍာန်တစ်ခုကပေါ်လာခဲ့ပါပြီ။ ဒီအရာပေါ်လာချိန်မှာ ပတ်၀န်းကျင်ရဲ့ လေထုတွေအားလုံးက ရုတ်တရက်အေးစက်လို့သွားပါတော့တယ်။ အဲ့ဒီနောက် ရှေးကျပြီအားကောင်းလွန်လှတဲ့ ခြိမ်းခြောက်မှုအပြည့်အငွေ့အသက်က အဲ့ဒီအရာရဲ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပါတော့တယ်။

အားလုံးကိုအပေါ်စီးကနေ ကြည့်နေတဲ့အကြီးအကဲရွှမ်တောင်မှ ပါးစပ်ကအရက်တွေကို ထွေးထုတ်မိသွားတဲ့အထိ မျက်လုံးအပြူးသားနဲ့ ခေါင်းငုံ့ကြည့်နေခဲ့မိပါတယ်။ ဒါ့အပြင် သူလည်ချောင်းထဲကို ၀င်ရောက်သွားတဲ့အရက်တချို့ကတော့ သူ့ကိုသီးသွားစေတာကြောင့် ပြင်းပြင်းထန်ထန် ချောင်းဆိုးနေခဲ့ရတယ်။

ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပျောက်ကွယ်သွားပြီတဲ့နောက် လှပပြီးကြောက်စရာကောင်းလွန်လှတဲ့ တစ်စုံတစ်ရာကသူ့နေရာမှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒါကအရမ်းကို လှပလွန်တဲ့ကင်းမြီးကောက်တစ်ကောင်ပါပဲ။ ၁•၅မီတာရှည်လျားတဲ့ အဲ့ဒီအရာရဲ့ခန္ဓာကိုယ်က အရောင်နှစ်ရောင်နဲ့တောက်ပနေခဲ့တယ်။ အပိုင်းတစ်ပိုင်းမှာက ရေခဲအရောင်တွေရှိနေခဲ့ပြီ နောက်တစ်ပိုင်းမှာကတော့ အစိမ်းရင့်ရောင်တောက်ပနေခဲ့ပါတယ်။

အရှေ့ပိုင်းမှာကတော့ လေးလွှာထပ်နေတဲ့ခန္ဓာကိုယ်အပိုင်းတွေရှိနေခဲ့ပြီ တစ်လွှာချင်းဆီက ဆယ့်ငါးစင်တီမီတာရှည်လျားပါတယ်။ ခေါင်းကတော့ပထမဆုံးအပိုင်းမှာ ရှိနေခဲ့တယ်။ ငွေဖြူရောင်တောက်ပနေခဲ့တဲ့ပါးစပ်ကတော့ အေးစက်တဲ့အလင်းတန်းတွေကို ထုတ်လွှတ်နေခဲ့ပါပြီ။ ဒါ့အပြင် အလွှာလေးခုရဲ့ ပထမဆုံးအပိုင်းကို ထူးဆန်းတဲ့အကြေးခွံတွေက ဖုံးလွှမ်းလို့ထားခဲ့ပါတယ်။

အကြေးခွံတွေအားလုံးကလဲ အဋ္ဌဂံပုံစံနဲ့ ရှိနေခဲ့ပြီ တောက်ပတဲ့ရောင်စဥ်တန်းတွေကို ထုတ်လွှတ်နေတာစိန်ပွင့်တွေလိုပါပဲ။ အားကောင်းတဲ့ခြေထောက်ခြောက်ချောင်းကလဲ ဒီလိုတောက်ပတဲ့ရောင်စဥ်တွေနဲ့ ဖုံးလွှမ်းလို့နေခဲ့တယ်။ နှင်းဖြူရောင်လောကကြီးအလယ်မှာ သူ့ခန္ဓာကိုယ်ကနေ မျက်စိကျိန်လောက်တဲ့ အလင်းတန်းတွေကို ထုတ်လွှတ်လို့နေခဲ့ပါသေးတယ်။ သူ့တစ်ကိုယ်လုံးက အလင်းတန်းတွေရဲ့ မူလအရင်းအမြစ်ဖြစ်နေပုံပါပဲ။ သောင်းနဲ့ချီတဲ့အလင်းတွေအားလုံးက သူ့ခန္ဓာကိုယ်ပေါ်မှာ ရောင်ပြန်ဟပ်နေခဲ့ပါပြီ။

အရှေ့မှာရှိနေခဲ့တဲ့ လက်နှစ်ဖက်က တစ်မီတာဆီရှည်လျားပါတယ်။ ဒါ့အပြင် ဒီအဆိပ်တွေအပြည့်လက်တွေကလဲ စိန်ပွင့်တွေလိုမျိုး အကြေးခွံတွေနဲ့ ဖုံးလွှမ်းလို့ထားခဲ့ပါတယ်။ သူ့ပါးစပ်လိုမျိုး အဖြူရောင်အလင်းတန်းတွေနဲ့ တောက်ပနေရင်း မှန်လိုလဲကြည်လင်နေခဲ့ပါသေးတယ်။

ဒါ့အပြင် လူတိုင်ရဲ့အာရုံကိုဖမ်းစားနိုင်တဲ့အရာက မျက်လုံးနှစ်လုံးပါပဲ။ အ၀ါရောင်တောက်ပနေတဲ့ စိန်ပွင့်လိုမျက်လုံးတွေက ပုံမှန်မဟုတ်တဲ့ခံစားချက်ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ပထမဆုံးအပိုင်းက တောက်ပနေခဲ့ပြီ နောက်ပိုင်းကတော့ လှပလွန်ပါတယ်။ ရှည်လျားပြီကျောက်စိမ်းလိုမျိုး ဖြစ်တည်နေတဲ့အမြီးက တောက်ပမှုတွေအားလုံးရဲ့ ဗဟိုချက်ပါပဲ။

သာမန်ကင်းမြီးကောက်တွေမှာလို အဆိပ်ပိုင်းအများကြီးမပါနေခဲ့ပဲ သူအမြီးမှာအဆင့်ငါးဆင့်သာရှိပါတယ်။ တစ်ဆင့်ချင်းဆီတိုင်းကလဲ အဆိပ်ရင့်ရောင်ရောင်စဥ်တွေကို ဖြာထွက်လို့နေခဲ့ပြီ သက်၀င်လှုပ်ရှားနေရင်း ဖမ်းစားညို့ငင်နိုင်စွမ်းအပြည့်ရှိနေခဲ့ပါတယ်။ အဝေးကနေကြည့်မယ်ဆိုရင် ဒီအမြီးတွေကလှပပါတယ်။ အမြီးတွေရဲ့အဆုံးသတ်မှာကတော့ စိန်တစ်ပွင့်လိုမျိုးအဆိပ်ဆူးက ကောင်းကင်ပေါ်မှာ မြင့်မြင့်မြောက်ထားရင်း ရှိပါတယ်။ အဆိပ်ဆူးရဲ့ထိပ်ကလဲ ငွေရောင်အလင်းတန်းတွေကို ထုတ်လွှတ်နေရုံတင်မက သူတစ်ကိုယ်လုံးရဲ့ ဖြစ်တည်မှုကတင် တန်ဖိုးကြီးတဲ့ရတနာတစ်ပါးလိုပါပဲ။ ဒါ့အပြင် အရှိန်အ၀ါကလဲ လူတိုင်းကိုကြောက်လန့်စေဖို့လုံလောက်နေခဲ့ပါပြီ။

ဒါကတော့ မြောက်၀င်ရိုးစွန်းမှာနှစ်ပေါင်းလေးသိန်းနီးပါးရှင်သန်ခဲ့တဲ့ဧကရီတစ်ပါးပါ။ မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ်သုံးပါးထဲမှာ အဆင့်နံပါတ်နှစ်ကိုရယူထားတဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ပါပဲ။

အပြင်နယ်မြေရဲ့ ကျောင်းတော်သားခြောက်ယောက်ကတော့ ဒီကင်းမြီးကောက်ပေါ်လာချိန်မှာ သိပ်ပြီလှုပ်ရှားမှုမပြင်းထန်ခဲ့ပါဘူး။ သူတို့အနေနဲ့ ပထမတန်းစား၀ိညာဥ်သားရဲကောင်တွေနဲ့ ဘယ်တုန်းကမှမတွေ့ကြုံခဲ့ဘူးလို့ပါ။ ပထမတန်းစား၀ိညာဥ်သားရဲကောင်ရဲ့အရှိန်အ၀ါကိုလဲ နားမလည်ခဲ့ပါဘူး။ သူတို့ရဲ့မျက်လုံးထဲမှာ ဒီကင်းမြီးကောက်က လှပပြီအန္တရာယ်များတဲ့သတ္တ၀ါဆိုတာကလွဲလို့ မတွေးမိပဲရှိခဲ့ပါတယ်။

ဒါပေမယ့် အတွင်းနယ်မြေရဲ့ကျောင်းသားတွေက မတူညီကြပါဘူး။ အတွင်းနယ်မြေကို၀င်ရောက်ပြီတဲ့နောက် သူတို့ရဲ့ အဆင့်အတန်းတွေက ကွာခြားလို့သွားပါတော့တယ်။ မဟာကြယ်တာရာသစ်တောထဲမှာ သူတို့တွေက အမြဲတမ်းသွားလာပြီ တိုက်ခိုက်လှုပ်ရှားခဲ့ရတာပါ။ ဒါကြောင့် ရေခဲကျောက်စိမ်းဧကရီပေါ်လာတာနဲ့ အကြောက်တရားကိုခံစားမိလိုက်ပါတယ်။ ဒီအရာကနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ အရှိန်အ၀ါပါပဲ။

ရေခဲကျောက်စိမ်းဧကရီရဲ့ အရှိန်အ၀ါပေါက်ကွဲထွက်လာချိန်မှာ အေးစက်မှုကလဲ နေရာအနှံ့ကိုပြန့်နှံလို့သွားခဲ့ပါတယ်။ ရေခဲလှိုင်းတွေက လေထဲမှာရပ်တန့်လို့သွားခဲ့ပြီတဲ့နောက် ဖြည်းဖြည်းချင်းဆိုသလို အစိုင်အခဲအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် အဖြူရောင်အလင်းတန်းက ရေခဲကျောက်စိမ်းဧကရီရဲ့ အမြီးပေါ်မှာသွားပြီစုဝေးပါတော့တယ်။ သူ့ရဲ့ တောက်ပတဲ့မျက်လုံးနှစ်လုံးကတော့ လုံး၀ကိုခံစားချက်မဲ့နေခဲ့ပြီ အဝေးကလင်းလော့ချန်ကိုကြည့်နေခဲ့တယ်။

လင်းလော့ချန်အနေနဲ့လဲ တစ်ကိုယ်လုံးတောင့်တင်းအေးခဲသွားပြီ ရပ်နေတဲ့နေရာကနေ မလှုပ်ရှားနိုင်ပဲရှိနေခဲ့ပါတယ်။ သေချာကြည့်မယ်ဆိုရင် သူမခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ ရေခဲသံချပ်ကာက ပုံမှန်မဟုတ်လောက်အောင် မာကျောပြီအေးခဲတဲ့ပုံစံပြနေတာကိုမြင်ရမှာပါ။ ဒါ့အပြင် သူ့ရဲ့ခြေထောက်နှစ်ဖက်ကလဲ အောက်ဖက်ရေခဲအလွှာတွေထဲမှာ မြေပြင်နဲ့ကော်ကပ်ထားရသလိုမျိုး ကပ်နေခဲ့ပါတယ်။ နောက်ထပ်မလှုပ်ရှားနိုင်ခဲ့သလို ခန္ဓာကိုယ်ကလဲ စတင်အေးခဲနေခဲ့ပါပြီ။

ဒါတွေအားလုံးဖြစ်ပေါ်လာချိန်မှာပဲ လူတိုင်းကကြက်သေသေနေခဲ့ကြပါတယ်။ ဟို့ယွိဟောင်က ရေခဲကျောက်စိမ်းဧကရီအဖြစ်ပြောင်းလဲလို့သွားခဲ့တာကြောင့် လင်းလော့ချန်အနေနဲ့လဲ လုံး၀ကိုဖိနှိမ့်ခံနေရတယ်။

” အကြီးအကဲရွှမ် အဲ့ဒါကနှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ကြီး ”

မာရှောင်ထောင့်က အထိတ်တလန့်နဲ့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်ရင်း နောက်ကွယ်ကလူတွေကို ကာကွယ်ပေးနေခဲ့ပါတယ်။

” အစ်မရှောင်ထောင့် ဘာတွေလုပ်နေတာလဲ သူတို့ကို မြန်မြန်တိုက်ခိုက်လေ ”

ရုတ်တရက်ဆိုသလို ကြောက်စရာကောင်းတဲ့ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကြီး ပျောက်ကွယ်လို့သွားခဲ့ပြီ ဟို့ယွိဟောင်က ပြန်ပေါ်လာခဲ့ပါတော့တယ်။ ဒါ့အပြင် သူက မကျေမနပ်စိတ်အလောတကြီးနဲ့လဲ မာရှောင်ထောင့်ကို လှမ်းအော်နေခဲ့သေးတယ်။ လူတိုင်းကသူ့ကိုတိုက်ခိုက်တော့မလို ဖြစ်နေခဲ့တာလဲ သူသတိမထားခဲ့မိပါဘူး။ အကြီးအကဲရွှမ်တောင်မှ သူ့ကို တိုက်ခိုက်ဖို့ပြင်နေခဲ့တာပါ။

” ရပ်ကြစမ်း ”

အကြီးအကဲရွှမ်က လေထဲကနေအော်လိုက်ပါတယ်။ အဲ့ဒီနောက် ကောင်းကင်ကနေ ဆင်းသက်လို့လာခဲ့ပြီ ဟို့ယွိဟောင်အရှေ့ကို ရောက်လာခဲ့ပါပြီ။ အဲ့ဒီနောက် လက်ကိုမြောက်ရင်းသူ့ကိုဆွဲသွားပါတော့တယ်။

ရုန်းကန်တာတွေအားလုံးက အသုံးမ၀င်ခဲ့ပါဘူး။ ဟို့ယွိဟောင်ကတော့ အကြီးအကဲရွှမ်လိုလူမျိုးရဲ့လက်ထဲမှာ ပုရွက်ဆိတ်တစ်ကောင်လိုပါပဲ။ အကြီးအကဲရွှမ်ရဲ့လက်က သူ့ပုခုံးကို ကိုင်လိုက်ချိန်မှာဟို့ယွိဟောင်လဲ အင်အားကြီးတဲ့စွမ်းအားတွေခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးဆီ ၀င်ရောက်သွားပြီ ရှာဖွေနေတာကို ခံစားလိုက်မိပါတယ်။

ဒီ၀ိညာဥ်စွမ်းအားပမာဏကအရမ်းကို ကြီးမာလွန်လှတယ်။ ကံကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်ရဲ့ စွမ်းအင်အရင်းအမြစ်တွေက ပြင်းထန်တဲ့နာကျင်မှုတွေကို အကြိမ်ကြိမ် ဖြတ်ကျော်ထားခဲ့ပြီတာကြောင့် အတော်ကို သန်မာနေခဲ့ပါတယ်။ သူ့ကိုပိုပြီး အံ့အားသင့်စေတာကတော့ အကြီးအကဲရွှမ်ရဲ့ ၀ိညာဥ်စွမ်းအားကို ကြုံတွေ့ပြီချိန်မှာ သူ့ရဲ့ကိုယ်ပိုင်၀ိညာဥ်စွမ်းအားက အဆင့်နှစ်ဆယ့်ခြောက်အထွဠ်အထိပ်ကို ရုတ်တရက်ဖြတ်ကျော်ပြီ အဆင့်နှစ်ဆယ်ခုနှစ်ကိုရောက်ရှိသွားတာပါပဲ။

အပိုင်း ၆၅•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset