အပိုင်း ၆၅•၁
” မိစ္ဆာခုနှစ်ဖော်ကြားက ရောနှောတိုက်ပွဲ ”
°°°
ထိုက်ယွဲ့ဟန်က မာရှောင်ထောင့်ကိုကြည့်ရင်း ခပ်တိုးတိုးပြောလိုက်တယ်။
” ချန်ကျစ်ဖုန်းနဲ့ ရှုစန်းရှီ ”
သူတို့နှစ်ယောက်ကလဲ ချက်ချင်းဆိုသလို ထိုက်ယွဲ့ဟန်အနားကို ရောက်လာခဲ့ပါပြီ။
မာရှောင်ထောင့်က ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ကို ချလိုက်ပါတယ်။
” ရှီးရှီးနဲ့ ပေ့ပေ့ ”
သူမပြောလိုက်ချိန်မှာ ဟို့ယွိဟောင်တောင် ထပြီရယ်တော့မတတ် ဖြစ်သွားခဲ့ပါတယ်။ ရှီးနဲ့ပေ့ဆိုတဲ့ စကားနှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင် သေချာပေါက် မကောင်းတဲ့ကုန်ပစ္စည်းအတုတွေဆိုတဲ့စကားကိုဖြစ်ပေါ်လာနိုင်စေမလား။
ပေ့ပေ့ကလဲ ဒီကိစ္စကိုတွေးတဲ့ပုံပေါ်ပါတယ်။ ဒါပေမယ့် သူ့မျက်နှာအမူအရာကတော့ ထူးဆန်းနေခဲ့တယ်။ သူရယ်ချင်ပေမဲ့ အရမ်းကိုတောင့်ခံထားခဲ့တာပါ။
ထိုက်ယွဲ့ဟန်က ဆက်ပြီးပြောပါတယ်။
” လင်းလော့ချန်နဲ့ ယောင်ဟောက်ရွှမ် ”
သူကလူသုံးယောက်ကို ဆက်တိုက်ရွေးချယ်နိုင်ပါတယ်။ မာရှောင်ထောင့်က နှစ်ယောက်ကိုရွေးချယ်ပြီဖြစ်တာကြောင့် ကျန်ရစ်တဲ့သူတွေကို အမြန်ဆုံးရွေးချယ်တာက အကောင်းဆုံးပါ။ သူတို့အဖွဲ့အနေနဲ့လဲ ၀ိညာဥ်ဘုရင်တွေရှိနေမယ်ဆိုရင် သန်မာနိုင်ပါတယ်။ အထူးသဖြင့်ပြိုင်ဘက်တွေက အတွင်းနယ်မြေရဲ့လူတွေဖြစ်နေရင်ပေါ့။
မာရှောင်ထောင့်ကတော့ နောက်ထပ်လူနှစ်ယောက်ကိုရွေးချယ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာ သူမအနေနဲ့ အပြင်နယ်မြေကလူတွေကို အဓိကရွေးချယ်တယ်။
” ဟယ့်ချိုက်ထို့နဲ့ ၀မ်သုန့် ”
နှစ်ဖက်စလုံးက ရွေးချယ်တာပြီးသွားခဲ့ပါပြီ။ အဆုံးသတ်မှာ ကျန်းနန်နန်နဲ့ ရှောင်းရှောင်းနှစ်ယောက်ကတော့ ထိုက်ယွဲ့ဟန်ဘက်ကို ရောက်သွားပါတော့တယ်။ သူတို့က ကျန်ရစ်တဲ့သူတွေပါပဲ။ မာရှောင်ထောင့်ဘက်မှာကတော့ ကုန်းယန်မော့ ဟို့ယွိဟောင် ရှီးရှီး ပေ့ပေ့ ဟယ့်ချိုက်ထို့နဲ့ ၀မ်သုန့်တို့ရှိနေခဲ့ပါတယ်။ တခြားတစ်ဖက်မှာ ထိုက်ယွဲ့ဟန်ရဲ့ရွေးချယ်မှုကတော့ ချန်ကျစ်ဖုန်း လင်းလော့ချန် ရှုစန်းရှီ ကျန်းနန်နန်နဲ့ ရှောင်းရှောင်းတို့ပါ။
လူခုနှစ်ယောက်ဆီရှိပေမဲ့ နှစ်ဖွဲ့စလုံးကတော့ ပြိုကွဲသွားခဲ့ပါပြီ။
မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့ရဲ့ ဦးဆောင်တဲ့အဖွဲ့တွေက တစ်ယောက်ကိုတစ်ယောက်ပိုမိုနားလည်သွားဖို့ပါပဲ။ ပြိုင်ပွဲက နှစ်ဖက်စလုံးအနေနဲ့ ပြင်းပြင်းထန်ထန် ယှဥ်ပြိုင်ရမဲ့ပြိုင်ပွဲတွေပါ။ ဒါ့အပြင် သူတို့အဖွဲ့သားတွေရဲ့ အရည်အချင်းကို စမ်းသပ်ဖို့သာအဓိကအချက်ပါပဲ။ အဖွဲ့တွေရဲ့တိုက်ပွဲမှာ မတူညီရတဲ့အစွမ်းအစတွေကို ဆက်တိုက်ထုတ်ဖော်ပြသမှာပါ။
အကြီးအကဲရွှမ်ကတော့ သူ့ရဲ့အရက်ဗူးကြီးကို ပိုက်ထားရင်းရယ်မောနေခဲ့ပါတယ်။ အဲ့ဒီနောက် သူပြောလိုက်တယ်။
” အရမ်းကောင်းတာပဲ မင်းတို့တွေရွေးချယ်ပြီးပြီဆိုတော့ အစီအစဥ်ဆွဲဖို့ ဆယ့်မိနစ်ပေးမယ်…ဆယ့်မိနစ်ပြီရင်းပြိုင်ပွဲစတော့ ရှုံးတဲ့သူက ကောင်းပြီလေ ဒီစကားတစ်ခွန်းကိုအော်ရမယ်..ငါက၀က်ပါ ဒါဆိုရင်ရပြီ ”
ဒီလိုထူးဆန်းတဲ့အပြစ်ပေးမှုက ၀မ်သုန့်ကိုထပြီအော်ရယ်စေခဲ့ပါတော့တယ်။ အခုအချိန် နှစ်ဖက်မှာလူခုနှစ်ယောက်ဆီ ရှိနေခဲ့တာပါ။ ဒါကြောင့် နှစ်ဖက်အကွာအဝေးကလဲ အေးအေးဆေးဆေးရှိနေခဲ့ပါသေးတယ်။
ကုန်းယန်မော့က မာရှောင်ထောင့်ကို ခပ်တိုးတိုးပြောလိုက်တယ်။
” ရှောင်ထောင့် မင်းဘာဖြစ်လို့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်ကို မရွေးချယ်တာလဲ ရှီးရှီးကို ထည့်လို့မရဘူးလို့ငါပြောခဲ့တယ်မလား အကယ်၍ မင်းသာ အဖွဲ့ထဲမှာထိန်းချုပ်ရေးပညာရှင်ရှိမနေဘူးဆိုရင် သေချာပေါက် ပြဿနာအကြီးကြီးတက်သွားနိုင်တယ်နော် ငါတို့တွေ ဒီအတိုင်းထိုးဖောက်နေရုံနဲ့မှမရတာ လင်းလော့ချန်နဲ့ ယောင်ဟောက်ရွှမ် နှစ်ယောက်ပေါင်းစည်းလိုက်မယ်ဆိုရင် ထိန်းချုပ်ရေးထဲမှာဘယ်လောက်အစွမ်းထက်သွားမလဲဆိုတာ မင်းကိုရှင်းရှင်းလင်းလင်း ပြောပြီသားပဲ ငါကထိန်းချုပ်တဲ့ဥစ္စာကို အပေါ်ယံလေးလောက်ပဲလုပ်နိုင်တာ စစ်မှန်တဲ့ထိန်းချုပ်ရေးပညာရှင်မဟုတ်ဘူးလေ ”
မာရှောင်ထောင့်က သူ့ကိုမျက်စောင်းထိုးလိုက်ပါတယ်။
” ဘာလုပ်ရမလဲဆိုတာကို နင်ငါ့ကိုသင်ပေးဖို့လိုလို့လား နင်အခုပြိုင်ပွဲစတာနဲ့ လူတိုင်းကို ထောက်ပံ့ဖို့သာလုပ် ထိုက်ယွဲ့ဟန်ကို ငါရှင်းလိုက်မယ်..ဒါပေမယ့် သူ့ကိုငါအချိန်တိုလေးအတွင်း သေချာရှင်းထုတ်နိုင်တယ်..ကျန်တဲ့ကိစ္စတွေကိုတော့ ငါကူညီပေးမယ်…ရှီးရှီး ချန်ကျစ်ဖုန်းကိုတော့ မင်းလက်ထဲအပ်ရမှာပဲ ”
ရှီးရှီးက မျက်မှောင်ကြုတ်လိုက်တယ်။
” ငါလင်းလော့ချန်ကို အရင်ဆုံးရှင်းသင့်တာမဟုတ်ဘူးလား ”
” လင်းလော့ချန်ရဲ့ဘေးမှာ ယောင်ဟောက်ရွှမ် ရှိနေမယ်..ယောင်ဟောက်ရွှမ်ရဲ့ အရည်အချင်းက နင့်ကိုတားဆီးနိုင်တာကြောင့် သေချာပေါက် သူ့ကိုသွားရှင်းလို့မရဘူး..စိတ်လျှော့ထား ငါ့မှာအစီအစဥ်ရှိတယ်..ပေ့ပေ့ ရှီးရှီးနောက်ကို အချိန်ကြရင်းလိုက်သွားလိုက် မင်းတို့နှစ်ယောက်ရဲ့ လျှပ်စီးစွမ်းရည်တွေက တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီနေလိမ့်မယ်..ချန်ကျစ်ဖုန်းကို အမြန်ဆုံးရှင်းထုတ်ပြစ် ပြီးမှသာတခြားသူတွေကိုကူဖို့စဥ်းစား ဒီအဖွဲ့နှစ်ဖွဲ့ကို ငါတို့က ရောပြစ်လိုက်ပြီဆိုမှတော့ သေချာပေါက် ဖြစ်လာမဲ့တိုက်ပွဲတွေအကြောင်း အများကြီးစဥ်းစားလို့ရမှာမဟုတ်ဘူး..တစ်ယောက်ချင်းဆီရဲ့တိုက်ပွဲက အဓိကဖြစ်လိမ့်မယ်..ချိုက်ထို့ အပြင်နယ်မြေရဲ့ ကျောင်းသားတွေထဲမှာ နင်ကပါရမီရှိတာကို ငါသိတယ်…ဒါကြောင့် လုံး၀အင်အားကိုချွင်းချန်မထားရဘူး..တတ်နိုင်သလောက် ပေါက်ကွဲတဲ့အစွမ်းအစတွေအကုန်လုံးကို ထုတ်သုံးပြီတိုက်ခိုက် ”
” ကောင်းပါပြီ ”
ဟယ့်ချိုက်ထို့ကပြောလိုက်ပါတယ်။ အဲ့ဒီနောက်မှသာ ဟို့ယွိဟောင်ဘက်ကို သူမလှည့်လာခဲ့တယ်။ သူမရဲ့မျက်နှာအမူအရာက ထူးထူးဆန်းဆန်းကြီးရှိနေခဲ့ပြီ ရယ်မောလိုက်ပါတယ်။
” ရှောင်ယွိဟောင် ဒီအစ်မကြီးက မင်းကိုဒီလိုရွေးချယ်ခဲ့တာ ငါတို့ခင်လို့မဟုတ်ဘူး…အကြီးအကဲရွှမ်က ငါ့ကိုစစချင်ကထဲက လူနှစ်ယောက်ပဲ ရွေးခိုင်းတာကြောင့် ငါတို့တွေဒီပြိုင်ပွဲကိုနိုင်နိုင်မလား မနိုင်နိုင်လားဘူးဆိုတော့ မင်းအပေါ်ပဲအဓိကမူတည်နေလိမ့်မယ်..ဒါကြောင့် အစွမ်းကုန်ကြိုးစားမှဖြစ်မယ်…မင်းနဲ့၀မ်သုန့် နှစ်ယောက်စလုံး တိုက်ပွဲထဲမှာ စိတ်ကြိုက်သာလုပ်ဖို့ငါအခွင့်အာဏာအကုန်ပေးတယ်…မင်းတို့တွေဘယ်လောက်သွားနိုင်လဲဆိုတာ ငါ့ကိုထုတ်ပြ ဒါ့အပြင် အဖွဲ့တစ်ခုလုံးရဲ့ထိန်းချုပ်မှုကို မင်းလက်ထဲပဲအပ်လိုက်မယ်…မင်းကပြိုင်ဘက်တွေကို မထိန်းချုပ်နိုင်ပေမဲ့ မင်းရဲ့အဖွဲ့ကလူတွေကိုတော့ ထိန်းချုပ်နိုင်တယ်..လုပ်နိုင်တယ်မလား ”
ဟို့ယွိဟောင်အနေနဲ့လဲ မာရှောင်ထောင့်မျက်လုံးထဲက အကြည့်ကိုမြင်ချိန်မှာ ပုခုံးတွန့်သွားပါတော့တယ်။ ဒါကြောင့်လဲ သူရွေးချယ်စရာမရှိတော့ပဲ ခေါင်းညိတ်လိုက်ရတယ်။
” ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ် ”
” သေချာပေါက် အကောင်းဆုံးကြိုးစားရမှာပေါ့ ငါတို့တွေနိုင်ကိုနိုင်မှဖြစ်မယ်..ဒီအဘွားကို အပြစ်ပေးတဲ့စကားလုံးအော်ရအောင် လုပ်နိုင်မယ်ဆိုရင် သေချာပေါက် ဖြစ်လာမဲ့ကိစ္စတွေနဲ့ ကြိုပြင်ဆင်ထားပေးရော ”
သူပြောပြီတာနဲ့ ကျောဆန့်ရင်း ဟို့ယွိဟောင်ကို ခေါင်းခေါက်ဖို့ပြင်လိုက်ပါတော့တယ်။ သူမရဲ့အငွေ့အသက်တွေက တောက်ပလို့လာချိန်မှာ ပိုပြီးပူပြင်းမှုတွေပါ ထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် အဝေးမှာရှိတဲ့ပြိုင်ဘက်တွေကို ကြည့်လိုက်ပါတယ်။
” ဒီထိုက်ယွဲ့ဟန်က ငါ့အဖွဲ့ကိုပြန်လာပြီဦးဆောင်တာ မကျေမနပ်ဖြစ်နေတယ်မဟုတ်လား..ဒီအဘွားကြီး နင်ကျေနပ်သွားတဲ့အထိ ရိုက်ပေးရတာပေါ ”
” အစ်မကြီးရှောင်ထောင့် ကျွန်တော်မေးစရာရှိတယ်. ”
၀မ်သုန့်က ရုတ်တရက်ပြောလာခဲ့ပါတယ်။
” ဘာမေးခွန်းမေးမလို့လဲ ”
” ၀ိညာဥ်လက်နက်တည်ဆောက်ရေးဌာနရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ထဲမှာ ပါကိုပါမှဖြစ်မယ်လို့ကြားသိရတယ်..ဒါပေမယ့် အစ်မကြီးတို့ထဲမှာတော့ မရှိပါလား ”
” ငါတို့မူလတုန်းကတစ်ယောက်ရှိတယ်..ဒါပေမယ့် ငါပြန်လာပြီတဲ့နောက် သူ့ကိုထုတ်ပယ်လိုက်တယ်..တစ်ချိန်ထဲမှာ ဒီအဖွဲ့ကမှ ဘယ်သူက နေရာအတိအကျမနေနိုင်ဘူးလေ အကယ်၍ ငါတို့အနေနဲ့ တစ်ယောက်ကိုထုတ်လိုက်ပြီ ၀ိညာဥ်လက်နက်ပညာရှင်မရှိတဲ့ကိစ္စကို ဖြေရှင်းလိုက်ရတာပဲ ”
ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့တို့က ဒါကိုကြားကြပါတယ်။ မာရှောင်ထောင့်အနေနဲ့ တမင်တကာပြောတာမဟုတ်ပေမဲ့ သူတို့ကြားမှာ ၀ိညာဥ်လက်နက်တည်ဆောက်ရေးဌာနရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်းသိသွားစေခဲ့တယ်။
ဆယ့်မိနစ်ကတော့ အမြန်လေးပြန်ပြည့်သွားခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်အနေနဲ့ သူဖက်မှာပြင်ဆင်မှုလုပ်ခဲ့တယ်။ နှစ်ဖက်စလုံးကတော့ မျက်နှာချင်ဆိုင်လိုက်ပါပြီ။
အကြီးအကဲရွှမ်ရဲ့အသံက ထွက်ပေါ်လို့လာပါတော့တယ်။
” အခုအချိန်ကစပြီ မင်းတို့က ကျောင်းသားတွေမဟုတ်ဘူး…ရန်သူတွေပဲ မင်းတို့တွေ၀က်မဖြစ်စေချင်ရင်း သေချာပေါက် အဆုံးစွန်းအထိတိုက်ခိုက်ကြ ဒါလဲငါပြောစရာမလိုတော့ပါဘူး…လုံး၀မညှာတာကြနဲ့ စပြီတိုက်ခိုက်ကြတော့ ”
နှစ်ဖက်စလုံးကတော့ တစ်ဖက်နဲ့တစ်ဖက် အတော်လေး ဝေးကွာနေဆဲပါ။ သူစတင်ပြီအော်လိုက်ချိန်မှာပဲ ဆက်တိုက်လှုပ်ရှားကြပါတော့တယ်။
မာရှောင်ထောင့်က အရင်ဆုံးပြေးထွက်လို့သွားခဲ့တယ်။ သူ့မရဲ့ခြေထောက်တွေ မြေပြင်နဲ့ထိမိပြီးတဲ့နောက် မြားတစ်စင်းလိုမျိုးလျှပ်စီးလက်သလို အရှေ့ကိုပြေးထွက်လို့သွားခဲ့ပြီ မီးလျှံလိုငှက်မွှေးတွေကလဲ ချက်ချင်းပေါ်ထွက်လို့လာခဲ့ပြီ သူ့ရဲ့မျက်၀န်းထဲမှာ ကြောက်စရာအလင်းတန်းက တောက်ပလာပါတော့တယ်။ သန်မာတဲ့အနီရောင်မီးတောက်တွေက လျှပ်စီးလက်သလိုမျိုး နယ်မြေတစ်ခွင်လုံးကို ပြန့်နှံ့လို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ မာရှောင်ထောင့်တိုက်ခိုက်ချိန်မှာ ဘယ်လောက်ကြမ်းတမ်းလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီသားဖြစ်ပါတယ်။ သူ့မရဲ့မီးလျှံတွေကိုမြင်ချိန်မှာ သူတို့တွေလဲ ချက်ချင်းဆိုသလို စိတ်ဓာတ်တက်ကြွလာပါတော့တယ်။ နောက်ဆုံးမှာ မာရှောင်ထောင့်နဲ့အတူတူ တိုက်ခိုက်ရမယ်လို့ တွေးတောင်မတွေးမိခဲ့ပါဘူး။
ဒါပေမယ့် မာရှောင်ထောင့်ရဲ့ ပြိုင်ဘက်ကလဲ ထိုက်ယွဲ့ဟန်တို့အဖွဲ့ဖြစ်နေခဲ့ပါတယ်။ ရလဒ်အနေနဲ့ သူမက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို ကာကွယ်ချိန်တုန်းကလောက် မကြမ်းတမ်းနိုင်တာအမှန်ပါ။ သူမအနေနဲ့ အရှိန်နှုန်းကို တမင်တကာထိန်းချုပ်လို့ထားခဲ့ပြီ သူမအဖွဲ့သားတွေနဲ့အတူတူ တိုက်ခိုက်ဖို့အတွက် ထိန်းထားခဲ့ပါတယ်။
ရှီးရှီးကလဲ မာရှောင်ထောင့်နဲ့အတူ လှုပ်ရှားခဲ့တယ်။ အပြင်နယ်မြေကျောင်းသားတွေမျှော်လင့်ထားတာထက် အများကြီးပိုပြီး မြန်ဆန်နေခဲ့ရုံတင်မက မာရှောင်ထောင့်ထက်တောင် သူက မြန်ဆန်းနေခဲ့တာပါ။ မျက်တောင်တစ်ခတ်အတွင်းမှာ မာရှောင်ထောင့်ဘေးကိုရောက်သွားပါတော့တယ်။ ဒါ့အပြင် သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလဲ မာရှောင်ထောင့်မီးတောက်တွေနဲ့ ပေါင်းစည်းလို့သွားခဲ့ပါပြီ။ သူမ ပျောက်ကွယ်လို့သွားချိန်မှာ မာရှောင်ထောင့်ရဲ့ မီးလျှံတွေက အရင်ထက်ပိုပြီး အေးစက်လို့သွားပါတော့တယ်။
ကြောက်စရာကောင်းလောက်အောင် လှပတဲ့အတောင်ပံတွေကလဲ စစ်မြေပြင်ထဲမှာ ပေါ်လာခဲ့ပါပြီ။ ဒါကတော့ ၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ပါပဲ။ ၀မ်သုန့်က မတိုက်ခိုက်ခဲ့သလို မပျံသန်းခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့လက်ကိုဆုပ်ကိုင်ထားခဲ့ရင်း သူအတောင်ပံတွေရဲ့အကူအညီနဲ့ အရှေ့ကိုပြေးထွက်လို့သွားခဲ့ပါတယ်။
နောက်ထပ် ထွက်ပေါ်လာခဲ့တဲ့အတောင်ပံတစ်စုံကလဲ နောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့အလှတရားကို မဆုံးရှုံးခဲ့ပါဘူး။ တခြားသူရဲ့ အတောင်ပံတွေက ငှက်မွှေးတွေလိုမျိုး အတောင်ပံတွေပိုင်ဆိုင်လို့ထားခဲ့ပြီ သက်တံ့ရောင်ရောင်စဥ်တွေလဲ တောက်ပလို့နေခဲ့ပါတယ်။ အနီရောင်ငှက်မွှေးတွေက စတင်လာခဲ့ပြီ နောက်ဆုံးမှာတော့ ခရမ်းရောင်ငှက်မွှေးနဲ့အဆုံးသတ်လို့သွားခဲ့တယ်။ အနီ လိမ္မော် အစိမ်း အ၀ါ အပြာ အမဲ ခရမ်းဆိုတဲ့ ဒီအရောင်ခုနှစ်ရောင်က အလင်းတန်းတွေနဲ့အတူ တောက်ပလို့နေခဲ့ပါပြီ။ သူပျံသန်းလာချိန်မှာတော့ သက်တံ့တစ်စင်းက ကောင်းကင်ပေါ်မှာထွက်ပေါ်လာခဲ့ပါတော့တယ်။ ဒီအတောင်ပံပိုင်ရှင်ကတော့ ကုန်းယန်မော့ပါ။ လက်ရှိအချိန်မှာ သူ့ရဲ့ ဆံပင်ရှည်တွေကလဲ သက်တံ့ရောင်ပြောင်းလဲလို့သွားပါတော့တယ်။ အရေပြားနဲ့ အဖြူရောင်အကြေးခွံတွေက ပေါ်လာခဲ့ပါပြီ။ သူကကြီးမားတဲ့အရောင်စုံငှက်ကြီးတစ်ကောင်ဖြစ်သွားသလိုပါပဲ။ သူနဲ့ ငှက်ကြားမှာကွာခြားချက်ကတော့ သူ့ရဲ့ခြေထောက်တွေပါ။ သူ့ခြေထောက်တွေကလဲ အရင်ကထက်ပိုပြီး တုတ်လာခဲ့သလို ခြေချင်း၀တ်မှာလဲအကြေးခွံတွေ ပေါ်လာခဲ့ပါတယ်။ ဒါကသူ့ရဲ့ သိုင်းပညာ၀ိညာဥ်လား အပြင်နယ်မြေရဲ့တပည့်သားတွေအနေနဲ့ သိုင်းပညာ၀ိညာဥ်တွေ အများကြီးအကြောင်းကို သင်ကြားပြီးသားဖြစ်တာတောင် ကုန်းယန်မော့ရဲ့သိုင်းပညာ၀ိညာဥ်ပုံစံကို မမြင်ဖူးသလို ကြားလဲမကြားဖူးပါဘူး။ ဒါကြောင့် ရှားပါးမှုကို သူတို့နားလည်နိုင်ပါတယ်။
ဟယ့်ချိုက်ထို့က မမြန်ဆန်ပေမဲ့ သူက အဆင့်လေး၀ိညာဥ်လက်နက်ပညာရှင်တစ်ယောက်ပါ။ သူ့ရဲ့ကျောပေါ်မှာ အလင်းတန်းတွေက ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ဒါ့အပြင် သူက ပေ့ပေ့ကိုပါ ဆွဲခေါ်လို့သွားခဲ့ရင်း မာရှောင်ထောင့်ကိုအမီလိုက်လာခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာ သူတို့ရဲ့ဗျူဟာကတော့ နဂိုအတိုင်းပဲဖြစ်ပါတယ်။ ကုန်းယန်မော့က ကောင်းကင်မှာပျံသန်းလို့နေခဲ့ပြီ မာရှောင်ထောင့် ရှီးရှီး ပေ့ပေ့ ဟယ့်ချိုက်ထို့က အရှေ့တန်းမှာရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကတော့ အနောက်မှာပါ။
တခြားတစ်ဖက်ထိုက်ယွဲ့ဟန်တို့အဖွဲ့ကလဲ အတူတူပါပဲ။ ထိုက်ယွဲ့ဟန်က အပေါ်မှာဦးဆောင်နေခဲ့ပြီ သူ့ရဲ့ကျားဖြူသိုင်းပညာ၀ိညာဥ်ကို ထုတ်ဖော်လို့နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့မျက်၀န်းထဲမှာတော့ မြေအောက်ငရဲပုံစံနဲ့ အငွေ့အသက်က တောက်ပလို့နေခဲ့ပြီ။ ပြင်းပြတဲ့တိုက်ခိုက်လိုစိတ်တွေက ထွက်ပေါ်လို့နေခဲ့တယ်။
ချန်ကျစ်ဖုန်းကတော့ သူ့ရဲ့ဘယ်ဘက်မှာဖြစ်ပြီ ရှုစန်းရှီကတော့ သူ့ရဲ့ညာဘက်မှာပါ။ ကျန်းနန်နန်ကတော့ ထိုက်ယွဲ့ဟန်ရဲ့အနောက်မှာ ရှိနေခဲ့ပါတယ်။ ထိန်းချုပ်ရေးအမျိုးအစား ၀ိညာဥ်ပညာရှင်သုံးယောက်ကတော့ အနောက်ဖက်မှာလိုက်လာခဲ့တယ်။
လင်းလော့ချန် ယောင်ဟောက်ရွှမ် ရှောင်းရှောင်းတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ဘေးချင်ယှဥ်လျက်ရပ်နေခဲ့တာပါ။ ဒီသုံးယောက်ကလဲ သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်ထားပါတယ်။ ခုနှစ်ယောက်ကတော့ သုံးယောက်သုံးယောက်ဆီ ယှဥ်ပြိုင်ဖို့အတွက် ဆုံးဖြတ်လို့ထားခဲ့ပြီ။
ခုနှစ်ယောက် ခုနှစ်ယောက်ချင်ပြိုင်ပွဲက စတင်ပါတော့မယ်။
စစ်မြေပြင်ထဲမှာရှိရှိသမျှ လူတွေကြားမှာ အဓိကအာရုံစိုက်ခံရတဲ့သူက ၀ိညာဥ်ဧကရာဇ်တစ်ယောက်မဟုတ်ခဲ့ပါဘူး။ ဟို့ယွိဟောင်ပါပဲ သူ့ရဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းက အတော်လေးကို အံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။
ကုန်းယန်မော့အနေနဲ့ ဟို့ယွိဟောင်ရဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းတွေကို ကောင်းကင်ကနေမြင်လိုက်ချိန်မှာ သူပြုတ်ကျမတတ်တောင်ဖြစ်သွားခဲ့တယ်။ ကျောင်းတော်အနေနဲ့ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိတဲ့ကျောင်းသားတစ်ယောက်ကိုဘယ်လိုများ အတန်းအောင်ခွင့်ပေးလိုက်လဲဆိုတာနဲ့ အဓိကအတွင်းတပည့်သားဖြစ်လာဖို့ခွင့်ပေးလိုက်လဲဆိုတာ သူမေးခွန်းထုတ်ချင်နေခဲ့တယ်။ အကယ်၍ ဒါတောင်မလုံလောက်သေးဘူးဆိုရင် ဒီကျောင်းသားက ဘာကြောင့်များအမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော်ထဲအထိတောင် ရောက်လာနိုင်ရတာလဲ။ ဒါ့အပြင် မာရှောင်ထောင့်အနေနဲ့လဲ သူ့ကိုအတော်ကြီး တန်ဖိုးထားတဲ့ပုံပေါ်ပါတယ်။
အပိုင်း ၆၅•၁ ပြီး၏။