Switch Mode

Chapter – 65.2

မိစ္ဆာခုနှစ်ဖော်ကြားက ရောနှော တိုက်ပွဲ

အပိုင်း ၆၅•၂

” မိစ္ဆာခုနှစ်ဖော်ကြားက ရောနှောတိုက်ပွဲကြီး ”
°°°
လူတိုင်းက တောက်ပတဲ့အ၀ါရောင် ခရမ်းရောင်နဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းတွေကိုတောင် ထုတ်လွှတ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ အဖြူရောင်၀ိညာဥ်စက်ကွင်းနှစ်ခုကတော့ လူတိုင်းအာရုံစိုက်နေခံခဲ့ရတာ မဆန်းပါဘူး။

ကျောင်းတော်ရဲ့စာမေးပွဲနေရာက အတော်ကို ကျယ်ပြန့်ပါတယ်။ နှစ်ဖက်ကအမြန်နှုန်းလှုပ်ရှားနေခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်နီးကပ်ဖို့အတွက် အချိန်တော့ယူရပါသေးတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တစ်ဖက်နဲ့တစ်ဖက် မီတာတစ်ရာသာဝေးကွာတာပါ။ ဟို့ယွိဟောင်ရဲ့ ပထမ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပါပြီ။ တောက်ပတဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းဖန်တီးတဲ့အလင်းတန်းက မကြီးမားခဲ့ပါဘူး။ လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်ဖို့တောင် ခက်ပါတယ်။ ဒါပေမယ့် အလင်းတန်းထွက်ပေါ်လာချိန်မှာ မာရှောင်ထောင့်ရဲ့အဖွဲ့ လူခြောက်ယောက်စလုံးက လန့်ကုန်ကြပါတော့တယ်။

ဒီလိုမျိုး ဦးနှောက်အပိုတစ်ခုရသွားသလိုဖြစ်ပေါ်လာခဲ့တဲ့ ခံစားချက်နဲ့ အရာအားလုံးကို တွက်ချက်ပြီထိန်းချုပ်နိုင်နေတဲ့အသိဉာဏ်က အတော်ကို အံ့ဩစရာကောင်းလွန်လှပါတယ်။ သူတို့အနေနဲ့ ဘေးမှာရှိတဲ့အရာတွေကို မျက်လုံးတွေနဲ့ ကြည့်ဖို့တောင်လိုမနေတော့ပါဘူး။ ဦးနှောက်ထဲရောက်နေတဲ့ သုံးဖက်မြေပုံရိပ်တွေက များပြားတဲ့အချက်အလက်တွေကိုပါ စိတ်ထဲရောက်ရှိလာစေခဲ့ပါတယ်။ သူတို့အနေနဲ့လဲ ပိုပြီးယုံကြည်ချက်ရှိလာစေခဲ့ပါပြီ။ ပြိုင်ဘက်တွေက ဟို့ယွိဟောင် စိတ်၀ိညာဥ်ထောက်လှမ်းနိုင်တဲ့ အကွာအဝေးအထိ မ၀င်ရောက်နိုင်ပေမဲ့ ရုတ်တရက်ဆိုသလို ရောက်ရှိလာခဲ့တဲ့ အင်အားကြီးအထောက်အပံ့က သူနဲ့မရင်းနှီးတဲ့သူတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။

မာရှောင်ထောင့်က ဟို့ယွိဟောင်ကိုဘာကြောင့်ရွေးချယ်ခဲ့တာလဲ အမှန်တကယ်တော့ သူလဲ ဟို့ယွိဟောင်ရဲ့အစွမ်းအစကိုရှင်းရှင်းလင်းလင်းမသိပါဘူး။ ဒါပေမယ့် သူ့ရဲ့အဆုံးစွန်းအေးခဲနေတဲ့ သိုင်းပညာ၀ိညာဥ်က သူမကို အများကြီးအထင်ကြီးသွားစေခဲ့ပါတယ်။

သူမနဲ့ ဟို့ယွိဟောင်ကြားမှာရှိနေတဲ့ ကျင့်ကြံမှုရဲ့ ကွာခြားချက်က မိုးကောင်းကင်နဲ့မြေပြင်လို ကွာခြားနေခဲ့တာပါ။ ဒါပေမယ့် အခုလိုအချိန်မျိုးမှာ သူကသူ့ရဲ့အားနည်းတဲ့အစွမ်းအစနဲ့တောင် သူမရဲ့မီးလျှံကို ငြိမ်သက်လို့နိုင်ခဲ့ပါတယ်။ ဒါကလဲ တစ်ရက်အတွင်းမှာ အကုန်ရှင်းထုတ်ပေးနိုင်ခဲ့တာပါ။ အဲ့ဒီလိုဖိနှိမ့်မှုပြီတဲ့နောက်မှာ မာရှောင်ထောင့်အနေနဲ့ သူမရဲ့ ကြောက်စရာမီးလျှံအေးခဲနေတာကို မခံစားရပါဘူး။ ဒါက လက္ခာဏာတွေကိုကုသပေးရုံသာဖြစ်ပြီ ပြဿနာရဲ့အရင်းအမြစ်ကို ရှင်းထုတ်နိုင်တာမဟုတ်မှန်း သူသိပေမဲ့ သူမအနေနဲ့ တိုက်ပွဲထဲကိုပြန်၀င်ရောက်လာဖို့အတွက် တစ်လတိတိပြန်လေ့ကျင့်ချိန်ရခဲ့ပါတယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ ဘယ်လိုများလွှတ်မြောက်ခဲ့လဲဆိုတာကို မြင်တွေ့ခဲ့ပြီတဲ့နောက် သူမအနေနဲ့လဲ ဒီကလေးနှစ်ယောက်ကို အထင်မသေးနိုင်တော့မှန်း သိသွားခဲ့ပါတယ်။ အကြီးအကဲရွှမ်လိုမျိုး အတော်ကြီးကို ဂျီများတဲ့အဘိုးကြီးတောင်မှ ဒီကလေးနှစ်ယောက်နဲ့အတူတူ ရှောင်းရှောင်းကို အဖွဲ့ထဲ၀င်ခွင့်ပြုလိုက်ပုံအရ သူတို့ရဲ့ပါရမီကိုသိနိုင်နေခဲ့ပါပြီ။

ဒါကြောင့်သာ ရှောင်းရှောင်းရဲ့ ပထမဆုံးရွေးချယ်မှုက ပေ့ပေ့တို့ ရှုစန်းရှီတို့မဟုတ်ပဲ ဟို့ယွိဟောင်ဖြစ်နေခဲ့တာပါ။ သူမလဲ သူ့ကိုအများကြီးမျှော်လင့်ထားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်အနေနဲ့ သူ့ကိုအံ့အားသင့်စေလိုက်နိုင်ပါပြီ။

ရှီးရှီးနဲ့ ကုန်းယန်မော့တို့နှစ်ယောက်လဲ အတော်ကို ထိတ်လန့်နေခဲ့ကြပါတယ်။ ဒါ့အပြင် စိတ်၀ိညာဥ်ထိတ်လန့်မှုရဲ့ ထွက်ပေါ်လာခဲ့တဲ့ရလဒ်က ထိန်းချုပ်ရေးနဲ့ အထောက်အကူပြုရေးအမျိုးအစားတစ်ခုပါ။ ဒါ့အပြင် လက်ရှိအချိန် ဟို့ယွိဟောင်အသုံးပြုနေခဲ့တဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုက ကင်းထောင့်တဲ့စွမ်းရည်တွေထဲမှာ ထိပ်တန်းကိုရောက်နေခဲ့ပါတယ်။

လေထဲမှာရှိနေခဲ့တဲ့ ကုန်းယန်မော့ကလဲ တခဏတာလန့်သွားခဲ့ပြီ သူ့ရဲ့ အင်အားကိုထုတ်ဖော်တော့တယ်။ သူလဲ ဒီအတန်းငယ်တွေရဲ့နောက်မှာလုံး၀ကို နောက်ကျကျန်ရစ်မနေချင်ခဲ့ပါဘူး။

တောက်ပတဲ့ခုနှစ်ရောင်ခြယ်အလင်းတန်းတွေက ထွက်ပေါ်လို့လာပါတော့တယ်။ ကုန်းယန်မော့ရဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်တစ်ရာ၀ိညာဥ်စက်ကွင်းတွေက တောက်ပလို့လာခဲ့ပါပြီ။ အတောင်ပံကိုခတ်လိုက်ချိန်မှာတော့ အနီရောင်နဲ့ လိမ္မော်ရောင်အလင်းတန်းတွေက သူ့ခန္ဓာကိုယ်အပြင်ကို လွှင့်ထွက်လို့သွားခဲ့ပြီ အောက်မှာရှိရှိသမျှအဖွဲ့သားတွေဆီကို လွှမ်းခြုံလို့သွားပါတော့တယ်။ ချက်ချင်းဆိုသလို ထိတ်လန့်စရာမြင်ကွင်းက ထွက်ပေါ်လို့လာခဲ့ပါပြီ။ မာရှောင်ထောင့်ဦးဆောင်တဲ့ လူခြောက်ယောက်ရဲ့အပေါ်မှာ ကြက်သွေးနီရောင်နဲ့ လိမ္မော်ရောင်အလင်းတန်းတွေက ဖြစ်ပေါ်လို့လာပါတော့တယ်။ သူတို့အနေနဲ့ ကုန်းယန်မော့ရဲ့ အထောက်အပံ့၀ိညာဥ်စွမ်းရည်ကို စတင်ပြီ ခံစားမိပါတယ်။

ပထမဆုံးအနေနဲ့ ရရှိလိုက်တာက စွမ်းအားတိုးတက်မှုပါပဲ။ ဒါက စစ်မှန်တဲ့၀ိညာဥ်စွမ်းအားတိုးတက်မှုပါ။ ဒါ့အပြင် ခန္ဓာကိုယ်စွမ်းအားကလဲ အတော်ကို တိုးတက်လာခဲ့ပါတယ်။ အနီရောင်အလင်းတန်းပေါ်ထွက်လာချိန်မှာ သူတို့ခြောက်ယောက်စလုံးအနေနဲ့ အင်အားတွေတိုးလာတာကို ခံစားမိပါတယ်။ ဒါ့အပြင် ဒီအင်အားတိုးမှုကလဲ ငါးဆယ်ရာခိုင်နှုန်းမက ကြီးမားနေခဲ့ပြီအရှိန်နှုန်းကိုလဲ မြင့်မားလာစေခဲ့တယ်။

ဒါပေမယ့် လိမ္မော်ရောင်၀ိညာဥ်အလင်းတန်းက ပိုပြီးတော့တောင် အံ့အားသင့်စရာကောင်းပါသေးတယ်။ မာရှောင်ထောင့်တို့အဖွဲ့ရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်လာချိန်မှာတော့ သူတို့အနေနဲ့ စွမ်းအားတွေရဲ့အရင်းအမြစ်ဖြစ်လာတဲ့အတိုင်း ခံစားလိုက်မိတယ်။ ဒါ့အပြင် ဒီလိုလေထဲမှာပေါင်းစည်းမူက ပိုပြီးတော့တောင် ကြည်လင်ရှင်းလင်းလာခဲ့ပါပြီ။ သူတို့ရဲ့ခန္ဓာကိုယ်တွေက ပင်လယ်ထဲမှာလွှင့်မျောနေတဲ့ မြစ်တစ်စင်းလိုပါပဲ။ ဒီလောက်အထိ ၀ိညာဥ်စွမ်းအားကို ဖြစ်တင်းပေးနိုင်တဲ့ အထောက်အကူပြုစွမ်းရည်ရှိသေးပါလားဆိုတာကို သူတို့နားလည်သွားလိုက်ပါတော့တယ်။

အဲ့ဒီလိုအဆင့်အတန်းတစ်ခု ရောက်နေခဲ့တဲ့ အထောက်အကူပြုစွမ်းရည်က တစ်ဖွဲ့လုံးရဲ့ပေါက်ကွဲတဲ့စွမ်းအားကို တိုးတက်လာစေခဲ့နိုင်ပါတယ်။ ဒါ့အပြင် အထောက်အကူပြုတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့တိုက်ပွဲမှာ ပါ၀င်နေတဲ့အရေးကြီးဆုံး အသုံး၀င်မှုလဲဖြစ်နေခဲ့တယ်။

လက်ရှိပါ၀င်ယှဥ်ပြိုင်မဲ့အဖွဲ့ရဲ့ အဓိကအဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ကုန်းယန်မော့ရဲ့ ကျင့်ကြံမှုက တွေးကြည့်လို့တောင်ရနေပါပြီ။ သူ့အနေနဲ့ နောက်ဆုံးအဖြစ်ရောက်နေနခဲ့တာက သူ့၀ိညာဥ်စွမ်းအားကြောင့်မဟုတ်ပဲ အထောက်အကူပြု၀ိညာဥ်လက်နက်ပညာရှင်ဖြစ်နေခဲ့ပြီ တိုက်ခိုက်ရေးစွမ်းအားမရှိလို့ပါ။ သူ့လိုလူမျိုးက နောက်ဆုံးဖြစ်တာမဆန်းပါဘူး။

ရိုးရှင်းတဲ့ကျင့်ကြံမှုမှာတော့ သူက မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်ပြီရင်း တတိယပါပဲ။

ဟို့ယွိဟောင်နဲ့ တခြားသူတွေမသိတဲ့အရာကတော့ မာရှောင်ထောင့်အနေနဲ့ သူမရဲ့မီးလျှံကြောင့် ဒီပြိုင်ပွဲကနေတခဏတာ ထွက်ခွာခဲ့ရပြီ ကျောင်းကိုကိုယ်စားမပြုပဲ ရပ်နားခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ အဖွဲ့ရဲ့တိုက်ရိုက်ခေါင်းဆောင်က ထိုက်ယွဲ့ဟန်ဖြစ်ပြီ လက်ထောက်ခေါင်းဆောင်ကတော့ ကုန်းယန်မော့ပါပဲ။

ကုန်းယန်မော့ရဲ့ သိုင်းပညာ၀ိညာဥ်က သက်တံ့ရောင်နဂါးပါ။ ဒါ့အပြင် လက်ရှိအချိန်မှာ တည်ရှိပေမဲ့ အတော်ကိုရှားပါးတဲ့ ၀ိညာဥ်သားရဲကောင်တစ်ကောင်ပါပဲ။ ၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်နဲ့လဲ ယှဥ်လို့ရနိုင်ခဲ့ပါတယ်။

နဂါးမျိုးနွယ်တွေကအရမ်းကို အင်အားကြီးပါတယ်။ သက်တံ့ရောင်နဂါးကလဲ ချွင်းချက်မရှိခဲ့ပါဘူး။ သက်တံ့ရောက်နဂါးပေါ်လာချိန်မှာ သူက အဓိကနဂါးဘုရင်နဲ့ အတူတူ အမြဲတမ်းအပေါင်းအဖော်အဖြစ် တည်ရှိနေခဲ့ပါတယ်။ နဂါးဘုရင်က သက်တံ့ရောင်နဂါးရဲ့ မိတ်ဖက်ဖြစ်တယ်ဆိုတာ ပုံမှန်အနေအထားမှာ မပြောင်းလဲတဲ့ကိစ္စပါပဲ။ ဒါ့အပြင် အထောက်အကူပြုမှုရဲ့အင်အားက ကောင်းမွန်လွန်းလို့သာ ဒီလိုမျိုးပေါင်းစည်းနိုင်တာပါ။

နဂါးမျိုးနွယ်တိုင်းရဲ့ အဖွဲ့၀င်တွေက တိုက်ပွဲမှာအင်အားကြီးတဲ့အစွမ်းအစကို ပိုင်ဆိုင်ထားပါတယ်။ သက်တံ့ရောင်နဂါးကတော့ ချွင်းချက်တစ်ခုပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်အင်အားက မမြင့်မားသလို ကြောက်စရာမွေးရာပါ၀ိညာဥ်စွမ်းရည်လဲမရှိခဲ့ပေမဲ့ မှော်စွမ်းအားကတော့ အမြင့်ဆုံးဖြစ်ပါတယ်။ ဒါကြောင့်သာ မှော်နဂါးလို့လဲ ကျော်ကြားကြတယ်။

ကုန်းယန်မော့ရဲ့ အထောက်အကူပြုတဲ့ ၀ိညာဥ်စွမ်းအားက သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကြောင့် ပိုပြီး အားကောင်းနေခဲ့တာပါ။ အထောက်အကူပြုရေးသိုင်းပညာ၀ိညာဥ်တွေအများကြီးထဲမှာ အသန်မာဆုံးက နင့်ထျန်းပိုင်ဆိုင်ထားတဲ့ ရတနာခုနှစ်သွယ်ဘုံကျောင်းပါပဲ။ ရတနာကိုးပါးအဆင့်ကိုသာ ရောက်ရှိသွားမယ်ဆိုရင် သော့်လော့တွေကိုတောင် ထိတ်လန့်စေတဲ့ အထောက်အကူပြုစွမ်းရည်ကို ပိုင်ဆိုင်ပါတယ်။

ကုန်းယန်မော့ရဲ့ သက်တံ့ရောင်နဂါးကတော့ သားရဲကောင်၀ိညာဥ်တွေထဲမှာ အသန်မာဆုံးလို့ သတ်မှတ်လို့ရနိုင်တယ်။ ဒါ့အပြင် ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်နဲ့လဲ ယှဥ်လို့ရပါတယ်။ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်နဲ့ တူညီတာကတော့သူ့မှာ ကန့်သတ်ချက်တစ်ချို့ ရှိနေခဲ့တာပါပဲ။ အရောင်ခုနှစ်ရောင်အထိကို အောင်မြင်ပြီးသွားပြီဆိုရင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် အရမ်းကို ခက်ခဲသွားပါလိမ့်မယ်။

သက်တံ့ရောင်နဂါးနဲ့ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်နှစ်ခုက ပုံမှန်အနေအထားအရ တစ်ယောက်ချင်းဆီတိုင်း ထူးခြားချက်တွေ ရှိနေခဲ့တယ်။ နားလည်အောင် ပြောရမယ်ဆိုရင် သူတို့ရဲ့ အင်အားတွေကို ခွဲခြားဖို့တောင် ခက်ခဲလွန်းလှပါတယ်။ ဒါကြောင့် ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းပိုင်ဆိုင်ထားတဲ့ ကုန်းယန်မော့အနေနဲ့ အထောက်အပံ့ပြုရေးနယ်မြေမှာ ဘယ်လောက်တောက်သန်မာလဲဆိုတာ တွေးကြည့်လို့တောင် ရနေခဲ့တယ်။ မာရှောင်ထောင့်လဲ သူ့ကိုပထမဆုံးရွေးချယ်လိုက်တာ အဖွဲ့တစ်လုံးကို သုံးဆယ်ရာခိုင်းနှုန်းအထိ အင်အားတိုးစေနိုင်လို့ပါပဲ။ ဒါ့အပြင် မူလအဖွဲ့က လူတစ်ယောက်မရှိတာတောင် သူမအနေနဲ့ သူသာရှိမယ်ဆိုရင် အဲ့ဒီကွာဟချက်ကို ရှင်းထုတ်လို့ရနေပါတယ်။

ဟို့ယွိဟောင်နဲ့ ကုန်းယန်မော့နှစ်ယောက် ထိန်းချုပ်ရေးစွမ်းရည်တွေကို ထုတ်လွှတ်ပြီချိန်မှာ ထိုက်ယွဲ့ဟန်တို့အဖွဲ့ကလဲ သူတို့အစွမ်းအစတွေကို ထုတ်သုံးပါတော့တယ်။

မိုးကောင်းကင်တစ်ခုလုံးကို တုန်လှုပ်စေတဲ့ဟိန်းဟောက်သံကြီးက ထွက်ပေါ်လို့လာခဲ့ပါပြီ။ အဲ့ဒါကတော့ လုံး၀ကို မမှတ်မိနိုင်လောက်အောင် မှိန်ဖျော့နေတဲ့ ယောင်ဟောက်ရွှမ်ရဲ့ လှုပ်ရှားမှုပါပဲ။ သူ့ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ခြေထောက်ဆောင့်လိုက်ချိန်မှာ ဒီလိုအသံတွေ ထွက်ပေါ်လာခဲ့တာပါ။

မြေနဂါးကြီးတစ်ကောင် ခြေထောက်မြောက်လိုက်တဲ့အတိုင်း သူ့ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်က ဒီလောက်ကြောက်စရာကောင်းတဲ့အစွမ်းအစကို ဘယ်လိုထုတ်လွှတ်နိုင်လဲဆိုတာ တွေးကြည့်ဖို့တောင် ခက်နေခဲ့ပါတယ်။

အဲ့ဒီနောက် သူ့ခြေထောက်ရဲ့ ကြောက်စရာစွမ်းအားကို ငှားရမ်းရင်းလေပေါ်ကို တက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ ၀ိညာဥ်ပညာရှင်တွေ တိုက်ခိုက်ချိန်မှာ ဘယ်တုန်းကမှ မကြုံတွေ့ဖူးတဲ့မြင်ကွင်းကို သူကြုံတွေ့ရပါပြီ။

ယောင်ဟောက်ရွှမ်ရဲ့ သေးငယ်တဲ့ခန္ဓာကိုယ်က လေထဲမှာအက်ကွဲစေတဲ့အသံတွေကို ထုတ်လွှတ်လို့နေခဲ့ရင်း သူ့ရဲ့ကျောင်း၀တ်စုံကို အပိုင်းပိုင်းအစစဖြစ်အောင် ဆုတ်ဖြဲလိုက်ပါတော့တယ်။ ဘာဖြစ်နေမှာကိုသိတဲ့အတိုင်း သူ့ရဲ့ကျောင်း၀တ်ရုံအောက်မှာ ရွှေရောင်နဲ့အနက်ရောင်စပ်ထားတဲ့၀တ်စုံကို၀တ်ဆင်ထားခဲ့တယ်။ ၀တ်စုံကလဲ အတော်ကို ကျုံ့နိုင်ဆန့်နိုင်ကောင်းပါတယ်။ သူ့ခန္ဓာကိုယ်ရုတ်တရက်ကြီးမားလာတာတောင် ဘယ်လိုပေါက်ကွဲမဲ့ပုံစံမပြခဲ့ပါဘူး။

သားရဲကောင်၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်တွေအနေနဲ့ သူတို့ရဲ့၀ိညာဥ်တွေကို အသက်သွင်းချိန်မှာ အပြောင်းအလဲတချို့ကို ကြုံတွေ့ရပါတယ်။ ဥပမာအားဖြင့် မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့ပါပဲ။ ဒါပေမယ့် ဟို့ယွိဟောင်မြင်ဖူးသမျှ ၀ိညာဥ်ပညာရှင်တွေထဲမှာ ခန္ဓာကိုယ်အရွယ်အစားကိုနှစ်ဆလောက်အထိ ကြီးအောင်လုပ်နိုင်တဲ့သူတွေသာ မြင်ခဲ့ဖူးတာပါ။ လက်ရှိအချိန်မှာ ယောင်ဟောက်ရွှမ်ကတော့ လုံး၀ကို သူနားလည်ထားသမျှအရာအားလုံးပြောင်းပြန်လှန်းသွားတဲ့အထိ ပြောင်းလဲပြစ်လိုက်ပါတော့တယ်။ သူ့ခန္ဓာကိုယ်ကြီးက လေထဲမှာ ခြေလက်လေးဖက်စလုံး ကြီးမားလာရုံတင်မက ကြွက်သားတွေလဲ ဖုထစ်လို့လာခဲ့သလို မျက်တောင်တစ်ခတ်အတွင်းမှာပဲ အရမ်းကိုကြီးမားတဲ့သတ္တ၀ါအဖြစ် ပြောင်းလဲသွားပါတော့တယ်။ သူ့ကြွက်သားတွေရဲ့ အစိတ်အပိုင်းတစ်ခုချင်းဆီတိုင်းက တင်းထွက်လို့နေခဲ့ပြီ အရေပြားမျက်နှာပြင်ကလဲ သရေပြားလိုအရာတွေနဲ့ ဖုံးလွှမ်းလို့နေပါတော့တယ်။ တစ်ကိုယ်လုံးက သတ္ထုလိုအရောင်တွေတောက်ပနေခဲ့ပြီ မျက်လုံးကလဲ အစိမ်းရင့်ရောင်ဖြစ်သွားခဲ့ပါတယ်။ လင်းလော့ချန်လောက်တောင် အရပ်မရှည်တဲ့ ယောင်ဟောက်ရွှမ်က လက်ရှိအချိန်မှာ လေးမီတာကျော်မြင့်မားတဲ့သတ္တ၀ါအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဟုတ်ပါတယ် လေးမီတာပါ သာမန်လူတွေမရောက်ရှိနိုင်တဲ့ အရပ်ပါပဲ။

ဒါ့အပြင် သူပုခုံးကြီးတွေက သုံးမီတာလောက် ကျယ်၀န်းနေခဲ့ပြီ ပြုတ်ကျလာချိန်မှာ အက်ကွဲကြမ်းရှတဲ့အသံကြီးတွေကိုလဲ ထုတ်လွှတ်လို့နေခဲ့ပါသေးတယ်။ သူ့ရဲ့ရင်ဘတ်ကို လက်သီးကြီးတွေနဲ့ ရိုက်ခတ်လို့နေခဲ့ရင်း အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းက တောက်ပလို့လာခဲ့ပါပြီ။

ဆက်တိုက်ထုတ်ဖော်နေခဲ့တဲ့ အသံကြီးတွေအောက်မှာ အ၀ါရောင်၀ိညာဥ်စက်ကွင်းတွေက ယောင်ဟောက်ရွှမ်ရဲ့ခန္ဓာကိုယ်ပေါ်ရောက်ရှိလာနေတာကို မြင်တွေ့လိုက်ရပါတော့တယ်။ ပြိုင်ဘက်အဖွဲ့ရဲ့ လူတွေအားလုံးကလဲ အ၀ါရောင်အလင်းတန်းတွေအောက်မှာ ရောက်ရှိလို့သွားပြီတဲ့နောက် သူတို့ရဲ့ခန္ဓာကိုယ်အရှိန်အ၀ါတွေက ပိုမိုအားကောင်းလို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်တို့အဖွဲ့အနေနဲ့လဲ ဒီအသံကြီးတွေကိုကြားချိန်မှာ မူးဝေလာပါတော့တယ်။

ယောင်ဟောက်ရွှမ်က အထောက်အပံ့ပြုရေးနဲ့ ထိန်းချုပ်တဲ့အမျိုးအစား၀ိညာဥ်ပညာရှင်ပါပဲ။ သူပိုင်ဆိုင်ထားတာ ဘာ၀ိညာဥ်မျိုးလဲ ကုန်းယန်မော့ထွက်ပေါ်လာပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့ လုံး၀မမှတ်မိတဲ့ သိုင်းပညာ၀ိညာဥ်ကို နောက်ထပ် ထပ်မံတွေ့ကြုံလိုက်ရတာပါ။

ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေက တိုက်ပွဲစစချင်ထဲမှာ ပထမဆုံးလှုပ်ရှားပါတယ်။ ရန်သူကိုထိန်းချုပ်တာမဟုတ်ပဲ ကိုယ့်ရဲ့အဖွဲ့သားတွေကို ထိန်းချုပ်တာပါ။ ထိန်းချုပ်ရေးအမျိုးအစားတွေက တိုက်ပွဲရဲ့အမိန့်ပေးသူတွေလို့ လူသိများပါတယ်။ ဒါကြောင့်သာ ယောင်ဟောက်ရွှမ်အနေနဲ့ ထိုက်ယွဲ့ဟန်ရဲ့အဖွဲ့မှာ တစ်ယောက်ထဲလှုပ်ရှားတာမဟုတ်ပဲ လင်းလော့ချန်နဲ့ ရှောင်းရှောင်းတို့ကပါ လှုပ်ရှားတော့တာပါ။

အပိုင်း ၆၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset