Switch Mode

Chapter – 64.3

ပြိုင်ဘက်ကင်း စစ်သည်တော် အစီအစဥ်

အပိုင်း ၆၄•၃

” ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ် ”
°°°
” နားလည်ပြီ ”

သူတို့ခုနှစ်ယောက်စလုံး တစ်ပြိုင်နက်ထဲ ဖြေလိုက်မိပါတယ်။ သူတို့ရဲ့ လက်ရှိအသက်အရွယ် ကျင့်ကြံဆင့်တွေနဲ့ယှဥ်မယ်ဆိုရင် ဒီအဖွဲ့အတွက် အစားထိုးဖြစ်ရတာကအတော်ကို ပျော်ရွှင်စရာဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့လဲ တကယ်တမ်းသွားပြီ တိုက်ခိုက်ဖို့အတွက် အခွင့်အရေးရှိလာခဲ့မှာပါ။ ဒီလိုအခွင့်အရေးက အတော်ကို ခက်ခက်ခဲခဲနဲ့ ရရှိတဲ့အရာလဲဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းတော်အနေနဲ့လဲ သူတို့ကိုပြင်ဆင်ပေးဖို့အတွက် အများကြီးကြိုးစားမှာကို သိနေခဲ့တယ်။

အကြီးအကဲရွှမ်က ခေါင်းညိတ်လိုက်ပါတယ်။

” အားလုံးပဲကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ကြ ဒါမှတစ်ယောက်ကိုတစ်ယောက် သိကြမှာ ပထမဆုံးအကြိုပြင်ဆင်ရေးအဖွဲ့ကနေစမယ် ”

အသက်အရွယ်တွေကို အတည်ပြုပြီတဲ့နောက် သူတို့တွေအနေနဲ့လဲ မိတ်ဆက်ရတာအခက်အခဲမရှိတော့ပါဘူး။ ပေ့ပေ့ကအရင်ဆုံးမိတ်ဆက်လိုက်ပါတယ်။

” ကျွန်တော်က ပေ့ပေ့ ပဥ္စမနှစ်ကျောင်းသားပါ အဆင့်လေးဆယ့်နှစ်တိုက်ခိုက်ရေး၀ိညာဥ်ဘိုးဘေး ”

ဟယ့်ချိုက်ထို့က လျှောက်လာရင်း မိတ်ဆက်လိုက်ပါတယ်။

” ဟယ့်ချိုက်ထို့ အပြင်နယ်မြေ စတုတ္ထနှစ်ကျောင်းသား ကျွန်တော်က ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေကပါ အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင် ”

သူ့အနေနဲ့ သူ့ရဲ့ ကျင့်ကြံဆင့်ကို ထုတ်ဖော်ပြသဖို့မလိုအပ်ခဲ့ပါဘူး။ သူ့အနေနဲ့ သူအဆင့်အတန်းကိုသာပြောပြဖို့လိုတာပါ။

ရှုစန်းရှီလဲ တတိယမြောက်ထွက်လာခဲ့ပါတယ်။

” ရှုစန်းရှီ ပဥ္စမနှစ်ကျောင်းသားပါ အဆင့်လေးဆယ်နှစ် ခုခံရေး၀ိညာဥ်ဘိုးဘေး ”

သူက ပေ့ပေ့ထက် အနည်းငယ်အားနည်းနေခဲ့တယ်။

စတုတ္ထမြောက်ထွက်လာတဲ့သူကတော့ ကျန်းနန်နန်ပါပဲ သူမက ရှုစန်းရှီရဲ့ဘေးမှာမရပ်ခဲ့ပါဘူး။ သူတို့တွေက အသက်တူရွယ်တူတွေဖြစ်နေခဲ့ပေမဲ့ သူမရဲ့အတွေးကို ဒီအခြေအနေမှာ ဖော်ပြဖို့မသင့်တော်မှန်းသိနေခဲ့တယ်။

” ကျန်းနန်နန် အပြင်နယ်မြေရဲ့ ပဥ္စမနှစ်ကျောင်းသားပါ အဆင့်လေးဆယ်တစ် အမြန်နှုန်းအမျိုးအစား၀ိညာဥ်ဘိုးဘေး ”

အမျိုးသားကျောင်းတော်သားတွေရဲ့အကြည့်က သူမကိုမြင်ချိန်မှာ ချက်ချင်းတောက်ပလာပါတော့တယ်။ ကျန်းနန်နန်က အရမ်းကို လှပတာအမှန်ပါပဲ။ ဒီမှာရှိနေသမျှ အမျိုးသမီးတွေထက် သူမက မာရှောင်ထောင့်နဲ့ ယှဥ်လိုက်မယ်ဆိုရင် အလှပဆုံးဖြစ်နေခဲ့တယ်။ ဒါ့အပြင် မာရှောင်ထောင့်ကတော့ ခန္ဓာကိုယ်အလှပဆုံးသူပါပဲ။ ရှောင်းရှောင်းကတော့ အရမ်းကိုငယ်ရွယ်လွန်နေခဲ့တယ်။ ဒါကြောင့် အမျိုးသမီးတွေလို မလှပသေးပါဘူး။

ရှုစန်းရှီက ချက်ချင်းဆိုသလို မျက်နှာထားတင်းသွားပါတော့တယ်။

ပဥ္စမမြောက်ထွက်လာသူက ရှောင်းရှောင်းပါ။

” ကျွန်မက ရှောင်းရှောင်းပါ အားလုံးကို ဂါရ၀ပြုပါတယ်..အပြင်နယ်မြေရဲ့ ဒုတိယနှစ်ကျောင်းသားအဆင့်နှစ်ဆယ့်ကိုး ထိန်းချုပ်ရေးအမျိုးအစား၀ိညာဥ်မဟာပညာရှင်ပါ ”

ကျန်းနန်နန်ရဲ့အကြည့်ကြောင့် အံ့အားသင့်ချိန်မှာပဲ အဆင့်နှစ်ဆယ့်ကိုးဆိုတဲ့စကားကိုကြားချိန်မှာ သူတို့က အံ့အားသင့်သွားကြပါတော့တယ်။ ဒီနေရာမှာ ဘယ်လိုလုပ်ဒုတိယနှစ်တွေ ရှိနေခဲ့တာလဲ။ သူတို့တွေ ဒီလောက်ခန္ဓာကိုယ်တွေ သေးငယ်နေတာ အံ့ဩစရာမရှိပါဘူး။ မိုးနတ်မင်းကြီးရေ အကြီးအကဲရွှမ် ဘာတွေလုပ်နေတာလဲ။

နောက်တစ်ကြိမ်ထွက်လာသူကတော့ ဟို့ယွိဟောင်ပါ။ သူလဲတလေးတစားနဲ့ ပြောလိုက်ပါတယ်။

” အားလုံးကို ဂါရ၀ပြုပါတယ်..ကျွန်တော်ကတော့ ဟို့ယွိဟောင်ပါ ဒုတိယနှစ်ပါပဲ အဆင့်နှစ်ဆယ့်ခြောက် ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင် ”

မာရှောင်ထောင့်ကလွဲပြီ တခြားကျောင်းသားတွေအားလုံးက ထူးထူးဆန်းဆန်းကြီး ကြည့်လာကြပါတော့တယ်။ ဒါ့အပြင် သူတို့တွေက အတွင်းနယ်မြေကို၀င်နိုင်ခဲ့တာကြောင့်သာ တည်ငြိမ်အေးဆေးတဲ့ ပုံစံကိုထိန်းထားနိုင်ခဲ့တာပါ။ သူတို့တွေ လန့်နေကြပေမဲ့ အပြင်ပန်မှာတော့ ဘယ်လိုအပြောင်းအလဲကြီးကြီးမားမားကိုမှ မဖော်ပြကြပါဘူး။

နောက်ဆုံးကတော့ ၀မ်သုန့်ပါပဲ အစ်ကိုကြီးတွေဖြစ်နေတဲ့ပုံစံကို မြင်ချိန်မှာတော့ သူကခေါင်းမော့ ရင်ကော့ရင်း ပြောလာပါတော့တယ်။

” ၀မ်သုန့် အပြင်နယ်မြေဒုတိယနှစ် အဆင့်သုံးဆယ်တစ် တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်အကြီးအကဲ ”

အကြီးအကဲရွှမ်က ခေါင်းညိတ်ရင်း အတွင်းနယ်မြေရဲ့တပည့်သားတွေဘက်ကို ပြောလိုက်ပါတယ်။

” မင်းတို့အလှည့်ပဲ ”

ပထမဆုံးထွက်လာသူကတော့ မာရှောင်ထောင့်ပါပဲ။ သူမကအရင်ထက်ပိုပြီး အေးအေးဆေးဆေးရှိနေခဲ့တယ်။

” အတွင်းနယ်မြေက မာရှောင်ထောင့် အဆင့်ခြောက်ဆယ့်ခုနှစ် တိုက်ခိုက်ရေးအမျိုးအစား ၀ိညာဥ်ဧကရာဇ် ”

ဟို့ယွိဟောင်နဲ့ တခြားသူတွေအားလုံးလဲ သူမဘယ်လောက်အထိ အင်အားကြီးနေမှန်းသိပေမဲ့ အဆင့်ခြောက်ဆယ်ခုနှစ်ဆိုတဲ့ စကားကိုကြားချိန်မှာတော့ တအံ့တဩဖြစ်သွားကြပါတော့တယ်။ သူမက ဒီပြိုင်ပွဲမှာ ၀င်ရောက်မှာဖြစ်တာကြောင့် သေချာပေါက် အသက်နှစ်ဆယ်တောင်ပြည့်သေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျင့်ကြံဆင့်က အဆင့်ခြောက်ဆယ်ခုနှစ်ကိုတောင် ရောက်နေပါပြီ။ ဒီလိုအမျိုးအစားကို ကြောက်စရာကောင်းတယ်ဆိုတဲ့စကားနဲ့ ဖော်ပြရမယ်ဆိုရင်တောင် လုံလောက်မှာမဟုတ်ပါဘူး။

မာရှောင်ထောင့်ပြီးချိန်မှာ နောက်ထပ်အမျိုးသားတစ်ယောက်က ထွက်လာခဲ့ပါတော့တယ်။ သူကအတော်ကို အရပ်မြင့်မားလွန်နေပြီ မာရှောင်ထောင့်နဲ့ယှဥ်မယ်ဆိုရင် အတော်ကို လိုက်ဖက်ညီနေခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့လဲ သူ့ကိုမြင်ချိန်မှာ တစ်နည်းတစ်ဖုံရင်းနှီးနေတာကို ခံစားမိပါတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိခဲ့ပါဘူး။ ဒီလူကဓားသွားလိုထက်ရှနေတဲ့အကြည့်တွေကို ပိုင်ဆိုင်လို့ထားခဲ့ပြီ ခပ်တိုးတိုးသာပြောပါတယ်။

” အတွင်းနယ်မြေရဲ့ထိုက်ယွဲ့ဟန် အဆင့်ခြောက်ဆယ်လေး တိုက်ခိုက်ရေး၀ိညာဥ်ဧကရာဇ် ”

ဟို့ယွိဟောင်အနေနဲ့ ဒီစကားကြားပြီချိန်မှာတော့ နားလည်သွားပါတော့တယ်။ ထိုက်ယွဲ့ဟန် သူ့ရဲ့ထိတ်လန့်မှုကြောင့် အမူအရာကလဲ မထိန်းနိုင်အောင်ပြောင်းလဲသွားပါတယ်။ တစ်ဖက်မှာရှိနေခဲ့တဲ့ ထိုက်ယွဲ့ဟန်ကတော့ ဟို့ယွိဟောင်ကို မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်မိတယ်။ ဒီမျက်၀န်းတွေထဲမှာအေးစက်နေတဲ့အလင်းတန်းတွေလဲ ဖြတ်ပြေးလို့သွားခဲ့ပါပြီ။

ကျားဖြူမြို့စားမင်းမှာ သားနှစ်ယောက်ရှိပါတယ်။ သားအကြီးကတော့ ကျားဖြူမြို့စားမင်းအိမ်တော်ရဲ့မင်းသားဖြစ်သလို အနာဂတ်အမွေဆက်ခံသူဖြစ်ပြီ သူ့ကိုထိုက်ယွဲ့ဟန်လို့ ခေါ်ပါတယ်။ ထိုက်ဟွပင်းရဲ့ပါရမီက အတော်ကို ထူးချွန်နေခဲ့ပြီ သူကအသက်ဆယ့်သုံးနှစ်အပြည့်သေးခင်အချိန်မှာတင် အဆင့်သုံးဆယ့်ခုနှစ်၀ိညာဥ်အကြီးအကဲဖြစ်လာနိုင်ခဲ့သူပါ။ ဒါပေမယ့် သူ့အစ်ကိုကြီးကိုတော့မမီသေးသလို သူ့ရဲ့အစ်ကိုကြီးရဲ့ အရိပ်တွေအောက်မှာရောက်ရှိနေဆဲပါပဲ။

ဟို့ယွိဟောင်အနေနဲ့ ထိုက်ယွဲ့ဟန်ကို ဒီအခြေအနေမှာ တွေ့ရမယ်လို့ မမျှော်လင့်ထားတာအမှန်ပါ။ သူက အမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော်လက်ရှိမျိုးဆက်သစ်တွေထဲမှာတောင်ပါနေခဲ့ပါတယ်။ ထိုက်ယွဲ့ဟန်ရဲ့မျက်လုံးတွေကို ကြည့်မယ်ဆိုရင် သူ့အနေနဲ့ ထိုက်ဟွပင်းရဲ့အငြိုးအတေးတွေကို သိထားပုံပေါ်ပါတယ်။

ထိုက်ယွဲ့ဟန်ပြီးတဲ့နောက် နောက်ထပ်အမျိုးသားတစ်ယောက်က ရောက်ရှိလာပါတော့တယ်။ သူက ထိုက်ဟွပင်းလို သန်မာတဲ့ပုံစံမရှိပါဘူး။ ပိန်ပိန်ပါးပါးပါပဲ ဒါ့အပြင် နွေးထွေးတဲ့အပြုံးလဲ ရှိနေခဲ့ပါတယ်။

” အတွင်းနယ်မြေရဲ့ ချန်ကျစ်ဖုန်း အဆင့်ငါးဆယ်ခုနှစ် တိုက်ခိုက်ရေး၀ိညာဥ်ဘုရင် ”

၀ိညာဥ်ဧကရာဇ်နှစ်ယောက်က လူတွေကိုအံ့အားသင့်စေနေပြီဖြစ်နေတဲ့အတွက် လက်ရှိရောက်ရှိလာတဲ့သူကလဲ အံ့ဩစရာတစ်ယောက်ပါပဲ။ သူတို့အနေနဲ့ အတွင်းနယ်မြေရဲ့ တပည့်သားဖြစ်လာဖို့အတွက် ခက်ခဲလွန်လှပါတယ်။ ဒါတောင်ထူးထူးချွန်ချွန်နဲ့ ဒီလိုရပ်တည်နိုင်နေတာ အံ့ဩစရာမရှိပါဘူး။

လေးယောက်မြောက်ကတော့ အမျိုးသမီးပါပဲ သူမက အတော်ကိုပုံမှန်ဖြစ်ပြီ ရိုးရိုးရှင်းရှင်းသာရှိနေခဲ့ပါတယ်။ ဆံပင်တိုတိုလေးတွေနဲ့ အပေါ်ယံမှာငယ်ရွယ်တဲ့ မိန်းမပျိုလေးအသွင်ရှိနေခဲ့ပေမဲ့ သူမရဲ့အသံထွက်ပေါ်လာချိန်မှာတော့ အံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။

” အတွင်းနယ်မြေရဲ့ ရှီးရှီး အဆင့်ငါးဆယ်ခြောက် အမြန်နှုန်းအမျိုးအစား၀ိညာဥ်ဘုရင် ”

သူမလဲ ရိုးရိုးရှင်းရှင်းသာ နှုတ်ဆက်တာကြောင့် သိပ်ပြီးအထင်ကြီးစရာမကောင်းခဲ့ပါဘူး။ ဒါပေမယ့် သူမစကားပြောလိုက်တဲ့အချိန်မှာ သူမတစ်ကိုယ်လုံးက မှိန်ဖျော့သွားသလို တစ်ကိုယ်လုံးဖြစ်ပေါ်လာခဲ့တဲ့အရိပ်က သူမမှာရှိရှိသမျှ လူတွေအားလုံးကို ဖုံးလွှမ်းသွားသလိုတောင် ထင်ရပါတယ်။

ငါးယောက်မြောက်ထွက်လာသူက အမျိုးသမီးကျောင်းတော်သားပါပဲ။ သူက ရှီးရှီးထက်အများကြီးပိုလှပါတယ်။ မာရှောင်ထောင့်ရဲ့တောက်ပတဲ့ပုံစံနဲ့မတူညီပဲ အေးဆေးတဲ့အလှတရားပါ။ ကျန်းနန်နန်ရဲ့နူးညံ့မှုနဲ့လဲ ကွာခြားနေခဲ့ပါတယ်။ မောက်မာပြီအေးစက်တဲ့ပုံစံက သူမအပေါ်လူတွေထားရှိတဲ့အမြင်ကိုပြောင်းလဲသွားစေနိုင်ပါတယ်။ ဖြူဖွေးတဲ့အသားအရေက လုံး၀ကို အလေးချိန်မရှိသလိုပါပဲ။

” အတွင်းနယ်မြေရဲ့ လင်းလော့ချန် အဆင့်ငါးဆယ့်ငါး၀ိညာဥ်ဘုရင် ”

နောက်ဆုံးမှာတော့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်က တိုက်ခိုက်ရေးနဲ့ အမြန်နှုန်းတွေအောက်မှာရောက်ရှိလာပါပြီ။

ခြောက်ယောက်မြောက်လူကတော့ အတော်လေးကို ပိန်ပါးပြီအရပ် ၁•၆မီတာလောက်သာရှည်လျားတဲ့ ကောင်လေးတစ်ယောက်ပါပဲ။ သူက လင်းလော့ချန်ထက်တောင် ပိုပုနေခဲ့ပြီ သေးသေးကွေးကွေးလေး ဖြစ်နေခဲ့ပါတယ်။

” အတွင်းနယ်မြေ ယောင်ဟောက်ရွှမ် အဆင့်ငါးဆယ်ငါး ထိန်းချုပ်ရေး၀ိညာဥ်ဘုရင် ”

နောက်ထပ် ထိန်းချုပ်ရေးပညာရှင်တစ်ယောက်ပါ။ ဒါဆိုရင် အထောက်အကူပြုရေးတွေရော ရှိဦးမှာလား။

နောက်ဆုံးထွက်လာသူကတော့ အတော်ကိုကျက်သရေရှိတဲ့မျက်နှာကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အမှန်တကယ် ကျက်သရေရှိတယ်ဆိုပေမဲ့ သူကအမျိုးသားတစ်ယောက်ပါ။ ပိန်ပါးတဲ့ခန္ဓာကိုယ်နဲ့ ကျောက်စိမ်းလိုမျက်နှာကိုပိုင်ဆိုင်လို့ထားခဲ့ပြီ သူ့မျက်နှာကို ကြည့်လိုက်ရုံနဲ့တင် စိတ်မထိန်းနိုင်ပဲ သဘောကျနှစ်သက်လို့သွားစေနိုင်ပါတယ်။ ဒါ့အပြင် အသံကလဲ နူးညံ့လွန်းလှတယ်။

” အတွင်းနယ်မြေ ကုန်းယန်မော့ အဆင့်ငါးဆယ်ကိုး အထောက်အကူ၀ိညာဥ်ဘုရင် ”

လက်ရှိအချိန်မှာ နောက်ဆုံးသူက ကျင့်ကြံဆင့်အရ နံပါတ်သုံးမှာရှိနေခဲ့မယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်ပြီရင်း သူက အဆင့်ငါးဆယ်ကိုးပါ။ ဒါ့အပြင် ၀ိညာဥ်ဧကရာဇ်အဆင့်ကို ရောက်ဖို့တစ်လှမ်းသာလိုပါတော့တယ်။

မိတ်ဆက်တဲ့စကားသံတွေကိုကြားပြီချိန်မှာ ဟို့ယွိဟောင်အနေနဲ့လဲ သူတို့ရဲ့အဆင့်တူတွေကို စိတ်ထဲမှာမှတ်သားနေခဲ့ပါတယ်။ တကယ့်ပြိုင်ပွဲမှာ အထောက်အကူပြုရမှာသာဖြစ်ပေမဲ့ အားလုံးကိုမှတ်မိထားတာက သေချာပေါက် အထောက်အကူဖြစ်မှာပါ။

ထိုက်ယွဲ့ဟန် ရုတ်တရက်ထွက်ပေါ်လာခဲ့မှုကြောင့် စိတ်ထဲမှာအတော်လေး မသက်မသာဖြစ်နေခဲ့ပေမဲ့ ဟို့ယွိဟောင်အနေနဲ့လဲ မှတ်သားစရာရှိနေတာကို မှတ်သားရင်းဒီကိစ္စကို ပြန်လည်မေ့ပျောက်လို့သွားခဲ့ပါတယ်။

လက်ရှိအသက်နှစ်ဆယ့်မပြည့်သေးတဲ့ပါ၀င်ယှဥ်ပြိုင်သူတွေအားလုံးက အဆင့်ငါးဆယ်အထက်မှာ ရောက်နေခဲ့ပါပြီ။ ဒါ့အပြင် နှစ်ယောက်က ၀ိညာဥ်ဧကရာဇ်တွေဖြစ်နေခဲ့တယ်။ သူတို့အနေနဲ့ အသက်နှစ်ဆယ်မရောက်ခင်ဒါမျိုးကို သေချာပေါက် အောင်မြင်ရမှာလား။ သူတို့တွေက သက်တူရွယ်တူတွေထဲမှာ ထူးချွန်နေခဲ့တာဖြစ်ပေမဲ့ အတွင်းနယ်မြေရောက်ပြီ ဒီလိုဆက်နေနိုင်ဖို့အတွက် ၀ိညာဥ်ဘုရင်နဲ့ ၀ိညာဥ်ဧကရာဇ်တွေ ဖြစ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အဲ့ဒီလိုအဆင့်ကလဲ ဟို့ယွိဟောင်ကို အံ့အားသင့်စေခဲ့တယ်။ အကယ်၍ သူသာ အသက်နှစ်ဆယ်မတိုင်ခင်အချိန်မှာ ၀ိညာဥ်ဘုရင်အဖြစ် ရောက်ရှိနိုင်ခဲ့မယ်ဆိုရင် အရမ်းအံ့ဩစရာကောင်းနေခဲ့မှာမဟုတ်လား။

အတွင်းနယ်မြေရဲ့တပည့်သားတွေက သူတို့သက်တူရွယ်တူတွေကြားမှာ ထိပ်ဆုံးရောက်နေပြီလို့ ပြောခဲ့မယ်ဆိုရင်တောင် သေချာပေါက် ချဲ့ကားပြောဆိုမှုဟုတ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် သူတို့သွားရောက်ယှဥ်ပြိုင်ရမဲ့ပွဲကြီးမှာ ရှုံးနှိမ့်နိုင်ချေတောင် ရှိဦးမှာလား။

အကြီးအကဲရွှမ်က ခေါင်းညိတ်လိုက်ပါတယ်။

” အခုတစ်ယောက်ကိုတစ်ယောက် နည်းနည်းသိသွားကြပြီထင်တယ်..မင်းတို့တွေကို နောက်ထပ်ပိုသိလာစေဖို့အတွက် ဒီနေ့ ရင်းနှီးစေမဲ့ပြိုင်ပွဲကို ရွေးချယ်ထားတဲ့ပထမဆုံးအနေနဲ့ တစ်ယောက်ကိုတစ်ယောက် ဒီနေ့ပြိုင်ပွဲမှာ ရင်းနှီးအောင်လုပ်ကြရမှာပဲ ကိုယ်ရဲ့ကိုယ်ပိုင်အဖွဲ့သားတွေရဲ့ အဖွဲ့စည်းဖွဲ့ရမှာမဟုတ်ဘူး..တစ်ဖက်လူတွေနဲ့ပြောင်းပြီ အဖွဲ့ဖွဲ့ရမယ်..ဒီပြိုင်ပွဲမှာမင်းတို့အနေနဲ့ နောက်ဆုံးချန်ပီယံနေရာကိုရအောင်ယူနိုင်ရမယ်လို့ သေချာအောင်လုပ်ရမယ်..မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန် မင်းတို့ကတစ်ယောက်တစ်ဖွဲ့ဆီယူ မာရှောင်ထောင့် မင်းရဲ့ကျင့်ကြံဆင့်က ပိုမြင့်တယ်..ဒီတော့မင်းအဖွဲ့ရဲ့ လူနှစ်ယောက်ကိုခေါ်သွား ဒါပေမယ့် မင်းအနေနဲ့ အဓိကအဖွဲ့နဲ့ အကြိုအဖွဲ့ကနေ အရင်ဆုံးရွေးချယ်ခွင့်ပေးလိုက်မယ်..ထိုက်ယွဲ့ဟန် မင်းအနေနဲ့ကတော့ ကြိုတင်ပြင်ဆင်ရေးအဖွဲ့က လူတချို့နဲ့အဓိကအဖွဲ့ရဲ့လူသုံးယောက်ကို ယူသွားလိုက် ”

ဟို့ယွိဟောင်တို့အဖွဲ့ခုနှစ်ယောက်ကတော့ တအံ့တဩဖြစ်နေဆဲပါ။ ဒါပေမယ့် အရှေ့မှာရှိနေခဲ့တဲ့ သူတွေကတော့ အကြီးအကဲရွှမ်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို ကောင်းကောင်းနားလည်နေသလို အေးအေးဆေးဆေးဖြစ်နေခဲ့ပါတယ်။

မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့က အရှေ့ကိုတိုးလာခဲ့ပေမဲ့ သူတို့နှစ်ယောက်ကတော့ ဝေးကွာနေဆဲပါပဲ။

မာရှောင်ထောင့်က အရင်ဆုံးပြောလိုက်တယ်။

” အဓိကအဖွဲ့ကနေရွေးမှာက ကုန်းယန်မော့ ”

သူမက လက်ရှိအချိန် ရွေးချယ်နိုင်တဲ့အဓိကအဖွဲ့သားသုံးယောက်ရှိနေခဲ့ပါတယ်။ ပထမဆုံးရွေးချယ်လိုက်တဲ့သူက တိုက်ခိုက်ရေးပညာရှင် ချန်ကျစ်ဖုန်းမဟုတ်ပဲနဲ့ ကုန်းယန်မော့ပါပဲ။ အဲ့ဒီနောက် တခဏတာရပ်ရင်းနဲ့ ဆက်ပြောပါတယ်။

” ကြိုတင်ပြင်ဆင်ရေးအဖွဲ့ကတော့ ဟို့ယွိဟောင်ကိုရွေးမယ် ”

သူမပြောတာနဲ့ အဖွဲ့သားတွေအကုန်လန့်သွားကြပါတော့တယ်။ အကြီးအကဲရွှမ်တောင် မျက်လုံးပြူးသွားခဲ့တယ်။

” ဘာလဲ သူ့ကိုရွေးလို့မရဘူးလား ”

မာရှောင်ထောင့်က ပြန်ပြောတော့တယ်။

၀မ်သုန့်ကတော့ ဟို့ယွိဟောင်အနားကို ခုန်ကပ်လာခဲ့ပါပြီ။ ၀မ်သုန့်ရဲအကြည့်အောက်မှာ ဟို့ယွိဟောင်ကတော့ ပြုံးသာပြုံးနေခဲ့ရတယ်။

ကုန်းယန်မော့ကတော့ မာရှောင်ထောင့်အနားကို ရောက်လာရင်းပြုံးပြနေခဲ့ပါတယ်။

” ရှောင်ရှောင်မင်းတကယ်မျက်လုံးကောင်းတာပဲ ”

မာရှောင်ထောင့်က ပြန်ပြီးကြည့်ရင်းဖြေလိုက်ပါတယ်။

” နင်နဲ့ငါ ငါးမီတာအကွာမှာခွာပြီနေ မဟုတ်ရင် ငါမယဥ်ကျေးတာကို အပြစ်လာမတင်နဲ့ ”

ကုန်းယန်မော့ကတော့ စိတ်ဆိုးတဲ့ပုံစံတော့မပေါ်ပါဘူး။ ဒါကြောင့် ငါးမီတာအကွာအထိ လျှောက်သွားရင်း ပြုံးနေခဲ့ပါတယ်။

မာရှောင်ထောင့်က ဟို့ယွိဟောင်ကို လက်ဝှေ့ရမ်းရင်းပြောလိုက်တယ်။

” ဘာတွေစောင့်နေတာလဲ မြန်မြန်လာလေ ”

ဒီတစ်ကြိမ်မှသာ ဟို့ယွိဟောင်လဲ မာရှောင်ထောင့်ဘက်ကိုလိုက်သွားပါတော့တယ်။

မာရှောင်ထောင့်က ထိုက်ယွဲ့ဟန်ကို စိန်ခေါ်တဲ့ပုံစံနဲ့ကြည့်လိုက်ရင်း ပြန်ပြောတော့တယ်။

” အခုနင်အလှည့်ပဲ ”

အပိုင်း ၆၄•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset